သတ္တိရှိလား

28 June 2009

ကျုပ် ၁၂ နှစ်သားလောက်တုန်းက ရွာဘုရားပွဲမှာ လက်ဝှေ့ထိုးဘို့အထိ ဖြစ်ခဲ့ဖူးတယ်...။
လက်ဝှေ့ပွဲက သက်ငယ်တန်းပြိုင်ပွဲ မဟုတ်သလို အလံလုပွဲလည်း မဟုတ်ပါဘူး...။မြေပေါ်မှာ ကောက်ရိုးခင်းထားပြီး
လူတွေက ဘေးကနေ ၀ိုင်းကြည့်ရတဲ့ မြေ၀ိုင်းလက်ဝှေ့ပွဲပါ...။လူကြီးတွေအတွက်တော့ စင်နဲ့ထိုးရတာပေါ့...။
ကျုပ်လက်ဝှေ့ဝင်ထိုးတာက အပျော်သဘော ထက်တော့ပိုတယ်။ကျုပ်မှာ ရည်ရွယ်ချက် ရှိတယ်..။

ကျုပ်က အိမ်ထဲက အိမ်ပြင်သိပ်ထွက်ရတဲ့ ကလေးမဟုတ်ဘူးဗျ..။ကျုပ်အဖေကြောင့် ကျုပ်အပြင်မထွက်ရတာလေ..။
အဖေကကျုပ်အပြင်ထွက်တာမကြိုက်သလို အဘိုးကလည်း မကြိုက်ဘူးဗျ..။
ကျုပ်အပြင်မှာ သွားကစားပြီး ပြန်လာရင် အရိုက်ခံရတာက များတယ်...။
ကစားရတာ ခဏလောက်နဲ့ အရိုက်ခံရတာ သိပ်တော့ မတန်ဘူးပေါ့ဗျာ..။

ကျုပ်တို့ရွာမှာ ဘုရားပွဲ နှစ်တိုင်းလုပ်ပေမယ့် ကျုပ်လက်ဝှေ့တက်ထိုး ဖြစ်တော့ ကျုပ်အသက် ၁၂ နှစ်လောက်ရှိပြီ...။
ဘုရားပွဲကျင်းပရင် တပါတ် ၁၀ ရက်လောက်ကြာတယ်ဗျ..။လူငယ်သဘာဝ အတိုင်း သူငယ်ချင်းတွေနဲ့
ဘုရားပွဲသွားကြတာပေါ့ဗျာ...။

ဒီအတိုင်းတောင် ကျုပ်က အပြင်မှာ နေချင်တဲ့သူ ဆိုတော့ ဘုရားပွဲရှိမှတော့ အိမ်ကိုတောင်
မပြန်ချင်ဘူးလေ..။ ခက်တာက ကျုပ်အပြင်မှာ တပါတ်လောက်နေဘို့ အတွက် ငွေလိုတယ်..။
အိမ်ပေါ်ပြန်တက်ရင် အမှုတွေ မများချင်လို့ အိမ်ကလည်း မခိုးချင်ဘူး...။

ဒီတော့ ငွေရပေါက်ရလမ်းကို စဉ်းစားကြည့်တာ လက်ဝှေ့ပွဲကို သွားတွေ့တယ်..။အပျော်တမ်းပွဲတွေ အတွက်
နိင်ရင်၅ ကျပ် ရှုံးရင် ၃ ကျပ်ဆိုတော့ မဆိုးဘူး...။အဲဒီအချိန်က ၃ ကျပ်ဆိုရင် ပုဆိုးကောင်းကောင်းတထည်
ဝယ်လို့ရတယ်...။တက်ထိုးမယ် ရည်ရွယ်တုန်းက ၅ ကျပ်ရဘို့ အတွက်ပဲ တွေးထားတာဗျ..။
ရှုံးမှသာ ရှုံးရောဗျာ..ထိုးမယ်ဆုံးဖြတ်မှတော့ နိင်အောင်တော့ ထိုးမှာပဲလေ..။

