မုန့်အလကားစားနည်း

17 June 2009

ကျုပ်ဘ၀မှာ ထူးထူးဆန်းဆန်းကြုံတွေ့ခဲ့ရတာတွေ အများကြီးရှိခဲ့သလို မှတ်မှတ်ထင်ထင် ရှိတဲ့ အဖြစ်အပျက်တွေလည်း အများကြီးပါပဲ။ အဲဒီထဲက အခုပြောပြချင်တာ မုန့်အလကားစားနည်းပါ။ ကျုပ်ဘဝမှာ မုန့်အလကားစားခဲ့ရတဲ့ ဂွင် တစ်ခု ကြုံခဲ့ရတယ်။ စားရတာမှ ခဏလေး မဟုတ်ဘူးနော်။ နှစ် နှစ်လောက်အထိကို အလကားစားရတာ။ အော် .. စေတနာရှိလို့ ကျွေးတာမဟုတ်ပါဘူးဗျာ။ ခွင်( ဂွင်) လို့ပဲ ဆိုဆို အညှာကိုင်မိတယ်လို့ပဲ ပြောပြော တဘက်သား လွန်ဆန်မရတဲ့ အချက်တစ်ခုကို အပိုင်ကိုင်ထားလို့ ဒီလို စားခဲ့ရတာ။ အဖြစ်က ဒီလို...

ကျုပ်မှာ အစ်မတစ်ယောက်ရှိတယ်။ အစ်မနဲ့ကျုပ်က အသက် ၂ နှစ်လောက်ပဲကွာတာဗျ။ ကျုပ်အသက် ၁၃ နှစ်လောက်ရှိတော့ အစ်မနဲ့ အရပ်အမောင်းချင်း ရွယ်တူတန်းတူ ဖြစ်လာတယ်။ ဒီတော့ ကျုပ်အစ်မရဲ့ သူငယ်ချင်းတွေနဲ့ လည်း ရွယ်တူဖြစ်လာတာပေါ့။

အစ်မရဲ့သူငယ်ချင်းတွေထဲမှာ ဟိန္ဒူဘာသာဝင်ကောင်မလေး တယောက်ရှိတယ်ခင်ဗျ။ သူတို့မိသားစုက ကျုပ်တို့ အိမ်ရှေ့မှာ လေးတိုင်စင်တဲလေးထိုးပြီး တိုရှည်ဆိုင်လေးဖွင့်တယ်။ တိုရှည်ရောင်းတာက ကျုပ်အစ်မရဲ့ သူငယ်ချင်း အဲဒီကောင်မလေးပေါ့။ ကျုပ်ထက် နှစ် နှစ်လောက်ကြီးပေမယ့် ကျုပ်ကတောင် အရွယ်ပိုကြီး ပါသေးတယ်။ ဒါပေမယ့် ကျုပ်က ဗလ အားကိုးနဲ့ မုန့်အလကားစားခဲ့တာ မဟုတ်ပါဘူး။

စေတနာရှိလို့ ကျွေးတာမျိုးလည်း မဟုတ်သလို သူနဲ့ရည်းစားဖြစ်လို့လဲ မဟုတ်ဘူးဗျ။ ဘာကြောင့်ဆိုတာ ပြောပါ့မယ်ဗျာ။ ပြောချင်လို့လည်း ဒီလိုနိဒါန်းတွေ ချီနေရတာပေါ့။
အဓိက က ခွင်(ဂွင်)ကောင်းကောင်း မိဘို့လိုတဲ့အကြောင်းပြောချင်တာပါ။

