နေ၀င်ခဲ့သောဘ၀များ

01 May 2009

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အဖြစ်ဆိုးခဲ့ရတဲ့နေ့ တသက်လုံးစာ အိမ်မက်ဆိုးတွေ ပေးခဲ့တဲ့နေ့က
နှစ်ပါတ်လည်ပြန်ရောက်လာခဲ့ပြီ..ဒီလိုနေ့ရက်တွေမှာ ကျန်ရစ်ခဲ့ရတဲ့သူတွေရဲ့ စိတ်နှလုံးတွေ
ဘယ်လောက်တောင်နာကျင်နေကြမလဲ.သတိရတမ်းတ စိတ်တွေနဲ့ ငိုကြွေးနေကြရမယ် ပူလောင်နေကြရမှပဲ...

နာဂစ်မုန်တိုင်း ၀င်မွှေတဲ့အဖြစ်ကို သတိရမိတိုင်း ယူကြုံးမရဖြစ်မိတယ်။
ဒါဟာ ငလျင်လှုပ်ခဲ့တာမဟုတ်ဘူး..မုန်တိုင်းတခု ဖြစ်ပေါ်ဘို့ အတွက် အချိန်ယူရတယ် အရှိန်ယူရမယ်..။
တိတ်တဆိတ်ရောက်လာတာ မဟုတ်ဘူး ..၀င်လာတဲ့လမ်းကြောင်းက ထင်ထင်ရှားရှား ရှိတယ်..
ဒီလောက်ရုပ်ပျက်ဆင်းပျက် မဖြစ်ခဲ့သင့်ပါဘူး။

ဘယ်မှာလဲငါတို့ လူမျိုးတွေအတွက် လုံခြုံမှု ဘေးကင်းတဲ့နေရာ ..ဘယ်မှာလဲ ကာကွယ်တာဆီးပေးမှု
ကျွန်တော်ပြန်တွေးတိုင်း စိတ်ထဲမှာ နာကျင်နေရတုန်းပါပဲ။တုတ်နဲ့ဝိုင်းရိုက်တာမျိုး ထက်အဆပေါင်းများစွာ
အဖြစ်ဆိုးခဲ့တယ်..။

ဘ၀မှာတခါမှ မကြုံဘူးတဲ့ လှိုင်းလုံးကြီးတွေ ကို အံ့သြချိန်တောင်ရခဲ့ ကြပါ့မလား။။။။။
မမျှမတနဲ့ အသက်လုရင်း ဘယ်လိုများ သေမင်းကို အရှုံးပေးခဲ့ကြမလဲ...။
ကိုယ်ကိုတိုင် ရုန်းကန်နေရချိန် ကိုယ့်ရဲ့မိသားစုအတွက် စိတ်နှလုံးတွေ ဘယ်လောက်များ လောင်မြိုက်နေခဲ့ကြမလဲ..။

ကိုယ့်မိသားစု အလောင်းကို ဘယ်လိုနာကျင်မှုမျိုးနဲ့လိုက်ရှာနေခဲ့ကြမလဲ..
ကျန်ရစ်ခဲ့တဲ့ အဖြစ်ကို မလိုချင်ဘဲအတူတူ တခါတည်းသေသွား ရင်ကောင်းမယ်ဆိုတဲ့
အနိမ့်ဆုံးစိတ်ဓါတ်တွေနဲ့ သူတွေ ဘယ်လောက်တောင် ကျန်ခဲ့ကြမလဲ..ဘ၀တလျှောက်လုံးလဲ သူတို့အတွက်
အိမ်မက်ဆိုးတွေအခါခါ မက်ကြရတော့မယ်...။