ကျုပ်က လက်ဝှေ့ထိုးမယ်လို့ ဆုံးဖြတ်ပြီးတာနဲ့ ဒိုင်ဆီကိုသွားပြီး စာရင်းပေးလိုက်တယ်...။
ကျုပ်နာမည်ရယ် အဖေနာမည် စာရင်းပေးရတယ်လေ...။ပွဲမစခင်မှာပဲ ဆိုင်းသံတွေကြားရတာ စိတ်တွေလှုပ်ရှားပြီး
တတ်ကြွနေမိတယ်..။ကျုပ်နဲ့ထိုးရမယ့် ပြိုင်ဘက်က ကျုပ်တို့ရွာထဲကပါပဲ...။

စင်ပေါ်မှာ လက်ဝှေ့ထိုး ရပေမယ့် ရန်ငြိုးရန်စလည်း မရှိပါဘူး...။ဒီကောင်က ကျုပ်ထက် နဲနဲတော့ အကောင်ကြီး
ပေမယ့် ကျုပ်ကတော့ မကြောက်ပါဘူးဗျာ...။အဲဒီလိုနဲ့ ရှေ့ပွဲတွေပြီးတော့ ကျုပ်တို့ အတွဲအလှည့်ရောက်လာတယ်...။
အမှတ်ပေးတဲ့ ဒိုင်တွေက ကျုပ်တို့ အတွဲရဲ့နာမည်တွေကို အဖေနာမည်နဲ့တွဲပြီး အော်ပေးတယ်..။

အသံချဲ့စက်နဲ့ အော်တာဆိုတော့ ဘုရာပွဲတော်ရဲ့ နေရာတော်တော်များများက ကြားရတာပေါ့....။
ကျုပ်လက်ဝှေ့ တက်ထိုးမယ်ဆိုထဲက ကျုပ်သူငယ်ချင်းတယောက်က ကျုပ်အဘွားကို ပြေးခေါ်ထားတာ
ကျုပ်မသိလိုက်ဘူး...။

နာမည်ကြေညာပေးတဲ့သူက ကျုပ်နာမည်နဲ့ အဖေ့နာမည်လည်း အော်ပြီးချိန်ရောက်ရော အဘွားလည်း
ဖိုသီဖတ်သီနဲ့ အပြေးအလွှား ရောက်လာတယ်...။မြေ၀ိုင်းထဲမှာဘောင်းဘီ အတိုလေးနဲ့ လက်ဝှေ့ထိုးဘို့
အဆင်သင့်ဖြစ်နေတဲ့ ကျုပ်ကိုမြင်ရော အဖွားရင်ဘတ်ဖိပြီး...
“ဟဲ့ဟဲ့ ငါ့မြေးနင်ဘာလုပ်မလို့လဲ အခုထွက်လာခဲ့”
အဘွားက ကျုပ်ကို ၀ိုင်းထဲက ပြန်ထွက်လာဘို့အော်နေပေမယ့် ဆိုင်းတီးတဲ့ အဖွဲ့က ဗိန်းမောင်းတီးနေပြီ...
“နင်တို့တွေဆက်မတီးကြနဲ့ ငါ့မြေးမထိုးဖြစ်ဘူး” ဆိုပြီးဆိုင်းတီးတဲ့အဖွဲ့ကို အဖွားက လှမ်းအော်တယ်..။
လက်ဝှေ့ထိုးမယ့် ကျုပ်တို့အတွဲ လည်း ဘာဆက်လုပ်ရမှန်းမသိဘဲ အဖွားကိုပဲ ကြည့်နေတယ်..
လက်ဝှေ့ပွဲကြည့်တဲ့ ပရိသတ်ကလည်း အဖွားကို ကြည့်ပြီး တ၀ါးဝါးနဲ့ ပွဲကျနေတယ်..။

“ငါ့မြေးဆက်မထိုးနဲ့ ဟိုတယောက်က နင့်ထက်အကောင်ကြီးတယ် နင်ပဲ နာမှာ”
“ဟဲ့ကျော်စိန့်သား နင်ငါ့မြေးကို ထိုးရင် ငါနင့်အဖေနဲ့ သွားတိုင်မှာနော်”
ကျွန်တော်ရဲ့ပြိုင်ဘက်ကိုလည်း သူ့အဖေနာမည်တပ်ပြီး ခြိမ်းခြောက်လိုက်သေးတယ်..။

