ရေငုပ်သင်တန်း

28 May 2009

ကျုပ်အကြောင်းလေးတွေ ပြောပြတဲ့အခါမှ ချန်ထားခဲ့လို့ မရတဲ့ အကြောင်းအရာတွေ ရှိပါတယ်။ အဲဒီထဲကမှ ကျုပ်ရေငုပ်တတ်ခဲ့ပုံလေးကို ဒီတခါတော့ ပြောပြချင်ပါတယ်။ စာဖတ်သူတွေထဲမှာ ရေထဲမှာ အချိန်ကြာကြာ မငုပ်နိင်တဲ့သူတွေ ပါလာခဲ့ရင် ကျုပ်ရဲ့ နည်းနာလေးအတိုင်း လေ့ကျင့်လိုက်ရင် အချိန်အကြာဆုံး ရေငုပ်တတ် သွားနိင်မယ်ဆိုတော့ ကျုပ်အနေနဲ့ ပြန်ပြောပြရကျိုး နပ်ပါတယ်လေ။

တခုသတိပြုဖို့ကတော့ ကျုပ်သင်ပေးမယ့် ရေငုပ်သင်တန်းကို တက်မယ့်သူတွေ အနေနဲ့ ကျုပ်က ကျုပ် အဘိုးရဲ့ နည်းနာနိဿရ အတိုင်း တတ်အောင်ပါသင်ပေးပါ့မယ်..။ ကျုပ်ရေကူး တတ်ပုံမှာ ရာဇ၀င်ရှိသလို ရေငုပ်တတ်ပုံကလည်း ဆန်းဆန်းကျယ်ကျယ်ပါပဲ။ ကျုပ်ငယ်ငယ် တုန်းက အင်မတန် အကစားမက် တာလို့ ပြောခဲ့ပြီးပြီနော်..။တဦးထဲသော မြေး ယောကျာင်္လေး ဖြစ်လို့လားတော့မသိဘူး အဘိုးက တခြားကလေးတွေနဲ့ ထွက်ဆော့တာ နဲနဲ မှမကြိုက်လှဘူး...။

ကျုပ်ကလည်း လုပ်ချင်ရင် တားမရတဲ့သူ ဆိုတော့ မရရအောင်ထွက်ဆော့တာပဲ။ ကျုပ်ကို အိမ်မှာမတွေ့ရင် အဘိုးကလိုက်ရှာ တယ်..။ အပြင် မှာကစားနေတာ တွေ့ရင်တော့ မသက်သာဘူးပေါ့ ။ ဆော်ပလော် တီးခံရတာ ကလည်း ခဏခဏ ပါပဲ...။ အဘိုးရဲ့ ဆော်ပလော်တီးမှုကြောင်းပဲ ကျုပ်လည်းရေငုပ်တတ်သွားတယ်။

ကျုပ်တို့နေတဲ့ ရွာမှာ စမ်းချောင်းရှိတယ်ဗျ..။ ကျုပ်က အဲဒီစမ်းချောင်းမှာ သူငယ်ချင်းတွေနဲ့ ရေကူးရတာ အင်မတန် ပျော်တာပဲ။ အဘိုးကလည်း အဲဒီ စမ်းချောင်းမှာ ရေကူးတာ နည်းနည်းလေးမှကို မကြိုက်ဘူး။ ကျုပ်အိမ်မှာ မရှိရင် လိုက်ရှာတဲ့ အထဲမှာ အဲဒီစမ်းချောင်းလဲ ပါတယ်။ ကျုပ်မှာရေသာ ကူးနေရတယ် ဘယ်အချိန် အဘိုးများရောက်လာမလား ကြည့်ပြီးကစားရတယ်။ ဒီတော့ကစားရတာ စိတ်ကနည်းနည်းလေးမှ မဖြောင့်လှဘူး။