အဲဒီနေ့ ကျွန်တော်အလုပ်က ပြန်လာတော့ သတင်းဆိုးက ဆီးကြိုနေခဲ့တယ်...အမှန်အတိုင်းပြောရရင်
မြန်မာပြည်မှာ မုန်တိုင်းဝင်တယ် ဆိုပေမယ့် ဒီလောက်အထိ အခြေအနေ ဆိုးဝါးခဲ့မယ်လို့ မယုံကြည်ခဲ့ပါဘူး..
CNN မှာ စောင့်ကြည့်တော့ BREAKING NEWS မှာ ကြည့်နေရင်းနဲ့ကို ကိန်းဂဏန်းတွေ က များများလာတယ်
ရင်ထဲမှာလည်း ဆို့ကျပ်လာနေပြီ..ဟုတ်ပါ့မလား အဲဒီလောက် ဖြစ်နိင်ပါ့မလား တွေးရင်းနဲ့ အမှန်တရားကို
လက်ခံလိုက်ရတယ်။တကယ်ကို မျက်ရည်ဝဲခဲ့ရတယ်...

နောက်နေ့တွေမှာ အနိဌာရုံ ဓါတ်ပုံတွေ ပလူပျံနေခဲ့တယ်..။
ဓါတ်ပုံတွေ ကြည့်ရင်းနဲ့ မိသားစုတစု လက်တွေကို ကြိုးတွေနဲ့ ပါတ်ပြီး ပိုးလိုးပက်လက် သေနေတဲ့ဓါတ်ပုံ တပုံကို
ကြည့်မိတော့ကျွန်တော် ထိန်းမရတော့ဘူး မျက်ရည်ကျခဲ့ရတယ်..



အတူတူရှင်အောင်ကြိုးစားရင်း အတူတကွသေဆုံးသွားကြတဲ့ မိသားတစုရဲ့ နွေးထွေးတဲ့မေတ္တာ ကိုမြင်ရတယ်။
ဒီလိုဘ၀ဆိုးတွေ အများကြီးပါပဲ...အလောင်းတွေ သောင်ပြင်မှာ ပြန့်ကျဲနေတယ်။
ခွေးသေ၀က်သေ သေပြီး အစွန့်ပစ်ခံ ခဲ့ကြရမယ်လို့ ဘယ်သူကတွေးခဲ့မိမလဲ....။

လူနဲ့တူအောင် မြုပ်နှံပေးဘို့ ကြိုးစားခဲ့တဲ့သူတွေ သံတိုင်တွေ အနောက်ကိုရောက်ကုန်ကြတယ်။
ငတ်မွတ်နေတဲ့ ငါတို့လူမျိုးအချင်းချင်း တလုပ်တဆုပ် ပေးကမ်းဘို့ အားထုတ်တဲ့သူတွေ အုတ်နံရံတွေနောက်
ရောက်ကုန်တယ်..အမှောင်တိုက်တွေထဲ ရောက်ကုန်တယ်။

ပစ္စလက္ခ နိင်ငံမှာ ဖရိုဖရဲ ကြီးပြင်းလာခဲ့ကြတဲ့ သူတွေအတွက် သေခြင်းတရားက အမြဲတမ်းနီးနီးလေးမှာ ရှိနေတယ်
ငတ်မွတ်ခြင်းက ဖွားဖက်တော်ဖြစ်နေခဲ့ကြတယ်..နွေးထွေးမှု မရှိဘူး အကာအကွယ်မရခဲ့ကြပါဘူး
ဘ၀ရဲ့နိဂုံးတွေလည်း မလှခဲ့ကြပါဘူး။...အားလုံးကောင်းရာမွန်ရာ ရောက်ပါစေ..




ဒီလိုလက်ဖြန့်တောင်းရမယ်မှန်းသိရင် သူတို့ ရှင်ကျန်ရစ်ခဲ့ချင်ပါ့မလား။ငါးပါးသောရန်သူမျိုးက
သူတို့လက်တွေကို ဖြန့်တောင်းတတ်စေတယ်...။ငတ်မွတ်ခြင်းက သူတို့တွေကို လက်ဖြန့်တောင်းစေခဲ့တယ်..။
ရောင့်ရဲစွာ နေတတ်ခဲ့တာတောင် သူတို့ တောင်းစားနေရတယ်..။
ငါတို့လူမျိုးတွေ နေ၀င်ကြတော့မှာလား...

