စာမျက်နာ -၂၈

22 May 2009

လွန်ခဲ့တဲ့ ၂၈ နှစ်က ကမ္ဘာကြီးထဲကို ကောင်လေးတယောက် မထင်မရှား ရောက်လာခဲ့တယ်...။ သူက ပါတ်ဝန်းကျင်ကို ဒုက္ခ မပေးခဲ့သလို အများကြီးလည်း ကောင်းကျိုး မပြုနိင်ခဲ့ပါဘူး...။ ကံပစ်ချထားသလို ရှင်သန် ချင်ခဲ့ပေမယ့် အတ္တကို မချိုးနှိမ်နိင်သေးတော့ လိုအပ်ချက်တွေ လိုချင်တာတွေက သူ့ကိုပူလောင် နေစေခဲ့တယ်။ သာယာတဲ့ကောင်းကင်ကို သူကြာကြာ ကြည့်ခွင့်မရခဲ့ပါဘူး...။

၁၉၈၁ မေလ ၂၂ ရက်နေ့ကစပြီး သူဟာ ကံကြမ္မာ ရေးထားတဲ့ စာမျက်နာတွေကို တဖြေးဖြေးချင်း ဖတ်ခွင့် ရခဲ့တယ်။ တချို့စာမျက်နာတွေကို ကျော်ပြီးဖတ်ချင်ခဲ့သလို...တချို့စာမျက်နာတွေကိုလည်းအပိုင် သိမ်းထား ချင်ခဲ့တယ်...။ ရက်စက်တဲ့နေ့တွေ သူစိမ်းဆန်တဲ့ညတွေကို ဖရိုဖရဲ ဖြတ်သန်းခဲ့ရတယ်...။ သာယာတဲ့ နွေရာသီတွေကို မျှော်လင့်ခဲ့ပေမယ့် သူရဲ့နေ့တွေညတွေက မုန်တိုင်းတွေများခဲ့တယ်...။

ငယ်ဘဝတွေကို ချို့ချို့တဲ့တဲ့ ဖြတ်သန်းခဲ့ရပေမယ့် သူ့မိဘတွေရဲ့ ချစ်ခြင်းမေတ္တာနဲ့ သူဟာလူတန်းစေ့ နေနိင် ခဲ့တယ်လို့ ယုံကြည်ခဲ့မိတယ်...။တချို့ကလေးတွေက ကားအကောင်းစားနဲ့ကစားနေချိန် သူကတော့ သူ့အဖေ လုပ်ပေးထားတဲ့ ကားလေးနဲ့ ကစားရင်း ပျော်ရွှင်နေခဲ့တယ်...။

တချို့ကလေးတွေက ခုံပေါ်မှာ တီဗီထိုင်ကြည့်နေချိန် သူက သံဇကာကွက်ကြားက ချောင်းခဲ့ရတယ်..။ တချို့ ကလေးတွေက ထမင်းစားပြီး သစ်သီးစားနေချိန် သူကတော့ ဆန်ထုတ်ဆွဲလာမယ့် အဖေ့အပြန်လမ်းကို စောင့်နေ ခဲ့တယ်...။ သူတို့ညီအကို ကစားခဲ့တဲ့ သရေ ဘော်လုံးက ဖာရာတွေ ဗရပွပေမယ့် ညနေတိုင်း သိမ်းဘို့ သူမမေ့ခဲ့ဘူး...။

တာရာမင်းဝေ ရေးထားတဲ့စာလို..“လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက် တစ္ဆေချောက်တဲ့ ညကို ပိုသတိရမိတယ်”သူ့ဘ၀မှာ မမေ့နိင်တဲ့ အရာတွေ တော်တော်များခဲ့တယ်...။
သူရဲ့ ကလေးဘ၀ ကစားခန်းတွေမှာ သူက ဗိုလ်မလုပ်ခဲ့ရဘူး...
စစ်သားလုပ်တမ်းကစားရင်တောင် သူက တပ်သားအဆင့်...
ဆရာဝန်လုပ်တိုင်းကစားရင် သူက လူနာအဆင့်...
ဈေးရောင်းတိုင်းကစားရင် သူက အရွက်တွေပဲ အမြဲခူးခဲ့ရတယ်..။ ငွေလို့သတ်မှတ်ထားတဲ့ စက္ကူစုတ်တောင်
ခဏခဏ ကိုင်ခွင့်မရခဲ့ဘူး။

အရွယ်ရောက်လာတော့ သူသီချင်းလေးတွေ နားထောင်တတ်လာတယ်။ ဘေးအိမ်ကဖွင့်တဲ့ ရဲသွင်ရဲ့ နှင်းဆီလှိုင်းများ သီချင်းကို လိုက်ဆိုတော့ ရွယ်တူအိမ်ရှင်ကောင်လေးက ကက်ဆက်ကို ပိတ်ပစ်ခဲ့တယ်..။
သူ့အကိုက ဈေးကို ချက်ချင်းပြေးပြီး အဲဒီသီချင်းစာအုပ် ၀ယ်ပေးခဲ့တယ်..။သူတင်းထားသမျှ မျက်ရည်ဝဲခဲ့ ဘူးတယ်။ သူတီးလုံးနဲ့သူ သီချင်းဆိုခဲ့ရပေမယ့် ကောင်လေးကျေနပ်ခဲ့တယ်..။ သူ့ဘ၀မှာ သာယာတဲ့ သံစဉ် မရှိခဲ့တာကို ကောင်းလေးက လက်ခံထားခဲ့တယ်လေ..။

