ဂြိုလ်မွှေတဲ့ တီဗီ

29 September 2009





အခုခေတ်ကြီးရဲ့ တိုးတတ်ပုံက မြန်ဆန်လွန်းတော့ ကျုပ်ငယ်ငယ်က အကြောင်းလေးတခု ပြန်သတိရပြီး ခပ် လျော့လျော့ပြုံးမိတယ်။ဇိမ်ခံပစ္စည်းတွေ လက်တကမ်းမှာ အလွယ်တကူဝယ်လို့ရနေတဲ့ ခေတ်မှာကျုပ်ရဲ့ ငယ်ဘ၀က အဖြစ်အပျက်လေး ပြန်ပြောပြရင် ပုံပြင်လို့များ ထင်ကြမလားမသိဘူး။ ကျုပ်တို့ငယ်စဉ်ကစက် ပစ္စည်းတွေ အင်မတန်ရှားတယ်။ငွေရှိလို့ ၀ယ်မယ်ဆိုရင်တောင် အလွယ်တကူ ၀ယ်လို့မရခဲ့ဘူး။ ငွေရှိရဲ့နဲ့ ဘာလို့ အလွယ်တကူ ၀ယ်လို့မရမှာလည်းလို့ မေးခွန်းထုတ်ချင်ကြမှာပဲ။ အဲဒီလို ၀ယ်ရတာ မလွယ်ဘူးလို့ ပြောနိင်တာက ကျုပ်တို့ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်ကြောင့်ပါပဲ။

ကျုပ် ၄ တန်းကျောင်းသား အရွယ်မှာ အဖိုးကို တီဗီလိုချင်တယ်လို့ ပူဆာမိတယ်။အဲဒီ အချိန်ကျုပ်တို့ ရွာမှာ တီဗီ ရှိတဲ့ အိမ်ရယ်လို့မရှိသေးဘူး။ငွေကြေးပြည့်စုံပြီး ကျုပ်ကိုချစ်တဲ့ အဘိုးက တီဗီ ၀ယ်ဘို့ ငွေထုတ်ပေးတယ်။မနက်မိုးလင်းရင် မော်လမြိုင်ဘက် သွားပြီး တီဗီ ၀ယ်ရမယ့် အရေးကိုတွေးပြီး ကျုပ်ရင်တွေ တဒိတ်ဒိတ် ခုန်နေသလို ကောင်းကောင်းလည်း အိပ်မပျော်ပါဘူး။ မှေးခနဲဖြစ်လိုက် တီဗီနဲ့ ပါတ်သတ်တဲ့ အိမ်မက်တွေ ဖျတ်ခနဲမက်လိုက်နဲ့ လုံးလည်ချာလည် လိုက်ရင်း မိုးလင်းသွားရောဆိုပါတော့။ မနက်မိုးလင်းတော့ ကျုပ်လည်းရေချိုးမနက်စာ စားပြီး မော်လမြိုင်ဘက် သွားဘို့ အဆင်သင့်ဖြစ်နေပြီ။ တီဗီ
သွားဝယ်မှာက အဖေရယ် အမေရယ် ကျုပ်ရယ်ပေါ့။ဒါနဲ့ ခပ်စောစောပဲ ထွက်လာခဲ့တော့တယ်။ ကျုပ်တို့နေတာက ပေါင်မြို့ မှာဆိုတော့ မုတ္တမအထိ ကားစီးပြီးသွားရတယ်။ မုတ္တမရောက်တော့ မော်လမြိုင်ဘက်ကူးဘို့ နှစ်ထပ် သင်္ဘောစီးရတယ်။သင်္ဘောစီးချိန်က မှတ်မိသလောက်ဆို ၄၅ မိနစ်လောက် ကြာတယ်ထင်တာပါပဲ။

ဒါနဲ့ မော်လမြိုင်ရဲ့မိုင်ဒါဈေးကို ရောက်သွားတယ်။အဲဒီအချိန်က မှောင်ခိုပစ္စည်းတွေ ခေတ်စားတဲ့အချိန်ပေါ့။
မှောင်ခိုပစ္စည်းတွေ ခေတ်စားသလို အကောက်ခွန် တွေရဲ့ အဖမ်းအဆီး ကလည်း ရှိနေတယ်။ ကျုပ်တို့လည်း ဟိုကြည့်ဒီကြည့် ကြည့်ပြီး နေရှင်နယ်တံဆိပ် ၁၄ လက်မတီဗီလေးကို ဈေးညှိနှိုင်းပြီး ၀ယ်ဖြစ်ကြတယ်။ အဲဒီ အချိန်က အခုခေတ်လို တီဗီဝယ်ပြီး ကြွားကြွားဝါ၀ါ သယ်လို့ရတဲ့ ခေတ်မဟုတ်ဘူး။ကျုပ်တို့ ၀ယ် တဲ့တီဗီကလည်း မှောင်ခိုပစ္စည်း ဆိုတော့အချိန်မရွေး အဖမ်းအဆီး ခံရနိင်တယ်လေ။ ဒါနဲ့ တီဗီလေးကို စက္ကူပုံး ထဲကထုတ်ပြီး အဆင်သင့်ယူလာတဲ့ ပုဆိုးလေးနဲ့ ပါတ်ပြီး အဖေက ထမ်းပြီးသယ်သွားရတယ်။

မှောင်ခိုအရောင်း အ၀ယ်လုပ်တဲ့သူတွေ ရှိသလို အကောက်ခွန်ကလည်း အရပ်ဝတ်တွေနဲ့ စောင့်ကြည့်နေတာဆိုတော့ ပေါ်ပေါ်ထင်ထင် မသယ်သွားရဲဘူး။ဒါနဲ့ ကျုပ်တို့လည်း လာခဲ့စဉ်ကအတိုင်း မုတ္တမဘက်ကို သင်္ဘေားစီးပြီး ပြန်လာ ခဲ့ကြတယ်။မြစ်လယ်လောက်ရောက်တော့ အကောက်ခွန်တွေက မော်တော်ဘုတ် ၁၀ စီးလောက်နဲ့ သင်္ဘောကို လာဝိုင်းကြတယ်။ ဒီလို သင်္ဘောကို လာဝိုင်းတာမျိုးက အခေါက်တိုင်း မဟုတ်ပေမယ့် မကြာမကြာတော့ ဖြစ်လေ့ဖြစ်ထရှိတယ်။ ကံဆိုးချင်တော့ ကျုပ်တို့ပစ္စည်း ယ်တဲ့အခေါက်နဲ့ အဖမ်းအဆီး လုပ်တဲ့ အချိန်နဲ့ တိုးတော့တာပဲ။ သဘောင်္မြစ်လယ်လောက် ရောက်ပြီဆို သူတို့တွေက ပုန်းနေရာကနေ မော်တော်ဘုတ်တွေနဲ့ တရကြမ်း ထွက်လိုက်လာကြပြီး သဘောင်္ကို ၀ိုင်း လေ့ရှိကြတယ်။

