ဤ စာကို ကျွန်တော် ရေးပါသည်...

28 April 2009

သူများကို သွားဖွမိလို့လားမသိဘူး ချက်ချင်းပဲ ၀ဋ်လည်တော့တယ်။
တယောက်ကလည်း အဲဒီအကြောင်းပဲပြောတယ်။ နောက်တယောက် လာတော့လည်း ဒါပဲ စတယ်။
တခုခုတော့ ပြောမှ ဖြစ်တော့မယ်ထင်ပြီး ဒီအကြောင်းလေးကို ရေးမိပါတယ်။

ကျွန်တော်က သူငယ်ချင်း ဆိုတဲ့ပို့စ်မှာ တရုတ်လိုပြောရင်း လွဲတာလေး ရေးတော့
တရုတ်စာလုံးလေးတွေပါ ထည့်ရေးမယ်လို့ စဉ်းစားမိတယ်။ရည်ရွယ်တာက ကိုယ်ရေးတဲ့ ငပိသံ ထွက်တဲ့
တရုတ်အသံ ထွက်တွေကို နားမလည်တဲ့ တရုတ်စာတတ်တဲ့ သူတွေများ ဖတ်ခဲ့ရင် ပိုပြီး ရှင်းရှင်းလင်းလင်း
သိစေချင်တဲ့ စေတနာ နဲ့ပါ။

အဲဒါနဲ့ ကျွန်တော်က မြန်မာလိုရေးပြီး ကျွန်တော်ကောင်မလေးကို တရုတ်လို ရိုက်ပေးပါလို့ တောင်းဆိုတော့
သူက ရိုက်ပေးပါတယ်။ကျွန်တော်ရေးတာ တပုဒ်လုံးပြီးတော့ အောက်ဆုံးမှာ
(တရုတ်စာလုံးများကို ကျွန်တော့်ချစ်သူမှ ကူညီရိုက်ပေးပါသည်..) ဆိုပြီးထည့်လိုက်မိတယ်။
အဲဒီမှာ လာတော့တာပဲဗျို့ အောက်မှာ ဖတ်ကြည့်ပါ...


သီဟသစ် said... တရုတ်စကားလုံးများကို ချစ်သူရိုက်ပေးပါသည်.. တဲ့.

ဘယ်လောက်ကြွားကြွားငါ့ မမီတော့ဘူး ဟာဟ..



Phyo Maw said... hen hao :P
ညီ တဲ့ နွီဖုံးယို ရိုက်ပေးထားတယ်ဆိုလို့ ကြော်ငြာလားတောင် ထင်မိသေးတယ်။
အင်းလေ ဒီလူနဲ့ဒီလူ ကြော်ငြာစရာ မလိုလောက်ပါဘူး


mgnge said... ဒါနဲ့ စကားမစပ် ကြော်ငြာ ၀င်တာမဟုတ်ပါ ဆိုပြီး ဘာလို့ စာတန်းထိုးတာလည်းဟင်
မတိရို့  ဘာ.........။

နွေးနေခြည် said...နောက်ဆို ချစ်သူကိုမရေးခိုင်းနဲ့ ဂူဂယ်ကို translate လုပ်ခိုင်းလိုက်၊ ပြီးရင် အသာလေးတင်ထား၊ ကိုယ်တိုင်ပဲတတ်သလိုလို ဘာလိုလို လူအထင်ကြီးခံရနည်းလားနော် :D


တားမြစ် ထားသော... said...
သူငယ်ချင်းအကြောင်း ပြောသွားတာ ပြုံးရပါပေတယ်။
ချစ်သူက ကူရိုက်ပေးတယ်ဆိုတော့ ထပ်ပြုံးလိုက်မိသေး..း)