ဘ၀မှာ အချစ်ကို စတွေ့တော့ သူတော်တော်ပျော်သွားခဲ့တယ်...။ သူတွေ့ခဲ့တဲ့ချစ်သူကို ကောင်လေး အရမ်းချစ်ခဲ့တာ။ သူချစ်နေတာကို ကောင်းမလေးသိခွင့်ရဘို့ နှစ် နှစ်တိတိကြာခဲ့ရတယ်..။သူ့အရှေ့မှာ ကောင်မလေးကို ကြိုက်တဲ့သူတွေများနေခဲ့တယ်..။သူဝင်တန်းမစီခဲ့ဘူး..။ ကောင်မလေးနဲ့ ချစ်သူဖြစ်ခွင့်ရဘို့ အားလုံးလက်လျှော့သွားမှ သူချစ်ကြောင်း ပြောခဲ့တယ်..။

ဇိမ်ခံကားပေါ်က သူ့ကောင်မလေးကို မြင်ခွင့်ရဘို့ ကောင်လေး စက်ဘီးတစီးနဲ့ မြို့ပါတ်နေခဲ့ရတယ်..။ ကောင်မလေးကို မမြင်ရတဲ့နေ့တွေမှာ သူ့ခြေထောက်တွေ ညောင်းတယ်...သူ့နှလုံးသားက ရေငတ်တယ်...။ သူ့ဘ၀ကို မပြည့်မစုံနဲ့ ပစ်ချခဲ့ပေမယ့် ကောင်မလေးနဲ့ ချစ်သူ ဖြစ်ခွင့်ရတာ တခုထဲနဲ့တင် သူ့ကံကြမ္မာကို လက်ဆွဲနှုတ်ဆက်ပေးခဲ့တယ်..။

သူ့အမေ မွေးပေးခဲ့တဲ့သူက ကောင်မလေးအတွက် ရှင်သန်ချင်ခဲ့တယ်...။ သူ့အမေ စိုက်ထားတဲ့ နှင်းဆီပန်းရုံလေးက ကောင်မလေးရဲ့ အပြုံးတချက်အတွက် ဖြစ်နေခဲ့တယ်..။သူတသက်လုံးသိမ် ငယ်သမျှ သူ့ချစ်သူကို လက်တွဲလျှောက်တော့ ရင်ဘက်တွေတောင် မို့မောက်ခဲ့ဘူးတယ်..။

ချစ်သူသက်တမ်း ၁ နှစ်ပြည့်ဘို့ ၁၂ ရက်အလိုမှာ သူ့အနားက ကောင်မလေး ထွက်ခွါသွားခဲ့တယ်..။
ကောင်မလေးက ဘ၀အတွက် စာသင်နေချိန် သူက ကောင်မလေးတွက် ကဗျာစပ်နေခဲ့တယ်..။
ကောင်မလေးက သူ့ကိုလွမ်းကြောင်း ပြောနေချိန်သူက လမ်းဘေးဖုန်းမှာ မျက်ရည်ဝဲနေခဲ့တယ်..။

ကောင်မလေး ပြန်လာမယ်ဆိုတော့ သူ့သူငယ်ချင်းအားလုံးကို လိုက်ကြွားခဲ့တယ်...။
သူဘယ်လောက်လွမ်းခဲ့ရကြောင်း ကောင်မလေးမျက်နာကို ကြည့်ပြီးပြောမယ်...
ချစ်သူပြောမယ့်စကားကို လက်ကလေးကိုင်ပြီး နားထောင်မယ်လို့ စိတ်ကူးတွေ ယဉ်နေခဲ့တယ်...။

ကောင်မလေးပြန်လာတဲ့နေ့မှာ ထွက်သွားတဲ့နေ့ကလို့ပဲ သူနာရီကို ထိုင်ကြည့်နေခဲ့တယ်.. စက္ကန့်တွေ ဘယ်လို ရွေ့နေသလဲ သူကြည့်နေဖြစ်တယ်..။စိတ်လှုပ်ရှားမှုကိုတောင် မဖုံးကွယ်နိင်ခဲ့ဘူး။။ ဒါပေမယ့် ကောင်မလေးရဲ့ ၁၀ ရက်ခရီးမှာ သူတို့ တကြိမ်ပဲ တွေ့ခွင့်ရခဲ့တယ်..။ ဒီလိုနဲ့ ကောင်မလေး ပြန်သွားခဲ့တယ်...။ သူနာကျင်စွာနဲ့ ကျန်ခဲ့တယ်..။ သူ့ရဲ့ဘ၀က အဲဒီလို အမြဲ အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့တယ်။

