မေမေမွေးတဲ့သားက
(မီးကိုတိုးတဲ့)ပိုးဖလံတကောင်ဖြစ်နေတယ်
မေ့..နေ..တဲ့..အိမ်
အမေ့အိမ်လို့ ခက်ဆစ်ဖွင့်သလား
အမေပေးခဲ့တဲ့ ကျောင်းပညာတွေ
ကျွန်တော်နဲ့အတူ မီးထဲပါသွားလို့ပါ။
ကိုယ့်ကိုကိုယ်ဒဏ်ပေးချင်လို့
အမေ့အိမ်သီချင်းလည်း
(ခပ်တိုးတိုး) မဆိုငြီးတော့ဘူး။
နွေးထွေးတဲ့ မေတ္တာကို
ကျွန်တော် ငတ်မွတ်တယ်
Macdonald မှာမေမေကြော်တဲ့ ထမင်းကြော်မရှိဘူး
ပျောက်ဆုံးနေတဲ့ နိဗ္ဗာန်ဘုံကို
သီချင်းထဲမှာပါ ရှာမရခဲ့ဘူး။
မေမေရေ
တတိယအရွယ်မှာ
ကျွန်တော်ကိုပဲ တမ်းတနေခဲ့တယ်ဆို
ကျွန်တော်ကတော့ ဒုတိယအရွယ်မှာ
ဒဏ်ရာတွေပဲ ရှာနေခဲ့တယ်။
ငါးတော့ မရနိင်ဘူးမေမေရယ်။
ရေချိုးပြီးမှ ပြန်ခဲ့တော့မယ်
ဒဏ်ရာတွေအထပ်ထပ်နဲ့ ညစ်ပတ်လွန်းလို့ပါ။
မွေးမြေရပ်ကို လော်ကယ်ရထားဆိုက်တိုင်း
သားမိုက်ပါလာမယ်လို့ မျှော်နေခဲ့သလား.....
အိမ်မပြန်တာကြာလို့
ကျွန်တော်........
အိမ်မပြန်တတ်တော့ဘူး မေမေ။
(၂၂.၃.၂၀၀၉)
Subscribe to:
Post Comments (Atom)
17 comments:
ကောင်းတယ်ဗျာ တစ်ပုဒ်လုံးပဲ
Macdonald မှာမေမေကြော်တဲ့ ထမင်းကြော်မရှိဘူး
ထမင်းကြော်ရှိခဲ့ရင်တောင် မေမေ့လို မေတ္တာတွေ ပါမှာ မဟုတ်ဘူး..
ကောင်းတယ်ဗျာ.....
သိပ်သဘောကျပါတယ်...
မေ့နေတဲ့အိမ်
အမေ့အိမ်လို့ခက်ဆစ်ဖွင့်သလား..
ဒါလေးကိုတော့ ကြိုက်တယ်...။
မေ့..နေ..တဲ့..အိမ်
အမေ့အိမ်လို့ ခက်ဆစ်ဖွင့်သလား
………………………………………………………
မေမေ့ရဲ့တတိယအရွယ်မှာ
ကျွန်တော်ကိုပဲ တမ်းတနေခဲ့တယ်ဆို
ကျွန်တော်ကတော့
ဒုတိယအရွယ်မှာ ဒဏ်ရာတွေပဲ ရှာနေခဲ့တယ်။
ငါးတော့ မရနိင်ဘူးမေမေရယ်။
ရေချိုးပြီးမှ ပြန်ခဲ့တော့မယ်
ဒဏ်ရာတွေအထပ်ထပ်နဲ့ ညစ်ပတ်လွန်းလို့ပါ။
မွေးမြေရပ်ကို လော်ကယ်ရထားဆိုက်တိုင်း
သားမိုက်ပါလာမယ်လို့ မျှော်နေခဲ့သလား.....
ဘလော့ကဗျာတွေထဲမှာ ရှားရှားပါးပါး တွေ့ရတတ်တဲ့ ကဗျာကောင်း တစ်ပုဒ်ပါပဲခင်မျာ။
တကယ်ကို ကြိုက်နှစ်သက်လွန်းလို့ ပြောပါရစေ..
