ချစ်သူ့ကမ်းခြေ

02 February 2009

ငါ့နှလုံးသားရဲ့ 
ပျောက်ဆုံးသွားတဲ့ကမ်းခြေလေးရေ...
စီးမျောခွင့်မရှိတဲ့ရင်ခုန်သံဟာ
ရေခဲမြစ်တစင်းလို
အေးခဲမှုသာဖြစ်တည်ခဲ့တယ်။
ငါ့ကောင်းကင်ဝယ်...ကြယ်မရှိဘူး၊
ငါ့ကမ်းထက်မှာ..ပန်းမရှိဘူး၊
အလွမ်းသက်သက်သာ
အေးစက်စက်နဲ့ရက်စက်ဆဲပေါ့။
နေ့မရှိတဲ့ဘ၀မှာ
ညတွေပျောက်ဆုံးနေတာ
အံ့သြစရာတော့မဟုတ်ခဲ့ပါဘူး။
ဖြစ်နိင်မယ်ဆို
ဟိုအရင်ကလို
ပန်းရနံ့တွေမွှေးမြတဲ့
ကြယ်စုံညတွေ
ပြန်ရချင်တယ်...
ခုတော့...ငါမောလှပါပြီ
အလွမ်းညကို..အဆုံးသတ်
မင်းရင်ခွင်ကမ်းခြေထက်မှာ
ရင်ခုန်သံတွေဆိုက်ကပ်
ငါမှေးစက်ချင်တယ်
ငါ့ရဲ့ ကမ်းစပ်...ဘယ်မှာလဲ.....
(လွန်ခဲ့သော ၅ နှစ်လောက်ကရေးထားတဲ့ကဗျာလေးပါ)

2 comments:

Anonymous said...

မောင်ဖုန်းမြင့်ရဲ့ ချစ်သူ့ ကမ်းခြေမှာတွေ့လို့
ဒီကမ်းခြေ ကို လာကြည့်တာပါ
ကဗျာလေး တွေ အရမ်း လှတယ်

Link ယူသွား လိုက်ပြိ နော်

ခင်မင်စွာဖြင့်

မမသီရိ

မြတ်မွန် said...

ခုတော့...ငါမောလှပါပြီ
အလွမ်းညကို..အဆုံးသတ်
မင်းရင်ခွင်ကမ်းခြေထက်မှာ
ရင်ခုန်သံတွေဆိုက်ကပ်
ငါမှေးစက်ချင်တယ်
ငါ့ရဲ့ ကမ်းစပ်...ဘယ်မှာလဲ.....။

ဝါးးးပျောက်ဆုံးနေတဲ့ ကမ်းစပ်လေး
အမြန်ဆုံးတွေ့ပါစေ..။

 

Posts Comments

©2006-2010 ·TNB