ထိုင်ဝမ်း...သင်္ကြန်

12 April 2009

ထိုင်ဝမ်းမှာ ဒီနေ့တကယ့် သင်္ကြန်ပွဲတော် ကို ကျင်းပ ပါတယ်။
တကယ့်သင်္ကြန်လို့ ပြောရတာက ကျွန်တော်တို့ ကိုယ်တိုင် စိတ်လွတ်လပ်လွတ် ပျော်ရွှင်ခဲ့ရလို့ပါပဲ။
ပထမပွဲတုန်းက မပျော်ရွှင်ခဲ့ရပေမယ့် ဒီပွဲမှာတော့ တကယ်ပျော်ရွှင်ခဲ့ ရပါတယ်။
ပိုပြီးကျယ်ဝန်းတဲ့ လမ်းမှာ ပိုပြီးကြီးကျယ်တဲ့ ပွဲတော်ကို ကျင်းပခဲ့ပါတယ်။



...လမ်းအ၀င်ဝမှာပဲ သင်္ကြန်တွင်း ရေသပ္ပါယ် နိင်ရန် မြတ်စွာဘုရား ကိန်းဝပ်စံပ္ပါယ် နေစဉ်..




...ဆရာတော်ဘုရားမှ ပရိတ်ကြိုးချည်ပေးပြီး အန္တရာယ်ကင်း ပရိတ်ရေဖြန်းပေးစဉ်...






...လူကြီးတွေပါ မနေနိင်ဘဲ ၀ယ်ကြတဲ့ ရေသေနတ် ဆိုင်များ..




...မြန်မာအက..



...ဦးရွှေရိုး ဒေါ်မိုး အက...




...ပုဂံအက...

ဒါတော့ညီအကို တို့ အကြိုက်လေးတွေပါ။အဲအဲ....အနော်လည်း..ကြိုက်ပါတယ်..

.




...ထိုင်ဝမ်းသူလေးများရဲ့ အစီအစဉ်...






...ရေပန်းအောက်တွင်...


တိုက်ပွဲစပြီ..
ဒီသင်္ကြန်မှာ မှတ်မှတ်ရရ ဖြစ်ခဲ့ရတာလေး ပြန်ပြောချင်ပါတယ်။
ပထမ သင်္ကြန်မှာ စိတ်လွတ် လက်လွတ် မပျော်ခဲ့ရတာက သင်္ကြန်ရေမထိ ခဲ့ရလို့ပါပဲ။
စတိတ်စင်နဲ့ ရေပက်တဲ့ နေရာက တော်တော်ဝေးလွန်းတော့ လူတွေက စတိတ်ရှိုး ကြည့်ရသလို
ခံစားချက်မျိုးပဲ ရကြတယ်။ရေမထိတော့ သင်္ကြန်ခံစားချက်ကို မရခဲ့ကြဘူး။

ဒီတခါတော့ အဲဒီလို မဖြစ်ချင်တာနဲ့ အားလုံးကို ခေါ်ပြီး ရေပန်း အောက်ကို ၀င်ပြီး ရေစိုခံလိုက်ကြတယ်။
ပြီးတော့ အဖြူလေးနဲ့ ညောင်ရမ်း လက်ထဲကို ဘီယာဘူးတွေ ထည့်ပေးလိုက်တယ်။
DJတေးသံတွေရယ် လွင့်စင်လာတဲ့ရေစက်တွေရယ် ရီဝေေ၀ခံစားချက်ရယ် ပေါင်းလိုက်တော့ ကျွန်တော်တို့
တကယ်ကို မြူးကြွသွားကြတယ်။အဲဒီမှာ ကျွန်တော်တို့ မီးသတ်ပိုက် တွေဆီကို ချီတက်ကြတယ်။

အဲဒီမှာက မီးသတ်ပိုက်တွေနဲ့ လမ်းမပေါ်က လူငယ်တွေရဲ့ ရေပက်ပွဲရှိတယ်။
မီးသတ်ပိုက်က ကျတဲ့ရေနဲ့ သူတို့ကို ပြန်ပက်ရတာဆိုတော့ သိပ်တော့ မမျှတဘူး။






ကျွန်တော်တို့ ၅ယောက်အဖွဲ့က အဲဒီမီးသတ်ကားက ရေကို ခွက်နဲ့ခံပြီး ပက်တာမျိုးမလုပ်တော့ဘူး။
ဘာမှမှ မထူးတာလေ။ဒီတော့ ရေပူပေါင်းတွေ သွားဝယ်ကြတယ်။



...ရေပူပေါင်း တွေဝယ်ကြပြီ...

