အဖြူလေး မျက်လုံးကွယ်သွားခြင်း

04 May 2009

အဖြူလေးအကြောင်းကတော့ ရေးစရာရယ် တပုံတပင် လို့ဆိုရမယ်။ ပြီးခဲ့တဲ့ သောကြာနေ့(၁.၅.၀၉) က တော်တော်ကြီးကျယ်တဲ့ အဖြစ်အပျက်တခု ဖြစ်သွားသေးတယ်။ အဖြူလေးရဲ့ ပြောပုံအရဆို သူ့အမြင်အာရုံတွေ
ဆိုးဆိုးဝါးဝါး ထိခိုက်သွားခဲ့တယ်။ ကြာသာပတေးနေ့ညက နာဂစ်မုန်တိုင်း တနှစ်ပြည့်နဲ့ ပါတ်သတ်ပြီး ကျွန်တော် ပို့စ်လေးတပုဒ်တင်လိုက်တယ်။ အဲဒီညက တော်တော် ညဥ့်နက်မှ အိပ်ဖြစ်တော့ နောက်တနေ့ (မေဒေးနေ့) မှာ ကျွန်တော် နေ့လည်လောက်မှနိုးလာတယ်။

အပြင်မှာတခုခု သွားစားမလို့ အခန်းအပြင် ထွက်တော့ ကျွန်တော်တခု သတိရသွားတယ်။ ညကတင်လိုက်တဲ့ နာဂစ် အကြောင်းများ အဖြူလေး ဖတ်ချင်မလား ဆိုပြီး သတိရတော့ အဖြူလေးရဲ့ အခန်းတံခါးကို ခေါက်ပြီး စာဖတ်မလား မေးကြည့်မိတယ်။ အဖြူလေးက အခန်းတံခါးပိတ် ၀တ္ထုရေးနေရာကနေ ထလာပြီး ဖတ်မယ် ဆိုတာနဲ့ ကျွန်တော့် ကွန်ပြူတာကို ဧည့်ခန်းထဲကို ထုတ်ထားပေးခဲ့တယ်။ကျွန်တော်တို့ မသွားခင်မှာပဲ အဖြူလေးက ဖတ်ပြီးသွားတော့ ကျွန်တော့်ကိုမင်းရေးထားတာ ဖတ်ရတာ ငါစိတ်တောင်မကောင်းဘူးကွာတဲ့...။

ကျွန်တော်က ဖတ်ချင်တာ ဖတ်လို့ရအောင် ကွန်ပြူတာကို ဒီတိုင်းထားပေးခဲ့မယ် ဆိုပြီးကျွန်တော်တို့လည်း အိမ်အောက် ဆင်းလာခဲ့တော့တယ်။ သူလည်းနောက်တခေါက်ထပ်ဖတ် နေလို့ သီချင်းသံပါကြားနေရတယ်။ အိမ်ပေါ်က ဆင်းလာလို့ လှေကား တ၀က်လောက်လည်း ရောက်ရော ကျွန်တော်ဆီကို ဖုန်းဝင်လာတယ်။ ဘယ်သူလဲကြည့်တော့ အဖြူလေး ဖြစ်နေတယ်။

စိတ်ထဲမှာတော့ သူစားချင်တာ တခုခု မှာမယ်ထင်တယ်ဆိုပြီး တွေးမိသေးတယ်။ အဲဒါနဲ့ ဖုန်းထူးလိုက်တော့ အဖြူလေးက ငိုသံပါကြီးနဲ့ မင်းရေးထားတဲ့စာလုံးတွေကို ငါ့မျက်လုံးတွေမမြင်ရတော့ဘူးကွာ တဲ့။ သူ့လေသံက သူ့မျက်လုံး အမြင်အာရုံတွေ ထိခိုက်သွားပြီဆိုတဲ့ ပုံစံမျိုးဆိုတော့ ကျွန်တော် ပထမ လန့်သွားတယ်။ နောက်တော့ စပ်ဆက်မိပြီး စိတ်မကောင်း ဖြစ်သွားရတယ်။

အဲဒီရက်ပိုင်း ညဘက်ဘောလုံးပွဲတွေ ရှိတော့ အဖြူလေးကို ကျွန်တော်က ဘောပွဲကြည့်ဘို့ အဖော်ဆွယ်ပြီး ညသန်းခေါင် နှစ်ရက်ဆက်တိုက် နှိုးမိတယ်။ နေ့လည်ရောက်တော့လည်း သူစာတွေ တကုပ်ကုပ်နဲ့ ရေးတော့ သူ့မျက်လုံး ထိခိုက်သွားပြီ ထင်မိတယ်။

