သူငယ်ချင်း....(၂)

09 May 2009

သူငယ်ချင်းတွေ အကြောင်း ဖော်ကောင်လုပ်မယ်လို့ စဉ်းစားထားပေမယ့် တစ်ယောက်အကြောင်းပဲ ရေးဖြစ်ခဲ့တယ်...။ထပ်ရေးဘို့ အခါအခွင့် မသင့်သေးတာလည်း ပါတယ်လေ..။
ဒီတခါ အလှည့်ကျတဲ့သူက ကျွန်တော်ရဲ့ အချစ်ဆုံး သူငယ်ချင်းပါ...။

ဒီကောင့်နာမည်က ငဖြိုး .....။ကျွန်တော်ရဲ့ ငြင်းဖော်ငြင်းဘက်...။
အကြောင်းအရာ တခု စလိုက်တာနဲ့ ကျွန်တော်တို့ နာရီနဲ့ချီပြီး ငြင်းရပြီ...။

သူက စိတ်ထားကောင်းတယ်..။အနစ်နာ ခံချင်စိတ် ရှိတယ်...။ဘာပြောပြော သီးခံပေးတယ်..။
အဲဒီတော့ တချို့သူငယ်ချင်းတွေက ဒီကောင့်ကို တင်တင်စီးစီး ဆက်ဆံချင်တယ်....။

ဒါပေမယ့် ငဖြိုးက သူ့ကို ဆက်ဆံချင်သလို ဆက်ဆံ ဂရုကို မစိုက်တာ..။သူလည်းပြောချင်တာပြောမယ်..။
သူ့ကိုလည်းပြောချင်တာပြော စိတ်ထဲမထားဘူး..။နေတာထိုင်တာလဲ တကယ်ကို ပေါ့ပါးတယ်..။

ကျွန်တော်တို့ ကျောင်းဘေးမှာ ကျိုက်ဗောဓိ ဘုရားရှိတယ်..။ကျွန်တော်တို့တွေ ကျောင်းပြေးပြီး အဲဒီဘုရားပေါ်မှာသွားထိုင်လေ့ရှိတယ်..။ဒီကောင်က အရိပ်ကောင်းကောင်းရတဲ့ ရင်ပြင်တော် တနေရာမှာ ဖုန်တောင်သေသေချာချာ မခါပါဘူး အိပ်လိုက်တာနဲ့ ၅ မိနစ်အတွင်း အိပ်ပျော်တာပဲ..။အဲဒီလောက်ကို စိတ်ကိုပေါ့ပေါ့ပါးပါး ထားတဲ့ကောင်...။

ဒီကောင်နဲ့ စခင်တာ ၇ တန်း ရောက်မှ...။ကျွန်တော်သိတဲ့အချိန်မှာ သူက အတန်းရဲ့ ခေါင်းဆောင် ...
မော်နီတာ ဆိုပေမယ့် သူ့ကိုလည်း ဘယ်သူမှ မကြောက်ကြဘူး..။ဒီကောင်ကလည်း ဒီကောင်ပဲ ဆရာမ မရှိရင်
ကြိမ်လုံး ကိုင်ပြီး အတန်းထဲမှာ လှည့်ပါတ်နေတာ...။

ကျောင်းသားတွေ သူတို့ဘာသာ ငြိမ်နေရင်လည်း ကြိမ်လုံးနဲ့ ခုံတခုံပေါ်ကို တဖြန်းဖြန်း ရိုက်ရော...။
အဲဒါဆို အားလုံးလန့်ပြီး ဒီကောင့်ကို အော်ကြဟစ်ကြ ဆူညံကုန်ကြတာပဲ..။မိန်းခလေးတွေရဲ့ အချစ်တော် ဆိုပါတော့..။သူ့တွေ့ရင် ကောင်မလေးတွေ မျက်စောင်းထိုးကြတယ်...။မကြားတကြား ငြူစူကြတယ်..။

