တခါက........နေရောင်

16 February 2009

ချစ်သူရေ
ငါကမြစ်တစင်းပါ...
ငါကိုယ်တိုင်ရဲ့ ကောက်ကွေ့ခြင်းမှာ
နှလုံးသားနဲ့ရင်းခဲ့ရတယ်
နင်ကနေရောင်လေးပေါ့
ငါ့ဘ၀ကိုတောက်ပစေတယ်
လင်းလင်းမြမြနဲ့လမ်းပြခဲ့တယ်
ပြီးတော့...
နေရောင်တွေလိုပူလောင်စေတယ်
ငါတို့လမ်းမှာနက္ခတ်ကြမ်းခဲ့တယ်
ဝေးခဲ့တဲ့ဘ၀မှာကြမ္မာဆိုးသာစီးမိုးခဲ့တယ်
ချစ်သူရေ
(လမ်းဘေးမှာဖုန်းပြောရင်းလွမ်းလို့ကျခဲ့တဲ့မျက်ရည်ခြောက်သွားပြီလား)
(တပါတ်ကိုနှစ်ခါရေးတဲ့စာတွေအကြောင်းမေ့သွားပြီလား)
(နှစ်သက်ခဲ့တဲ့ငါ့ရဲ့ စာတွေပြန်ဖတ်ဖြစ်သေးရဲ့ လား)
နင်ယုံမယ်ဆို...
(အချိန်တွေတိုက်စားခံလိုက်ရတဲ့အချစ်တွေအကြောင်းငါပြောပြချင်သေးတယ်)
(ရင်ခွင်မှာဘာမှမကျန်တော့တဲ့အကြောင်းငါကျိန်ပြချင်သေးတယ်)
နေရောင်ပျောက်မှတော့
ညအမှောင်အောက်လဲဆက်မလျှောက်ချင်ဘူး
အိပ်မက်ဟောင်းတွေပြန်မက်ရင်း
ငါရပ်ကျန်ခဲ့ပါ့မယ်...
ဒါပေမယ့်...ဘ၀မှာ...တခါကနေသာခဲ့ဘူးတယ်....

3 comments:

Anonymous said...

နေရောင်ပျောက်မှတော့
ညအမှောင်အောက်လဲဆက်မလျှောက်ချင်ဘူး
အိပ်မက်ဟောင်းတွေပြန်မက်ရင်း
ငါရပ်ကျန်ခဲ့ပါ့မယ်...
ဒါပေမယ့်...ဘ၀မှာ...တခါကနေသာခဲ့ဘူးတယ်....
ှုlove these words ^^

မြတ်မွန် said...

လရောင်က အေးမြပါတယ်..
နေရောင်ကတော့..

မြတ်မွန် said...

နေခြည်တော့ ကြားဖူးတယ် ဦးမြစ်ရေ..။

 

Posts Comments

©2006-2010 ·TNB