မြစ်ကျိုးအင်း

22 February 2009

ချစ်သူရေ
ငါတို့တတွေလောကဓံမြစ်မှာ
ချစ်ခြင်းတွေနဲ့
အစုန်အဆန်ခရီးကို
အတူတူစီးခဲ့ကြပြီး
ဒီအရပ်ရောက်မှ
ဘာအတွက်များ
ဖြတ်ကျန်ခဲ့စေသလဲ
နင်ချန်ခဲ့သလို..ငါကျန်ခဲ့ပြီးမှ
နင့်မြစ်ပြင်ကိုဖြတ်နမ်း
ဆော့ရမ်းလာတဲ့လေညင်း
ငါပွေ့ဖက်ကာလွမ်းနေမိတယ်
ငါတို့အချစ်က
ရေငွေ့အဖြစ်နဲ့
ပေါင်းစပ်ဘို့မှမဟုတ်ခဲ့တာ
ငါတို့ကြားကဒီမြေသားကို
ဘယ်အင်အားနဲ့တိုက်ဖြိုရမလဲ
ငါရှိုက်ငိုရင်းတွေးတယ်
ဒီအသက်ကုန်ချိန်ထိ
ငါတို့......
ပြန်ဆုံကြပါ့မလား.......!

7 comments:

Thadar (မသဒ္ဓါ ) said...

comments ရေးလို့ ရပါပြီ

Anonymous said...

ဟုတ်ကဲ့

ခမ်းကီး said...

မြစ်ကျိုးကို ဒီနေ့မှတွေ့မိတယ်။

htar* said...

ငါရှိုက်ငိုရင်းတွေးတယ်
ဒီအသက်ကုန်ချိန်ထိ
ငါတို့......
ပြန်ဆုံကြပါ့မလား.......! so touching :|

မြတ်မွန် said...

အသက်ရှင်နေသေးသမျှ ပြန်ဆုံနိုင်မှာပါ..အားမငယ်ပါနဲ့..

မြတ်မွန် said...

နင့်မြစ်ပြင်ကိုဖြတ်နမ်း
ဆော့ရမ်းလာတဲ့လေညင်း
ငါပွေ့ဖက်ကာလွမ်းနေမိတယ်။
ဝိုးးးးးးး
မိုက်တယ်..

ငယ်လေး said...

ကျွန်မသိတဲ့ အချစ်ကတော့ ပျော်ရွှင်ခြင်းထက် နာကျင်မှုတွေ ကိုအများဆုံးပေးခဲ့ပါတယ်.. အသွားရှိရင်အပြန်ရှိတယ် ဆိုတဲ့စကားကိုလည်း သံသယ၀င်မိသွားတယ်..

 

Posts Comments

©2006-2010 ·TNB