ဒီကောင့်ရဲ့ မော်နီတာ သက်တမ်းက ၇ တန်းစတက်ပြီး တလလောက်မှာ ကုန်တာပါပဲ...။
ကျောင်းတက်လို့ တလလောက်နေတော့ အတန်းပိုင်ဆရာမက နည်းနည်းရိပ်မိလာတယ်နဲ့ တူပါရဲ့...။
ပထမဆုံး ကျောင်းတက်ချိန် မှာ ကျောင်းသားအားလုံးကို မေးတယ်..။
ဒီအတန်းခေါင်းဆောင်ကို သဘောကျရဲ့ လားဆိုပြီးမေးတယ်..။

အားနာတာ ပါသလို ကိုယ်ကြောင့် ဖြစ်မှာလည်း စိုးတော့ ဘယ်သူမှ သဘောမတူဘူး မပြောကြဘူး..။
ငြိမ်နေကြတယ်..။အဲဒီမှာ ကောင်မလေးတယောက်က မတ်တပ်ထရပ်ပြီး ဒီမော်နီတာ ကို လဲပေးပါဆိုပြီး ထတောင်းဆိုတယ်..။

ကျွန်တော်ရယ် အဲဒီကောင်မလေးရယ် ငဖြိုး ရယ်က အဲဒီနှစ်ရောက်မှ တယောက်ကို တယောက် စပြီး တွေ့ဖူးကြတာ..။ကျွန်တော်က ၇ တန်းမှာ အဆိုးလွန်ပြီး စာမေးပွဲကျလို့ အဲဒီနှစ်က ပြန်တက်ရတာ..။

အဲဒီကောင်မလေးက ၆ တန်းအောင်တော့ ကျောင်းထွက်ပြီး နိင်ငံခြားမှာ စာသွားသင်တယ်။
နှစ်နှစ်လောက် နေတော့ မြန်မာပြည်မှာ ၇တန်း လာပြန်တက်တာ..။
ငဖြိုးနဲ့ တတန်းလုံးက ၆တန်းထဲက အတူတူတက်လာတာ..။

ဒီမိုကရေစီ နိင်ငံက ပြန်လာတဲ့သူဆိုတော့ မကြိုက်တာကို မကြိုက်ဘူး ထပြောလိုက်တာ ငဖြိုးလည်း
အတန်းခေါင်းဆောင် ဘ၀က ပြုတ်သွားတာပါပဲ..။မကြိုက်တဲ့ အချက်တွေကို ပြောပြတော့ ဆရာမက လက်ခံတယ်..။

ဒီကောင်မလေးပြောတာ မှန်လားလို့ တတန်းလုံးကို မေးတော့ ကျန်တဲ့ကောင်မလေးတွေက လက်ထောင်ပြပြီး
သဘောတူကြောင်း ပြောတာနဲ့ ငဖြိုးလည်း ကြိမ်လုံးကိုင်တဲ့ ဘ၀ကနေ နန်းကျသွားတော့တယ်..။

ငဖြိုးကတော့ မလုပ်ရအေးတာပဲ ဆိုပြီးတောင် ပြန်ပြောလိုက်သေး..။
အဲဒီ့နှစ်ကစပြီး ငဖြိုးနဲ့ ကျွန်တော်သူငယ်ချင်း ဖြစ်သွားတာ ၉ တန်းနှစ်လောက်ရောက်တော့
အခင်ဆုံးသူငယ်ချင်းတွေ ဖြစ်သွားတော့တယ်..။
ညဘက်တွေ တော်တော် များများ ငဖြိုးက အိမ်မှာလာအိပ်တယ်..။

ကျွန်တော့် အမေကို အမေလို့ ခေါ်ပြီး ကျွန်တော့်အဖေကိုလည်း အဖေလို့ ခေါ်တဲ့အထိကို မိသားစုဝင်တပိုင်း
ဖြစ်လာတော့တယ်..။သူ့အိမ်လိုက်လည်ရင် ကျွန်တော်တို့တွေ စိတ်ညစ်ရတယ်..။
သူ့ခြံထဲဝင်တာနဲ့ သူ့အဒေါ်တွေရဲ့ ငဖြိုးကို ၀ိုင်းအော်သံကို ကြားရပြီ...သူ့အဒေါ်တွေ အပြစ်မဟုတ်ဘူးဗျ..။

