နွေရာသီ..ရေကူးသင်တန်း

18 May 2009

ကျုပ်အကြောင်းလေးတွေ ပြန်ပြောမယ် စိတ်ကူးတော့ ခေါင်းထဲရောက်လာတဲ့ အကြောင်းက ကျုပ်ရေကူးတတ်ခဲ့တဲ့ အကြောင်းလေးပါပဲ။ပြောရရင် ကျုပ်ရေကူးတတ်ပုံကလည်း ရာဇ၀င်ရှိတယ်ပေါ့။
ကျုပ်ရေကူးတတ်သလို ပုံစံမျိုးနဲ့ ဘယ်သူမှ ကူးတတ်လာမယ် မထင်ဘူး။ အဲဒီတုန်းက ကျုပ်အသက်က ၈ နှစ် ၉နှစ် လောက်ရှိနေပြီ...။ ဝန်ခံရရင် ကျုပ်ငယ်ငယ်က အင်မတန်ခေါင်းမာ တာဗျ..။

ရွာမှာ အဒေါ်ဝမ်းကွဲ တစ်ယောက်က မုန့်ရောင်းတယ်။ သူ့ဆီမှာက ပိုက်ဆံနဲ့ မ၀ယ်ဘဲ ဆန်နဲ့ လဲစားလို့ရတော့ ကျုပ်က မနက်မိုးလင်းရင် ဆန်နို့ဆီဘူး တစ်လုံးလောက်ကို အိမ်က ဘယ်သူမှ မသိအောင် အင်္ကျီထဲ ဖွက်ပြီး ခိုးရတယ်။ ညနေရောက်ရင် မုန့်နဲ့သွားလဲစားတယ်...။ လဲလို့ရတဲ့မုန့်ကို ကျုပ်နဲ့ ကျုပ်သူငယ်ချင်းက အတူတူ စားကြတယ်ပေါ့။

ကျုပ်တို့ ခြံထဲမှာ ပျဉ်းမပင်ကြီးကို လူကြီးခါးတ၀က်လောက် အမြင့်မှာ ခုတ်ထားတယ်..။ မြင်အောင်ပြောရရင် ပျဉ်းမငုတ်တို ဆိုပါတော့ဗျာ..။ ကျုပ်က ခိုးလာတဲ့ ဆန်နို့ဆီဘူး တလုံးစာကို ခွက်တခုထဲ ထည့်ပြီး အဲဒီပျဉ်းမငုတ်တိုပေါ် ကချိုင့်ခွက်ထဲမှာ ထည့်ထားလေ့ရှိတယ်။ ညနေရောက်ရင် အဲဒီဆန်ကိုယူပြီး အဒေါ်ရဲ့ မုန့်ဆိုင်ကို ပြေးရတာ ကျုပ်ရဲ့နေ့စဉ်အလုပ်ပဲ...။

ကျုပ်ကသာ ကိုယ့်ကိုကိုယ် လုံလှပြီထင်ပြီး အေးအေးဆေးဆေး ခိုးနေတာ ကျုပ်အမေက စောင့်ကြည့်နေတာ
ကျုပ်က သတိမထားမိဘူး။ တနေ့တော့ ကျုပ်ဆန်ခိုးပြီး ပျဉ်းမငုတ်တိုဆီ ထားမလို့ အသွားမှာ ခိုးထုပ်ခိုးထည်နဲ့ လက်ပူးလက်ကြပ်ကို အမေကဖမ်းမိသွားတယ်။ အိမ်မှာလည်းဒီလောက်ကြွေးနေတာ ဒီလိုလုပ်ရပါ့မလားဆိုပြီး အမေကစိတ်ဆိုးဆိုးနဲ့ ကျုပ်ကို အပြစ်ပေးတယ်။ သူ အပြစ်ပေးပုံက သူများနဲ့မတူဘူး...။ သူအပြစ်ပေးပုံကဒီလို။ ကျုပ်တို့ခြံထဲမှာ ရေကန်ကြီးတကန်ရှိတယ်...။ အဲဒီတော့ ကန်ထဲမှာ ငါးတွေလည်းရှိတာပေါ့..။

