ယောက်ဖ

05 April 2009

သင်္ကြန်မှာ ကြုံဖူးတဲ့ အလွဲလေး တွေထဲက မှတ်မှတ်ရရ ရှိနေတဲ့ အလွဲလေး တခုပြန်ပြောချင်ပါတယ်။
ဒ်ီတကြိမ် လွဲတာကတော့ ကျွန်တော် တယောက်ထဲနဲ့ ပဲဆိုင်ပါတယ်။

အဲဒီနှစ်က ကျွန်တော့် ချစ်သူ သင်္ကြန်ရောက်ခါနီးမှာ မြန်မာပြည် ပြန်လာလည်တယ်။
သူတို့တွေက လျှောက်မလည်ဘဲ မဏ္ဍာပ်ထိုင်မယ် ဆိုလို့ ကျွန်တော်လည်း
ဆရာစံလမ်းက black jack မဏ္ဍာပ်မှာ အတူထိုင်ဖြစ်တယ်။

သင်္ကြန် အကျနေ့မှာ အတူတူရှိနေခဲ့ပေမယ့် အကျတ်နေ့ ရောက်တော့ သူတို့တွေက မလာနိင်ဘူး။
အကြောင်းက သင်္ကြန်ပြီး နောက်နေ့ ပြန်မှာဆိုတော့ ပစ္စည်းတွေ သိမ်းဘို့ အိမ်မှာ တရက်နားလိုက်ကြတယ်။
သူတို့နားပေမယ့် ကျွန်တော်ကတော့ မနားပါဘူး။လက်မှတ် နှမျောစရာလေ။
ဒါနဲ့ သူငယ်ချင်းတွေခေါ်ပြီး သွားဖြစ်တယ်။

မဏ္ဍာပ်ကလည်း လက်မှတ်ဘယ်နှစောင်များရောင်းထားလဲ မသိဘူး များလိုက်တဲ့ လူတွေများ တိုးဝှေ့နေရတယ်။
နေ့လည် (၃) နာရီလောက်ရောက်တော့ အားလုံး အရှိန်တတ်နေကြပြီ။ 
ကျွန်တော်တို့လည်း အရှိန်ကောင်းနေပြီပေါ့ဗျာ။
သူငယ်ချင်းတွေ တယောက်တလှည့် ဒကာခံနေတာနဲ့ပဲ ဘီယာတွေလည်းများ နေပြီလေ။

အရက်တော့မသောက်ပါဘူး၊ ဘာကြောင့်ဆိုတော့ သူများနယ်မြေမှာ လွတ်ကြောင် လွတ်ကြောင် ဖြစ်လို့မရဘူးလေ။ကိုယ့်ရဲ့ပျော်ရွှင်မှုလည်း ပျောက်ဆုံးစေတယ်။ကျွန်တော်တို့ သင်္ကြန်လည်ရင်း စံပြ ရုပ်ရှင်ရုံ အရှေ့မှာ ရန်ဖြစ်တော့ကားအလယ်ဝင်းထဲမှာ သူငယ်ချင်းတယောက်က မူးပြီးအိပ်ပျော်နေတာ။ တခုခု ကြောင့်သာ ကားကို ထားခဲ့ရမယ့်အခြေအနေမျိုးဆို သူ့ကိုဘယ်လိုလုပ် ရမလဲ။

ဒီကောင်ကလည်း ဒီကောင်ပဲလို့ပြောရမယ်။ ကားက မဏ္ဍပ်နှစ်ခုလောက်ပဲ ကျော်ရသေးတယ် Army Rum ကို
သောက်တာတော်တော်များနေပြီ။မကြာပါဘူး မှောက်တော့တာပဲ။ မီသတ်ပိုက်နဲ့ထိုးတာတောင် ဘာမှမသိ တော့အောင်ကိုမှောက်သွားတာလေ။ အဲဒီလိုဖြစ်မှာစိုးတော့ အခုလည်းမဏ္ဍာပ်မှာ သူငယ်ချင်းတွေ ဘီယာလောက်ပဲ သောက်ဖြစ်ကြတယ်။

မဏ္ဍာပ်ပေါ်က လူတွေအားလုံး Alcohol နဲ့ DJ တေးသွားကြားမှာ ကြွတတ်နေ ကြတယ်။
အဲဒီအချိန်မှာ လူတယောက်က ကျွန်တော်ကိုလက်တို့ပြီး လာပြောတယ်။
' ဟိုဘက်နည်းနည်းတိုးပေးပါတဲ့ ခင်များ သူ့ကို တိုက်မိနေတယ် ' လို့လာပြောတယ်။

ကျွန်တော်ကြည့်လိုက်တော့ အမျိုးသားတယောက်ဖြစ်နေတယ်.
သူပြောတဲ့ ကျွန်တော်တိုက်မိနေတယ်ဆိုတဲ့ သူကိုကြည့်တော့ ခေတ်မှီမှီ ပြင်ထားပေမယ့်
ဘယ်လိုမှ အသက်၃၀အောက်မရောက်နိင်မယ့် အမျိုးသမီး ကိုရည်ညွှန်းမှန်း တွေ့လိုက်ရတယ်။

