အလွမ်းရင့်ရင့်

07 March 2009

နတ်သမီးပျိုးခဲ့တဲ့ပန်းလေးရေ....
ကောင်းကင်တေးသွားကြားမှာ
ပျော်ဝင်နေပြီလား
မာယာဆန်တဲ့ညနေခင်းတိုင်း
ကြေကွဲခြင်းတွေကို
(တစ်ခွက်တစ်ဖလား)သောက်ပြီး
ငါက..မှောက်နေခဲ့တဲ့ကောင်ပါ...
ဒီမှာ..
အလွမ်းဆိုတာမာရ်နတ်ရဲ့လက်တဖက်ပေါ့
ငါကတော့ဒဏ်ရာအသစ်နဲ့
လူမဖြစ်ချင်လည်း
အချိန်တိုင်းမှာ
လွမ်းဆွတ်ခြင်းသာ အဆိပ်သင့်စေတယ်..
ငါ့ရင်ထဲမှာ
ပင်လယ်တစင်းမရှိခဲ့ပါဘူး
ဘာကြောင့်..မုန်တိုင်းတွေ
(ခဏခဏ)ထန်နေရတာလဲ
ငါက
အဘိဓါန်စာအုပ်မဟုတ်ပါဘူး
ဘာကြောင့်..သစ္စာတရားကို
ဘာသာပြန်ချင်ကြတာလဲ.
ငါလွမ်းတယ် ပန်းကလေးရေ
သန်ခေါင်ယံအချိန်တွေမှာ
ငါရယ်..ညရယ်..တိတ်ဆိတ်ခြင်းတို့
ရင်ခွင်ကိုမီးလှုံရင်း
မင်းကိုလွမ်းတဲ့အကြောင်းတွေ
(ထည်ထည်ဝါ၀ါ)ပြောဖြစ်ကြတယ်.
ဘာပဲဖြစ်ဖြစ်
ကမ္ဘာဦးကျမ်းမှာတော့ရှာကြည့်ရမယ်...
ရှေးလူတွေရောအလွမ်းဒဏ်ကို
ဘယ်လိုခံခဲ့ကြသလဲ..
ကံကြမ္မာကိုကျိန်ဆဲရင်း
မျက်ရည်ဝဲခဲ့ကြသလား
အံကိုခဲပြီး
ကြေကွဲခဲ့ကြသလား
ဒီမှာ
ငါကတော့
အလွမ်းတွေ ..ရင့်..နေ..ပြီ.
(၂၉.၁.၂၀၀၁)
(ကဗျာဟောင်းလေးပါ)

7 comments:

Anonymous said...

ငယ်ငယ်ထဲက မော်ဒန်ခဲ့တာပေါ့ ကောင်းပါတယ်

zue said...

အရမ်းကြိုက်တယ် ဒီကဗျာလေးကို

htar* said...

ငါရယ်..ညရယ်..တိတ်ဆိတ်ခြင်းတို့
ရင်ခွင်ကိုမီးလှုံရင်း
မင်းကိုလွမ်းတဲ့အကြောင်းတွေ
(ထည်ထည်ဝါ၀ါ)ပြောဖြစ်ကြတယ်.
like ei :)

Melody said...

အိပ်မက်ထဲမှာများ နတ်သမီးနဲ့ တွေ့ ဖြစ်ခဲ့ လေသလား ????

မြတ်မွန် said...

ဘယ်လောက်ထိတောင် လွမ်းခဲရလဲဆိုတာ..
ကဗျာက သက်သေ ပြနေသလိုပါပဲ..

ဇနပုဒ်ရွာသား said...

ဒီမှာ..
အလွမ်းဆိုတာမာရ်နတ်ရဲ့လက်တဖက်ပေါ့
ငါကတော့ဒဏ်ရာအသစ်နဲ့
လူမဖြစ်ချင်လည်း
အချိန်တိုင်းမှာ
လွမ်းဆွတ်ခြင်းသာ အဆိပ်သင့်စေတယ်..
ငါ့ရင်ထဲမှာ
ပင်လယ်တစင်းမရှိခဲ့ပါဘူး
ဘာကြောင့်..မုန်တိုင်းတွေ
(ခဏခဏ)ထန်နေရတာလဲ
ငါက
အဘိဓါန်စာအုပ်မဟုတ်ပါဘူး
ဘာကြောင့်..သစ္စာတရားကို
ဘာသာပြန်ချင်ကြတာလဲ.


(အလည်လျှောက်သွားရင်းနဲ့
ကဗျာလေးတစ်ပုဒ်တွေ့လို့
ခိုနားမိရာက
နားလိုက်တော့မှ
ရင်ဘက်ထဲတဒုန်းဒုန်းခုန်မိသွားအောင်
ကဗျာလေးကိုနှစ်သက်ပါတယ်ဗျာ။(ရွာသား)

မြတ်မွန် said...

အလွမ်းရင့်ရင့်တွေနဲ့
နင့်နင့်သည်းသည်းပဲ..။

 

Posts Comments

©2006-2010 ·TNB