ကျုပ်တို့က ပျင်းရင် အဲဒီကန်ထဲ အုန်းသီးတွေ ကြိုးချည်ပြီး ပစ်ချထားလေ့ရှိတယ် ။ ကန်ထဲကငါးတွေက အဲဒီ အုန်းသီး အထဲကို ၀င်စားတတ်တယ်။ အုန်းသီး ကိုကြိုးလေးနဲ့ဖြေးဖြေးချင်း ဆွဲတင်ရင်အဲဒီအုန်းသီးထဲမှာ ငါးတွေ တခါတလေ ပုဇွန်တွေ ပါလာတတ်တယ်။ ရလာရင်တော့ မီးဖုတ်စားတာပဲ။ ဒါကကြုံတုန်းပြောပြတာ..။ ကျုပ်အမေက အပြစ်ပေးတော့ အဲဒီကန်ထဲကို ကျုပ်ကို ပစ်ချတာလေ..။ရိုးရိုးပစ်ချတာမဟုတ်ဘူး...။ ခြေထောက်ကို ကြိုးနဲ့ချည်ပြီး ပစ်ချတာဗျ..။အုန်းသီးကို ကြိုနဲ့ချည်ပြီး ပစ်ချသလို တပုံစံထဲပဲ...။ ဝဋ်လည်တယ် လို့ပြောရင်လည်း ရမှာပေါ့

ဒါပေမယ့် ကျုပ်ရေနစ်သွားမှာလည်း စိုးရိမ်တော့ ကျုပ်ခြေထောက်တချောင်းကို ကြိုးနဲ့ချည်ပြီး ကမ်းစပ်ကနေ
အမေက ကျုပ်ကို နောက်လုပ်အုံးမလား မေးလိုက် တုတ်နဲ့ နဲနဲ ထိုးလိုက်နဲ့ လုပ်နေတာလေ..။ တုတ်နဲ့ထိုးတာက ကမ်းစပ်ကို ပြန်ရောက်မလာအောင်လို့ လုပ်တာ...။ နှစ်သွားမှာလည်း ကြောက်တော့ တုတ်နဲ့ထိုးလိုက် ပြန်ဆွဲလိုက်နဲ့ ကျုပ်ကြောက်မလားလို့ ခြောက်တာပေါ့ဗျာ..။ ကျုပ်လား...ကလေးပဲဗျာ ရေထဲရောက် တော့ကြောက်တာပေါ့..။ ဒါပေမယ့် ကုန်းပေါ်ပြန်ရောက်ရင် တရက်လောက်ပဲ ငြိမ်တယ် နောက်နေ့ ဆန်ပြန်ခိုးပြီးမုန့်နဲ့သွားလဲတာပဲ...။ အမေက ထပ်မိ ရေထဲထပ်ပစ်ချနဲ့ ကျုပ်ယက်ကန်ယက်ကန် နဲ့ ရေထဲမှာ အဆင်ပြေအောင်နေတတ်လာတယ်...။

အဲဒါနဲ့ အမေက ပြစ်ဒဏ် ထပ်တိုးတဲ့ အနေနဲ့ အရင်က ခြေထောက်တချောင်းထဲ ကြိုးချည်ပြီး ပစ်ချရာကနေ ခြေထောက်နှစ်ချောင်းကိုပူး ကြိုးနဲ့ချည်ပြီး ပစ်ချပြန်တယ်..။ ကျုပ်က လက်လေးနှစ်ဘက်နဲ့ ယက်ကန်ယက်ကန် လုပ်ပြီး ကိုယ်ဖော့ရတော့တယ်...။အဲဒီလိုနဲ့ ကျုပ်လည်း ကိုယ်ဖော့တတ်လာတယ် ဆိုရမယ်..။ ကိုယ်ဖော့တတ် လာတော့ ကျုပ်ကခြေထောက်နှစ်ချောင်း ပူးချည်ခံထားရပေမယ့် လက်နှစ်ဘက်အားပြုပြီး ရေကူးတတ် သွားတော့တယ်။ မြင်အောင်ပြောရရင် ရေသူမ ပုံစံမျိုးပေါ့ဗျာ..။ ဒါပေမယ့် ကူးရတာ ရေသူမတွေ လိုတော့ အဆင်ပြေလှတယ် မဟုတ်ဘူးပေါ့...။

