ပုံရိပ်ယောင်လမ်း

25 November 2012



စာရေးနေရင်းနဲ့နာရီကို မော့ကြည့်တော့ မနက် ဆယ်နာရီ ကျော်ကျော်ပဲ ရှိသေးတယ်။ အမေက ဘုရားဆွမ်းတော်ကပ်ပြီး ဘုရားရှိခိုးနေတော့ တအိမ်လုံးက တိတ်တိတ်ဆိတ်ဆိတ်ပဲ။ ဒီနှုန်းအတိုင်းသာဆို နောက် တနာရီမကြာခင် သူ့စာမူပြီးသွားနိင်တယ်လို့ စာရေးဆရာ တွေးမိလိုက်တယ်။ မနေ့ကတည်းက ဇာတ်အိမ်တည်ပြီး တောက်လျှောက်ရေးထားတဲ့ စာမူကို ဒီမနက်ပိုင်း အပြီးသတ် ဆက်ရေးမယ်လို့ ဆုံးဖြတ်ပြီး မနက်ပိုင်းကတည်းက စာရေးစားပွဲမှာ ထိုင်နေတာ ခုဆို အပြီးသတ် နီးနီးအထိ ရောက်လာတယ်။ ပြောရရင် ဒီစာမူက သူရေးခဲ့တဲ့ သက်တမ်းတလျှောက် အမြန်ဆုံးပြီးတဲ့ စာမူလို့တောင် တင်စားလို့ရတယ်။ ရေးတဲ့အချိန် ဈန်ဝင်နေတာကလည်း တကြောင်းဆိုပေမယ့် စာမူကိုက ရေးလို့သွက်တဲ့ ဇာတ်လမ်းမျိုး ဖြစ်နေတော့ ခေါင်းထဲကထွက်ကျလာတဲ့ စာကြောင်းတွေကိုတောင် လက်က မှီအောင်မနဲ လိုက်ရေးနေရတယ်။ 

ဇာတ်လမ်းကသွက်တယ်။ ဇာတ်အရှိန် အနိမ့်အမြင့်တွေပါတယ်။ စာဖတ်သူ စိတ်နှလုံးကို ဆွဲငင်မယ့် အလှည့်အပြောင်းတွေပါတယ်။ ဖတ်ရင်းနဲ့ ကျေနပ်အားရစေမယ့် အခန်းတွေ ပါတယ်။ အထူးသဖြင့် ကိုတိုးကြီး ကြိုက်မယ့် ဇာတ်လမ်းမျိုး။ ဒါ အဓိက အရေးကြီးဆုံး အချက်ပဲ။ ကိုတိုးကြီးဆိုတာ နယ်ကြိုက်ဇာတ်ကားတွေနဲ့ အောင်မြင်စပြုနေတဲ့ ဒါရိုက်တာ တယောက်ပါ။ သူ့စာမူတိုင်းကို ကိုတိုးကြီးက ဝယ်ပြီး ဇာတ်ကားရိုက်လေ့ရှိသလို တခါတလေ ဇာတ်ကျောရိုးလေးတွေ ပေးပြီးလည်း ရေးခိုင်းတတ်တယ်။ မရှက်တမ်းဝန်ခံရရင် သူ့စာမူတွေက စာအုပ်အဖြစ်နဲ့ အောင်မြင်မှုတော့ သိပ်မရရှာဘူး။ ဇာတ်တွေက အတွင်းထဲထိ မရောက်ဘူးဆိုလား ၊ အပေါ်ယံလောကကို ကိုယ်စားပြုလွန်းတယ် ဆိုလားဝေဖန်ကြတာတွေတော့ ဖတ်ရဖူးတယ်။ ဒါပေမယ့် ဒါက အရေးမကြီးပါဘူး။ သူအခုနောက်ပိုင်း စာရေးကတည်းက ဇာတ်ညွှန်းခွဲလို့ကောင်းအောင် ၊ ဒါရိုက်တာ ရိုက်ကူးလို့ အဆင်ပြေအောင် ရေးဖြစ်နေတယ်။ ဒါကိုလည်း ကိုတိုးကြီးက သဘောကျတယ်။ အားပေးတယ်။

 “သိပ်ရှုပ်ရှုပ်ရှက်ရှက်မလုပ်နဲ့ဗျာ။ မြန်မြန်ရိုက်လို့ရပြီး နေရာအနေအထား တကူးတကရှာရိုက်စရာမလိုပဲ ခပ်သွက်သွက်ရိုက်လို့ရမယ့် ဇာတ်မျိုးပဲ ရေးဗျာ” တဲ့လေ။
ဆိုတော့ကာ သူကလည်းခပ်သွက်သွက်ရေးတယ်။ ကိုတိုးကြီးကလည်း ခပ်သွက်သွက်ရိုက်တယ်။ ဒီတော့ သူတို့ နှစ်ယောက် အဆင်ပြေတယ် ဆိုပါစို့။