ဒီကောင်က အိပ်နေတဲ့ ကလေးလည်း သွားနိုးရင် နိုးတာမျိုး
သူများအတွက် ချန်ထားတဲ့ ဟင်းကို သိသိနဲ့ ယူစားတာမျိုး ၊ ပွဲဆူအောင် တမင်သက်သက် လုပ်တာ ဆိုတော့ အော်တာလည်းမဆန်းဘူးပေါ့။

ပထမဆုံးနေ့ သူ့အိမ်သွားလည်တုန်းက သူ့အကိုကို သူ့ဦးလေးထင်ခဲ့ဖူးတယ်..။သူ့အကိုက သူ့အမေနဲ့ စကားပြောရင်“အမ ကျုပ်ပြောတာက အဲ့ဒီ့သဘောမဟုတ်ဘူး” ပြောတော့ သူ့ဦးလေးထင်မိတာပဲ..။
သူတို့တွေက အမေကို အမလို့ ခေါ်တတ်တဲ့ အညာသားတွေမှန်း နောက်မှသိတာကိုး...။

သန်လျင်ကို ငယ်ငယ်ထဲက ရောက်နေတာဆိုတော့ အညာလေ ပျောက်သွားပြီ..။

သူတို့အိမ်သွားလည်ရင် ခရမ်းချဉ်သီးမွှေထားတာ တအိုးနဲ့ ငံပြာရည်ချက်က အမြဲတမ်းလိုလိုရှိတယ်..။
အဲဒီနှစ်မျိုးနဲ့ ထမင်းစားရတာ ကျွန်တော်ဆို သူတို့ အညာလေနဲ့ ပြောရရင် အနန်ဝင်(အင်မတန်ဝင်)တာပဲ..။
ဘယ်လောက်ကြိုက် သလဲဆို အိမ်မှာပြန်ချက်ခိုင်းရတဲ့ အထိကို ကြိုက်သွားတော့တယ်..။

၁၀ တန်းပြီးတော့ ငဖြိုးတို့ မိသားစု ရန်ကုန်ပြောင်းသွားတယ်..။ပုဇွန်တောင် စာတိုက်နားမှာ နေကြတယ်.။
တရက်ဒီကောင် ကျွန်တော့်အိမ်လာလည်ပြီး ပြန်တော့ ကျွန်တော့အမေက တောင်ကြီးမှာ နေတဲ့ ကျွန်တော့်အမဆီစာထည့်ဘို့ လူကြုံပေးလိုက်တယ်..။
ပုဇွန်တောင် စာတိုက်က ထည့်ရင် ပိုပြီးမြန်မြန် ရောက်မလားဆိုပြီးတော့ငဖြိုးနဲ့ ထည့်ခိုင်းလိုက်တာလေ..။

သုံးလေးရက်နေလို့ ဒီကောင် အိမ်ကို လာလည်တော့ အဲဒီစာက ပြန်ပါလာတယ်..။
ကျွန်တော့်အမေက ငဖြိုးနင် စာထည့် မပေးသေးဘူးလား မေးတော့ ဒီကောင်က ထည့်လို့မရဘူး အမေရ
စာတိုက်ပုံးက သော့ခတ်ထားလို့ ပြန်ယူလာရတာ ဆိုပြီးအဖြေပေးတယ်..။

နောက်တာ မဟုတ်ဘူး တကယ်ကို စာတိုက်ပုံးသော့ခတ်ထားရင် ထည့်လို့မရဘူး ထင်တာ..။
ဘေးဘက်မှာ အပေါက်ရှိမှန်း မသိတာလည်း နေမှာပေါ့..။
အဲဒီလိုကောင်မျိုးဗျ...။သိရင်လည်း သူ့လောက်မရှိဘူး...တုံးတဲ့အခါဆိုလည်း အဲဒီလိုကို ဝေး တဲ့ကောင်..။

အိမ်မှာဆို ပြောစမှတ်ကို တွင်လို့...။နောက်ထပ် စာထည့်ခိုင်းတော့ ဘေးဘက်မှာ အပေါက်ရှိတယ်နော် ..။
သော့ခတ်ထားလည်း အဲဒီဘေးက ထည့်လို့ ရတယ်လို့ သင်ပေးပြီး စာထည့်ခိုင်းရတယ်..။

(သူငယ်ချင်း ငဖြိုးသို့ အမှတ်တရ...)
...............................................................................................................................................

