Free Kick

01 June 2009

ဒီရက်ပိုင်း သူငယ်ချင်းတယောက်ကို သတိတရ ဖြစ်နေမိတယ်..။မြန်မာပြည်မှာ ကြေးစားဘော်လုံးသမားတွေ
ခေတ်ကောင်း နေတော့ ကျွန်တော့်သူငယ်ချင်းကို သတိရမိတာပါ...။သူက ဘော်လုံးကို စွဲစွဲမြဲမြဲ မကန်ခဲ့ပေမယ့်
တခါကန် ရင် တခါဆိုသလောက် မှတ်မှတ်ရရဖြစ်အောင် လုပ်ခဲ့ဖူးတဲ့ သူငယ်ချင်းပေါ့...။

သူ့နာမည်က အောင်မိုးခိုင်လို့ သူ့အမေမှည့်ထားပေမယ့် ကျွန်တော်တို့ သူငယ်ချင်းတွေ
အားလုံးက သူ့ကို မိုးကြီး လို့ပဲ ခေါ်ကြတယ်...။ကျွန်တော်နဲ့ မိုးကြီးနဲ့ ခင်မင်သွားပုံကလည်း မှတ်မှတ်ရရ ရှိစရာပါပဲ။

ကျွန်တော်တို့က သူငယ်ချင်းတွေ များတဲ့ မြို့လယ်အထိ လ္ဘက်ရည်ဆိုင်လာထိုင်ပြီး ည၁၀နာရီ လောက်ဆိုရင်
ကားစီးပြီး အိမ်ပြန်လေ့ရှိကြတယ်..။မိုးကြီးနဲ့တွေ့တော့ ကျွန်တော်တို့ ၉ တန်းကျောင်းသားဘ၀ပေါ့..။
အဲဒီနေ့က အိမ်ပြန်မလို့ကားစောင့်နေရင်း မိုးကြီးက ကျွန်တော်တို့ အနားက ဖြတ်သွားတာနဲ့ကြုံတယ်..။

ကျွန်တော်နဲ့ အိမ်လိုက်အိပ်မယ့် သူငယ်ချင်း ကျော်စွာနဲ့ မိုးကြီးက အရင်ထဲက ခင်တော့ ကျော်စွာက
လှမ်းနှုတ်ဆက်တာနဲ့ ဒီကောင်အနားရောက်လာတယ်...။ ကျော်စွာဆိုတာက ကျွန်တော်တို့အဖွဲ့ရဲ့ ဂစ်တာသမားပေါ့... သူကဂစ်တာအတီးကောင်းတယ်။ငြိမ်းချမ်းဆိုတဲ့ သူငယ်ချင်းကလည်း ဂစ်တာတီး အရမ်းတော်တယ်။

မိုးကြီးက အနားရောက်လာပြီး ကျော်စွာကို ဘယ်သွားမှာလဲမေးတယ်...။
ကျော်စွာက ကျွန်တော်အိမ် လိုက်အိပ်မှာ ပြောတော့ မိုးကြီးက ဘာရှိလို့လဲလို့ ပြန်မေးတယ်..။

အခုမှတွေ့ဖူးပေမယ် ကျွန်တော်က ၀င်ကျပ်တဲ့ အနေနဲ့ မနက်ဖြန် ငါ့အမ မင်္ဂလာဆောင်ကွ အဲဒါ ဒီညတီဝိုင်း
ပစ္စည်းတွေ ငှားထားတယ်.. မင်းသီချင်းဆိုတာ ၀ါသနာပါရင် လိုက်ခဲ့လို့ရတယ် လို့ကျပ်ပေးလိုက်ပြီး
ကျော်စွာက ဆက်ဖောတာ မိုးကြီး တကယ်ယုံသွားပြီးသူပါလိုက်ခဲ့မယ် ဖြစ်သွားတော့တယ်...။

ကျွန်တော်က ပိုပြီးယုတ္တိရှိအောင် အဲဒီအချိန်မှာ နာမည်ကြီးနေတဲ့ လေးဖြူရဲ့ “မျက်ရည်များရဲ့နောက်ကွယ်”
သီချင်းကို မင်းဆိုတတ်လားမေးတော့ မိုးကြီးက အေးငါအဲဒီသီချင်းရတယ်တဲ့...ဒါဆိုမင်းအဲဒီသီချင်းကို ဆိုကွာလို့
ဒါပေမယ့် ဒီညဆိုတာက အစမ်းပဲရှိသေးတယ် မနက်ဖြန် မင်္ဂလာဆောင်ရင် သေသေချာချာထပ်ဆိုရမှကွ လို့
ပြောတော့ မိုးကြီးမှာ ဘ၀င်ခွေ့နေတော့တယ်..။