အဲဒီစာရေးတာကလည်း ကျွန်တော်က အားပေးအားမြှောက် လုပ်ထားတာဆိုတော့ အဖြူလေး အခုလို အမြင်အာရုံ ထိခိုက်တာကျွန်တော့် အပြစ်တွေပါနေတယ်လေ။ အိမ်ပေါ်ပြန်တက်ရင် ကောင်းမလား စဉ်းစားမိပေမယ့် ကျွန်တော့်မြင်ရင် သူပိုပြီးစိတ်မကောင်း ဖြစ်သွားမှာစိုးလို့ အိပ်ရေးပျက်တာများလို့ ပါဗျာ မျက်လုံးကို အနားပေးလိုက် စာလည်းဆက်မရေးနဲ့တော့ ဆိုပြီးပြောလိုက်ရတယ်။ အဖြူလေးကတော့ အေးပါကွာ..တဲ့ဆိုပြီး ဖုန်းချသွားတယ်။

ကျွန်တော့်ကောင်မလေးက အဖြူလေး ဘာဖြစ်လို့လဲ မေးတာတောင် သူတို့တတွေပါ စိတ်မကောင်းဖြစ်မှာစိုးလို့
ဘာမှ မဟုတ်ပါဘူး သူ့မျက်လုံးတွေ အားနည်းနေတယ်လို့ ပြောတာပါ ဆိုပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်ရတယ်။ ဒါပေမယ့် ကျွန်တော်တလမ်းလုံး အဖြူလေးပြောတာပဲ စိတ်ထဲရောက်နေတော့တယ်။

တကယ်သာ အမြင်အာရုံထိခိုက်သွားရင် ဒါပေါ့ပေါ့သေးသေး မဟုတ်ဘူး နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိတယ်ဆိုပြီး စိတ်မကောင်းတွေ ဖြစ်နေမိတယ်။ အဖြူလေးကိုလည်း ဖုန်းလှမ်းဆက်ပြီး သက်သာရဲ့လား အိပ်ပျော်အောင်အိပ်လိုက်ဗျာ ဆိုပြီ သတင်းလှမ်းမေးရသေးတယ်။ စိတ်မပူပါနဲ့ ကွာဆိုပြီး ပြန်ဖြေတဲ့ အဖြူလေး အသံကတော့ သိပ်မကောင်းဘူး။

ကျွန်တော်လည်း စိတ်မကောင်းလို့ ထမင်းစားပြီး ကော်ဖီတောင် ဇိမ်နဲ့မသောက်နိင်ပါဘူး အိမ်ကို ပြန်လာခဲ့တော့တယ်။ အိမ်ရောက်တော့ အဖြူလေးရဲ့ အခန်းတံခါးလည်း ပိတ်နေတယ် ၊ကွန်ပြူတာကလည်း မထိတာကြာလို့ မီးပိတ်နေတယ်။ ဒါနဲ့ ကွန်ပြူတာကို space တချက်ပုတ်လိုက်တော့ အဖြူလေး နောက်ဆုံးကြည့်ထားတဲ့ စာမျက်နာက ပေါ်လာတော့တယ်။

အဲဒီစာမျက်နာမြင်တော့မှ အဖြေကို တန်းပြီးသိရတော့တယ်။အဖြူလေးက ကျွန်တော့်ရဲ့ နာဂစ်ပို့စ်ထဲက ကလေးတွေ လက်ကိုကြိုးနဲ့ချည်ပြီး သေနေတဲ့ပုံကို click နှိပ်မိထားပုံရပါတယ်။ ဒီတော့ အဲဒီဓါတ်ပုံ တစ်ခုထဲ ဘယ်ဘက်အပေါ်ထောင့်မှာပေါ်နေပြီး စာတွေက တလုံးမှ မရှိဘဲ အဖြူထည် သက်သက်ဖြစ်နေတာပေါ့..။ မရှိတဲ့စာကို ဖတ်မှတော့ သူဘယ်လိုလုပ် မြင်ပါ့မလဲ...။

ကျွန်တော်တို့မှာ ရယ်လိုက်ရတာ အူတောင်နာတယ် ပြောရမယ်။အဖြူလေးကိုလည်း ခေါ်ထုတ်ပြီး ဓါတ်ပုံကို ကလစ်နှိပ်မှတော့ ဘယ်လိုလုပ်စာလုံးတွေက ပေါ်ပါ့တော့မလဲ ပြောရတယ်.. ဒါတောင်အဖြူလေးက ငါတကယ်မမြင်ရတော့တာကွ ဆိုပြီး ငြင်းနေသေးတယ်။ ဒါနဲ့ နောက်ပြန်သွားတဲ့ back ကို click ပြမှ မူလစာမျက်နာ ပြန်ပေါ်လာပြီး စာလုံးတွေပါ ပေါ်လာတော့တယ်။

