အစွန့်ပစ်ခံမြစ်

23 July 2009














မြတ်နိုးတတ်ခြင်းတွေ
အသက်ဝင်တဲ့နေ့ကစ...
အလွမ်းတွေ ရင်ဘတ်ထဲထည့်လို့
ငုံ့ငုံ့ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....

ချစ်တတ်ခြင်းတွေ
ဖွားမြင်တဲ့နေ့ကစ...
တမ်းတမှု့တွေ ရင်ဘတ်ထဲထည့်လို့
ခဏခဏထုတ်ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....

မျှော်လင့်တတ်ခြင်းတွေ
လူလားမြောက်တဲ့နေ့ကစ...
စိတ်ကူးတွေ ရင်ဘတ်ထဲထည့်လို့
လှမ်းလှမ်းကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....

မနက်ဖန်ဆိုတာတွေ ခေါက်ကနဲခွေကျသွားတဲ့နောက်
အတူတူစီးဆင်းခဲ့တဲ့ အိပ်မက်ဈာပနမှာ
လရောင်ဟာအဖိတ်ဖိတ်အစင်စင် ကျကွဲနေရင်း
တစ်ခြမ်းရိုက်ထားတဲ့ဖိတ်စာရဲ့ တစ်ခြားဖက်မှာ
ကံစမ်းမဲတစ်ရွက်လို အဖြူရောင်သက်သက်
စီရင်ချက်ချခံလိုက်ရတဲ့ အမြတ်နိုးဆုံးဝဋ်ကြွေးတစ်ခုဟာ
လက်ထိုးအန်လို့မရလောက်အောင်
ချောင်ပိတ်ရိုက်ခံနေရဲ့
အချဉ်ပေါက်နေတဲ့အရုဏ်တွေမှာ
နေ့ဆက်ဖျားနာနေတဲ့ဘဝ
ဆန်တက်မလာတော့တဲ့ ကံတရားကို
ရေဆာသလို တမ်းတရင်း
ဂစ်တာဟာ သူ့အသံသူမျိုချနေရတယ်။
အနာဂတ်ကို ခြေဆုံးခေါင်းဆုံးကြည့်ခွင့်မရတဲ့
အစွန့်ပစ်ခံအစိတ်အပိုင်းကို ကြက်ခြေခတ်ပြီး
ပင်လယ်ဆီအငမ်းမရ အခစားဝင်ချင်နေမှတော့
ရိုးသားစွာစီးဆင်းခွင့်ပျောက်ဆုံး
နောက်ဆုံး
မြစ်ကျိုးအင်းအဖြစ်
ငါလေ....
လဲကျကျန်ရစ်ခဲ့တယ်....


(ကို “မင်းသုခ” ရဲ့ ကဗျာလေးပါ )

35 comments:

စည်သူ said...

ဟ.....
ပထမဆုံးအကြိမ်လာတယ်..။
၁ ပဲဟေ့..။

စည်သူ said...

ဧကန္ဒ မဟုတ်မှလွဲရော

ကို `“မင်းသုခ” နဲ့ခံစားချက် တူလို့ပဲဖြစ်ရမယ်..။
ခင်မင်စွာဖြင့်
စည်သူ။

ကိုမြစ်ကျိုးအင်းရေ လင့်ယူသွားတယ်ဗျာ..။

သားကြီး said...

တော်တော်ကောင်းတဲ့ကဗျာလေးပဲ
ခုမှပဲဖတ်ဖူးတယ်
မြစ်ကျိုးအင်းဆိုတဲ့နာမည်ပါတော့ သူငယ်ချင်းရေးထားတာများလားလို့
ဒါဆိုရင် ဒီမြစ်ကျိုးအင်းနာမည်က ကဗျာ ဆန်ဆန်မွေးဖွားခဲ့တာပေါ့နော်

နဒီမိုးညို said...

.အစွန့် ပစ်ခံမြစ်တဲ့
ဖတ်ပြီး..တစ်မိုးကြီး..ခံစားလိုက်ရတယ်..
နဒီကတော့..မိုးရေမြစ်..ကိုကြိုက်တယ်.
ပျော်ရွှင်ပါစေ..ရှင်.

ကောင်းကင်ပြာ said...

တို့ မြစ်ကျိုးအင်းကိုတော့ လဲကျမကျန်နေစေချင်ပါဘူး မောင်လေးရေ

thawzin said...