ကျွန်တော်နဲ့ ကျော်စွာကိုလည်း သူအိမ်ပြန်ပြီး သူ့အမေကို ညလိုက်အိပ်ဘို့ ပြန်ပြောရင်း အ၀တ်အစား
သွားယူလိုက်မယ် ခဏစောင့်နေပါလို့ ပြောပြီး သူ့အိမ်ကိုပြေးတော့တာပဲ..။
သူလည်းသွားရော ကျွန်တော်နဲ့ ကျော်စွာလည်း ရောက်လာတဲ့ ကားစီးပြီး အိမ်ပြန်ခဲ့ကြတော့တယ်..။
တလမ်းလုံး ပြောပြီးရယ်လာတာတော့ အသေအချာပေါ့...။

နောက်နေ့ကျတော့ မိုးကြီးကျွန်တော်တို့ ထိုင်တဲ့ လ္ဘက်ရည်ဆိုင်ကို ရောက်လာတယ်..။
အမှန်အတိုင်းပြောရရင် သူစိတ်မဆိုးဘူး မင်းတို့ ငါ့ကိုကျပ်သွားတဲ့ကောင်တွေလို့ပဲပြောတယ် ...။
အဲဒီနေ့က စပြီးမိုးကြီးက ကျွန်တော်တို့ အဖွဲ့ဝင်ဖြစ်လာသလို ကျွန်တော့်ရဲ့ တသက်စာ အကောင်းဆုံးသူငယ်ချင်း
ဖြစ်လာတော့တယ်။သူ မျက်ရည်များရဲ့နောက်ကွယ် သီချင်းကို မေ့မှာမဟုတ်ဘူးလို့ ကျွန်တော်ကို
ကြုံရင်ပြောတတ်တယ်..။ဒါကမိုးကြီးနဲ့ ကျွန်တော်တွေ့ခဲ့ပုံလေးပါပဲ..။

မိုးကြီးရဲ့ ထူးခြားချက်က သူငယ်ချင်းတွေ အပေါ်သီးခံတတ်တယ်..။အားလုံသာညီမယ်ဆို အကုန်လုပ်မယ်ဆိုတဲ့
သူမျိုးပေါ့..။အပေါင်းအသင်းစိတ် တကယ်ရှိတယ်..အနစ်နာခံဘို့လည်း ၀န်မလေးတဲ့သူပါ...။
မိုးကြီးနဲ့ပါတ်သတ်လို့ ဘယ်တော့မှ မမေ့နိင်တာက သူဘော်လုံးကန်ခဲ့စဉ်က အဖြစ်လေးပါပဲ...။

သန်လျင်မြို့မှာ ရပ်ကွက်ပေါင်းစုံ ဘော်လုံးပြိုင်ပွဲ လုပ်တော့ မိုးကြီးက သူ့ရပ်ကွက်မှာ ၀င်ရွေးတာ အရွေးခံရတယ်..။သူကဘောလုံးကန်တာ ကျွမ်းကျင်လို့တော့ မဟုတ်ဘူး သူဝင်ရွေးတာက ဂိုးသမားနေရာ ဆိုတော့ လာအရွေးခံတဲ့သူ နှစ်ယောက်ပဲ ရှိတာနဲ့ ဒီကောင်လည်း တန်းပြီးအရွေးခံရတာပါပဲ..။

နောက်နေ့တွေက စပြီးမိုးကြီးလည်း လေ့ကျင့်ခန်းတွေ ဆင်းတော့တယ်...။
တိုက်စစ်မှူးခြေထောက်ထဲက ၀င်လုတာတွေ ဒိုင်ဗင် ပစ်ပြီးဖမ်းတာတွေ ပင်နာတီဘောဖမ်းတာတွေကို
ပြင်းပြင်းထန်ထန် လေ့ကျင့်နေတာ ကျွန်တော်တို့က သွားအားပေးရတယ်..။
စိတ်ထဲမှာလဲ မိုးကြီးက ဒီလိုဆိုတော့လည်း တယ်ဟုတ်ပါလားပေါ့ အထင်တွေကြီးနေမိတယ်.။