အခုဒီဇာတ်လမ်းလည်းကိုတိုးကြီး ကြိုက်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ သိနေတယ်။ စာရေးနေရင်းနဲ့တောင် ဘယ်အခန်းဆို ကိုတိုးကြီး ဘယ်လိုရိုက်မယ်အထိပါ သူ တွေးမိနေတဲ့အထိပဲ။ ဇာတ်လမ်းက အချစ်ဇာတ်လမ်း။ ဖတ်ကောင်း ကြည့်ကောင်းအောင် လောကဓံ အနိမ့်အမြင့်တွေနဲ့ ရောမွှေထားတဲ့ အချစ်ဇာတ်လမ်းလေးပါ။ သူအခုရေးနေတဲ့ ဇာတ်ဝင်ခန်းက မင်းသား ကျောက်တူးရာက ပြန်လာတဲ့အခန်းပဲ။ သိပ်ကို ရေးလို့ကောင်းလွန်းတဲ့ အခန်းဆိုတော့ သူပီတိဖြစ်နေရတယ်။ ပီတိဖြစ်ဆို ဒီအခန်းထိ ရောက်လာအောင် ရှေ့မှာ အနိမ့်အမြင့်တွေ လောကဓံတွေကို တောက်လျှောက်ဖွဲ့ခဲ့ရတာလေ။ အခုကစပြီးတော့ ဇာတ်အဆုံးသတ်အထိ အေးဆေးရေးသွားလို့ရပြီ။ သက်သောင့် သက်သာ စိတ်နဲ့ ခါးကြောလျှော့တယ်။ ရေထသောက်တယ်။ ဆေးပေါ့လိပ်လေး သုံး လေးဖွာ ရှိုက်ရင်း ရေးပြီးသမျှ ဘာလိုအုံးမလဲ ပြန်တွေးကြည့်မိတယ်။ 

ဇာတ်လမ်းကအချစ်ဇာတ်လမ်း။ ချစ်သူနှစ်ယောက်မှာ ကောင်မလေးကချမ်းသာတယ်။ကောင်လေးက ဆင်းရဲတယ်။ ချမ်းသာတဲ့ကောင်မလေးအမေကိုတော့ မာနခပ်ကြီးကြီးပုံစံ သူ့သမီးနဲ့ဘယ်သူမှ မတူမတန်သလို ဆက်ဆံတတ်တဲ့ စရိုက်မျိုးဖန်တီးပေးထားတယ်။ ဒါမှဇာတ်နာမှာလေ။ ဒါတွေက အမြဲမြင်နေရတာဆိုတော့ ဒီလိုစရိုက်မျိုး ဖန်တီးဖို့က သိပ်မခက်ပါဘူး။ ပိုသေချာအောင်လို့် မင်းသားကို မင်းသမီးအမေက လူကြားထဲမှာ ပါးတစ်ချက်လောက် ရိုက်ခိုင်းထားသေးတယ်။ ဒါနဲ့တင် အားမရသေးလို့ မင်းသမီးရဲ့ အကိုဝမ်းကွဲတွေက ထိုးကြကြိတ်ကြတယ်။ မင်းသားက လက်တုန့်ပြန်ချင်ပေမယ့် သူ့ချစ်သူ ကောင်မလေးရဲ့ ဆွေမျိုးတွေ ဆိုတဲ့အသိနဲ့ သီးခံပြီး ထွက်သွားပေးလိုက်တယ်။ အဲဒီမှာ ဇာတ်က စနာတော့တာပဲ။ ဇာတ်လမ်းကို ဗီဒီယိုအဖြစ်ရိုက်ကူးပြီးရင် ကြည့်သူတွေ စာဖတ်သူတွေလည်း မင်းသားကို သနားစိတ်တွေ ဝင်သွားပြီ။ 

ဒါအဓိက အချက်ပဲ။ ဇာတ်ကောင်နဲ့ ပရိတ်သတ် တသားထဲဖြစ်သွားပြီဆိုရင် ဇာတ်လမ်းထဲ အားလုံဈဉ်ဝင်စားသွားပြီ။ အခန်းထဲအပိတ်ခံထားရတဲ့မင်းသမီးကလည်း အပြင်ကိုထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားတာကိုပါ ထည့်ရေးထားတယ်ဆိုတော့ သူတို့နှစ်ယောက်ရဲ့ အချစ်ခိုင်မြဲပုံက တော်တော်ကို ပေါ်လွင် သွားပြီ။ ဇာတ်အရှိန်ကို ထပ်တင်ချင်လို့ မင်းသမီးးကို အိမ်က ခိုးထွက်လာတဲ့ အခန်းလေးပါ ထည့်ရေး ထားတယ်။ မင်းသားကို မင်းသမီးရဲ့အိမ်နားမှာ စောင့်နေခိုင်းပြီး မင်းသမီးက ညသန်းခေါင်မှာ ခိုးထွက်လာတာ။ ခိုးထွက်လာမယ့် မင်းသမီးကို စောင့်မျှော်နေတဲ့ မင်းသားရဲ့ စိတ်လှုပ်ရှားနေတဲ့ အဖြစ်ကို မြင်စေပြီး ပရိတ်သတ်ကို ရင်ခုန်စေမယ်။ ဒါပေမယ့် မင်းသမီးထွက်လာတာကို သူ့အိမ်က သိသွားပြီး မင်းသားကို ရန်ရှာခံရတာ ဖန်တီးထားလိုက်တယ်။ အခုမှ ဇာတ်ကအစပဲ ရှိသေးတာဆိုတော့
ပေးပေါင်းလို့မှ မဖြစ်တာ။ ဒီတခါလည်း မင်းသားက အထိုးအကြိတ်ခံရ မတူမတန်သလို အပြောအဆို ခံလိုက်ရပြန်တယ်။ ဒီလောက်ဆို လုံလောက်ပြီပေါ့။