ကြာလာတော့ ကျုပ်ကိုကျုပ် ရေကူးသင်တန်းတက်နေတယ် သဘောမျိုးထင်လာတယ်..။ နည်းစနစ် သိပ်မကျတာ ကလွဲရင် အမေက ကျုပ်ရဲ့ ရေကူးနည်းပြပေါ့။ အဲဒီတော့ ရေထဲပစ်ချခံရတာ ကျုပ် သိပ်မကြောက် တော့ဘူး။ ကုန်းပေါ်ပြန်ရောက်ရင် အရင်လို ဆန်နဲ့မုန့် လဲစားတဲ့ အလုပ်တွေ ပြန်လုပ်တာပဲ။ မုန့်ကိုကြိုက်လွန်းလို့ မဟုတ်ဘူးဗျ..။ ကျုပ်က အမေမသိအောင် ခိုးပြမယ်ဆိုတဲ့ မခံချင်စိတ်ရယ် ကျုပ်သူငယ်ချင်းကို စားစေချင် စိတ်ရယ် ကြောင့်ပဲ...။

အဲဒီလိုနဲ့ ဆန်ခိုးလိုက် ရေထဲပစ်ချခံလိုက်နဲ့ နောက်ဆုံးအခေါက် ခိုးပြီးထဲက ကျုပ်လည်း အဲဒီအလုပ်ကို စွန့်လွှတ် လိုက်ရတယ်..။ မစွန့်လွှတ်လို့လည်း မရတော့ဘူး။ အမေက ကျုပ်ကို နောက်ဆုံးအခေါက် ရေထဲပစ်ချတော့ ခြေထောက်နှစ်ဘက်ရော လက်နှက်ဘက်ပါကြိုးနဲ့ချည်ပြီး ပစ်ချတာဗျ။ ဒီလိုမျိုးဆိုတော့ ကျုပ်လည်း ဘယ်လိုမှ လုပ်လို့မရတော့ဘူး တကိုယ်လုံးကြိုးချည်ပြီး ပစ်ချတဲ့ အဆင့်ဆိုတော့ ကျုပ်လည်းရေထဲမြုပ်တာပဲ...။ ကျုပ်မှ မဟုတ်ပါဘူး အိုလံပစ်ပွဲမှာ အောင်ပန်းဆွတ်ခူးသွားတဲ့ ရေကူးချန်ပီယံ မိုက်ကယ်ဖေးလ် ဆိုလဲ တတ်နိင်မှာ မဟုတ်ဘူးလေ။

အဲဒီတော့မှ အကြောက်ကြီးကြောက်ပြီး ဆန်နဲ့မုန့်လဲစားတဲ့ မဟာလုပ်ငန်းကြီးကို စွန့်လွှတ်လိုက်ရတော့တယ်..။
ဒီတခါ အမေ့နည်းစနစ်က တော်တော်ပြင်းထန်တာကိုး...။ တခါတလေတော့လည်း တွေးမိတယ်။ တကယ်လို့ အဲဒီ့အဆင့်သာ ကျော်နိင်ရင် အမေကျုပ်ကို အရှုံးပေးရတော့မှာ သေချာတယ်။ အဲဒီထက်ကြောက်အောင် လုပ်ဘို့ဆိုတာ လည်ပင်းကို ခဲလုံးချည်ပြီး ပစ်ချမှ ရတော့မယ်ထင်တယ်လေ..။ အဲဒီလောက်တော့ အမေ့အသဲ မမာနိင်မှန်း ကျုပ်သိတယ်....။ ပြောရရင် ကျုပ်က အင်မတန် ခေါင်းမာတာဗျ...။လုပ်ချင်ရင် ဘယ်သူတားတာ ရအောင်လုပ်တတ်တယ်...။ အခုလည်း ဘယ်လိုမှ မဖြစ်နိင်တော့လို့သာ အရှုံးပေးလိုက်ရတာ...။

