ကျွန်တော်....စာရေးဆရာ

13 October 2009



ကဲ..စိတ်ကူးနဲနဲယဉ်ကြည့်ရအောင်...။ ကမ္ဘာမှာဖျော်ဖြေမှုတွေ အားလုံးပျောက်ဆုံးသွားတော့မယ် ဆိုပါတော့ ကိုယ်အနှစ်သက်ဆုံး တစ်ခုကိုသာချန်ထားခွင့် ရမယ်ဆိုရင် ဘာကိုရွေးချယ်ကြမလဲ....။ တချို့က သီချင်းတွေကို ယူထားလိုက်ကြမယ်.....။တချို့က ရုပ်မြင်သံကြားကို ရွေးချယ်ကြမယ်.....။ တော်တော်များများက အားလုံး ရနိင်တဲ့ အင်တာနက်ကို ဖက်တွယ်ထားကြမယ်လို့ထင်တယ်..။ ရိုးရိုးသားသားနဲ့ ကိုယ်ကြိုက်တာ တစ်မျိုးထဲကိုပဲ ရွေးချယ်ရမယ်ဆိုရင် ကျွန်တော်ကတော့ နှစ်ခါမစဉ်းစားဘူး စာပေကိုပဲရွေးမိမှာပဲ...။ ဘာကြောင့်ဆိုတော့ ကျွန်တော် ငယ်ငယ်ထဲက စာအုပ်တွေ ဖတ်ရင်း စာပေနဲ့ပဲကြီးလာတာ မို့လို့ပါပဲ....။

ငယ်ငယ်လေးထဲက စာဖတ်ဖြစ်တဲ့ ကျွန်တော်ဟာ (၄)တန်း ကျောင်းသားအရွယ် ရောက်တော့ ဝတ္ထုတွေ ဖတ်တဲ့ အဆင့်ကို ရောက်နေခဲ့ပြီ။စာအုပ်ဆိုင် တော်တော်များများမှာ စုံအောင် ငှားဖတ် ဖူးခဲ့တယ်။ စာအုပ်ငှားပါများလာတော့ ကျွန်တော်တို့ လမ်းထိပ်က စာအုပ်ဆိုင်ရှင်နဲ့ ရင်းနှီးလာရင်း နောက်တော့ အဲဒီဆိုင်မှာဘဲ အမြဲလိုလို ရှိနေတတ်တော့တယ်။ ဆိုင်ရှင်နဲ့ ရင်းနှီးတော့ ဆိုင်ကိုဝိုင်းကူပေးရင်း စာအုပ်တွေ ဖတ်ရတယ်....။ ဆိုင်ရှင်ကလည်း ကျွန်တ်ာကို စာအုပ်အပ်တာ ငှားတာ ဘယ်လိုမှတ်ရလဲ သင်ပေးသလို အချိန်နဲနဲကြာလာတော့ စာအုပ်ချုပ်နည်းပါ သင်ပေးတယ်..။ကျွန်တော်စာအုပ်အဖုံး ချုပ်တတ်သွားတော့ သူ့စာအုပ်တွေကို ရန်ကုန်မှာ မချုပ်တော့ဘဲ ကျွန်တော်ကို ချုပ်ခိုင်းတော့တယ်....။

တအုပ်ကို ဘယ်လောက်နှုန်းနဲ့လည်းတော့ မမှတ်မိဘူး ကျွန်တော့်ကို စာအုပ်ချုပ်ခ ဆိုပြီးပေးတယ် ။
သူ့အနေနဲ့ ရန်ကုန်မှာ ချုပ်တာထက် အများကြီးသက်သာသလို ကျွန်တော်အတွက်လည်း တော်တော်အဆင်ပြေပါတယ်။ စာအုပ်လည်း အလကားဖတ်ရ မုန့်ဘိုးလည်းရ ဆိုတော့ မနက်လင်းတာနဲ့အဲဒီဆိုင် ရောက်နေတော့တာပဲ.....။ ဆိုင်ရှင်ကလည်း ကျွန်တော့်ကို ဆိုင်အပ်ပြီး သူလည်း လွတ်လွတ်လပ်လပ် နေနေရတော့ သူလည်း အဆင်ပြေသလို ကျွန်တော်ကလည်း စာအုပ်တွေ အလကား ဖတ်ရတော့ နှစ်ယောက်သား အဆင်ပြေ နေကြတော့တယ်။ အလကားဖတ်ရပေမယ့် ကာတွန်းတော့ မဖတ်ဘူး...။ဖတ်ရတာ ခဏလေးနဲ့ပြီးလို့ စိတ်ထဲမှာ မတင်းတိမ်ဘူး။