အဲဒီခွင်ကြောင့် ကျုပ် နှစ်နှစ်လောက် တိုရှည် အလကားစားခဲ့ရတယ်။

မနက်မိုးလင်းလို့ ကျုပ်ကိုတွေ့တာနဲ့ အဲဒီကောင်မလေးက ဘာမှ မပြောဘူး။ တန်းပြီး တိုရှည်တခု လုပ်ပေးရတယ်။ မပေးလို့လည်း မရဘူးလေ။ ကျုပ်မှာ သူ့ကြောက်တဲ့ လျှို့ဝှက်ချက်တခု ရှိတာကိုး။ အမှန်တော့ အနိင်ကျင့်တာဗျ။ ဒါလည်း အသက်ကြီးမှပဲ သိတာပါ။ တော်သေးတာက တိုရှည်တခုက ဘယ်လောက်မှ တန်ဖိုးမရှိတော့ သူ့အတွက် သိပ်တော့မထိ ခိုက်ပါဘူးလေ။

ကျုပ်ရဲ့ခွင်ကို သိချင်ကြမှာပဲ။ ပြောပါ့မယ်ဗျာ...အဖြစ်ကဒီလိုပါ။

မနက်ဆိုရင်စောစော မနိုးတတ်တဲ့ ကျုပ်ကို နတ်ကောင်းနတ်မြတ်တွေက မ ချင်လို့လားမသိဘူး။ တနေ့တော့ ကျုပ်အစောကြီးနိုးလာတယ်။ အဲဒါနဲ့ ဘာရယ်မဟုတ်ဘဲ ခြံရှေ့ကိုထွက်လာဖြစ်တယ်။ စောသေးတော့ တိုရှည်တဲမှာ ဝယ်သူမရှိဘူး။ ကောင်မလေးတောင်  မီးဖိုကာစပဲ ရှိသေးတယ်။

တိုရှည်တဲနားကို ကျုပ်ရောက်တဲ့အချိန် သူက တိုရှည်ဒယ်အိုးကို အ၀တ်တခုနဲ့ ပွတ်နေတယ်။ ကျုပ်အနားရောက်နေတာ သူမသိဘူး။ ကျုပ်က သူလုပ်တာကို ဘာရယ်မဟုတ် ကြည့်နေရင်း သူဒယ်အိုးပွတ်တဲ့ အ၀တ်ကို ကြည့်မိတော့ တခုခုနဲ့ တူတယ်လို့ ထင်မိတယ်။

သူ့အနားကို တိတ်တိတ်လေးကပ်သွားပြီး ကြည့်တော့ ကျုပ်ထင်တာသေချာသလောက်ဖြစ်နေတယ်။ အဲဒါနဲ့ သူသုတ်နေတဲ့ အ၀တ်စကို ဖျတ်ခနဲ ဆွဲယူပြီးကြည့်လိုက်တော့  သူသုတ်နေတဲ့ အ၀တ်စက အမျိုးသမီး အတွင်းဝတ် ဘော်လီ ဖြစ်နေတာကိုး။ အဲဒီအဝတ်လို့ ထင်ထားပေမယ့် လက်ထဲပါလာတာဆိုတော့ ကျုပ်တောင်လန့်သွားသေးတယ်။

“နင် ဒယ်အိုးကို ဒီအ၀တ်နဲ့ သုတ်နေတယ် ဟုတ်လား”

ကျုပ်က အဲဒီအဝတ်ကို ပြန်မပေးဘဲ မေးတော့ သူဘာမှ ပြန်မပြောဘူး။ မျက်စိမျက်နာပျက်လို့။ 
 
“ အေး ငါ သူများတွေကို လျှောက်ပြောမယ်” 

ဆိုတော့မှ စီးပွါးပျက်မှာ စိုးလို့နဲ့တူပါရဲ့ပြာပြာသလဲ တောင်းပန်ရှာတယ်။ လျှောက်မပြောပါနဲ့တဲ့ သူဒီနေ့မှ အ၀တ်စုတ်ချင်း မှားပြီးယူလာမိတာပါ။ ခဏနေလို့ သူ့အမေလာမှ သွားပြန်လဲမလို့ပါ ဆိုပြီးရှင်းပြတယ်။ သူပြောတာဟုတ်မဟုတ် မသိပေမယ့် ဘော်လီကတော့ အစုတ်ကြီးဆိုတာတော့ အမှန်ပဲဗျ။

