ထောင်ဝင်းအတွေ့အကြုံများ

22 June 2009

ခေါင်းစဉ်ကိုတော့သေချာ ဖတ်စေချင်တယ်..။ထောင်ဝင်းအတွေ့အကြုံပါ..ထောင်တွင်းအတွေ့အကြုံမဟုတ်ပါဘူး..။
လွန်ခဲ့တဲ့ ၁၉၉၈ နှစ်လောက်က ကျွန်တော်နေရာတခုကို သွားလည်ခဲ့ဖူးတယ်..။အဲဒီနေရာက တောင်ကြီးမြို့
မရောက်ခင် ခေါင်တိုင်ဆိုတဲ့နေရာမှာ တည်ထားတဲ့ တောင်လေးလုံးအကျဉ်းဦးစီးဌာနကိုပါ..။

ကျွန်တော့်ရဲ့ အမလတ် အိမ်ထောင်ကျတော့ သူ့ရဲ့ခင်ပွန်းက အဲဒီအကျဉ်းဦးစီးဌာနက အရာရှိတယောက်ပါ...။
သျှောင်နောက်ဆံထုံးပါဆိုတဲ့ အတိုင်း ကျွန်တော့်အမလည်း သူ့ခင်ပွန်းရှိတဲ့ဆီမှာ လိုက်နေရတယ်...။
အဲဒီလိုနဲ့ ကျွန်တော်အမရှိတဲ့ တောင်လေးလုံးကို သွားလည်ဖြစ်ခဲ့တယ်..။

ရန်ကုန်ကားဂိတ်ကနေ နေ့လည်တနာရီလောက်ထဲက မောင်းလာတဲ့ကားက ရွှေညောင်မြို့မရောက်ခင် ခေါင်တိုင်
ဆိုတဲ့နေရာ ရောက်တော့ မနက် ၆နာရီထိုးနေပြီ...တလမ်းလုံးခါးညောင်းလောက်အောင်စီးလာ ရပေမယ့်
ကျွန်တော်ရောက်ချင်တဲ့နေရာကို မရောက်သေးဘူး..။

လမ်းမတန်းကနေ အတွင်းကို ဆိုက်ကားနဲ့ တော်တော်ကြာကြာသွားမှ တောင်လေးလုံး
အကျဉ်းစခန်းကို ရောက်တော့တယ်..။ရောက်ရောက်ချင်းမောတာနဲ့ ရေသောက်တော့ ကျွန်တော်အံ့သြသွားတယ်...
ရေရဲ့အရသာက ပေါ့ရွှတ်နေတာပဲ..။နှစ်ခွက်ဆင့်သောက်တာတောင် ရေငတ်မပြေသလိုခံစားရတယ်..။

ဝန်ထမ်းတွေနေတဲ့ လိုင်းခန်းတွဲတွေကို ထောင် အုတ်ရိုးဘေးမှာ ဆောက်ထားတယ်...။
အိမ်နဲ့ထောင်အုတ်ရိုးနဲ့ ကြားမှာ ၁၀ ပေလောက်ကျယ်တဲ့ လူသွားလမ်းတခုပဲ ရှိတယ်...။
ခရီးကပန်းလာတာနဲ့ ဘယ်နေရာမှာဘာရှိလဲဆိုတာ နောက်မှလေ့လာတော့မယ်ဆိုပြီး အိပ်လိုက်တော့တယ်..။

၃နာရီလောက်ရောက်တော့ အမကလာနိုးတယ် ဆက်အိပ်ရင် ရေပြောင်းမြေပြောင်းမှာ ဖျားသွားနိင်တယ်လေ..။
ရေချိုးတော့ အိမ်နောက်က တွင်းရေကို ခပ်ချိုးရတာ နေလုံးက ရှိနေသေးပေမယ် ရေချိုးရတာ အေးစက်နေတာပဲ။
အဲဒီနယ်ဘက်က တွင်းရေတွေမှာ ထူးဆန်းတာက ဆပ်ပြာနဲနဲတိုက်လိုက်ပြီး ရေလောင်းရင် ထွက်လာတဲ့ အမြုပ်က
တော်တော်နဲ့ မကုန်နိင်ဘူး...။
ရေထဲမှာ ထုံးဓါတ်များတော့ ရေကရေစေးဖြစ်ပြီး ဆပ်ပြာ်မြုပ်က တော်တော်နဲ့ မပြောင်တော့ဘူးလို့ ဆိုပါတယ်...။

