အနီရောင်နတ်သမီး

02 March 2009

ဒီတနင်္ဂနွေမှာ မြို့ပြနဲ့ဝေးရာ လတ်ဆတ်တဲ့လေညင်းလေးတွေ ရှိတဲ့အနီရောင်နတ်သမီးလေးတွေဆီကို ကျွန်တော်တစ်ရက်တာ ခရီးထွက်ဖြစ်တယ်။စနေညက ညသုံးနာရီကျော်မှအိပ်ဖြစ်ပေမယ့်မနက်ရောက်တော့ alarm မမြည်ခင်မှာပဲနိုးလာခဲ့တယ်။ခရီးမထွက်ဖြစ်တာကြာတော့ တတ်ကြွနေမိတာပါ။

(၇:၄၅)မှာ ကျွန်တော်တို့ (၆)ယောက်အဖွဲ့ စထွက်ခဲ့တယ်။ တလမ်းလုံးနောက်ပြောင် သွားရင် ပျော်ရွှင်ဖွယ် ခရီးစဉ်ကိုစတင်လိုက်တယ်။  တနာရီခွဲလောက် ကားမောင်းပြီးတဲ့အခါ တမြို့လုံးနီးနီး စတော်ဘယ်ရီသီး စိုက်တဲ့ နယ်မြို့ လေးကိုရောက်သွားတယ်။ါဟာကျွန်တော်တို့ခရီးစဉ်ရဲ့ရည်ရွယ်ရာမြို့လေးပါ။  စတော်ဘယ်ရီ အပင်ကိုမမြင်ဘူးတဲ့ ကျွန်တော်အတွက် တမျှော်တခေါ်ရှိလှတဲ့ စိုက်ခင်းတွေက ချက်ချင်းပဲ ပျော်ရွှင်သွားစေတယ်။



အဲဒီလိုစိုက်ခင်းတွေအများကြီးပါပဲ


ကျွန်တော်တို့လာတဲ့ရည်ရွယ်ချက်ကစတော်ဘယ်ရီသီးကိုကိုယ်တိုင်ကိုယ်ကျ ခူးဘို့ပါ။ ဒီမှာရောင်းတဲ့ပုံစံက စတော်ဘယ်ရီခြံထဲကို ၀င်ကြေးပေးဘို့မလိုပဲ ကိုယ်ခူးသလောက် ကိုယ်ဝယ်ရတာမျိုးပါ။ အကောင်းဆုံးဖြစ်မယ့် စိုက်ခင်းကိုရွေးတယ်။ပြီးတော့ဈေးညိုပြီးစိုက်ခင်းထဲစဆင်းကြပြီ။


အဲဒီလိုအခင်းမျိုးတွေပေါ့

စိုက်ခင်းထဲရောက်ရောက်ချင်း စတော်ဘယ်ရီသီးတွေကို မြင်လိုက်ရတော့ ပေါ့ပါးပျော်ရွှင်သွားရတယ်။ ဆိုင်ရှင်ပေးထားတဲ့ ကတ်ကြေးတကိုင်ကိုင်နဲ့ အကြီးဆုံးအလုံးတွေကို ရွေးညုပ်နေမိတယ်။ ဘော်ဘော်တွေလည်းခေါင်းမဖော်တမ်းခူးနေကြပြီ။ ကြီးသထက်ကြီးတာတွေကို လိုက်ရှာပြီးခူးမိတယ်။ ကိုယ်တိုင်ကိုယ်ကျ ခူးခွင့်ပေးထားတာကိုက ဒီကိုလာရခြင်းရဲ့အဓိကရည်ရွယ်ချက်လည်းဖြစ်ပါတယ်။ စိတ်ရှိတိုင်းသာ ခူးရလျှင် ကုန်တင်ကားနဲ့ သယ်လို့ရလောက်တယ်။ ဒီတလိုင်းမှာခူးနေရင်း နောက်တလိုင်းမှာ ပိုကြီးတဲ့အလုံးတွေ့ရင် ကျော်လွှားပြီးခူးကြပြန်တယ်။ အကြီးဆုံးအလုံးတွေပဲလိုက်ရှာနေမိတယ်။


လက်တ၀ါးစာလောက်ရှိတဲ့စတော်ဘယ်ရီသီး


စတော်ဘယ်ရီသီးခူးတယ်လို့ အလွယ်တကူပြောပေမဲ့ တကယ်က အညှာကကိုင်ပြီးညုပ်ရတာမျိုးပါ။ အသီးကိုလက်နဲ့မကိုင်ရဘဲ ရိုးတံကနေကိုင်ပြီး ညှပ်ရပါတယ်။ ပြီးရင် ပေးထားတဲ့ခြင်းထဲထည့်ရတာပါ။ ဒါမှ အသီးကကြာကြာအထားခံပါတယ်တဲ့။



