Tom & Jerry ...(1)

08 June 2009

အရင်ထဲက အဖြူလေးနဲ့ တအိမ်ထဲ နေပေမယ့် ညောင်ရမ်းနဲ့က တနေရာစီ နေကြတယ်...။ ညဘက်တွေဆို ညောင်ရမ်းက အိမ်ကိုလာလည်လေ့ရှိတယ်..။အိမ်မှာ အတူတူ စားကြသောက်ကြ စကားပြောကြတယ် တခါတလေ ပိုကာဒေါင်းကြပြီး ညနက်မှ သူကအိမ်ပြန်လေ့ရှိတယ်..။

အခုတော့ ညောင်ရမ်းက ကျွန်တော်တို့ အိမ်ကို ပြောင်းလာတယ်...။ အဲဒီတော့ အခုဆို အိမ်မှာ လူစုံတက်စုံ ဖြစ်သွားပြီ..။ အူကြောင်ကြောင်လုပ်တဲ့ အဖြူလေးရယ် ထူးထူးဆန်းဆန်း ပြောတတ် လုပ်တတ်တဲ့ ညောင်ရမ်းရယ် သူတို့ကို ကြည့်ပြီး ကုန်ကြမ်းရှာတဲ့ မြစ်ကျိုးအင်းရယ် အဲဒီမှာ တွေ့တော့တာပါပဲ...။

ညောင်ရမ်း ကို အဖြူလေးနဲ့ တခန်းအတူတူ ထားလိုက်တဲ့ အခါမှာတော့ ကျွန်တော်တို့ ငယ်ငယ်က ကြည့်ခဲ့တဲ့ (Tom & Jerry) ကြောင်နဲ့ ကြွက် ဇာတ်လမ်းတွဲတွေကို အပြင်မှာ အရှင်လတ်လတ် ကြည့်ခွင့်ရတော့တယ်..။
သူတို့နှစ်ယောက်က မတည့်တာတော့ မဟုတ်ဘူး ......။

အဖြူလေးက အူကြောင်ကြောင်လုပ်တယ် ညောင်ရမ်းက အဖြူလေးကို ပေါက်ကရ ကျပ်ပေးတယ်...။ အဲဒီမှာ ကြောင်နဲ့ကြွက် ဇာတ်လမ်တွဲ အသစ်တွေ ထပ်ထွက်လာတော့တယ်...။ အခုပထမဆုံး ဇာတ်လမ်တွဲ တခုကို ပြောချင်တာပါ..။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်က အဖြူလေးကို ကွန်ပြူတာ ဆင်ပေးဘို့ အားလုံးသဘောတူပြီး သကာလ အဖွဲ့ထဲက သူငယ်ချင်းက သူအလုပ်အားရက်တွေမှာ ပစ္စည်းလေးတွေ တစတစ ၀ယ်ထားပေးပြီ စုထားပေးခဲ့တယ်..။ ပြီးခဲ့တဲ့ တနင်္ဂနွေ မှာတော့ အဖြူလေးအတွက် ကွန်ပြူတာ တပ်ဆင်ပွဲ ပြီးသွားခဲ့တယ်..။ အဖြူလေးကအားလုံးကို KFC က ကြက်ကြော်တပုံးဝယ်ကျွေးပြီး ဖွင့်ပွဲလုပ်တယ်..။ အဖြူလေးအတွက် အားလုံးကလည်း ကွန်ပြူတာအတွက်လိုအပ်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးကြတယ်..။ အဖြူလေးရဲ့ ကွန်ပြူတာ ၀ယ်တဲ့ ရည်ရွယ်ချက်က စာရေးပြီး ဘလော့တင်ဘို့အတွက်ပါ...။ ၀ယ်ပြီးတဲ့နေ့က စပြီး စာရိုက်လေ့ကျင့်တာ အခုထိပါပဲ...ကျန်တဲ့သူတွေနဲ့ စကားတောင်လာမပြောနိင်တဲ့ အထိ လေ့ကျင့်ခန်းတွေ ဆင်းနေတော့တယ်..။