ဟိုးအဝေးကလာနေတဲ့ အကောက်ခွန်မော်တော်ဘုတ်တွေကိုကြည့်ပြီး ကျုပ်တို့မိသားစု မျက်ကလဲဆန်ပြာ ဖြစ်နေရပြီ။ ၀ယ်လာတဲ့တီဗီလေးကို ဘယ်နားဖွက်လို့ဖွက်ရမှန်း မသိတော့ဘူး သဘောင်္တစီးလုံးလည်း လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ကြပြီလေ။ကျုပ်အမေခင်မျာလည်း မျက်နာမကောင်းဘူး ကျုပ်လည်းအတူတူပါပဲလေ ။ညရောက်ရင် တီဗီကြည့်ရတော့မယ်ဆိုပြီးအတွေးနဲ့ ပျော်နေသမျှ ခုတော့ စိတ်ဓါတ်တွေလည်း ကျကုန်တော့တာပေါ့။ ကျုပ်အဖေကတော့ ပြောပါတယ် မိတော့လည်း ပေးလိုက် တာပေါ့ကွာတဲ့ အခုလောလောဆယ်တော့ တီဗီကို ဖင်ခုထိုင်နေကြတဲ့လေ။ပုဆိုးနဲ့ပါတ်ထားလို့ မျက်စေ့လျှမ်းသွားတော့လည်း ငါတို့ကံပေါ့တဲ့။ကျုပ်နဲ့အမေလည်း ကြံရာမရတော့ တီဗီလေးပေါ် ဖွဖွလေး တက်ထိုင်ပြီး မျက်နာငယ်နေရတော့တယ်။

အဲဒီအချိန်မှာပဲ ကယ်တင်ရှင်တွေရောက်လာတော့တယ်ဆိုရမှာပဲ။အကောက်ခွန်သဘောင်္တွေနဲ့ ဆန့်ကျင်ဘက်ကနေ မော်တော်ဘုတ်တွေ ထွက်လာကြတယ်။သူတို့မော်တော်ဘုတ်တွေက အင်မတန် မြန်တာဗျ..။ ခဏလေးနဲ့ သဘောင်္ဘေးကို ကပ်လာကြပြီး တန်ဖိုးကြီးကြီး ပစ္စည်းပါတဲ့သူတွေ လွတ်ရာ လွတ်ကြောင်း ပို့ပေးမယ် ဆိုပြီး ပြောတယ်။ဒါနဲ့ ကျုပ်တို့မိသားစုလည်း မော်တော်ဘုတ်တစီးပေါ် ချက်ချင်းတက်လိုက်ကြတော့တယ်။



ကျုပ်တို့လည်း တင်ပြီးရော အဲဒီမော်တော်ဘုတ်လည်း ချက်ချင်းကို ထွက်တော့တာပဲ။အဲဒီအချိန်မှာ အကောက်ခွန် မော်တော်ဘုတ်တွေက သဘောင်္နားကို ရောက်နေကြပြီလေ။ကျုပ်တို့လို ထွက်ပြေးရတဲ့ မော်တော်တွေအနောက်ကိုလည်း အကောက်ခွန် မော်တော်တွေ လိုက်လာကြသေးတယ်။လက်ထဲက အော်လံတွေနဲ့ ရှေ့ကမော်တော်တွေ ရပ်လို့ အော်တယ်။ဘယ်သူမှ မရပ်ပါဘူး မောင်းပြေးတာများ တန်းနေတာပဲ လှည့်တောင်မကြည့်ဘူး။ အကောက်ခွန်တွေကလည်း ရသလောက်တော့ လိုက်ကြသေးတာပဲ။ဒါပေမယ့် ဘယ်မှီမလဲဗျာ။ ကတုံးပေါ်ထိပ်ကွက်ဘို့ ရည်ရွယ်ပြီး ဆောက်ထားတဲ့ မော်တော်တွေဆိုတော့ အင်ဂျင်ပါဝါတွေက ကောင်းမှကောင်းပဲ။တဖြည်းဖြည်းနဲ့ အကောက်ခွန်မော်တော်ဘုတ်တွေ ကျန်ခဲ့တော့တယ်။ ကျုပ်တို့လည်း အဲဒီတော့မှ အသက်၀၀ ရှုရတော့တယ်။ မိလိုက်ရင် ထွက်ပြေးတဲ့ အမှုပါ ထပ်တိုးပြီး ထောင်ပါကျမလားတွေးပူနေရတာလေ။

အဲဒါနဲ့ကျုပ်တို့ကို သယ်လာတဲ့မော်တော်ဘုတ်က ကုလားကျွန်းရောက်တော့ အခြေအနေ အေးဆေးရင် လာခေါ်မယ်လို့ ပြောပြီး ကျုပ်တို့မိသားစုကို ချထားပေးခဲ့တယ် ။ဒီလိုမျိုးအကောက်ခွန် လက်က လွတ်အောင်ခေါ်ဆောင်ပေးရတဲ့အတွက် သူတို့ကိုလည်း ထိုက်သင့်တဲ့ အခကြေးငွေပေးရတယ်။ ဒါပေမယ့်
တီဗီတလုံးလုံး ဆုံးရှုံးမှာထက်စာရင် သူတို့ကို ပေးရတာ မပြောပလောက်ပါဘူး။ ကျုပ်လည်း အသက်ကြီးလာ တော့ ဒီအကြောင်းပြန်တွေးမိရင် သဘောကျပြီးပြုံးမိတယ်။ လူတွေ လုပ်ကိုင်စားသောက်ပုံကို ပြောချင်တာပါ။ လျင်သူစားစတမ်း လောကကြီးလို့ပဲမြင်မိတော့တယ်။

ကျုပ်တို့မိသားစုလည်း တီဗီလေးပိုက်ပြီး ကုလားကျွန်းပေါ်မှာ ကျန်နေခဲ့တော့တယ်။အဲဒီကျွန်းမှာက နေတဲ့သူ တော်တော်နည်းတယ်။ အဓိကက ငရုပ်သီး စိုက်တဲ့ ကျွန်းလို့ပြောရမယ်။ တကျွန်းလုံးနီးနီး ငရုပ်ပင်တွေ ကြီးပဲ။ ကျုပ်တို့မိသားစုလည်း အဲဒီ ကိုင်းတောကြားမှာပဲ ဖြစ်သလို တည ဖြတ်သန်းလိုက်ရတယ်။ မနက်မိုးလင်းလို့ အိပ်ရာနိုးလာတော့ ဖင်တွေတောင်ပူနေတာပဲ ငရုပ်ပင်တွေကြားထဲ အိပ်ရတာကိုး။ မနက် ၈ နာရီကျော်ကျော်လောက်ရောက်တော့ ကျုပ်တို့ကို မနေ့က ပို့သွားတဲ့ မော်တော်ဘုတ် ရောက်လာပြီး အခြေအနေ ကောင်းသွားပြီ ထွက်ခဲ့လို့ ရပြီဆိုပြီး လာအော်တယ်။ဒါနဲ့ ကျုပ်တို့ မိသားစုလည်း တီဗီလေး ထမ်းပြီး အဲဒီမော်တော်ဘုတ်နဲ့ မုတ္တမ ဘက်ကို ပြန်ကူးလာခဲ့တော့တယ်။

