အဖြူလေးမှ မြစ်ကျိုးအင်း...သို့

13 April 2009

သူပေးတဲ့နာမည်က ကျွန်တော်နဲ့ မလိုက်ဖက်ပေမဲ့ကျွန်တော်ကတော့ အဲဒီနာမည်လေးကို ချစ်ပါတယ်။
ဖြူစင်စွာချစ်ခြင်းပါပဲ.သန့်ရှင်းတဲ့သဘော၊စင်ကြယ်ကြည်လင်တဲ့ သဘောလေးတွေ ပါနေလို့ပါ။
သူငယ်ချင်းက ဘလော့ဂါကြီးတယောက်ဖြစ်သွားတာသိတော့ ကျွန်တော်ဂုဏ်ယူရပါတယ်။
သူရဲ့ဘလော့မှာပဲ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ကျွန်တော့်သူငယ်ချင်း သူရကျော်ရဲ့ ကိုယ်တွေ့

true story လေး တပုဒ်ကို ထည့်ပေးဘို့ အပူကပ်မိတယ်။

ကိုမြစ်ကျိုး(အင်း ကတော့ရှည်လို့မထည့်တော့ပါဘူး)က သူရေးတဲ့ စာလေးတွေက ပေါ့ပေါ့ပါးပါး
သပ်သပ်ရပ်ရပ်လေးတွေ ရယ်စရာပြုံး စရာလေးတွေပဲ ရေးနေတတ်တော့ ကျွန်တော့်ရဲ့ ဇာတ်လမ်းလေး ကြောင့် လေးလေးပင်ပင် ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားမှကို တော့ စိုးရိမ်မိတယ်။

ဒါပေမယ့်လည်း အခါအခွင့်သင့်တုန်း ကျွန်တော် ၁၀ နှစ်လုံးလုံး အမြဲသတိ တရ ရှိနေခဲ့ရတဲ့
ကျွန်တော့် သူငယ်ချင်းရဲ့ အဖြစ်အပျက်လေးကို ဒီတခါတော့ ပြန်အန်ထုတ်မယ်လို့
တကိုယ်ကောင်း ဆန်စွာပဲ စဉ်းစားနေမိတယ်။
မောင်မြစ်ကျိုးကို ပြောတော့ သူကလည်း သဘောတူတာနဲ့ အဲဒီအကြောင်းလေးကို ရေးမိတော့တယ်။

ကျွန်တော် အနာကျက် ချင်ပြီဗျာ ၁၀ နှစ်လုံးလုံး အလွတ်ရနေတဲ့ အဲဒီ အဖြစ်အပျက်လေးကို ကျွန်တော်ခေါင်းစဉ်
မရွေးတတ်လို့ ခေါင်းစဉ်မပါဘဲ တင်ပေးဘို့ မောင်မြစ်ကျိုးလေးကို ပြောဖြစ်တယ်။
(ဒါက အဖြူလေးကိုယ်တိုင် စာစီပြီး ရေးထားတာပါ)


ပြောရရင် အဖြူလေးရဲ့ ငုပ်လျှိုနေတဲ့ စာရေးတဲ့ ဗီဇ လေးကို အမှတ်မထင် ပြန်ဖော်ထုတ်ပေးလိုက်မိတယ်။
ကျွန်တော့်ရဲ့ အဖြူလေး ဆိုတဲ့ ပို့စ်လေး တင်ခါနီးမှာ သူ့ကို ပြမိတယ်။ မကြိုက်တဲ့ စာသားတွေပါရင်
ဖြုတ်ပေးဘို့ပါပဲ။ဒါပေမယ့် သူက မကြည့်ရသေးခင် မှာပဲ ဘာပဲဖြစ်ဖြစ် ငါသဘောတူပါတယ်ကွာ။
ငါတို့ရဲ့ ရင်းနှီးမှုနဲ့ကြည့်ရင်ပဲမင်းငါ့ကို ဆိုးဆိုးရွားရွား မရေးလောက်ပါဘူး ဆိုပြီး တုန့်ပြန်တယ်။