အဲဒီတော့ တနေ့တနေ့ ၀တ္ထုတွေပဲ ဖတ်ဖြစ်တော့တယ်။အဲဒီအချိန်မှာ စာဖတ်ရင်းနဲ့ ငြိသွားတဲ့ ၀တ္ထု
အမျိုးအစားက သိုင်းဝတ္ထုဖြစ်သွားတော့တယ်။ သိုင်းဝတ္ထုတွေ စွဲစွဲမြဲမြဲဖတ်တဲ့ သူတွေအတိုင်းပဲ စာအုပ်မျက်နာဖုံး ကြည့်လိုက်လို့ စဆုံးလုံးချင်း ဆိုရင်မဖတ်ဘူး....။အုပ်တွဲများလေ ဇာတ်အိမ်ကျယ်လေ ကြိုက်လေပဲပေါ့....။ သိုင်းဝတ္ထုတွေကလည်း တချို့ဆို ဇာတ်လမ်းရှည်လွန်းလို့ ၁၀ အုပ်တွဲ ကျော်တဲ့ အထိကို ရှိတာပါပဲ။ အဲဒီခေတ်က သိုင်းဝတ္ထုတွေ အငှားများတဲ့ ခေတ်ဆိုတော့ ဆိုင်ရှင်ကလည်း အုပ်တွဲတွေ များလည်း ၀ယ်ပြီး တင်တာပဲ။ ကျွန်တော်က သိုင်းဝတ္ထု ဇာတ်လမ်းအသစ် စဖတ်တော့မယ်ဆို ဘယ်နှစ်အုပ်တွဲလည်း အရင်ကြည့်လေ့ရှိတယ်။ အနည်းဆုံး ၄ အုပ်တွဲ နဲ့အထက်လောက်မှ ဖတ်လေ့ရှိတယ်။ဒါကလည်း သိုင်းစာအုပ်တွေ ဖတ်လေ့ရှိတဲ့ သူတွေပဲ သိနိင်တဲ့ ခံစားချက်တမျိုးပါပဲ။

တနေ့လုံး ဖတ်ပြီးတာတောင် ည အိမ်ပြန်ရင် အိပ်ခါနီးဖတ်ဘို့ တအုပ်လောက်အိမ်ယူပြီး ဖတ်တဲ့အထိ လောဘ ကြီးခဲ့တယ်။တနေ့နေ့ ၀တ္ထုတွေဖတ်တာများတော့ လမ်းလျှောက်ရင်းတောင် မိုက်ခနဲဖြစ်ရတဲ့အထိ ခေါင်းတွေလည်း မူးနေတတ်တာပါပဲ။သိုင်းဝတ္ထုတွေဖတ်လို့စာဖတ်သက် တစ်နှစ်လောက် ရလာတော့ ကိုယ်တိုင် သိုင်းဝတ္ထု ရေးချင်စိတ် ဖြစ်လာတယ်...။ အဲဒီအရွယ်တုန်းက ၀တ္ထုတအုပ်ကို တနာရီခွဲလောက် အချိန်ယူပြီး ဖတ်ရတယ်။နွေရာသီကျောင်းပိတ်ရက်တွေဆို အဲဒီဆိုင်မှာပဲ တနေ့လုံးနေပြီး တအုပ်ပြီးတအုပ် ထိုင်ဖတ်နေတော့တာပဲ။ဖတ်ရင်းနဲ့ သိုင်းဝတ္ထုတွေရဲ့သဘောတရားကို သိလာတော့တယ်..။အဲဒီတော့ ငါလည်းရေးရင် ဖြစ်မှာပဲဆိုတဲ့ စိတ်ဝင်လာမိတယ်....။ စဉ်းစားလေ ရေးချင်လေနဲ့ နောက်ဆုံး ရေးမယ်ကွာလို့ဆုံဖြတ်လိုက်တယ်...။