“ငါ့မြေးကိုအဖွားမုန့်ဘိုးပေးမယ် မထိုးနဲ့ပြန်ဆင်းခဲ့တော့” ဆိုပြီးကျုပ်ကိုချော့လိုက်
“ဒီပွဲဖျက်ပေးပါ ကျွန်မသဘောမတူဘူး” ဆိုပြီး အဖွားက ဒိုင်လုပ်တဲ့သူတွေကို ပြေးပြောလိုက်နဲ့ အဖွားခမျာ
ယောက်ယက်ခပ် နေတော့ ကျုပ်တောင်ကြည့်ရင်း သနားသွားမိတယ်..။
ဒိုင်တွေကလည်း ကျုပ်လိုပဲ ခံစားရလို့နဲ့တူပါရဲ့ကျုပ်တို့ အဆိုင်းကို ပွဲဖျက်ပေးလိုက်ရတော့တယ်...။

ပွဲဖျက်ပေမယ့် ကျုပ်က အဖွားပေးတဲ့ မုန့်ဘိုး ၅ ကျပ်ရလိုက်တော့ တွက်ခြေကိုက်သွားတယ်...။
ကျုပ်ပြိုင်ဘက် ဦးကျော်စိန် သားကတော့ ပွဲဖျက်လိုက်တဲ့အတွက် တပြားမှ မရလိုက်ဘူး...။
ကျုပ်လည်းရထားတဲ့ ၅ကျပ်နဲ့ ဘုရားပွဲပြီးတဲ့အထိ ပျော်ပျော်ကြီး ကဲ နေလိုက်တော့တယ်..။
အိမ်ပေါ်ပြန်တက်တော့ အရိုက်ခံရပေမယ့် အပြင်မှာ အကြာကြီးနေလိုက်ရလို့ ကျုပ်ကတော့ ကျေနပ်တယ်..။

...............................................................................................................................................။

ခင်များတို့ကတော့ ကျုပ်ကို လက်ဝှေ့မထိုးဖြစ်လိုက်လို့ သတ္တိမရှိဘူး ထင်ကြမှာပဲ...။
အမှန်အတိုင်း ၀န်ခံရရင် ကျုပ်မှာ “ဇွဲ” ရှိပေမယ့် “သတ္ထိ” မရှိဘူး...။ “သတ္တိ” မရှိပုံကလည်း ဒီလိုဗျ...။

အရင်တနှစ်က ရွာဘုရားပွဲ လုပ်တော့ ကျုပ်က ဘုရားပွဲ သွားလည်ဘို့ အဘိုးကို ခွင့်တောင်းတယ် ..။
အဘိုးက ကျုပ်ကို သွားချင်ရင် သူခိုင်းတာ လုပ်ရမယ်တဲ့လေ..။ဒါနဲ့ကျုပ်က ဘာလုပ်ရမှာလဲ မေးတော့
အဘိုးက ကျုပ်ကို ပုဆိုးလှန်ပြတယ်..။ကြည့်ပြီးကျုပ်လန့်သွားတယ်..မဟုတ်တာမတွေးကြနဲ့ဗျ..။

အမှန်က အဘိုးရဲ့ပေါင်မှာ ထိုးထားတဲ့ ထိုးကွင်းမင်ကြောင် တွေကို ပြတာဗျ..။ပေါင်လယ်လောက်ကနေ စပြီး
ခါးလောက်အထိ ထိုးကွင်းတွေထိုးထားတဲ့အပြင် တင်ပါးမှာပါ ထိုးထားတာလေ..။
ရှေးလူကြီးတွေရဲ့ထုံးစံအတိုင်းပေါ့ဗျာ..။ကျုပ်ကိုလည်း အများကြီးမထိုးရင်တောင်မှ နဲနဲလောက်တော့
ဆေးမင်ကြောင် ထိုးစေချင်တယ်တဲ့လေ..။

