သူပေးတဲ့...ပျော်ရွှင်ခြင်း..(၅)

20 March 2009

ဒီတခါကတော့ သူလွဲပြောတာမဟုတ်ဘူး။ သိချင်လို့ ဟုတ်မဟုတ် မေးတာကို ရယ်ရလို့
ကျွန်တော်က စာအုပ်နဲ့ လိုက်မှတ်ထားလို့ ခုလိုစာတပုဒ်နေနဲ့ တင်လိုက်ခြင်းဖြစ်ပါတယ်။
တခါက သူက ကျွန်တော်ကို ဒီလို မေးတယ်။
ဟိုစကားပုံလေကွာတဲ့ ..သူများနဲ့ ကပ်ပြီးတော့ ကိုယ်ကပါ စားရတဲ့ စကားပုံလေကွာတဲ့
အဲဒါကို ဘယ်လိုပြောရ လဲလို့ မေးတော့ ကျွန်တော်က နားမရှင်းတာနဲ့ နည်းနည်းအစဖော်မှ
ရမှာပေါ့လို့ ပြန်ပြောလိုက်တယ်။ဒါနဲ့ သူက " ဆင်ဖြူ မြီး စုပ် ”တဲ့ စကားပုံလေတဲ့။
အဲဒီလိုပြောတာ ဟုတ်ရဲ့လားတဲ့ မေးတော့၊ ရုတ်တရက် ကျွန်တော်တောင် ဘာကိုပြောမှန်း
မသိသေးဘူး.လွဲနေမှန်းတော့သိတယ်။ခဏစဉ်းစားလိုက်မှပဲ သူများနဲ့ ကပ်ပြီးစားရတယ်
ဆိုတာရယ် ,ဆင်ဖြူရယ် ကိုဆက်စပ် လိုက်တော့ စကားပုံအမှန် သိရတော့တယ်။
အမှန်က 'ဆင်ဖြူတော် မှီပြီး ကြံစုပ်' တာ ကိုပြောချင်တာလေ။သေသေချာချာမသိတော့
ဆင်ဖြူ မြီး စုပ် ”ဆိုပြီးဖြစ်သွားရတာပါပဲ။
အဲဒီလို အလွဲပြောတိုင်းကျွန်တော် သူ့ကိုပြန်ပြောနေကြ စကားလေးတခွန်းရှိတယ်။
အင်း ...ငါစာတွေ တော်တော် များများ ဖတ်ထားလို့ပေါ့ ကွာလို့ပြန်နောက်ဖြစ်တယ်။
ဆင်ဖြူတော် မှီပြီးကြံစုပ်မယ် လို့ရည်ရွယ်ထားသူများလည်း သတိထားစေချင်တယ်။
တော်ကြာ ကြံမစုပ်ရပဲ အမြီးစုပ် နေကြရအုံးမယ်နော်။
အလွဲတွေအများကြီး ကျန်သေးပေမယ့် နံပါတ်(၅) မှာတင်ပဲ ရပ်ထားလိုက်ဘို့ ဆုံးဖြတ်လိုက်တယ်။
ကြာလာရင် ဖတ်ရတဲ့သူတွေ ငြီးငွေ့ သွားမှာစိုးလို့ပါ။ဟိုးအရင်က သူစကားပုံတွေ သိပ်မပြောတတ်တာ
မသိခင် အချိန်က သူပြောတဲ့ စကားပုံ တခုကြောင့် ကြီးကြီးမားမား ရန်ဖြစ်ခဲ့ရဘူးတယ်၊ဘာပဲဖြစ်ဖြစ် ပါ၊
'သာဓက' ကို “ သာကေတ ” လို့ ပြောတတ်တဲ့
ဆံပင်ဖြူကို “ အကင်းကနှုတ်မယ် ” (အမှန်က 'အရင်းကနှုတ်မယ်') လို့ပြောတတ်တဲ့
သူ့ကြောင့် ကျွန်တော် ပျော်ရွှင် ခဲ့ ရပါတယ်။
(၂၀.၃.၂၀၀၉)

14 comments:

Anonymous said...