သည်ထက်ပိုပြီး အားစိုက်ထုတ်ပေးပါလာခင်မျာ။
သည်ထက်ပိုကောင်းအောင်ရေးနိုင်တယ်ဆိုတာကို ယုံကြည်ခံစားမိလို့ပါ။
(ကျနော်ကတော့ လမ်းပေါ်က ကဗျာချစ်သူ တစ်ယောက်မျှသာပါ။)
တကယ်ထိရောက်တဲ့ စာပေအားဆေးပါ ခင်ဗျာ
မာရေးသျှင်ရေ....ကျေးဇူးပါဗျာ
ကောင်းတယ်ဗျာ အိမ်အမြန်ပြန်ရောက်နိုင်ပါစေ
ဆုတောင်းပါတယ်
ကြိုက် ဧ။်
ကဗျာလေး အရမ်းကောင်းလွန်းတယ်
ဖတ်ပြီးရင်ထဲမှာတခုခု ကျန်သွားတယ်။
ကျွန်တော်လည်း အမေ့ကိုလွမ်းတယ်။
အဲဒီလိုကဗျာလေးတွေ ထပ်ရေးပေးပါအုံးဗျာ
ကိုယ့်ကိုယ်ကို ဒဏ်ပေးချင်လို့ အမေ့အိမ်သီချင်းကိုလည်း ခပ်တိုးတိုး မဆိုညဉ်းတော့ဘူး....တဲ့လား
... ရင်ကိုထိချက်ပြင်းလွန်းတယ်ဗျာ...............
ကဗျာကောင်း တစ်ပုဒ်ပါပဲ ခင်ဗျာ။ နှစ်သက်စွာ ခံစားသွားပါတယ်။ မွေးမြေရပ်ကို လော်ကယ်ရထား စီးပြီး ပြန်ဖို့ အခွင့်အရေးတွေ စောစီးစွာ ရနိုင်ခဲ့ရင် ကောင်းကြမှာပဲ တွေးတောမိပါတယ်။ အမေ့အိမ်နဲ့ ခွဲခွာနေရသူ အားလုံး အတွက်တော့ ရင်ကို ထိစေတဲ့ ကဗျာလေးပါပဲ။ မေ့မေ့ရင်ခွင်မှာ ကလေးငယ် တစ်ဦးပမာ တစ်ခါ ပြန်နေခွင့် အမြန်ဆုံး ရနိုင်ပါစေ။
မေမေ့ကို လွမ်းတယ် အမေ့အိမ်ကိုလွမ်းတယ် မေမေချက်တဲ့ အစားအစာတွေကိုလည်း လွမ်းတယ် မေမေရဲ့ အဟင့်ဟင့် ရွတ်....
Mother is second god of my life
ကိုမြစ်ကျိုးအင်းရေ....
သိချင်တာ တခုလောက်မေးချင်လို့ပါ...
အစ်ကို တင်ထားတဲ့ မီဒီယာပလေယာလေးက ဘယ်ဆိုဒ်ကနေ ယူထားတာလဲ အစ်ကို... ကျွန်တော်အရင်က imeem မှာယူတယ် ... အခု မရတော့လို့.. အခုအစ်ကိုတင်ထားတာလေးကို ကြိုက်တယ် .. ပြောပြလို့ရမယ်ဆို ပြောပြပါလား အစ်ကို
အမေဆိုတာ သားသမီးတွေ ဘာအမှား လုပ်လုပ်..
ထာဝရ ခွင့်လွတ်တက်တဲ့ မေတ္တာ ဂရုဏာရှင်ကြီးပါပဲ..
အမေကို ဘယ်တော့မှ မမေ့ပါနဲ့နော်..
အမေကို သတိရလို့ ဖုန်းခေါ်မိအောင် ကြိုးစားပါ..
အခုဆိုရင်..ဒါလေးတစ်ခုလောက်ပဲ တမ်းတမ်းတတ မျှော်နေလောက်တယ်..
မျှော်နေတဲ့ အမေနဲ့ ပြန်ဆုံပါစေ
ကျနော် ကြိုက်လို့ ကူးယူခွင့်ပြုပါဗျာ။ ဒီနေရာလေးနဲ့ ဒီပိုစ့်လေးကိုပါ လင့်ပေးခွင့်ပြုပါလို့။
လေးစားလျှက်
အိမ်နဲ့ ခွဲတာမကြာသေးပေမယ့်
လွမ်းတယ်အကိုရယ် အရမ်းကောင်းတဲ့
ကဗျာလေးပါ...
ပိုးဖလံမျိုး မီးကို မတိုးသင့်တော့ဘူးလေ..
အသက်တွေကြီးလာပြီ မဟုတ်လား..။
မိဘတွေလည်း အသက်အရွယ်ရလာပြီဆိုတော့..။
အမေ့ကိုအရမ်း ချစ်တဲ့ သမီးတစ်ယောက်အတွက် မျက်ရည်ဝဲခဲ့ရပါတယ်...
Post a Comment