အဲဒါနဲ့ ကျုပ်က “အေး.. မပြောစေချင်ရင် ငါ့ကို နေ့တိုင်း တိုရှည်ကျွေးရမယ် ဆိုပြီးညှိတော့ သူက သဘောတူတယ်။ အဲဒီနေ့ကစပြီး ကျုပ်အတွက်တော့ အေးရာအေးကြောင်း စားရိတ်ငြိမ်း ဖြစ်သွားတယ်။ ကျုပ်ကိုမြင်တာနဲ့တိုရှည်ကျွေးရတော့တာပဲ။ သူက နေ့တိုင်း တိုရှည်ကျွေးပေမယ့် ကျုပ်က သူ့ဆီသွားတဲ့ ပုံကို ပြောပြချင်သေးတယ်။

မနက်မိုးလင်းရင် ကျုပ်က တိုရှည်တဲကိုသွားတယ်။ သွားပုံက ရိုးရိုးတန်းတန်း သွားတာမဟုတ်ဘူး။ ဟိုအရင်က မြန်မာဇာတ်ကားတွေ ကြည့်ဖူးကြတယ် မဟုတ်လား။ အဲဒီထဲက ဇာတ်ဝင်ခန်း ပုံစံမျိုး သွားတာ။
အိမ်မှာဘယ်သူမှ မရှိချိန် ဦးကျောက်လုံးက အိမ်ဖော်မလေး အခန်းထဲ ၀င်သွားတဲ့ ပုံစံမျိုးလေ။ ပုံစံက ဒီလိုလေး။ ခြေထောက်ကို အမြင့်ကြီးမပြီးမှ  တချက်ချင်း ချလှမ်းတဲ့ ၀ံ့ဝံ့ကြွားကြွား ပုံစံမျိုးနဲ့ တိုရှည်တဲကို သွားတာလေ။ ပါးစပ်ကလည်း ပြောလိုက်သေးတယ်။ 

 “ဟေ့...ကောင်မလေး ငါလာပြီနော်” ဆိုပြီး အသံကို လေးလေးပင်ပင် ပီပီသသကြီး ပြောတာ။
  ကြွက်ကို ကြောင်က ခြောက်တဲ့ ပုံစံမျိုးနဲ့ ဆင်တူမယ်ထင်ပါရဲ့။

ကုလားမလေးတော့မသိဘူး။ ကျုပ်တော့ အဲဒီပုံစံ အခုပြန်တွေးရင် ကျုပ်ကိုကျုပ်တောင် အမြင် ကပ်မိတယ်။ ကလေးဘ၀လည်းဖြစ်ပြန် နိင်ကွက်ကလဲ ရှိထားတော့ အမြင်ကပ်လည်း ဂရုမစိုက်ဘူးဆိုတဲ့ သဘောနဲ့တူပါရဲ့ဗျာ။ ကုလားမလေးခမျာ ဘာမှပြန်မပြောရဲဘူး။ တိုရှည်တခုလုပ်ပြီး ကျုပ်ကို ပေးရတာပဲ။

ဒီကြားထဲ ကျုပ်က သူမေ့သွားမှာ စိုးလို့ ဘော်လီအဝတ်စုတ်ကိစ္စကို ခဏခဏ အစဖော်ပြီး ချိန်းခြောက်ရသေးတယ်။အဲဒီလိုနဲ့ ကျုပ်နှစ်နှစ်လောက် တိုရှည်အလကား စားခဲ့ရတာပေါ့ဗျာ။ 




ပိုင်လှချည်လား ညောင်ရမ်းရယ်လို့ မိတ်ဆွေတို့ အားကျရင်တော့ ကျုပ်လုပ်သလို ဆိုင်တဆိုင်ရှေ့ကို စောစောစီးစီးသွားပြီး ၀ီရိယရှိရှိ သွားစောင့်ကြည့်ကြဗျာ။ စောစောထတဲ့ငှက် အစာပိုရတတ်တယ် မဟုတ်လား။
အဲ...မသင်္ကာလို့ ရဲခေါ်ရင်တော့ ကျုပ်နဲ့မဆိုင်ဘူးနော်..။


။....................................................................။



36 comments:

ကောင်းကင်ပြာ said...