ဘာပဲဖြစ်ဖြစ် သူထပ်စောင့်နေခဲ့တယ်...။
နောက်ထပ်နှစ်နှစ် ထပ်ကြာတော့ ကောင်မလေးနောက်တကြိမ် ပြန်လာခဲ့တယ်..။
ဒီတခါတော့ အရင်လို ကောင်မလေးပြန်လာခါနီး ရက်တွေမှာလို သူစက္ကန့်တွေကို ကြည့်မနေတော့ဘူး။

အရင်က စိတ်ပါလက်ပါ တံမြက်စည်း မလှဲခဲ့တဲ့ သူက တအိမ်လုံးရှင်းတယ်...မှန်တွေ ရေနဲ့ဆေးတယ် သူ့အမေရဲ့ ပန်းအိုးတွေ နေရာချတယ်...သစ်ခွတခက် ကျိုးသွားတော့ သူ့အမေက သူ့ကို ပြုံးပြုံးလေးကြည့်တယ်..။ အိမ်သာကို ရေဆေးတော့ သူ့အမေက သားကလည်း ၀န်ကြီးချုပ်လာမှာ မို့လို့လားတဲ့ အရာအားလုံးထက် အရေးကြီးတာကို အမေလည်းသိတယ် တအိမ်လုံးလဲ သိသိနဲ့ နောက်ကြတယ်လေ..။

အဲဒီတခေါက်မှာလည်း ကောင်မလေး သူ့အိမ်ဘက်ခြေဦး မလှည့်နိင်ခဲ့ဘူး...။သူတို့ ခဏပဲ တွေ့ခွင့်ရခဲ့ပြန်တယ်..။ သူ့အမေအတွက် ကောင်မလေးက သမီးလိမ္မာလေး ဖြစ်နေချိန်မှာ ကောင်လေးအတွက် သူ့တမိသားစုလုံးက စိတ်မကောင်းဖြစ်ခဲ့ရတယ်..။

သူ့ရဲ့ဘ၀မှာ အချစ်ဆုံးသူ နှစ်ယောက်ရှိခဲ့တယ်..။တယောက်က သူ့မေမေ...နောက်တယောက်က သူချစ်သူ ပါ...။ သူ့ကိုမွေးခါနီး ဗေဒင်သွားမေးတော့ မွေးလာမယ့်ကလေးက ကိုယ်ခန္ဓာမှာ ချွတ်ယွင်းချက်တခုခု ပါလာမယ်လို့ဟောတယ်။ ၁၀ လလုံးလုံး သင်္ချိုင်းကို တနေ့မျက်စောင်းသုံးခါထိုးပြီး သူ့ကိုလွယ်ထား ခဲ့ရတဲ့မေမေက စိတ်ပူပန်စွာနဲ့ ဝေဒနာတွေ ခံစားပြီး မွေးပေးခဲ့တယ်..။

သူလူ့လောကထဲ ရောက်လာတော့ မီးဖွားပြီးစ မေမေက အနားမယူနိင်ခဲ့သေးဘူး ဖေဖေ့ကို ကျွန်မသားလေး ဘာတွေများ ချွတ်ယွင်းချက်ပါသလဲတဲ့ တဖွဖွမေးနေခဲ့တယ်တဲ့လေ..။ ကိုယ်ဝန်လွယ်ထားရဲ့နဲ့ မေမေက ကောင်းမှုကုသိုလ်တွေ သူ့အတွက် လုပ်ပေးခဲ့တယ်။ ကိုယ်ဝန်ဆောင် မိခင်တယောက်ရဲ့ လိုအပ်တဲ့ အားပြည့်မယ့် အစာအဟာရထက် မွေးလာမယ့် သူ့အတွက် သတ်သတ်လွတ် စားပေးခဲ့တယ်..။ ဥပုသ် တွေ စောင့်ပေးခဲ့တယ်..။ မေမေ့ရဲ့မေတ္တာတွေကြောင့် သူချွတ်ယွင်းချက်မရှိဘဲ လူ့လောကထဲ ရောက်လာခဲ့တယ်..။

သူ့အမေသူ့ကို ချစ်သလို သူကလည်း သူ့အမေကို သိပ်ချစ်တယ်..။ အပြင်ကပြန်လာရင် အရင်ဆုံး ခေါ်မိတာ မေမေပါပဲ..။ ဘယ်သူ့အရှေ့မှာမဆို မေမေ သူ့ကို နမ်းစေချင်စိတ်နဲ့ သူပါးထိုးပေးတတ်တယ်..။ သူ့မေမေရဲ့ပါးလေးကိုလည်း မရမက လိုက်နမ်းတတ်တယ်..။

သူ့အသက် ၂၄ နှစ်မှာ သူချစ်တဲ့ မေမေ့ကို ခဏထားခဲ့ပြီး သူချစ်တဲ့ ကောင်မလေးဆီကို ထွက်လာခဲ့တယ်..။ သူ့ခရီးစဉ်ရဲ့ အစပိုင်းက မျှော်လင့်သလို ဖြစ်မလာခဲ့ပါဘူး. ၁၂ပေ ပါတ်လည် အခန်းလေးက သူ့ရဲ့ကမ္ဘာဖြစ်လာတယ်..။ ညတွေမှာ အမှောင်ချပြီး သူမျက်ရည်ကျခဲ့ရတယ်..။ သူ့ဘ၀မှာ နာကျင်တိုင်း မေမေ့ကို တမ်းတလွန်းလို့ နှုတ်ကတောင် မေမေလို့ ခဏခဏအသံထွက်မိတယ်။