ဒီလိုညုပ်ရတာမျိုးပေါ့



ရှာလို့ကောင်းတုန်းပါပဲ

နေ့လည်ထမင်းစားချိန်ရောက်တော့ လူတွေလည်းမောစပြုနေပြီ။ မိန်းခလေးတွေနဲ့ဆိုတော့ သူတို့ကို ထုံစံအတိုင်း ဓါတ်ပုံလိုက်ရိုက်ပေးရတော့ပိုညောင်းရတယ်။ သူတို့ယူလာတဲ့လဖက်သုတ်၊ ခေါက်ဆွဲကြော်တို့ နဲ့ နေ့လည်စာကလည်း စားလို့ကောင်းတယ်။ စားပြီးတော့ဆိုင်ရှင်တွေကို သိချင်တာနဲနဲမေးဖြစ်တယ်။  ဒီမှာစိုက်တာက အသီးတွေကိုအညှောင့်ထွက်တဲ့ အထိထားရပါတယ်တဲ့။ ပြီးမှပလပ်စတစ်အုပ်ထားတဲ့ ကုန်းတန်းပေါ်မှာအပေါက်လေးတွေဖောက်ပြီးစိုက်ကြတာပါတဲ့။



ဒီလိုပုံစံမျိုးပေါ့

စိုက်ပြီး၂လခန့်ကြာရင်တော့ ပန်းစပွင့်ပါတယ်။ နောက်ထပ်ရက် ၂၀ ခန့်ကြာလျင်တော့ ခူးလို့ရပြီပေါ့။



အပြိုင်အဆိုင်သီးနေကြတယ်
ထမင်းမစားခင် ဆိုင်ရှင်တိုက်တဲ့ စတော်ဘယ်ရီ ဝိုင်ကို သောက်ကြသေးတယ်။ စားပြီးတော့လည်း  စတော်ဘယ်ရီဖျော်ရည်ကို ထပ်သောက်ကြတာပါပဲ။ ဒီတခါတော့ ဝယ်သောက်တာပါ။ ခူးရတာမဝသေးတော့ ထမင်းစားပြီး နောက်တခေါက်စိုက်ခင်းထဲထပ်ဆင်းပြီးခူးကြပြန်တယ်။ ကျွန်တော်တို့ခူးထားတဲ့ အလေးချိန်လည်း တော်တော်များနေပြီ။ နေ့လည်(၁)နာရီလောက်ရှိတော့ ကျွန်တော်တို့ နောက်ထပ် တနေရာကိုထပ်သွားကြပြန်တယ်။ ဒီတခါသွားတာက စတော်ဘယ်ရီနဲ့ ပါတ်သတ်တာအကုန်ရှိတဲ့ ပြပွဲပန်းခြံဆီကိုပါ။

(ဆက်ရန်)

9 comments:

ကိုညီမင်း said...

အားကျစရာပါပဲ.ကျွန်တော်လည်းခူးချင်သွားပြီ
နောက်တခေါက်တော့ခေါ်ဗျာ.

thetpaingthu said...

အလွန်ကောင်းတဲ့ ပို့စ်လေးပါ။ စတော်ဘယ်ရီသီးတွေအကြောင်းပိုသိရပါတယ်

မီးမီးငယ် ရဲ့  ထည်ဝါချို said...

အား............

စားချင်လိုက်တာ
အဟင့်

စားလဲစားချင်တယ် ခူးလဲခူးချင်တယ်
း)

စတော်ဘယ်ရီပင်အောက်မှာရော ချစ်သူနဲ့ အဆင်ပြေရဲ့ လား

အဟီး..............

အရမ်းကောင်းတယ်
ဒီပို့ စ်လေးက

ဆက်ရန်မျှော်နေပါကြောင်း

မြစ်ကျိုးအင်း said...

ဟုတ်တယ်မမီးငယ်ရေ စတော်ဘယ်ရီ ပင်အောက်မှာ
လေညင်းခံရင်းအေးအေးလူလူစကားပြောမလား
စဉ်းစားထားတာဗျ.အပင်တွေ့မှပဲတက်မနင်းမိအောင်
မနည်းရှောင်နေရတော့တယ်ဟဲဟဲ.

ဝလုံးဝိုင်းဝိုင်း said...

အရမ်းလှတဲ့ စတော်ဘယ်ရီ ရှုခင်းတွေ ကြည့်ခွင့် ရတာ ကျေးဇူးပဲဗျိုး။ စိတ်ကြည်နူးမိတယ်။ အသီးတွေကလဲ စားချင်စဖွယ်ပါပဲ။ အပြင်မှာ မြင်ဖူးလိုလှတယ်။

စိတ်စမ်းရေ said...

အရမ်းသဘောကျစရာကောင်းတဲ့ အပင်လေးတွေပါ....။
စားလဲစားချင်တယ်...။ဟိ ဟိ.........။

flower.poem said...

အရမ်းလှတဲ့ရှူခင်းတွေပဲ စားလည်းစားချင်တယ် ခူးလည်းခူးချင်တယ် အဲဒါဘယ်မှာလည်းမသိဘူး... ကိုမြစ်ကျိုးအင်း. . .

My Diary said...

စတော်ဘယ်ရီပင်ပေါ်တက်ကတုန်းက
စတော်ဘယ်ရီကိုင်းကျိုးကျလို့ ခြေထောက်နာသွားတာ
စတော်ဘယ်ရီပင်ကိုစိတ်နာနေတာ ။
ခုတော့လည်း အာဂါတ တရားတွေ ပျောက်ပါပီ။
လာခူးပေးရင် နေ့တွက် ဘယ်လောက်ရမှာလည်းဟင်

Phyo Maw said...

စားချင်ပါ့ စတော်ဘယ်ရီ။
ခုတော့ ပုံတွေပဲကြည့်လိုက်ရတယ်။

 

Posts Comments

©2006-2010 ·TNB