တို့ ၁ နော် ၊စာဖတ်လိုက်ဦးမယ်၊ ပီးမှ ပြန်မန့်ပါမယ်ရှင်

ကောင်းကင်ပြာ said...

ဟိဟိ တခါတလေလဲ ဘာနဲပ သုတ်မှန်းတွေ ဘာတွေ မသိပါဘူး၊ ၀ယ်စားမိတာပဲ၊ရန်ကုန်ပြန်ရင်တော့ တိုရှည်သည်ဆီ စောစော သွားရပုံပဲ၊ အမ အခု စားချင်နေတာ

သုဒြေ္န said...

3333333333

လူရိုင်းလေး said...

မိန်းကလေး ရောင်းတော့ မိန်းကလေး အတွင်းဘော်လီနဲ့ သုတ်တာပေါ့နော်။ ယောကျာ်းလေးရောင်းရင်တော့ ဘာနဲ့ သုတ်မလဲ မသိတော့ဘူးနော် :)

Sein Lyan Tun said...

သြော် မြင်ထားဖူးတော့လဲ ဒီတိုရှည်ကို ကြိုက်တော့မှာပေါ့လေ...
ခြိမ်းခြောက်ပြီးစားတယ်ဆိုတာထက်
မုန့်ဖုတ်ခါနီး သုံးတဲ့ အဝတ်နဲ့ပွတ်တဲ့ မုန့်ကိုစားချင်နေတာမဟုတ်လား ကိုပိုင် အဟားး
သိနေတယ် သိနေတယ်
ချစ်ခင်စွာဖြင့်
ဖိုးစိန်

သုဒြေ္န said...

ကျနော်ကလဲပြော ချင်တာရှိတယ် ခုတလောပေါ့ ဗျာ {ဒါကညီလေးမြစ်စတိုင်နဲ့ရေးတာ}ေ၇ာဂါတခှဖြစ်နေတယ် သူများတွေပို့ စ် သစ်လေးတခုတင်ပြီဆိုရင်အပြေးလွှားနေရာဦး တစ်နေရာလေးကိုမက်မက်မောမောလုရတဲ့ရောဂါ အဲဒီရောဂါလေးကျနော့ မှာစွဲကပ်နေတာပါ ဒီတော့  ဒီတော့ ဘာဖြစ်လဲ ကျနော့ကိုချစ်ကြတဲ့ကျနော်က ချစ်တဲ့ဘလော့ ဂါ ညီလေးတွေကကျနော်အမြဲနောက် ကျတတ်မှန်းသိလို့  သူတို့ ရဲ့ ပိုစ်သစ်လေးတွေတင် တော့ မယ်ဆို၇င် ကြိုပြီးဖုန်းဆက်အကြောင်းကြားတော့ တာပေါ့  ကိုကြီးရေ အိမ်မှာရှိလား အလုပ်ဆင်းပြီလား စသဖြင့် မေးတတ်ပါတယ် ကျနော်လဲသူတို့ ဆီကဖုံး ဆက်တယ်ဆိုရင် အလွန်ကြည်နူးစွာနဲ့ ညီလေးရေ ပြောပါပေါ့  ကိုကြီးအသစ်တင်ပြီမြန်မြန်မန့် လို့ ပြော တော့ တာလေ့ အဲဒီလိုပြောပြီးကျနော်လဲေ၇ာက်တဲ့  နေရာကနေအိမ်ကိုအပြေးပြန်ပြီး ကွန်ပြူတာဖွင့် အမြန် ဆုံးအနေထားနဲ့  ကောမန့် ကိုကြည့် လိုက်တယ်ဆိုရင် ကျနော်က....၃....နေရာလောက်ရောက်နေတာ.... ဒါပေမဲ့ ကျနော်ကျေနပ်ပါတယ် ဘလော့ အသိုင်းဝိုင်း လေးမှာမောင်နှမများတဦးကို့တဦးအလွန်နွေးထွေးသောသံယောဇဉ် မေတ္တာမျာ့း နဲ့ နှောင်ဖွဲ့ ထားကြလို့ ပါ ညီလေးကချစ်သောညီလေးကိုချစ်သော အကို သုဒြေ္န ps...ကျေးဇူးပါ

kiki said...