ကျုပ်ရေကူးတတ်လာတာလေး ပြန်သတိရမိတော့ စာဖတ်သူတွေကိုလည်း ရေကူးသင်ပေးချင်စိတ် ဖြစ်မိတယ်။ တကယ်လို့များ သာသင် အမှန်တကယ် ရေကူးတတ်ချင်တဲ့ စိတ်ဆန္ဒရှိခဲ့ရင် ကျုပ်အမေရဲ့ နည်းစနစ်တွေ အတိုင်း ပြန်သင်ပေးနိင်ပါတယ်ဗျာ ကျုပ်အတွက် အပန်း မကြီးလှပါဘူး...)



(ညောင်ရမ်းရဲ့ ငယ်ဘ၀ပါ )

41 comments:

may lay said...

လာလည်ပါတယ်ရှင့်

Sein Lyan Tun said...

ကျနော် ရေကူးတတ်ချင်လို့
ကိုပိုင် အမေဆီလာသင်မယ်
ကိုပိုင်တို့အိမ်မှာ ခိုးလို့ကောင်းတာ ဘာရှိလဲဆိုတော့
ကြိုပြော
ဒါမှခိုးလို့ကောင်းမှာ
ကောင်းတာမခိုးရင် ရေကူးမတတ်ပဲနေအုံးမယ်
အဟီးး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

မြစ်ကျိုးအင်း said...

ကိုဖိုးစိန်ရေ sorry ပါဗျာ..ဒါက ညောင်ရမ်းအကြောင်း
ရေးထားတာပါ..ခေါင်းစဉ်ရှည်မှာစိုးလို့ အဓိက ခေါင်းစဉ် ပေးလိုက်တာလေ

Sein Lyan Tun said...

ဒါဆိုလဲ ညောင်ရမ်းအမေလိပ်စာပေးလေ
ညောင်ရမ်း နဲ့လဲပေးတွေ့အုံး
ဒါမှ သူ့ အိမ်အထာလေးတွေသိထားတော့
ခိုးရလွယ်တာပေါ့
ရေကူးသင်တန်း လျှောက်ရတာလဲမလွယ်ပါလားနော်
ကျနော်က အောက်က ညောင်ရမ်းငယ်ဘဝကိုဖတ်မိဘူး
အပေါ်စာပဲမြင်တာ
အဟီးးး
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

ဝက်ဝံလေး said...

မွန်ပြည်နယ် ဆိုတော့ ဟိုလ ကြက်မောက်သီးရှိတဲ့ နေရာလားမသိ အဟိ ဒီက ကြက်မောက်သီး ကြိုက်လို့ပါ
ဒါနဲ့ စကားမစပ် ခေါင်းမာတယ်ဆိုတော့ အုန်းသီးနဲ့ ရိုက်ကြည့်ပြီးပြီလားဟင် ဘယ်ဟာက ပိုမာလဲဟင် သိချင်လို့ ခွိခွိ
အလကား စ တာနော် အတည်ပြောတာ အော်လေ ရှုပ်ကုန်ပါပြီ မပြောတာပဲကောင်းပါတယ် သွားပြီ တာ့တာ
လည်လည်လာတာ ကျေးဇူးပါပဲ
ရေကူးမတတ်ချင်တော့ပါဘူး ကျေးဇူးပါပဲ

kiki said...