အဲဒါမြင်တော့ အဖြူလေးမျက်နာ မကောင်းပြန်ဘူး...။ ဒီတခါတော့ ဘာကြောင့်ဆိုတာ ကျွန်တော်သိလိုက်တယ်။
ညနေလူစုံရင် ကျွန်တော် ပြန်ဖောက်သည်ချတော့မှာ သူသိနေလို့လေ..။ ကျွန်တော်ကလည်း သူစိတ်သက်သာအောင် ပြောပေးပါတယ်...။ အဖြူလေး ဘာမှမပူနဲ့ ဘလော့ဂ်ပေါ်ပါ တင်ပေးမယ်ဆိုတော့ သွားပါပြီကွာ ဆိုပြီးညည်းပါလေရော...။ အဖြူလေးက မင်းရေးထားတာ ကောင်းတော့ ငါစိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲသွားတာကွ။ အဲဒါကြောင့် အမြင်အာရုံတွေေ၀၀ါးသွားတာလို့ ဆိုပြီး ဖော ကြည့်သေးတယ်။ ဒါပေမယ့် သူဘယ်လိုဖောဖော ကျွန်တော်ကတော့ မရပါဘူး... ပြောရမှာပဲ ဘလော့ပေါ်တင်ရမှာပဲလေ..။

ညနေရောက်တော့ တယောက်လာ ကျွန်တော်က တခါ ပြန်ပြောပြ.....ရယ်ကြ .....အဖြူလေးကို ခေါ်ပြီး လက်ထောင်ပြပြီး ဒါဘယ်နှချောင်းလည်း မေးကြ... နောက်တယောက်လာ တခါထပ်ရှင်းပြ .... ဒီအင်္ကျီ ဘာအရောင်လဲ မေးကြနဲ့ အဖြူလေးရဲ့ အမြင်အာရုံကို စမ်းသပ်နေကြတာလေ..။ အဖြူလေးကတော့ ထုံးစံအတိုင်း ဟဲဟဲ..ဟဲဟဲ..နဲ့ မချိသွားလေး ဖြဲနေရတော့တယ်...။


ကိုယ်လည်း သတိမထားမိလိုက်တာရှိသေးတယ်..။ဘာမှမမြင်ရတော့ဘူး ပြောတဲ့သူက ကျွန်တော့် ဖုန်းနံပါတ်ကို
ဘယ်လိုရှာတွေ့သလဲ ဆိုတာ မစဉ်းစားလိုက်မိဘူး။။ ကိုယ့်မှာတော့ တလမ်းလုံးစိတ်မကောင်းတွေ ဖြစ်ပြီး လမ်းသွားရတာတောင် စိတ်မဖြောင့် ဖြစ်ခဲ့ရတယ်။

သူနဲ့နေရတာ ရယ်လည်းရယ်ရ မောလည်းမောရနဲ့ တကယ့်ကို ရယ်မောနေရတာပါပဲ...အဖြူလေးဆိုတာ အဲဒီလိုမျိုး....။

.....................................................................................................................................။



21 comments:

Anonymous said...

ရေးထားတာ တကယ်ကောင်း ရသ နှစ်မျိုးလောက်ခံစားလိုက်ရတယ်
အားပေးလျက်ပါဗျာ
ပထမတော့ တကယ်ထင်ပြီး ကိုယ်ကလည်း ကွန်ပြူတာဆို မနက်မိုးလင်းကနေညလုံးပေါက် ကြည့်နေတာဆိုတော့ လန့်တောင် သွားတယ်
နောက်မှ ဘာဆိုတာသိမှ သက်ပြင်းချနိုင်တော့တယ်
အားပေးလျက်ပါ
အဆင်ပြေပျော်ရွှင်ပါစေဗျာ

Anonymous said...

အရမ်းကောင်းတယ်အကို။ ဒီပိုစ့်လေးက ရသ နှစ်မျိုးခံစားလိုက်ရတယ်နော်။ ဒါနဲ့ အကိုသူငယ်ချင်း ရေးထားတဲ့ သတိပေးစာကို ရောင်လည်း ကုးသွားမယ်နော်။ ကျန်ခဲ့တဲ့လက ရောင် အိမ်ကရေချိုးခန်း ရေပိုက်ပေါက်ပြီး အောက်ထပ်က စီလင်ကို ကျလို့ HDB ကို အတိုင်ခံရတယ်လေ။ ဟိဟိ ကူးသွားပြီး ကပ်ထားမယ်နော်။
ကျေးဇူးအကိုရေ

ခင်မင်လေးစားတဲ့
မေတ္တာရောင်ပြန်

Phyo Maw said...