အဲဒီကိုရောက်ပြီး တော်တော်ကြာတဲ့အထိ အဆင်မပြေတာက ရေသောက်ရတာအကျင့်မဖြစ်သေးဘူး..။
ကျွန်တော်တို့ ဘက်ကလို ရေက လေးလေးပင်ပင်မရှိဘူး..သောက်ရတာပေါ့ရွှတ်ရွှတ်နဲ့ဆိုတော့ သောက်လိုက်တိုင်း
ရေငတ်မပြေသလို ခံစားရတာနဲ့ နောက်တော့ မနက်မိုးလင်းရင် ခွက်ကြီးကြီးတခွက်ထဲကို သောက်ရေဖြည့်ပြီး
ဆားနဲနဲခတ်ထားရတယ်..။အဲဒီရေကို သောက်မှပဲ ကိုယ့်မြို့ကရေသောက်ရသလို လေးလေးပင်ပင်ခံစားရပြီး အဆင်ပြေသွားတော့တယ်...။

ညနေစောင်းတော့ ယောက်ဖကတည်ခင်းဧည့်ခံတဲ့ မက်မန်းဝိုင်ကို အမကြော်ပေးတဲ့ ကြက်ကြော်နဲ့မြည်းပြီး
ဇိမ်ကျနေတော့တယ်..။အဲဒီညမှာ ထောင်ဝင်းအတွေ့အကြုံစတော့တာပဲ...။နေရာအပြောင်းအလဲ
အိပ်ရာအပြောင်းအလဲ နဲ့နေ့လည်က အိပ်ထားတဲ့ အရှိန်ကြောင့် အဲဒီညက တော်တော်နဲ့အိပ်မပျော်ဘူး..။

ည၁၂ နာရီထိုးခါနီးမှာ “အားလုံးကောင်းကြရဲ့လားဗျို့” ဆိုတဲ့ကင်းသမားရဲ့အော်သံကြီးထွက်လာတယ်..။
တိတ်ဆိတ်နေတဲ့အချိန်ဖြစ်ပြီးတခါမှမကြုံဖူးတာကြောင့် ကျွန်တော်လန့်သွားတယ်...။
အမတို့ကတော့ အဲဒီအသံကိုရိုးနေပြီနဲ့တူပါရဲ့ အအိပ်မပျက်ဘူး..။ခဏနေတော့ ထောင်ဝင်းထဲကနေ
“ထောင်ကျဆောင် ကောင်းပါတယ်ဗျို့”
“နှစ်ကြီးဆောင်ကောင်းပါတယ်ဗျို့” ဆိုပြီးပြန်ဖြေသံထွက်လာတယ်...။
အမျိုးသမီးထောင်ဘက်ကလည်း “အမျိုးသမီးဆောင် ကောင်းပါတယ်ရှင့်” ဆိုတဲ့ ပြန်ဖြေသံကြားရတယ်..။

သဘောကတော့ ကင်းသမားက အဆောင်မှာ တာဝန်ကျတဲ့သူတွေကို ထောင်မှာ ထွက်ပြေးတဲ့သူရှိမရှိ..
ရန်ဖြစ်တာရှိမရှိ ဆိုပြီးနောက်ဆုံးအခြေအနေကို လှမ်းမေးတာမှာ အဆောင်တွေဘက်ကလည်း ကိုယ်တာဝန်ယူတဲ့ အဆောင်နာမည်တပ်ပြီး အခြေအနေ ထူးခြားမှု မရှိပါဘူးဆိုတာကို ပြန်ဖြေကြတာပါ...။

သူတို့မေးတာဖြေတာတွေကိုတော့ မနက်မှအမကို မေးကြည့်မှ သိတာပါ...ပထမဆုံးကြားကြားချင်းဆိုတော့
အသံက သိပ်မရှင်းဘူးဖြစ်နေသေးတာ..။အဲဒီလို အမေးအဖြေကို တညလုံးလုပ်တာဗျ...အိပ်ပျော်မယ်ကြံလိုက်
အော်သံထွက်လာလိုက်နဲ့ အိပ်မရခဲ့ပါဘူး...။

