ကျေးဇူးကြီးပေ....

12 June 2009

တခါတလေ ကိုယ့်ဘ၀က အနှိမ်ခံခဲ့ရတာ ပင်ပန်းလိုက်တာလို့ ညည်းညူ မိတယ်...။ ဒါဟာ တော်တော် ရှက်ဘို့ကောင်းတဲ့ ယောကျာင်္းမပီသ မှုပါပဲ...။ ကိုယ့်ထက် အများကြီး နိမ့်ကျခဲ့တဲ့ သူတွေ ရှိခဲ့တယ်..။ အခုရှိနေသလို နောင်လည်း ရှိနေအုံးမှာပါပဲ...။ကျွန်တော် အနီးကပ်ဆုံး မြင်ခဲ့ရတဲ့ သူအကြောင်း ပြန်ပြောပြ ချင်ပါတယ်...။အဲဒီသူက ကျွန်တော့်ရဲ့ အနှိုင်းမဲ့တဲ့ ကျေးဇူးရှင် ဖေဖေပါပဲ...။

ဖေဖေ့ရဲ့ ငယ်ဘ၀က မလှပခဲ့ဘူး ဆိုတာနဲ့တင် မလုံလောက်ပါဘူး..။ တော်တော်လေး ကြမ်တမ်းခဲ့ပါတယ်။ ဖေဖေရဲ့ ဇာတိက ပဲခူး ကပါ...။သူ ၁၀ နှစ်သားအရွယ်ရောက်တော့ သူ့အဖေ ကွယ်လွန်သွားတယ် ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်သွားတဲ့ သူ့အမေကို ကြုံရာ အလုပ်နဲ့ ရှာကျွေးခဲ့တယ်...။

သူ ၁၂ နှစ်သားအရွယ်မှာ သူ့အမေက အားကိုးရာ ရှာတဲ့အနေနဲ့ နောက်တပင်ထပ်ထူတယ်..။ အမေ့ကိုချစ်တဲ့ သူဟာ အမေ့ကို ခွဲခွါပြီး အဝေးကို ထွက်သွားတော့တယ်...။တဝမ်းကွဲ ဦးလေးဆီကို သူ့ကို ကြည့်ရှုစောင့်ရှောက်မယ်လို့ ယုံကြည်ပြီးသွားနေတယ်...။ ဒါပေမယ့် ထမင်းတလုတ်က အလကားစားလို့ မရဘူးဆိုတာကို သူ့ဦးလေးရဲ့ လယ်မှာ ၁၂ နှစ်သားခွန်အားလေးနဲ့ ထယ်ထိုးပေးမှ သိခဲ့ရတယ်...။

လယ်ထဲက ပြန်လာတဲ့ ညနေခင်းတွေမှာလဲ ကလေးပီပီ သူမဆော့ခဲ့ရဘူး ၀ါးတွေဖြာပြီး တောင်းတွေ ပလုံးတွေ ယက်ပေးရတယ်..။သူရတဲ့ နားခိုစရာနဲ့ အဟာရ အတွက် သူပြန်ပေးရတာ ပင်ပန်းတယ်လို့ မထင်ခဲ့ပါဘူး..။ဒါပေမယ့် သူက ချွေးစက်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် လုပ်နေခဲ့တာတောင် သူ့ဦးလေးမိန်းမက မကြည်ဖြူခဲ့ပါဘူး..။

ကိုယ့်အပေါ် မကြည်ဖြူမှန်း ခန့်မှန်းတတ်တဲ့ အရွယ်ဆိုတော့ ၆ လလောက်နေတော့ အခြားတနေရာ ထွက်သွားခဲ့တယ်..။ သူ့ဘ၀မှာ လှေထိုးလဲ လိုက်ခဲ့ဘူးတယ်....။သစ်ခုတ်ပြီး ထင်းရောင်းဘူးတယ်။ လက်သမား အဖွဲ့မှာတောက်တို မယ်ရလုပ်ပေးခဲ့ဖူးတယ်...။  ပဲခူးက ကြခတ်ဝိုင်း ကျောင်းမှာလဲ အသက်ဆက်ခဲ့ဖူးတယ်..။ ဘ၀က တော်တော်စုံခဲ့တယ်...။ ငယ်စဉ်ဘ၀က ၃ တန်းကနေ ၅တန်းကို ကျော်တက်ခွင့်ရလောက်အောင် ဥာဏ်ကောင်းခဲ့ပေမယ် ဘ၀ပေး  အခြေအနေရ အတန်းပညာကို ကုန်စင်တဲ့ အထိ တက်ခွင့်မရခဲ့ဘူး....။

(ဒါကကျွန်တော်တို့ကို ဘ၀မမေ့အောင် အမြဲပြောပြတတ်တဲ့ ကျွန်တော့်အဖေရဲ့ ငယ်ဘ၀လေးပါပဲ)

ကျွန်တော်ကမောင် နှမ ၇ ယောက်မှာ ၆ ယောက်မြာက်သားပါ...။ကျွန်တော်သိတတ်စအရွယ်မှာ ဖေဖေဟာပျော်ရွှင်ဖွယ်ကောင်းပြီး စုစည်းညီညွှတ်တဲ့ သာယာတဲ့ မိသားစု ဘ၀ကို တည်ဆောက်ထားနိင် ခဲ့တယ်..။ ဖေဖေ့ရဲ့ အိမ်ထောင်ကျခါစ နေ့ရက်တွေက ရုန်းကန်ခဲ့ရတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းကဆို နွေရာသီကျောင်းပိတ်ရင် အမေ့ဘက်က တော်တဲ့ အဖွားနေတဲ့ ရွာမှာသွားနေရတယ်။