ဟိုလိုလို ဒီလိုလိုဆိုတော့
တကယ်ချည်းများလားလို့
နဂိုကတည်းက ကွန်ပျူတာနဲ့ စာဖတ်လို့ အနော့်မျက်လုံးက ခပ်ဝါးဝါးရယ်
ခု သူရေးတော့ အဟုတ်အောက်မေ့လို့
ဟင်း...

kaungkinpyar said...

ဟုတ်ပ အမလဲ တကယ်မှတ်သွားတာ၊ ခေါင်းစဉ်လေးတွေ ပေမဲ့ မအားသေးလို့ ခုမှ အပြေးလာဖတ်ရတယ်၊ တော်တော် နောက်တဲ့ အဖြူလေး

Anonymous said...

ဆက်ဖတ်မယ် ဆိုတာနှိပ်မရဘူးဗျ.. အဲဒါကြောင့်နောက်မှ ပြန်လာဖတ်မယ်ဗျာ

yehtutnaung said...

ဟား ဟား သတိပေးစာ ရေးထားတာ ကိုမြစ်ကျိုးအင်း တော်တော် နားလည်အောင် ဖတ်လိုက်ရမှာပဲနော်။ ဗွင်းရှင်းလင်းပဲ။

ဖိုးဂျယ် said...

ဖြစ်မှ ဖြစ်၇လေလို့ပဲ ပြောရမယ်။
တကယ်ကြီးလားလို့
ဒါပေမဲ့ အဖြူလေးဆိုတော့ မယုံရဲဘူး။
ဘာများ ဖြစ်မလဲလို့ပေါ့း)
ကွန်ပြူတာ ကြည့်ရင်းဆိုတော့
တကယ်များ ဖြစ်ပီလားပေါ့။

အောက်က သတိပေးစာလေးက
မဆိုးရှာပါဘူး။

Anonymous said...

အင်.... တကယ်များလားလို့.. ဟဟ.. ထင်တော့ထင်နေတယ်သား တခုခုတော့ ထူးပြီဆိုတာ နောက်ဆုံး သတိပေးစာလေး ကောင်းတယ်ဗျို့... အဟိ ..အဖြူလေးကို အားပေးတာ..

အိုက်ခီလောက် said...

ဟဟ အတော်နောက်တယ် ဘယ်လိုဖြစ်တာလည်းဆိုပြီး သိချင်နေတာ နောက်မှသိလိုက်ရလို့ အတော်ရီ၇တယ်
ကြည့်ရတာအကိုတို့ သူငယ်ချင်းတစ်သိုက် က ပျော်ပျော်နေတတ်တယ်ထင်တယ် စကျ နောက်ကျ တာစိတ်မဆိုးဘူးနော် ဖြစ်နိုင်ရင် အနော့လည်းလာချင်တယ် အဟတ်အကိုတို့ လူစုနဲ့ တွေ့ ချင်တယ်လေ အော် ညီကို ဝေဖန် အကြံပေးသွားတာကျေးဇူးပါ နောက်ဆို အကိုပြောသလို ရေးပါ့မယ် နောက်အဆင်မပြေတာကိုလည်းပြောပေးပါ
အကိုအရင်းတစ်ယောက်လို တိုင်ပင်တာပါ

သမီးပျို said...

စာတွေလာဖတ်တာပါ အကို ဘယ်လိုခေါ်ရင်ကောင်းမလဲ တွေးနေဆဲပါ စာထဲမှာ အဖြူလေး ဆိုတာကို တွေ့တော့ ကောင်လေးတစ်ယောက်ကို သတိရသွားတယ် ငယ်ငယ်က သမီးပျိုကိုကြိုက်တဲ့ ကောင်လေးပေါ့ သူကဖြူဖြူလေးဆိုတော့ အိမ်ကလူကြီးတွေမသိအောင် အဖြူလေးလို့ခေါ်ခဲ့တာလေ ခုတော့နောက်တစ်ယောက် ပါလား....အင်းလင့်ခ်လိုက်အုံးမယ် ဟီး ဘာမလဲဆိုင်ဘူးနော်...

နွေးနေခြည် said...

အဖြူလေးကို စိုးရိမ်လို့ပြေးလာတာ(အမှန်တော့ စပ်စုချင်လို့ပါ) မောသွားတာပဲ...