မုတ္တမဘက်ရောက်တော့ အေးအေးဆေးဆေးပါပဲ။ ကားစီးပြီး ပေါင်မြို့ဘက်ကို ပြန်လာခဲ့တော့တယ်။ ကိုယ့်အိမ် ကိုယ်ပြန်ရောက်မှစိတ်ထဲမှာ ပေါ့ပါးသွားရတော့တယ် ထင်မိပေမယ့် တီဗီနဲ့ပါတ်သတ်တဲ့ ဒုက္ခတွေက မကုန်နိင် သေးပြန်ပါဘူး....။ အိမ်ရောက်တော့ အိမ်ဦးခန်းမှာပဲ အဲဒီတီဗီကို နေရာချပြီး သွားသွားထိကြည့်ရတာအမော ညမြန်မြန်ရောက်ပါစေ ဆုတောင်းရတာလည်း အခါခါပါပဲ။ဒီလိုနဲ့ မျှော်နေခဲ့တဲ့ ညချမ်းအချိန်အခါကို ရောက်လာတယ် ။ အိမ်မှာလည်း တီဗီလာကြည့်တဲ့သူတွေ အများကြီးပါပဲ။

တီဗီစဖွင့်တော့ လိုင်းကဖမ်းလို့မရပြန်ဘူး ။အဲဒီအချိန်က တီဗီပေါ်မှာ တင်ထားတဲ့ ယုန်နားရွက်ပုံစံ အန်တန်နာလေးပဲ ရှိတယ်။ယုန်နားရွက်ကို ညာဘက်လှည့်တယ် မရဘူး ဘယ်ဘက်ပြန်ရွေ့တယ် မထူးခြားဘူး ကြိုးတန်းလန်းနဲ့ ခပ်ဝေးဝေး ယူသွားကြည့်တယ် မရရေးချမရပဲ။ တီဗီမှာ သာကူစေ့တွေထက် နဲနဲသာတဲ့ ၀ိုးတိုးဝါးတားလောက်ပဲ မြင်ရတယ် အသံကတော့ ရှဲရှဲ ရှဲရှဲ နဲ့ တောက်လျှောက် မြည်နေတာပါပဲ။မရလေ စိတ်တိုလေနဲ့ လူလည်းချွေးပါပြန်တယ်။အဲဒီလိုနဲ့ ယုန်နားရွက်ကို ဟိုရွေ့ဒီရွေ့လုပ်ရင်း အကြည်ဆုံးလို့ ပြောလို့ ရမယ့်နေရာမှာပဲ ထား လိုက်ရတော့တယ်။ဘာမှမမြင်ရတာထက်စာရင် ၀ိုးတိုးဝါးတားနဲ့ မြင်ရတဲ့ အဆင့်ကို အကြည်ဆုံးလို့ သတ်မှတ်လိုက်ရတာပဲ။

နောက်နေ့မနက်မိုးလင်းတော့ အဖေက အိမ်မှာရှိတဲ့ဒန်အိုးနှစ်လုံးကို တူနဲ့ထုပြီး ပြားလိုက်တယ်။ အဲဒီဒန်ပြားတွေကို ကတ်ကြေးနဲ့ အနေတော် ညှပ်ပြီး သံချောင်းလေးတွေ အပေါ်ကပါတ် သံနန်းကြိုးတွေနဲ့ ချည်လိုက်တယ်။ ပြီးတော့မှ အလယ်က သံချောင်းအရှည် ပေါ်မှာ ဒန်ပြားလေးတွေပါတ်ထားတဲ့ သံချောင်းလေးတွေကို ကန့်လန့် ချည်လိုက်တဲ့အခါမှာတော့ လက်ဖြစ် အန်တန်နာတိုင် တခုဖြစ်လာတော့တာပါပဲ။အဲဒီအန်တန်နာနဲ့ အိမ်ထဲက တီဗီကို ၀ါယာကြိုး တခုနဲ့ ဆက်ထားလိုက်တယ်။

ဒီလိုအန်တန်နာလုပ်နည်းကို ကျုပ်တို့ရပ်ကွက်မှာနေတဲ့ ဦးကြီးတယောက်က ပြောပြတာလေ။ သူက နိင်ငံခြားမှာ ပညာသင်ဘွဲ့ရပြီး ပြန်လာတာဆိုတော့ အဲဒီလို လုပ်ရင် ရမှန်းသိနေတာပေါ့။ (သိပ်မကြာသေးတဲ့ ကာလတွေမှာ လည်း စလောင်းဖုံးကို အပေါက်ဖောက်ပြီး တီဗီလိုင်းကြည်အောင် လုပ်ကြတာ ရန်ကုန်မြို့ ထဲမှာပါ ရှိခဲ့ဘူးတယ်။)

အန်တန်နာတိုင် ရတဲ့အခါမှာတော့ ၀ါးလုံးရှည်တချောင်းရဲ့ ထိပ်မှာချည်ပြီး ခြံထဲမှာရှိတဲ့ ဒူးရင်းပင်မှာ အဲဒီဝါး လုံးကို ကပ်ပြီးချည်ရတယ်။ဒူးရင်းပင်ဆိုတာက ပင်စည်ကဖြောင့်တော့ အန်တန်နာတိုင် ရှိတဲ့ဝါးလုံးက လေထဲကို တော်တော် မြင့်မြင့်အထိရောက်နေတော့တယ်။ ညရောက်တော့ အဖေက အပင်ပေါ်တက်ပြီး အန်တန်နာတိုင် ကိုလှည့်ပေးတယ် ကျုပ်က အိမ်ထဲကနေ မရသေးဘူး များသွားပြီ စသဖြင့် အော်ပေးရတယ်။ခြံထဲမှာက ဒူးရင်းပင်တွေ အများကြီးပဲ ရှိတဲ့ အပြင် တချို့ဒူးရင်းပင်တွေဆို သက်တမ်းက ကြာတော့ အမြင့်ကြီးဖြစ်နေတာပါပဲ။ ဒီတော့ပြောရရင် ခြံထဲမှာတင် တောအုပ်အသေးစားလေးလို ဖြစ်နေတယ်ဆိုရမယ်။

အဲဒီတော့ အဖေက ဘယ်လိုပဲ ကြိုးစားပြီး အန်တန်နာ ရှိတဲ့ ၀ါးလုံးကို လှည့်ပေမယ့် တီဗီက ထူးထူးခြားခြား ကြည် မလာပါဘူး။လက်ဖြစ်အန်တန်နာ မို့လို့လည်း နေမှာပေါ့။ ၀ါးလုံး လှည့်ရပါများလို့ ပင်စည်က အခေါက်တွေ ပွန်းပဲ့ကုန်တယ်။ဒူးရင်းပင်ဆိုတဲ့အမျိုးကလည်း အင်မတန်ကို နုတယ် အကိုင်းကလည်း ဆတ်တယ် ကျိုးလွယ်တယ်။ လူတက်နင်းထားတဲ့ အကိုင်းမျိုးဆို အသီးသီးတာ အ သွားတတ်တယ် ပင်စည်မှာပွန်းပဲ့ရင်လည်း အပင်က အသီး သီးနှုန်းကျသွားတတ်တယ်။

အဲဒီလိုနဲ့ အဲဒီညလည်း အဆင်မပြေပဲ အချိန်ကုန်သွားတော့တယ်။နောက်တနေ့ရောက်တော့ အန်တန်နာ ချည်ထားတဲ့ ၀ါးလုံးကို နောက်ဒူးရင်း တပင်မှာ ပြောင်းပြီး ချည်ပြန်တယ်။ညရောက်တော့ အရင်လိုပဲ အဖေက အပင်ပေါ်တက်ပြီး ဟိုလှည့်ဒီလှည့် လုပ်ရတာပဲ။ဒါလည်း ထူးထူးခြားခြားတော့ ကြည်မလာပါဘူး။ အဘိုးကလည်း သူ့ဒူးရင်းပင်တွေ နာကုန်တော့သိပ်မကြည်ချင်တော့ဘူး။အဲဒီနှစ်ပင်လည်း ဟိုအကိုင်းတက်နင်း ဒီအကိုင်းတက်နင်းနဲ့ နောက်တော့ အသီးတွေလည်း သိပ်မသီးတော့ပါဘူး။