ရှင်းရှင်းပြောရရင် သားသမီးများတော့ မလောက်မငှ စားရမှာစိုးတဲ့ စိတ်ရယ် ကလေးတွေ လွတ်လွတ်လပ်လပ် ကစားရပါစေ တော့ဆိုတဲ့ စိတ်နဲ့ အဘွားရှိတဲ့ ရွာကို ပို့မှန်း အရွယ်ရောက်လာမှ သိတော့တယ်..။ သားမက်နဲ့ယောက္ခမ အဆင်မပြေဘူး ဆိုတဲ့ အယူအဆက ဖေဖေအတွက် မဖြစ်ခဲ့ဘူး...။
ဖေဖေက အလိုက်တသိနဲ့ ရွာသွားလည်တိုင်း ယောက္ခမ အိမ်ကို တောင့်တောင့်တင်းတင်း ဖြစ်အောင် အမြဲလိုလိုပြန်ပြင် ပေးခဲ့တယ်..။ယောက်ဖတွေ ချစ်တဲ့သူလည်း ဖြစ်ခဲ့တယ်..။


ဖေဖေနဲ့ ပါတ်သတ်ပြီး ကျွန်တော်အခုချိန်ထိ အမှတ်ရမိတဲ့ အဖြစ်အပျက်တွေ ရှိတယ်...။ ငယ်ငယ်တုန်းက နွေရာသီ ကျောင်းပိတ်ရက် အဖွားရှိတဲ့ ရွာမှာ သွားနေတော့ နေ့လည်ဘက်တွေ မှာ သာရေကွင်း ပစ်တိုင်း ကစားတယ် သားရေကွင်းကြေး ခေါင်းပန်းလှန် တာ ကျွန်တော်တို့ ရွာရဲ့ထုံးစံပဲ..။

ကျွန်တော့်မှာ သားရေကွင်း မရှိတော့ ဖေဖေ့ကို သားရေကွင်း ၀ယ်ပေးဘို့ လူကြုံမှာလိုက်တယ်..။
နောက်နှစ်ရက် လောက်နေတော့ ဖေဖေကိုယ်တိုင် ရွာပေါက်ချလာရော...။ကျွန်တော့်ကို အနားခေါ်ပြီး ရော့သားအတွက်ဖေဖေ ၀ယ်လာတာ ဆိုပြီး သားရေကွင်း အထုတ်အကြီး ထုတ်ပေးတယ်..။ ဘယ်လောက်မှ တန်ဘိုးမရှိပေမယ့် အဲဒီအချိန်မှာ ကျွန်တော်ပျော်ခဲ့ရတဲ့ အပျော်ကို မကြာခဏ သတိရမိနေတတ်တယ်..။

ကျွန်တော်ကလေးဘ၀က အဖေကို ပိုခင်တွယ်တဲ့ ကလေးဖြစ်ခဲ့တယ်..။ ကျွန်တော် ၅ နှစ်သားလောက်မှာ ဖေဖေတို့ နဲ့ပဲ အတူတူအိပ်တယ်။ အဲဒီအရွယ်မှာ ကျွန်တော်သွေးလွန် တုပ်ကွေး ဖြစ်ခဲ့ဘူးတယ်။ မေမေကတော့ ရိုးရိုးတန်းတန်း ဖျားတယ်ထင်ပြီး အဖျားပျောက်ဆေးတွေ တိုက်ပေမယ့် ကျွန်တော် တနေ့ထက် တနေ့ အခြေအနေ ပိုဆိုးလာခဲ့တယ်...။ 

အဲဒီအချိန်မှာ ဖေဖေက တမူးဘက်သွားပြီး ကုန်ကူးနေချိန်ပေါ့..။ သေဖို့ကံ မပါသေးလို့နဲ့တူပါရဲ့...ကျွန်တော့်အဒေါ် အိမ်ကိုလာလည်ရင်း ကျွန်တော်နေမကောင်းမှန်း သိတော့ အခန်းအပြင်ကို ထုတ်ကြည့်မှ ကျွန်တော့် ခန္ဓာကိုယ်မှာ သွေးလွန်တုပ်ကွေးရဲ့ လက္ခဏာ အနီစက်လေးတွေ အများကြီး ဖြစ်နေမှန်း သိရတော့တယ်..။

ကျွန်တော်တို့အိမ်ရဲ့ ဖေဖေနဲ့မေမေ နေတဲ့ အခန်းက မီးလုံးပဲ ထွန်းထားတော့ အလင်းရောင်က ထင်ထင်ရှားရှား မရှိဘူးလေ.။အဲဒီတော့ အနီစက်ကလေးတွေ ဖြစ်နေတာလဲ မသိဘူး...။ အဒေါ်လည်း ချက်ချင်းပဲ ကားငှားပြီးဆေးရုံ ပြေးတော့တာပဲ..။ဆေးရုံလဲ ရောက်ရော ဆရာဝန်တွေက ဆူတာပေါ့။ နောက်ထပ်နာရီ ပိုင်းသာ နောက်ကျခဲ့ရင် အသက်အန္တရာယ် ရှိတယ်ဆိုပဲ..။