တကယ့်အခန်းက အဲဒီနောက်ပိုင်းမှလာမှာ။ နောက်တနေ့ကစပြီး မင်းသားက ရပ်ကွက်ထဲကနေပျောက် သွားတယ်။ သူထွက်သွားတာကဖားကန့်ရတနာမြေကို။ သူ့ကို ကျောက်သွားတူးခိုင်းလိုက်တယ်။မြန်မြန် ချမ်းသာမယ့် အကွက်က ဒါပဲရှိတာမဟုတ်လား။ ဘိန်းဖြူရောင်းခိုင်းရင်တောင် ရဲဖမ်းတဲ့အခန်းနဲ့ 
ပြန်ပိတ်ပေးနေရမှာဆိုတော့ ကျောက်သွားတူးခိုင်းတာထက် ကောင်းတဲ့ ဇာတ်ကွက်မျိုး မရှိဘူးလေ။
ကျောက်တူးတာတွေကိုလည်း မေးထားမြန်းထား ပြီးပြီဆိုတော့ ဇာတ်လမ်းထဲ ဆီလျော်အောင် ထည့်ရေးထားလိုက်တယ်။ အစပိုင်းတော့ မင်းသားကို နဲနဲဒုက္ခခံခိုင်းထားတယ်။ ငတ်တာပြတ်တာတွေ အထင်လွဲရန်ရှာခံရတာတွေ ဖန်တီးထားတယ်။ ရေးရင်းနဲ့ စိတ်ကူးရလို့ ကျောက်တွင်းပိုင်ရှင်မှာ သမီးတစ်ယောက်ရှိတယ်ဆိုတဲ့ အကြောင်းကို ထပ်ဖြည့်လိုက်နိင်တာကို ပိုပြီး ကျေနပ်သွားမိတယ်။ 

ထုံးစံအတိုင်းကျောက်တွင်းပိုင်ရှင်သမီးက မင်းသားကို တဖက်သတ် သံယောဇဉ်တွေဖြစ် ဂရုစိုက် အလေးအနက်ထားတာတွေ ထည့်ရေးပေးလိုက်တော့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်း ပုံစံအထိပါဖြစ်သွား
စေတယ်လေ။ ဒါတွေက ဇာတ်အရှိန်မြင့်တဲ့အခန်းတွေလို့ စာရေးဆရာ သတ်မှတ်ထားမိတယ်။ သူ့ကိုသံယောဇဉ်ကြီးတဲ့ ကျောက်တွင်းပိုင်ရှင် သမီးကို မင်းသားက အဲဒီသံယောဇဉ်တွေကို မသိချင်ယောင်ဆောင်ပြီး အလုပ်ကိုပဲ ကြိုးစားလုပ်ရင်း ၆ လ ဒါမှမဟုတ် ၁ နှစ်လောက်မှာ ကျောက်အောင်  သွားတယ်။ အဲဒီအခန်းက ပရိတ်သတ်တွေကို တက်ကြွစေမယ့် အခန်းမျိုးပဲ။ 
မင်းသားနဲ့အတူတောက်လျှောက် စိတ်မောခဲ့ရသမျှ သူတို့လည်း ပျော်ကြပေါ့။ ပရိတ်သတ်တွေကလည်း သိပ်မညံ့ပါဘူး။ဗီဒီယိုဇာတ်လမ်းတွေထဲမှာမင်းသားက ကျောက်သွားတူးတာကို ဖော်ပြထားရင် နောက်ပိုင်းမှာ
ကျောက်အောင်မှာကို အလိုလိုသိနေပြီးသားပဲဆိုတော့ ကိုယ့်ဇာတ်လမ်းက ထွေထွေထူးထူး 
ထောက်ပြစရာ မရှိဘူးလို့လည်း ထင်ပါတယ်။