အဲဒီလိုနဲ့ တပါတ်လောက်အထိ ဟိုလုပ်ဒီလုပ်နဲ့ ကြည့်ခဲ့ရပေမယ့် ကြည်ကြည်လင်လင်တော့ မကြည့် ရပါဘူး။ကြည်ကြည်လင်လင်သာ မကြည့်ရတယ် ညဆိုလာကြည့်တဲ့သူတွေနဲ့ အိမ်မှာလည်း လူတွေ များနေတာပါပဲ ။ ကလေး တွေက သေးပေါက်ချရင်လည်း ရပ်ဆွေရပ်မျိုးလို ဖြစ်နေတော့ ပြောလို့ကလည်း မကောင်းပြန်ဘူး ။ လူနံ့တွေ အီးနံ့တွေဆိုတာလည်း တချက်တချက် ဝေ့တက်လာသေးတယ်။ ကြာတော့ ညရောက်မှာတောင် စိတ်ညစ်လာမိတယ်။

အဲဒီဒုက္ခတွေလည်း အေးပြီး တီဗီလည်းကြည်ကြည်လင်လင်ကြည့်ရတဲ့ နည်းလမ်းတခုကို တနေ့တော့ ရလာတယ်။ အိမ်ထဲမှာ တီဗီ ဖွင့်တော့ ခြံထဲက အပင်တွေကြောင့် လိုင်းမကြည်တာပဲလို့ သဘောပေါက်လာတာနဲ့ တီဗီကို အိမ်ရှေ့လမ်းမ ထုတ်ပြီး ဖွင့်မိတာ အိမ်ထဲမှာထက် အများကြီး ကြည်ကြည်လင်လင် မြင်ရတယ်။ ဒါနဲ့ ညရောက်ပြီဆိုရင် တီဗီကို လမ်းမထုတ်ပြီး ကြည့်ခဲ့ရတော့တယ်။

ဒါတောင် အဆင်မပြေတာတွေ ရှိသေးတယ်။ အဲဒါက ကားတစီးစီး ဖြတ်မောင်းသွားရင် တီဗီကသာကူစေ့ တွေပြန်ပေါ်လာတယ်။ခဏလောက်စောင့်မှ ကြည်ကြည်လင်လင် ပြန်ဖြစ်တာပဲ။အဲဒီတော့ တီဗီဇာတ်လမ်းမှာ ကောင်းခန်းရောက်နေချိန် ကားတစီးလာမှာအရမ်းစိုးရိမ်မိတယ်။ တခါတလေ ကောင်းခန်းရောက်နေချိန် ကားတစီးစီးလာနေတာ တွေ့ရင် ကြည့်နေတဲ့ သူတွေအားလုံးဆီက စိတ်ပျက်သံ တညီတညာထဲ ထွက်လာတော့တာပဲ။ အခုချိန်ပြန်တွေးရင် စိတ်ညစ်စရာလည်း ကောင်း ပျော်ဘို့လည်း ကောင်းပါရဲ့ဗျာ။

အခုလိုတိုးတတ်နေတဲ့ခေတ်မှာ 3Dတွေ ဘာဒီညာဒီတွေ မြင်ရတော့ ကျုပ်တို့ခေတ် မြန်မာ့အသံက လွှင့်တဲ့အဖြူ အမဲ ဇာတ်လမ်းလေးတွေကို ကြည်ကြည်လင်လင် ကြည့်ခွင့်ရဘို့ ဒန်အိုးနှစ်လုံးနဲ့ ဒူးရင်းပင် နှစ်ပင်ကုန်ခဲ့ ဖူးတယ်ပြောရင် ပုံပြင်များထင်ကြမလား....။

။...........................................................................။

(လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က ကိုညောင်ရမ်းရဲ့ အဖြစ်အပျက်လေးပါ)

65 comments:

Angel Shaper said...

တစ်

Angel Shaper said...

နှစ်

Angel Shaper said...

သုံး

Angel Shaper said...

လေး

Angel Shaper said...

ငါးးးးးးးးးးးးးးးးးးးးး

Angel Shaper said...

ခြောက် အဟဲ ၆

Angel Shaper said...

၇... ဟိဟိ
ထူးထူးဆန်းဆန်း ၇နာရီထတဲ့အထိန်းအမှတ် ကံကောင်းလာလို့ လပ်ကီးဆဲဗင်း ( ဗီဒီယို ထုတ်လုပ်ရေး) မဟုတ်ဘူးနော်။
လပ်ကီး၇ ဟိဟိ

Angel Shaper said...

ရှစ်

Angel Shaper said...

ကိုးးးးးးးးးးးးးးးးးးးးးးးးးးး

Angel Shaper said...

တစ်ဆယ်။။။။။။
၁၀ ပါ။
ဒီထိနေရာယူတယ် ဆိုပြီး အညင်ကတ်ရင် ရေခဲမုန့်ဝယ်ကျွေးသွားကြနော်။ ဒါပဲ။

Angel Shaper said...

လူကြီးမြင်းများးးးးးးးးးး အဲလေ......
လူကြီးမင်းများ ငြိမ်ငြိမ်နေပေးပါ။
သမီးကြီး စာဖတ်နေပြီ။။။။။
စကားမစပ် ၁၁ လားမသိဘူး။ ဟိဟိ

Angel Shaper said...

ဝေးးးးးးးးးးး
ကိုညောင်ရမ်းရဲ့ ဘလက် အင် ၀ိုက် တီဗွီ လာကြည့်တာဗျ။။။ ဟိဟိ....
ရာဇ၀င်နဲ့ တီဗွီ၊ ထူးဆန်းတဲ့ တီဗွီလေး လာကြည့်တယ်။
ပျော်စရာကြီး ကားလမ်းမကြီးမှာ ကြည်နေတာပဲ။ ဟိဟိ
၁၂ လားမသိ။။။

Angel Shaper said...

အခုလို ထူးထူးဆန်းဆန်း ကိုမြစ်ကြီးရဲ့ ပြန်လည် အသက်ဝင်လာမှု ( ဟိဟိ... မသိရင် သေရာက ရှင်လာသလား ထင်ရတယ်... ကန်တော့ အကိုမြစ်ရေ....စာပြန်ရေးတာကိုပြောတာနော် ) သမီးကြီး တစ်ကနေ ရသလောက် နေရာ ရတာ ကုသိုလ်ကံကောင်းလို့ မဟုတ်လား။ နွေးထွေးစွာ ပြန်လည်ကြိုဆိုပါတယ်အကိုရေ........ ၀မ်းသာလိုက်တာဗျာ........ အဆင်ပြေ ပျော်ရွှင်ပါစေနော်။။။။။ အကို့စာတွေ ပြန်ဖတ်ရတော့မှာပေါ့။ ပျော်လိုက်ထှာ...ဟီးးး

Angel Shaper said...