ကျွန်တော့်ကို ဘယ်လိုကုသလဲ မမှတ်မိပေမဲ့ ဓါတ်ဆားရည်တွေ မေမေက နင်းကန်တိုက်တာတော့ မှတ်မိတယ်..။ ကျွန်တော်က ဓါတ်ဆားရည် မသောက်ချင်ဘူး ဖေဖေ့ကို တွေ့ချင်တယ်ပဲ ပြောတော့ မေမေက ဒီဆေးလေးသောက်လိုက်ရင် သားဖေဖေပြန်လာမှာ ဆိုပြီး တိုက်တော့ ကျွန်တော်လည်း ဖေဖေ့တွေ့ချင်ဇောနဲ့ တချိန်လုံး ဓါတ်ဆားရည်တွေ သောက်တာ မြန်မြန်နေကောင်းသွားတယ်...။

ကျွန်တော်ဆေးရုံက မဆင်းခင်မှာပဲ ဖေဖေပြန်ရောက်လာတယ်..။ ဖေဖေ့ကို တွေ့တော့ ကျွန်တော်အရမ်း ပျော်သွားခဲ့တာ မှတ်မိသေးတယ်.။

ဆေးရုံဘေးက နေ့တိုင်း ဖြတ်လျှောက်သွာတဲ့ တိုရှည်သည် ဆီက တိုရှည်ကို ကျွန်တော်စားချင်တယ်ဆိုတော့ ဖေဖေ ၀ယ်ကျွေးခဲ့တယ်...။အရင်နေ့တွေက မေမေ့ကို စားချင်တယ်ပြောတာ မတည့်လို့ဆိုပြီ မစားခဲ့ရတဲ့ မုန့်ကို ဖေဖေက အလိုလိုက်ပြီး ၀ယ်ကျွေးတာလေ..။
ဘာကြောင့်မှန်းမသိဘဲ အဲဒီ မြင်ကွင်းတွေကို ကျွန်တော်အခုထိမှတ်မိ နေခဲ့တယ်...။


ဖေဖေက မိသားစုကို အလုပ်မျိုးစုံလုပ်ပြီး ရှာကျွေးခဲ့တယ်...။နေ့လည်တော်တော်နောက်ကျမှ တရက်စာ
ဆန်ထုတ်ဆွဲပြီပြန်လာတဲ့ ဖေဖေ့ကို အခုချိန်ရောက်မှပဲ ဘယ်လိုနည်းလမ်းတွေနဲ့ အဲဒီဆန်ထုတ် ရခဲ့တယ်ဆိုတာ သိချင်လာတော့တယ်..။


တနှစ်တုန်းကတော့ ဖေဖေ့ရဲ့ သူငယ်ချင်းက ကြက်သားဆိုင် ဖွင့်တော့ ဖေဖေ့ကို ဆိုင်ထိုင်ခိုင်းတယ်..။ ကြက်သားဆိုင်ဆိုတဲ့ အတိုင်း ကြက်လည်လှီးပြီ သတ်ရောင်းရတာလေ..။ကြက်သတ်တဲ့ ကုလားသီးသန့် ရှိပေမယ့်ဖေဖေ့ ပရောဂလဲ မကင်းဘူးပေါ့..။ စိတ်သဘောထား နုညံ့တဲ့ ဖေဖေ ဘယ်လို စိတ်ခံစားချက်မျိုးနဲ့ ကြည့်နေခဲ့ရမလဲ ကျွန်တော်တို့ အဲဒီအချိန်က သတိမထားခဲ့ဘူး..။

ကျွန်တော်တို့သိတာက နေ့တိုင်းကြက်သားဟင်းနဲ့ ထမင်းစားရလို့ ကျေနပ်တာပဲ။ မနက် ၉ နာရီဆို ဖေဖေပို့လိုက်တဲ့ ကြက်သွေးကို ပြုတ်ပြီးကြော်ဘို့ရယ် အတွင်းကလီစာတွေရယ်ကို ဆီပြန်ဟင်း ချက်ဘို့ပဲ နားလည်ခဲ့တယ်..။ဖေဖေဘယ်လို စိတ်အင်အားမျိုးနဲ့ အဲဒီအလုပ်တွေ လုပ်ပြီး မိသားစုကို ရှာကျွေးခဲ့မှန်း ကျွန်တော်အခုချိန် တွေးမိတော့ တုန်လှုပ်မိတယ်..။

နောက်တော့ အဲဒီဆိုင်လည်း လေလံ မရလို့နဲ့တူပါရဲ့ ဆက်မဖွင့်ဖြစ်တော့ဘူး...ဖေဖေလဲ ဒီ့ပြင်ရရာအလုပ်လုပ်ပြီးရှာကျွေးခဲ့တယ်..။ အံ့သြဘို့ကောင်းတာက သားသမီး ၇ နှစ်ယောက်လုံးကို ဘွဲ့ရတဲ့ အထိ ကျောင်းထားပေးခဲ့တယ်..။မှတ်မှတ်ရရ ရှိတာက ဖေဖေကျွန်တော်တို့ ကို ငါးမျှားပြီး ကျွေးခဲ့တဲ့ ဘ၀ရှိခဲ့ဘူးတယ်...။

နေ့လည် ၁ နာရီ ကျော်ရင် ဖေဖေနဲ့ ကျွန်တော် ငါးမျှားထွက်ပြီ..။ ကျွန်တော်က ဖေဖေနဲ့ လိုက်ရင် မုန့်စားရတာရယ် ပြီးတော့ ဖေဖေပျင်းမှာစိုးတာရယ်ကြောင့် လိုက်သွားလေ့ရှိတယ်...။ ငါးမျှားတဲ့ကန်က သန်လျင်ရေနံချက် စက်ရုံဘေးက ကန်ကြီးတွေမှာ မျှားကြတာလေ..။ အိမ်က ထွက်သွားရင် ဖေဖေက လွယ်အိတ်လေးတလုံးလွယ် ကျွန်တော့်လက်ဆွဲ ပြီးသွားတတ်တယ်..။