ဒီကြားထဲ တနာရီထိုးပြီးတိုင်း ပထမ ၁၅ မိနစ်မှာ တုံးတချက် ခေါက်တယ်မိနစ်၃၀ မှာ ၂ချက်ခေါက်တယ်...
၄၅ မိနစ်မှာ ၃ ချက်ခေါက်တယ်...မိနစ်၆၀ ပြည့် ရင်တော့ရောက်တဲ့နာရီ အရေအတွက်အတိုင်း
သံချောင်းခေါက်တယ်..။ ဥပမာ ည ၃နာရီဆို သံချောင်း ၃ ချက်ခေါက်တယ်..။

“အားလုံးကောင်းကြရဲ့လားဗျို့”ဆိုတဲ့အမေးနဲ့ “ကောင်းပါတယ်ဗျို့”ဆိုပြီးပြန်ဖြေတဲ့ အသံတွေကလည်း
တညလုံးမှန်မှန် ထွက်နေတယ်..။ထောင်ထဲကသူတွေတော့ မသိဘူး အပြင်မှာရှိနေတဲ့ ကျွန်တော်တော့
တော်တော်စိတ်ညစ်နေပြီ..ဒီလိုသာဆိုညတိုင်း အိပ်ရေးပျက်ရတော့မယ်ထင်ပြီး ပြန်ချင်စိတ်တောင်ဖြစ်မိတယ်..။

ကျွန်တော့်အမကတော့ နောက်သုံးရက်လောက်ဆို အကျင့်ဖြစ်သွားမှာပါတဲ့အားပေးတယ်...။
သူပြောတာအမှန်ပဲဗျ သုံးလေးရက်လောက်နေတော့ အဲဒီအမေးအဖြေတွေကို ကြားရတာ နားယဉ်လာတယ်..။
နောက်တော့ ကင်းသမားတောင် အားလုံးကောင်းကြရဲ့မေးချိန်တောင်မရောက်ဘူး ကျွန်တော်တော့
အိပ်ပျော်သွားတာမှ ကောင်းမှကောင်းပဲ...။

အဲဒီမှာ ၀န်ထမ်းတွေအတွက် ပေးထားတဲ့ အခွင့်အရေးကိုပြောပြချင်ပါတယ်..။
ဝန်ထမ်းမိသားစုတိုင်းအတွက် လတိုင်းရိက္ခာရတယ် ဆန်ရယ်ဆီရယ်တခြား ပစ္စည်းလေးတွေရယ် ရပြီး
ထောင်ကျရဲဘက်တွေစိုက်ထားတဲ့ စိုက်ခင်းတွေကနေလည်း အသီးအနှံတွေက အမြဲလိုလိုရတယ်..။

ဝန်းထမ်းမိသားစုတွေအတွက်လည်း ဆိုင်ခန်းလေးတွေ ဆောက်ထားပေးတယ်...။
ကျွန်တော့်အမလည်း တခန်းယူထားပြီး ဆိုင်လေးဖွင့်ထားတယ်..ရောင်းတာကတော့ မုန့်ပဲသရေစာ ဆေးလိပ်
အချိုရေ ကော်ဖီမစ် စသည်ဖြင့်ရောင်းတာပါပဲ...ဆိုင်တိုင်းလည်း အဲဒီလိုပဲ ရောင်းကြတယ်...။

စားသုံးသူတွေက ထောင်သားတွေပေါ့....မနက် ၇ နာရီဆို ထောင်ထဲကနေ ရဲဘက်ဝတ်စုံ အပေါ်အောက်
အဖြူရောင် ၀တ်ထားတဲ့ ထောင်သားတွေ တန်းဆီပြီးထွက်လာတယ်...။သူတို့ဘေးမှာတော့ ကိုယ့်အဖွဲ့နဲ့
ကိုယ်တာဝန်ယူရမယ့် ၀န်ထမ်းတွေက ဘေးက လိုက်လာတယ်...။စမြင်ကာစ ရက်တွေတုန်းကတော့ အဖြူရောင်
လူတွေ အတန်းလိုက်ကြီးကို ကြည့်ရတာ စိတ်မကောင်းဖြစ်မိတယ်..။ခြေထောက်မှာလည်း သံခြေကျင်းတွေနဲ့..။