ကိုမြစ်ကျိုးအင်း ရဲ့အလွဲတွေကို ဖတ်သွားပါတယ် စာအုပ်နဲ့တောင်လိုက်မှတ်ထားတယ်ဆိုတော့ တော်၂လေးကို ဂရုစိုက်တာပဲ ချစ်သူကအရမ်းကံကောင်းတာပေါ.. ..

♥ Acacia ♥ said...

ဟားဟား သဘောကျတယ် ကိုယ့်ချစ်သူအကြောင်းတောင် မချန်ဖော်ကောင်လုပ်တယ် ဟာဟ

မြစ်ကျိုးအင်း said...
This comment has been removed by the author.
မြစ်ကျိုးအင်း said...

ကျေးဇူးပါ may16....
Acacia ...ရေ..ဖော်ကောင်လုပ်မိလို့ စာမူခတွေ ပြန်အပ်ရတယ်ဗျ

Phyo Maw said...

အဆုံးသတ်ပြီတဲ့လား...
ကြုံ၇င်တော့ အဆင်ပြေသလို တခြားဟာတွေကြား ညှပ်ရေးပါဦး။ lol :D

yehtutnaung said...

ပျော်ရွှင်ခြင်းတွေကို အိတ်တအိတ်နဲ့  ယူသွားပါတယ်။ သိမ်းထားမလို့ နော်. :P

Anonymous said...

ဖြစ်နိင်ရင်တော့ အလွဲလေးတွေကို အခါအခွင့် သင့်တိုင်း ဆက်ရေးစေချင်ပါတယ်။

win latt said...

ဟေ့...ဟေ့
ဆရာမြစ်ကျိုးအင်း
ဆင်ဖြူတော်မှီပြီး ကြံမစုပ်နဲ့နော်...
တော်ကြာ မင်းဓမ္မကုန်းတော် လူစည်နေဦးမယ်...။
(လာလည်တာ ကျေးဇူးပါခင်ဗျာ)
လွဲလွဲလေးပဲကောင်းပါတယ် ဆိုတဲ့ ထူးအိမ်သင်ကို သတိရတယ်....။

ဖြိုးဇာနည် said...

ဘာရှိသေးလဲအကုန်သာပြော့ဟားဟား

Anonymous said...

ဟေဟေ
တော် ပြီလားဟ ဒီလောက်နဲ့တင် ..။ စာမှု ခ ပြန် အပ်ရင်ဖြစ်တယ်ဟုတ်...။ ဆက်ရေးပေါ့...။ ကြုံရင်ကြုံသလို ပေါ့..။

Unknown said...

မြစ်ကျိုးအင်း ရေ...

ပျော်ရွှင်မှုတွေအတွက်.....

အားကျမိတယ်ဗျာ....

ဘ၀ခရီးတလျှောက်ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်ပါစေဗျာ....

Anonymous said...

ဟိး -- ဘာလူမျိုးမို့ ဒီလိုတွေ လွဲနေတာလဲ

Anonymous said...

ဘုရားဘုရား

မြန်မာစကားပုံတွေရေတိမ်နစ်နေပါရော့လား
း)

Moe Cho Thinn said...

မငြီးငွေ့ပါဘူးဟယ်။ ဖတ်ရတာ ကြိုက်လို့ လာလာဖတ်နေရတာ။ အကြောင်းတိုက်ဆိုင်ရင် ထပ်ရေးပါအုံး။
ကိုမြစ်က စကားပုံကျွမ်းပေလို့ပဲ။ တို့ဘေးမှာ ဆင်ဖြူ အမြီးစုပ်နေလဲ တို့ကလဲ ငတုံးဆိုတော့ ယောင်ဝါး အမြီးစုပ်နေမလား မသိ။ ရီလိုက်ရတာဟယ်..

 

Posts Comments

©2006-2010 ·TNB