အဘိုးက သူသွားလေရာ လွယ်အိတ်တလုံးထဲ လေးဂွ နဲ့ လေးသီးတွေထည့်သွားလေ့ရှိတယ်။ လေးသီးဆိုတာက အောက်ဘက်က အခေါ်ဆိုရင် လောက်စာလုံး ဆိုပါတော့ဗျာ။ ကျုပ်ရေကူးနေတာများ အဘိုးက တွေ့လို့ကတော့ အကြောင်းတောင် မကြားဘူး လေးသီးနဲ့ တန်းပြီးပစ်တာ အားမထည့် ပေမယ့် ထိလိုက်ရင်လည်း မသက်သာဘူး။
ကစားနေတုန်း အဘိုး ရောက်လာပြီဆိုရင် ကျုပ်မှာ ပြေးစရာ မြေမရှိတော့ဘူး။ ဘာကြောင့်ဆိုတော့ ကျုပ်က
ရေထဲရောက်နေတာကိုးဗျ..။ အဲဒီတော့ ရေထဲမှာပဲ ရသလို ရှောင်ပုန်းရတာပေါ့..။ အဘိုးက လေးသီးနဲ့ လှမ်းပစ်ရင် ကျုပ်ကရေထဲကို ငုပ်ပြီး အသဲအသန် ရှောင်ရတယ်..။ ရေထဲမှာ ကြာကြာနေနိင်အောင် ရေမငုပ်ခင် လေ ကို တချက်ရှိုက်ပြီး ဆတ်ခနဲ ငုပ်ရတယ်..။ ရေငုပ်ရင်း ရေကူးသွားပြီး တခြားနေရာမှာ ဘွားခနဲ ပေါ်ပြီး အသက်ကို နောက်တကြိမ် အတွက် အလုအယက် ရှုရပြန်တယ်။

အဘိုးကလေးသီးနဲ့ပစ် ကျုပ်ကကြောက်ကြောက်နဲ့ ရေငုပ်ရှောင်ရင်း တဖြေးဖြေး ကျုပ်ရေငုပ်နိင်ပုံများ
ရွယ်တူတန်းတူ ကလေးချင်း ရေငုပ်ပြိုင်လို့ကတော့ ကျုပ်က အချိန်ပိုတောင် အကျောပေးပြီး ပြိုင်နိင်တဲ့
အဆင့်ထိတောင် ရောက်သွားတော့တယ်။ကျုပ်ကျွမ်းကျွမ်း ကျင်ကျင် ရေငုပ်နိင် ရေကူးနိင်မှန်း လဲသိရော အဘိုးလည်း လက်လျှော့သွားတော့တယ်..။ကျုပ်ကို အချိန်အခါ နဲ့ ရေကူးဘို့ ဈေးညှိတော့တာပဲ..။

အဘိုးဆုံးတော့ အဘိုးကိုင်ခဲ့တဲ့ လေးဂွ လေး ကျုပ် အမှတ်တရ သိမ်းထားတာ ခုထိရှိပါသေးရဲ့ဗျာ..။ အဲဒီလေးဂွလေး မြင်နေတိုင်း သူများတွေကိုလည်း ရေငုပ် သင်ပေးချင်စိတ် ဖြစ်မိပါရဲ့။ ဒါနဲ့ စာလာဖတ်သူတွေကို ရေငုပ်တတ်အောင် သင်ပေးမယ်လို့ တွေးလိုက်မိတယ်။ရေငုပ်သင်ချင်တဲ့ သူများကို ကျုပ်လို ကျွမ်းကျွမ်း ကျင်ကျင် ဖြစ်သွားတဲ့ အထိ အဘိုးရဲ့ နည်းနဲ့ သင်ပေးပါ့မယ်..။ အမြန်ဆုံးတတ်ဖို့တော့ ကျုပ်တာဝန် ယူပါတယ်လေ။

28 comments:

thondrae said...

ဟေ့ ငါပထမရတယ်ဟေးေ၇ငုတ်တာဟုတ်ဘူးနော် မန့် တာ

မေ said...

လာဖတ်ပါတယ်နော်...
ပျော်ရွင်ပါစေ......

Sein Lyan Tun said...

အင်း စဉ်းစားနေတယ်
ရေကူးအရင်သင်ရမလား
ရေငုတ်အရင်သင်ရမလား
နှစ်ခုလုံးက မချောင်ဘူးဆိုတော့
မော်လမြိုင်ကိုလွမ်းတယ်
အားအားရှိ စိတ်ညစ်ရင်
ချောင်းထဲခုန်ချ ရေကူးတာကိုး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ကောင်းကင်ပြာ said...

စာ စာ စာရင်းလာပေးရမလားးးးးး ဟင်

flowerpoem said...

စာရင်းပေးမယ် အလကားသင်ပေးမှာလားဟင်..

thawzin said...

ရေလဲငုတ်တတ်တယ် ပြီးတော့ လေးခွလဲရှောင်တတ်သွားတာပေါ့

ကဗျာဦး said...

ရေငုပ်သင်တန်းတက်ချင်တယ်

တလနွန် said...

မအိပ်ခင်လေးမှာပဲ ရေကူးသင်တန်း စာရင်းလာပေးသွားပါတယ်။။။။။အဟဲ
ကိုမြစ်ကျိုး ပြန်လည်ပြုံးပျော်လာတာကို
ဝမ်းသာမိပါတယ်

ခင်မင်ခြင်းနှင့်
တလနွန်

ဆည်းဆာသံစဉ် said...