အဲဒါကို ဘုတ်ထွက်တယ်လို့ ခေါ်တယ်...တောင်ယာဘုတ် ဆိုရင် တောင်ယာလုပ်ရမယ့် အဖွဲ့ကိုပြောတာလေ..။
လုပ်ငန်းခွင်ထဲမသွားခင် ထောင်ဝင်းအပြင်ဘက်က ဆိုင်တွေဆီမှာ မနက်စာဝယ်စားကြတယ်...။
တချို့ရဲဘက်(အကျဉ်းသား)တွေက ငွေကို ကိုင်ပြီးစားပေမယ့် တော်တော်များများက ငွေကိုင်ပြီးမစားဘူး..။

အဲဒါကလည်း အထာရှိတယ်...အကျဉ်းသားရဲ့ မိသားစုက လာတွေ့ပြီး ငွေပေးသွားရင် အကျဉ်းသား လက်ထဲကို
ပေးတဲ့ငွေထက် လျော့ပြီးမှရောက်တယ်....။အဲဒီတော့ အကျဉ်းသားတွေကလည်း သူတို့ကို ငွေမပေးခိုင်းတော့ဘဲ
အပြင်က ဈေးဆိုင်တွေကိုပဲ ပေးသွားခိုင်းတယ်...။

အဲဒီတော့ မိသားစုက အပြင်ကဆိုင်တွေဆီမှာ အကျဉ်းသား နံပါတ်ဘယ်လောက် နာမည်ဘယ်သူဆိုပြီး ဆိုင်ရှင်ကို
ငွေအပ်သွားတယ်။မနက်မိုးလင်းရင် အကျဉ်းသားက သူ့မိသားစု အပ်ထားပေးတဲ့ဆိုင်မှာ မုန့်စား ကော်ဖီသောက်ပြီး
ကျသလောက်ငွေကို စာရင်းထဲက နှုတ်သွားရုံပဲ...။အကျဉ်းသားလည်း အဆင်ပြေ ဈေးဆိုင်ပိုင်ရှင်တွေလည်း
သူတို့ဆိုင်ရောင်းရတော့ အဆင်ပြေတယ်လေ...။

မိသားစုက လာတွေ့တာကို အဲဒီဘက်မှာတော့ ဧည့်တွေ့လို့ခေါ်တယ်...။ဈေးဆိုင်ရှင်တွေကတော့ ဧည့်တွေ့ကို
ကာယကံရှင် အကျဉ်းသား မျှော်သလောက်ကို မျှော်တတ်ကြတယ်...။ဧည့်တွေ့တယောက်နဲ့ အဆင်ပြေရင်
အကျဉ်းသား မလွတ်မချင်း အမြဲတမ်း ဖောက်သည်ဖြစ်သွားပြီလေ..။

ဈေးဆိုင်တွေက မနက်ပိုင်းမှာ အကျဉ်းသားရဲဘက်ကို ဈေးရောင်းရပြီး နေ့လည်ဘက်မှာ ဧည့်တွေ့တွေကို
ဈေးရောင်းရတယ်။ ညနေဆိုရင်တော့ အကျဉ်းသားတွေ လုပ်ငန်းခွင်က ပြန်လာကြပြီဆို တခေါက်ထပ်
ရောင်းရသေးတယ်..။

ကျွန်တော့်အမက မနက်ဆို ၄နာရီလောက်ထပြီး ကောက်ညှင်းပေါင်း ပေါင်းတယ်...။
သူ့ဆိုင်မှာတော့ မနက်စာကို ကောက်ညင်းပေါင်းရယ် ရှမ်းခေါက်ဆွဲရယ် ရတယ်..
ကော်ဖီနဲ့လ္ဘက်ရည်ကတော့ ဆိုင်တိုင်း ရတယ်လေ...တချို့ဆိုင်တွေက တို့ဟူးနွေး တို့ဟူးကြော် ငါးထမင်း
စသည်ဖြင့် ရောင်းကြတယ်...။မိသားစုက ငွေလိုက်နိင်တဲ့ အကျဉ်းသားအတွက်ကတော့ ထမင်းကြော်စား
ကော်ဖီမစ်သောက်ပြီး လန်ဒန်ဆေးလိပ်ခဲ နိင်ပေမယ့် မတတ်နိင်တဲ့ အကျဉ်းသားအတွက်တော့ ဖြစ်သလို ဈေးအသက်သာဆုံးစားရတာပါပဲ.။


(ဆက်ရန်)

28 comments:

Anonymous said...

