ဗုဒ္ဓဟူးသမီးနှင့်တစ်လတာ

15 June 2009

အထက်တန်းကျောင်းသား ဘ၀က သူငယ်ချင်းတွေအများကြီး ရှိခဲ့ပေမယ့် (၁၀)တန်းပြီးချိန်မှာ ရင်းရင်းနှီးနှီး
ပေါင်းတဲ့ သူငယ်ချင်းက လေးယောက်ပဲ ကျန်ခဲ့တော့တယ်...။မေးထူးခေါ်ပြော တဲ့သူငယ်ချင်းတွေက တော့
အများကြီးရှိတာပေါ့လေ..။ကျွန်တော်ကလည်း လူတယောက်ကို ခင်မိရင် သူ့ရန်သူဟာ ကိုယ့်ရန်သူလို့ကို
သဘောထားတဲ့ အထိ စိတ်နှစ်ပြီး ပေါင်းတတ်တော့ ကိုယ့်အပေါ် အပေါ်ယံလောက် ပြန်ပေါင်းတဲ့သူတွေနဲ့
ပေါင်းရတာ အရသာ မရှိဘူး...။

အဲဒီတော့ ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်း လေးယောက်နဲ့ပဲစွဲစွဲမြဲမြဲ ပေါင်းဖြစ်တော့တယ်...။ ကိုယ့်အပေါ် တကယ်ကောင်းရင် လူအများကြီး မလိုဘူးဆိုတာ တကယ်မှန်တယ်..။ ဒီသူငယ်ချင်းတွေနဲ့နဲ့ပဲ တွဲရပေမယ့်စိတ်ထဲမှာ လုံလောက်တယ်လို့ ထင်မိတယ်..။ ကျွန်တော့်သူငယ်ချင်း သုံးယောက်ထဲက ငဖြိုးအကြောင်းတော့ သူငယ်ချင်း(၂) မှာရေးခဲ့ပြီးပြီ...။

သူငယ်ချင်း(၃) ရဲ့ ဇာတ်ကောင် မိုးကြီးက ၁၀ တန်းအောင်တော့ မိန်းမခိုးပြေးသွားတယ်..။ သူ့ဘ၀နဲ့သူ ရုန်းကန်နေရတော့ ကျွန်တော်တို့နဲ့ စွဲစွဲမြဲမြဲမတွဲဖြစ်တော့ဘူးပေါ့...။ သူငယ်ချင်း လေးယောက်မှာ ငဖြိုးက ရန်ကုန်မှာနေတယ် ...မင်းသူက မအူပင်မှာ GTC တက်တယ်...။ နောက်တယောက်ကလည်း တမြို့ထဲနေပေမယ့် မတွေ့ဖြစ်တာ များတော့ ကျွန်တော်နဲ့ စွဲစွဲမြဲမြဲ တွဲတဲ့သူငယ်ချင်းက ရဲကြီး တယောက်ထဲပဲရှိတော့တယ်...။


ကျွန်တော်နဲ့ ရဲကြီးက ညတွေဆို လ္ဘက်ရည်ဆိုင် ထိုင်ဖြစ်ကြတယ်....။ ညစဉ်လိုလို ထိုင်ဖြစ်ပေမယ့် ပြောစရာစကားက မကုန်နိင်ဘူး....။ညရောက်ရင် အိမ်မှာ ဘာဟင်းနဲ့စားမိမှန်းတောင် သတိမထား နိင်လောက်အောင် လ္ဘက်ရည်ဆိုင် ပြေးဘို့ပဲ စိတ်ကရောက်နေတယ်..။


ရဲကြီးရဲ့အကျင့်က လေးယောက်ဆုံရင် ဒီကောင်က နားထောင်သမား သက်သက်ပေမယ့် နှစ်ယောက်ထဲဆို
သူကတောင် ပြောစရာ ခေါင်းစဉ်တွေ ရွေးပေးသေးတယ်....။ စကားပြောနေရင်း ၀ိုင်းထဲကို အရမ်းမရင်းနှီးတဲ့ သူငယ်ချင်း ၀င်လာလို့ကတော့ သူဆီက အသံထွက် မလာတော့ဘူး...။ စိတ်တူကိုယ်တူ ဆိုတော့ နှစ်ယောက်ထဲပေမယ့် တွဲလို့ကောင်းတာပါပဲ.စိတ်ကူး ယဉ်စရာဆိုလဲ တတ်ညီလက်ညီ စိတ်ကူးယဉ်ကြပြီး အဲဒီအကြောင်းကို အရေမရ အဖတ်မရ မမောတမ်း ပြောရင်းညတွေကို အချိန်ဖြုန်း ခဲ့ကြတယ်...။

ကျွန်တော်တို့ သူငယ်ချင်းလေးယောက်စလုံး တူတာတခုက ဘော်လုံးပွဲကြိုက် ကြတယ်...။ ရိုးရိုးတန်းတန်း ကြိုက်တာထက်ပိုတာကတော့ စိုစိုပြေပြေ ရှိရင် နဲနဲပါးပါးလည်း လောင်းတတ် ကြတာပါပဲ...။ မကောင်းမှန်းသိပေမယ့် စိတ်ရောကိုယ်ပါ အားပေးချင်စိတ်ကြောင့်နဲ့ တူပါရဲ့..။