ကိုကျိုး သင်တန်းကြေးယူမှာလားဟင်။ စာရင်းတော့ သွင်းချင်တယ်ဗျာ။ ညောင်ရမ်းလိုပဲ ရေငုတ်တော်ချင်လို့ ပါ..။ ကိုကျိုးရေ...ပျော်ရွှင်ပါစေဗျာ.။ အားပေးနေလျှက်....ခင်မင်စွာဖြင့်

chitpalone said...

တော်ပါသေးရဲ့ စာတွေမဖတ်ရတော့ဘူးလားလို့ ညစ်နေတာ။ ရေကူးရော ရေငုတ်ရောစာရင်းပေးမယ်ဗျာ။ ဒါပေမယ့် လေးခွတော့ အရင်ခိုးထားမှဖြစ်မယ်ထင်တယ်။ ကိုမြစ်ကြီးရေ ပျော်ရွှင်ပါစေဗျာ။ ပင်လယ်ထဲထိ စီးဆင်းနိုင်ပါစေ။
ညီမလေး ပါးလုံး

အိုက်ခီလောက် said...

ရေကူးတာတော့ သင်ချင်ဘူးရေငုပ်လည်းသင်ချင်ဘူး
အဟတ် အနော့က အင်းလေးကန်ထဲမှာ ကူးနေကျဆိုတော့ လက်ထောက်လုပ်မယ်
ကိုကျိုးက စာရင်းကိုင်လုပ်လေ အဟီး
ညောင်ရမ်းဂွတို က ဆြာဂျီးလုပ်
အနော့ကလက်ထောက် ဆိုတော့ သူ့ တို့ ပိုငုပ်နိုင်အောင်
ခြေထောက်ကို ခဲကြီးကြီးဆွဲပြီး ငါးမိနစ်တစ်ခါ ဆွဲတင်မယ်
ငါးစက္ကန့် နား ပြီးရင် တစ်ခါ ပြန်ငုပ်ခိုင်း
ဒါဆို တစ်ရက်ထဲနဲ့ ပွဲပြတ်တယ်
လိုလိုမယ်မယ် အသက်အာမခံ ကို ကြိုလုပ်ခိုင်းမှနဲ့ တူတယ် နော်

ကြယ်သောကြာ said...

မချောင်ဘူးတစ်ခုမှ။ ရေကူးလည်း သင်ဖူး ရေငုပ်လည်းသင်ဖူး။ ညောင်ရမ်းက တော်တော်ရယ် ခီလောက်လို လက်ထောက်တွေ ပါလာရင် အသေပြတ်သွားလိမ့်မယ် ဟီး။ သူများတွေ စာရင်းပေးတာပြီး သင်တန်းတက်ချိန်ကျမှ ဒဏ်ကြေဆေး တို့ ဘာတို့ သင်တန်းရှေ့လာရောင်းမယ်။

ကိုလူထွေး said...

ရေမငုပ်တတ်ရင်လဲနေပါစေတော့ဗျာ..
ညောင်ရမ်းဂွတိုဆီမှာတော့ သင်တန်းမတက်ရဲလို့ ပါ

mgnge said...

တော်ပြီ.. ဒီသင်တန်းတော့တတ်တော့ဘူး...။
လေးသီးတဲ့
ကြောက်ကြောက်

မငုံ said...

သြော်.ကိုမြစ်ရဲ့ ရေကူးရေငုပ်ကျွမ်းရခြင်း အကြောင်းရင်းလေးတွေ သိလေ လာပြီး သင်တန်းတင်ဖို့ စာရင်းပေးချင်လေပါပဲ:))
အဘိုးရဲ့လောက်စာလုံးကိုတော့ ပိုကြောက်တယ်။

ဇော် said...

ဂျစ်ကိုက လက်ထောက်ဆို ကျနော်က လက်ထောက်ရဲ့ နောက်လိုက်လုပ်မယ်။ လစာနဲ့လေ။ နောက် ကိုသောက်ရောင်းမယ့်ဒဏ်ကြေဆေးကို ရှယ်ယာထည့်မယ်။ ကောင်းဘူးလားဟင် ကိုကျိုး။ အဟိ။

ခမ်းကီး said...

တော်တယ်နော်။

Bino said...