အဲဒီလိုနဲ့ ဘော်လုံးပြိုင်ပွဲတွေ စတဲ့နေ့ကို ရောက်လာတယ်..။မိုးကြီးနေတာက မြို့မတောင်ရပ်ကွက် ပေါ့
သန်လျင်မြို့ရဲ့ မြို့လယ်မှာ မြို့မ ဈေးကြီးဆိုတာ ရှိတယ်...။အဲဒီဈေးကြီးရှိတဲ့ရပ်ကွက်က မြို့မမြောက်ရပ်ကွက်
အပိုင်ဖြစ်ပြီး ဘေးချင်းကပ် ရပ်ကွက်ကို မြို့မတောင် ရပ်ကွက်ဆိုပြီး တောင်နဲ့မြောက် ခွဲထားတယ်..။

ဘော်လုံးပြိုင်ပွဲတွေ စတော့ မိုးကြီးတို့နေတဲ့ ရပ်ကွက်နဲ့ ကန်ရမှာက ဗိုလ်ချုပ် ရပ်ကွက်...။ဟိုး အရင်တုန်းကတော့
ဗိုလ်ချုပ်ရွာလို့ ခေါ်ကြတယ်...တရွာလုံး ထူးခြားချက်က စကားမပီတာပဲ စကားလုံးတိုင်းမပီတာတော့ မဟုတ်ဘူး
သူတို့က “သ” နဲ့ “တ” ကို ပီအောင်မပြောတတ်တာလေ..။

ကျောင်းမှာဆို ဗိုလ်ချုပ်ရပ်ကွက်က သူငယ်ချင်းတွေကို ကျွန်တော်တို့က မင်းတို့အိမ်မှာ ၀က်တားနဲ့ဘူးတီး
ချက်တယ် မဟုတ်လားလို့ စလေ့ရှိတယ်..။အမှန်က ၀က်သားနဲ့ဘူးသီးကို ကျွန်တော်တို့က “တ” အသံထွက်ပြီး
စကြတာလေ...။ “သ” နဲ့ “တ” ကို တရွာလုံး ဘယ်လိုပြောပြော စကားမပီဘူး..။

စကားသာ မပီတာ ဘော်လုံးကန် ကောင်းတဲ့ ရပ်ကွက်ပေါ့...။ ဘော်လုံးပွဲလည်း စရော ဗိုလ်ချုပ်ဘက်က တိုက်စစ်ဆင် ကစားတယ်..။မိုးကြီးတို့ဘက်က အလူးအလဲ ခံနေရတယ်..။ လေ့ကျင့်ခန်းမှာ စွမ်းစွမ်းတမာန် လေ့ကျင့်ထားတာတွေလည်း မတတ်နိင်ဘဲ ပထမပိုင်း ပြီးတော့ မိုးကြီးစောင့်တဲ့
ဂိုးပေါက်ထဲကို ၅ ဂိုး ၀င်သွားပြီးပြီ...။

မိုးကြီးကို လာအားပေးတဲ့ ကျွန်တော်တို့လည်း တင်းကုန်းကြရော..။ ဒီပွဲပြီးရင် ကျွန်တော်တို့ သူငယ်ချင်းတွေ စုပြီးလုပ်မယ့် မွေးနေ့ပွဲကလည်း ရှိတော့ အမှန်ဆို သောက်ရင်းစားရင်းနဲ့ အောင်ပွဲခံချင်ကြတာလေ..။အခုတော့ပွဲ
တောင်မပြီးသေးဘူး ရုပ်ပျက်ဆင်းပျက်နဲ့ ၅ ဂိုး အသွင်းခံထားရတော့ အားလုံးစိတ်ထဲမှာ ဒေါသထွက်နေမိကြတယ်။

ပထမပိုင်းပြီးလို့ ပွဲခဏနားတော့ ကျွန်တော်တို့တွေ ပွဲကြည့်စင်ပေါ်က ဆင်းပြီး ကစားသမားတွေ နားနေတဲ့
သံဇကာ အစပ်နား အထိသွားကြတယ်.။ပြီးတော့ မိုးကြီးကို ခပ်လှမ်းလှမ်း ခေါ်ပြီး အားလုံးဆူဆဲ ကြတယ်..။
တယောက်တပေါက်နဲ့ အသုံးမကျကြောင်း ၀ိုင်းပြောတော့ မိုးကြီးက ...