သေသွားတဲ့သူတွေ အားလုံး ဘ၀မှာလူသားဆန်ခွင့် မရခဲ့ကြဘူး..ကျွန်တော်တို့လည်း အတူတူပါပဲ..
နာဂစ်ဟာ လူတသိန်းကျော်နဲ့ တညတာ အဖြစ်ဆိုးဆိုရင် .....
လူသန်းငါးဆယ်ကျော်နဲ့ တစ်ဘ၀စာ အဖြစ်ဆိုးလည်း ကျွန်တော်တို့ မြန်မာနိင်ငံမှာ ရှိနေသေးတာတော့ မမေ့ကြပါနဲ့....။

20 comments:

Anonymous said...

ကိုမြစ်ကျိုးအင်းရေ...........
ဒုတိယအကြိမ်စိတ်မကောင်းဖြစ်ရပါတယ်။
သိပ်မှန်တာပေါ့........လူဖြစ်ပြီးလူပီသစွာမနေရခဲ့ရတဲ့
ဘ၀လောက်နာကျင်စရာဘာရှိအုံးမလဲ?

Anonymous said...

ဟုတ်ပါတယ်.. ဆုတောင်းပေးလျက်ပါ.. ကိုယ်တိုင်လည်းတတ်စွမ်းသလောက်ကြိုးစားနေပါတယ်

စိတ်စမ်းရေ said...

စိတ်မကောင်းဘူး..။ရင်နာစရာတွေ နာကျင်စရာ
တွေထပ်မကြုံရပါစေနဲ့တော့လို့ ဆုတောင်းမိပါတယ်....

megumi said...

ကောင်းရာသုဂတိလားကြပါစေ။

မီးမီးငယ် ရဲ့  ထည်ဝါချို said...

ဟုတ်တယ်နော်

ဘာလိုလိုနဲ့ ၁နှစ်တောင်ရှိသွားပြီ။ ရင်ထဲမှာ မနေ့ တစ်နေ့ ကလိုဘဲခံစားရပါတယ်။

သွားလေသူအားလုံး နောင်ဘ၀ဆက်တိုင်း ဒီလိုအဖြစ်မျိုးနဲ့ မကြုံပါစေနဲ့ လို့  လှိုက်လှဲစွာဆုတောင်းရင်း.............

ကိုညီမင်း said...

ဖတ်ရတာ စိတ်မကောင်းဖြစ်မိပါတယ်ဗျာ

ဖိုးဂျယ် said...

စိတ်မကောင်းယုံကလွဲပီး ကျွန်တော်တို့
ဘာမှ မတတ်နိုင်ဘူးဗျာ။
ဆုတောင်းပေးနေယုံပဲ တတ်နိုင်ပါတယ်။

Unknown said...