တနေ့တော့ ကျွန်တော်နဲ့ရဲကြီး လ္ဘက်ရည်ဆိုင် ထိုင်ရင်း မဟာအကြံအစည် တခုကို ကျွန်တော်က ချပြတယ်...။
အလကားနေမယ့်အတူတူ ခေါင်းလေးနဲ့ အလုပ်လုပ်ကြမယ်ဆိုတဲ့ စိတ်ကူးနဲ့ပါ..။အဲဒီအကြံအစည်ကတော့....
ရပ်ကွက်ထဲမှာ ငွေချေးတဲ့ အမကြီးတယောက်ရှိတယ် အသိတယောက်က တဆင့်ချေးခိုင်းပြီး ဘော်လုံးပွဲ လောင်းကြမယ်လို့ တင်ပြတော့ ကန့်ကွက်မဲမရှိဘဲ အတည်ဖြစ်သွားတယ်... နီကိုရဲ စကားနဲ့ပြောရင် သဘူတောလား မေးတာ ရဲကြီးက သဘူတောတယ်ပေါ့..။


ဘယ်လောက်ချေးမလဲ ညိုတော့ တစ်သောင်းချေးမယ်လို့ ဆုံးဖြတ်ကြတယ်...အတိုးက ၂၀ ရာခိုင်းနှုန်းဆိုတော့
ပြန်ဆပ်ရင် တသောင်းနှစ်ထောင် ဆပ်ရပေမယ့် တလုံးတခဲထဲ ပြန်ဆပ်စရာမလိုဘူး....။ သူလဲအဆင်ပြေ ကိုယ်လဲအဆင်ပြေ တနေ့၄၀၀ နဲ့ရက်၃၀ သွင်းရင် ရပြီဆိုတော့ ကျွန်တော်တို့ နှစ်ယောက်စလုံး
သဘောကျတာပေါ့ ...။


ဆိုင်ကမထမချင်း နှစ်ယောက်သား စိတ်ကူးယဉ် လိုက်ကြတာအကြွေး ပြန်ဆပ်ပြီး တဲ့အပြင် လက်ထဲမှာ အရင်းအနှီးတောင် တော်တော်လေး ရသွားတယ်...စိတ်ကူးမှန်ပြီး ခွင်တဲ့သွားရင် ကျွန်တော်တို့ အတွက်တော့
အေးရာအေးကြောင်း ရေခဲချောင်းပဲ..။ယပ်ခတ်ပြီး ငွေရှာနေရုံပဲလေ...။


နှစ်ယောက်သား ညှိနှိုင်းကြရင်းနဲ့ ပိုက်ဆံယူမယ့် နေ့ကို ဘောပွဲတွေ ရှိတဲ့ စနေနေ့ လို့သတ်မှတ် လိုက်တယ်....။
မင်းက ဘယ်ပွဲတွေကို ကြည့်ထား ဘယ်ဘက်ကနေရင် ကောင်းမယ် ဆိုတာကို... ငါက ဘယ်ပွဲတွေကို ကြည့်ထားမယ် ဆိုပြီး တာဝန်တွေခွဲပြီး တတ်ကြွစွာနဲ့ အိမ်ပြန်ကြတယ်...။


အဲဒီညက စိတ်ကူးတွေ သူ့အလိုလို ၀င်လာနေတာနဲ့ တော်တော်နဲ့တောင် အိပ်မပျော်ပါဘူး...။ မနက်ရောက်လို့ ရဲကြီးကို တွေ့တော့ သူလည်း ညကတော်တော်နဲ့ အိပ်မပျော်ဘူး တဲ့..။ နှစ်ယောက်စလုံး ရင်ခုန်နေကြတာလေ.။ အဲဒီလိုနဲ့ စိတ်ကူးယဉ်ရင်း စနေနေ့ကို ရောက်လာတယ်...။


စနေမနက်ပိုင်းမှာ ပိုက်ဆံယူပြီး ရဲကြီးကို သွားပြတယ်. သဘောက ပိုက်ဆံတော့ လက်ထဲ ရောက်နေပြီပေါ့... အဲဒါနဲ့ လဘ္ဘက်ရည်ဆိုင်ကို ချီတတ်ကြတယ်. တောင်ပြော မြောက်ပြောနဲ့ အချိန်ဖြုန်းပြီး ထပြန်တော့ ကျွန်တော်က ဒီထဲကငွေနဲ့ လဘ္ဘက်ရည်ဘိုး ရှင်းမယ်ဆိုတာတောင် ဒီကောင်က သဘူမတော (သဘောမတူ)ဘူး..။ သူ့သဘောက အလုပ်ကို စနစ်တကျ လုပ်ရမယ်လို့တောင် ဆုံးမပြီး သူပဲရှင်း လိုက်တယ်...။


ပြီးတော့ ကျွန်တော့်အိမ် လိုက်လာတယ်...။ အိမ်ကတော့ သူတို့အတွက် အချိန်မရွေး ၀င်ထွက်လို့ရတယ်..။
အိမ်မှာက ဒီကောင်တွေ လွတ်လွတ်လပ်လပ် နေလို့ရတော့ အမြဲတမ်းလာကြတာပဲ....။ အိမ်ရောက်တော့ ဂျာနယ်နှစ်စောင် ရှေ့ချပြီး ဖြစ်နိင်တဲ့ ပွဲလေးတွေ ခေါင်းချင်းဆိုင်ပြီး ရွေးကြတယ်...။


