သူပေးတဲ့...ပျော်ရွှင်ခြင်း..(၄)

18 March 2009

သူက စကားပုံတွေတင် တလွဲပြောတာ မဟုတ်သေးဘူး။ သူ့ဘာသာလည်း ထွင်ပြီး ပြောတတ်သေးတယ်။ အလွတ်တော့ မဟုတ်ဘူးပေါ့။ ရှိပြီးသား စကားပုံကို သူပြောရမှာ မသေချာရင် ပုံစံပြောင်းပြီး ပြောတာမျိုးပါ။ အဲဒီမှာလည်းလွဲတာပဲဗျ။ 

တခါတုန်းက သူအပြစ်တင်ရမယ့် အလုပ် ကျွန်တော်က လုပ်မိတယ်။ သူပြောတော့မှာကို ကြိုသိနေတော့ အပြစ်ကို လျောချချင်တာနဲ့ ကျွန်တော်က သူမပြောခင် သူ့ကို အရင်အပြစ်တင် လိုက်တော့တယ် ။ အမှန်က အရူးကွက်နင်းလိုက်တာဗျ။

အဲဒီမှာ သူက စိတ်တိုပြီး ကျွန်တော့်ကို ပြောလိုက်တာက
“အမ်မယ် ခွေးရူးက ပဲ ပြန်ကိုက်နေရသေးတယ်” တဲ့။



သူပြောချင်တာက “ သူခိုးက လူပြန်ဟစ် ”ဆိုတဲ့စကားပုံဗျ။ ပြောရမှာ မသေချာတော့ ' ခွေးရူးကပဲ ပြန်ကိုက်နေရသေးတယ်' ဖြစ်သွားရော။ ကြားကြားချင်းတော့ ကျွန်တော်တောင် ဟုတ်သလိုလို ထင်သေးတယ်။



ဒါပေမယ့် သူ့အကြောင်း သိထားတော့ သေသေချာချာ စဉ်းစားကြည့်မှပဲ လွဲမှန်းသိရတော့တာ။ ခွေးရူးပါဆိုမှတော့ ကိုက်မှာပဲလေ။ဘာမှကို မဆိုင်တာ။ သူ့ကိုရှင်းပြရင်း နဲ့ ကျွန်တော်လည်း ရယ် သူလည်း ရယ် နဲ့ မူလပြသာနာတောင် ဟိုလိုလို ဒီလိုလို နဲ့ပြီးသွားတာပဲ။

ဒီလိုနဲ့ သူ့ဆီကစကားပုံ ထွက်လာတိုင်း သတိထား ပြီးနားထောင် ခွဲခြမ်းစိတ်ဖြာ လုပ်တတ်တဲ့ အကျင့်တောင် ကျွန်တော် တတ်လာတော့တယ်။


(၁၈.၃.၂၀၀၉)



11 comments:

Anonymous said...

ဒီစကားပုံ အလွဲလေးတွေ ကလည်း အတည်ဖြစ်သွား
မနိင်သေးတယ်။ ခွေးရူးက ပဲ ပြန်ကိုက်နေတယ် ဆိုတာ စဉ်းစားပုံ မဆိုးဘူးပြောရမှာပဲ. နောက်ထပ် လာရန်၇ှိ သည်များကို စောင့်မျှော်နေပါတယ်

Phyo Maw said...

:D ပုံမှန်လာဖတ်ဖြစ်နေပြီ။
နဂိုကတည်းက စကားပုံတွေ ကိုးလိုးကန့်လန့် မှတ်ထားဖူးတာတွေ ရှိခဲ့ဖူးတော့ lol

Anonymous said...

အကို့မိန်းကလေးရဲ့ စဉ်းစားပုံကကောင်းတယ်။
ဘာပဲဖြစ်ဖြစ် အခုလိုဖြတ်ထိုးညဏ်ကောင်းတဲ့ချစ်သူ တယောက်ရှိတာ အတော်ကံကောင်းတာပဲ။

မှတ်ချက် ။ သူပြောတာများများတော့နားမထောင်နဲ့ဗျို့

တီချမ်း said...