သူပျော်နေမယ်ထင်ပြီး စိတ်ချမ်းသာနေမယ့် မေ့မေ့ကို သူပျော်ရွှင်နေကြောင်း ပြောပြခဲ့တယ်..။ သူမေမေဆီ ဖုန်းဆက်တိုင်း မေမေက ငါ့သားအတွက် ထီထိုးပေးနေတယ်... ဒါမှ ငါ့သားပြန်လာလို့ရမှာလို့ အမြဲ ပြောတတ်တယ် မြန်မာပြည်မှာ သူအုံးခဲ့တဲ့ ခေါင်းအုံးလေးကို မေမေ ညတိုင်း ပွေ့ဖက်ပြီး အိပ်တယ်တဲ့လေ...။

သူက အချစ်ကြောင့် အိပ်မပျော်တဲ့အချိန် မေမေက သူ့ကိုသတိရ စိတ်နဲ့ အိပ်မရခဲ့ဘူး...။ သားနောက်နှစ် ပြန်ခဲ့မယ် ပြောတော့ သူ့မေမေက သားမပျော်ရင် ပြန်လာလေ..မေမေလည်းလွမ်းလှပြီ ထီကလည်းမပေါက်နိင် သေးဘူးတဲ့ မေမေ ခပ်ရွှန်းရွှန်းပြောပေမယ့် သူ့မေမေ တကယ်လွမ်းနေတာယုံကြည်မိတယ်။

သူ့မေမေက သူ့အတွက်အနန္တမေတ္တာရှင်ပါပဲ....။ သူ့ရဲ့နာမည်ကို သူ့မေမေက ကိုယ်ဝန်လွယ်ထားကတည်းက ပေးထားတာတဲ့လေ..။ မေမေပေးထာတဲ့နာမည်နဲ့ သူ့မွေးရက်က နေ့နံတူညီတာတော့ ထူဆန်းမှု မဟုတ်ရင် မေမေ့ရဲ့ အနှိုင်းမဲ့တဲ့ ချစ်မေတ္တာကြောင့်ပဲ ဖြစ်မယ်ထင်ပါတယ်။

သူ့ရဲ့မွေးနေ့တိုင်း မေမေ ဘုရားသွားပြီး ကောင်းမှုကုသိုလ် လုပ်ပေးခဲ့တယ်..။
ဒီနေ့လည်းမေမေ ဘုရားသွားလိမ့်မယ်လို့ သူယုံကြည်ပါတယ်။

။..............................................................။

ကံကြမ္မာရေးထားသော နောက်ထပ် စာမျက်နာပေါင်းများစွာ ကို သူထပ်ပြီးဖတ်ခွင့်ရ နိင်သေးသည်။

ကံကြမ္မာသာ သဘောတူခဲ့ရင် သူ့စာမျက်နာ တိုင်းရဲ့ ထိပ်ဆုံးတွင် “မေမေ” လို့ နာမည်ရေးထိုးပေးစေချင်ပါသည်။

ကျွန်တော့်ကို မွေးဖွားပေးခဲ့တဲ့ ချစ်တဲ့မေမေ့ကို ဆပ်မကုန်နိင်လောက်အောင် ကျေးဇူးတင်ပါတယ်မေမေ..။

။.......................................................................။

(မေလ ၂၂ ရက် မှာကျရောက်တဲ့ ကျွန်တော့်ရဲ့ မွေးနေ့အမှတ်တရ အဖြစ် ရေးပါတယ်..။
လာလည်တဲ့သူငယ်ချင်းတွေ အားလုံးကိုလည်း ဒီစာစုလေးနဲ့ပဲ ဧည့်ခံပါတယ်)
.......................................
cbox မှာ ဆုတောင်းပေးကြသော ကွန်မန့်တွေပေးပြီး ပျော်ရွှင်စေတဲ့ သူငယ်ချင်းများ အားလုံးကိုလည်း
ကျေးဇူးတင်ပါတယ်။
ဒီစာရေးနေချိန်မှာလဲ online ပေါ်ကနေ ကျွန်တော့်နာမည်နဲ့ သူငယ်ချင်းများစွာ ဆိုတဲ့ သီချင်းတောင်းပေးခဲ့တဲ့ငယ်သူငယ်ချင်းဖိုးသူ ကိုလည်း ကျေးဇူးတင်ပါတယ်...

46 comments:

may lay said...

ကိုမြစ်ကျိုးအင်းရေ.........လာဖတ်သွားပြီ

may lay said...

မြင့်မြတ်တဲ့စိတ်ထားနဲ့ ချစ်တတ်သူ ယောကျာင်္းတစ်ယောက်လို့ ဘဲမြင်မိတယ် ....
လေးစားမိတယ်......အကို က အရမ်းချစ်တတ်တယနော် ....

မြူးသျှရီ said...

