နောက်ဆက်တွဲ..အလွဲ

27 April 2009

သူငယ်ချင်းတယောက် အကြောင်းဖွပေးလိုက်ပြီး ကိုယ့်ဘာသာ ပြန်ဖတ်တာ သဘောတွေကျနေမိတယ်။ ကိုယ်ရေးတာ မို့လို့သဘောကျတာမျိုး မဟုတ်ပါဘူး။ အဲဒါဖြစ်တဲ့ အချိန်မှာ ကျွန်တော်ကိုယ်တိုင် ဘေးနားမှာ ရှိနေလို့ ပိုပြီးကွင်းကွင်းကွက်ကွက် ပြန်မြင်မိလို့ပါ။ ဒီကောင်က တွေ့လိုက်တာနဲ့ သူပြောချင်တာ ပြောတတ်တာပဲ။ သူပြောချင်တာဆိုတဲ့ အတိုင်းပဲ သူပြောတဲ့ အဓိပ္ပါယ် သူပဲသိတယ်။ ကျွန်တော်ဆိုရင် ဟေ့ကောင် မြန်မာလိုပဲ ပြောစမ်းပါ ဘာသာပြန်ရတာ ခေါင်းမူးလွန်းလို့ပါဆိုပြီး တောင်းပန်ထားရတယ်။ အဲဒီလို အပြောကောင်းလို့ တခါက လွဲဖူးတာလေး ညကထပ်ပြီးသတိရမိလို့ ဒီလို နောက်ဆက်တွဲ ဆိုပြီးထပ်တင်လိုက်ရတယ်။

အဲဒီတုန်းကတော့ စကားတောင် ပြောရတဲ့ အဆင့်ထိတောင် မရောက်လိုက်ပါဘူး။ တွေ့တွေ့ချင်းနှုတ်ဆက်တာ နဲ့ တန်းပြီးလွဲတော့တယ်။သူကမြေပဲကို ခင်ခင်မင်မင် ဖြစ်အောင် နာမည်စမေးတယ်။

မေးရမှာက ' နီကျောက်စမော မင်းကျစ်' (你叫什麼 名字) မင်းနာမည် ဘယ်လိုခေါ်လဲပေါ့။ ဒါပေမယ့် တကယ်မေးလိုက်တော့ 'နီဟွေ့စမော မေးစေ' (你為什麼 沒死) တဲ့။ အဓိပ္ပါယ်က ရိုက်ပေါက်ပါပဲ

' မင်းဘာဖြစ်လို့ မသေ သေးတာလဲ ' တဲ့
သူ့အပြစ်တော့လည်း မဟုတ်ပါဘူး ။ တရုတ်စကားကိုက တလုံးလောက်လွဲလိုက်တာနဲ့ အဓိပ္ပါယ်က တခြားစီ ဖြစ်သွားတာကိုး။
.................................................................................................................................................

အကြောင်းတိုက်ဆိုင်လို့ ကျနော်တို့ တရုတ်စာသင်တဲ့ အကြောင်းလေး ပြောပြချင်သေးတယ်။ တရုတ်စကား ပြောရတာ အဆင်ပြေအောင်ဆိုပြီး ကျွန်တော်တို့တွေ တရုတ်စကားပြော သင်ဖြစ်ကြတယ်။ ကျွန်တော်အမ ကသင်ပေးတာပါ။ သင်တန်းသားက လေးယောက်ထဲ ရှိတယ် ..ကျွန်တော်ရယ် အဖြူလေးရယ် နောက်နှစ်ယောက် ရယ်ပေါ့။ ကျွန်တော့်သူငယ်ချင်းကတော့ ထပ်မတက် တော့ဘူး။ သူကသူ့ကိုယ်သူ အောင်လက်မှတ်ပေးပြီး သင်တန်းဆင်းသွားပြီ။

အခုလက်ရှိ သင်တန်းသားထဲက တယောက်ကတော့ နေ့တိုင်းတက်ချင်တယ်ဆိုပဲ။ နေ့တိုင်းစာသင်ချင်လို့တော့ မဟုတ်ဘူး။သင်တန်းမှာက အဖြူလေးရှိတော့ သူတို့တွေ တချိန်လုံးရယ်နေရလို့လေ။ အဖြူလေးကလည်း ရောက်တဲ့နေရာတိုင်း ခြေရာထင်ကျန်တယ် ပြောရမယ်။ ဖဲဝိုင်းမှာလဲ ဆူညံပူညံ ဖြစ်အောင် လုပ်တယ်။ စာသင်တော့လည်း သူ့ပဲ ပြောဆိုနေရတယ်။