၁၄......
လေးစားစွာ ဂုဏ်ယူစွာ ပျော်ရွှင်စွာ ကြည်နူးစွာ ကျေနပ်စွာ ဖတ်သွားပါသည်။

Angel Shaper said...

ကဲ.... ၁၅
အားလုံးကို ကျေးဇူးတင်ပါသည်။ ဟိဟိ
ANONYMOUS ဆိုတဲ့ လူကြီး သမီးကြီးကို မဆဲရနော်။ ဟင့်။။။။။
ထူးထူးဆန်းဆန်း သမီးတို့ အကိုကြီး ပြန်လာလို့ ပျော်ပျော်ပါးပါး လာကြိုတာနော်။။။ ဟင့်...
မကျေနပ်သူများ အပေါ်မှာပြောထားသလို ရေခဲမုန့်လာကျွေးကြနော်။ သမီးကြီးစောင့်နေပါ့မယ်။ ဟိဟိ

တလနွန် said...

အပေါ်က အိမ်ကျယ်တစ်ယောက် မွှေသွားပြန်ပြီး :)
အပေါ်စာပိုဒ်မှာ မော်လမြိုင်ပါလာကတည်းက ကိုညောင်ရမ်းဟုတ် မဟုတ် အောက်ဆုံးနားကို အရင် ကြည့်တယ်။ ထင်တာမှန်တော့ ဆက်ဖတ်တယ်။ ကိုယ့်နယ်ကဆိုတော့ မျက်စိထဲအကုန်မြင်တယ်။ ပြုံးလည်းပြုံးရတယ်။ စာရေးသူ ကိုမြစ်ကျိုးလက်ရာလေး ပြန်ဖတ်ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာပါတယ်။

ပျော်ရွင်ပါစေလို့  ဆုတောင်းပါတယ်ဗျာ

ခင်မင်ခြင်းနှင့်
တလနွန်

ကြည် said...

တစ်ကယ်ကို သဘောကျဖို့ကောင်းတဲ့ပိုစ့်လေးပါပဲ။ အဲဒီခေတ် အဲဒီအခါတုန်းကတော့ အဲဒီလောက်မဟုတ်သည့်တိုင် အဲလိုဆန်ဆန် အဖြစ်မျိုး အားလုံးကြုံခဲ့ရမှာပါ။

မချစ်ရ said...

အကိုရေစာပြန်ရေးမယ့်နေ့ကိုစောင့်နေတာ
တကယ်ကိုဝမ်းသာပါတယ်
တကယ်လည်းဖတ်လို့ကောင်းပါတယ်

**Winnie Pooh Gallery** said...

စာပြန်ရေးတာဝမ်းသာပါတယ်။
ဒူးရင်းပင်အများကြီးဆိုတော့ပျော်စရာဘဲ။
ဟဟ တီဗွီကိုလမ်းမထုတ်ကြည့်ရတယ်လို့ ။

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

သြော်...လဥက..အဲမှားလို့..လက်ဦးက..
ပေါင်..မှာနေတာကိုး.....
အဲသလို ကြိုးစားပန်းစား..ကြည့်ခဲ့ရဘူးပါရဲ့ကွယ်

အနော် said...

အကိုမြစ်ကျိုးအင်းရေ ကိုယ့်ဘလော့ကို ဝင်ဝင်ချင်း update blogger က အကိုဖြစ်နေတော့ တကယ့်ကို ဝမ်းသာသွားတယ်
ဘလော့ပြန်ရေးတာ အလွန်ကို ဝမ်းသာပါတယ် အကိုရေ
အတွေးအမြင်ကောင်းလေးတွေနဲ့ သုတ ရသပါတဲ့ ပို့စ်ကောင်းလေးတွေ ဖန်တီးတတ်တဲ့ ဘလော့လေးတစ်ခု ပြန်လည်အသက်ဝင်လာတာကို လှိုက်လှဲစွာကြိုဆိုပါတယ်နော်

kiki said...

အဲ့ဒီခေတ်က ၁၄ လက်မ ဆိုတော့ ပုဆိုးလေးနဲ့ပတ် ..ခုံလို ခုထိုင်လို့ ရလို့ တော်သေးတာပေါ့ နော်.. ခုခေတ်မှာလို ၄၈ လက်မ သာဆို စားပွဲလို လုပ်သယ်ရတော့မှာဘဲ ..
မှောင်ခို ခေတ် က ကပ်စတန်တွေ ကောင်းစားတာ.
ခုတော့ ....ဂိုဏ်းချုပ်ကြီးနဲ့  အဖွဲ့  ဆွေစဉ် မျိုးစဉ် ၇ ဆက် ..

အင်တင်နာလေး လုပ်တာ တယ်ဟုတ်ပါလား..
အခုဆို စလောင်းဖုံး ။ မိုးဗြဲဒယ်ကို မှောက်ရက်ထားသုံး..ဟေးဟေး ..ဒူးရင်းသီး စားချင်လိုက်တာ ..

ကိုညောင်ရမ်းကြီး အကြောင်း အပီအပြင် ရေးထားတာ ရယ်လိုက်ရတယ် ..
ကိုယ့်အကြောင်းလေး လည်း ရေးပါဦး ဆရာကျိုး ရေ..
(မာမီကျိုး ) အဲယောင်လို့ ပါ.. ဆောတီး..
အဆင်ပြေပါစေဗျိုးးး

moekhar said...

:D
အဖြစ်တွေကလည်းနော် စုံတယ် ..း))
တွေးမိ မြင်ယောင်ပြီး ဖတ်သွားပါတယ်
အိမ်မှာ ဒီလောက် လူတွေ အများကြီးလာတာ ကလေးတွေနဲ့ စိတ်ညစ်ဖို့ ကောင်းမယ်နော်
လမ်းမထွက်ကြည့်တာလည်း တမျိုးကောင်းတာပေါ့ .. :D

သုဒြေ္န said...

ကောင်းလိုက်တဲ့ အရေးသား အဖြစ်ပျက်လေးကရိုးရိုးလေးပါ ရေးသားပုံ ကောင်းလွန်းတော့  ဒူးရင်းပင်ပေါ်တတ်တဲ့  မြင်ကွင်းလေး မျက်စေ့ ထဲတန်းမြင်တာ ဒူးရင်း ပင်နှစ်ပင်တောင်ရင်းလိုက်ရသေးတယ် ကိုတို့ ငယ်ငယ်ကလဲဒီလိုဘဲ ဆောင်းတွင်းဖက် တွေများဆို နေကြာစေ့ စားရင်း နှပ်တရှုပ်ရှုပ်နဲ့ အဲဒီ ၁၄ လက်မ တီဗီလေး အငန်းမရကြည့် ခဲ့ ဘူးတယ် ဇတ်လမ်းတွဲပေမဲ့  ကိုရီးယားကားတော့ ဟုတ်ဘူး လပ်ဘုတ် (အချစ်လှေ) လို့ ထင်တာဘဲ ဘာတွေဘယ်လို ဖြစ်ဖြစ် စာပြန်ရေးလို့ အတိုင်းမသိဝမ်းသာရတယ် စာတွေမျးများကြီးရေးဦးနော် ညီလေးကိုချစ်တဲ့  ကိုကြီး သုဒြေ္န

မင်းနေဝေး said...