အကိုရေ....
မြူးလာဖတ်သွားပြီ
အရမ်းဖတ်လို့ ကောင်းတာပဲနော်
စာရေးအရားကောင်းတယ်သိလား
မွေးနေ့ မှာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေ
ချစ်တဲ့သူတွေနဲ့ တသက်လုံးအတူနေရပါစေ
ဆန္ဒတိုင်းပြည့်ဝပါစေနော်
ပျော်ရွှင်သောမွေးနေ့ ပွဲဖြစ်ပါဖစအကိုရေ........

နွေးနေခြည် said...

မွေးနေ့မှစလို့ ပျော်ရွှင်ဖွယ်ကောင်းသော နေ့ရက်များကိုပိုင်ဆိုင်နိုင်ပါစေ... ချစ်သူလေးကို လက်တွဲပြီး ချစ်တဲ့ မေမေနဲ့ပြန်လည်ဆုံတွေ့နိုင်ပါစေ

(Happy Birthday x 28)

♥ Acacia ♥ said...

ကိုမြစ်ကျိုးအင်းရေ Happy Birthday!!ပါ
ဖြစ်ချင်တာတွေ ဖြစ်နေတာတွေ ဖြစ်သင့်တာတွေ တစ်ထပ်တည်းကျပြီး ချစ်တဲ့သူတွေနဲ့ အတူတကွ သက်ဆုံးတိုင် ပျော်ရွှင်စွာနေထိုင်နိုင်ပါစေ...

Anonymous said...

ပျောရွှင်းဖွယ် ယနေ့ကျရောက်တဲ့ မွေးနေ့မှသည် နှစ်ပေါင်းများစွာ သာယာချမ်းမြေ့သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေနော်။

ခင်မင်လျှက်
မေတ္တာရောင်ပြန်

Phyo Maw said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုမြစ်ကျိုးအင်းရေ။

တလနွန် said...

ဒီနေ့ မေလ(၂၂)ရက်နေ့ မှာကျရောက်တဲ့ (၂၈)နှစ်မြောက်မွေးနေ့ မှသည် ချစ်တဲ့သူနှင့်လက်တွဲပြီး
အမေကျေးဇူးကို ရာသက်ပန် ဆပ်နိုင်ပါစေ.....
Happy Birthday (ကိုမြစ်ကျိုးအင်း)

ခင်မင်ခြင်းနှင့်
တလနွန်

သားကြီး said...

ပျော်ရွင်ဖွယ်မွေးနေ့လေးဖြစ်ပါစေ
ရေးထားတာလေးကလန်းတယ်ဗျာ
ဖတ်လို့သိပ်ကောင်းတယ်

thawzin said...

ဖတ်လို့အရမ်းကောင်းတယ်ဗျာ ကိုယ်တိုင်ဝင်ခံစားရသလိုပါပဲ

Ko Boyz said...

မွေးနေ့မှာ အမေကို တစ်ခုတ်တစ်ရ စာဖွဲ့တာ ကိုမြစ်ကျိုးအင်းပဲ တွေ့ဖူးတယ်။
အမေ့ကို ချစ်မြတ်နိုးတဲ့ အတွက် အောင်မြင်တဲ့ ဘ၀ကို ပိုင်ဆိုင်နေတာပေါ့ဗျာ။

Happy Birthday.
နောင်နှစ်ပေါင်းများစွာလဲ စာမျက်နှာ ၂၈ ကို ဖတ်ချင်ပါသေးတယ်။

kiki said...

ပျော်ရွှင်ဖွယ်ရာမွေးနေ့ လေး ဖြစ်ပါစေ။
ချစ်တဲ့သူများနဲ့ အတူ ပျော်ရွှင်ချမ်းမြေ့ စွာ နေနိုင်ပြီး ဘဝကို မျှော်လင့်ချက်အတိုင်း အောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေ နော...
ခင်မင်စွာဖြင့်...
ကိကီ..

ခမ်းကီး said...

သားလိမ္မာကြီး..
ချမ်းသာခြင်း၊ ငြိမ်းချမ်းခြင်းအပေါင်းဖြင့် ပြည့်စုံပါစေ...

flowerpoem said...

Happy Birthday ကိုမြစ်ကျိုးအင်း
မွေးနေ့မှာပျော်ရွင်မှုအပေါင်းနဲ့ပြည့်စုံပါစေရှင်

မလိခ said...

Happy Birthday ပါ ကိုမြစ်ကျိုးအင်း...
ပျော်ရွှင်မှုတွေနဲ့ ပြည့်ဝနေတဲ့ နေ့ရက်တွေပိုင်ဆိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်..

ကိုလူထွေး said...

အစအဆုံးသေချာဖတ်သွားတယ်...
ငယ်ဘဝကိုဖတ်ရတော့လဲ ထပ်တူကြေကွဲရပြန်တယ်...
ရဲသွင်သီချင်းစာအုပ်သွားဝယ်ပေးခဲ့တဲ့
အကိုလုပ်သူကိုလဲ ခင်မိတယ်...

မွေးနေ့ အတွက် ကောင်းမွန်ကြီးမြတ်တဲ့ ဆုတွေ တသီကြီး တောင်းပေးလိုက်ပါတယ်...

စာကောင်းပေမွန်တွေလဲ တသီတတန်းကြီး ဆက်ရေးနိုင်ပါစေ

yehtutnaung said...