ရေကာတာ ရယ်

ဆရာစံ ပြောသလိုဆိုရင် တီ ကလဲ အကို့ မိန်းကလေးပါပဲ အဟိ (ပြောရင်းတောင်ရန်ခုန်လာပြီခစ်ခစ်ခစ် ၁၆ နှစ် မလေးကဲ့သို့ဖလမ်းဖလမ်းဖြစ်သွားသည်)

ဒါမျိုးတော့ တီလဲတတ်ပါ့

ဒီယုံမြင်လို့ဒီချူံထွင် (ဒါကအော်ရီချင်တယ်လေနော်)

ဟော

ဒီပန်းလေးထိုးစေချင်လို့ ဒီအိုးလေးချထားတာ (ဒါကအကို့မိန်းကလေးလောင်းလျာ တီချမ်း တီထွင်စမ်းသစ်ထားတာလေနော်)
ဘယ်လိုလဲ ကြိုက်တယ်ဟုတ်

နာတွ ခွိခွိခွိ

Anonymous said...

ဆရာစံ ကျေးဇူးပါ
တီတီချမ်း...ကျောချမ်းအောင် မလုပ်နဲ့

Anonymous said...

ဘာ ပဲဖြစ်ဖြစ် အကို့ ချစ်သူ က ချစ်ဖို့ ကောင်းမှာ သေချာ တယ်...။ အကို့ ရေးထားတာ တွေ ထဲမှာတွေ့ နေရတယ်..။
ပျော်ရွှင်သော ဘ ၀ကို လျောက်လှမ်းနိုင်ပါစေဗျာ...။

Anonymous said...

ဒီလိုစိတ်တိုနေတဲ့အချိန်မှာ တစ်စုံတခုကြောင့် ရန်မဖြစ်တော့ဘဲ ရယ်လိုက်ရတော့ ဘာဘဲပြောပြော စိတ်ပေါ့တာပေါ့

ချစ်စရာကောင်းတဲ့ ပျော်ရွှင်ခြင်းတွေ များများရရှိနိုင်ပါစေ။

ကျွန်မလဲလွဲတာဘဲ။ တစ်နေ့ နာရေးသတင်းဖတ်လိုက်ရတယ်။ဆရာမရဲ့ ယောကျာင်္း ဆုံးသွားတာကို ဖတ်လိုက်ရတယ်။ ဒါမယ့်ကျွန်မအိမ် ကို ပြောလိုက်တာ မေရေ ...ဟောဒီမှာ သမီးယောကျာင်္းရဲ့ ဆရာမဆုံးသွားလို့ ဆိုတော့ အိမ်က ဘာပြောတယ် ပြန်ပြောလေဆိုမှ သိတော့တာ။

တကယ်တော့ သမီးဆရာမယောကျာင်္းဆုံးသွားတယ်လို့ ပြောချင်တာ။

အလွဲတွေ လွဲတတ်ပါတယ်နော်
း)

My Diary said...

အဟားးးး
တယ်မိုက်တဲံ့ စကားပုံပဲ
ချစ်သူကို ခွင့်လွတ်တက်တဲ့ သူရေ
ဆက်ပြီး နားထောင်ပေးလိုက်နော်

Anonymous said...

အလွဲတွေ လုပ်တာလား၊ အလုပ်တွေ လွဲတာလားဗျို့... :)

Moe Cho Thinn said...

လွဲပုံလွဲနည်း တော်တယ်။ :D
ကိုမြစ်လဲ ခွေးရူးဖြစ်ပါလေရော။ မူလစကားပုံဆိုရင် သူခိုးက လူပြန်ဟစ်ဆိုတော့ လူတော့ ဖြစ်ပါသေးရဲ့။ ခုတော့..:)

htar* said...

ကိုရီးယား ဇာတ်လမ်းတွဲ တစ်ခုထဲမှာ မင်းသမီးက အဲလိုပဲ စကားပုံတွေ ဆိုရိုးစကားတွေကို ခဏခဏ တလွဲ ပြောတတ်တယ်၊ မင်းသားက ပြင်ပေးတာ၊ တိုက်ဆိုင်သွားလို့ပါ.. ။
း)

 

Posts Comments

©2006-2010 ·TNB