ကိုညောင်ရမ်းကို အိုလံပစ် ရေကုးပြိုင်ပွဲ ဝင်ဖို့  စာရင်းသွင်းထားပေးပါတယ် ..ဆက်လက်ပြီး ခြေ၂ချောင်း ၊လက်၂ချောင်းကြိုးတုပ်ပြီး အပြင် လည်ပင်းမှာ ဂဲလုံးဆွဲပြီး လေ့ကျင့်ထားခိုင်းပါ နော။
အဟဲ..
ခင်မင်လျှက်.
ကိကီ

မိုးစက်အိမ် said...

ကိုမြစ်ကျိုး ကိုဖော.ပညာတတ်တာခုမှဘဲ
သိတော.တယ်ဗျို. အဟက်...

kaungkinpyar said...

မမလဲ ရေကူး တတ်ပီးသားလို့ ညောင်ရမ်းကို ပြောပေးပါဦး

may said...

ကိုမြစ်ကျိုးရေညောင်ရမ်း နဲ့လဲပေးတွေ့အုံး
်မေ ရေကူးတတ်ချင်လို့

ကြယ်သောကြာ said...

အီး တော်တော် ဟုတ်တဲ့သူ
တော်တာကတော် နှစ်ယောက်လုံးတော်တယ်
ညောင်ရမ်းကတော့ စသိတာ ၂ ပိုစ့်ပဲရှိသေးတယ် လက်လန်အောင် တော်တာ။
brother ကတော့ ညောင်ရမ်းကို မျက်စိထဲ မြင်အောင် ရေးနိုင်လို့ တော်တာ။
ဒီလိုလူစားမျိုး နဲ့ ကျုပ် ဆိုတဲ့ အသုံးအနှုန်း နဲ့ အလိုက်ဆုံးပဲ။
တော်တယ်ဗျာ

တလနွန် said...

ကိုညောင်ရမ်း ငယ်ဘဝက တော်တော်ဆိုးတယ်နော်
ဝါးတာရော ဆန်နှင့်မုန့် လဲစားတာရော ရေကူးတတ်ပုံရော သဘောကျမိတယ် အဟတ်...
ကိုညောင်ရမ်း(ခ)ကိုပေါင်သား နှင့် ကိုမြစ်ကျိုး တို့ 
ပျော်ရွှင်ကြပါစေဂျာ....

ခင်မင်ခြင်းနှင့်
တလနွန်

Anonymous said...

ဟိုင်း....

ကောင်းလိုက်တဲ့ အရေးအသား နဲ့ ညောင်းရမ်းရဲ့ ငယ်ဘ၀ကြီးရောပဲ ........

အဲ့ဒီ ရေကူးသင်တန်း နည်းနဲ့ မြန်မာပြည်မှာ.. စမ်းပြီး သင်တန်းဖွင့် ကြည့်ပါလားလို့ .... ကိုညောင်ရမ်းကို .... စကားပါးလိုက်ပါဦး...

အားပေးလျက်....

ကွာစေ့လေး said...

ဟိုင်း....

ကောင်းလိုက်တဲ့ အရေးအသား နဲ့ ညောင်းရမ်းရဲ့ ငယ်ဘ၀ကြီးရောပဲ ........

အဲ့ဒီ ရေကူးသင်တန်း နည်းနဲ့ မြန်မာပြည်မှာ.. စမ်းပြီး သင်တန်းဖွင့် ကြည့်ပါလားလို့ .... ကိုညောင်ရမ်းကို .... စကားပါးလိုက်ပါဦး...

အားပေးလျက်....

thondrae said...

အရေးသားကောင်းတာဖတ်မိသူတိုင်းသိပြီးသားမို့ ချီးမွန်းခန်းဖွင့် ရင်အကိုဘဲလွန်ရာကျတော့ မယ်ကို့ ညီမို့  ပြောတာမဟုတ်ဘူးတော်တော်ရေးတတ်တဲ့ ခလေးဒီနွေရာသီရေကူးသင်တန်းလေးကိုတော့ ညောင် ရမ်းမင်းသားကိုယ်တိုင်နည်းပြပေးမှာဖြစ်ပါတယ် စိတ်ပါဝင်စားသူများစာရင်းပေးသွင်းနိုင်ကြောင်းစေတနာကောင်းနဲ့ ကျေညာမေင်းခတ်လိုက်ရပါတယ်ခင်ဗျား မင်းတို့ အားလုံးကို ========သောက်ရမ်း ခင်တဲ့ အကို thondrae

thondrae said...