မြတ်နိုးတတ်ခြင်းတွေ
အသက်ဝင်တဲ့နေ့ကစ...
အလွမ်းတွေ ရင်ဘက်ထဲထည့်လို့


အို အရမ်းဂွတ်သည်ကော

chitpalone said...

ကဗျာကောင်းလေး ခံစားသွားပါတယ်။
ခင်မင်လေးစားလျှက်
ညီမလေး ပုန်းပုန်း

မငုံ said...

ဖတ်ရတာ ၀မ်းနည်းသလို ခံစားရတယ် ကိုမြစ်ရေ။ ကဗျာလေးက ကောင်းတယ်။

"မင်းနဲ့တွေ့ရင် ပေးဖို့ အသဲနှလုံးကို ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ .."

အဲဒီအဆုံးပိုဒ်လေးတွေ တအားသဘောကျတယ်။

Angel Shaper said...

တော်တော်ကောင်းတဲ့ ကဗျာလေးပဲ။
မြစ်ကျိုးအင်းကိုတော့ လဲကျကျန်ရစ် အဖြစ်မခံနိုင်ပါဘူးနော်။
မောင်နှမတွေ အားလုံးလာထူမှာပေါ့ ဟဲ့။
ပျော်ရွှင်ပါစေ။

ကိုလူထွေး said...

ပင်လယ်ကို ဘာကို အငမ်းမရ အခစားဝင်ချင်ရတာလဲ...

းဝ)

မယ့်ကိုး said...

ကဗျာလေးကောင်းလိုက်တာ။

မနက်ဖန်ဆိုတာတွေ ခေါက်ကနဲခွေကျသွားတဲ့နောက်
အတူတူစီးဆင်းခဲ့တဲ့ အိပ်မက်ဈာပနမှာ....

အဲဒီလို ကဗျာလှလှလေး ရေးပေးတဲ့ သူငယ်ချင်းရှိတာ အကောင်းဆုံးပါပဲ။

လင်းကြယ်ဖြူ said...

မြစ်ကျိုးအင်း ကဗျာ ပေါ့နော်..
ကိုမင်းသုခ လက်စ္ဂမ်းပြထားတာပေါ့....
မြစ်ကျိုးအင်း....တဲ့...
ပျော်ပါစေခင်ဗျာ

စာဖတ်ပရိတ်သတ်တစ်ဦး said...

ကဗျာလေး လာရောက်ခံစားသွားပါတယ်နော်။
ကံကောင်းပါစေ။

မေဇင် said...

အင်း.... နှလုံးသားကို ဖွဖွလေးကိုင်ပြီး ဆက်စောင့်နေနိုင်ပါစေ... စောင့်ရကျိုးလဲ နပ်ပါစေ.... ။ ဒီလို ကဗျာလေး ဖွှဲ့ပေးတတ်တဲ့ သူငယ်ချင်း ရှိတဲ့အတွက်လဲ ကောင်းတယ်နော်...။ ပျော်ရွှင်ပါစေ..။

kiki said...

ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ.....အများကြီးပါလား

ဟင်...အဲဒါတွေ ကို တခုမှ မပေးလိုက်ရဖူးလား ကိုကျိုးရေ..
လက်နှေး နေတာ ကိုးးးး
နောက်ဆို တွေ့ တာနဲ့  မြန်မြန်သာပေးလိုက်တော့ ။

မျက်မှန်လေး said...

ကိုမြစ်ကျိုးအင်းရဲ့တကယ့်အဖြစ်အပျက်လား
ရေးထားတာကတော့မိုက်တယ်

တလနွန် said...

ကဗျာလေးကောင်းတစ်ပုဒ်ပါ..တကယ့်ခံစားချက်ဆိုရင် နောက်ဆုံးမှာ လဲကျကျန်ရစ်မစေချင်ပါဘူးဗျာ..ပျော်ရွင်ပါစေ

Anonymous said...

ကဗျာလေးက အသက်ဝင်နေတယ် မောင်လေးရေ။ ခံစားချင်ခြင်း တိုက်ဆိုင်နေတာပဲ ဖြစ်ရမယ်။ ကံစမ်းမဲ ပေါက်မှာပါကွယ်။ ဖိတ်စာတခြမ်းသေချာ ရိုက်ထားလိုက်နော်။

ခင်တဲ့
မရောင်

အားကြီးချစ်လေး said...