ကြောင်နဲ့ကြွက်ဇာတ်လမ်းက ကွန်ပြူတာ တပ်ဆင်ပြီးတဲ့ ညမှာ ဖြစ်လာခဲ့တယ်...။ အဲဒီညမှာ အဖြူလေးက ကွန်ပြူတာ မပိတ်ရသေးပဲ ပိတ်ထားတယ် ထင်ပြီး အိပ်တော့ သူရဲ့ mouse က မီးရောင်လေးတွေ တချက် တချက် ထထလင်းတယ်..။

အဲဒီမှာ ညောင်ရမ်းက သူ့ဖုန်းကို စောင်နဲ့အုပ်ပြီ ပါဝါကို ပိတ်လိုက်တယ် ပြီးတော့ ဖုန်းပြန်ဖွင့်တော့ nokia တီးလုံး
သံလေးထွက်လာတယ်...။ခဏနေပြန်ပိတ်ပြီး ပြန်ဖွင့်ပြန်ရော အဲဒီတော့ တီးလုံးသံပြန်ထွက်လာပြန်ရော...။ အဲဒီလိုအခါခါ လုပ်တော့ အသံကြားပြီး အဖြူလေး အိပ်နေရာကနေ နိုးလာတယ်..။

သူ့ကွန်ပြူတာကို လှမ်းကြည့်လိုက်တော့ mouse က မီးရောင်လေး တချက်တချက်ထထ လင်းနေတယ်..။ ညောင်ရမ်း လုပ်နေတဲ့ တီးလုံးသံကိုလဲ အဖြူလေးစိတ်ထဲမှာ သူ့ mouse က တီးလုံးသံထွက်နေတယ် ထင်ပြီး ကွန်ပြူတာရဲ့မီးကြိုးကို ပလပ်ကနေ ဆွဲဖြုတ်လိုက်တော့တယ်..။

မနက်မိုးလင်းတော့ အဖြူလေးက ပြောတယ် သူ့mouse ကတစ် ညလုံး မီးလင်းပြီး ထထအော်နေတယ်တဲ့.. ဘာဖြစ်လို့လဲဆိုပြီးမေးတယ်..။ ကျွန်တော်တို့က အသံထွက်တဲ့ mouse ဆိုတာကို မကြားဘူးတာနဲ့ ဟုတ်လို့လားပြန်မေးတော့ အဖြူလေးက တကယ်ကွ ငါပလပ်ဆွဲ ဖြုတ်လိုက်မှ အသံရပ်သွားတာကွ ပလပ်သာ မဖြုတ်ရင် တညလုံးများ အော်နေမလား မသိဘူးတဲ့လေ..။

နောက်မှ ညောင်ရမ်းက သူညက အဖြူလေးကို ကျပ်ပေးလိုက်ပုံလေး ပြောမှပဲ အားလုံးခွက်ထိုးခွက်လန် ရယ်ကြတော့တယ်.။ အဖြူလေးလည်း အကြောင်းစုံကို သိရော ထုံးစံအတိုင်း မျက်နာငယ်လေးနဲ့ ကျွန်တော့်ကို
ကြည့်တယ်။ သူဘာသဘောနဲ့ ကြည့်တာကို ကျွန်တော်ကလဲ သိနေတယ်လေ ဒါနဲ့ သူ့ကိုနှစ်သိမ့်လိုက်ပါတယ် ..
စိတ်ချပါဗျာ အဲဒီအကြောင်း အခုမတင်သေးပါဘူး ကျွန်တော်အားမှ တင်ပေးမယ်လို့ပြောလိုက်တယ်..။

ခုတော့အားတာနဲ့ ကိုယ့်စကားနဲ့ကိုယ်မို့လို့ တင်လိုက်တာပါ..ဟဲဟဲ...။

ပြောလို့တော့ မရဘူး အဖြူလေးပြော သလို တီးလုံးသံထွက်တဲ့ mouse တီထွင်ပြီးသွားပြီလားမသိဘူးလေ...။

အခုတော့ အဖြူလေးကို ဘလော့တခု လုပ်ပေးထားပြီးပါပြီ....
အဖြူလေးလည်း အားကျိုးမာန်တက် စာတွေရိုက်နေပါတယ်..။
သူ့ဘလော့လေးက ဒီမှာ ပါ...။အားပေးလိုက်ကြပါအုံး..။

..................................................................................................................................



24 comments:

နွေးနေခြည် said...