ဒီအသင်းက အမှတ်သိပ်မလိုဘူး လုပ်စားသွားလိမ့်မယ်.. ဒီအသင်းက နာမည်ကြီးကစားသမား ဒဏ်ရာရနေတယ် နိင်ဘို့မလွယ်ဘူး..ဒီအသင်းက အိမ်ကွင်းကောင်းတယ်..။ ဒီအသင်းက ဒီပွဲနိင်ရင် ဥရောပပွဲတွေကို ၀င်ခွင့်ရမှာ ဆိုတော့ ဒီကောင်တကယ်ရုန်းမှာသေချာတယ်..စသဖြင့် တွက်ချက်လိုက်တာ အဖြစ်နိင်ဆုံးနဲ့ စိတ်ကြိုက်ပွဲတွေ ရလာတယ်..။


ညနေရောက်တော့ ကျွန်တော်တို့နှစ်ယောက် မြို့ထဲကို ပြန်လာကြတယ်....။ရဲကြီးအိမ်ကို လိုက်သွားပြီး ဒီကောင်ရေချိုးတာကို စောင့်ပြီးမြို့ ထဲက ကျိုက်ဒေးယုံ ဘုရားကို ထွက်လာကြတယ်....။ ကျွန်တော်နဲ့ ရဲကြီး ဘုရားကို တနင်္ဂနွေညနေ တိုင်းသွားပြီး တံမျက်စည်းလှည်း လေ့ရှိပေမယ့် ဒီစနေကတော့ အထူးရှယ် အနေနဲ့ သပ်သပ်ထပ်သွားပြီး သန့်ရှင်းရေး သွားလုပ်ကြတာ....။


ဘုရားကို ဦးချပြီး အကြံအစည်တွေ အောင်ပါစေလို့ တဖက်လှည့်နဲ့ ဆုတောင်းလိုက်တယ်..။ ဟုတ်တယ်လေ တပည့်တော် ဘော်လုံးပွဲလောင်းတာ နိင်ရပါလို၏ လို့ဆုတောင်းလို့မှ မကောင်းတာဆိုတော့ အကြံအစည်တွေ အောင်ပါစေလို့ပဲ ဆုတောင်းလိုက်ရတယ်..။ ရှုံးမှာကြောက်တော့ စကားပြောရင်တောင် ကောင်းတာတွေပဲ ရွေးပြောတယ်..ဒီနေ့ရာသီဥတုက သာယာတယ်ကွ..။ ဘုရားပေါ်ရောက်တာ စိတ်ကိုအေးချမ်းသွားပဲကွာ...။ ညနေမို့လို့ လေတိုက်တာတောင် “ရဲကြီးတွေ့လား ဒီနေ့ လေလာနေတယ်ကွ လေလာရင် သိတယ်နော်” မေးတော့ ရဲကြီးကလဲ “သိတာပေါ့ကွ လေလာရင် သေချာပြီလေကွာ” အတိုင်အဖောက်ညီညီ ပြန်ဖြေပြီး နှစ်ယောက်သား ကြည်နူးနေကြတယ်..။


နမိတ်မကောင်းတဲ့ စကားမပါသွားဘို့ နှစ်ယောက်စလုံး ဂရုစိုက်နေကြရတယ်..အရင်ကလို ဘုရားပေါ်က မြက်ပင်နှုတ်တဲ့ အလုပ်တောင် ဒီနေ့မလုပ်ပဲ တံမျက်စည်းပဲ လှည်းကြတယ်...။ အနှုတ်ခံရတဲ့ မျက်ပင်လို ပြုတ်မှာ ကြောက်လို့လေ..။ လမ်းလျှောက်တာတောင် ခလုတ်မတိုက်အောင် သတိထား နေရတယ်လို့ ပြောရင်ပိုတယ်ထင်မယ်...။ လုပ်ငန်းစတဲ့ နေ့မှာဘာပဲဖြစ်ဖြစ် အမှားအယွင်း အဖြစ်မခံ နိင်ဘူးလေ...။ ညဘက်ရောက်လာတော့ ပထမဆုံး ဘော်လုံးပွဲ လောင်းကြေးစာရွက် သွားယူပြီး နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး တိုင်ပင်လိုက်ကာ အပိုင်ဆုံးလေးပွဲ ရွေးလိုက်ကြတယ်...။

ကျွန်တော်တို့ လောင်းမယ့် လေးပွဲမှာ သုံးပွဲက အရင်ကန်ပြီး ရှေ့ပွဲတွေပြီးမှ နောက်ပွဲကကန်မှာ ဆိုတော့ ပိုပြီး
ကောင်းတယ်လေ..။ ရှေ့မှာနိုင်ထား လို့ကတော့ နောက်ပွဲကို အပြီကိုင်မယ်ဆိုပြီး နှစ်ယောက်သား ကြုံးဝါး ထားကြတယ်။ တွေးရင်း တွေးရင်းနဲ့ နိင်မှာသေချာတယ် ဆိုပြီးတော့ကို လောဘတွေ ဖြစ်နေသေးတယ်...။ လူ့သဘာဝများ ပြောပါတယ် လောင်းကစားမှာ သေချာတာ မရှိဘူး ဆိုတာကိုပါ မမြင်နိင်တဲ့ အထိပါပဲ...။ အဲဒါနဲ့ တပွဲကို နှစ်ထောင့်ငါးရာနဲ့ သုံးပွဲအရင် တင်လိုက်တယ်.အနည်းဆုံး နှစ်ပွဲနိင်ရင်တောင် နှစ်ထောင်ကျော်လောက် စ၀င်မှာ ဆိုတော့ ခေါင်းထဲ အဲဒီအကြောင်းပဲ ရောက်နေတော့တယ်..။