“ ခွီးပဲ ဂိုးပေါက်က အကျယ်ကြီးကွ ဂိုးအရှေ့မှာရပ်တာ ငါတောင်သေးသေးလေး
ဖြစ်သွားတယ်ကွ မင်းတို့တဂိုးလောက်ပဲ လာဖမ်းကြည့်အုံး ဟိုကောင်တွေ ကန်တာကလည်း လေ့ကျင့်ခန်းဆင်း
သလို ဖြေးဖြေးကန်တာ မဟုတ်ဘူး အားနဲ့ကန်တာကွ ဒီကြားထဲ မင်းတို့အော်သံတွေပါ ကြားနေရတာ ငါ့မှာ
ပြာယာခတ်နေတာပဲ ပွဲကလည်း ပြီးကို မပြီးနိင်ဘူးကွ ” ဆိုပြီး ပြန်ဘုတောတယ်..။

အဲဒါနဲ့ ကျွန်တော်တို့က “ဒီတခါ ဂိုးရင် ဂိုးပလေ့စေကွာ ဟိုဘက်ကကောင် တကောင်ကောင်လောက်တော့
ရအောင်ချကွာဒါဆို ရှုံးရလည်းတန်တယ်” ဆိုပြီးအားလုံးက မြှောက်ပေးတော့
မိုးကြီးက “အေး..ချမယ်ကွာ ငါ့ကိုသောက်ရှက်ကွဲအောင် ဒီလောက်သွင်းနေတာ ငါလည်းတင်းနေပြီ” တဲ့
ပြန်ပြောတယ်..။

အဲဒီလိုနဲ့ ဒုတိယပိုင်း ပြန်စတယ်...။
ကျန်တဲ့ကစားသမားတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ ကွင်းထဲဝင်ကြလည်း မသိပေမယ့် မိုးကြီးကတော့
လူချမယ်ဆိုတဲ့ စိတ်နဲ့ ကြိတ်တွေးပြီး ၀င်သွားတာပဲ...။ ကျွန်တော်တို့လည်း ပွဲကြည့်စင်ပေါ်မတက်တော့ဘဲ
မိုးကြီး နဲ့ အနီးဆုံး ရှိမယ့် သံဇကာ နားကနေပဲ ကြည့်နေတော့တယ်..။

လူချမယ်ဆိုမှပဲ ဟိုဘက်လည်းတော်တော်နဲ့ မဖောက်လာဘူး သူတို့လည်း ငါးဂိုးသွင်းထားတော့ သိပ်ဖိဖိစီးစီ
မကစားတော့ တဲ့သဘောလားတော့ မသိဘူး....။ကျွန်တော်တို့ကတော့ မိုးကြီးဘယ်လိုချမလဲ ပဲ
စောင့်ကြည့်နေကြတော့တယ်..။ စောင့်ကြည့်နေရင်းနဲ့ ချခွင့်မကြုံဘဲ တဂိုးထပ်သွင်းခံလိုက်ရသေးတယ်...။

ဒုတိယပိုင်း ပွဲတ၀က်လောက်လဲ ရောက်ရော မိုးကြီးအတွက် အခွင့်အရေး ကောင်းတခုရလာတယ်...။ဟိုဘက် တိုက်စစ်မှူးက ဘော်လုံးကို လွတ်လွတ်ကျွတ်ကျွတ် တယောက်ထဲ ဆွဲပြေးလာတယ်..။ ကျွန်တော်တို့ တဖွဲ့လုံးက မိုးကြီး ချ ချ လို့ ၀ိုင်းအော်ကြတယ်..။ မိုးကြီးက ဘောလုံးကို မကြည့်ဘဲ လူကိုဘယ်လိုချရမလဲ ဆိုပြီး သေသေချာချာ ကြည့်နေတော့တယ်..။

အဲဒီမှာ ဟိုဘက်ကတိုက်စစ်မှူးက ကံကောင်းချင်လို့လားတော့ မသိဘူး သူထုတ်လိုက်တဲ့ ဘောလုံးက အစရှည်ပြီး ဂိုးသမားနားကို ရောက်လာတယ်...။သူကတော့ ဘော်လုံးအနောက်က ပြေးလိုက်လာတာပေါ့..။
ပုံမှန်ဆို ဂိုးသမားက အရင်ရောက်လာတဲ့ ဘော်လုံးကို ဖမ်းပြီး အရှေ့ကို ကန်ထုတ်ရမှာလေ...။

