ရင်ဘတ်ထဲက..ကြယ်စင်

25 February 2009

Blog ဆိုတာကိုယ့်နာမည်ကိုယ်ပေးခွင့်ရှိတဲ့ကြယ်လေး ပါပဲ
တချို့ကြယ်က မှုန်ရီရီ
တချို့ကြယ်က ၀င်းပပ
အလင်းမညီမျှပေမယ့်
နှလုံးသွေးနဲ့..ရေးခဲ့ရသူချည်းပါပဲ
တချို့ကြယ်က
ကိုယ့်အိပ်မက်ကို
လက်ချောင်းကြား..မျက်နာဝှက်
အပျိုလေးရှက်သလို
တိတ်တိတ်လေးပဲ..မက်ချင်ကြတယ်..
တချို့ကြယ်က
ကိုယ့်ဒဏ်ရာကိုယ်ပြန်စမ်း
အတိတ်နေ့ကိုလွမ်းချင်ကြတယ်..
တချို့ကြယ်က
ရယ်မောခြင်းနဲ့နှစ်သိမ့်ချင်တယ်..
တချို့ကြယ်က
မင်းအနာဂါတ်လမ်းအတွက်
တစုံတခုကမ်းလိုက်ချင်တယ်..
တချို့ကြယ်က
အိပ်မက်တွေဖြန့်ခင်း
မင်းနဲ့...
ရင်ဘတ်ချင်းလည်းနီးချင်သေးတယ်..
တချို့ကြယ်က
ဦးနှောက်ကို copy ဆွဲ
နှလုံးသွေးလည်း..နဲတတ်ကြတယ်..
တချို့ကြယ်က
...............
..................
ငါကတော့...
ဒဏ်ရာတွေသီထားသမျှ...ဖြည်ပြချင်ရုံပါပဲ

(၂၅.၂.၂၀၀၉)

12 comments:

Anonymous said...

ကဗျာလေးလာဖတ်သွားတယ် ကဗျာကောင်းလေးကိုခံစား သွားးပါတယ်.

Anonymous said...

၇င်ဘတ်ထဲက.... ကြယ်စင် ဆိုတဲ့ကဗျာလေးက အ၇မ်းကောင်းတယ်..... ဆက်ပြီးေ၇းပါ..... အားပေးလျက်

Anonymous said...

ကဗျာကောင်းလေးပါပဲ..ဘလော့ဂါတွေအတွက်ရည်ရွယ်
တယ်လို့ထင်ပါတယ်.ယုံကြည်သလိုရှေ့ဆက်ပါ.

My Diary said...

နောင်ဘ၀မှာ ကြယ်တောင်ဖြစ်ချင်တယ်

Anonymous said...

ကဗျာလာဖတ်သွားတယ်. Lovely poems.

Anonymous said...

I love all the stars* :)

htar* said...

မြစ်ကျိုးအင်းကတော့ စာရေးကောင်းတဲ့ ကြယ်စင်ပါ။ အချစ်အလွမ်းကဗျာလေးတွေလည်း ဖတ်လို့ကောင်းသလို ကိုယ်တွေ့မှတ်တမ်းလေးတွေကို ဟာသနှောပြီးရေးတာကတော့ ကျွန်တော့်အသည်းစွဲဖြစ်ပါကြောင်း..... :)

Melody said...

pls.. do not write with light color. i cannot read at alll :(

အိပ်မက်ရှင် said...

ဟုတ်ပါ့ အကို အတွေးတူတယ်၊ တင်စားချက်တူတယ်၊ ကြည့်တဲ့ ရှုထောင့်တူတယ်၊ အခုကဗျာလေးကိုလည်း တော်တော် သဘောကျသွားပါတယ်။ ကျွန်တော် ဘလောက်မှာ အခု တင်ထားတဲ့ပိုစ့်လေးကတော့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်နေ့ ဒိတ်နဲ့ ပျက်သွားတဲ့ ဘလောက်အဟောင်းမှာ တင်ထားဖူးတဲ့ ပိုစ့်လေးပါ၊ အခုလင့်အသစ်ကို ပြန်ဆောက်ဖြစ်တော့ ပြန်ယူလာတာ အကိုမြစ်...။

ခင်မင်လေးစားစွာဖြင့်

စံပယ်ချို said...

အရမ်းကိုခံစားလို့ရတဲ့ကဗျာလေးပါ...ဒီနေ့ဖတ်ခဲ့သမျှထဲ
မှာ...ရင်ဘတ်ထဲက..ကြယ်စင်ကို
ရင်ဘတ်နဲ့ပဲ ဖတ်သွားတာပါ။

မြတ်မွန် said...

ရင်ဘတ်ထဲက ကြယ်စင်ကိုလည်း
ဂရုစိုက်ပါအုံးနော်..။

Anonymous said...

တချို့ ကြယ်က Blog ဆိုတာကို ခုတုံးလုပ်ပီး ဖောက်ပြန်ကြတယ်.. ကဗျာကောင်းတယ်...mk

 

Posts Comments

©2006-2010 ·TNB