အဘိုးက ကျုပ်ကို လက်မောင်းမှာ ဟင်္သာရုပ် တစ်ရုပ်ထိုးခဲ့မယ်ဆို ဘုရားပွဲ သွားခွင့်ပြုမယ်ဆိုပြီး
အပေးအယူလုပ်တယ်..။ကျုပ်ကိုယောကျာင်္းပီသစေချင်မှန်းသိလို့ ကျုပ်ကလည်း ဟင်္သာရုပ်ထိုးခဲ့မယ်လို့
ကတိပေးလိုက်တယ်...။ဟင်္သာရုပ်တရုပ်ထိုးရင် စုတ်ထိုးခက တစ်ကျပ် ပေးရတယ်..။
အဲဒါနဲ့ အဘိုးက ကျုပ်ကို မုန့်ဘိုးရယ် ဆေးမင်ထိုးဘို့ တကျပ်ရယ် ပေးလိုက်တယ်..။

ဘုရားပွဲဈေးတန်းရောက်တော့ ကျုပ်က စုတ်ထိုးဘို့မေ့ပြီး သူငယ်ချင်းတွေနဲ့ မုန့်တွေလျှောက်စားတယ်...။
လမ်းဘေးက မြွေ ကျား ကြက် ၀က် ဆိုတဲ့ လောင်းကစားမှာလည်း နဲနဲဝင်ထိုးလိုက်သေးတယ်..။
ခဏနေတော့ ပါလာတဲ့ငွေလေး ကုန်လုနီးနီးဖြစ်မှပဲ အဘိုးထိုးခိုင်းတဲ့ ဆေးမင်ထိုးဘို့ သတိရမိတယ်..။

အဲဒါနဲ့ပဲ အရှုံးနဲ့ ရပ်လိုက်ပြီး စုတ်ထိုးတဲ့ ဆိုင်ကိုသွားတာပေါ့..။သွားသာသွားရတာ ကျုပ်လက်ထဲမှာကလည်း
၁၅ ပြားပဲ ကျန်တော့တယ်..။ဆိုင်ရောက်တော့ ၁၅ ပြားနဲ့ စုတ်ထိုးလို့ရတာ ဘာစာလုံးမှမရှိဘူး...။
ဈေးအနည်းဆုံးက “ဇွဲ” နဲ့ “သတ္တိ” နှစ်လုံးပေါင်း ထိုးရင်တောင် ၂၅ ပြားတဲ့လေ..။
ကျုပ်လည်း ကြံရာမရတာနဲ့ပဲ လက်ထဲကျန်တဲ့ ၁၅ ပြားပေးပြီး “ ဇွဲ ” တလုံးထဲ ထိုးပြီးပြန်လာခဲ့တော့တယ်..။

အိမ်ရောက်တော့ အဘိုးက ကျုပ်ထိုးထားတဲ့ “ဇွဲ ” စာလုံးကိုမြင်တော့ ရယ်တယ်...။
ကျုပ်တော့ အဗျင်း ခံရတော့မယ်ဆိုတာ သိလိုက်ပြီ..။
အဘိုးက သူရိုက်ခါနီးတိုင်း ရယ်သံတမျိုးနဲ့ ရယ်တတ်တယ်..။အခုလည်း အဲဒီလို ရယ်နေပြီလေ...။
မကြာပါဘူး ကျုပ်လဲ အလွဲသုံးစား လုပ်မှုနဲ့ အရိုက်ခံရတာပါပဲ...။

အဲဒါကြောင့် ကျုပ်မှာ “ ဇွဲ ” ရှိပြီး “သတ္တိ” မရှိဘူးလို့ ပြောတာပေါ့ဗျာ...။
ကျုပ်ရဲ့ညာဘက်လက်ခုံပေါ်မှာ “ ဇွဲ ” စာလုံး အခုထိရှိပါသေးတယ်..။ ဒါပေမယ့် “သတ္တိ” တော့ မရှိပါဘူး...။

အဲဒီတော့ ၀ိုင်းထဲဝင်ပြီးမှ လက်ဝှေ့မထိုးဖြစ်ပဲ ပြန်ထွက်လာတာကို သတ္တိမရှိဘူးလို့ ပြောချင်လည်း ပြောကြပေါ့ဗျာ
ကျုပ်မှာတကယ်ကို “သတ္တိ” မရှိတာကိုး....ဘာကြောင့်ဆိုတော့ အဲဒီတုန်းက လက်ထဲမှာ ၁၅ ပြားပဲ ကျန်ခဲ့လို့လေ..။


(ညောင်ရမ်းရဲ့ငယ်ဘ၀ပါ)

36 comments:

နေဒေးသစ် said...