ကိုမြစ်ကျိုးအင်းရေ.. Happy Birthday ပါဗျာ။ မွေးနေ့ မှာ အမေ့အကြောင်းတွေ ရေးထားတာ ကျွန်တော်တောင် အမေ့ကို သတိရသွားတယ်။ မွေးနေ့ မှသည် စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့  ဘ၀ ခရီး ဆက်နိုင်ပါစေဗျာ။

Unknown said...

Bro,
Happy Brithday!
i do adore you and your mother. I am also Mom's boy.
I deeply hope your dream come true. Waiting for your good posts ever.

မငုံ said...

ပျော်ရွှင်ဖွယ်မွေးနေ့ရက်ကလေးဖြစ်ပါစေလို့ ဆုတောင်းသွားပါတယ်။

Sein Lyan Tun said...

အကိုရေ...
အမေကိုချစ်တဲ့သားချင်းတူတူ
ခံစားချက်တွေတူနေမယ့်အတွက်
ဒီခံစားချက်ကို ထပ်ပြီးရင်မဖွင့်တော့ဘူးနော်
ဒါပေမယ့်
အကိုရဲ့ မွေးနေ့လေးကိုတော့
ဆုတောင်းပေးခဲ့မယ်
အကိုတစ်ယောက် ယနေ့ယခုမွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာ မပူမပင် မတောင်းမတပဲ
ကျမ်းမာချမ်းသာစွာ ဘဝလမ်းခရီးကို ချစ်တဲ့သူနဲ့လျှောက်လှမ်းနိုင်ပါစေလို့
အမြဲတမ်းပျော်ရွှင်ပါစေ
ခင်မင်လေးစားစွာဖြင့်
ဖိုးစိန်

sweetpeony said...

မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာ ချစ်သောချစ်သူကို လက်တွဲကာ ချစ်မေမေနားတွင် စောင့်ရှောက် ကျေးဇူးဆပ်နိုင်ပါစေ။

WWKM said...

HAPPY BIRTHDAY TO U. :D

Anonymous said...

မွေးနေ့မှ စပြီးပျော်ရွှင်ချမ်းမြေ့သောဘ၀တစ်ခုကိုပိုင်ဆိုင်နိုင်ပါစေ
အခက်ခဲဟူသမျှကျော်လွှားနိုင်ပါစေအကို..ပျော်ရွှင်ဖွယ်မွေး
နေ့လေးဖြစ်ပါစေ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

Anonymous said...

မွေးနေ့လေးမှာ အမေကို အမှတ်တရလွမ်းနေတယ်ပေါ့။
အမေတွေမှာ သားသမီးရဲ့တုန့်ပြန်မေတ္တာ က အလိုအပ်ဆုံးပါ။ ကိုမြစ်ကျိုးအင်းရဲ့မေမေ ၀မ်းသာကြည်နှုးမှာပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ ဆုမွန်ကောင်းတောင် လျှက်...

Anonymous said...
This comment has been removed by the author.
ကြယ်သောကြာ said...

brother
ရင်တွင်းအနက်ရှိုင်းဆုံးနေရာက လာတဲ့ ခံစားမှုနဲ့ စကားလေးတစ်ခွန်းပဲ ပြောပါရစေ
"ငြိမ်းအေးသော ဘဝ များ ဖြစ်ပါစေ"

thumalay said...

Happy Birthday!!!!
မွေးနေ့မှာပျော်ရွှင်ပါစေရှင်။

နေလင်း said...

ညီလေးမြစ်ကျိုးအင်းရေ...

မွေးနေ့မှာ ပျော်ရွှင်ပါစေ... လိုအင်ဆန္ဒတွေလဲ ပြည့်ပါစေနော်...

အသက်သိပ်မကွာဘူး.. ခြောက်လတိတိပဲ ကြီးတယ်.. ဟဲဟဲ..

ခင်မင်လျက်..

စိတ်စမ်းရေ said...

ခမ်းနားလှပသော မွေးနေ့ပွဲလေးပါပဲ....။
ဝင်ရောက်ပျော်ရွင်သွားပါတယ်.....။

မိုးစက်အိမ် said...

မွေးနေ.မှာပျော်ရွှင်ရသလိုမျိုး ဘ၀ရက်စွဲတိုင်းမှာ
ပျော်ရွှင်နိုင်ပါစေလို.ဆုတောင်းပါတယ်အကို...
ချစ်သောသူနဲ. ကွေကွင်းရတဲ.ဘ၀ ကလွဲပြီး
သက်ထက်ဆုံး ပေါင်းဖက်ရပါစေလို. ဆုတောင်းပေးပါ
တယ်အကိုရေ... Happy Birthday ပါ

LeisureFamily said...

ကိုကျိုး
ကျနော့်အိမ်မှာ မွေးနေ့လက်ဆောင် လာယူပါ။
ကျနော် ကိုကျိုးကို မွေးနေ့ လက်ဆောင်ပေးထားတယ်။
ချစ်ညီမ
ဇော်။

thondrae said...