လောင်းပြီးတော့ နှစ်ယောက်သား လ္ဘက်ရည်ဆိုင်သွားထိုင်ကြတယ်.အဲဒီအကြောင်းကိုတောင် မပြောတော့ပဲ ဂရုမစိုက်ချင်ယောင် ဆောင်ပြီး ရောက်တတ်ရာရာတွေလျှောက်ပြော ကြည့်ပေမယ့် မရပါဘူး...။ စိတ်ကလောင်းထားတဲ့ ဘော်ပွဲစီပဲ ရောက်နေတာ ဆိုတော့ တခြားအကြောင်းပြောရင်းနဲ့ ရပ်ရပ်သွားတယ်...။


ပွဲစလို့ မိနစ်၃၀လောက် နေတော့ ရဲကြီးကမနေနိင်တော့ဘူး “ငါအခြေအနေ တချက်လောက် သွားကြည့် လိုက်အုံးမယ်”ဆိုပြီး ထသွားတယ်...။ဘော်လုံးပွဲ ပြတဲ့ရုံ ကလည်းအနားမှာ ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်ပါနေတာပေါ့...။ ကျွန်တော်ကတော့ ဒီကောင်ပြန်လာရင် ဘာတွေကြားရမလဲ လို့စိတ်စောနေမိတယ်...။


ငွေတသောင်းက များတယ်မဟုတ်ပေမယ့် ချေးငှားပြီး လုပ်ထားရတာ ဆိုတော့ ဘုရင့်နောင်က သူ့ဖောင်တွေ
ဖျက်နေတုန်းခံစားချက်လောက် ပြင်းထန်မှာ မဟုတ်ပေမယ့် ကိုယ်လည်း ကိုယ့်အထွာနဲ့ ကိုယ်စိတ်ပူနေ မိတာပါပဲ...။ ခဏနေတော့ ရဲကြီး ပြန်ရောက်လာတယ်.မျက်နာက စပ်ဖြဲဖြဲနဲ့ မို့လို့အခြေနေ ကောင်းပြီထင်တုန်း ဒီကောင် ငါတို့ “ဂိုးပေါင်းလောင်းထားတဲ့ ပွဲတော့ ပြီးသွားပြီ” တဲ့ ဂိုးပေါင်းဆိုတာက နှစ်သင်းလုံးရဲ့ သွင်းတဲ့ဂိုးအရေအတွက်ကို ပေါင်းပြီး သုံးဂိုးနဲ့ အထက်ဘက်မှာ နေမလား သုံးဂိုးအောက်မှာ နေမလားဆိုပြီး လောင်းရ တာမျိုးလေ...။ ကျွန်တော်တို့က သုံးဂိုးအထိ မသွင်းနိင်ဘူး ဆိုပြီးအောက်မှာ နေထားတာ...

“ဘာဖြစ်သွားပြီလဲ” မေးတော့ “ဒီကောင်က မိုက်ရိုင်းတယ်ကွာ နာရီဝက်ပဲ ရှိသေးတယ် တူးတူး(2-2) ဖြစ်သွားပြီ” တဲ့

“ဟာ ကားပြီပေါ့” လို့ပဲကျွန်တော် ပြန်ပြောနိင်တယ်.
“တသက်လုံး ဂိုးမသွင်းတဲ့ အသင်းတွေကွာခုမှ ဘာစိတ်ကူးပေါက်ပြီး အဲဒီလောက် သွင်းကုန်ကြလဲ မသိဘူး”
ဆိုပြီး ရဲကြီး ငြီးပါလေရော...။


ဟုတ်တော့လဲ ဟုတ်တယ် ဂျာနယ် နှစ်စောင်လုံးကလဲ အဲဒီပွဲ ဂိုးနည်းမယ် လို့ရေးထားတာလေ...။ တေပြီ ဆရာလို့ပဲ ပြောရတော့မယ်...။ဘယ်တတ်နိင်မလဲ ကွာနောက်ပွဲတွေ ရမှာပေါ့ လို့နှစ်သိမ့်ရင်း အဲဒီပွဲတွေရော အခြေအနေ ဘယ်လိုလဲ မေးတော့ ခုထိတော့ မလှုပ်သေးဘူးတဲ့...။ အေးဆေးပေါ့ကွာ လို့ပြန်ပြောရင်း ဒီ့ပြင်အကြောင်း တွေပဲ ပြောနေမိတယ်...။

ပထမပိုင်း ပြီးချိန်ရောက်တော့ ရဲကြီး နောက်တခေါက် အခြေအနေ ထပ်သွားကြည့်တယ်...။ ပြန်လာတော့ “ဒီအတိုင်းပဲဟေ့ လှုပ်ကိုမလှုပ်ဘူး ဒီကောင်တွေ ကန်ရော ကန်ရဲ့ လားမသိဘူးတဲ့”
“ကန်တော့ ကန်မှာပါကွာ ကွင်းထဲမှာ ထိုင်နေလို့မှ မရတာ ”လို့ ပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့် ရင်ထဲမှာတော့
နွေးစပြုလာပြီး စိုးရိမ်စိတ်တွေ နဲနဲဝင်လာတယ်..။