အဲဒီမှာကျွန်တော်ကလည်း ပြေလည်ရာ ပြေလည်ကြောင်း အနေနဲ့
“sorry ယောက်ဖ ငါမတော်တဆ တိုက်မိတာ” လို့ပြောမှပဲ ဒီကောင်က ရှုးရှုရှားရှား ဖြစ်သွားပြီး
“ဟေ့ကောင် မင်းဘာစကားပြောတာလဲ”ဆိုပြီး ကျွန်တော့်ကို လာချဲပါလေရော။စိတ်ထဲမှာ “ဟာ..ဘာလဲဟ”
လို့တွေးနေတုန်းမှာပဲ ကျွန်တော်တို့နဲ့ တဖွဲ့ထဲပါတဲ့ အကို တယောက်က လာဖြန်ဖြေပေးတယ်။

ကျွန်တော်တို့လည်းပြသာနာမတတ်ချင်တာနဲ့ ဘေးတနေရာကို ရွေ့ပြီး နေရာပြောင်း ဒွန့်(dance) ကြတယ်။
ခဏနေမှ ဖြန်ဖြေပေးတဲ့ အကို အနားရောက်လာပြီး
“မင်းကသူ့ကို ယောက်ဖ လို့ သွားခေါ်တာကိုးးး ဟိုစော်ကြီးကသူ့အမကွ အဲဒါကြောင့်တင်းသွားတာ”တဲ့
အကြောင်းစုံ သိရမှပဲ ငိုအားထက် ရယ်အားသန်လို့ ပြောရတော့မယ်။

(စကားချပ်....လူငယ်တွေ တယောက်ကိုတယောက် သားကြီး လို့ခေါ်တဲ့ ခေတ်တခေတ် ရှိခဲ့ဖူးသလို
အဲဒီအချိန်က ကျွန်တော်တို့ တတွေလည်း တယောက်ကို တယောက် တွေ့ရင် ယောက်ဖ လို့ခေါ်လေ့ရှိတယ်။
ဘာရည်ရွယ်ချက်မှ မဟုတ်ပါဘူး။အမတွေ ညီမတွေနဲ့ လည်းမဆိုင်ပါဘူး။
ယောက်ဖ ဆိုတာ သူငယ်ချင်း အချင်းချင်း ရင်းနှီးချစ်ခင် သဖြင့် ခေါ်ဝေါ်သော အာလုပ် စကားလို့
ခက်ဆစ်ဖွင့်ထားပါတယ်)




6 comments:

molay88 said...

တော်သေးတာပေါ့ အစ်ကိုရာ.. မျက်နှာ အာလူး မကျွေးသွားလို့..။ ဒါနဲ့ အစ်ကို ကို တွေ့ရင် ရော ကောင်လေး အဲလိုခေါ်လို့ရမလား..။ ဟီးဟီး အစမ်းခေါ်ကြည့်မယ်နော်... စိတ်ဆိုးကြေး....ယောက်ဖ..။ :-)

Phyo Maw said...

ယောက်ဖ... အင်း အသက်ကြီးတဲ့လူဆို သိပ်ရင်းနှီးရင် ဘဲကြီးလို့တော့ ခေါ်လေ့ခေါ်ထရှိတယ်။

mgnge said...

ငါတို့ က တော့ သားလေး လို့ ခေါ်တယ်ဟ

တားမြစ် ထားသော... said...

ဒါလည်း ဖြစ်တတ်တယ်ကိုး..

သုခမိန်(E-Journal)

chitpalone said...

တော်သေးတယ် ဘာမှမဖြစ်လို့နော်။
ခင်မင်လေးစားလျှက်
ညီမလေး ပါးလုံး

ဆွေလေးမွန် said...

comment ပေးတာနောက်ကျပေမယ့် ပို့တွေဖတ်ရင်း သင်္ကြန်အကြောင်းလေးလဲဖတ်အပြီးဆိုတော့ မြူးလာပြီး.. ဒီတော့မန့်လိုက်တော့တယ်..
တို့များတော့ နာမည်တစ်လုံးလုံးရဲ့နောက်မှာ "ကြီး" ဆိုတဲ့စာလုံးလေးနဲ့ခေါ်တယ် သူငယ်ချင်းတွေကိုလေ
ဥပမာ မြစ်ကျိုးအင်း ဆိုရင် ဘယ်စလုံးကိုကြီး ထည့်ခေါ်ရမလဲသိပါ.ကိုယ်ဘာသာကို စဉ်းစားပြီးနာမည်လေး ခေါ်ကြည့်ပါ..
ဆွေနာမည်အရင်းမှာတော့ စိုးပါတယ်ဆိုတော့ စိုးကြီး လို့ခေါ်ကြပါတယ် သူငယ်ချင်းတွေကလေ..
:P :P :P
ခင်လို့ မင်လို့ စသွားပါတယ် ကိုမြစ်ကျိုးအင်း ..( ကြီး )

 

Posts Comments

©2006-2010 ·TNB