မိုးကြီးကလည်း သူ့အနားရောက်လာတဲ့ ဘော်လုံးကိုတော့ ကောက်ဖမ်းလိုက်တယ်...။
ဟိုဘက်ကတိုက်စစ်မှူးအတွက် ကံဆိုးချင်တော့ မသိဘူး ဘော်လုံးဖမ်းမိနေတာတောင် ကျွန်တော်တို့က
မိုးကြီးကို ချချလို့ ထပ်အော်နေတယ်..။ အဲဒီမှာ မိုးကြီးလဲ ပိုက်ထားတဲ့ ဘော်လုံးကို ပစ်ချပြီး ဟိုဘက်တိုက်စစ်မှူးကို ပြေးပြီး ကန်ပစ်လိုက်ရော ...အဲဒါတွေ အားလုံးက တခဏ အတွင်းဖြစ်သွားတာတွေပါ..။

တကွင်းလုံးလည်း စက္ကန့်အနည်းငယ် တိတ်ဆိတ်သွားသလို ဒိုင်လူကြီးလည်း ခဏကြောင်သွားတယ်..။
နောက်တော့ တကွင်းလုံးဆူညံသွားတယ်..ဒိုင်လူကြီးလည်း ၀ီစီမှုတ်ပြီး ပြေးလာတယ်...။
မိုးကြီးတို့ဘက်က အားပေးတဲ့ ရပ်ကွက်က လူတွေလည်း အရှုံးကြီး ရှုံးနေပေမယ့် အခုမှပဲ အားရ၀မ်းသာ
ထအော်ကြတော့တယ်..။ဟိုဘက်ရပ်ကွက်က လူတွေလည်း မကျေမနပ်နဲ့ ဆဲဆိုကြတာပေါ့....။

ဒိုင်က အမှန်ဆို အနီကတ်ပြရမှာ ဖြစ်ပေမယ့် ရုပ်ပျက်ဆင်းပျက် ရှုံးနေလို့လားတော့မသိဘူး မိုးကြီးကို အ၀ါကတ်နဲ့ တဘက်အသင်းကို ပင်နာတီကန် ခွင့်ပေးတယ်..။အဲဒီပင်နာတီလည်း ဂိုးတာပါပဲ...။
ဒါပေမယ့် ကျွန်တော်တို့ ကျေနပ်သွားတယ်...။ဘာပဲဖြစ်ဖြစ် ညဘက်မွေးနေ့ပွဲမှာ အောင်ပွဲခံလို့ ရပြီလေ.....။

...........................................................................................................................................................

ပွဲပြီးတော့ ၈-၀ နဲ့ ရှုံးပေမယ့် ကျွန်တော်တို့ဘက်လည်း တန်တယ်လို့ သတ်မှတ်လို့ ရပါတယ်....။
ဘာကြောင့်ဆိုတော့ ကျွန်တော်တို့ဘက်ကလည်း Free Kick တခါရလိုက်တယ်လေ...။
ဒီကောင် တဖက်တိုက်စစ်မှူးကို အလွတ် ပြေးကန်တဲ့ပုံတော့ မျက်လုံးထဲ ကမထွက်နိင်တော့ဘူး...။
ဒါကြောင့် ပြောပါတယ်..မိုးကြီးဆိုတာ သူငယ်ချင်းတွေ ညီရင် ဘာမဆိုလုပ်မယ့်ကောင်လို့ ...။

နောက်ပိုင်းတော့ မိုးကြီးလည်း သူ့ကိုယ်သူ မယုံတာလား ကျွန်တော်တို့ကို စိတ်မချတာလားတော့ မသိဘူး
ဘော်လုံးပြိုင်ပွဲ တွေမှာ ၀င်အရွေးမခံတော့ဘူး...။


32 comments:

အားကြီးချစ်လေး said...

ွကိုအင်း...
အားကြီးချစ် ပထမဆုံးလာမန့် သွားတယ်...။.
အားကြီးချစ်လေး

အားကြီးချစ်လေး said...