ကျုပ်သင်ပေးမယ့် ရေကူးသင်တန်းကို တက်မယ့်သူတွေ အနေနဲ့ ကျုပ်က ကျုပ် အဘိုးရဲ့ နည်းနာနိဿရ အတိုင်း
ရေ ငုပ် တတ်အောင်ပါသင်ပေးပါ့မယ်..။

I got your indirect message.
Thanks for sharing

ကျုပ်ကျွမ်းကျွမ်း ကျင်ကျင် ရေငုပ်နိင် ရေကူးနိင်မှန်း လဲသိရော အဘိုးလည်း လက်လျှော့သွားတော့တယ်..။
ကျုပ်ကို အချိန်အခါ နဲ့ ရေကူးဘို့ ဈေးညှိတော့တာပဲ..။

I got your dual message again.
Thanks for sharing
Bino

မယ့်ကိုး said...

စာကို နာကျင်မှုတွေ မထည့်ဘဲ အကောင်းမြင် ဟာသစွက် ရေးနိုင်တာ တကယ် ချီးကျူးမိပါတယ်။

ကျုပ် အဘိုးရဲ့ နည်းနာနိဿရ အတိုင်း
ရေ ငုပ် တတ်အောင်ပါသင်ပေးပါ့မယ်..။ :D
ရေကူး ရေငုပ် ကျွမ်းကျင်ရုံတင်မဟုတ်ဘူး။ သင်တန်းပါ ပေးတော့မယ်ပေါ့...
ကျွန်မ လက်တို့ ပြီးတော့ ပြောပေးမယ်နော်...:)

မိုးစက်အိမ် said...

လုပ်ပါအုံးဗျာ ... ကျွန်တော်လဲ လာမဲ.အိုလံပစ်
မှာ မိုက်ကယ်ဖဲလ် စံချိန်ချိုးချင်လို. ဟီးးးးးးးးးးးးးးးးးးးး

ဝက်ဝံလေး said...

အိုက်ယား တယ်ကောင်းတဲ့ ရေငုပ်နည်းပါလား ဟရိုးးးး သင်ချင်တယ်ဗျိုးးး
ဒါနဲ့ စကားမစပ် ကြက်မောက်သီးပေါ်ပြီလား ငင် စားချင်လို့ ဗျိုးးး အခုလောလော ဆယ် ဗိုက်ဆာနေတယ် ဘာကျွေးမလဲ ပြော

ကြည်ဖြူပိုင် said...

သြော...ကိုမြစ်ကျိုးအင်း..အဆင်ပြေသွားပြီပေါ့ ။ ဂွတ်

ကိုညီမင်း said...

ရေကူးသင်တန်းလား နာဇီအကျဉ်းစခန်းလား...။
လေ့လာသူအဖြစ် လာကြည့်ပါ့မယ်

သီဟသစ် said...

ကိုပိုင်ရေ...

သင်တန်းနှစ်ခုလုံးကို မတက်ရဲတော့ပါကြောင်း....

လျှို့ဝှက်သော ပင်လယ်ဆီသို့ စီးဆင်းနိုင်သော မြစ်တစ်စင်းဖြစ်ပါစေဗျာ..

ခင်မင်စွာဖြင့်
သီဟသစ်

မသက်ဇင် said...

မြစ်ကျိုးအင်းရေ
ရေငုပ်နည်းလာဖတ်သွားပါတယ်
ခင်မင်လျက်

ဂျပန်ကောင်လေး said...

း).. လေးဂွစာမိနေဦးမယ်.. အဆင့်မြင့်မြင့်လည်း မကူးတတ်ချင်တော့ပါဘူး..း)

Anonymous said...

တော်ပြီဆရာ မတတ်ရင်နေပါစေဗျာ ကိုကျိုးက အဖိုးလက်စွဲလေးသီးနဲ့ သင်တန်းသာတွေ လိုက်ပစ်မှ နေရင်းထိုင်းရင်း ရဲစခန်းလဲ တိုင်မရ၊
ပြန်လဲ ပြောမရနဲ့(သင်တန်းဆရာဆိုတော့လဲ)
တော်ပါပြီဆ၇ာ မတတ်လဲ နေပါစေတော့ ..။

မေဓာဝီ said...

မဖတ်ရသေးတဲ့ ပို့စ်အဟောင်းလေးတွေ ဖြည်းဖြည်းချင်း ဖတ်နေတယ်။
ညောင်ရမ်းငယ်ဘ၀လေးတွေ ရေးထားတာ ဖတ်လို့ကောင်းတယ်။ စိတ်ဝင်စားဖို့လဲ ကောင်းတယ်။ ရယ်လဲရယ်ရတယ်။ :)

 

Posts Comments

©2006-2010 ·TNB