ရည်ရွယ်ချက်က ကားပေါ်က သူတွေကို ပူပေါင်းနဲ့ ထုဘို့ပဲ။
ဟဲဟဲ..လွန်တယ်တော့မပြောနဲ့ သင်္ကြန်ကို ငယ်မူပြန်တာပါ။လူတွေကလည်း မြူးကြွနေပြီလေ။


..မတားနဲ့တော့ မရတော့ဘူး ပစ်မှာပဲ...



...ဗိုက်ထိပြီဟေ့...ငယ်ငယ်တုန်းက အလေ့ အကျင့်တွေ ဆိုပါတော့...

ကျွန်တော်တို့ မပစ်ခင်ထိ အခြားသူတွေက အဝေးကြီးကနေ ပုန်းလျှို ကွယ်လျှို ပစ်နေကြတာလေ။
ကျွန်တော်တို့ က အနီးကပ် ပစ်တော့မှ ပဲ တခြားသူတွေလည်း အနီးကပ် ၀ိုင်းကိုင် ကြတော့တယ်။
ဘယ်လောက်အထိ ပစ်လည်းဆို ၁၀ ဘိုး ၄ လုံးရတာ ကျွန်တော်တို့ ၈၀၀ ကျော်ဘိုး ကို အခေါက်ခေါက်
အခါအခါ ၀ယ်ပြီး ပစ်တာဆိုတော့ သူတို့တွေ နလံမထူ နိင်တော့ဘူးလေ။

အနီးကပ် ပစ်လွန်းတော့ ကျွန်တော်တို့ ကို မှတ်မိသွားကြတယ်။
ရေပူပေါင်းတွေ ထည့်ထားတဲ့ အိတ်ကို နောက်မှ ဖွက်ပြီး သယ်သွားတဲ့ ကျွန်တော့်ကို တွေ့တော့ မပစ်ပါတော့ နဲ့လို့
တားပြီး မီးသတ်ကားပေါ် တက်ပြီး ကစားပါလို့ ကျွန်တော်နဲ့ ကျွန်တော့် ကောင်မလေးကိုဖိတ်ခေါ်တယ်။
ဒီကလည်း မီးသတ်ပိုက် ကိုင်ပြီးမပက် ရတာကြာပြီ ဆိုတော့ ကားပေါ်တက်ပြီး မီးသတ်ပိုက် နဲ့ရမ်းတော့တာပဲ။

ဝဋ်လည်တာပဲဗျို့ ကားပေါ် ရောက်မှပဲ လာလိုက်ကြတဲ့ ရေပူပေါင်းတွေများဗျာ ခဏပဲနေနိင်တယ်
အောက်ပြန်ဆင်းပြေးရတော့တယ်။သူတို့က အောက်ဆင်းတော့မှာလားမေးတယ် ကျွန်တော်က တော်တော်နာတယ်မခံနိင်ဘူး ဆင်းတော့မယ် ပြောတော့ သူတို့က ခုတော့ သိပြီလားတဲ့။

ခဏနေတော့ ကျွန်တော်တို့ အိမ်ပြန်ခဲ့ကြတော့တယ်.....။
ဘာပဲပြောပြော ဒီတခါ ပျော်ဖြစ်ခဲ့တယ်...။
အားလုံးလည်း နှစ်သက်မှာ ပျော်ရွှင်ပါကြစေ...!

6 comments:

သီဟသစ် said...

မြစ်ကျိုးအင်းရေ

အဲဒီက သင်္ကြန်က ပိုပျော်စရာကောင်းမယ်ထင်တယ်နော်..
မိုက်တယ်..

စိတ်စမ်းရေ said...

ဟေ... ပျော်စရာကြီးပါလားကွာ...း)

mgnge said...

အာရာ
ပျော်စရာကြီး

Shwe said...

ထိုင်ဝမ်း ..သင်္ကြန်က
S'ppre.. သင်္ကြန်ထက်
ပိုပြီးပျော်စရာကောင်းပါလာဗျာ။

Unknown said...

သူများတွေ သင်္ကြန်ဆိုပြီး ပျော်နေတဲ့ အချိန်မှာ ကျမကတော့ အခန်းထဲက ကွန်ပြူတာနဲ့  စာမေးပွဲတွေ နဲ့  ခေါင်းကိုက်လို့ နေပါတယ်..။
Easter ပြီးရင် စာမေးပွဲရာသီဖြစ်နေပြီလေ..
ဘာပဲဖြစ်ဖြစ် မုဒိတာ ပွားပါတယ်..။ သူများတွေ ပျော်နေတဲ့ သင်္ကြန်အကြောင်း ဖတ်ရတော့ ကိုယ်လည်း ပီတိဖြစ်မိပါတယ်..။

Anonymous said...

ပျော်စရာကြီးနေမှာနော်

 

Posts Comments

©2006-2010 ·TNB