၁ ယူလိုက်ဦးမယ် ကိုကြီးအင်း :D

Anonymous said...

ကိုကြီးအင်း များကြီး ဗဟုသုတရသွားပြီ .. နောက်တစ်ပိုင်း လေး ဆက်ပါဦး .. မျှော်နေမယ် ... ဒါနဲ့ စကားမစပ် ထောင်တွင်း အတွေ့အကြုံလို့ ဖတ်လိုက်မိသေးတယ် .. haha :)
နေဒေးသစ်။

ကောင်းကင်ပြာ said...

အမလဲ မသိသေးတာတွေ စောင့်ဖတ်မယ်နော်၊ ငါ့မောင်ပြောတော့ တောင်ပေါ်နေချင်တယ်ဆို၊ အအေးကြောက်ပလား၊ ဟိ၊ ရေးဆရာ ဆက်ရန် မြန်မြန်

စိတ်စမ်းရေ said...

ဗဟုသုတရပါပေတယ်.....။ဆက်ရန် မျှော်နေမယ်နော်....။

သုဒြေ္န said...

ဗဟုသုတွေ...၇မယ်နော့ .....ဗဟုသုတတွေ..ရမယ်ြ မန်မြန်လာဖတ်ထားနော်...ကိုယ့် လူရေ ...ဗဟုသုတတွေအော်ရောင်းပေးလိုက်တယ် ps....ဖုံးဆက်..အကြောင်းကြားပေးတဲ့ ..အတွက်ကျေးဇူးတင်တယ်ဗျာ....ဒီတခါလဲ...တစ်....မရ ပါ ပြန်တော့ မယ်ဗျိုး

အားကြီးချစ်လေး said...

မောင် ..
မောင်ပြောပြဘူးလို့ ဒီအကြောင်းအရာလေးကို နားထောင်ဘူးပေမဲ့...ဒီပို့စ်လေးက
မောင် ရေးထားတာ ဖတ်လိုက်ရတော့ ပိုပြီးပြည့်စုံသွားတယ်...မောင် ။
မောင်ရေ ဆက်ရန်မျှော်နေပါတယ်.....။
မောင်ချစ်တဲ့
အားကြီးချစ်လေး

မယ့်ကိုး said...

စိတ်ဝင်တစားဖတ်လာပြီးမှ ဆက်ရန်ဆိုတော့လည်း စောင့်ရတော့မှာလေ...

Phyo Maw said...

လုံးဝမတတ်နိုင်သူတွေအတွက်ကောဟင်??

Ree Noe Mann said...

တောင်လေးလုံးနားကိုတော့ ဖြတ်ဖြတ်သွားဖူးတယ် မရောက်ဖူးဘူး
ခုလို ပြောပြတော့လည်း ဗဟုသုတရတာပေါ့ဗျာ
လေ့ကျင့်ရေးတပ်နဲ့ နည်းနည်းပဲကွာတယ်။

ဆက်ရန်မျော်နေတယ် သူငယ်ချင်းရေ
ရီနို

Sein Lyan Tun said...

စိတ်ဝင်တစားဆက်ရန်ကိုမျှော်မိပါတယ်

ချစ်ခင်စွာဖြင့်

ဖိုးစိန်

မသက်ဇင် said...

မြစ်ကျိုးအင်းရေ
ထောင်တွင်းအတွေ့အကြုံတွေပဲဖတ်ဖူးတယ်
အခုမြစ်ကျိုးအင်းရဲ့ခရီးသွားမှတ်တမ်းလေးကိုဖတ်ရတော့
ဗဟုသုတရလိုက်တာ။
ကျေးဇူးတင်ပါတယ်
ခင်မင်လျက်

kiki said...