၁ ယူကြည့်ဦးမယ် :D

ဂျစ်တူးလေး said...

၂ ကွ...၂ကွ....

နေဒေးသစ် said...

သတ္တိမရှိဘူးဆိုပေမယ့် အပြစ်မဆိုသာပါဘူးလေ ...
နောက်တပ် ၁၀ ပြားသာထပ်ပေါင်းရင် ခုချိန်ဆို သတ္တိ ရှိနေလောက်ပါပြီ .. :D

နေဒေးသစ်။

Git Tuu said...

ကိုအင်းရေ...
ဖတ်ရတာ...ရယ်ရလို့ ဗိုက်တောင်နာတယ် ။
စာရေးကောင်းတယ်လို့ ချီးကျူးရမှာပဲ...

လေးစားစွာဖြင့်
ငဂျစ်

ငချမ်းကောင် said...

ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဗျာ။ ဂွတ်(ဒ)မယ်ထင်ရင်တော့ ဒူးသာဒူး။
အဖွားပြာယာခတ်နေပုံကို စိတ်ကူးနဲ့ မြင်အောင်ကြည့်လို့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့်အဖွားက ကျွန်တော်ကို အရမ်းချစ်တာ။ လာထိလို့ကတော့ မိုးမီးလောင်သွားမယ်မှတ်။

မေဇင် said...

ဟဟဟဟဟ ရယ်ရတယ်...ကိုအင်းရယ်...တကယ်ပါပဲ... အဖွားပုံ ကိုမြင်ယောင်ပြီးတော့ ပေါ့...ကံကောင်းတယ် နော်. .အဲ့လို အဘိုး၊ အဖွားတွေနဲ့ အတူနေခွင့်ရခဲ့တယ်...။ သတ္တိ မရှိပေမယ့်...ဇွဲ ရှိရင် ရပါတယ်လေ...။း))

မေဇင် said...

ဟဟဟဟဟ ရယ်ရတယ်...ကိုအင်းရယ်...တကယ်ပါပဲ... အဖွားပုံ ကိုမြင်ယောင်ပြီးတော့ ပေါ့...ကံကောင်းတယ် နော်. .အဲ့လို အဘိုး၊ အဖွားတွေနဲ့ အတူနေခွင့်ရခဲ့တယ်...။ သတ္တိ မရှိပေမယ့်...ဇွဲ ရှိရင် ရပါတယ်လေ...။း))

မြူး said...

ကိုကြီး
ရီရတယ်သိလား
း)

မယ်ကိုး said...

အဖွားကို သရုပ်ဖော်ထားတာ တော်တော်သနားဖို့  ကောင်းပါတယ်။
ကိုညောင်ရမ်းငယ်ဘ၀ကို ကိုမြစ်ကျိုးအင်း ရေးတတ်တာကြောင့် ဒီလောက်စိတ်ဝင်တစားရွှင်မြူးရတယ်လို့ ပဲ ထင်နေမိပါတယ်...

အိမ် said...

ဇွဲပဲရှိတယ် သတ္တိမရှိဘူး ဆိုတာသိသွားပြီဗျို့

ရေတမာ said...

အရမ်းကောင်းတယ်....... ဇွဲအပြင် သတ္တိပါ ရှိရင်ကောင်းမယ်လို့ မြင်မိတယ်

ahphyulay said...

ရယ်ရပါတယ်၊အရေးကောင်းလို့ ပါ။
ကျွန်တော်လဲ ရယ်ရအောင်ရေးယင်းနဲ့ 
မရယ်ရဘူးဖြစ်နေတယ်။
အရေးမကောင်းသေးလို့ ဖြစ်မှာ။

မေလေး said...

ကိုကျိုး
လာရယ်သွားပါပြီ။

thawzin said...

အခုပို့စ်တော့ မန့်ထားတာနည်းသေးတယ် စောစောရောက်လို့ လား မသိဘူး, ဆေးမှင်ကြောင် ပြတာလား? အင်း............ တော်သေးတာပေါ့

reenoemann said...