ပြောဘို့ မေ့တော့မလို့ ...ဗျာ

၇ တန်းမှ စတွေ့ဖူးတဲ့ ငဖြိုးက ကျွန်တော့်ရဲ့ အခုထိ အချစ်ဆုံး သူငယ်ချင်းဖြစ်လာသလို..

ငဖြိုးကို မော်နီတာ ဘ၀က အပြုတ် ဖြုတ်ချခဲ့တဲ့ ကောင်မလေးက ကျွန်တော့်ရဲ့ အချစ်ဆုံး ချစ်သူ ဖြစ်လာတယ်...

ကျွန်တော့်ချစ်သူရဲ့ အခင်ဆုံးသူငယ်ချင်းက သူအမြင်ကပ်ခဲ့တဲ့ ငဖြိုးဖြစ်လာတော့တယ်...။



31 comments:

မြူးသျှရီ said...

ဟေးးးးးးးးးးးးးးးးးး
ပထမ

Anonymous said...

ကောင်းတယ် အကိုရေ၊ပေါ့ပေါ့ပါးပါးလေးနဲ့ ကို ကောင်းတာ အားပေးလျက်ပါ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

မြူးသျှရီ said...

အခုမှသွားဖတ်မယ်

ကြယ်ပြာ said...

မြစ်ကျိုးအင်းရေ ...

ငဖြိုးဆိုလို့ စိတ်ဝင်တစားဖတ်သွားပါတယ် .. အစ်မ မောင်လေးကိုလဲ အစ်မက ငဖြိုးလို့ခေါ်တာလဲ ... ဖတ်လို့ကောင်းပါ .. နောက်လဲ သူငယ်ချင်းတွေအကြောင်းရေးပါဦးနော ....

မြူးသျှရီ said...

အင်းးးးးးးးးးးးးးးးး
ကြော်ငြာတွေက၀င်လှချည်လား
သိနေတယ်လေ....တယောက်2
ကများ.........လာာကူနေလို့ လား
ခဏခဏပြေားပြနေတာ...
ဟိးးးးးးးးးးးးးးးးးးးးးစတာနော်
စိတ်ဆိုးနဲ့ .ဟင်းချက်ရင်အရင်ဦး
ဆုံးလာကျွေးမယ်သိလား?
ဖတ်လို့ ကောင်တယ်

Anonymous said...

အမ်......... ဒါဆို သူက သော့ခတ်ထား၇င် သုံးမရဘူးထင်တာပေါ့။ သူငယ်ချင်း အတင်းပြောတာတောင် စိတ်မဆိုးအောင် ပြောတတ်တယ်နော်။ ဟီးဟီး
စတာ

ခင်မင်လျှက်
မေတ္တာရောင်ပြန်

Ree Noe Mann said...

တော်တယ် ကို မြစ်ကျိုးအင်း ရေ
ရေးတက်တယ်.
ဖတ်လိုကောင်းအောင်လည်းရေးတက်တယ်။
သူငယ်ချင်းသုံး ကို မျောနေပါ့မယ်.

ခင်တဲ့
Ree Noe

Ko Boyz said...

စာအရေးအသားကို သဘောကျမိပါတယ်ဗျာ...။
ဟဲလ်မင်းဝေး ပြောခဲ့တယ် ထင်ပါ့...။
အဆုံးသတ်လေးကို ပလို့ဂျိ ဆိုပြီး ချသွားတာလေး သဘောကျမိကြောင်း ထပ်လောင်း ပြောပါတယ်...။

kaungkinpyar said...