ဒုတိယပိုင်းစပြီး မိနစ်(၂၀) လောက်ကြတော့ ရဲကြီး တစ်ခေါက်ထပ် သွားပြန်တယ်...။ ခပ်သုတ်သုတ် ပြန်လာတဲ့ ဒီကောင့်ကိုကြည့်ပြီး ဒီတခါတော့ ဂွတ်ပြီနဲ့ တူတယ်လို့ တွေးလို့တောင် မဆုံးသေးဘူး
“သောက်တလွဲပဲဟေ့ ဟိုဘက်ကတောင် ပြန်သွင်းထားတယ်”
ရင်ထဲမှာ နဲနဲဟာသလို ဖြစ်သွားပြီး လာကွာ ငါပါလိုက်ကြည့်မယ် ဆိုပြီး အတူတူ ထွက်လာတော့တယ်..။


စိတ်ထဲမှာတော့ ဒီကောင်သွားကြည့်တာ lucky မကောင်းဘူး အစထဲက ငါ့ဘာသာ သွားကြည့်ရင် ကောင်းအုံးမယ် လို့ မဆီမဆိုင် တွေးမိသေးတယ်..။ ဒါပေမယ့်လည်း ပျက်ချိန်တန်လာရင် ဘာမှတားလို့ မရဘူးဆိုတဲ့ အတိုင်းပါပဲ ကြမ္မာဆိုးကို မလှန်နိင်ပဲ ရှေ့ ဆုံး သုံးပွဲစလုံး စုံးစုံးမြုပ် သွားတော့တယ်... တယောက်မျက်နာ တယောက် ကြည့်ရင်း လက်ကျန် နှစ်ထောင့်ငါးရာကို ဘာလုပ်ရမှန်း ဝေခွဲလို့ မရတော့ပဲ လူတွေလဲ ထူပူနေ တော့တယ်...။


နောက်ဆုံးတော့ ရဲကြီးရာ မထူပါဘူးကွာ ဆက်ချ ရမှာပဲလို့ သဘူတောပြီး နောက်ဆုံး ရွေးထားတဲ့ ပွဲကို လက်ကျန် နှစ်ထောင့်ငါးရာ လုံး အကုန်လောင်းပြီး စိတ်မပေါ့မပါးနဲ့ အိမ်ပြန်ခဲ့ကြရတယ်..။အဲဒီညက ကျွန်တော် အိပ်မပျော်ပါဘူး.ရဲကြီးလည်း အိပ်မပျော်နိင်ဘူး ဖြစ်နေမယ် ဆိုတာ နောက်တသောင်းခွဲလောက် ထပ်ချေးပြီး
လောင်းလိုက် ချင်သေးတယ်...(ဒါမှအကြွေးဆပ်ပြီးသုံးထောင်လောက်ကျန်မှာ)


မနက်အိပ်ရာနိုးနိုးချင်း အတွေးထဲ ရောက်လာတာက ညက ပွဲ အခြေအနေပါပဲ ...အဆင်မှ ပြေပါ့မလားတွေးပြီး
မျက်နာသစ်လည်း ဒီစိတ် ရေချိုးလည်း အဲဒီစိတ်ပဲ ၀င်နေတယ်. စိတ်ကို ကြည်ကြည်လင်လင် ထားပြီး ကောင်းတာတွေပဲရွေးတွေး နေမိတယ်...။ငွေလေး တသောင်းလောက်နဲ့ စိတ်ဒုက္ခတွေ များလိုက်တာ လို့ထင်ကြမှာပဲ..။


၁၀ တန်းပြီးခါစ အလုပ်မရှိတဲ့ အချိန် ငွေတန်ဘိုး အနည်းငယ်ရှိသေးတဲ့ အချိန်ဆိုတော့လည်း ၀န်ထုပ်ဝန်ပိုး ဖြစ်စေနိင်တဲ့ ပမာဏပါပဲ...။အဲဒါနဲ့ မနက်စာ စားပြီး ရဲကြီးဆီ ထွက်လာခဲ့တယ်....။ ဘာတွေပဲ ကောင်းတာ တွေးတွေး စိုးရိမ်စိတ်ကတော့ ကြီးနေတာပါပဲ...။ ရဲကြီးကလဲ သူ့အိမ်ရှေ့က အုတ်ခုံမှာ ကျွန်တော့်ကို ထိုင်စောင့်နေတယ်..။ တွေ့တွေ့ချင်း ရဲကြီးက ငပိုင်ရေ ငါတို့တော့ ကုန်ပြီဟ တဲ့ ဆီးပြောလိုက်တာ လူမှာ အမောတောင်ဆို့တယ်...။


နှစ်ယောက်လုံး စိတ်ပျက်လက်ပျက်နဲ့ လ္ဘက်ရည်ဆိုင်မှာ ထိုင်ဆဲ နေရတော့တယ်...အခုချိန်မှာ လုပ်လို့ရနိင်တာ
ဒါပဲရှိတော့တယ်လေ...။ကံဆိုးမသွားရာ မိုးလိုက်ရွာတာ မဟုတ်ဘူး မိုးရွာတဲ့ထဲကို ကံဆိုးမက တိုးဝင်သွားတာမျိုးပဲ။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်ကို အင်္ဂလန်က ၀ီလျှံဟေးပဲ စားသွားတာလား.. မြန်မာပြည်က ဘယ်သူဌေးပဲ စားသွားလဲမသိဘူး ကျွန်တော်တို့မှာတော့ ကားပြီး ကျန်ခဲ့တာပါပဲ...။