YoungGun: တရုတ်စာလုံးတွေ ဘယ်သူရိုက်.. ငါ မရိုက်..ဟဲဟဲ နောက်တာနော်


ကျွန်တော်လည်း တယောက်လာရေးသွား လိုက် ဖတ်ပြီး ပြုံးလိုက် နောက်တယောက်လာ ရေးသွားလိုက် ရယ်လိုက်နဲ့ မထင်မှတ်ပဲ ပျော်လိုက်ရတယ်။ခင်မင်မှုနဲ့ ရေးတာတွေ ဆိုတော့ စိတ်မဆိုးပါဘူး။စိတ်ဆိုးဘို့လဲ မလိုဘူးလေ။ တော်တော်ဆိုးတဲ့သူတွေ ရယ်စရာရေးတာတော့ မရယ်ဘဲ .ကျေးဇူးတင်လွှာ ကို ရယ်နေတဲ့ သူတွေပဲ။ အခုအွန်လိုင်းပေါ် ကသူငယ်ချင်းကလည်း ဒါပဲပြောနေတယ် ။ အဲဒါနဲ့ ကျွန်တော် လည်း ကိုယ့်ဘာသာ ပြန်ဖတ်ပြီး ဘာသာပြန်ကြည့်မိတယ်။ (ကူညီပေးတဲ့သူကို ကျေးဇူးတင်ကြောင်းရေးတဲ့ သဘောမျိုးပါ။ဒါမှန်းသိ ကျွန်တော့်အမ ရေးခိုင်းပါတယ်။) ဖတ်ရင်းနဲ့ ကျွန်တော်တို့ မကြာမကြာ ပြောဖြစ်တဲ့ဟာသလေး သတိရပြီး ဝေမျှ လိုက်ပါတယ်။

တခါက ပြည်နယ်ဘက်က တောင်ယာ လုပ်တဲ့ တောင်သူကြီး တယောက် ရန်ကုန်ကို ပထမဆုံး အကြိမ် ရောက်လာတယ်။ ဟိုခေတ်က ဆိုတော့လည်း သွားရေးလာရေး ခက်ခဲတဲ့ အပြင် တောင်ယာလုပ်သူ တယောက်အနေနဲ့လည်း ရန်ကုန်ကို တော်ရုံတန်ရုံ ကိစ္စ မရှိဘဲနဲ့တော့ မလာဖြစ်ဘူးလေ။ ဒီလိုနဲ့ ကွယ်လွန်ပြီးတဲ့ အထိ ရန်ကုန်မရောက်ဖူး လိုက်တဲ့သူတွေလည်း ရှိတော့ အခုလို ရန်ကုန်ကို ရောက်လာတာ အဲဒီ တောင်သူကြီးက တော်တော် ဂုဏ်ယူတာပေါ့။အပြန်လမ်း ရထားပေါ်မှာလဲ အဲဒီ တောင်သူကြီး သူရန်ကုန် ရောက်ခဲ့ တာကို ပီတိတွေ ဖြစ်နေတယ်။

သူရန်ကုန်က ပြန်လာတယ် ဆိုတာကို လည်း တယောက်ယောက်ကို ပြောပြချင်နေတယ်။ ခက်တာက ရထား ပေါ်မှာလဲ သူနဲ့သိတဲ့ သူက မပါဘူးဆိုတော့ ကြွားချင်ရဲ့နဲ့ ကြွားလို့ မရဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ ရထားပေါ်မှာရှိတဲ့ အိမ်သာကို သွားရင်း လမ်းမှာ မလွတ်မလပ် ထိုင်နေတဲ့ အဒေါ်ကြီး တယောက်နဲ့ တိုးတယ်။

အဲဒါနဲ့သူက “ အဒေါ်ကြီး လမ်းနည်းနည်း လောက်ဖယ်ပေးပါ ၊ကျုပ်အခုပဲ ရန်ကုန် ကပြန်လာလို့ ” ဆိုပြီး မဆီမဆိုင် ကြွားလိုက်ရတော့တယ်။အေးရော...။

အဲဒီပုံပြင်လိုများ ကျနော့်ကိုထင်သွားပြီနဲ့တူတယ်လို့ တွေးမိပြီး ဒီစာကို ရေးမိပါတယ်။






19 comments:

နွေးနေခြည် said...

ကြော်ငြာက ၂ခါတောင်ဝင်တယ်ပေါ့

Phyo Maw said...
This comment has been removed by the author.
Phyo Maw said...

ဒါမှန်းသိ ကျွန်တော့်အမ ရေးခိုင်းပါတယ်
O.o and o.O
( ရုတ်တရက် မျက်လုံးပြူးသွားခြင်း )

ဒီတစ်ခါတော့ ချစ်သူတင် မကတော့ဘူး hta de jie jie ကိုပါ ကြော်ငြာ ၀င်သွားဘီ။

စိတ်မဆိုးဘူး ဆိုလို့သာ ပြောရတာ မျက်ခုံးက ခပ်လှုပ်လှုပ်။

Anonymous said...

အမကိုပါ ၀င်ကြော်ငြာသွားပီ... နောက်ဆို ကွန်မန့်တွေ ဒီ့ထက် များလာဖို့ပဲ ကျန်တယ်။ အဟိ... :P “ယောက်ဖရေ”လို့ ခေါ်ချင်တဲ့ သူတွေ တန်းစီနေတယ် အကိုရေ... :D

flowerworld said...