ငါးမျှားတန်ကိုတော့ ကန်နားက အသိအိမ်မှာ အပ်ထားတယ်..။ ငါးမျှားတန်ကို ယူပြီး အဲဒီနားက မုန့်ဆိုင်မှာ ကျွန်တော့်အတွက် မုန့်ဝယ်ပြီး ကန်ဆီကို ချီတက်ကြတာပဲ..။ ငါးကန်ရောက်ရင် နေရာတခုရွေးပြီး ပါလာတဲ့ထီးလေးဆောင်းပြီး ငါးထိုင်မျှားကြတယ်..။ အများအားဖြင့် မိုးရွာတဲ့ နေ့တွေကို ကြုံရတာများတယ်။ မိုးရွာရင်တော့ ကျွန်တော်က ဖေဖေ့ပေါင်ပေါ်မှာ ထိုင်ပေမယ့် နှစ်ယောက်လုံးမိုးစိုတာပါပဲ...။ ဒါပေမယ့် မိုးရွာရင်ကျွန်တော်က ပျော်တယ်..။ ဘာကြောင့်ဆိုတော့ မိုးရွာရင် ငါးတွေမြူးတာလေ...။အဲဒီနေ့ဆို ငါးပိုရတယ် ငါးသေးသေးလေးတွေ ရော အကြီးတွေ ရောရရင် ဖေဖေပြုံးနေတတ်တယ်..။

ညနေ ၆ နာရီလောက်ဆို ကျွန်တော်တို့ အိမ်ပြန်လာကြတယ်..။အိမ်ရောက်ရင် ရလာတဲ့ ငါးလေးတွေကို  ကြော်သင့်တာကြော်ပြီး ချက်လို့ရတဲ့ငါးကို ဟင်းချက်ပြီးစားခဲ့ရတယ်။ အဲဒီလိုတွေ လုပ်ပေးနေခဲ့တာတောင် ကျွန်တော် အရွယ်ရောက်လာတော့ ဖေဖေအပေါ် မကျေနပ်စိတ်တွေ ၀င်ခဲ့ဖူးတယ်..။ သူများသားသမီးတွေလို ပြည့်ပြည့်စုံစုံ မနေရလို့ အလိုမကျတာလေ...။

ဖေဖေကို အလိုမကျပေမယ့် လိုချင်တာရှိရင် ဖေဖေ့ကိုပဲ ပူဆာရတယ်...။ သားသမီးတွေ ပူဆာတာကို ဖေဖေချက်ချင်း မ၀ယ်ပေးနိင်ခဲ့ရင် မှတ်ထားပြီး ရအောင်ဝယ်ပေးခဲ့တယ်..။ ဒါပေမယ့် စိတ်ထဲမှာတော့ ဘာလို့ မချမ်းသာတာလဲ ဆိုပြီး အလိုမကျစိတ် ၀င်ခဲ့မိတယ်..။ အဲဒီနောက်ပိုင်းတော့ မေမေ့ကို ပိုချစ်သလို ဖြစ်လာတယ်..။ကျွန်တော်ဖေဖေ့ကို အခုချိန်မှာတော့ ပိုပြီးသတိတရ ဖြစ်နေမိတယ်..။ကျွန်တော် ဒီနိင်ငံမှာ ကိုယ်ကိုတိုင်ရုန်းကန်လာမှ ဖေဖေ ဘယ်လိုရုန်းကန် ခဲ့ရမယ်ဆိုတာ အမြဲတမ်း မြင်ယောင်နေမိတော့တယ်။

ဖေဖေပြောဖူးတဲ့ စကားလေးကိုတော့ ဒီနေ့အထိ ကျွန်တော် မှတ်ထားခဲ့တယ်...။

“ ဘ၀မှာ ယောကျာ်းမြတ် မဖြစ်နိင်ခဲ့ရင်တောင် ယောကျာ်းကောင်းတော့ ဖြစ်စေချင်တယ်”



ယောကျာင်္းမြတ်ဆိုတာ မင်းကွန်းဆရာတော်ကြီး တို့လို ဗိုလ်ချုပ်အောင်ဆန်းတို့လိုပေါ့ကွာတဲ့။ အဲဒီလို ယောကျာင်္းမြတ် မဖြစ်နိင်ရင်တောင် ယောကျာင်္းကောင်းတော့ ဖြစ်အောင်ကျင့်ကြံပါတဲ့။ ဖေဖေပြောထားတဲ့ စကားလေးကို ကျွန်တော် မှတ်မိနေခဲ့တယ်...။

ဖေဖေက စီးပွါးရေးအဆင်မပြေတဲ့ အချိန်မှာတောင် သားသမီးတွေကို သူ့အနားမှာပဲ ရှိစေချင်တယ်...။ အိမ်ထောင်ကျသွားတဲ့ သားသမီးတွေ ရဲ့မိသားစုကိုလဲ တအိမ်ထဲမှာပဲ အတူတူနေစေခဲ့တယ်။ ရှိအတူမရှိ အတူဆိုတဲ့ စိတ်ကို မွေးမြူပေးပြီး စုစုစည်စည်းနဲ့ ရှင်သန်စေခဲ့တယ်..။ မိသားစုနဲ့ မနေခဲ့ရလို့လားမသိဘူး ဖေဖေက မိသားစု အတူနေတဲ့ဘ၀ကို တန်ဘိုးထားတယ်..။ ငှက်ပျော်သီး တလုံးရှိရင် ၁၀ ပိုင်းပိုင်းပြီး အညီအမျှ စားတတ်အောင် လေ့ကျင့်ပေးခဲ့တယ်...အားလုံးသာတူညီမျှ ရှိအောင် လေ့ကျင့်ပေးတယ်...။