ငွေတစ်သောင်းကတော့ ကျွန်တော်တို့ကို အဖက်တောင်မလုပ်ဘူး ပလုံလို့လဲ အသံမမြည်ဘဲ နစ်မြုပ်သွားတော့တယ်။ တလလုံးလုံး အကြွေး ပြန်ဆပ်နေရ တာနဲ့ လဘ္ဘက်ရည်ဆိုင်တောင် သိပ်မရောက် ဖြစ်တော့ပါဘူး. ညတွေဆို လ္ဘက်ရည်ဆိုင် မသွားနိင်ဘဲ ရဲကြီးတို့ အိမ်ရှေ့ က အုတ်ခုံမှာ ထိုင်ရင်း လေကန်နေရ တော့တယ်..။


အခုထိမှတ်မိနေသေးတာက အကြွေးရှင် အမနာမည်က မရီဝင်းတဲ့...။ ဗုဒ္ဓဟူး သမီးနဲ့ အကျိုးပေးတယ် ဆိုပြီး
သူငယ်ချင်းတွေ ကြားထဲမှာတော့ ပြောစမှတ်ကို တွင်ကျန်ခဲ့တာပါပဲ...။ သတိရတိုင်းလည်း ပြောဖြစ်တော့တယ်...ခုတော့လည်း ပြန်တွေးရင် ရယ်စရာ တခုလောက်သာ မြင်မိတော့ပါတယ်...။

.............................................


သင် ဘောပွဲလောင်းတာ ၀ါသနာပါခဲ့ရင် ကျွန်တော်ဆီမှ ဘော်ပွဲခန့်မှန်းရလဒ်များ အကြံဥာဏ် လှမ်းတောင်းလို့ရပါတယ်..။ လိပ်စာက ah.hlu.taw@gmail.com ပါ...။
မ Add ခင် mail နာမည်ကို တော့ သေသေချာချာဖတ်စေချင်ပါတယ်..။

။........................................................။

(သူငယ်ချင်းရဲကြီးသို့အမှတ်တရ)

31 comments:

Anonymous said...

၁ ယူကြည့်ဦးမယ် :D

Anonymous said...

ဟဟဟဟဟဟဟဟ
ကိုကြီးအင်း ရေ .. တစ်ပုဒ်တည်းနဲ့ကို ဘောလုံးလောက အကြောင်း အစုံသိခဲ့ရတာပဲဗျို့ .... မိုးရွာထဲကို ကံဆိုးမတိုးဝင်သွားတာ မဟုတ်ပါဘူး ... ကံဆိုးထီးကြီး တိုးဝင်သွားတာပါ ... haha :D

Phyo Maw said...

ဘောလုံးဆိုတာ လုံးနေတယ် ဆိုသလိုပါပဲ။

အားကြီးချစ်လေး said...

ကျောင်းတုန်းက မှတ်မိသလောက်...
အားကြီးချစ် စက်ဘီးမှာ ချည်ထားတဲ့ .(နှာချေးညှစ်ပြီးသား) လက်ကိုင်ပ၀ါ
..ဒီကောင်ရဲကြီး ဖြုတ်ယူသွား ဘူးတယ်...
အဲဒီတုန်းကတော့ မောင်နဲ့ မခင်သေးဘူး...
ကြောင်ချက်ကတော့ လွန်ပါ့...
သူငယ်ချင်းတွေ ဖြစ်သွားတော့လည်း တော်တော်
ရယ်ရပါတယ်......သတိတော့ ရသား....
သူ့ကို......
စိတ်မဆိုးကြေးနော် မောင်.........

ကောင်းကင်ပြာ said...

တော်သေးတယ် နာ ဗုဒဟူးသမီး မဟုတ်လို့

မေလေး said...

ကိုပိုင်နော်
လူလည်ကျတယ်ဗျို့  ..အဟောင်းကြီိးကို ဆားချက်တယ်..လိုချင်ဘူးးးး အသစ်တင်ပါဗျိုးးးးးးးးးးး
ခင်တဲ့
မေလေး

မိုးစက်အိမ် said...

ကိုကျိုးကြီးစာဖတ်ပြီးပြုံးမိသေးတယ်...မလောင်ဘူးဘဲ
လီဗာပူးနဲ. ၀က်ဟမ်းသွားလောင်းတာ ညအိမ်တော.ဂိုး
သွင်းတာတွေဘဲ မြင်နေတယ်...လောင်းကြေးက လဲပေးရဲတယ်
ဗျာ...ဘာတဲ. သရေ အရူံး ဆိုတော. မလောင်းဘူးတဲ.
ကျွန်တော်တောင် ချွတ်လောင်းလိုက်တယ်လေ...မန်ယူ
ပရိတ်သတ်ပေမဲ. ဒီလိုပွဲတော.ဘယ်ရမလဲ တော်သေးတယ်
1:0 နဲ. ကပ်နိုင်လို. နောက်ပိုင်းတော. လောင်းတော.ဘူး
နှလုံးရောဂါ ရမှာစိုးလို. ဟီးးးးးးးးးးးးးးးးးးးးးးးးးးးး

kiki said...