ပြီးရင်ကားအကောင်းစားစီး ငွေထုပ်ပိုက်ပြီး ပြန်လာမယ့် မင်းသားက မင်းသမီးအိမ်ရှေ့ကိုရောက်လာတယ်။ 
သူဌေးဆိုတာသိသာအောင်လို့ မျက်မှန်အနက် တပ်ထားပေးတယ်။ မျက်မှန်အနက်တပ်ပြီး coke ဘူးကို ဖောင်းခနဲမြည်အောင် ဖွင့်ပြရင် သူဌေးဆိုတာ ပရိတ်သတ်က သိနေကြပြီ။ မင်းသားမျက်နာကိုတော့ ခပ်တည်တည်မျက်နာထားပုံစံ ဖန်တီးတယ်။ ပရိတ်သတ်က မင်းသားဘက်က ရှိတာဆိုတော့ ဒီလိုခပ်တည်တည် လုပ်နေလည်း အားရကြမှာပဲ မဟုတ်လား။ ဒ်ီအထိက ရေးပြီးသွားတဲ့ အခန်းတွေပဲ။ ရေးပြီးသမျှ ပြန်တွေးကြည့်တော့ ထွေထွေထူးထူး ထပ်ဖြည့်စရာတော့ မရှိဘူး။ ဒါနဲ့ ဖွာလက်စ ဆေးပေါ့လိပ်လေး ထပ်ဖွားရင်း ရှေ့ဆက်ရေးမယ့် ဇာတ်ဝင်ခန်းတွေကို အတွေးနဲ့ ကြိုဖွဲ့နေကြည့်လိုက်တယ်။ 

အခြေအနေပြောင်းပြီးချမ်းသာလာတော့ မင်းသမီးအမေက ပြာပြာသလဲဆက်ဆံပုံတွေ၊ တချိန်လုံး သား သား လို့ ခေါ်ပုံတွေထည့်ရေးရမယ်။ ပရိတ်သတ်ကတော့ ဒီမိန်းမကြီးအခုမှ ပြာယာခတ်ပြနေတယ် အမြင်ကပ်စရာလို့ တွေးကြမှာပဲ။ ဒီလိုတွေးမှ ဇာတ်လမ်းက အောင်မြင်တာမဟုတ်လား။ နေအုံး.. ပိုပြီး ဇာတ်နာသွားအောင် မင်းသားကျောက်သွားတူးနေချိန် မင်းသမီးအိမ်ကို မီးလောင်တာ ဒါမှမဟုတ် ဓါးပြတိုက်တာ ဖန်တီးပြီး သူတို့ဆင်းရဲသွားတယ်လို့ ဖန်တီးရင်ကောင်းမယ်။ ဒါက ပရိတ်သတ်အတွက်လည်း သံဝေဂ ရစရာ အခန်းတွေပဲ။ စာအုပ်တွေ ရုပ်ရှင်တွေထဲမှာမီးလောင်တာ ၊ ဓါးပြတိုက်တာက သိပ်လွယ်တော့ ပရိတ်သတ်က ဒီအနေအထားကို လက်ခံမှာသေချာပါတယ်။ ဒီအခန်းကို ထောက်ပြစရာ မရှိအောင် မင်းသမီးအိမ်ကို ဈေးတခုခုနားမှာ ရှိတဲ့ပုံစံ လုပ်ထားရင် ဈေးမီးလောင်ရင်း ပါသွားတယ်လို့ အကြောင်းပြရတာ ပိုလက်ခံနိင်စရာ ဖြစ်မှာပဲ။

အခြေအနေတွေကပြောင်းပြန်ဖြစ်ကုန်ပြီဆိုတော့ မင်းသမီးအမေနဲ့ အကိုတွေက မင်းသားကို ဝိုင်းဖားကြတာတွေ သူတို့ညီမနဲ့ သဘောတူတာတွေ ဖြစ်ကုန်မယ်။ ပရိတ်သတ်ကို နဲနဲအသဲယားစေချင်ရင် အားလုံးအဆင်ပြေနေမှ မင်းသမီးက လက်ထပ်ဖို့ငြင်းတာ ဖြည့်ပေးလိုက်မယ်။ သူတို့ချမ်းသာတုန်းက မိဘမောင်ဘွားတွေက မင်းသားအပေါ် ဆက်ဆံခဲ့တာတွေအတွက် သူက စိတ်မကောင်းဖြစ်ပြီး လက်ထပ်ဖို့ငြင်းဆန်တာမျိုး ဖန်တီးပေါ့။ မင်းသားအပေါ် မတရားလုပ်သလိုခံစားရလို့ ငြင်းရတဲ့သဘောမျိုး။ ဒါကိုမင်းသားက လိုက်ချော့ နားလည်အောင်ရှင်းပြ၊ နောက်ဆုံးတော့ သဘောတူပြီး လက်ထပ်လိုက်ကြမယ်။ ဒါပဲ..။ ဇာတ်လမ်းက အဲဒါပဲ။ ဒီလောက်ဆို သူ့အတွက်လည်း ရေးလို့ကောင်းသလို ကိုတိုးကြီးအကြိုက် ဗီဒီယိုရိုက်လို့ကောင်းတဲ့ ဇာတ်လမ်းတပုဒ်ဖြစ်ပြီပေါ့။ ဒီလိုပုံစံဆင်တဲ့ ဝတ္ထုတွေ ဗီဒီယိုတွေလည်း အများကြီးရှိတာပဲ မဟုတ်လား။ 