ဒီမိုးကြီးကတော့ ပိုင်ပါ့...ဗျာ.။
မောင်ပိုင့် ဘော်ဘော်လို့ မပြောရဘူး..
အပိုင်ကန်ပြစ်လိုက်တယ် ...တော်သေးတာပေါ့ သူ့ကို
ရှေ့တန်းတိုက်စစ်မှူး နေ၇ာမထားလို့ ...
8-0 ရှုံးနေတာဆိုတော့ သူကိုတိုင်ဝင်ကန်ရတာဆိုရင်
တဖက်အသင်းတော့ အားလုံးနီးပါး
ဆေးရုံေ၇ာက်လောက်တယ်... ကျောင်းသားဘ၀ကို
တကယ်ပြန်လွမ်းမိတယ်....။
လေးစားမြတ်နိုးစွာဖြင့်..........
အားကြီးချစ်လေး

Anonymous said...

သူငယ်ချင်းတွေ အကြောင်းရေးထားတာ ဖတ်ရတဲ့သူကိုပါ တခါထဲရင်းနှီးစိတ် ၀င်အောင် ရေးတတ်တယ်..။သူငယ်ချင်းတွေကိုတော်တော်ခင်ရှာတဲ့
ကိုမိုးကြီးပဲဗျ
နောက်ထပ်သူငယ်ချင်းတွေ အကြောင်းလဲ မျှော်နေပါ့မယ်

ကိုလူထွေး said...

အမှန်တော့ ကိုမိုးကြီးက စိတ်မဆိုးတတ်တဲ့ ဘော်ဒါစိတ်ရှိတဲ့သူပါ...

သူငယ်ချင်းတွေ ဝိုင်းကျပ်ပေးလိုက်ပုံကလဲ ကံကောင်းလို့ အချုပ်ခန်း မရောက်တယ်...

တချိန်က အောင်ကျော်ကျော်ကိုတောင် ပြေးမြင်မိသေးတယ်... အခုဟာက အောင်ကျော်ကျော်ထက် ပိုဆိုးမှာပေါ့...

thondrae said...

ဟေ့ ညီလေးမတွေ့ တာကြာပေါ့ ကွာသတိရသကွာ

မင်းအိမ်ဖြူ said...

မြန်မာလက်ရွေးစင်တွေ ကွင်းထဲမှာ လူချတာ ကိုမြစ်ကျိုးအင်း စနက်ပဲဗျ .....
ခုမှ အဖြေပေါ်တယ်.......
နောက်တာပါ
ပျော်ပါစေ

တလနွန် said...

ကိုမိုးကြီးရော ကိုမြစ်ကျိုးတို့ နှင့်ရော ဘောလုံးမကန်
ရဲတော့ပါဘူး။။ :)
ပျော်ရွှင်ပါစေ

ခင်မင်ခြင်းနှင့်
တလနွန်

kiki said...

အံမလေး .. ဒေါင့်ကန်ဘော သာ ဆိုရင် ဘယ်လို နေမယ် .. မစဉ်းစားရဲလောက်အောင်ပါဘဲ

mgnge said...

ဖရီးကစ်ဆိုတာ အဲ့လိုမျိုးကစ်ကိုခေါ်တာ လား
သိပါဘူး...
ဘယ်လိုမျိုးလည်းလို့ ..အခုမှပဲသဘောပေါက်တော့တယ်
ဟီးးးး

Anonymous said...

တကယ်ကို မိုက်တယ် လုပ်သွားတာတွေ
ခဏတာလေး စိတ်ချမ်းသာသွားတဲ့ အတွက်ကျေးဇူးဘဲအကိုရေ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

မေလေး said...

အကိုပိုင်ရေ
မေလေးလာရောက်ဖတ်ရှုပါတယ်နော့..
ဒီလိုပေါ့ပေါ့ပါးပါးလေးတွေေ၇းနေတာဝမ်းသာမိပါတယ်.
ပထမဆုံးမမန့်ဖြစ်ပေမဲ့..အကိုပိုင်ပျော်ပျော်ကြီးဘလောက်နေတာမြင်ချင်တဲ့စေတနာကတော့ပထမရဲ့ရှေ့မှာရှိပါတယ်...ဟီးအဲဒါကိုဘယ်လိုပြောရပါ့......????
ဘာသာပြန်တတ်တော့ဘူးးးးးး
ခင်တဲ့
မေလေး

သီဟသစ် said...

ကိုပိုင်ရေ..

ဘော်ဒါတွေကပဲ စာဖွဲ့ချင်စရာကောင်းတာလား ကိုပိုင်ကပဲ ရေးတတ်တာလားမသိ..ဖတ်လို့ကောင်းပါ့ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

Sein Lyan Tun said...