ကို အဖြူလေးကို ရင်းနှီးနေတာ ကြာပါပြီး) ဟဲဟဲ
အားပေးနေမယ်နော်...

နွေးနေခြည် said...

ကိုမြစ်ကျိုးအင်းရေ ... ကိုညောင်ရမ်းကိုလည်း ဘလော့ လုပ်ပါလားလို့... ဒါမှ အွန်လိုင်း ကြောင်နဲ့ကြွက်ကားကြည့်ရမယ်ထင်တယ်း)

Anonymous said...

အဖြူလေးဆီလည်း လည်ပြီးပြီ ကိုမြစ်ကျိုးအင်းဆီလည်း ရောက်ပြီးပြီ ကဲ မပိုင်ဘူးလား ဟဟ

ကွာစေ့လေး said...

ဟိုင်း.......

ကံ..မကောင်းစွာနဲ့.......ရောက်ခဲ့ပါတယ်....

Sein Lyan Tun said...

တကယ်တတ်နိုင်တဲ့ကိုညောင်ရမ်းနော်
အဲလိုသူငယ်ချင်းအကြောင်းရေးတော့သူငယ်ချင်းတွေကို ပိုသတိရသွားတယ်
ကျနော်က ဖဲဝိုင်းဆိုရင် ဝင်မကစားဖူး
ခိုးတာ
မရှုံးဘူး
မြတ်တယ်
အဟီးး သူငယ်ချင်းတွေက သိရက်နဲ့ အခိုးခံတာ
အဲလို ပျော်ဖို့ကောင်းတယ်
ဘယ်နေ့များမှ ပြန်ရပါ့
သတိရသွားပြီး
ချစ်ခင်စွာဖြင့်
ဖိုးစိန်

အကိုရေ.. စီဘုံးမှာ အော်လို့မရဘူး
နက်မကောင်းဘူး.
မနည်းရောက်အောင်လာရတယ်
ကိုပိုင် နေကောင်းပျော်ရွှင်ပါစေဗျာ
ချစ်ခင်စွာဖြင့်

သုဆဒ္နြ said...

ဟေးအသစ်လေးကွာလန်းတယ်ေ၇မချိုးရသေးဘူးအလုပ်ကခုမှရောက်တာ မင်းကြောင့် ခက်တယ်ညီရာ ဘာမှမလုပ်ရသေးဘူး မင်းကိုအရင်လာကြည့် ၇တယ် သံယောဇဉ်ကြောင့် ခက်တယ် အကိုသုဒြေ္န

ကျောပိုးအိတ် said...

သွားလည်ပြီးသွားပြီ အဖြူလေးဆီ
း)

ကဗျာဦး said...

လာလည်သွားပါတယ်
အဖြူလေးဖတ်သွားတယ်

အားကြီးချစ်လေး said...

မောင်...
ဒီကိစ္စဖြစ်တုန်းက အားကြီးချစ်လေး မသိလိုက်ပါလား...တော်တော်ရယ်ရတဲ့ ကိုကြီးဖြူလေး...
ကိုကြီးညောင်ရမ်းကတော့ အိမ်ပြောင်းလာပြီးမှ
ပိုဝလာတယ်လို့ ဖောက်သည်ချလိုက်တယ် နော်...
စိတ်မဆိုးကြေး ....ပုံတူ မထုကြေး....ဟဲဟဲ
အားပေးရင်း မောင်နဲ့ တူတူရယ်ပေးမယ်...
အိပ်ရေးတော့ ၀အောင်အိပ်စေချင်တယ်...
မောင်ချစ်တဲ့....
အားကြီးချစ်လေး

mhyawlintchin.blogspot.com said...

အမယ်လေးကောင်းလိုက်တာ အစ်ကိုညောင်းရမ်းကို blog လုပ်ဖို့တိုက်တွန်းပါ
တယ် ဒါမှနေခြည်ပြောသလို ကြည့်ရမှာ .... :)

သီဟသစ် said...

ကိုပိုင်ရေ..

ကိုအဖြူလေးဆီ သွားအားပေးပြီးပြီ..

ကြောင်နဲ့ကြွက် ဇာတ်လမ်းလေးတွေ ဆက်ပါရန်...

ခင်မင်စွာဖြင့်
ီသီဟသစ်

တလနွန် said...

