သင်္ကြန်ကျပြီ

05 April 2009

ဒီနေ့ထိုင်ဝမ်း(Taiwan)မှာ သင်္ကြန်ပွဲလုပ်ပါတယ်။လွန်ခဲ့တဲ့ တပါတ်လောက်ထဲက ကြိုကြေညာ ထားခဲ့တာရယ်
ဒီနေ့ တနင်္ဂနွေနေ့ ဖြစ်တာရယ်ကြောင့် မြန်မာတွေ တော်တော်များများ လာကြပါတယ်။
ဘယ်နေရာရောက်ရောက် သင်္ကြန်ဆိုတာ မြန်မာတွေရဲ့ စိတ်အလှုပ်ရှားရဆုံးပွဲတော်ပါပဲ။

ဒီနှစ်စောစောစီးစီး လုပ်ဖြစ်တဲ့ အဓိက အကြောင်းရင်းက မြန်မာပြည်က
ရုပ်ရုင်မင်းသား ရန်အောင် နှင့် အဆိုတော် တချို့ ရောက်နေတာကြောင့် လည်းဆိုင်မယ်လို့ထင်ပါတယ်။
သူတို့က ဒီနိင်ငံမှာ စေတီတော် တည်ဘို့ ရန်ပုံငွေ စတိတ်ရှိုး လာဆိုတာပါ။


.....ဒါက သင်္ကြန်ပွဲတော် လုပ်တဲ့ လမ်းအ၀င်ဝ ပါ။
ဒီလမ်းက မြန်မာတန်း လို့ပြောရမယ်။တလမ်းလုံးမှာ မြန်မာဆိုင်ပေါင်း (၂၀) ကျော်ရှိပါတယ်။
ဒီလမ်းမှာပဲ နှစ်စဉ်နီးနီး သင်္ကြန်ပွဲတော် , သီတင်းကျွတ် တန်ဆောင်တိုင် ပွဲတော်တွေ လုပ်လေ့ရှိပါတယ်။


..ဒါကဒီနိင်ငံရဲ့ သတင်းဌာနတွေက သတင်းလာယူတာလေ။
သူတို့တွေက နှစ်တိုင်း သတင်းလာယူလေ့ရှိတယ်။
သတင်းသမားတွေက လူအုပ်တွေထဲထိ သွားပြီး မေးမြန်းတာတွေလည်း လုပ်ကြပါတယ်။
သတင်းသမားတွေလည်း ရေ၀ိုင်းလောင်းခံရလို့ စိုစိုရွှဲ ရတာပါပဲ။










...သူတို့ပျော်ကြလေပြီ...


...ရန်အောင် သီဆိုနေစဉ်...


...ချောစုခင် သီဆိုနေစဉ်...


...အစီအစဉ်များစွာ ထဲက တခုပါ....

မြန်မာပြည် သင်္ကြန်လို စိတ်လွတ် လက်လွတ် ကျွန်တော် မပျော်ပေမယ့် အထိုက်အလျောက်တော့
စိတ်အဆာ ပြေခဲ့ရပါတယ်။အတန်ကြာ ငေးမောပြီး အိမ်ပြန်ခဲ့ကြတော့တယ်။
သူငယ်ချင်းတွေနဲ့ သင်္ကြန်အစီအစဉ်က ရှိသေးတယ်လေ.ဘာလဲဆိုတော့ သင်္ကြန်အမှတ်တရ အနေနဲ့
မုန့်လုံးရေပေါ် နဲ့ မုန့်ကြာစိ လုပ်စားကြမယ်လေ။


..တတ်သလောက် လေးလုပ်ကြည့်တာပါ။..