ကျွန်တော်တို့ မောင်နှမတွေအားလုံးလည်း မိသားစုနဲ့ စုစုဝေးဝေး နေရတဲ့ဘ၀ကို နှစ်သက်ကြတယ်...။ ဖေဖေဖြစ်စေချင်တဲ့ အတိုင်း စုစည်းညီညာတဲ့ မိသားစုလေးဖြစ်လာတယ်။ရယ်ယ်စရာပြောရရင် ကျွန်တော် နိင်ငံခြား ထွက်လာတော့ အိမ်ကလိုက်ပို့ပေးတာ လူ ၂၀ ကျော်တယ်..။ လေဆိပ်အဆောက်အဦးထဲမှာ ကျွန်တော်ရဲ့မိသားစုရယ်သူငယ်ချင်းတွေနဲ့ ပြည့်မတတ်ဘဲ....။

ဖေဖေကတော့ သားသမီးတွေ မြေးတွေနဲ့ တရုန်းရုန်းနေရတာ အခုချိန်ထိပျော်နေဆဲပါပဲ....။
အခုတော့လဲ အေးအေးချမ်းချမ်းနဲ့ ဘ၀ကို ဖေဖေ ဖြတ်သန်းနေရပါပြီ...။

။.................................................။


အနောက်တိုင်းအယူအဆ အရ 13 ဂဏာန်းဟာ လူကို ဒုက္ခဖြစ်စေတယ်လို့ အယူအဆ ရှိတယ်။ တကယ်ဟုတ်မဟုတ် မသိနိင်ပေမယ့် June 13 မှာ မွေးဖွားခဲ့တဲ့ ကျွန်တော်အဖေဟာ ဘ၀မှာ နှစ်ပေါင်းများစွာခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်....။

ဖေဖေကျန်းမာပျော်ရွှင်ပါစေ......။

( June 13 မှာ ကျရောက်မယ့် ဖေဖေ့ရဲ့ မွေးနေ့အတွက် အမှတ်တရ စာစုလေးပါ)

38 comments:

kaungkinpyar said...

မောင်လေးရဲ့ ဖေဖေ ကျန်းမာစွာနဲ့ သားသမီး မြေးတွေနဲ့ အသက်ရှည်စွာ နေထိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်၊ မောင်လေးလဲ ဖေဖေနဲ့ အမြန်ဆုံးပြန်တွေ့နိုင်ပါစေ

သုဒြေ္န said...

အ၇င်မန့် ထားမယ်

မယ့်ကိုး said...

စာထဲက အဖေကို တကယ်ပဲလေးစားကြည်ညိုမိပါတယ်။

သားနဲ့ အဖေ တစ်ယောက်ကို တစ်ယောက်နားလည်ချစ်တာကိုလည်း ကြည်နူးခံစားရပါတယ်။

ပျော်ရွှင်ချမ်းမြေ့ပါစေ...

သုဒြေ္န said...

ညီလေးရေဒါဆိုကိုတို့ လဲ ငါးသွားမျှားရအောင် အာဟုတ်သေးပါဘူး ငါးသွားဖမ်းတာကောင်းမယ် သိတယ်မဟုတ်လားအလုပ် သွားပြီးငါးဖမ်းမယ်ဟေ့ ဒါဘဲကောင်းတယ်လာသွားစို့ ဟေး ဖားသားကြီးမွေးနေ့ အမှတ်တရဖြစ်အောင် ဒါမှယော်ကျားကောင်းပီသမယ် ပျော်ရွှင်ပါစေ ခင်တတ်တဲ့  အကို သုဒြေ္န

မေလေး said...

ကိုပိုင်
ကိုပိုင် အဖေကို လေးစားပါတယ်..ဘဝဆိုတာ ဒီလိုပါဘဲ ဒါနဲ့ စကားမစပ် မေလေးတို့ အိမ်က ကြခတ်ဝိုင်းကျောင်းနားမှာလေ ကျောင်းက သူတွေ တော်တော်များများ မေလေးတို့ အဖိုးကို ချစ်ကြတယ်..ကိုပိုင် အဖေတောင် အန်းကုန်းနဲ့သိနေမလားဘဲ စကားကြုံရင် မေးကြည့်နော်..ကျောင်းနား က ၃ ထပ် အိမ်က အန်းကုန်းကြီးကို သိလားလို့ တော်တော် များများက အန်းကုန်း ကြီးလို့ ခေါ်ကြတယ်..
မေလေးက အန်းကုန်းနဲ့ ဘယ်သွားသွားပါနေ ကျလေ
အန်းကုန်းကတိုရှည် အရမ်းကြိုက်တာ ..မေလေးလဲ လိုက်စားရင်း ကြိုက်သွားတာ..ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကတောင် တိုရှည် စားချင်လို့ သွားဝယ်စားသေးတယ်
ပဲခူးကတိုရှည်လောက်စားမကောင်းပါဘူး
ခင်တဲ့
မေလေး

Phyo Maw said...

မိသားစုကို ပိုအချိန်ပေးနိုင်ပါစေဗျာ။

khin oo may said...

အဖေကျန်းမာပျော်ရွင်ပါစေ

thawzin said...

မိဘအတွက်ရေးသားမှုကို လေးစားပါတယ် အကိုရေ..
အကိုအဖေမျှော်လင့်သလို ဖြစ်လာကြမှာပါ...

kiki said...