ကြောင်နဲ့ ကြွက်ဇာတ်လမ်းလေးဆက်မျှော်နေပါ့မယ်။ ကိုညောင်ရမ်း နဲ့  ကိုအဖြူလေး တို့ စနောက်နေ
တာလေးကို ကြည့်ရင်း ကျောင်းတုန်းက သူငယ်ချင်း
တွေကို သတိရလိုက်တာဗျာ။။။။ ကိုမြစ်ကျိုး ဘာပဲရေးရေး
ဖတ်လို့ ကောင်းနေတာပဲ။

ခင်မင်ခြင်းနှင့်
တလနွန်

အိုက်ခီလောက် said...

အင်းတွေ့ ကျလေပြီပေါ့လေ ဟုတ်လား
ကြပ်တဲ့လူကလည်းကြပ်တယ်
ကြပ်တဲ့ညောင်ရမ်းဂွတို လည်းတော်တယ်
သူများကို အဲ့လိုကြပ်တတ်လို့ လေ

သားကြီး said...

အသံထွက်တဲ့မောက်စ်လေးလိုချင်တယ်ဗျာ :)
အဖြူလေးဆီလည်းရောက်သွားပါတယ် ။

မငုံ said...

အဲဒီလို ကြောင်နဲ့ကြွက်ဇာတ်လမ်း ဆက်ရေးပေးဦး။

မြူး said...

ကိုကြီးးးးးးးးးးးးးးးးးး
မြူးလာဖတ်သွားပြိ

chitpalone said...

ကိုမြစ်ကြီးရေးလိုက်တိုင်း သမီးအော်ရယ်လွန်းလို့ အဖေတောင် မျက်စောင်းထိုးနေပီဗျာ။ အခုနောက်တယောက်တိုးလာပြီ ပိုအသက်ရှည်မှာသေချာတယ်။ ပျော်ရွှင်ပါစေ။
ညီမလေး ပုန်းပုန်း

မိုးစက်အိမ် said...

လုပ်ပါအုံးဗျာ အသံမည်တဲ. mouse က
ဘယ်ကထုတ်တာတုန်း microsoft ကလား
apple ကလား :P

ကောင်းကင်ပြာ said...

အဖြူလေးဆီ နောက်တခေါက်သွားမလို့ ပြန်လာဖတ်ပါတယ်

ကိုညီမင်း said...

ကြားလိုက်ရရင် အထူအဆန်းတွေ ချည်းပဲ...
တော်တော်ပျော်ဘို့ ကောင်းမှာပဲဗျာ..အားကျတယ်

ဇော် said...

ကိုကျိုးရေ
ကိုကျိုးညီမ နေမကောင်းလို့ ခုမှ အိမ်လည်ထွက်ဖြစ်တော့တယ်။
ထွက်တော့လဲ ပထမဆုံးရောက်တဲ့အိမ်က သိတဲ့အတိုင်းပဲ ကိုကျိုးအိမ်လေ။ ငှဲငှဲ။ ( ပေးမုန့်ဖိုး။ အဟိ။ )
ကိုအဖြူလေးကိုလဲ သွားအားပေးထားတယ်။ ဒါပေမယ့် အဲ့ နှုတ်ဆက်ခြင်းကနေ တက်ကို မတက်တော့ဘူး။ ပြောပေးဦး။ ဟီး။

မယ့်ကိုး said...

စာအရေးအသားက တည်ငြိမ်ကောင်းမွန်ပြီး ရယ်ရွှင်အောင်လည်း ရေးတတ်လို့  ကျွန်မက လေးစားနေတာပါ။
သူငယ်ချင်းလို့  အခေါ်ခံရတာလည်း ဝမ်းမြောက်မိပါတယ်။
ကျွန်မလည်း လင့်ခထားမယ်နော်။
စာအရေးအသားကောင်းကောင်းကို အမြဲဖတ်မိအောင်လို့...:)

ကိုလူထွေး said...

သွားလည်ခဲ့ပြီ...

းဝ)

မိုးခါး said...

အဖြူလေး မျက်ရည်ကျနေရဦးမယ်နော် .. ဟိုတခါပို့စ်တုန်းကလို .. :D
ဘာမှမမြင်ရတော့ဘူးဆိုပြီးလေ :P

 

Posts Comments

©2006-2010 ·TNB