ငှဲ ငှဲ ငှဲ ..
အီဖေစကို လဲ ဗုဒ္ဓဟူး သမီး ကွဲ့ ...
ရှိတာလေး လောင်းချင်သေးရင် ဆက်သွယ်လိုက်လေ..

၅ ခါဘဲ ခွဲ ပြီး ပြန်ဆပ်ပါ .. အချင်းချင်းတွေဘဲ နော့ ....

သုဒြေ္န said...

ဒါကဘယ်လိုဖြစ်ရပြန်တာလဲဒို့ ကို ဆွယ်နေပြန်ပြီပေါ့  ဟိုတပတ်ကအိပ်ရေးလဲပျက်ကွဲလဲကွဲသေးတယ် [ဘောပွဲလောင်းကောင်းသဖြင့် ၇ှု့းံပြီး၎င်းပွဲစဉ် ကိုထကြည့်ကာမိုးလင်းထိအိပ်ရေးပျက်ဘူးသည်ကိုရည် ၇ွယ်ပါသည်အထင်တော်မလွဲပါနှင့် လေး] ဘာပွဲတွေ ရှိ နေသေးလို့ လဲဟင်ရှယ်ကြမယ်လေ{ပြန်ရလေမလားမျှော်လင့် ခြင်းများစွာနှင့် } ခင်တဲ့  အကိုသုဒြေ္န

Sein Lyan Tun said...

ကိုပိုင်ရေ.. ကျနော်အင်္ဂါသားနဲ့ပေါင်းသင့်တယ်
ပိုပြီးတက်တက်စင်အောင်လေး
အဟားး
ကျနော်နဲ့လောင်းကစားအကျိုးပေးပုံများ အောချလောက်တယ်
လာပေါင်းလှည့်
တူတူလောင်းရင် ကောင်းကွက်ထွက်နိုင်သေးတယ်
ဗုဒ္ဒဟူးသမီးက အကျိုးပေးတာတေချာပါတယ်.
ကျနော့်အတွက်တော့ အဟားးး
ချစ်ခင်စွာဖြင့်
ဖိုးစိန်

thawzin said...

ဘောပွဲအကြောင်းပဲ.... အလောင်းကစားတော့ ၀ါသနာပါဘူး, ဘောလုံးဆို ကန်တာပဲ ၀ါသနာပါတယ် ကြည့်ရတာတောင် သိပ်စိတ်မပါဘူးဗျ, အလောင်းကစား ဆိုတာ ကောင်းကျိုး မရှိကြတာပါဗျာ, ဒါပေမယ့် အခုလိုအချိန်မှာတော့ ပြန်တွေးရင် ပျော်စရာလေးတွေ တော့ဖြစ်တာပေါ့....

စိတ်စမ်းရေ said...

အခါတော်ပေး ဆရာခန့်မယ်...။ လောင်းမဲ့သူ
တွေကို အကြံပေးရုံပဲ...။ ဘယ်လိုလဲ..။လုပ်နိုင်မလား.............။

Ko Boyz said...

ဘော်လုံးပွဲလောင်းလို့ ရှုံးတာက ရေးပြီးသားလေ...။
ဒီအတိုင်းပဲဟာကို...။
ဆားချက်တာ သိသာလိုက်တာ.. ဟဲဟဲ...

ဧပရယ်၈၄၇၇ said...

ကိုရင် မနောက်နဲ့လေ ဒါအဟောင်းကြီးနော် ဖတ်ဖူးတယ်

မြစ်ကျိုးအင်း said...

ခက်ပြီ သိကုန်ကြပြီလေ...
ဆားချက်တာမဟုတ်ပါရဘူး...ဟိုအရင်က ပို့စ်တွေကို
သေသေသပ်သပ်လေး ပြန်လုပ်ပြီး တင်ဘို့ စိတ်ကူးရှိ
ထားပါတယ်...။ဘလော့လုပ်ကာစဆိုတော့ စာပိုဒ် ခြားရကောင်းမှန်းတောင် မသိသေးဘဲ တပုဒ်လုံးကို
တပုဒ်ထဲနဲ့ ရေးထားတော့ စာတွေက ပြည့်ကျပ်နေတာလေ...သူများတွေတော့ မသိဘူး
ကိုယ့်ဘာသာ ပြန်ဖတ်တာ ခေါင်းမူးသွားလို့ ပြင်လိုက်တာပါ...။မဖတ်ရသေးတဲ့သူတွေ အတွက် အသစ်လို့ ခံစားရအောင် ပို့စ် အဟောင်းပါလို့တောင်
ထည့်မရေးထားတာပါ...။ရေးစရာတွေ အများကြီး ရှိပါသေးတယ်ခင်မျာ..ဟဲဟဲ ဆားချက်ရတဲ့ အဆင့်ထိ မရောက်သေးပါဘူး...အသစ်တွေမကြာမီ လာပါမည်..။

Anonymous said...

အခုမှပဲ ဘောလုံးပွဲ မကြည့်ဘူးပဲ ဘောလုံးပွဲ အကြောင်းနားလည်သွားတယ်။ ဒါပေမယ့် လူလည်ကျတာကို လုံးဝမကျေနပ်ဘူးးးးးးးးးးးးး

မငုံ said...