မိုးကြီး နဲ့ဘောလုံးကန်ကြည့်ချင်တယ်
အင်း
ဘောလုံးပဲကန်ဖြစ်မလား
ဘာလားပဲ
ကိုပိုင်ရော ကျနောတို့ဆုံရင်ကစားကြမလား
း)
ချစ်ခင်လေးစားစွာဖြင့်
ဖိုးစိန်

မိုးစက်အိမ် said...

ဖတ်လို.ကောင်းတယ် ကိုကျိုးကြီးရေ...အား
ပေးနေပါတယ်

ကိုညီမင်း said...

ဟုတ်ပါ့ဗျာ ဖတ်ရတာ ကျောင်းသားဘ၀ကိုတောင် ပြန်သတိရမိတယ်...။သူငယ်ချင်းတွေကလည်း လူစွာတွေ ချည်းပါလား..။

သားကြီး said...

အဲဒီfree kickလေးကိုမျက်လုံးထဲမြင်ယောင်ယင်းပြုံးနေမိကြောင်းပါခင်ဗျာ :)

Anonymous said...

အာ.... ကြောက်စရာပါလားဗျာ ဘောလုံးတောင် ချိန်းကန်မလို့ တော်ပြီဗျာ မကန်တော့ဘူး..။ ဒါနဲ့ဗိုလ်ချုပ်ရွာမှာ ကျနော့်ဘော်ဘော်တယောက် ရှိတယ်ဗျ နာမည်တောင် မေ့နေပြီ မတွေ့တာလဲ အတော်ကြာပြီဗျ။

chitpalone said...

အရမ်းရယ်ရတာပဲ ဘာပြောရမှန်းတောင်မသိတော့ဘူး ပိုင်ချက်။ သင်တန်းကတော့ လူချသင်တန်းတို့ ရေကူးသင်တန်းတို့ ရေငုတ်သင်တန်း သင်တန်းတွေက အမှန်အကန်တွေကြီးပဲ။ အူတောင်နာတယ်။ နှစ်ခါပြန်ဖတ်သွားတယ်ဗျာ။ ကောင်းလွန်းလို့ ပျော်ရွှင်အစဉ်ပြေပါစေ။
ခင်လျှက်
ညီမလေး ပုန်းပုန်း

တေပေ ကွာစိ said...

ဲ့ ကိုကျိုးကြီး
ချစ်သူကိုချစ်တတ်တဲ့ ကိုကျိုးကြီးဘလော့ကို ပထမဆုံးမမန့်လိုက်၇လို့...အီး..
ပထမထက်ကောင်းတဲ့ဆုမရှိဘူးလေ..စိတ်ညစ်ပြန်သွားရသည်.။
နှစ်သိမ့်ဆုပဲ ရလိုက်တယ်ဟုတ်..*****
နောက်တခေါက် ကိုကျိုးအားကြီးချစ်ထက် စောမန့်ရအောင် ရရာ ကြုံရာကားနဲ့ လာမှပဲ..ဟဲဟဲ
ဲ့ ကိုကျိုးကြီး ...မမကိုအားကြီးချစ်လေးလို့ ခေါ်တာလားလို့ စပ်စုသွားတယ်....ရရင်ပြောပြအုံး...
မိုက်ပါ့ဗျာ....လန်ထွက်နေတာပဲ...ကျတော့်အထင်ဘယ်သူမှ ဒီလိုခေါ်တာ ကြားဘူးသေးဘူးဗျ ....အခေါ်အဝေါ်တွေက
လန်းတယ်....လန်းတယ်...ရင်ဘက်ကိုထိရော...
အော်....ရင်ဘက်ထိသွားတယ်.....တော်တော်ချစ်ကြတာပါလား...အားကြမိပါ့..
ပျော်ရွှင်ပါစေ...
တေပေ ကွာစိ

ခမ်းကီး said...

သူငယ်ချင်းကောင်းတွေပဲ... အဟဲ...

thondrae said...