ကဗျာလေးက heart ထိတယ်.....မောင်

အားကြီးချစ်လေးရဲ့ နှလုံးသားမှာ မောင်ဟာ
ထာဝစဉ်ရှိနေပါတယ်.......... ။

လဲကျနေတဲ့သူ အဖြစ်နဲ့ မောင့်ကို မမြင်ချင်ဘူး....။
သိပ်ချစ်တာ မောင် သိမြင်ရင် ကျေနပ်ပါပြီ။

မြတ်နိုးစွာဖြင့်
အားကြီးချစ်လေး

minn thuka said...

ဘဝတူတွေပဲညီလေးရာ...
အချစ်ဆိုတာ အကို (၁၉၈၀ကျော်)ကရေးခဲ့တဲ့
ကဗျာလေးလို "အခန်းနားဆုံးကောလဟာလ"
တစ်ခုပါ ဘယ်သူမှတိတိကျကျ အနက်မှမဖွင့်နိုင်တာ အဆင်ပြေသလို ကြေကွဲရတာပဲလေ... အားရှိအောင် ကဗျာလေးတစ်ပုဒ်ပေးလိုက်တယ်...ဖြေသိမ့်ပါ။

It Is You I Dream Of

A flower grows from beneath a blanket
Of fine and purest white
It reaches toward the sun for warmth,
For heat and for the light

My love for you grows stronger still,
Despite the surrounding cold
My heart is yours, bartered gone
For yours has it been sold

Its petals shine from morning dew
Its stem grows stiff and strong
It stands strong through the freezing cold
It stands the winter long

I long for you, for your soft touch
I miss the way you smile
The longer that we stay apart
The longer every mile

The flower stretches through the snow
It reaches toward the sun
And now without you the color is gone
The flower's petals, dun

But as we talk, and as we learn
The flower comes back to life
The snow now melts and goes away
As you take away my strife

Spring is here and growth abounds
As you and I are one
We are together, we are in love
The snow for now is done

I see the future, in dreams I have
Of our life, long and true
I see the times where all I need
Are comforting words from you

I see the times when winter comes
As winter tends to do
But we still love, and we still live
And I do still love you

And so we live, with children ours
And a life of much to see
With love we live, to live we love
Happy together are we

I see the flower, older now,
But still strong with fresh new leaves
I see it growing, tall and strong
Reaching to the eaves

We are now old, as years have passed
But old together are we
And strong our love still today
As strong as it can be

- J. R. King -

ကြည်ဖြူပိုင် said...

သူငယ်ချင်းပိုင်ရေ.အရမ်းကောင်းတဲ့ကဗျာလေး။ ကြိုက်တယ်။

စိတ်စမ်းရေ said...

သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ.....။

အရုပ်ကလေး said...

အစ်ကို မင်းသုခ ကဗျာစာတွေကို တော်တော်လေး ကြိုက်နှစ်သက်မိတယ် ..
ခုလို အစ်ကိုပိုင်က ကဗျာလေးကို ပြန်လည် တင်ပြပေးတော့လည်း ကျေးဇူးတင်မိပါတယ် ..။
ကဗျာရဲ့ အတိမ်အနက်ကိုတော့ မပြောတော့ပါဘူး
အားလုံးကောင်းလို့ ...။

ဝက်ဝံလေး said...

ကဗျာလေး ဖတ်ပြီး စိတ်ထဲမှာ တယောက်ယော်ကို သတိရသွားတယ်ဆိုတာကိုတော့ ရှက်ရှက်နဲ့ပဲ ဝန်ခံပါရစေ နော်
ကောင်းပါတယ် ကဗျာလေးက လို့မပြောတော့ဘူးနော် သူများတွေ ပြောပြီးသားမို့လို့လေ အလာနောက်ကျတော့ ကိုမြစ်ကျိုးအင်းက ညီမ မန့်ထားတာ မြင်ချင်မှမြင်ပါမယ် စီဘောက်မှာလဲ အော်မသွားတော့ဘူးနော် မန့်သွားကြောင်းးးးး
သတိရတယ် ဆိုတာထက် တွေ့ချင်တယ် ဆိုတာ ပိုမှန်မယ် ထင်တယ် ဟဟဟဟ ပြောချင်တာတွေ ပြောသွားတယ်နော် သိလား အကိုမဖတ်လောက်ဖူးလို့ ထင်လို့လေ ဖတ်တော့လဲ အဟီးးးးး ထားပါတော့လေ ကဲ ပျံမယ်နော် ဖလပ်ဖလပ် (တောင်ပံခတ်သံ) ဘိုင်

ဂျာမုန်းဒန် said...