ငပိုင် သယ်ရင်းက သူငယ်ချင်း အကြောင်းတွေ
ရေးထား အရမ်းဖတ်လို့ကောင်းတယ်။
ကိုယ် အကြောင်းလည်းရေးပေးပါလား။

ဟဲဟဲ

သယ်ရင်း ရီနို

သုဒြေ္န said...

ဒါပေါ့ ကွာ....တွေ့ မယ်ဒီတခါရွာဘုရားပွဲမှာ...............ဆုံဖြစ်ရင်....အဖိုးထိုးခိုင်းတဲ့ ...ဟသာ`်ရုပ်၇ယ်...........ကျန်ခဲ့ တဲ့ သတ္တိရယ်...ထိုးပေးပြီးတော့ .....အဖွားတား.ထားတဲ့ မထိုးရလက်ဝှေ့ ပွဲ...တက်ထိုးခိုင်းမယ်ဗျာ........ကောင်းဘူးလား....ဒါဆိုရင်...ဖြစ်ချင်တာတွေ...အားလုံး.....ပြည့် စုံသွားမယ်ထင်တယ်.. ....ခင်မင်မှု...များစွာဖြင့် .....အကို....သုဒြေ္န

ကိုလူထွေး said...

အဟက်ဟက်ဟက်...

အဘိုးလူထွေးရယ်နေပြီ... ကိုညောင်ရမ်းရေ သတိသာထားတော့...

မြစ်ကျိုးက ရေးတတ်တော့ ညောင်ရမ်းဂွတိုက မင်းသားလုံးလုံး ဖြစ်သွားတာပေါ့...

kaungkinpyar said...

အခု နောက်လက်ဖျံ တဖက်မှာ သတ္တိ လို့ ထိုးလိုက်ပါလေ၊ ဇွဲ ရော သတ္တိ ရော ရှိသွားမှာပါ၊ :)

kiki said...

ဇွဲ ရှိ တဲ့ ကိုညောင်ရမ်းကြီး...
ကျန်တဲ့ သတ္တိ ကတော့ ကိုကျိုးတာဝန် ပေါ့နော် ။
ဒါမှ အတွဲ ညီမှာ ။
ဒီတပွဲ မှာ ဒိုင်လူကြီးက ကို အဖြူလေး လုပ် ။

ဖွားကိ က မြေးတွေ ကို လိုက် မဆွဲတော့ဘူး ။
ပွဲသွင်းတဲ့ ကန်ထရိုက် လုပ်မယ်လေ
ုပြီးရင် မြေးတယောက် ကို ငွေ ၅ ကျပ်စီ ဆုချမယ် ။

သားကြီး said...

၁၅ပြားမရှိလို့ သတ္တိမရှိဘူးဖြစ်သွားရတယ် ဟားဟား
အဖွားလာခေါ်တဲ့မြင်ကွင်းကို မျက်စိထဲမြင်ယောင်ပြီး ရယ်ချင်နေတယ်ဗျို့ :)

မငုံ said...

ကိုမြစ် ..အဘိုးဘယ်လို၇ယ်တာလဲ ဆိုတာ ပြောဦးလေ။
မျက်စိထဲပို မြင်ယောင်ပြီး ဖတ်သွားပါတယ်။

chitpalone said...

အတစ်ရှိတာ မတိလို့ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပြီး အပြတ်အသတ် အော်ရယ်သွားတယ်ဗျာ။ ညစ်နေတာတွေတောင် ပျောက်ကုန်တယ်။ တကယ်ပါပဲ။ အထူးလူသား ကိုညောင်ရမ်းကြီးကိုတော့ မြင်ဖူးချင်သား။ အဟိ။
ကိုမြစ်ကျိုးကြီးက စာရေးတော်တော်ကောင်းတယ်။ အားကျမိပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပုန်းပုန်း

တလနွန် said...