ဇာတ်လမ်းအဆုံးသတ်အထိဖြူးနေအောင် အကွက်ချတွေးပြီးပြီဆိုတော့ သူ ကျေနပ်သွားတယ်။ အလွန်ဆုံး နောက် နှစ်နာရီထက် ပိုမကြာဘဲ ဒီစာမူ ပြီးမှာ သိနေပြီ။ တနေ့လုံး အချောသပ် ပြန်စစ်ပြီးရင် ညနေတော့ ကိုတိုးကြီးကို ဖုန်းဆက်ပြီး ဘီယာဆိုင်မှာ စာမူတခါတည်း ပေးလိုက်ရင်တောင် ရနေပြီ။ ဗီဒီယိုရိုက်လို့ကောင်းမယ့် ဒီဇာတ်လမ်းကို ဖတ်ပြီးချိန် ကိုတိုးကြီးမျက်နာ ပြုံးဖြီးနေမှာ မြင်ယောင်နေမိ
သေးတယ်။ သူစာရေးစားပွဲမှာပြန်ထိုင်ချိန် အမေက ဘုရားရှိခိုးလို့ ပြီးသွားတယ်။

“အမေ ဒီနေ့ဘာချက်လဲ” “ငါးဟင်း ချက်တယ်သား။ ဘာစားချင်လို့လဲ” “မစားချင်ဘူးအမေ။ ရတယ်။ ကျနော် စာ ဆက်ရေးလိုက်အုံးမယ်”
“အေး အေး”

 ရေးလက်စစာမူကို ကောက်ကိုင်ပြီး နောက်ဆုံး နှစ်ပိုဒ်လောက် ပြန်ဖတ်ပြီး စာပြန်ကောက်တယ်။

အိမ်ရှေ့ကို ထိုးဆိုက်လာသည့်အနက်ရောင်ပါဂျဲရိုးကားသံကြောင့် ဒေါ်သန်းစိန် ဆန်ပြာနေရာမှ လှမ်းကြည့်လိုက်သည်။ ကားမောင်းသူဘက်အခြမ်းမှ ပြတင်းမှန် လျှောကျလာပြီး သူ့ကိုလှမ်းကြည့်နေသည့် မျက်မှန်တပ်ထားသော လူရွယ်ကို ကြည့်ရင်း ဒေါ်သန်းစိန် ထိုလူငယ်ကို မြင်ဖူးသလိုလိုဟု ဇဝေဇဝါ ဖြစ်မိသွားသည်။ သမီး၏ သူငယ်ချင်းများလား မသိဘူးဟု တွေးမိသဖြင့် ထိုးဆိုက်လာသော ကားထံသို့ ထ သွားလိုက်သည်။ 
“ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲရှင်… ဟင် .. နင် ..နင် ” 
မျက်မှန်ချွတ်လိုက်သည့် လူငယ်၏ မျက်နာကို မြင်လျှင်ဒေါ်သန်းစိန် သရဲခြောက်ခံလိုက်ရသကဲ့သို့ တုန်လှုပ်သွား၏။ 

လက်ရှိရေးပြီးတဲ့ နောက်ဆုံးစာပိုဒ်တွေကို ပြန်ဖတ်ရင်း ဆက်ရေးဖို့ အရှိန်ရသွားတဲ့ စာရေးဆရာက
ဘောပင်ကို ကောက်ကိုင်လိုက်တယ်။ ကြိုတွေးထားတဲ့ ဇာတ်သိမ်းပိုင်းကို ခပ်သွက်သွက်ချရေးနေရင်း
လောကကြီးကို မေ့သွားတော့တယ်။ ဇာတ်သိမ်းပိုင်းအတွက် စာရေးတာ အရှိန်ရနေချိန်မှာပဲခြေရင်း တအိမ်ကျော်ဆီကငိုသံတွေ ထွက်လာတာ ကြားလိုက်ရတယ်။ ဘောပင်ကို ချပြီး နားစွင့်ကြည့်တော့ ငိုနေသံတွေဟုတ်မှန်း သေချာသွားတယ်။ ဒါနဲ့ပဲ မီးဖိုချောင်ထဲရောက်နေတဲ့ အမေကိုလှမ်းခေါ်ပြီး 

“အမေ..အမေ ဒေါ်အေးမူ တို့ အိမ်က ဘာဖြစ်ကြတာလဲ မသိဘူး။ ငိုသံတွေ ကြားနေရတယ်။ ရန်ဖြစ်ကြတာများလား။”

“ငါသွားကြည့်လိုက်အုံးမယ်”