ဗျိုး အပေါ် က လူကြီး ..
သတိထား နေ ပါ .. ဘာလဲ နေရာ လုတဲ့ရောဂါ ဖြစ်နေတယ်ဆိုရင် ရွှေ့ပြည်တော် အမြန် ပြန်ပြီး နံပါတ် ၁ ရအောင် သွားဦးထား ..

ဟွန်းးးးး

ahphyulay said...

နေရာတကာသောက်ရမ်းလုပ်တတ်တဲ့ညောင်ရမ်း အကြောင်း ကိုမြစ်ကျိုးရေးမှ တခါထပ်ရယ်ရပါတယ်၊သိပြီးသားဆိုပေမဲ့ ပေါ့ ပေါ့ ပါးပါးရေးတတ်တဲ့ အတွက်ကြောင့် ပါ၊

kiki said...

အဲ အပေါ်က လူကြီး ကို ပြောချင်ဇောနဲ့ လာရင်းကိစ္စ တောင် မေ့သွားတယ် ..
ကို မြစ်ကျောက်လုံး ကြီး ကို လည်းကြောက် လာ သလိုဘဲ..သူလည်း လစ်ရင် လစ်သလို ဂွင် ရှာတတ်တယ် ဆို လို့ ။။
ဂွင် ရှိသူများ သတိထား နေကြ ပါဗျိုး ။
တို ရှည် ကိုတောင် ဂွင် ရှာ နေတာဆို တော့ မတို မရှည် တို့  . ။ ပိုပို ရှည်ရှည် တို့ ဆို .. ..
အံမယ်လေးးး မတွေးရဲ ဘူး.

ရောက်လေရာ ဂွင် နဲ့ တွေ့ ပါစေသတည်းးး

march.pisces88 said...

ဟွန်း...ညစ်ပတ်လိုက်တာ...... :P

တလနွန် said...

ကိုညောင်ရမ်းရဲ့  ဂွင်ဖမ်းတတ်ပုံက ဆရာပဲ :)
တိုရှည်နှစ်နှစ်စာ အလာကားဝါးရတယ် ဟားဟား

ဂျာမုန်းဒန် said...

အစ.....ဖတ်လိုက်တော့ ဟား...ကုလားမလေးကို ရည်းစားစကားများပြောမလာလို့...
ဘယ်ဟုတ်မလဲ....အကျံနဲ့ဂိုး.....

မေလေး said...

ဟားဟား ..ကိုပိုင်ရေ ရီရတာ အူတောင်နာတယ် ..အဝတ်စဆွဲထုတ်လိုက်တော့ ဆိုတော့ ဘာများလဲလို့ ရင်တုန်သွားတာဘဲ..သူပြောမှဘဲ ငယ်ငယ်ကနေ့တိုင်း စားလာတဲ့ တိုရှည်တောင် ပြန်ထွက်ချင်သွားပြီ...လူဆိုးးးး နောက်နေ့ wet market မှာ တိုရှည်သွားဝယ်ရင်သေချာကြည့်မှ ဖြစ်မယ် ...ကုလားမကြီး သုတ်လိုက်တာ ဘာအဝတ်ပါလိမ့်လို့..ဒါပေမဲ့ မေလေးက ဦးကျောက်လုံးလေသံနဲ့ သွားပြောလို့ ကတော့ ဟိုက ပန်းကန်ပြားပျံ ဝဲလာရင်တော့ ကိုပိုင် ဆေးကုပေးရမယ် နော်....
ခင်တဲ့
မေလေး

Anonymous said...