အဟား==ကြိုက်၏ အေ၇းသားခိုက်သည်== အမေကိုချစ်သော ချစ်သူကိုချစ်သော သူငယ်ချင်းကိုချစ်သော မိတ်ဆွေကိုချစ်သောမင်းလေးကိုဆုတောင်းပေးပါတယ် စိတ်ရှိကိုယ်ပါလိုအပ်သည်များပြည့် စုံပါစေ မင်းလေးသူတို့ ပေါ်ထားတဲ့ မေတ္တာလိုမျိုး သူတို့ ရဲ့ မေတ္တာသည်လည်းမင်းလေးပေါ် အစဉ်သဖြင့ှ်မွှန်းထုံပါစေ များစွာသောချစ်ခြင်းမေတ္တာဖြင့်  အကို thondrae

ဇော် said...

ကိုကျိုး
ကျနော် လိပ်စာမှားပြီး ၀င်ပေးမိထားတယ်။ ကျနော့်အိမ်နော် ကိုကျိုး။
ကိုကျိုးအတွက် မွေးနေ့လက်ဆောင်ကို နံနက်အစောကြီးထပြီးရေးထားရတာ။ အဟဲ။
လာယူပါဗျာ။
ချစ်ညီမ
ဇော်။

ဝေလေး said...

ပျော်ရွှင်သာယာသော ဘဝလေးကို ပိုင်ဆိုင်နိုင်ပါစေ... ချစ်သောမေမေနဲ့လည်း ပြန်လည် ဆုံတွေ့နိုင်ပါစေနော် အစ်ကို....

kaungkinpyar said...

မွေးနေ့ ဆုတောင်းလေး ပေးဖို့ နောက်ကျနေတဲ့ အတွက် စောတီးပါ မောင်လေးရေ၊ အမေကို မွေးနေ့မှာ လွမ်းနေတဲ့ မောင်လေး ၊ ချစ်သူကို ချစ်တတ်လွန်းတဲ့ မောင်လေး ဆုတောင်းတွေ အားလုံးပြည့်ပါစေလို့

KTz said...

Happy Birthday!!!

ဆည်းဆာသံစဉ် said...

ကိုကျိုးရေ...လာဖတ်သွားတယ်ဗျာ...ဖြတ်သန်းလာခဲ့တဲ့ ဘ၀တွေအကြောင်း ရေးထားတာ တော်တော်လေးကောင်တယ်ဗျာ...။ လာတာတော့နောက်ကျသွားတယ်..။ ဒီမွေးနေ့ မှစ ချစ်ခင်ရသောသူများနှင့် ထာဝရ ပျော်ရွှင်နိုင်ပါစေဗျာ...။

chitpalone said...

သမီးတောင်းတတ်သလိုပဲတောင်းတော့မယ်နော်။ ဘုရားသခင်ကောင်းချီးပေးပါစေဗျာ။ အကို့အမေရော အကို့ချစ်သူရောပါ။ အကို့ကိုအားကျလိုက်တာ။ အကို့လိုအမေမျိုးလိုချင်လိုက်တာ။ ပါးလုံးမျက်ရည်တောင်ကျမိပါတယ်။ အကို့အမေကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ။ မြန်မြန်လည်းပြန်တွေ့နိုင်ပါစေ။ ချစ်တဲ့သူနဲ့လည်း ရာသက်ပန်ရိုးမြေကျ ပေါင်းရပါစေ။ ညီမလေးပါးလုံး

သူကြီးမင်း (တုံးဖလား) said...

အော်.. မွေးနေ့တောင်ရောက်ပြီကိုး။ မွေးနေ့ဟင်းလျာလေးကို အမေ့မေတ္တာတွေနှင့်ဖြည့်စွက်ပေးလိုက်တော့ ပိုအရသာရှိသွားတာပေါ့။ တကယ်ကို ရသမြောက်ပါတယ်။ ဖတ်လို့လဲ တကယ်ကောင်းပါတယ်။ မွေးနေ့မှာ ပျော်ရွှင်ပါစေဗျာ။ ကိုမြစ်ကျိုးရဲ့  အမေလဲ အမြဲတမ်း ကျန်းမာချမ်းသာပြီး ကြည်နူးမှုအများကြီးရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

khin oo may said...

22 May 09, 06:20
kom: happy birthday

ကိုညီမင်း said...

နောက်ကျနေပြီလား မသိဘူး
မွေးနေ့မင်္ဂလာဖြစ်ပါစေဗျာ...လိုအင်ဆန္ဒများနဲ့လည်း
ပြည့်စုံပါစေ...

ဖိုးသူ said...