ပြောပြောဆိုဆိုနဲ့အမေအိမ်ပေါ်က ဆင်းသွားတယ်။ သူလည်း စာဆက်ရေးနေပေမယ့် ငိုသံတွေ ထွက်လာနေတာကို ကြားနေရတုန်းပဲ။ သူတို့တတွေက ဒီလမ်းထဲမှာ ငယ်စဉ်ကတည်းက နေလာကြတာ ဆိုတော့ အားလုံးက ရပ်ဆွေရပ်မျိုးလို ဖြစ်နေကြတယ်။ ဒါကြောင့်လည်း ဘာများဖြစ်ကြသလဲဆိုပြီး စိတ်က အဲဒီဆီကိုရောက်နေမိပေမယ့် သူ့စာကလည်း ပြီးတော့မှာဆိုတော့ ထ မနေတော့ဘဲ အဆုံးသတ်ထိ စိတ်နှစ်ရေးနေရတယ်။ မင်းသမီးက ရှောင်နေလို့ မင်းသား လိုက်ချော့ရတဲ့ အခန်းထိတောင် ရောက်နေပြီ ဆိုတော့ စာမူကလည်း ပြီးလုပြီးခင်ပါပဲ။ အဲဒီအချိန်မှာ အမေ ပြန်ရောက်လာတယ်။ အိမ်ပေါ်တက်လာတဲ့ အမေ့မျက်နာက မကောင်းဘူး။ စိတ်ထိခိုက်ဝမ်းနည်းနေဟန်ပါပဲ။ 

“ အမေ သူတို့ဘာဖြစ်ကြတာလဲ။ ”
“စိတ်မကောင်းလိုက်တာ သားရယ်။ ကျော်မိုးဆုံးသွားရှာပြီတဲ့”
“ ဗျာ….ကျော်မိုး ဆုံးပြီ ဟုတ်လား ”
“ဟုတ်တယ်။ခုနကပဲ လာအကြောင်း ကြားသွားတာတဲ့။ အခု သူ့အိမ်က လိုက်သွားကြမလို့
 ပြင်ဆင်နေကြတယ်”

 ကြားရတဲ့သတင်းကြောင့်သူ စိတ်ထိခိုက်သွားရိတယ်။ ကျော်မိုးဆိုတာ သူ့လက်ပေါ်မှာတင် ကြီးလာတဲ့ ကောင်လေးလို့ ပြောရင်တောင် ရတဲ့ လူငယ်လေးပါပဲ။

“ဘယ်မှာဆုံးတာတဲ့လည်း အမေ”

“ဖားကန့်မှာပဲလေ။ငှက်ဖျားလို့တော့ ပြောတာပဲတဲ့။ ကောင်လေးကလည်း အပေါင်းအသင်းစုံတော့ ဆေး တွေ ဘာတွေ စွဲတာများလားလို့လည်း သူ့အမတွေက ထင်ကြတယ်။”

ကျော်မိုးသတင်းကြားမှ ဖားကန့်ဘက်တက်သွားခါနီး ပြောဖြစ်တာလေးတွေ ပြန်မှတ်မိသွားမိတယ်။ ကျော်မိုး ဖားကန့်ဘက်မှာ ကျောက်သွားတူးမယ်ဆိုတော့ သူ တားခဲ့သေးတယ်။ ငှက်ဖျားပေါတာတွေ မူးယစ်ဆေးဝါးတွေ လက်တကမ်းမှာ ရနိင်တာတွေကို သိလို့ ဒီမှာပဲ ရရာ လုပ်ရင်း နေဖို့ 
ဖျောင်းဖျမိသေးတယ်။ 

“ဒီအတိုင်းဆိုကြီးပွားဖို့ မလွယ်ပါဘူးအကိုရာ။ ကျနော် ချမ်းသာချင်တယ်ဗျာ။ ကံအလှည့်အပြောင်းနဲ့ တိုးသွားရင် တချက်ထဲ ပွ မှာ အကိုရ။ ပြီးတော့ ဗီဒီယိုတွေ စာအုပ်တွေထဲကလို ကျောက်အောင်သွားတာ မျိုးလည်း သေသေချာချာ ဖြစ်နိင်တာပဲလေ။ ကံကြမ္မာဆိုတာ ပြောလို့မရပါဘူး။ နှစ် နှစ်လောက် လုပ်ပြီးရင်တော့ ပြန်လာမှာပါ။ စမ်းကြည့်တာပေါ့ အကိုရာ”

ကျောက်သွားတူးခါနီးကျော်မိုး ပြောခဲ့တာလေးတွေ ပြန်ကြားယောင်မိတယ်။ ခုတော့ ပွ ပေါက်မတိုးဘဲ ငှက်ဖျားနဲ့ ဆုံးရှာပေါ့ ညီလေးရယ်။ အရိပ်အယောင် ဇာတ်လမ်းတွေနဲ့ တကယ့်ဘဝ ထပ်တူမကျတာကို သူပြောလိုက်ဖို့ ပျက်ကွက်ခဲ့မိတာ နောင်တရနေမိတယ်။ ပြောလည်း နားဝင်မယ်တော့ မထင်ပါဘူးလေ လို့သာပဲ စိတ်ဖြေလိုက်ရတယ်။ရေးလက်စ ပြီးခါနီး ဇာတ်လမ်းကို ဆက်ရေးဖို့တော့ စိတ်မပါတော့ဘူး ဖြစ်သွားရပြီ်။ 