အဲ တိုရှည်သည်လေးကိုတော့ ချန်ထားပါအုံ။
အား ရေးးး ကုလာမနော် ...မုန့်အလကားကျွေးမယ် .. ဟိဟိ
ရွံဘူးလား တိုရှည်ကုလားမလေးက ညစ်ပတ်မှာပေါ့။ :)

စတာနော်.

phyo maw said...

ကုလားမလေးကလည်း တွေးမှာပါ
ဒီညောင်ရမ်းလာ၇င်တော့ ဘော်လီအဟောင်းတင် မကဘူး
တခြားအတွင်းခံအဟောင်းနဲ့ သုတ်ထားတဲ့
ဒယ်နဲ့ လုပ်ကျွေးတယ်ထင်တယ်။
အသည်းယားလိုက်ဒါ...
ဟူး...
:P

ကျောပိုးအိတ် said...

ကျွန်မလဲတိုရှည်ကြိုက်တယ်။ ဒါပေမယ့်တိုရှည်ရောင်းတဲ့ ကုလားမက အသားမဲတယ်တော့
အဟဲ
း)

မယ့်ကိုး said...

ဦးကျောက်လုံး အသေးစားလေးက စာအရေးအသားကောင်းတယ်။ :D
အားပေးလျက်...

သားကြီး said...

ဟားဟား ကိုယ့်ဆရာပိုင်တယ်
ကုလားမတော့တော်တော်နင့်သွားမယ်
နည်းတဲ့ကုသိုလ်လားဗျာ ၂နှစ်ကြီးများတောင်
ကောင်းပေစွ...:)

မငုံ said...

ပိုင်ချက်ကတော့ နှစ်နှစ်တောင် တိုရှည်အလကား စားရတယ်။ အားကျလိုက်တာ:))

မောင် said...

ကုလားမ ထမီနှင့် ပွတ်ထားတာ သူမှ မသိဘဲ... ၂နှစ်တောင်

ကိုလူထွေး said...

မြစ်ကျိုးအင်းတို့ သူငယ်ချင်းတသိုက်က ဂလိုတွေလား....

းဝ)

မိုးစက်အိမ် said...

ကုလားမလေးတော. ကံဆိုးတာပေါ.ဗျာ
ဆရာညောင်တို.ကတော. စားကွက်တွေ.
သွားတာပေါ. ... ဟဲဟဲ ဆလာမလေး
ကွန်းလေးကတော. ဆရာညောင်ကိုမေ.
တော.မယ် မထင်ဘူး တဘ၀စာပေါ. ဟီးးးးးးးးးးးးးးးး

နွေးနေခြည် said...

2 နှစ်တောင် အတွင်းခံနဲ့သုပ်ပြီး လုပ်ထားတဲ့ တိုရှည်စားခဲ့ရရှာတာကိုး (စိတ်မကောင်းလိုက်တာ) ဟီးးး ဟီးးး
ဦးညောင်လုံး ကုလားမလေးတဲနား သွားတဲ့ အခန်းတော့ ကြိုက်တယ်း)

အားကြီးချစ်လေး said...

အားကြီးချစ်တဲ့မောင်....
ဒီပို့စ်လေးဖတ်ပြီး ကျောင်းတုန်းက မောင်နဲ့ ကျူရှင်ဆင်းရင် သွားစားဘူးတဲ့ တိုရှည်ထန်းလျှက်ရည် ကိုသတိရသွားတယ်...
မောင်ပျော်ရွှင်နေတာ အမြဲမြင်ချင်ပါတယ်.....

လေးစားချစ်ခင်စွာဖြင့်..........
မောင့်...အားကြီးချစ်လေး

ကိုညီမင်း said...

ကျုပ်တော့ တိုရှည်မြင်တိုင်း ဒီအကြောင်းသတိရ နေတော့မှာပဲ...ရယ်ရတာသီးတောင်သီးတယ်
(ကိုမြစ်ကျိုးစတိုင်နဲ့ရေးလိုက်တယ်)

chitpalone said...