နဲနဲလေး ကျယ်လိုက်အုံးမယ် အားလုံးကဆုတောင်းတယ်ဆိုတာထက် မေတ္တာပို့တာပါပဲ
အားလုံးအတွက်စိတ်မကောင်းဘူးဆိုရင် စိတ်ထားလေးကောင်းအောင်နေပေးတာဟာလဲ
ဆုတောင်းခြင်းလိုဆိုနိုင်တဲ့ မေတ္တာထားခြင်းပါပဲဗျာ
စာအုပ်တစ်အုပ်မှာဖတ်ဖူးတယ်,လူသေကိုဆုတောင်းပေးတာဟာ ကျောက်ဖျာတစ်ခုကို ရေထဲချလိုက်ပြီးမှ ပြန်ပေါ်ပါစေလို့ ဆုတောင်းနေသလိုပါပဲ, ဒုစရိုက်ပြုတဲ့သူတွေ သေကျတာကို ကောင်းရာရောက်ပါစေလို့ ဆုတောင်းလဲ မဖြစ်နိုင်ဘူး, ဒါဆို နာဂစ်ကလူတွေသေတာ လူဆိုးမိုလို,ဒုစရိုက်အမူရှိသော အလုပ်ကိုလုပ်လို့ မေးလာလျှင်တော့ ကျွန်တော်အတိအကျမဖြေနိုင်ပေမယ့် စကားတစ်ခုရှိတယ် “ကိုယ်ပြုသောကံ ပဲတင်သံ ကိုယ်ထံပြန်လာမည် ” ဆိုတဲ့စကားလေးနဲ့ပဲ အကျယ်ကို ပိတ်လိုက်ပါမည်။ ပြောချင်တာက စိတ်မကောင်းဖြစ်နေမယ့်အစား စိတ်ကောင်းလေး ထားနိုင်အောင် နေတာပိုမွန်မြတ်တယ်လို့ အကြံပြုရင်းနဲ့

ဝေလေး said...

ဟိုတစ်လောက မုန်တိုင်းဝင်မယ်ဆိုလို့.... စိတ်ပူနေသေးတယ်။ တော်သေးတယ် ပျက်သွားလို့.... ဆိုးဆိုးဝါးဝါးတွေ ဘာမှထပ်မကြုံပါစေနဲ့တော့လို့ ဆုတောင်းချင်တယ်။

kaungkinpyar said...

ထပ်မဖြစ်ဖို့ ဆုတောင်းနေပါတယ် မောင်လေးရေ

ဖြိုးဇာနည် said...

စိတ်ထဲမှာဖြစ်တည်နေတဲ့ဆန္ဒလေး
တစ်ခုကတော့နာဂစ်ဒဏ်ခံရတဲ့သူတစ်
ယောက်ယောက်ကိုပေါ့ အပြင်မှာလူကိုယ်
တိုင်တွေ့ပြီးနှစ်သိမ့်ပေးချင်နေတာပါ့
ဒါပေမဲ့အခုကတော့ဘယ်လိုမှမဖြစ်နိုင်တဲ့
အဝေးမှာရောက်နေခဲ့တာဆိုတော့
အခုတော့
စိတ်မကောင်းတာကို ခေါင်းကိုက်တာက
အနိုင်ယူသွားပီအကိုရာ့ဆေးသောက်မှပဲ
ဖြစ်တော့မယ်

ကြယ်သောကြာ said...

ကျနော် ကိုယ်တိုင် အဲသည် ည က တွံတေးဘက် က ရွာလေးတစ်ရွာမှာ Microfinance နဲ့ Rural development Project အတွက် Servey ဆင်းနေရင်း ကိုယ်တွေ့ ကြုံတွေ့ခဲ့ရတာပါ။ ဘယ်လိုမှ မေ့ထားလို့ ရမှာလဲဗျာ။ ကိုယ့်ဘဝရဲ့ ရည်မှန်းချက် ( Rural develpoment နဲ့ Poverty Alleviation လုပ်ချင်တဲ့ ဆန္ဒ) တွေ ပိုလို့ ပြင်းပြလာအောင် လှုံဆော်ပေးခဲ့တဲ့ ဖြစ်ရပ်ဆိုးတစ်ခုပါ။ Brother ရေ ပြီးခဲ့တာတွေထက် ကိုယ် တတ်နိုင်တာလေးတွေ လုပ်ကြဘို့ ညီညွတ်အားမွေးကြပါစို့

thumalay said...

အကိုရေ ဖတ်ပြီး မျက်ရည်တောင်ကျမိတယ်။ တကယ်ပါ၊

“ဒီလိုအဖြစ်ဆိုးမျိုး နောက်နောင်မဖြစ်ရစေဖို့

ဆုတောင်းမေတ္ထာပို့နေရုံမှ အပ ကိုယ့်မှာ ဘာများတက်နိုင်အုံးမှာလည်းကွယ်။"

ကေမောင်ငြိမ်း said...