စာသင်တဲ့နေ့တွေဆို အဲဒီနေ့မေးမယ့် စာမကျက်ထားလို့ ကတော့ TV ကြည့်ချင်ယောင်ဆောင်ပြီး စာခိုး ကျက်တတ်တယ်။ သူစာကျက်တယ် ဆိုတာလည်း ကျွန်တော်တို့ သိမှာ ကြောက်သေးတယ်လေ။ စာစသင်ပြီ ဆိုတာနဲ့ သူက ဆရာမကို ဟိုနေ့က မေးမယ်ဆိုတာတွေ မေးလေ ဆိုပြီး အားလုံးကို အချွန်နဲ့ပင့်တတ် သေးတယ်။ သူ့ကို အားလုံးက မကြည်တဲ့ အကြည့်နဲ့ ၀ိုင်းကြည့်ရင် သူကပျော်နေရော။

သူစာမရပေမယ့် စာရွက်ကြည့်ခွင့်ရလို့ကတော့ ဆရာမက အစဉ်လိုက်မေးသွားရင် သူက အဖြေတောင် ကြိုပြီး ဆိုလိုက်သေးတယ်။ အဲဒီအခါမျိုးဆို ဆရာမက တခုကျော်ပြီး မေးလိုက်ရင် သူထောင်ချောက်ထဲကို တန်းပြီး ၀င်သွားတာပဲ။ မေးတာ တခြား ဖြေတာ တခြားဖြစ်ကုန်ရော။ အဲဒီအခါဆိုရင်တော့ ကျွန်တော်တို့အလှည့်ရောက်ပြီ။ သူမသိမှာစိုးလို့ အဖြူလေးကို လက်ညိုးထိုးပြီး အသံကျယ်ကျယ်နဲ့ ရယ်ပစ်လိုက်တယ်။

တကယ့်ကလေးဆိုးကြီးလိုပါပဲ သူရတဲ့စာတွေဆို သူများထက် ဦးအောင် အော်တတ်လွန်းလို့ ကျွန်တော်က
ဖြေးဖြေးဆိုပါဗျာ..တော်ကြာ နဖူး လည်းကိုက်မိနေအုံးမယ်လို့ ခပ်ရွဲ့ရွဲ့ ပြောမိသေးတယ်။ ဒီလိုနဲ့ လုံလည်ချာလည်လိုက်ရင်း စာသင်ရက်တွေကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေခဲ့ကြတယ်။


9 comments:

Anonymous said...

အဟားဟား... ဘာပြောရမှန်းကို မသိတော့ပါဘူး အကိုရယ်... ဖြူလေးလည်း ခင်ဖို့ကောင်းမယ်။ တစ်နေ့တော့ အားလုံးနဲ့ ဆုံချင်ပါသေးတယ်။

Phyo Maw said...

မြင်မြင်ချင်း မေတ္တာ ပို့လိုက်တာလားနော်
ဘာလို့ မသေသေးတာလဲ ဆိုပါလား

မီးမီးငယ် ရဲ့  ထည်ဝါချို said...

တရုတ်စာလာသင်သွားတယ်။
း)

သီဟသစ် said...

ကိုပိုင်ရေ..
တရုတ်စာ သင်တန်းလာတက်မလို့ပါဗျို့..

ကိုအဖြူလေးကို သင်ပေးစမ်းပါလို့ ပြောလိုက်ပါ..

:P

နွေးနေခြည် said...

တရုတ်စာ သင်တဲ့သူတွေကို ဒီဘလော့ညွှန်းရမယ် မမှားသင့်တာ မမှားရအောင်

Anonymous said...

အကိုရေ......
လာရီသွားတယ်နော်။။

Anonymous said...

လာဖတ်သွားတယ် အစ်ကိုမြစ်ကျိုးအင်း။ရယ်သွား
တယ်။:)။။။။

Welcome said...

လွဲလွဲလေးပဲ ကောင်းပါတယ် ။
နေရာတိုင်းတော့ မဟုတ်ပါဘူး ..။

ဆင်ဆင်ပြေ ပျော်ရွှင်ပါစေ
ခင်မင်လျက်

Anonymous said...

တရုတ်စာတော့ မသင်ချင်ဘူး တရုတ်အစားအစာတော့ စားချင်တယ်ဗျာ။
မကြော်ငြာနဲ့ အပေုပို့မှာ ဖတ်ပြီးပြီင်္ ဟစ်ဟစ်ဟစ်

 

Posts Comments

©2006-2010 ·TNB