ထောင်ဝင်စာ လာတွေ့ မယ်နော်
နောက်တခါ သွားရင် လက်တို့ လိုက်ပါ ။
ရှမ်း ငါးထမင်းချဉ်လေး နဲ့  နှစ်ပြန်ကြော် လွမ်း လိုက်တာ ။

kiki said...

ထောင်ဝင်စာ လာတွေ့ မယ်နော်
နောက်တခါ သွားရင် လက်တို့ လိုက်ပါ ။
ရှမ်း ငါးထမင်းချဉ်လေး နဲ့  နှစ်ပြန်ကြော် လွမ်း လိုက်တာ ။

thawzin said...

ဗဟုသုတတွေရပါပြီး,ထောင်ဝင်းစာသွား တွေ့ရင် ဈေးဆိုင်ပဲသွားရင် ရပြီးပေါ့နော်

ကိုလူထွေး said...

အားလုံးကောင်းကြရဲ့လားဗျို့..............

ခင်တဲ့
ကိုလူထွေး

မငုံ said...

တကယ်ဗဟုသုတ ရတယ်။ ဆက်မျှော်နေတယ်နော့။

" အားလုံးကောင်းရဲ့လားဗျို့"

Anonymous said...

I like your posts. Interesting and entertaining. You have talents.

chitpalone said...

ကိုမြစ်ရေ ဆက်ရန်မျှော်နေပါတယ်။ မြန်မြန်သာဆက်ဗျို့။ ဗဟုသုတ တော်တော်စုံတာပဲဗျာ။
ပျော်ရွှင် ပါစေ။
ညီမလေး ပုန်းပုန်း

Anonymous said...

တမျိုးပါလားဗျ မနက်စာမကျွေးဘူးလား..။ မသိလို့မေးတာနော် မင်းထောင်ကျတုန်းက ကျွေးလို့လားလို့ ပြန်မမေးနဲ့ အဟီးဟီး...

တလနွန် said...

ဗဟုသုတပေးတဲ့ ဒီပိုစ့်လေးရဲ့ နောက်ဆက်တွဲကို မျှော်နေပါမယ်ခင်ဗျာ။

ခင်မင်ခြင်းနှင့်
တလနွန်

မျက်မှန်လေး said...

လေး၎လေးကောင်းပါတယ်ဗျို့

မသက်ဇင် said...

မြစ်ကျိုးအင်းရေ
အဆက်တင်ပြီထင်လို့ ထပ်လာဖတ်တယ်
ခင်မင်လျက်

ရေတမာ said...

အားလုံးကောင်းပါသည်ခင်ဗျား

မင်းအိမ်ဖြူ said...

လာဖတ်သွားပါတယ်ဗျာ

mgnge said...

ဗဟုသုတပေါ့ဗျာ...ကောင်းပါတယ်...။ ကိုယ်တိုင်မကြံဖူးပေမယ့်... သိရတာပေါ့..။

Moe Cho Thinn said...

အရင်ကတော့ ထောင်ကြီး တွေ့တိုင်း၊ အချုပ်ကားပြာကြီးထဲက ထောင်သားတွေ တွေ့တိုင်း ကြောက်တယ်။
ကြီးလာတော့ ကိုယ်ချစ်ခင်လေးစားရသူတွေ၊ ကိုယ့်သူငယ်ချင်းတွေ နောက်..ကိုယ့်အဖေပါ ထောင်နဲ့ ပတ်သတ်ရလေတော့ ထောင်ကို မကြောက်တော့ဘူး။ ထောင်အကြောင်းတွေ ဖတ်ရတိုင်း အမြဲတမ်း ဆို့နင့်နင့်ကြီး ဖြစ်နေတတ်တယ်။
စောင့်ဖတ်မှာပါ။

လင်းဒီပ said...

အားလုံးကောင်းကြရဲ့လားဗျို့...။

မိုးခါး said...

ထောင်ဆိုတာနဲ့ ရင်ထဲမှာ မကောင်းတော့ဘူး .. ဟူး .....

 

Posts Comments

©2006-2010 ·TNB