ပြန်မတွေးရဲ၊ ပြန်သတိမရ ရဲလောက်အောင်ပါဗျာ...!_!

Phyo Maw said...

အိမ်ခေါင်မိုးကြီးလည်း ပါသွားသည်။

minn thuka said...

ညီ အရေးအသားညက်ပါ့ ...
“ဒါဟာ ငလျင်လှုပ်ခဲ့တာမဟုတ်ဘူး..မုန်တိုင်းတခု ဖြစ်ပေါ်ဘို့ အတွက် အချိန်ယူရတယ် အရှိန်ယူရမယ်..။
တိတ်တဆိတ်ရောက်လာတာ မဟုတ်ဘူး ..၀င်လာတဲ့လမ်းကြောင်းက ထင်ထင်ရှားရှား ရှိတယ်..”
အဲလိုအတွေးအရေးလေး သဘောကျပါ့။

ဆည်းဆာသံစဉ် said...

မြင်မြင်သမျှဟာ စိတ်ကို တော်တော်လေး ထိခိုက်စေခဲ့ပါတယ်..။ နောက်ထပ်လည်း မမြင်ရဘို့ အတွက် တောင်းဆု ပြုရင်း..မေတ္တာပို့ နေခဲ့မိပါတယ်....။ ဒီမြင်ကွင်းတွေကြောင့် တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ဘူးပါတယ်...။ တော်တော်လေးကို ကောင်းတဲ့ပို့ စ်လေးပါ...။ နောက်သတင်းတခု ဖတ်မိပြန်တော့လည်း အားလုံးအတွက် စာနာစိတ်နဲ့  ရင်လေးမိတယ်..သို့ သော်..ပြော...ပိုင်ခွင့်မရှိပေမယ့် နာကျင်နေတုန်းပဲ အကိုရေ...။

Anonymous said...

ဘယ်သူ့အပြစ်တင်ရမလဲဗျာ...........
ဒါတွေမြင်နေရရင် စိတ်နာတယ်၊ ဒေါသဖြစ်တယ်
...... ကျနော်တို့မြန်မာတွေ ဒီအတိုင်းပဲ ကံတရားကိုပုံချတတ်တဲ့ အကျင့်ဆိုးကိုဖျောက်
ဖို့လိုပြီဗျာ... မြန်မာတွေရဲ့စိတ်ဓာတ်က ဘာပဲဖြစ်ဖြစ် ကံကိုသာရိုးမယ်ဖွဲ့ပြီး ကံကိုပဲပုံချတတ်တာကိုကခက်နေတယ်ဗျာ။
သိပ်မပြောချင်ဘူးဗျာ စာရေးရင်း ဒေါသဖြစ်တယ်၊ ၀မ်းနည်းမိတယ် ကျနော်တို့
လူမျိုးတွေအတွက် ..............................။

JulyDream said...

ဆုတောင်းပေး စာနာပေး ကြေကွဲဝမ်းနည်းကြသလို တစ်ဖက်ကလည်း သူတို့ဘ၀တွေအတွက် နိုင်သလောက် ကူညီပေးသင့်ပါတယ်။ လက်လှမ်းမှီသလောက် ပံ့ပိုးသင့်ပါတယ်။

သားကြီး said...

ဒီpostလေးကိုတော့အစအဆုံးတစ်ရှိုက်မက်မက်ဖတ်သွားပါတယ် တစ်မိသားစုလုံးနဲ့အဆက်အသွယ်မရလို့ ကြောင်တောင်တောင်ဖြစ်နေတဲ့ကျနော့သူငယ်ချင်းရဲ့မျက်နှာ ခုထိမျက်လုံးထဲကမထွက်ဘူး တိုက်စရာရှားလို့ဗျာ...နာဂစ်ကလည်း?

 

Posts Comments

©2006-2010 ·TNB