ငယ်ငယ်က သူများအိမ်မှာ TV သွားကြည့်ရတဲ့ အချိန်တွေကို သတိရသွားတယ်ဗျာ ....
အိမ်ရှင်မျက်နှာကြည့် .. ကလေးတွေကအနိုင်ကျင့် ..
ဟဟား .. ဒါလည်းနေ့တိုင်းသွားကြည့်တာပဲ :P

ဒါနဲ့ .. စကားမစပ် .. ပြန်လာတာ ၀မ်းသာတယ်ဗျာ ...

ahphyulay said...

လမ်းပေါ်ပြန်ရောက်လာပြီ၊ကြိုဆိုပါတယ်။
အားလုံးကိုပျှော်ရွှင်အောင်လုပ်ပေးတော့ မဲ့ 
ရင်ထဲကခံစားချက်နဲ့ စေတနာကိုနားလာည်
ပါတယ်။စကားပြောလာတဲ့ အချိန်ကိုရောက်ပြီ
ပေါ့ နော....။ကိုယ်တို့ အိမ်မှာတော့ ဒယ်အိုး
ဖုံးနဲ့ အဝတ်လှမ်းဝါးလုံးတစ်ချောင်းရင်းခဲ့ ရတယ်
ဒါပေမဲ့ ငှက်တွေလာနားနေလို့ သိပ်အဆင်မပြေ
ခဲ့ ဘူးကွ။

စည်သူ said...

တီဗီလာကြည့်သွားတယ် ကိုမြစ်ကျိုးအင်းရေ..

ပြန်လည်ရောက်ရှိလာလို့ ဝမ်းသာပါတယ်..

ပေါင်ကဆိုတော့လည်း အမျိုးတွေပေါ့ဗျာ..

အေးဗျာ..

ကျွန်တော်တို့ တော့ကအဖြစ်အပျက်တွေက ပြောပြရင် ပုံပြင်လိုလိုဘာလိုလိုနဲ့ ..

ကိုမြစ်ကျိုးအင်းပြောသလိုပါပဲ
အိမ်ကဟာလဲ အဲလိုပဲ..

ဆိုင်ကယ်က တီးတီး ဆိုရင်တောင်မရဘူးဗျာ
ကြည့်ရင်းနဲ့ သာခူပြုတ်စားရတော့တာပဲ..

ပော်ရွှင်ပါစေဗျာ
ခင်မင်စွာဖြင့်
စည်သူ။

ဂျာမုန်းဒန် said...

တီဗီအကြောင်းလေးလာဖတ်သွားတယ်။
မျက်စိထဲမြင်ယောင်လိုက်မိတယ်။

kokomaung.uk said...

ငယ်ဘ၀လေးကိုလဲ ပြန်မြင်ယောင်မိပါတယ်။
ကိုမြစ်ကျိုးကြီးကိုလဲ ကြိုဆိုပါတယ်။
ဘလော့ဂါတွေလဲ ကိုမြစ်ကျိုးပြန်လာလို့ ပျော်ကြပါတယ်။

Mogok Thar said...

ညီလေးရေ

ညောင်ရမ်းတို့ အိမ်က တီဗွီကို လမ်းမရဲ့ နောက်ဆုံ့းတန်းကနေ လာအားပေးသွားပါတယ်။
အတိတ်ဆိုတာ အခုချိန်ခါမှာ ပြန်သွားရင် ကြည်နူးစရာတွေ၊ လွမ်းမောစရာတွေ နောက်ပြီး ရယ်မောစရာတွေလဲ ဖြစ်နေတတ်တယ်နော်။

စာတွေ ပြန်ရေးလို့ ဘလော့လေးလဲ ပိုပြီး စိုပြည်လာတာ ၀မ်းသာစရာပါပဲဗျာ။

ချစ်ခင်လေးစားစွာဖြင့်

ကိုရင်နော်ခင်လေးငယ် said...

ဟေ... ဘာကားတွေ ပြနေတာတုန်းဟ..
ဒို့လည်း ကြည့်မယ်..း)

ဝက်ဝံလေး said...

စာပြန်ရေးတာ ဝမ်းသာပါတယ် လာလဲ ဖတ်သွားပါတယ်နော် တီဗွီကြီး အခုကော ရှိသေးလားလို့

thawzin said...

တော်တော် ညစ်စရာကောင်းတာဗျာ... ကျွန်တော်တို့ဆို ၉တန်းနဲ့ ၁၀တန်း ကျမှ မြ၀တီနဲ့ မြန်မာအသံကို သေချာခွဲတတ်တယ်။အဲဒါတောင် မိဘမဲ့ကျောင်းမှာ ကျောင်းတတ်ရလိုအကိုရေ။ ကျွန်တော့်အိမ်က အကိုအိမ်ထက်ဆိုးပါတယ်ဗျာ။ ပြီးခဲ့တဲ့ ၂၀၀၈ အလယ်လောက်မှ အိမ်မှာ တယ်လီဗေရှင်း စ၀ယ်ဖူးတာ။ အရင်က အကိုဝယ်ပေးတဲ့ ရေဒီယိုလေးတော့ အဖေဖွင့်လို ရေဒီယိုလေး တစ်လုံး လျှပ်စစ်ပစ္စည်းဆိုလိုရှိတာ။ ဒါပေမယ့် ကိုယ့်ဘ၀ကိုယ်ပျော်အောင်နေတတ်ကြတဲ့ ကျွန်တော့်ရွာသားတွေကို သနားပြီး ချစ်မိတယ်ဗျာ။

မယ်ကိုး said...

ပထမစာကြောင်းမှာ ကျူပ်လို့ နာမ်စားသုံးထားတည်းက ကိုညောင်ရမ်းရဲ့ ငယ်ဘဝလို့ ထင်လိုက်မိတယ်။
ကိုညောင်ရမ်းက ဘဝအစုံစုံက စိတ်ဝင်စားဖို့လည်း ကောင်း အရေးလည်းကောင်းမို့ စာအုပ်တောင် ထုတ်သင့်တယ် ထင်ပါတယ်။

မယ်ကိုး said...

စာပြန်ရေးဖြစ်တာ အထူးပဲ ဝမ်းသာနေမိပါတယ်။

Anonymous said...

တီဗီ လာကြည့်သွားတယ် အစ်ကိုရေ။

စာပြန်ရေးတာ အရမ်းဝမ်းသာ ပါတယ် ...
နောက်ပို့တွေ မျှော်နေပါ့မယ်။

ခင်မင်လျက်
(ဧရာဝတီသား)

Anonymous said...

ဟေးးးးးနဒီ...တို့ ...အစ်ကိုကြီး..ပြန်လာပြီ.
စာတွေ..ဆက်ရေးပါနော်..စာတောင်မဖတ်ရသေးဖူး
အရင်ဝင်မန့် တာပါ..ရှင်
နဒီမိုးညို။

yangonthar said...

ကျနော့်အစ်ကို စာပြန်ရေးတာ ဝမ်းသာတယ်ဗျာ တီဗီအကြောင်း ပြောရင် ရင်နာတယ် ဟဟ ဘယ်လို အကုသိုလ်လဲ မသိပါဘူး စက်ပစ္စည်း နဲ့  ဆိုအကျိုးကို မပေးတာ ... အင်တာနာ ဆို ပို ဆိုး ဆရာရေ .... လှည့်ရတာ လက်သာလည် ချင် လည်သွားမယ် ပြောရင် ယုံမှာ မဟုတ်ဘူး ခုထိ အိမ်မှာ မြဝတီ မမြင်ရဘူးလေ ... ဟဟ တကယ် ... အစ်ကို မြစ် စာတွေ ဖတ်ရ တာ အားရတယ်ဗျာ ....
လေးစားခင်မင်လျှက်
ရန်ကုန်သား :)))

reenoemann said...