ကြယ်ကလေးရေ...
ကဗျာလေးကိုအရမ်းကြိုက်တယ်။
အရမ်းတော်တာပဲရှင်။
အမြဲအားပေးမယ်နော်။
ခင်တဲ့
ဂျာမုန်း

Sein Lyan Tun said...

ရိုးသားစွာ စီးဆင်းခွင့်ပျောက်ဆုံးနေပေမယ့်

ဒီရေကြော ကို လွှဲပေးလိုက်မယ်...

လဲကျကျန်ရစ်မဖြစ်ဖို့ လမ်းကြောင်းတွေ ကွေ့လှည့်ပတ်ရင်း

အငမ်းမရ အခစားဝင်ချင်တယ် ပင်လယ်ဆီကို ချီတက်မယ်လေ....

အားတင်းထားပေါ့


ကဗျာလေးကောင်းတယ်နော်


ချစ်ခင်စွာဖြင့်

ဖိုးစိန်

မမသီရိ said...

မြတ်နိုးတတ်ခြင်းတွေ
အသက်ဝင်တဲ့နေ့ကစ...
အလွမ်းတွေ ရင်ဘတ်ထဲထည့်လို့
ငုံ့ငုံ့ကြည့်နေတတ်ခဲ့ရင်း
မင်းနဲ့တွေ့ရင်ပေးဖို့ အသဲနှလုံးကို
ဖွဖွလေးကိုင်ပြီး စောင့်နေခဲ့တာ....
..
..
ဒီစာပိုဒ်လေး နှစ်သက်လိုက်တာ
တပုဒ်လုံးက လဲ နုရွ အသက်ဝင်လွန်းတယ်

ရွှေပြည်သူ (ShwePyiThu) said...

ကဗျာကောင်းလေးကို ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်။ “ဂစ်တာဟာ သူ့အသံသူမျိုချနေရတယ်။” ဆိုတာလေးကို အကြိုက်ဆုံးပါပဲ...

မြတ်မွန် said...

ငိုချင်သွားတယ်..မြစ်ကျိုးအင်းရယ်..
အထပ်ထပ် အခါခါ ဖတ်ပြီးတိုင်း ရှင့်ရဲ့ခံစားချက်တွေကို ပုံဖော်ကြည့်တယ်..အရမ်းဝမ်းနည်းစရာ ကောင်းတဲ့ အဖြစ်ပျက်တစ်ခုနဲ့ပေါ့..။
အစဉ်လေးစားလျှက်..

Anonymous said...

ထိထိရှရှဖြစ်မိပါတယ်

Beauty Studio USA Branded Store said...

ကဗျာလေးကို ဖတ်လိုက်ရတော့ ရင်ဘတ်တွေတောင် နုညံ့သိမ်မွေ့ သွားတယ်ဗျာ။

မိုးယံ said...

အခုချိန်ဆိုရင် အမာရွတ်ကလေးပဲ ကျန်တော့မှာပါ၊

အကြင်နာဆိုတာ ဒီတစ်ယောက်နဲ့ပဲ ပြီးသင့်သလား၊ နင်လေ နင့်အနာဟောင်းကို ထပ်မဆွနဲ့ပေါ့ဟာ။ အားတင်းထားစမ်းပါ.... အိုး.....မြစ်ကျိုးအင်း..အင်းဟင်းဟင်းဟင်

မြတ်မွန် said...

အစွန့်ပစ်ခံမြစ်..
အစွန့်ပယ်ခံမြစ်..

Anonymous said...

ခံစားသွားပါတယ်... mk

မိုးနေ said...

ကဗျာတွေမတင်တာကြာပြီနော်...ခုကဗျာကတော်တော်ကြာနေပြီ...ခဏခဏဖတ်ပေမဲ့ ခံစားလို့ကောင်းတုန်းပဲ.....

 

Posts Comments

©2006-2010 ·TNB