ကိုတို့ ချိန်းထားတာဒီစနေနော် ဘော်လုံးကန်ဖ်ုမဟုတ်သလို သီချင်းဆိုဖိုလဲဟုတ်ဘူးနော် တဖြည်းဖြည်းနဲ့ မင်းတို့ ကို ချိန်းရမှာကြောက်လာပြီ ညီလေးရာအကိုတို့ ချိန်းကြတာ သွေးရိုးသားရိုးတော့ ဟုတ်မှာပါနော် အရပ်ကရို့ေ၇ဒီတပတ်စနေကျနော်မြစ်ကျိုးအင်းနဲ့ ချိန်း ထားပါတယ်ကြိုပြီးအရပ်ကရို့ ကိုအကြောင်းကြားပါရစေ ကျနော့် ညီလေးမြစ်ကျိုးအင်းကသိတဲ့ အတိုင်း မ တတ်လွန်းလို့ လေ

မြစ်ကျိုးအင်း said...

စိတ်ချပါ ကိုသုနြေ္ဒရာ ဘာမှမဖြစ်စေရဘူး...။
တောင်ပေါ်မှာ 21 ဖဲရိုက်ကြမယ်လေ...။
အလိမ်မခံရချင်ရင်တော့ မျက်မှန်ယူခဲ့ဗျို့..။

နွေးနွေးသဲမွန် said...

ဟီဟိ... ပြုံး ၊ရယ်၊ ဖတ်

မသက်ဇင် said...

မြစ်ကျိုးအင်းရေ
လာဖတ်တယ်နော်
ခင်မင်လျက်

ဇော် said...

ဟားဟား။ ကိုကျိုးတို့ကတော့ လုပ်ချလိုက်ပြန်ပြီ။ အဲ့လိုတော့ ညီမကို စိတ်ထဲက ကစ်ချင်မနေနဲ့နော်။ အိမ်မလာလို့ဆိုပြီးတော့လေ။ ကျနော်က အလုပ်ရဲ့ ရှေ့လေးရက်ဆိုရင် အဲ့လိုပဲ အလုပ်က ရှုပ်တယ် ကိုကျိုးရ။ အဲ့ဒါကြောင့် အိမ်လည်မရောက်ဖြစ်ကြောင်းပါနော်။ နောက်ပြီး မင်း ဆိုတာ ကျနော့်သူငယ်ချင်းလေ။ သူရေးပြီးပေးတဲ့ ကဗျာမို့ မင်းရေသော ကဗျာ လို့ မှတ်ချက်ထိုးထားတာပါ ကိုကျိုးရ။ အဟဲ။

မင်းပျို said...

အကိုတို.အဖွဲ.ကို မြင်ဖူးချင်လိုက်တာ..

Taungoo said...

မြန်မာအသင်းမှာ မိုးကြီးဆိုတဲ့လူကို ထည့်ပေးရင်တော့ ပွဲပဲနေမှာ။ ဖတ်လို့ကောင်းတယ် ကိုမြစ်ရေ

မယ့်ကိုး said...

မျက်စိထဲ ပေါ်လာအောင် ရေးတတ်တယ်။ ရယ်ရတယ်။
တကယ်ပဲ စာရေးကောင်းပါတယ်။

မဆုမွန် said...

မိုးကြီးလို သူငယ်ချင်းမျိုးရတာ ကံကောင်းပါ့

ကဗျာဦး said...

လာဖတ်သွားတယ်

အိုက်ခီလောက် said...

ဖရီးကစ် ကိုလာကြည့်တာ ကိုကျိုးရ နောက်ဆိုဆင်ခြင်လို့ ရအောင်လေ
ဦးအောင်အရင်ဆော်ထားမှ တော်ကာကျမယ်
မဟုတ်ရင် မိုးကြီး ခြေစာလား လက်စာလားမသိဖူး
ကိုကျိုးတို့ အဖွဲ့ နဲ့ ဆုံရင်လေ ဆိုင်ကယ်စီးဦးထုတ်တို့ 
ပြီးတော့ ဘောကာ တို့ ဒူးကာတို့ ညှိသဂျီးကာတို့ နောက် လိုရမယ်ရ လေးတွေဆောင်ပြီးလာတွေ့ မယ်

PhyoPhyo said...

ဟီးဟီး ကိုမိုးကြီး ကိုမိုးကြီး၊
ပျော်စရာကြီး သူငယ်ချင်းတွေနဲ့၊
ဘာပဲဖြစ်ဖြစ် နိုင်အောင်တော့ကန်ခဲ့တာပဲ၊ လူကို :D
ဖတ်လို့သိပ်ကောင်း၊ ထပ်ရေးပါဦး၊ ပျော်စရာကောင်းတယ် ဖတ်ရတာ
လေးစားလျှက်

 

Posts Comments

©2006-2010 ·TNB