အယ် ရေးထားတာ ကြော်ငြာလေးက ပိုကောင်းနေသလိုလိုပါလား

ကွာစေ့လေး said...

ဟိုင်း........

စာစဖတ်တဲ့ အချိန် က ... အစချီတာ... တော်တော်ရှည်တာပဲလို့ တွေးနေတာ......... ပြီးတော့မှပဲ ပေါက်သွားတော့တယ်......... ကောင်း၏ .... ဆက်ရေးပါ... အားပေးလျက်....

thawzin said...

သြော်ရာ ...
အဲဒီလိုကို.... အကိုကိုလဲချစ်သူရာထူးကအဖြုတ်မခံရစေနဲ့အုံးဗျ

ဇော် said...

အလုပ်က ပြန်လာလာချင်း တူးအာဝါစ် အဂိုးဆိုလို့ ပြေးလာလိုက်တာ ဒီရောက်တော့ ကိုယ့်ထက်စောနေတာ ၁၁ယောက်တောင်ပါလားနော်။ ဟင့်။ ဘယ်တော့များမှ မိဇော်အရင်ဆုံးဖြစ်မှာပါလိမ့်။ တွေးမိရင် ရင်ထဲမှာ... မကောင်းဘူး။ ဟင့်။

Phyo Maw said...

စာလာဖတ်တဲ့ pm က ယောက်ဖလေး ဖြစ်လာတယ် ဟင် ဟုတ်သေးပါဘူး လွဲကုန်ပြီ
သူငယ်ချင်းအကြောင်းတွေ အကြောင်း ဖတ်ရတာ အရသာရှိတယ်။ ပြန်စဉ်းစားမိတယ်။
ဟိဟိ :D
pm ဘာမှမသိ။

ချစ်ပါးလုံး said...

အရမ်းကောင်းတယ်ဗျာ။ ကြော်ငြာကလည်းဝင်လိုက်သေးတယ် အဟိ ပျော်ရွှင်ပါစေ။

thondrae said...

သိပ်ကြိုက်အရမ်းမိုက် တအားခိုက်ဘာလေးရေးရေးဖတ်ရတာသဘောကြတယ်ဗျာ သူများတွေဘာပြောပြောကိုယ်ကတော့ ကြိုက်ပြီးသားဘဲ

အိုက်ခီလောက် said...

အင်းအားရပါးရဖတ် သွားပါတယ် ငယ်ဘဝ အမှတ်ရစရာလေးတွေက ခုချိန်မှာ တစ်ကယ်ကို အမှတ်တရဖြစ်စရာပဲနော် ကိုကျိုးရေ အားပေးလျှက်ပါ

ကိုညီမင်း said...

နှစ်ခေါက်ပြန်ဖတ်ဖြစ်တယ်..။ပြောချင်တဲ့ အကြောင်းအရာလေးကို ငြင်ငြင် သာသာ ပေါ့ပေါ့ပါးပါး ဆွဲခေါ်သွားတာပဲ..။ကမ္ဘာကျော်စာရေးဆရာ တောင် အဆစ်ပါသွားသေးတယ်..။ဖတ်လို့ကောင်းတာတော့ အမှန်ပဲ ကိုယ့်လူရေ

ဆည်းဆာသံစဉ် said...

ကျနော်ကတော့ မော်နီတာဆို တော်တော်လေးကို အမြင်ကတ်တာ...သူ့ ဟာသူ ဘ၀င်မြင့်နေတတ်လို့ ...။ တော်တော်လေးဖတ်လို့  ကောင်းတယ်..။ ဆက်ရေးဗျို့ ..အားပေးနေတယ်..။

မီးမီးငယ် said...

အတော်ဘဲ
အဲငဖြိုးကို စာထည့်ပေးပါလို့ အကူညီတောင်းခိုင်းရမယ်
း)

ကျွန်တော့ချစ်သူရဲ့ သတ္တိကတော့ ပြောင်မြောက်ပါပေတယ်။
း)

ခမ်းကီး said...