အော်မေ့ သွားလို့  မှတ်ချက် ဖိုးစိန်အတွက်ညောင်ရမ်းအိမ်မှာခိုးစရာဆိုလို့  ညောင်ရမ်းညီမလေး [ချစ်စရာအလွန်ကောင်းသော] ရှင်ဂွမ်းဂွိကျန်နေပါသေးသည်ဗျား

သီဟသစ် said...

ကိုပိုင်ရေ..

ကိုညောင်ရမ်းကတော့ နာမည်တွင်လောက်တယ်ကိုးဗျ..

မြစ်ကျိုးအင်း said...

ကိုသုနြေ္ဒကိုလည်း အားကြီးခင်ပါ့ဗျာ

Ko Boyz said...

မိုက်ကယ်ဖေးလ် အိုလံပစ်မှာ ဆုရှစ်ခုရတာ ကိုညောင်ရမ်းလောက် မတော်လောက်ဘူးဆိုပြီး ကိုယ့်ကိုယ်ကို သတ်သေနိုင်တယ်။ တော်သေးတယ် မိုက်ကယ်ဖေးလ်က မြန်မာလို မဖတ်တတ်လို့...။

ချစ်ပါးလုံး said...

စာတွေများလို့ ဘယ်မှမလည်ဖြစ်ဘူး အခုခေါင်းနောက်လာလို့ ကိုမြစ်ဆီလာတာ ညစ်နေတာတွေအကုန်ပျောက် ကိုညောင်ရမ်းကြီးက တော်တော်ရယ်ရတယ်။ ကိုညောင်ရမ်းတို့ ကိုဖြူလေးတို့ကို မြင်ဖူးချင်လိုက်တာ။ တော်တော်ရေးတတ်တဲ့ ကိုမြစ် အူတောင်နာတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။ ပျော်ရွှင်ပါစေ။

သမီးပျို said...

အင်းရေကူးသင်တန်းတော့တက်မှဖြစ်တော့မယ် နည်းကိုတော့ကြိုက်တယ် အဲဘယ်ကန်မှာသင်မှာလဲဟင် ဟိုငါးကန်ထဲမှာလားလို့.........

ကိုလူထွေး said...

နောက်ဆို ညောင်ရမ်းလို့ မခေါ်နဲ့ တော့ ...

ညောင်ဦးဖီးလို့ ပြောင်းခေါ်...

မငုံ said...

ကိုမြစ်ကျိုးအင်းရေ..တယ်ကောင်းတဲ့ ရေကူးသင်တန်းပဲ။ :)) မျက်စိထဲတောင် မြင်ယောင်တယ်။

ကိုညီမင်း said...

ကမ္ဘာ့ပထမဆုံးရေးကူးသင်တန်းဖြစ်မယ်။
ခြေထောက်တချောင်းလောက်ပဲ ကြိုးချည်မယ်ဆို သင်တန်းလာတက်မယ်..ဘယ်လိုလဲ

ဇော် said...

အဟီးဟီး။ ရယ်ရလို့သူငယ်ချင်းကတောင် ငါ့လဲပေးပါဦးတဲ့လေ။ ကိုကျိုးကတော့ မတင်ရင်လဲ မျှော်လိုက်ရတာ အမော။ သူမို့တင်လိုက်ပြန်ရင်လဲ လိုက်လို့ကိုမမှီနိုင်အောင်လွှတ်ကောင်းတာ။ အဟုတ်။ ကျနော်လဲ ဒီလို ပေါ့ပေါ့ပါးပါးလေးတွေ ရေးတတ်ချင်ပါရဲ့ဗျာ။ အဟဲ။

Anonymous said...

ဟားဟားတော်တော်လေးကိုရယ်ရတယ်ဗျာ
အားပေးလျက်ပါ

အိုက်ခီလောက် said...

