သူပေးတဲ့...ပျော်ရွှင်ခြင်း..(၃)

18 March 2009

ဒီအဖြစ်အပျက် ကတော့ သိပ်မကြာသေးဘူး။ လောလောလတ်လတ် လေး ဖြစ်ထားတာပါ။ လွန်ခဲ့တဲ့ ၃ / ၄ ပါတ် လောက်က သူနဲ့ကျွန်တော် ရောက်တတ်ရာရာ ပြောရင်းကျန်းမာရေးနဲ့  ပါတ်သတ် တဲ့ဆီ ရောက်သွားတယ်။ 

ကျွန်တော်က အစားအသောက် စားတဲ့နေရာမှာ ရာသီဥတု နဲ့ လိုက်လျောညီထွေရှိအောင် စားဘို့လိုတဲ့အကြောင်း ၊ ဒါပေမဲ့ ဘာပဲစားစား အိမ်သာမှန်မှန် တတ်သင့်တယ် ဝမ်းမှန်နေဘို့ အရေးကြီးတယ် ဝမ်းမှန်မှ အကြောတတ် တာတွေ မဖြစ်ဘူး ဆိုတာကို ရှင်းပြတော့၊ သူက ဟုတ်တယ် စကားပုံတောင် ရှိသေးတယ် လေ လို့ပြန်ပြော ရော။



ကျွန်တော်က လည်းသူက စကားပုံ လို့ဆိုတာနဲ့အလွဲတခုခု ကြားရတော့မယ်လို့ ထင်နေတဲ့သူဆိုတော့ ပြောပါအုံး ဘာစကားပုံလည်း မေးတော့ သူက ဟိုဟာလေကွာဆိုပြီး နည်းနည်းစဉ်းစားပြီး ပြောချလိုက်တာက


ခေါင်း တလုံးခဲ လို့ အီးမထွက် ဘူး ”တဲ့။
ကျွန်တော်မှာဗျာ ရယ်လိုက်ရတာဗျာ။




တော်တော်ကြာကြာ ရယ်လို့ပြီးတော့ ထုံးစံ အတိုင်းရှင်းပြ ရတာပေါ့။ ခေါင်းတလုံးခဲလို့ အီးမထွက်တာမဟုတ်ဘူး ။ စကားပုံ အမှန်က 'ဝမ်းတလုံးကောင်းရင် ခေါင်းမခဲဘူး' လို့ပြောရတယ်။ သဘောက ဝမ်းမှန်နေရင် အကြောတတ်တာ ခေါင်းခဲတာမျိုး မဖြစ်ဘူးဆိုတာကို ပြောချင်တာလို့ရှင်းပြရတယ်။



ဒါတောင်သူက အတူတူပဲလေကွာ တဲ့။ ဝမ်းမှန်ရင် ခေါင်းမခဲမှတော့  ခေါင်းခဲရင် အီးမထွက်တော့ ဘူးလို့ ငြင်းနေသေးတယ်။ကျွန်တော်တောင် တော်တော် လည်သွား ရတယ်။ ဂျာအေးသူ့အမေရိုက်သလို လုံးလည်ချာလည် လိုက်ပြီးတော်တော်ရှင်းယူရတယ်။ ခုဒီစာရေးနေရင်းတောင် ဟုတ်ရဲ့လားလို့ စဉ်းစားနေ မိသေးတယ်။


6 comments:

တီချမ်း said...

အေးလေ ရေ ကာတာကျိုးရယ်
ရှင်ပြောမှ
တီလဲ ဖတ်ဖူးတာလေးတစ်ခုမှတ်မိသွားတယ်
ထုံးစံအတိုင်း ကိုတာရာပေါ့

ဝတ္ထုထဲမှာကောင်မလေးက
ဖရုံသီးကိုဘယ်လိုခေါ်လဲ ဆိုတာမေ့နေတာလေ
ကောင်လေးကလဲမပြောပြဘူး သိလျက်နဲ့ဟိ

အဲဒါနဲ့
နောက်ဆုံးကောင်မလေးကဘာပြောလဲဆိုတော့
ဟို.......ဟို.....
အဲ .............
အလယ်က ချိုင့်နေပြီး
ဗ ထက်ချိုက်နဲ့ တူတဲ့အသီးလေ တဲ့ အဟီး

စကားမစပ် ရှင် တရုတ်လိုတတ်တာ ကျုပ်လဲသိလိုက်ရပါလား???

မြစ်ကျိုးအင်း said...

အဲဒါ ဗထချိုက် သီးပေါ့ဗျ တီချမ်းရ

Phyo Maw said...

ဟင်း...

Anonymous said...

အထူးအဆန်းတွေကြားရတယ်နော် ....ကောင်းပ့ါကိုမြစ်ကျိုးအင်း

zue said...

အင်း သူပြောတော့လည်း တူသလိုလိုပဲနော. ဟီးးးးးးးးးး

Moe Cho Thinn said...

:D
ရီလိုက်ရတာ။ မိတ်ဆက်ပေး... :)

 

Posts Comments

©2006-2010 ·TNB