အဲဒီအချိန်မှာ ကျွန်တော့်အသက်က (၁၁)နှစ်သားလောက်ရှိနေပြီ။ တကယ့်စာရေးဆရာကြီးတွေ ဘယ်လို ရေးလည်းတော့ မသိဘူး...။ကျွန်တော်က ပထမဆုံး အနေနဲ့ သိုင်းဝတ္ထုမှာ မပါမဖြစ်တဲ့ အရာတွေကို အရင် ပုံစံတွေ ချလိုက်တယ်။ လူနာမည် ၊ မြို့နာမည်၊ တောင် နာမည်၊သိုင်းကွက်နာမည်၊ ဂိုဏ်းနာမည်၊ စသည် ဖြင့် ခေါင်းစဉ်တွေ တပ်လိုက်တယ်။ ပြီးတော့မှ သူ့သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာ အချက်အလက်တွေကို ဖြည့်တယ်။သိုင်းကွက်နာမည်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ သီလရှင်ထီးဆောင်း၊ကြောင်လက်သဲဝှက်၊သိန်းငှက်တောင်ပံဖြန့်၊နဂါးမျက်စောင်းသိုင်းကွက် .....၊စသည်ဖြင့် နာမည်တွေ ချရေးတယ်။

ဖတ်ဖူးတဲ့စာအုပ်တွေထဲက ဟိုတအုပ်က သိုင်းကွက်နာမည်နဲ့ ဒီတအုပ်က သိုင်းကွက်နာမည် နဲ့ကို ပေါင်း လိုက်တော့ နာမည်အသစ်တွေ ထပ်ရလာတယ်...။အဲဒီလိုပဲ လူနာမည်ဆိုရင်လည်း ဟိုပေါင်းဒီစပ်နဲ့ နာမည်တွေ ရလာတယ်။ ဂိုဏ်းနာမည်တွေကိုတော့ စိတ်ထင်တိုင်း သိပ်ရေးလို့မရတော့ဘူး ။အစဉ်အဆက် ရှိနေခဲ့တဲ့ ရှောင်လင် တို့ ၀ူတန် တို့ သူဖုန်းစား ဂိုဏ်း တို့ ကို မပါမဖြစ် ထည့်ရေးရပြီး နောက်ထပ် ဂိုဏ်းတချို့တလေကို တော့ စိတ်ကူးနဲ့ ဖြည့်ထားခဲ့တယ်။ ကျွန်တော် ရည်ရွယ်တာက သိုင်းဝတ္ထုတွေ အများကြီးရေးမယ် ။ အဲဒီလိုရေးတဲ့အခါ လိုအပ်တဲ့ အချက်အလက်တွေ ရဘို့ သူ့ခေါင်းစဉ်နဲ့သူ စုဆောင်းထားတာမျိုးပေါ့။ အဲဒီ စုဆောင်းထားတဲ့ အထဲကမှ တအုပ်ချင်းစီအတွက် သိုင်းကွက်နာမည်တွေ ဂိုဏ်းနာမည်တွေ ယူသုံးမယ် လို့ရည်ရွယ်ထားတာလေ။