သယ်ရင်းရေ

ဝမ်းသာစွာနဲ့ပါပဲ။ ငါဘာပြောချင်လည်း မင်းသိမှာပါ။

လူရယ်လို့ ဖြစ်လာရင်း ကိုယ်လုပ်တဲ့ အလုပ်ကို
ကျေပွန်ရတယ်လို့ ငါကြားဖူးတယ်။

ကျေပါတယ်လို့ပဲ ပြောမယ်ကွာ။


ဆွေမျိုးသာ ဖြတ်လို့ ရကောင်းရနိုင်မယ်
သံယောဇဉ် ဖြန်ဖို့ တော်တော်ခက်တယ်ကွာ။

ခင်တဲ့
ရီနို

nanwai said...

အကိုရေ လာလည်သွားတယ်ဗျာ တစ်လိုချင်တယ်လို့ ပြောထားတာတောင် တစ်တော့ တစ်ဘဲ လေးဆယ့်တစ်တဲ့ သိပ်တော့ မကျေအပ်ပေမယ့် မန့်သွားတယ်နော် တကယ်ဖတ်လို့ ကောင်းတယ် ....ပျော်ရွှင်ပါစေ အကို နန်းဝိုင်

Anonymous said...

လာလည်သွားပါတယ် အကို စာတွေ ပြန်မရေးတော့ဘူးဆိုလို့ စိတ်မကောင်းဖြစ်မိတာ ခုလို ပြန်ရေးတော့ ၀မ်းသာပါတယ် အကို
ကျွန်တော့်ရဲ့ အကို တစ်ယောက် ပျော်ရွှင်နိုင်ပါစေဗျာ
ခင်မင်လျက်
နန်းဝိုင်........

Moe Cho Thinn said...

တို့တွေဘ၀က တီဗီလေး ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်နိုင်တာတောင် လွတ်လွတ်လပ်လပ် ကြည့်ခွင့် မရတဲ့ ဘ၀တွေနော်။
သရုပ်ပေါ်လွန်းလို့ တကယ်ကောင်းတဲ့ ပို့စ်ပဲ။

Anonymous said...

အောင်မလေး မျှော်လိုက်ရတာ ကိုမြစ်ကျိုးရယ်။ ဝမ်းသာပါ၏။

မြတ်

ကောင်းကင်ပြာ said...

မမ လဲ လမ်းမပေါ် တီဗီ လာကြည့်တယ်....

စိမ်း... said...

WELCOME BACK BRO!!!!!!!!
မဟာစွန့်စားခန်းကြီးနဲ့ သူဧ။်နောက်ဆက်တွဲပြဿဒါးများပေါ့....
ပြုံးတုံ့ ပြုံးတုံ့ နဲ့ ပြန်သွားတယ်... :P

ကိုညီမင်း said...

စာတွေမဖတ်ရတော့ဘူးထင်နေတာဗျ
အခုလို ပြန်ဖတ်ရတာဝမ်းသာမိတယ်။
အရင်ခေတ်ကလူတွေက ပိုသနားစရာများကောင်းနေ မလားပဲ . နောင်ခေတ်လူတွေလည်းကျနော်တို့ကို သနား၇င်သနားကြအုံးမှာ။

နောက်တင်မယ့် စာတွေမျှော်နေပါတယ်ဗျာ။

ကိုလူထွေး said...

တီဗီမကြည့်ချင်လို့ စာပဲလိုက်ဖတ်နေတာ...

ဒါတောင်မှ သာကူစေ့တွေတွေ့နေရတော့ အင်တင်နာကို ဇောက်ထိုးထားရတဲ့ အခါမျိုးလည်း ရှိသပေါ့...

းဝ)

မငုံ said...

ဖတ်ရတာ ကောင်းလိုက်တာ။ ကိုမြစ်ကြီး ပြန်လာတာ ၀မ်းသာတယ်။ ဒီလိုပိုစ့်လေးတွေ များများမျှော်နေတယ်နော့။

မေတ္တာရောင်ပြန်ဆိုတာ said...

မောင်လေးရေ ....... မရောင်လည်း ဘယ်မှမရောက်ဖြစ်လို့ မသိလိုက်ဘူး။ အခုလို စာတွေ ပြန်ရေတာ တွေ့ရလို့ အတိုင်းမသိ ၀မ်းသာပါတယ်။ စာအရေးအသားကအစ ကောင်းမွန်ပြီး စာဖတ်သူကို ဆွဲဆောင်မှုရှိတဲ့ ဒီဘလောဂ့်လေး ပြန်လည်မွေးဖွားလာတာကို ကြိုဆိုပါတယ်နော်။

ပျော်ရွှင်ပါစေ

ကြည်ဖြူပိုင် said...

တီဗီလာကြည့်တာ

Waing said...

ကိုမြစ်ကျိုးအင်းတစ်ယောက်စာတွေပြန်ရေးတာ အရမ်းဝမ်းသာပါတယ် တီဗီကြည့်နည်းအသစ်ပေါ့ လမ်းမပေါ်ထွက်မှ ရုပ်ကြည်ကြည်လင်လင်မြင်ရတယ်လို့ :D

jr.လွင်ဦး said...

အဲလို ရီရယ်လစ်ဇင်အရေးအသားတွေ ငါကြိုက်တယ်။
း)
P.S. နင်ပြန်လာလို့ ၀မ်းသာတယ်လို့ မပြောတော့ဘူး။ နင်ပြန်လာမှာ သိနေတာကိုး။ ကွမ်းသမား ကွမ်းမစားပဲမနေနိုင်သလို စာသမား စာမရေးပဲ ဘယ်နေနိုင်မှာလဲ။

မိုးစက်အိမ် said...

အပေါ်က အိမ်ဂျယ်ကတော. တော်တော်သောင်းကျန်းသွားတာဘဲ ကိုကျိုးကြီး
ပြန်လာမယ်တော.ထင်နေတယ် ဟဲဟဲ ဟိုပို.စ်ဖြုတ်လိုက်
ကတည်းက ဘာဖြစ်ဖြစ်ဝမ်းသာတယ်ဗျာ ... မှောင်ခိုက
လည်းတော်တော်ဆိုးတာဘဲဗျာ ... ဘယ်နှယ် အဖြူအမည်း
ကိုကြည် ဖို.ကြိုးစားရင်း ဒူးရင်းပင်ရယ် စလောင်းနှစ်ခု
ဆုံးရှုံးသွားတာတော. ရယ်ရတယ်ဗျာ ... ထူးဆန်းပါပေ့ဗျာ
ငယ်ငယ်ကဖတ်တဲ. တွတ်ပီကာတွန်းလိုပါဘဲဗျာ ... :)

အိမ် said...