ဖတ်ပြီးတော့သူက ငါ့ကိုယ်ငါ မှန်ထဲပြန်ကြည့်နေရသလိုပဲ ဆိုပြီး ပြောသေးတယ်။သူဘယ်စာကြောင်းမှ ဖြုတ်ပေးဘို့
မတောင်းဆိုခဲ့ပါဘူး။ဒါပေမယ့် ကျွန်တော် ရင်ထိတ်နေရတုန်းပဲ။တင်ပြီးတဲ့ နေ့ အိမ်ပြန်လမ်းမှာ ဖတ်တဲ့သူတွေ
ဘယ်လိုတုန့်ပြန်မလဲဘဲ စဉ်းစားနေမိတယ်။အနီးကပ်ရှိနေတဲ့ သူအကြောင်းကို အတင်းပြောသလို
ပြောထားတာဆိုတော့ တာဝန်တခုရှိနေသလို ခံစားရတယ်။

ဒါပေမယ့် ကျွန်တော် ကံကောင်းခဲ့ပါတယ် ။c box မှာရော comments မှာပါ အဖြူလေးကို ခင်ကြောင်းရေးတော့
ကျွန်တော်ဝမ်းသာအားရပဲ အဖြူလေးကို ပြမိတယ်။အဖြူလေးလဲ ပီတိဖြစ်ရတယ်လို့ ထင်ပါတယ်။
အားပေးခဲ့တဲ့ သူအားလုံးကို ကျေးဇူးပါ။

အဲဒီနေ့က စပြီ အဖြူလေး ရောဂါ တခုရသွားတယ်။ငါရေးချင်တာလေးတွေ ရှိတယ် မင်းဘလော့မှာ တင်ပေးကွာ
ဆိုပြီး ပူဆာတော့တာပဲ။ကျွန်တော့် စိတ်ထဲမှာတော့ အင်း အဖြူလေးတော့ ပေါက်ကရ လုပ်အုံးမလားမသိဘူးလို့
တွေးမိပေမယ့် ကျွန်တော်တင်ပေးမယ်လို့ပဲ သဘောတူလိုက်တယ်။လိုအပ်ရင်လည်း နည်းနည်းပါးပါး
ပြင်ပေးလိုက်မယ် လို့ကြိုတွေးထားတယ်။

အဲဒီ့နေ့ကစပြီး အဖြူလေး စာတွေ ရေးတော့တယ်။သူစာရေးတာနဲ့ပါတ်သတ်ပြီး ပြောစရာနည်းနည်းတော့ရှိတယ်။
တစ်ရက် နှစ်ရက်လောက်ရေးပြီးမှ သူရေးတဲ့ စာရွက်ကို ပြတယ်။ ဒီတခါ ကျွန်တော်လန့် ရတဲ့ အလှည့်ပဲ။
သူရေးတဲ့စာရွက်လည်း ကြည့်အုံးလေ ပြက္ခဒိန် အကြီးစားရဲ့ နောက်ကျောဘက်မှာ တစ်မျက်နာ အပြည့် ရေးထားတာ၊ ဒါတောင်မပြီးသေးဘူးနောက်စာရွက်တွေ ရှိသေးတယ်တဲ့။
အဖြူလေးတို့ လုပ်ချက်ကတော့ တေပြီဆရာပဲ ပြောရမယ်။အားလုံးကို typing ကျွန်တော် ပြန်ရိုက်ပေးရမှာလေ ။