ခေါင်းစဉ်မြင်တာနဲ့ ဘာလိုလိုတွေးလိုက်တာ:))
ဒီရောက်မှပဲ ဘောလုံးပွဲနဲ့တိုးနေတယ်။ နောက်တခါဆို စနေသမီးနဲ့တစ်နှစ်တာလို့ ပြောပြီးလောင်းနော့။:)

ကြယ်သောကြာ said...

ဘာရာသာ ကျိုးရေ ကျွန်တော့ အတွက်ကတော့ အသစ်ပေါ့ဗျာ။ အရင်က မဖတ်ဖြစ်ခဲ့တာကိုး။ ဟီးအခုရော မရီဝင်းနဲ့ ထပ်တွေ့သေးလား

သားကြီး said...

ကျနော့်အတွက်တော့အသစ်ပေါ့ဗျာ
ခုမှဖတ်ရတာဆိုတော့
ဘောလုံးကကျနော့်ကိုအကျိုးမပေးဘူးဗျ
everရှုံးပဲလောင်းလိုက်တိုင်းကို :)

သူကြီးမင်း (တုံးဖလား) said...

ကောင်းလိုက်တဲ့ ခန့်မှန်းတွက်ကိန်း ဘောလုံးလောင်းပွဲလေးဘဲ။

ဘာတဲ့။
တစ်လုံးရှုံးရင် နှစ်လုံးနဲ့လိုက်။
နှစ်လုံးရှုံးရင် သုံးလုံးနဲ့လိုက် ဆိုလား။

ဆက်လုပ်လိုက်ဦးလေ ကိုမြစ်ကျိုးရဲ့ ။

Anonymous said...

ကိုကြီး
လာဖတ်သွားတယ် ဖတ်ပြိးသားပေမဲ့
အဆင်ပြေပါစေနော်

ခင်တဲ့ညီမလေး
မြူးလေး

ဇော် said...

ဖတ်ပြီးသားကြီးနော် ကိုကျိုး .. ဟင်းဟင်း။ ( အံကြိတ်သံ )

တော်သေးတာပေါ့ ကျနော်က ရာဟုသမီးဖြစ်နေလို့။ အဟီး။

မိုးခါး said...

ဟဟဟ
ရီရတယ်
တကယ်ပဲနော် .. :D
ဗုဒ္ဓဟူးသမီးအကျိုးပေးတယ်နော်
ညီမလည်း ဗုဒ္ဓဟူး
စပ်တူလုပ်ငန်းလုပ်မလား :P

မျက်မှန်လေး said...

ဘောပွဲလောင်းသွားး...အဲ..စာလာဖတ်သွားပါတယ်
ဟီးဟီး

မြစ်ကျိုးအင်း said...
This comment has been removed by the author.
ကိုညီမင်း said...

ပြန်ဖတ်တော့လဲ ထပ်ကောင်းနေတာပဲ..
အသစ်တွေလဲစောင့်နေပါတယ်နော်

အနမ်း said...

သိဟ်ရာသီဖွားဆို အလောင်းအစားအကျိုးမပေးဘူးနော်။
ဟီး သိဟ်ရာသီဖွားဆို နောက်ကိုအလောင်းအစားလုပ် မယ်ဆိုရင် သဘူမတောနဲ့ ။:)
အဆင်ပြေပျော်ရွှင်ပါစေ ကိုမြစ်ကျိုးးးးးးး

march.pisces88 said...

ဆရာ...မိန်းမယူရင်ဗုဒ္ဓဟူးသမီးကိုယူနော်....:P

mgnge said...

:)

နောက်မလောင်းတော့ပါဘူးခင်ဗျ

nick က လန်းတယ်နော်.. အလှူတော်တဲ့ ဟဟဟ..
ကြောက်ကြောက် ...
ကိုယ့်ဘာသာပဲခန့် မှန်းတော့မယ်

tinmoelintun said...

လောင်းကစားဆို အကျိုးပေးသလားမမေးနဲ့ ။ ကြိုက်တဲ့ဘက်ကနေ။ ဂိုးတောင်အကြောပေးလိုက်သေးတယ်။ အဲဒါလည်းနိုင်တာပဲ။ အဲဒီကတည်းက သူငယ်ချင်းတွေဆို ဘာပွဲရှိလဲတောင် ပေးမသိကြတော့ဘူး။

မြတ်မွန် said...

အဟက် ဗုဒ္ဓဟူးသားသမီးတွေနဲ့ မွန်နဲ့ကတော့
အမြဲရေစက်ပါတယ်..
မွန်သိတဲ့ ဗုဒ္ဓဟူးသားသမီးတွေကလေ..ထမင်းစားရင် တစ်ခုမဟုတ် တစ်ခု ဖြစ်တက်တယ်..
ဥပမာပေါ့ အရိုးဆူးရတာနဲ့..
ဂဲလုံး ကိုက်မိရတာနဲ့ နင်ရတာနဲ့..အစုံပါပဲ..ရယ်တော့ ရယ်ရတယ်..
မွန်နဲ့ အနီးဆုံး မားမားပေါ့ အချစ်ဆုံး သူငယ်ချင်း ၂ယောက်လုံးရော တော်တော် တော့ အကျိုးပေးတယ်..

ရဲကြီးရဲ့ ဗုဒ္ဓဟူးသားသမီးနဲ့ အကြောင်းလေး ဖတ်သွားပါတယ်..။

 

Posts Comments

©2006-2010 ·TNB