အင်း အဟုတ်ပဲ လာပြီးပေါ့ပေါ့ပါးပါးလေးတွေ ဖတ်ရတော့ ပင်ပန်းတာတွေတောင်ပျောက်တယ်ဗျ
ရေကူးသင်တန်းတော့ တတ်တော့ဘူး
ငယ်ကတည်းက တတ်လာတာ အဟီး
အင်းလေးကန်မှာ ကူးလာတာ
လှေကလေးနဲ့ ကူးတာပြောပါတယ်
ပျော်ရွှင်ပါစေဗျာ

နွေးနေခြည် said...

ရေမကူးတတ်ဘူး... အဲလိုသင်မယ်ဆိုရင်တော့ မတတ်လည်းနေပါစေတော့ စိတ်လျှော့လိုက်ပြီး)

flowerpoem said...

တော်ပြီအဲလိုတော့ မကူးချင်ဘူး ဟား၂

ခမ်းကီး said...

အဟီး..
ကြည့်ရတာ အုန်းသီးအတိုင်း ခေါင်းမာတဲ့ပုံပဲ။
(အဟီး... စ တာပါနော်။ ခင်လို့ပါ)

ဒီပို့စ်ကို သဘောကျတယ်။

ကြယ်ပြာ said...

သင်တန်းကမိုက်လှချေလား ...
အစ်မကတော့ ကြောက်တယ် .... ရေနစ်မှာ ...

Moe Cho Thinn said...

တတ်ထားတဲ့ ရေကူးတောင် သူ့နည်းဖတ်ပြီး ကြောက်တာနဲ့ ပျောက်ကုန်ပြီ။ :)

သူကြီးမင်း (တုံးဖလား) said...

ဟား ဟား ကျနော်က ရေမကူးတတ်ဘူးဗျ။ သယ်ရင်း အမေရဲ့  နည်းစနစ်က မဆိုးဘူး။ ဒါပေမဲ့ ကျနော့်မှာ အမေမရှိတော့ ခက်တယ်။

ဘယ်လိုလုပ်ရပါ့?????

မယ့်ကိုး said...

:D...ဒီသင်တန်းက ကောင်းလိုက်တာ...:D :D :D
အရေးအသားကလည်း ကောင်းတယ်။

မလိခ said...

ရေကူးတော့ မသင်တော့ပါဘူး... သူများကို အဲလိုသင်နေတာတော့ ကြည့်ချင်တယ်... ဘယ်မှာသင်ကြမှာလဲဟင်.... :D

mgnge said...

သင်တန်းဖွင့် ပါလား စပွန်ဆာပေးမယ်...။
:P
ကိုညောင်းရမ်းကနည်းပြ ကို ရေကာတာက လက်ထောက် ပေါ့....။

ဘယ်လိုလည်းစိတ် ၀င်စားလား

Anonymous said...

ကိုညောင်ရမ်းရေ ... ရေကုးသင်ချင်တယ်နော်။ ဒီနှစ် နွေရာသီကျောင်းပိတ်ရင်ပေါ့။ :)

ခင်မင်လျှက်
မေတ္တာရောင်ပြန်

ကျော်သူလေး said...

ရေးထားတာများကွင်းကွင်းကွက်ကွက်နဲ့..။
တော်တော်ဆိုးတဲ့ ကိုညောင်ရမ်း...
ရှိသေးရင် ထပ်ရေးပါအုံး

မသက်ဇင် said...

စာရေးကောင်းတယ်
ခင်မင်လျက်

ဖိုးသူ said...