ဘာတွေများမို့လို့ ဒီလောက်ရှည်ရှည်ရေးထားတာလဲ ဆိုပြီး ယူဖတ်ကြည့်တော့ ဇာတ်လမ်းလေးက ဖတ်ဖူးနေကြ ပုံစံတွေနဲ့ ကွဲလွဲနေတော့ ကျွန်တော် စိတ်ပါလက်ပါပဲ တင်ဘို့ ဆုံးဖြတ်လိုက်တော့တယ်။
သူက ခေါင်းစဉ်မပေးပဲ ဒီအတိုင်းပဲ တင်ပေးပါ လုပ်နေသေးတယ် ဘယ်လိုပြောပြောခေါင်းစဉ်မပေးချင်ဘူး
ပြောနေတာနဲ့ ကျွန်တော်က ဒါဆို ရဲလေးနဲ့ ပုလဲဝင်း လို့ နာမည်ပေးလိုက်မယ် ဆိုပြီး အကျပ်ကိုင်လိုက်မှပဲ
သူ့ဇာတ်လမ်းလေးကို နာမည်ရွေးတော့တယ်။
ဘာကြောင့်ဆို ပထမဆုံးပေးတဲ့ စာမူက ရဲလေးနဲ့ ပုလဲဝင်း ရဲ့ပုံပါတဲ့ ပြက္ခဒိန် မျက်နာဖုံး ဖြစ်နေလို့ပါပဲ။

နောက်နေ့တွေမှာ အဖြူလေးရဲ့ ဇာတ်လမ်းလေးကို တင်ပေးပါ့မယ်။
အဖြူလေးကတော့ ဖတ်တဲ့သူတွေ ရဲ့ တုန့်ပြန်သံနားထောင်ချင်တယ် ဆိုပြီး ဖြူပြနေသေးတယ်။

(မြစ်ကျိုးအင်း)




9 comments:

စိတ်စမ်းရေ said...

စောင့်မျှော်နေပါတယ်.......။

ကိုညီမင်း said...

လုပ်ဗျို့ ဖတ်ချင်တယ်ဗျ

Anonymous said...

အားပေးလျှက်ပါပဲရှင့်... ၀မ်းမြောက်စွာ ကြိုဆိုပါတယ် ဖြူလေး... လူကိုယ်တိုင်ရေးရင် ပိုကောင်းမယ်။ ဒါမှ ပိုပြီးဈာန်ဝင်မလားလို့လေ... အဟားဟား တော်တော်ကြာ ဇွဲကောင်းကောင်းနဲ့ မနက်ထိ ရေးပြီးမှ အိပ်ငိုက်နေရင် ဒီဒီ့ကို ကော်ဖီ လိုက်တိုက်ခိုင်းနေဦးမယ်ဗျို့။ နောက်တာပါဗျာ.. ဒီမောင်နှမတွေနဲ့ တစ်ကယ်လည်း ကြုံဆုံချင်ပါတယ်....

Phyo Maw said...

စိမ့်စမ်းရေ ပြောသလိုပါပဲ။

molay88 said...

အဖြူလေးရဲ့ ဇာတ်လမ်းလေးတွေကို မျှော်နေပါတယ် ခင်ဗျာ...။

ဖိုးဂျယ် said...

စောင့် မျှော်နေပါတယ်။
ကြော်ငြာအားကောင်းတယ်ဗျို့
မဖတ်ခင်တည်းက စိတ်ဝင်စားနေပီ :P

သီဟသစ် said...

မြစ်ကျိုးအင်းရေ
ကိုအဖြူလေးကို welcome ပါလို့ပြောလိုက်ပါဗျာ..

စောင့်မျှော်လျက်..

သီဟသစ်

mgnge said...

တင်ပါဗျို့ 
စောင့်မျှောင်လျက်ပါဗျ...။

Unknown said...

အဖြူလေးကို ပြောလိုက်ပါ..ကိုမြစ်ကျိုးအင်း..
ဘလော့သီးသန့် လေး လုပ်ခြင်လုပ်ပါလို့ ..
အားပေး နေပါတယ်လို့ ..

 

Posts Comments

©2006-2010 ·TNB