မိဘကျေးဇူးတွေက ပြန်ဆပ်လို့မကုန်နိုင်လောက်အောင်ကြီးမားလှပါတယ် ။
မိဘတွေက သားသမီး ဘယ်လောက်များနေပစေ ကျွေးမွေးပြုစု နိုင်ကြတယ် ။
ဒါပေမဲ့  အဲဒီသားသမီးတွေ တပုံကြီးက ကိုယ့်မိဘ နှစ်ပါးကို သေချာပြန်ပြီး မပြုစု နိုင်တတ်ကြဘူး နော် ။
စုန်ရေတွေ လေ ။
ကို မြစ်ကျိုး ရဲ့ ဘခင်ကြီး မွေးနေ့ မှ သည် တသက်တာ ၊ မိသားစုတွေ နဲ့ ပျော်ရွှင်စွာ နေထိုင် နိုင်ပါစေ ..

ခင်မင်လျှက်
ကိကီ

sonata-cantata said...

ချစ်တတ်တဲ့ယောက်ျားကောင်း အဖေနဲ့ ဆုံခွင့်ရတဲ့ ဘ၀က မေတ္တာတွေနဲ့ ပြည့်စုံပြီးသားပါ။ ဘ၀မှာ လိုအပ်ချက်တွေ ရှိခဲ့ရင်တောင် အဲ့ဒီမေတ္တာစွမ်းအားတွေနဲ့ ဖြည့်။ လိုသလိုသုံး မကုန်နိုင်ဘူး။

မငုံ said...

June 13 မှာ ကျရောက်မဲ့ ကိုမြစ်အဖေမွေးနေ့မှစ စိတ်ချမ်းသာကိုယ်ကျန်းမာရှိပြီး သက်ရာကျော်ရှည်ပါစေလို့ လာဆုတောင်းပေးတယ်နော့။

မငုံ said...

June 13 မှာ ကျရောက်မဲ့ ကိုမြစ်အဖေမွေးနေ့မှစ စိတ်ချမ်းသာကိုယ်ကျန်းမာရှိပြီး သက်ရာကျော်ရှည်ပါစေလို့ လာဆုတောင်းပေးတယ်နော့။

မိုးစက်အိမ် said...

အကိုရေ အကိုအဖေ အတွက်လဲ ဆုတောင်ပေးပါတယ်...
နောင်နှစ်ပေါင်း များစွာတိုင် အကိုအဖေ ဆန္ဒတွေ ဖြည်.
ဆည်းပေးနိုင်ပါစေဗျာ

Ree Noe Mann said...

ဇွန် ၁၄ ဆိုရင်လည်း အဖေများနေ့ အတွက်
တခါတည်း အမှတ်တရ ဖြစ်သွားပေါ့ဗျာ

ရီနို

အားကြီးချစ်လေး said...

ကျေးဇူးကြီးတဲ့ ဖေဖေ မွေးနေ့မှစရ်ျ ကျန်းကျန်းမာမာနဲ့ ပျော်ရွှင်ပါစေ...
မိဘစိတ်အပြည့်အ၀ရှိတဲ့ ဖေဖေကို သတိရမိတယ်..အရမ်းလွမ်းမိတယ်..
ဆိုးနေတဲ့ မောင့်ကို လာဆုံးမ
ပေးပါလို့.....အနီးမှာရှိရင် အဲ့လိုတိုင်မိမှာပဲ။

ကြည်ဖြူပိုင် said...

သူများတွေက ကိုပိုင်ဆိုလို့ ကိုပိုင်လို့ပဲ ခေါ်တော့မယ်။
ဒီနေ့မှာကျရောက်တဲ့ ကိုပိုင့်အဖေမွေးနေ့အတွက ဆန္ဒပြုပါတယ်။ အဖေကို လေးစားချစ်ခင်သောကိုပိုင်နဲ့ မိသားစုဘ၀ကိုတန်ဖိုးထားသောကိုပိုင့်အဖေတို့ အနာဂတ်မှာ ရာသက်ပန်မခွဲမခွာပျော်ရွှင်နိုင်ပါစေလို့

ခင်တဲ့ ချိုမာ

သားကြီး said...

အစ်ကို့အဖေမွေးနေ့အတွက်ဆုတောင်းပေးပါတယ်ဗျာ..။

သီဟသစ် said...

ကိုပိုင်ရေ

ကိုပိုင့်ဖေဖေ အကြောင်းဖတ်ပြီး လေးစားသွားပါတယ်ဗျာ။ ကိုပိုင်လည်း ပျော်ရွှင်စရာ မိသားစုလေးနဲ့ တစ်စုတစ်စည်းတည်း နေထိုင်ပြီး ကိုယ်ပိုင်ပျော်ရွှင်စရာ မိသားစုလေး ဖန်တီးနိုင်ပါစေဗျာ
ခင်မင်စွာဖြင့်
သီဟသစ်

Anonymous said...