ကိုမြစ်ကျိုးအင်းရေ သမီးဖတ်ဖြစ်ပေမယ့် မအားတာနဲ့မမန့်ဖြစ်ခဲ့ဘူး။ တနေ့လုံးကို အ၀တ်မြင်တိုင်း ကိုညောင်းရမ်းကြီးပဲ သတိယနေတော့တယ်ဗျို့။ ကြက်သီးပါထတယ်။ ဘယ့်နှယ့် သူမြင်ထားပြီးပြီကို စားစရာလား ခဏလည်းမဟုတ်ဘူး နှစ်နှစ်တောင်။ တိုရှည်တိုရှည် သြော် စောစောကသာသိခဲ့ရင် အရင်ကမစားပါဘူး ပုန်းပုန်းဝယ်စားတဲ့ ကုလားမလည်း အဲ့လိုဆိုဒုက္ခ။ ဟီး အားရပါးရရယ်ရင်းနဲ့ပဲ မန့်ပြီးပြန်ပြီဗျာ။ ကြက်သီးကတော့ အခုထိ ထတုန်းပဲ။
ပျော်ရွှင်ပါစေ ညီမလေး ပုန်းပုန်း

မသက်ဇင် said...

မြစ်ကျိုးအင်းရေ
တိုရှည်ရောင်းတဲ့ကုလားမလေးသနားပါတယ်
ခင်မင်လျက်

Anonymous said...

၂ နှစ်ကြီးတောင် ... ?
အဲ့ဒီရက်တွေမှာ တစ်ရက်ပဲ မသန့်ရင်တောင် ... e :P


လေးစားလျှက်

သူကြီးမင်း (တုံးဖလား) said...

ဖြစ်ရမယ်လေ။

ဒါပေမဲ့ အခုကော ဘာတွေ အလကားစားနေပြန်ရလဲ မသိဘူး။

အားလုံးသိအောင် မောင်းထုလိုက်ဦးလေ။
ဟဲ ဟဲ။

ခမ်းကီး said...

ဟ ဟ ဟ...
တို့ဆေးများ မိနေလားသိဘူး... အဟီး...။


ဒါပေမယ့် ကျနော့်ဇာတ်လိုက်ကျော် ဦးရွှေသွားထက် အများကြီးကောင်းပါတယ်နော..( အဟီး... စ တာပါနော်)

ရေတမာ said...

ဝါးဟားဟား ရီလည်းရီရတယ်......
စိတ်ထားတခုလည်း ယူရမယ်လို့မှတ်သွားတယ်

Anonymous said...

နောက်ကို အဲလို အနိုင်မကျင့်ပါနဲ့လေ ... :D

Anonymous said...

ကိုကျိုးရေ ဒီပုံစံအတိုင်းဆို ကိုကျိုးကြီး စားခဲ့တဲ့ တိုရှည်လုပ်တဲ့ အိုးက ထမီနဲ့ မသုတ်ဘူးလို့လဲ မပြောနိုင်ဘူးနော်.. အဟေဟေဟေ
သူများတွေကို အဲလို မလုပ်တာတောင် ကိုကျိုးကြီး ကို လပ်ရင်တော့ .........

mgnge said...

:)
သူ့ အတွက်တော့ စိတ်ရှပ်ရပေမယ့်.. ကိုယ့်အတွက်တော့ တော်တော်ခွင်မိတာပဲ

ဇော် said...

ဝေးး ကျနော် ဘိတ်ကွ။ ငှဲငှဲ။

ပေါက်ကရချည်းပဲ ကိုကျိုးသူငယ်ချင်းကတော့။
ဒါပေမယ့် သူ့ဂွင်ကို ကျနော် ရေလည်ခိုက်သွားပြီ။
အဟီး။

မိုးခါး said...

ဟဟ
ဘယ်အ၀တ်နဲ့ ဘယ်လိုလုပ်တယ် ဘယ်လိုစုတ်တယ် သိတာတောင် တနေ့တခု မှန်မှန်စားသေးတယ် :P

 

Posts Comments

©2006-2010 ·TNB