ဆယ့်ငါးပြားပဲရှိလို့  ဇွဲ တစ်လုံးပဲရှိပြီး သတ္တိ မရှိဘူးဆို
တာ ရေးထားတာလေး အရမ်းသဘောကျတယ်။
ကိုမြစ်ကျိုး ရေးတတ်ပုံနှင့် ကိုညောင်ရမ်း အဖြစ်အပျက်
တွေက ဖတ်ရင်း သဘောကျနေမိတယ် :)

ခင်မင်ခြင်းနှင့်
တလနွန်

ဝလုံးဝိုင်းဝိုင်း said...

ရေးထားတာလေးဖတ်လို့ ကောင်းတယ်ဗျာ။ ဆယ်ပြားရှိလဲ ကျနော်ကတော့ သတ္တိ နည်းလို့ ထိုးမှာ မဟုတ်ဘူးပဲ။ အဟီး.. ကြောက်တယ်ဗျာ။ ဆေးမင် ထိုးရမှာကိုတော့။

ဇော် said...

=)
ကောင်း၏ ကိုကျိုး။ =)

kokomaung.uk said...

သတ္တိရှိဖို့ လုံလောက်တဲ့အခါကျမှ သတ္တိကို မလိုအပ်မှန်း သိသွားပြီပေါ့လေ။ လိုအပ်သေးတယ်ဆိုရင်တော့ ကိုမြစ်ကျိုးတစ်ကိုယ်လုံး သတ္တိတွေ ရှိလာနိုင်တယ်နော။

ပျော်ရွှင်ပါစေဗျာ။

ဖိုးစိန် said...

ဖိုးစိန်လဲ သတ္တိရှိတယ်...

လာထားကွ...


ဆုံလာရင် ဒူးပြေးဖက်ဖို့ မကြောက်တဲ့ သတ္တိကွ....

အဟားးး

အပေါင်သားနဲ့ မော်လမြိုင်သား ဆုံချင်စမ်းပါဘိ

ချစ်ခင်စွာဖြင့်

ဖိုးစိန်

နေမင်းသံစဉ် said...

ဟဟ သတ္တိမရှိဘူးဆိုလို့ဘာများလဲလို့ တကယ်တော့ ပိုက်ဆံမလောက်လို့ကိုး ပေါ့ပေါ့ပါးပါးလေး ရယ်သွားတယ်ဗျာ
အဆင်ပြေပျော်ရွှင်ပါစေ

ဂျာမုန်းဒန် said...

သတ္တိမရှပေမယ့်ဇွဲရှိရင်လုံးလောက်ပါတယ်လေ။
ဖတ်လို့ကောင်းကောင်းနဲ့ ဖတ်နေလိုက်တာ ပြန်ဖို့တောင်မေ့သွားတယ်။
ပျော်ရွှင်ပါစေရှင်
ခင်တဲ့
ဂျာမုန်းဒန်

ယွန်း said...

အဟားးတော်တော်နောက်တာပဲ..ရီရတာအူတောင်နာတယ်..စာအရေးအသားအရမ်းကောင်းတာပဲ..
အားပါးတရရယ်သွားတယ်နော်
ကိုမြစ်ကြီးးအဆင်ပြေပါစေ..

mgnge said...

ဟားဟား..... လူဇိုး...

မိုးခါး said...

မိုးခါးမှာဆို ဇွဲရော သတ္တိရော မရှိဘူး :P
ကိုမြစ်ကျိုးအင်းက သာပါတယ် :D
ကောမင့်က ကလိတာလွန်သွားလို့ ခုရသွားဘီ :D:D

မီးမီးချစ် said...

ဇွဲ က ၁၅ ပြားတောင် ပေးရတာ ပိုတန်ဖိုးရှိတယ်...း))
ရယ်ရတာလေး တွေ သဘောကျမှ ကျ

ကြည်ဖြူပိုင် said...

ဟီးဟီး..............ရီဖို့ကောင်းတယ်ကိုကျိုးရ..ကောင်းတယ် ကောင်းတယ် ဒါမျိုးလေးတွေရေး

flowerpoem said...

ကိုညောင်ရမ်းရယ် အဲဒီတုန်းက လိုတဲ့ ၁၀ပြားလာပေးပါတယ် ဟီး၂

littlebrook said...

အားရပါးရ သဘောကျသွားတယ်ဗျ

 

Posts Comments

©2006-2010 ·TNB