မိဘတွေရဲ့ မေတ္တာတရားဆိုတာ စာဖွဲ့လို့ မကုန်နိုင်သလို ... စေ့စေ့စပ်စပ် တွေးလေ ပြင်းပြင်းပြပြ ခံစားရလေပါပဲ .. ကိုမြစ်ကျိုးအင်း ရေးထားတဲ့ ပို့စ်လေးကို ဖတ်ရင်းနဲ့ စာပိုဒ် တစ်ပိုဒ် ဆုံးသွားတိုင်းမှာ ကိုယ့် ဖခင်ရဲ့ မေတ္တာတရားတွေ ကို ခံစားမြင်ယောင်လာမိတယ် ... ဘဝရပ်တည်မှုနဲ့ ကံအကြောင်းတရားချင်း မတူညီကြလို့ ရုန်းကန်ခဲ့ရတဲ့ ဘဝရပ်တည်မှုခြင်း မတူညီကြပေမယ့် ဖခင်ဆိုတာလည်း မိခင်နဲ့ မခြား သားသမီးတွေကို မြတ်နိုးတတ်ကြတဲ့ သူတွေပါ .. တကယ်ကို အကျိုးရှိပါတယ်ဗျာ ... ကိုမြစ်ကျိုးအင်းရဲ့ မွေးသဖခင် ကျေးဇူးရှင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံငြိမ်းချမ်းနိုင်ပါစေလို့ ထပ်တူထပ်မျှ ဆန္ဒပြုခဲ့ပါတယ် ...

TZA said...

ဩော်.. အစက ဇွန်လ ၂၁ ရက်နေ့ (ဖခင်များနေ့) အတွက် ရေးတာများလား မှတ်တာ။ အိမ်ရှင့်ဖေဖေ ဟက်ပီးမွေးနေ့ပါဗျား။

ကိုလူထွေး said...

အဖေကိုလေးစားတတ်တဲ့ သားတယောက်ဖြစ်တဲ့ မြစ်ကျိုးအင်းကို လေးစားသွားပြီ။

ရီနိုကြီးဆီသွားတော့ စိတ်မကောင်းဖြစ်ပြီး ပြန်လာရတယ်...

အခုတခေါက်တော့ စုစုဝေးဝေးရှိနေတဲ့ မိသားစုလေးကို စိတ်ထဲမှာမြင်ပြီး ကြည်နူးမိသွားတယ်...

းဝ)

ချစ်ပါးလုံး said...

ကျောင်းကပြန်ရောက်ရောက်ချင်း ဒီဘလော့ကို နေ့တိုင်းလာပေမယ့် ဒီနေ့မှ မလာဖြစ်တာ အသစ်တင်တယ်။ ဟွန့်။ ပါးလုံးတို့ ဘ၀ဆိုးလှပြီမှတ်နေတာ အကို့အဖေကို မမှီဘူးနော်။ ဒါပေမယ့် အဲ့လိုခက်ခက်ခဲခဲ ဖြတ်သန်းပြီးရလာတဲ့ ဘ၀ရဲ့ ချိုမြိန်မှုက ပိုလေးနက်တယ်လို့ သမီးထင်တယ်။ အကိုတို့မိသားစု ပျော်ရွှင် ကျန်းမာအသက်ရှည်ပါစေလို့ဆုတောင်းပေးပါတယ်။
ညီမလေး ပုန်းပုန်း

စိတ်စမ်းရေ said...

ကိုပိုင့် အဖေ သက်ရာကျော် ရှည်ပါစေ...။
ကျန်တာကတော့ ကိုသီဟသစ် ပြောတဲ့
အတိုင်းပါပဲ.....။

မေဒီဇာ said...

အကို့ အဖေအတွက် ဇွန်13 မွေးနေ့မှသည် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာနိုင်ကြပါစေ၊ လိုအင်ဆန္ဒပြည့်စုံနိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်နော်...

ခမ်းကီး said...

(မိသားစုနဲ့ မနေခဲ့ရလို့လားမသိဘူး ဖေဖေက မိသားစု အတူနေတဲ့ဘ၀ကို တန်ဘိုးထားတယ်..။
ငှက်ပျော်သီး တလုံးရှိရင် ၁၀ ပိုင်းပိုင်းပြီး အညီအမျှ စားတတ်အောင် လေ့ကျင့်ပေးခဲ့တယ်...
အားလုံးသာတူညီမျှ ရှိအောင် လေ့ကျင့်ပေးတယ်...။
)
ရင်ကို မှန်သွားတာပဲ..။

ဒီသားလိမ္မာလေးကြောင့် ပျော်ရွှင်ကြည့်နူးမှုပြည့်စုံသော မွေးနေ့ကို အကြိမ်ပေါင်းများစွာ ဆက်လက်ဆင်နွဲနိုင်ပါစေ...

may16 said...

မိဘကျေးဇူးကို အထူးဆပ်နီုင်သော ကိုမြစ်ကျိုးအင်းဖြစ်ပါစေရှင်

Anonymous said...

ကိုမြစ်ရဲ့အဖေအကြောင်းကိုဖတ်ရတော့ ကျနော့်အဖေကိုလွမ်းမိသွားတယ်ဗျာ..
ကြိုမစ်ရဲ့ဖခင်ကြီး ကျန်းမာပျော်ရွှင်ချမ်းမြေ့ပါစေဗျာ

Sein Lyan Tun said...

ကိုပိုင်ဖေဖေ ဖြတ်သန်းခဲ့ရတဲ့ဘဝနဲ့
ကျနော့်ဖေဖေ ဖြတ်သန်းခဲ့ရတဲ့ဘဝတွေတူခဲ့တယ်
ခက်ခဲတယ် ကြမ်းတမ်းတယ်
ဒါပေမယ့် သားသမီးလုပ်သူတွေအပေါ် သူတို့ကြုံတွေ့ခဲ့ဖူးတဲ့ ဘဝကို မရစေချင်ခဲ့တဲ့ စေတနာ
မေတ္တာတွေကိုတွေ့ရတယ်
ကျနော် ဖေ့ဖေ့ကိုချစ်တယ်လေးစားတယ်
ကိုပိုင်လဲ ဒီလိုပဲဆိုတာ တစ်ထစ်ချယုံကြည်တယ်

ကိုပိုင့်ဖေဖေ့မွေးနေ့ကိုလဲ သားတစ်ယောက်က အဖေတစ်ယောက်ပေါ်ထားတဲ့ မေတ္တာနဲ့ ထပ်တူထပ်မျှ ဆုတောင်းပေးခဲ့ပါတယ်...