ကျော်မိုးသတင်းသွားမေးဖို့ထရပ်ရင်းနဲ့ အတွေးတခု သူတွေးမိတော့ တုန်လှုပ်သွားရတယ်။ အဲဒီအတွေးကတော့ မရင့်ကျက်သေးတဲ့ လူငယ်တွေအတွက် အထင်တကြီးဖြစ်စေမယ့် ဇာတ်လမ်းမျိုးကို သူ ဆက်ရေး သင့်မသင့် ဆိုတာပါပဲ။ ဝတ္ထုတွေ ဗီဒီယိုတွေထဲက ကျောက်အောင်တဲ့ဇာတ်ကွက်တွေ ကြည့်ပြီး မရင့်ကျက်သေးတဲ့ ကျော်မိုးလို လူငယ်တွေ ဘယ်နှစ်ယောက်များ ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ကြိုးစားခဲ့ကြ မလဲဆိုပြီး ဆက်တွေးမိတော့ သူထိတ်လန့်သလိုဖြစ်သွားမိတယ်။ စာမူခအတွက် ရလာမယ့် ငွေက ဖြူစင်ရဲ့ လားဆိုတာ သူ့ဘဝမှာ ပထမဆုံးတွေးဖြစ်သွားတယ်။ သေချာတာက ဒီနေ့တော့ ကိုတိုးကြီးဆီကို သူဖုန်းဆက်ပြီး စာမူပေးဖြစ်မယ် မထင်တော့။ 

ခင်မင်သောအားဖြင့်
မြစ်ကျိုးအင်း
။..............................................................................။

25 comments:

ဒီနေရိုင်းသစ် said...

ဘ၀ဆိုတာ ကြည့်နေကြ ရုပ်ရှင်ထဲကဇတ်လိုက်
တွေလို ဟုတ်ချင်မှဟုတ်မှာ...ဆိုတာမကြာမကြာ
တွေးမိတတ်တယ်..။ဒီ ဝတ္ထုတိုလေး ဖတ်ရတော့
တွေးစရာတွေပိုလို့တောင်များလာတယ်..

ကိုမြစ်စာများများရေးနိုင်ပါစေ..

sosegado said...

ဖတ်ရင်း အတွေးတွေရသွားပါတယ်

လောပန်းလောင်းတွေခေတ်က ကုန်လို့သွားခဲ့ပြီလေ ကျောက်တွေ
တောင်လိုက် သယ်သွားတဲ့ခေတ်ဆိုတော့ .... ချက်ချင်းကြီးချမ်းသာဖို့ဆိုတာ ကျောက်တူးသမားးကတော့ ခဲသွားကောက်ရုံပါပဲ ကံမကောင်းရင် အပစ်ခံရဦးမယ်။

ဘုန်း ၂ တောက် said...

တွေးစရာ၊ မှတ်သားစရာတွေ အများကြီး အများကြီးဆို အများကြီး ရသွားတယ် ဒကာတော် မြစ်ကျိုးရေ။ ချမ်းမြေ့ပါစေ
ခင်မင်တဲ့

အလင်းသစ် said...

တကယ့်လက်တွေ့ဘဝဆိုတာ ဝတ္ထုတွေ၊ ရုပ်ရှင်တွေထဲကလို မဟုတ်ဘူးဆိုတာတော့ သေချာတွေးမိတယ်။။ ဒါပေမယ့် တစ်ခါတလေတော့ စိတ်ကူးယဉ်မိတုန်းပဲ ကိုမြစ်ရေ။။

ရည်ဝေ(ရေနံ့သာသူ) said...

ရုပ်ရှင်ဇာတ်လမ်းနဲ့ ထပ်တူမကျနိုင်တဲ့ဘဝမှန်းသိပါရဲ့
တစ်ခါတစ်လေကျတော့လည်း ရုပ်ရှင်ထဲကလို ထီတစ်စောင်ထိုးရုံနဲ့ သိန်းတစ်ထောင်ဆုပေါက်တဲ့သူမျိုးဖြစ်ချင်သား

Anonymous said...

ကူးသွားတယ် ကိုမြစ်ရေ


မောင်ဘကြိုင်

Anonymous said...

Git tuu lar twar tal...
Amyel arrr pay nay par tal

ပန်းကဗျာ said...

ပညာပေးစာစုလေးကို လာဖတ်ပါတယ် ကိုမြစ်ကျိုးအင်း

ကိုကိုမောင်(ပန်းရနံ့) said...

ဇာတ်ညွန်းလေး ကောင်းရဲ့သားနဲ့ အရေးထဲ ကျော်မိုးထဲ သေသွားရတယ်လို့။း)

ပရိသတ်တွေရှေ့မှောက် တင်ပြပေးရမဲ့ ဖျော်ဖြေမှုမျိုးမှာ အတုယူမှားစရာတွေ မဖြစ်သင့်ဘူးဆိုတာကို ထောက်ခံသွားပါတယ်။ ဟုတ်တယ်။ အဲဒီ ဇာတ်ညွန်းစာမူကို ကိုတိုးကြီးဆီ မပေးပါနဲ့တော့။

Anonymous said...