ဟေ့ကောင်သက်ပိုင်......မင်းရဲ ၂၈ နှစ်မြောက်မွေးနေ့မှာလိုအင်ဆန္ဒတွေ..အားလုံးပြည့်ဝပါစေလို့ငါဒီကနေဆုတောင်းလိုက်တယ်ကွာ။ငါမှားခဲ့တာတွေ Foul ခဲ့တာတွေရှိခဲ့ရင်လည်းခွင့်လွှတ်ကွာ။လူဆိုတာအမှားနဲ့မှမကင်းနိုင်တာ....ငယ်ငယ်လေးတည်းကတစ်မြို့တည်းတစ်လမ်းတည်းတစ်ကျောင်းတည်း၂အိမ်၁အိမ်လိုနေလာခဲ့ကြတာ....သောကြာသားချင်းတူတူမင်းကျောကုန်းမှာမှဲ့ရှိသလိုငါ့ကျောကုန်းမှာရောလေကွာ...မှတ်မှတ်ရရ၁ခုပြောရရင်ငါ tokyo မသွားခင်က မင်းငါ့အတွက်စွန်းစားမှု၁ခုလုပ်ပေးခဲ့တယ်လေ......ရှမ်းကိုးမီးကစားနေတဲ့မင်းကိုငါရေးကြီးသုတ်ပြာလာခေါ်တော့မင်းမှာ လိုင်စင်မရှိဘဲမင်းယောက်ဖဆိုင်ကယ်လေးနဲ့သံလျှင်ကနေစမ်းချောင်ကိုအချစ်မီးမွှန်ထူနေတဲ့ငါ့ကိုစွန့်စွန့်စားစားကူညီခဲ့တာလေးကိုငါ့မျက်စိထဲကဒီနေ့ထိထွက်ကိုမထွက်ဘူးဟဒီကြားထဲပြဿနာအမျိုးမျိုးတက်လိုက်သေးတယ်ရှုခင်းသာနားမှာဘဲဥချီးထုတ်ကားလှမ်းတားတော့ရပ်ပေးမလိုလိုနဲ့မောင်းပြေးလိုက်သေးတယ်အရမ်းရင်ခုန်ဖို့ကောင်းတယ်နော်။ဟီးဟီးငါတော်တော်ဆိုးခဲ့တာနော်.......ပိုင်းကြီးရာတွေးလိုက်ရင်အဖြစ်အပြတ်တွေကိုမနေ့ကလိုပါဘဲကွာ။ဘာလိုလိုနဲ့တို့တွေတောင်၃၀နားနီးပြီးလူကြီးတွေဖြစ်နေကြပြီနော်....မင်းနဲ့ငါဘယ်သူအရင်မိန်းမရမလဲ....home jail အရင်ကြမလဲဘဲကျန်တော့တယ်..မင်းကံကောင်းပါစေသက်ပိုင်ရာ.....ငါ့ရဲ့ ဒုက္ခတွေအားလုံးကိုသူငယ်ချင်းကောင်းပီသစွာနဲ့ကူညီပေးခဲ့တဲ့မင်းကံကောင်းမှာပါ....ဘုရားတရားသံဃာကိုလည်းမမေ့၊မိဘကိုလည်းလုပ်ကျွေးနေတဲ့လူရိုးလေးကိုဘယ်မိန်းမကမယူချင်ဘဲနေမလဲ..ဟီးဟီး..ဒါပဲကွာ...လက်ညောင်းတယ်ဟ......နောက်မှဆက်ရေးအုံးမယ်......တက်တ၊မင်းအချစ်ဆုံးလေးနဲ့အဆင်ပြေပါစေကွာ...မော B .. လက်ညောင် B ဟ။

WWKM said...

ဟဟဟား.. ပို့စ်လေးကို စိတ်ပျော်ရွှင်စွာနဲ့ ဖတ်သွားပါ
တယ်... စားရေးတဲ့သူက ပုံဖော်ရေးသွားတာလေး
အရမ်းဖတ်လို့ ကောင်းပါတယ်...း))))))

တားမြစ် ထားသော... said...

အကိုရေ..
မလွယ်ကြောပပဲ။ ခေါင်းမာတယ်ဆိုတာကလည်း တစ်ချို့ကိစ္စတွေမှာ ကောင်းပါတယ်။

သုခမိန်(E-Journal)

 

Posts Comments

©2006-2010 ·TNB