ခုလောလောဆယ်တော့ မြစ်ကျိုးရဲ့ အနက်နောက်ခံက အဖြူစာလုံးတွေကို ဖတ်ပြီးရင် မျက်လုံးက သိပ်ကြည့်မကောင်းတော့ဘူး

flowerpoem said...

ကိုမြစ်ကျိုးအင်း တော်၂ရေးတတ်တာပဲ..
သတိပေးစာတမ်းလေးကို သဘောကျတယ် ..

မသက်ဇင် said...

စာအရေးအသားအတော်ကောင်းတာပဲ
ပျော်ရွှင်ပါစေ

Anonymous said...

:)...စဖတ်ဖတ်ခြင်းတကယ်ထင်နေပြီး...ဘာတွေ
ဖြစ်လာတော့မလဲရယ်လို့ စိတ်တွေပူလို့ စာတွေတောင်
ကျော်ပြီးဖတ်မိသလားမသိ....:P
ရေးထားလိုက်တာများနော်.....
သတိပေးစာတမ်းလေးကလည်း
ထိထိမိမိ....:)

Ree Noe Mann said...

ကျွန်တော်လည်း တကယ်ထင်ပြီး ဆက်ဖတ်နေတာ။ တော်သေးတာပေါ့
အဖြူလေး အဖြူပဲ မြင်ရလို့.......

Anonymous said...

ဟင်းးး စဖတ်တုန်းက ဒီဒီတောင် ကွန်ပူတာ ဒီလောက်သုံးနေတာ။ ငါလည်း သွားပြီနဲ့ တူပါတယ်လို့... :D ပြီးတော့ ဖြူလေးအတွက်တောင် စိတ်မကောင်းဖြစ်မိသေး... ဒီ ဖြူလေးတော့ လုပ်လိုက်ရင် ဒီလိုချည့်ပဲ... ခိခိ

JulyDream said...

ရေသွန်နေရင်း ကျိုးသွားတဲ့ မြစ်က အင်းဖြစ်သွားပုံပဲ။ အဟား...

mgnge said...

ရေကာတာဖြစ်မယ်လို့ ပြောသင့်တာ :P

Anonymous said...

ပုံစံကြည့်ရတာ သူများတွေတော့ လျောလျောရှုရှု ဖတ်လို့ ရသွားပုံရတယ် .. ကျွန်တော့်ဆီမှာ ဘယ်လိုမှ ဆက်ဖတ်မယ်ဆိုရင်ကို ကလစ်ပေးလို့ မရဘူးဗျာ .. ဘာဖြစ်လို့လည်း မသိဘူး .. စိတ်လေသွားပြီ ... ကိုယ့်စက်ကများ ဖြစ်တာလားဆိုပြီး သူငယ်ချင်း တစ်ယောက်စက်ကနေ သွားဝင်သေးတယ် .. မရဘူး တူတူပဲ ဆက်ဖတ်မယ်ဆိုရင်ကို ကလစ်ပေးလို့ ကို မရတာ ... ဘယ်လိုလုပ်ရမလဲ .. ဘယ်သူ့ error လဲ ... ?? မြင်သာမြင်ရ မကြင်ရတဲ့ ဘဝပါလားနော် .. :(

Anonymous said...

ရပြီ .. ဖတ်လို့ရပြီ .. လာပြန်ပြောပြပေးတာ ကျေးဇူး ကိုကျိုး .... အခုမှ ပထမဆုံးဖတ်ဖူးတာ ဆိုတော့ ဘယ်သူတွေက ဘာတွေတုန်း သေသေချာချာ မသိသေးဘူး ဖြစ်နေတယ်။ နောက်ထဲကိုပါ ပြန်မွှေရမယ့် သဘော ... စိတ်ကူးကတော့ ကောင်းပ ... စာဖတ်သူကို တစ်ပုဒ်ထဲ နဲ့ ပြန်လှည့်မသွားအောင် လုပ်နိုင်တယ်။ ဒါကြောင့်လည်း ကျိုးနေသော မြစ်ကဲ့သို့ ဒီဘလော့မှာ အင်း ဖြစ်ပြီး လူတိုင်းက ကိုကြီးကျိုး ကိုကျိုးနဲ့ တစ်ကျိုးတည်း ဖြစ်နေကြတာကိုး .... :D

မိုးခါး said...

တကယ်များလားလို့ စိတ်မကောင်းတောင်ဖြစ်ချင်ချင်
ဟုတ်လည်းမဟုတ်ဘူး .. :P

 

Posts Comments

©2006-2010 ·TNB