စာလေးဖတ်ပြီး တိုးတိုးလေးရယ်သွားတယ် တော်ကြာအိမ်ကြီးကမီးလေးရယ်သံနဲ့ ခါထွက်သွားမှာစိုးလို့ဟတ်ဟတ်

ဖြိုးဇာနည် said...

ဟားဟာ့းအားကိုးဖော်ရှိတယ်ပေါ့
ကောင်းတယ်ဗျို့အားကျတယ်ကွာ

Anonymous said...

ကိုယ့်ဆရာနှယ်ဗျာ.. ဖြစ်စရာရှားလို့ ဟုတ်တော့လဲ ဟုတ်သလိုပဲ ပုံပြင်လေး သဘော
ကျတယ်ဗျာ ကိုယ့်မှာ ချစ်သူရှိတာ တခါထဲပြော
သွားတာ ပိုကောင်းတာပေါ့ဗျာ တော်ကြာ ကျနော့်လို တိုင်ပါတ်နေမယ်ဗျ...ဟစ်ဟစ်ဟစ်

mgnge said...

ချစ်သူရှိတော့ဘာဖြစ်လည်း ဗျာ..ချစ်ပေါ့ ...။

ဒါနဲ့ အမ ဆိုတာက တကယ်ရှိတာလားဟင်.။

ဟူး... စိတ်မဆိုးနဲ့ နော်..။

(#_#)

မဆုမွန် said...

ဟားဟားဟား တရုတ်လို ရယ်ပြီး ဟီးဟီး မြန်မာလိုပြုံးသွားတယ် နီဟောင်မား..

စိတ်စမ်းရေ said...

ဟားဟား ကြော်ငြာတာလား..ကြွားတာလား
မနာလိုဖြစ်အော် လုပ်နေတာလာ...ကိုပိုင်ရေ...

Anonymous said...

ငါ့ကို26လုံးနဲ့ နင့်16လုံးပေါင်းကဗျာလာခံစားသွားပါတယ်

pandora said...

ဒုတိယမြောက် ကြော်ငြာကို လာဖတ်သွားပါတယ် :P

သီဟသစ် said...

ကိုပိုင်ရေ..
ကျုပ်အခု ရန်ကုန် ခဏပြန်မလို့ လမ်းဖယ်ပေးပါ
:D

Anonymous said...

“အမေ့ကို လောဘ၊ ဒေါသ၊ မောဟ တွေရဲ့ အဝေးကို ရောက်အောင်လုပ်နိုင်ရင် သမီး အမေ့ကျေးဇူးကို ဆပ်နိုင်ပြီ အမေ။ ဒါပေမယ့် သမီလည်း ကိလေသာ ကင်းစင်နေတဲ့လူမဟုတ်တဲ့ အတွက် အမေ့ကို အဆုံးစွန်ထိမကူညီနိုင်ဘူးအမေ။ သမီးရင်ထဲမှာတော့ အမေ့အတွက် အဲဒီဆန္ဒကို အမြဲနှလုံးသွင်းထားပါတယ်။ ....” အမေ ကျေးဇူး သိတတ်သော၊ အမေ့ ကျေးဇူးကို ဆပ်ချင်မိသော ဆန္ဒလေးကို သာဓု ခေါ်ဆို သွားပါတယ် ခင်ဗျာ။ ပျော်ရွှင် ချမ်းမြေ့ပါစေ။

Anonymous said...

[url=http://cialisonlinehere.com/#tuuct]buy cialis online[/url] - cialis online without prescription , http://cialisonlinehere.com/#vjxkl buy generic cialis

Anonymous said...

[url=http://buyonlinelasixone.com/#2373]generic lasix[/url] - cheap generic lasix , http://buyonlinelasixone.com/#17828 lasix no prescription

Anonymous said...

[url=http://buyonlinelasixone.com/#14140]lasix online[/url] - lasix online , http://buyonlinelasixone.com/#1639 buy lasix

Anonymous said...

[url=http://buyaccutaneorderpillsonline.com/#19032]cheap accutane[/url] - cheap accutane , http://buyaccutaneorderpillsonline.com/#15789 order accutane

Anonymous said...

[url=http://buyimitrexonlinerx.com/#oxmto]order imitrex online[/url] - buy imitrex online cheap , http://buyimitrexonlinerx.com/#bdgsz buy imitrex online cheap

 

Posts Comments

©2006-2010 ·TNB