အမှတ်ရစရာ၊ လွမ်းစရာကို ဖတ်ချင်စရာဖြစ်အောင် ရေးတတ်တယ်။
အဆင်ပြေပါစေ...

နွေးနေခြည် said...

အရေးကောင်းလို့ ဖတ်ကောင်းတယ်။
၅မိနစ်အတွင်း အိပ်ပျော်တယ်ဆိုလို့ အတော်ကို စိတ်အေး စိတ်ရှင်းတဲ့လူဖြစ်မယ်ဆိုတာ ပေါ်လွှင်တယ်။
ကိုမြစ်ကျိုးအင်းဆီလာရတာ တယောက်တည်းကို ခင်ခွင့်ရတာမဟုတ်ဘူး။ အကို့ သူငယ်ချင်းတွေနဲ့ပါ ခင်ခွင့်ရလို့ ပျော်စရာကြီး

Anonymous said...

စာတစ်ပိုဒ်လုံးဖတ်လာလိုက်တာ နောက်ဆုံးရေးပြသွားတဲ့ link ချိတ်ပြသွားတာလေးကိုတော့ သဘောအကျမိဆုံးပဲ ကိုကျိုးရေ ....

ကိုလူထွေး said...

"ဒီမိုကရေစီ နိင်ငံက ပြန်လာတဲ့သူဆိုတော့ မကြိုက်တာကို မကြိုက်ဘူး ထပြောလိုက်တာ ငဖြိုးလည်း
အတန်းခေါင်းဆောင် ဘ၀က ပြုတ်သွားတာပါပဲ"

ရိုးရိုးလေးရေးထားတာပဲ။ ဒါပေမယ့်သဘောကျတယ်..

flowerpoem said...

ကောင်းတယ်ဗျို့

သူကြီးမင်း (တုံးဖလား) said...

ကိုမြစ်ကျိုးတို့ကတော့ ရေးလိုက်ရင် ကွက်တိချည်းဘဲ။ တစ်ကြောင်းလေးမှ ကျော်ဖတ်လို့ မရဘူး။ စာကြောင်းတိုင်း ရသပါနေလို့။ ဒါကြောင့် နာမည်ကြီးနေတာဖြစ်မယ်။ ဂုဏ်ယူပါတယ်။

တားမြစ် ထားသော... said...

(ကို)ငဖြိုးအကြောင်းက ဖတ်ကောင်းသလို ပစ်ချက်ကလည်း တယ်ထိသကိုး။

သုခမိန်(E-Journal)

ပန်းခရမ်းပြာ said...

>>>ငဖြိုးကို မော်နီတာ ဘ၀က အပြုတ် ဖြုတ်ချခဲ့တဲ့ ကောင်မလေးက ကျွန်တော့်ရဲ့ အချစ်ဆုံး ချစ်သူ ဖြစ်လာတယ်<<<
ချစ်သူကို ကြွားချင်တာနဲ့ ငဖြိုး အကြောင်း ရေးချင်တာများလား။
နောက်ပို့စ်မှာ ချစ်သူအကြောင်း ရေးပါဦး။

ကျော်သူလေး said...

ဟုတ်တယ်ဗျ..ချစ်သူအကြောင်းလေးလည်း ရေးပါအုံး
တစွန်းတစ ညွှန်းနေတာနဲ့တင် စပ်စုချင်စိတ်ဖြစ်နေတာ..
သူငယ်ချင်းအကြောင်းတွေလည်း ထပ်ရေးပါအုံးဗျာ..။
ဖတ်လို့ကောင်းတယ်.။

ဖြိုးဇာနည် said...

စာကြွင်းလေးကတော့ goodတယ်ဗျာ့
ကောင်မလေး ဟေးဟေ့း

စိတ်စမ်းရေ said...

စာကြွင်းလေးကို သဘောကျတယ်...။အားပေး
လျှက်ပါ...။

Anonymous said...

အာ..ဟာ ..တယ်ဟုတ်ပါ့ဗျာ... ထူးဆန်းပါပေ့
တွေချည်းပါပဲဗျာ။

 

Posts Comments

©2006-2010 ·TNB