မုန့်လုံးရေပေါ် လုပ်တာ ပြသာနာမရှိပေမယ့် မုန့်ကြာစိ လုပ်မှပဲ ဘယ်လိုကျိုရမှန်းမသိတဲ့ ပြသာနာ ပေါ်တော့တယ်။ ထန်းညက်ရေ နဲ့တခါတည်း ထည့်ကျိုရတာလား အရင်ပြုတ်ပြီးမှ ထန်းညက်ရေ ထဲ ရောရမှလား ဘယ်သူမှ မသိလို့ ဖုန်းတွေဆက်ပြီးမေးရသေးတယ်။

မုန့်လုံးရေပေါ် စားတော့ရယ်ရသေးတယ်။ထညက်တွေက ရေခဲသေတ္တာထဲ ထားတာကြာနေလို့မာနေပြီး
မုန့်လုံးရေပေါ်တယောက် ၀ါးလိုက်တိုင်း တဂျွမ်းဂျွမ်း မြည်သံတွေနဲ့ သွားတွေကျွတ်ကုန်ပြီထင်ကြရတယ်။

ဒီနိင်ငံရဲ့ မြန်မာ အသင်းအဖွဲ့က တခြားနိင်ငံတွေကိုတော့ ဒီသင်္ကြန်မှာ ကျော်တတ်သွားပြီထင်ပါတယ်။
ဘာကြောင့်ဆိုတော့ နောက်တပါတ် တနင်္ဂနွေ (၁၂)ရက်နေ့မှာ သင်္ကြန်ကို နောက်တကြိမ် ထပ်လုပ်မယ်ဆိုတာကြောင့်ပဲ။အဲဒီအခါမှာတော့ ဒီ့ထက်ပိုပြီး ကျယ်ဝန်းတဲ့ နေရာမှာ ကျင်းပမှာပါ။


11 comments:

♥♥♥♥♥ Jennifer™® ♥♥♥♥♥ said...

i like your blog

tune said...

မသိခဲ့တာတွေ သိခွင့်ရလို့ ကျေးဇူးတင်ပါတယ်။
လာလည် မန့်တဲ့အတွက်လဲ ကျေးဇူးပါ။
ပျော်ရွှင်ပါစေ။

မင်းဒင် said...

မုန့်လုံးရေပေါ်သုံးလုံး လာစားမိပါတယ်။ သွားလေးချောင်းကျိုး တယ်ဗျာ။ သာဓုပါဗျာ သာဓုပါ ..။

ခင်မင်သော ..

မင်းဒင်

မဇနိ said...

ပျော်စရာကောင်းမယ်နော်။ လူတွေလည်းစိုလို့။ မုန့်လုံးရေပေါ်လည်း စားချင်သား။

ဖိုးဂျယ် said...

ပျော်စရာကြီးနော် စလုံးမှာတော့ အဲ့လောက် မလုပ်ဘူး
ဒီနှစ်တော့ လုပ်မယ်ထင်တာပဲ
နှစ်သစ်မှာ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံပါစေဗျာ

စိတ်စမ်းရေ said...

ပျော်စရာကြီးပါလားကွ...။လာတောင် လာချင်တယ်.....။

Phyo Maw said...

အားပါး ပုံတွေနဲ့တင် လာချင်စရာဖြစ်နေပြီ။
သင်ကြန်ပြန်မရောက်လို့ ငတ်တာ ဒါနဲ့ဆို ၃နှစ်ပြည့်ပြီ။

mgnge said...

ဗဟုသုတ ပေါ့...။ နိုင်ငံရပ်ခြားရောက် မြန်မာသင်္ကြန် တွေ လည်းပျော်ဖို့ ကောင်းသားဗျနော်

flowerpoem said...

ကိုမြစ်ကျိုးအင်း သင်္ကြန်ကျတာစောတယ်နော် အဲဒီမှာ မြန်မာတွေပျော်ရတာပေါ့ရှင် ကောင်းတယ်..

molay88 said...

အားကျစရာကြီးဗျာ..ရေတွေကရွှဲနေတာဘဲ..။ ဒီမှာတော့ အခုထိနှင်းတွေ ခဲနေတုန်း ရေပတ်ဖို့မပြောနဲ့ အနွေးထည်တောင် ချွတ်လို့မရဘူး..။ အလွမ်းပြေဖို့နေနေသာသာ သူများဘလော့သွားတိုင်း ရင်နာနာနဲ့ ပြန်လာနေတဲ့ ဘ၀ပါ အစ်ကိုရယ်..။

Anonymous said...

သင်္ကြန်မလည်ရလို့ စိတ်မကောင်းပါဘူးဆိုမှနော်... :)
မုန့်လုံးရေပေါ်လည်း စားချင်စရာ... အားလုံး တမ်းတစရာတွေချည့်ပါပဲလား .....

 

Posts Comments

©2006-2010 ·TNB