မှာယွင်းမှုကအဲဒီကစခဲ့တာပဲ...
ကမ္ဘာကြီးကိုထမ်းချင်ခဲ့တာလေ
အဲဒီလိုနဲ့...
အမှောင်ယံကမ္ဘာမှာ
ခြေဗလာနဲ့အတောင်ပံရှာခဲ့တယ်.
ငါနဲ့ငါစီးချင်းထိုး အတ္တတွေပဲကြီးစိုးခဲ့တယ်
ဟစ်တလာကိုသိတယ်
အိုင်းစတိုင်းကိုသိတယ်
ဒါပေမယ့်
မိဘမေတ္တာကိုလဘက်ရည်ဆိုင်နာမည်မှတ်လိုမှတ်
ကိုယ့်ဘာသာကိုဘာကောင်မှန်းမသိခဲ့ဘူး
သီအိုရီအလွတ်ရတဲ့နူတ်ဖျား
ချစ်ခြင်းစကားရှားပါးခဲ့တယ်
ရင်ခွင်ရဲ့ ဘယ်ဘက်အခြမ်း
ပန်းတပွင့်လိုမလန်းခဲ့ဘူး
မိဘမေတ္တာကို
ရင်ခွင်ဟောင်းလောင်းနဲ့စာလုံးမပေါင်းတတ်ခဲ့ဘူး
မိန်းမတယောက်ကိုဘာသာမပြန်တတ်ခဲ့ဘူး
နားထင်ကိုလာဆောင့်တဲ့သွေးတွေအကြောင်းငါမသိခဲ့ဘူး
ကောင်းကင်ကိုမှန်းမျှော်ခဲ့ပေမဲ့
ငါ့လက်နှစ်ဖက်မှာမြေမှုန်တွေ....ခုထိကပ်လျှက်ပါပဲ
ကမ္ဘာကြီးရေ
ခင်များကိုထမ်းဘို့နေနေသာသာ..ကျုပ်ကိုကျုပ်တောင်အနိင်နိင်ဗျာ
အဲဒီလိုနဲ့..
အချိန်တွေပြိုဆင်းလူလဲအိုမင်းခဲ့တယ်
နောက်ဆုံး...
ကမ္ဘာမြေရဲ့ ဒေါင့်အစွယ်မှာ
ငါ့နာမည်လည်းပျောက်ကွယ်ခဲ့တယ်..
ကမ္ဘာကြီးကတော့လည်လျှက်ပါပဲ.................
KuchingTrip
3 weeks ago
3 comments:
ကိုကျိုးကြီးရေ. ကျနော်တော့ခင်ဗျား၇ဲ.ဒီကဗျာလေးကိုအကြိုက်ဆုံးပဲဗျို. အခုထိ ဘနဲ.ဝ နှစ်လုံးကိုသေချာအောင်ပုံဖေါ်နေရတုန်းပေါ့
မှန်လိုက်တာဗျာ...စကားလုံးတွေက ရင်ကို ထိတယ်ဗျို့
အဲဒီလိုနဲ့..
အချိန်တွေပြိုဆင်းလူလဲအိုမင်းခဲ့တယ်
နောက်ဆုံး...
ကမ္ဘာမြေရဲ့ ဒေါင့်အစွယ်မှာ
ငါ့နာမည်လည်းပျောက်ကွယ်ခဲ့တယ်..
ကမ္ဘာကြီးကတော့လည်လျှက်ပါပဲ.................။
တရားရစရာပါပဲ..။
Post a Comment