ဟေ့ကောင်သက်ပိုင်......မင်းရဲ ၂၈ နှစ်မြောက်မွေးနေ့မှာလိုအင်ဆန္ဒတွေ..အားလုံးပြည့်ဝပါစေလို့ငါဒီကနေဆုတောင်းလိုက်တယ်ကွာ။
ငါမှားခဲ့တာတွေ Foul ခဲ့တာတွေရှိခဲ့ရင်လည်း
ခွင့်လွှတ်ကွာ။လူဆိုတာအမှားနဲ့မှမကင်းနိုင်တာ....ငယ်ငယ်လေးတည်းက တစ်မြို့တည်း တစ်လမ်းတည်း တစ်ကျောင်းတည်း ၂အိမ်၁အိမ်လိုနေလာခဲ့ကြတာ....သောကြာသားချင်းတူတူ မင်းကျောကုန်းမှာ မှဲ့ရှိသလိုငါ့ကျောကုန်းမှာရောလေကွာ...
မှတ်မှတ်ရရ ၁ခုပြောရရင်ငါ tokyo မသွားခင်က မင်းငါ့အတွက်စွန်းစားမှု ၁ခုလုပ်ပေးခဲ့တယ်လေ......ရှမ်းကိုးမီးကစားနေတဲ့မင်းကို ငါရေးကြီးသုတ်ပြာလာခေါ်တော့ မင်းမှာ လိုင်စင်မရှိဘဲ
မင်းယောက်ဖဆိုင်ကယ်လေးနဲ့သံလျှင်ကနေ စမ်းချောင်းကိုအချစ်မီးမွှန်ထူနေတဲ့ ငါ့ကိုစွန့်စွန့်စားစားကူညီခဲ့တာလေးကို ငါ့မျက်စိထဲကဒီနေ့ထိထွက်ကိုမထွက်ဘူးဟ
ဒီကြားထဲပြဿနာအမျိုးမျိုးတက်လိုက်သေးတယ်
ရှုခင်းသာနားမှာဘဲဥချီးထုတ်ကားလှမ်းတားတော့
ရပ်ပေးမလိုလိုနဲ့မောင်းပြေးလိုက်သေးတယ်
အရမ်းရင်ခုန်ဖို့ကောင်းတယ်နော်။
ဟီးဟီးငါတော်တော်ဆိုးခဲ့တာနော်.......ပိုင်ကြီးရာတွေးလိုက်ရင်အဖြစ်အပျက်တွေကို
မနေ့ကလိုပါဘဲကွာ။
ဘာလိုလိုနဲ့တို့တွေတောင်၃၀နားနီးပြီး
လူကြီးတွေဖြစ်နေကြပြီနော်....မင်းနဲ့ငါဘယ်သူအရင်မိန်းမရမလဲ....
home jail အရင်ကြမလဲဘဲကျန်တော့တယ်..မင်းကံကောင်းပါစေသက်ပိုင်ရာ.....
ငါ့ရဲ့ ဒုက္ခတွေအားလုံးကိုသူငယ်ချင်းကောင်းပီသစွာနဲ့
ကူညီပေးခဲ့တဲ့မင်းကံကောင်းမှာပါ....ဘုရားတရားသံဃာကိုလည်းမမေ့၊
မိဘကိုလည်းလုပ်ကျွေးနေတဲ့လူရိုးလေးကို
ဘယ်မိန်းမကမယူချင်ဘဲနေမလဲ..
ဟီးဟီး..ဒါပဲကွာ...လက်ညောင်းတယ်ဟ......နောက်မှဆက်ရေးအုံးမယ်......မင်းအချစ်ဆုံးလေးနဲ့အဆင်ပြေပါစေကွာ...မော B .. လက်ညောင် B ဟ။

သီဟသစ် said...

ကိုပိုင်ရေ..

ံHappy Birthday ဗျာ...

ပျော်ရွှင်စရာကောင်းတဲ့ စာမျက်နှာ ပေါင်းများစွာ နောက်ထပ် ဖတ်နိုင်ပါစေဗျာ...

ခင်မင်စွာဖြင့်
သီဟသစ်

mgnge said...

ကို မြစ်ကျိုးအင်းရေ
ကျွန်တော် တကယ် မသိခဲ့ဘူး ဗျာ...အကို့ မွေးနေ့ ရှိနေတယ်ဆိုတာ...။
ကျွန်တော်လည်းနောက်ကျမှ သိခွင့်ရတာတွေများနေပြီ..။ ပထမရက်တွေကရောက်လာပေမယ့်... တကယ်ရက်ကျတော့ မရောက်ဖြစ်ဘူး..။

ဘာပဲဖြစ်ဖြစ် မွေးနေ့ မှာ အမေချစ်တဲ့သားတစ်ယောက် အစစ အရာ အဆင်ပြေပျော်ရွှင်နိုင်ပါစေလို့ ရင်ထဲ က မေတ္တာအစစ်နဲ့ ဆုတောင်းပါတယ်ဗျာ...။

Happy Birthday to u! ပါ ဗျာ...။

ခင်တဲ့
ညီငယ်

တားမြစ် ထားသော... said...

မွေးနေ့မှာ အမေ့ကိုသတိရပြီး တမ်းတထားတာ အရေးကောင်းတာလား၊ မိခင်မေတ္တာဆိုတာကိုက ဖမ်းစားတာလားမသိဘူး။ ကွန်မန့်ခါနီးမှ မွေးနေ့ကို ပြန်သတိရတော့တယ်။ ၂၈ မှသည် နှောင်နှစ်ပေါင်းများစွာ အောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေဗျာ။

သုခမိန်(E-Journal)

Angelhlaing(May everybody be happy and healthy! said...

ခံစားချက်တွေမို့ ထင်ပါရဲ့..
မိန်းမောခဲ့ရတယ်။ဘာလိုလိုနဲ့
မေ(၂၂)ပြန်ရောက်တော့မယ်အကို..

 

Posts Comments

©2006-2010 ·TNB