[url=http://fastcashloansonlinedirectly.com/#mtrog]fast cash advance payday loans[/url] - payday loans , http://fastcashloansonlinedirectly.com/#looip payday loans

Anonymous said...

[url=http://levitradirectly.com/#jeaop]order levitra[/url] - levitra online , http://levitradirectly.com/#ghdyl buy cheap levitra

ထရီဆာ said...

လူငယ်တွေရဲ့ တလွဲအတုယူတတ်တဲ့စိတ်၊ သတ်မှတ်ထား တဲ့ ကံတရားသတ်မှတ်ချက်ဆိုတာ လူတိုင်းမှာ တူညီမှု မရှိနိုင်ဘူးဆိုတာကို ဖတ်နေရင်းနဲ့ တွေ့လိုက်မိပါတယ်ရှင့်။ အကောင်းဆုံး နေထိုင်မှုကတော့ သူများကို မကြည့်ဘဲ ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေ ကိုယ် ကြည့်ဘို့ပါဘဲ။း)

Anonymous said...

[url=http://asss.tv/tv/read_blog/25451/get-more-for-your-money-with-betting-store-sports-betting-bonuses]Great[/url]. Your blog make me happy and interested to read from beginning to end, It sounds absolutely great to me. Your blog is informative. Thanks.[url=http://web.hkhs.hcc.edu.tw/xoops/html/userinfo.php?uid=1544].[/url]

san htun said...

ပုံရိပ်နဲ့  လက်တွေ့ က ကွာခြားလွန်းပါတယ်..

ရန်မင်းအောင် said...

လက်တွေ့ဘဝဟာ မှန်သားပြင်ပေါ်ကဇာတ်လမ်းနဲ့ထပ်တူမကျနိုင်ဘူးဆိုတာကိုမီးမောင်းထိုးပြလိုက်သလိုဘဲ ကိုမြစ်..လူငယ်လေးတွေ ဖတ်ပြီးအတုယူစေချင်တယ်ဗျာ...

Anonymous said...

[url=http://propeciadirectlyonline.com/#teqmu]buy propecia[/url] - order propecia , http://propeciadirectlyonline.com/#stlnp propecia 1 mg

သိ င်္ဂါ ရ said...

ကိုမြစ်ကျိုး ... ဟန် အတိုင်း ... တွေးစရာတွေ နဲ့ ... :)

မြန်မာဇာတ်ကားတွေကတော့ ထုံးစံအတိုင်း လို့ ပြောရလောက်အောင်ကို ရုပ်ပျက်ဆင်းပျက်ပါပဲဗျာ ...

တခါတလေ သူငယ်ချင်းတွေ ကြားမှာတောင် ... ငါ မြန်မာကားတွေ အကြည့်များသွားတယ် ထင်တယ်ကွာ လို့ ပြောဖြစ်တယ် ...

လွဲနေသေးတာတွေကတော့ လွဲနေတုန်းပါပဲ ခင်ဗျာ ... :)

အိမ်မက်စေရာ said...

ပို့စ်လေးဖတ်ပြီး ထောင့်ပေါင်းစုံက အတွေးမျိုးစုံ ရသွားတယ်....

Anonymous said...

it in her own song Thus this yodel made its [url=http://www.salevivi.com]ルイヴィトン 財布[/url]suitable for everyman Did you know you can [url=http://www.salevivi.com]スーパーコピー 財布[/url]in storing your stuff as it has a huge [url=http://www.salevivi.com]ルイヴィトン 財布[/url]button retractor for the baby viAir cushion http://www.salevivi.com[/url] To a bear that minty freshness might be just http://www.salevivi.com[/url] after she listened to it she was delighted

Anonymous said...

[url=http://levitranowdirect.com/#awptc]levitra online without prescription[/url] - cheap levitra online , http://levitranowdirect.com/#rlwcx levitra online

Anonymous said...

[url=http://buycialispremiumpharmacy.com/#qubba]buy cheap cialis[/url] - cialis online , http://buycialispremiumpharmacy.com/#pizmw buy cialis online

Anonymous said...

[url=http://buyviagrapremiumpharmacy.com/#eiana]generic viagra[/url] - generic viagra , http://buyviagrapremiumpharmacy.com/#eifzf viagra online

Anonymous said...

[url=http://buyviagrapremiumpharmacy.com/#fnowt]buy viagra online[/url] - viagra online , http://buyviagrapremiumpharmacy.com/#nmlfx buy cheap viagra

Anonymous said...

[url=http://buyonlineaccutanenow.com/#idwxo]buy accutane[/url] - accutane 30 mg , http://buyonlineaccutanenow.com/#pfsyb order accutane

Anonymous said...

[url=http://viagraboutiqueone.com/#xzhfw]buy viagra[/url] - cheap viagra online , http://viagraboutiqueone.com/#asugg buy viagra

 

Posts Comments

©2006-2010 ·TNB