ကျမ်းမာပျော်ရွှင် အသက်ရှည် အနာမဲ့လို့ သားသမီး မြေးမြစ်များနဲ့ လှပသော ဘဝ အရသာကိုခံစားနိုင်ပါစေလို့ 

ချစ်ခင်စွာဖြင့်
ဖိုးစိန်

မသက်ဇင် said...

မြစ်ကျိုးအင်းရေ
လာဖတ်ပါတယ်
စာရေးကောင်းတော့ ရင်ထဲမှာတခုခုကျန်ခဲ့တယ်
အဖေအတွက်ဆုတောင်းပေးပါတယ်
ခင်မင်လျက်

ဝသန်မိုး said...

ကိုကျိုးဖေဖေ ကျန်းကျန်းမာမာနဲ့ သားသမီးတွေ စုစုဝေးဝေးနဲ့ နေနိုင်ပါစေ
အေးအေးချမ်းချမ်းနဲ့ တရားဘာဝနာပွားများနိုင်ပါစေလို့ 
ဆုတောင်းပေးပါတယ်ဗျာ.......
ခင်တဲ့
ဝသန်မိုး

ကဗျာဦး said...

ဖေဖေအတွက်ဆုတောင်းပေးပါတယ်
မိသားစုလေးနဲ့ပျော်ရွှင်စွာနေနိုင်ပါစေ

ဝက်ဝံလေး said...

ကိုမြစ်ကျိုးးးအင်းရေ စာဖတ်ပြီး မျက်ရည်ဝဲသွားရတယ် ဗျာ တကယ်ပါ ကျေးဇူးကြီးပေ တို့ဖေဖေ ဆိုတာမျိုးပေါ့ ဗျာ
ဖတ်လိုက်တာတွေတော့ အများကြီးပါပဲ အင်းးး မန့်စရာ စကားလုံးရှာမတွေ့ဘူးးဟူးးး

အယ် လာရန်တွေ့တာ သူ့ဇာတ်မှာမျောနေတာနဲ့တင် မေ့နေတယ် ဒီမယ် ကိုမြစ်ကျိုးးးအင်းးး သူများကျတော့ ပြောတယ် အကို အခုထိ မိန်းမ မရသေးဘူးမလား ကြူကြူသင်းအားတယ်နော် ခစ်ခစ် စိတ်ကူးမလွဲနဲ့ ဟားဟားးးး
တာ့တာ

မိုးခါး said...

ဖတ်ပြီးခံစားရပါတယ် ..
ကိုဝသန်မိုးဆုတောင်းပေးသလိုပဲ "ကိုကျိုးဖေဖေ ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့ သားသမီးတွေ စုစုဝေးဝေးနဲ့ နေနိုင်ပါစေ
အေးအေးချမ်းချမ်းနဲ့ တရားဘာဝနာပွားများနိုင်ပါစေလို့ 
ဆုတောင်းပေးပါတယ်" စိတ်ထဲကနေဆုတောင်းပေးပါတယ် ..း)

Anonymous said...

မိဘကိုသိတတ်လိမ္မာသောသူဖြစ်ပါစေ...

ဇော် said...

ကောင်းသော မွေးနေ့မင်္ဂလာဖြစ်ပါစေလို့ ကိုကျိုးဖေဖေ.. ကျနော့်ဦးလေးအတွက် ဆုတောင်းလိုက်ပါတယ်။ ပျော်ရွှင်ပါစေဗျာ။

ချော(အစိမ်းရောင်လွင်ပြင်) said...

အချိန်အားနေတာနဲ့ အဟောင်းတွေပြန်ဖတ်ဖြစ်တော့ ဒီပိုစ့်လေးဖတ်ပြီး စိတ်မကောင်းဖြစ်မိတယ်..
မိဘမေတ္တာဆိုတာ ဘယ်အရာနဲ့မှ နှိုင်းလို့မရဘူးနော်။
မိမြစ်ရေ......
နင့်ဖေဖေ ကျန်းမာပျော်ရွှင်ပြီး အသက်ရာကျော်ရှည်ပါစေ။
မိသားစုတွေနဲ့ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် အမြဲမကွာနေနိုင်ပါစေ။
ငယ်ဘ၀ ကံဇာတာ မကောင်းပေမဲ့ အသက်ကြီးတဲ့ အိုဇာတာကောင်းပါစေလို့ ဆုတောင်းပေးသားတယ်.

Angelhlaing(May everybody be happy and healthy! said...

ဖော်ပြလို့မရတဲ့ ခံစားမှုတွေနဲ့
ထပ်တူ ဖတ်သွားပါတယ် အကို။

ညယံ said...

မိဘမေတ္တာက ဘယ်အရာနဲ့ မှ နှိုင်းလို့ မရဘူးနော်...
ဘယ်လို အခြေအနေပဲ ရောက်ရောက် သားသမီးမျက်နှာ မညှိုးစေချင်တာ မိဘတိုင်းရဲ့ မေတ္တာပဲနော် .. ပို စ့်ထဲက အဖေ ကျန်းမာရွှင်လန်း စိတ်ချမ်းသာပါစေနော် ..

 

Posts Comments

©2006-2010 ·TNB