မြန်မာတွေရဲ့ လေးစားစရာ စိတ်ဓာတ်ကိုတွေ့မိတယ်... မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ စိတ်၊ အားမလျော့တဲ့ စိတ်၊ ကြံဖန်တတ်တဲ့စိတ်.... အဲဒီ စိတ်တွေက တကယ်ကောင်းတာဗျ.. ။ပြောရရင်တော့ မိတ်အင်ဘားမား ပေါ့ဗျာ..။ ဒါပေမဲ့ဗျာ... တကယ်လိုအပ်တဲ့ နေရာမှာကျတော့ ဒီလိုစိတ်တွေ မရှိကြဘူး။ အဲဒါကြောင့်လဲ ကျနော်တို့ ခုထိ ခံစားနေရတုန်းပါပဲဗျာ...။

Anonymous said...

ဖတ်လို့ကောင်းတယ်ဖတ်ပြီး ပြုံးမိတယ် :)

ချမ်းလင်းနေ said...

စာတွေပြန်ရေးလို့ ဝမ်းသာတယ်ဗျာ။
ဟုတ်ပါ့ တစ်ချိန်က တိုဗမာပြည်မှာ တီဗီလေးကြည့်ရဖို့အရေးကို ခက်ခက်ခဲခဲကို လုပ်ခဲ့ကြရဖူးတာပဲ။မွန်ပြည်နယ်က ဆိုတော့ မွန်လူမျိုးပဲလားဗျာ။ ကျွန်တော်အဖေလဲ ကျိုက်မရောသားမွန်ပဲဗျ။ ကျွန်တော်ကတော့ ဟိုမရောက်ဒီမရောက်မွန်ဖြစ်သွားတယ်။ ဘာဖြစ်ဖြစ်စာဆက်ရေးနေတာကို အားပေးလျက်ပါဗျာ။ အားလားဒေါ။(နေကောင်းရဲ့လား)မွန်လိုနဲနဲသင်ဖူးတယ်။မွန်စာတော့ သိပ်မရေးတတ်ဘူး။ပျော်ရွှင်ပါစေဗျာ။

အိပ်မက်ခြေရာ said...

စာတွေပြန်ရေးတာတော့ ၀မ်းအသာဆုံးပဲဗျာ
မရေးတော့ဘူးဆိုလို့ နှမျှောနေတာ ခုတော့ အတိုင်းမသိပဲး))
ဒီပိုစ့်ကိုဖတ်မိတော့ သဘောကျမိတယ် ငယ်ဘ၀ကိုလည်း ပြန်သတိရမိတယ်။ အဲ့ဒီတုန်းကဆို ကျွန်တော်တို့ရွာမှာ တီဗွီကတစ်လုံးပဲံရှိတာ တစ်ရွာလုံးမှ မှတ်မှတ်ရရ ပြောရရင် မျောက်မင်းစွန်းဝူခုန်းက လွှင့်နေတဲ့အချိန်ပေါ့
ညညဆို အဲ့ဒီမှာတီဗွီကြည့်ဖို့ သွားသွားစောင့်နေရတာ အိပ်ပြီးတော့ကိုစောင့်ကြတား))ပျော်တော့ ပျော်စရာကောင်းသား

့hnin said...

အစ်ကိုမြစ်ကျိုးအင်းရေ....
နှင်းလဲ တီဗွီလာကြည့်တယ်နော်....
လူက ပိန်တော့ နေရာမလုနိုင်တော့လို့ နောက်ဆုံးကပဲကြည့်ရတယ်...ကျေနပ်ဘူးးp
ကိုရင်နော်ကြီးက ရှေ့ကနေ မကြီးမငယ်နဲ့ နေရာအတင်းလုနေတယ်လေ ဟွင်း
............................................
အရမ်းစိတ်ဝင်စားဖို့ကောင်းတယ် အစ်ကို
မအားတဲ့ကြားက ထမင်းစားချိန်လေး မှာ လာကြည့်တာနော်
ဟီး .... ညရောက်မှာ ကြောက်လာတဲ့ စာပိုဒ်ဖတ်လိုက်ရတော့ ...... အဟီး.......တစ်ချိုးတည်း ပြေးပြီ ..........................။
နှင်းဟေမာ

Yu Ya said...

မော်တော်ဘုတ်နဲ့ ပြေးတာကို သဘောအကျဆုံးပဲဗျာ။

yu ya

Younggun said...

ဟိတ်..မိပြီ လာလိုက်ခဲ့။ ဒို့က အကောက်ခွန်က..။ ဟွမ်းဟွမ်း..။ :P

ဆောင်းယွန်းလ said...

အမှတ်တရတွေထဲက အမှတ်တရတခုပါလား...
ဖတ်လို့ကောင်းလိုက်တာ ညီလေးရာ
ကိုယ်တွေ့လေးတွေ ထပ်ရေးပါဦး
ဘလော့ပြန်ရေးတာတွေ့ရလို့ ဝမ်းသာမိတယ်
ညီလေး စာပြန်မရေးဘူးထင်လို့ မတဂ်မိတာ နာတယ်ကွာ
မဟုတ်ရင် စာရေးကောင်းတဲ့ ညီလေးရဲ့ သီချင်းတွေကိုပါနားထောင်ရဦးမှာ....ခုတော့

ရင်ဘတ်ထဲမှဆွဲထုတ်ထားသောအရာများ said...

ကိုမြစ်ကျိုးရေဖတ်ပြီးပြုံးမိတယ်...

ငယ်ငယ်တုန်းကအဖြူမဲတီဗွီတလုံးအိမ်မှာ
ရှိလို့ အိမ်လူစည်တာအမှန်ပဲ...
း)

သားကြီး said...

ဖတ်ပြီးတာကြာပြီသယ်ရင်းရ
ခုမှလာမန့်ဖြစ်တာ
ကတုံးပေါ်ထိပ်ကွက်နဲ့ မှောင်ခိုခေတ်ကတီဗွီဝယ်ပုံလေးရေးထားတာ
ရသမြောက်တယ်
လိုင်းမကြည်လို့အိမ်ပြင်ထွက်ကြည့်ရတော့
ကားတွေဖြတ်လာမှာကိုစိုးရိမ်ကြတာ
ရယ်ချင်ချင်ဖြစ်သွားတယ်
ကိုယ်တို့မြို့မှာလည်း တချို့အိမ်တွေစလောင်းဖုံးကိုကိုယ်တိုင်ထုရိုက်ပြီး အိမ်ခေါ်င်မိုးပေါ်ခုထိချိတ်ထားကြတုန်း

ဒဏ္ဍာရီ said...

အကို့ရဲ စာအရေးအသားက ကောင်းလိုက်တာနော်။ စာဖတ်သူကို ဆွဲခေါ်သွားနိုင်တာပဲ။ မရောက်ဘူး မမြင်ဘူးတဲ့ ဒေသလေးကိုတောင် မျက်လုံးထဲ မြင်ယောင်သွားပါတယ် အကို။

ခင်မင်လေးစားလျှက်

မိုးယံ said...

ကိုယ်ကတော့ ကွန်ပျူတာကို အင်တာနက် ချိတ်မရလို့ တစ်ညလုံး ပင်ပန်းဖူးတယ်.. သူတို့အဖြစ်နဲ့ စာရင်တော့ တော်သေးတာပေါ့... ဘယ်နှယ့်အေ အဖြူနဲ့အမည်းဂျီး ကြည့်ရဖို့များ... ဒူးရင်းနှစ်ပင် ဒန်အိုးနှစ်လုံး လူထုအီးနံ့နဲ့ ကလေးသေး... ကားလာမှာကြောက်ရသေး.. ဂြီ။

 

Posts Comments

©2006-2010 ·TNB