သိုင်းဝတ္ထုတွေရဲ့ အဓိကအရေးအကြီးဆုံး အချက်က “ရန်သူ” ပါပဲ။ ရန်သူမရှိဘဲနဲ့ သိုင်းဝတ္ထု ဖြစ်လို့မရဘူး။
အဲဒီတော့ စာရေးမယ့်သူက ရန်သူ ကို ဖန်တီးရတော့မယ်။ သူဖန်တီးတဲ့ ရန်သူကို လည်း စာဖတ်တဲ့ သူတွေစိတ်ထဲမှာ မသိမသာ အထင်ကြီးနေအောင် ဖန်တီးထားဘို့ လိုတယ်။ နောက်ထပ်အရေးကြီးတဲ့ အချက်က ဇာတ်လမ်းရဲ့ အဖွင့်ပါပဲ။ ပထမဆုံး ဖတ်တဲ့ စာမျက်နာ နှစ်မျက်နာလောက်မှာ ဆွဲဆောင်နိင်ခဲ့ရင် တအုပ်လုံး စိတ်ဝင်တစားဖတ်ဘို့ ရာခိုင်းနှုန်းများသွားပြီ။ နောက်ထပ် မပါမဖြစ်တဲ့ အချက်တွေ ရှိသလို ဇာတ်လမ်း ကို ဖတ်တဲ့သူ မမှန်းနိင်အောင် ယုတ္တိရှိရှိ ချိုးကွေ့ နိင်ခဲ့ရင် အဲဒီစာအုပ် ဖတ်ကောင်းတာပါပဲ။ ဒါတွေက ကိုယ်ကိုတိုင် သိုင်းဝတ္ထုတွေ ဖတ်ရင်းနဲ့ သတိထားမိလာတဲ့ အချက်တွေပါပဲ။ အဲဒီလိုနဲ့ နာမည်တွေစုဆောင်းပြီးတဲ့အခါ ကျွန်တော် သိုင်းဝတ္ထုစရေးတော့တယ်။ အဲဒီ စာအုပ်လေးသိမ်းထားသေးလို့ ခုထိမှတ်မိနေသေးတယ်....။ စာအုပ်ထဲကအတိုင်း တထပ်တည်းတော့ မဟုတ်ဘူးပေါ့။ မှတ်မိသလို ပြန်ရေးရရင် ဇာတ်လမ်းအစကို ဒီလိုဖွင့်လိုက်တယ်....။

တောအုပ်ကြီးတခုလုံး ထူးထူးခြားခြား တိတ်ဆိတ်ငြိမ်သက်နေသည်....။ ကြားနေကြ ကျေးငှက်သံတွေလည်း မကြားရ အရင်ကရှိနေတဲ့ မျောက်သတ္တ၀ါတို့ရဲ့ဆော့ကစားသံလည်း မကြားရပဲ အေးစက်စက် တိတ်ဆိတ်နေသည်....။

သဘာဝအတိုင်း မဟုတ်ဘဲ ယခုကဲ့သို့ တိတ်ဆိတ်နေခြင်းသည် မုန်တိုင်းမကျမှီ တဒင်္ဂ တိတ်ဆိတ်သွားပုံ နှင့်တူနေသည်။ ပါတ်ဝန်းကျင်တခုလုံးသည် တဖြည်းဖြည်းနှင့် အန္တရာယ် အငွေ့အသက် တွေဖုံးလွှမ်း နေတော့သည်...။ မကြာခင် ဤနေရာတွင် ထူးထူးခြားခြား တခုခုများ ဖြစ်လာမလား......။

ထိုအချိန်တွင် တောအုပ်ရဲ့အစပ် မြောက်ဘက်ပိုင်းမှ ကျေးငှက်တအုပ် ဝေါခနဲအလန့်တကြား ထပျံ လာကြကုန်သည်...။ မကြာခင်ထိုဘက်မှ လူသုံးယောက် ခြေသံပြင်းပြင်းဖြင့် လျှောက်လာကြသည်..။
ထိုသူတို့ရဲ့ ပုံစံသည် တိရိစ္ဆာန်မဆိုထားနှင့် လူအချင်းချင်းကိုတောင် ထိတ်လန့်တုန်လှုပ် သွားစေနိင်သည်.။

ထွားထွားကျိုင်းကျိုင်းဖြင့် အရပ်၆ပေကျော်ရှိပြီး မျက်နာထားတင်းရသည့်အထဲ ပါးပြင်ပေါ်တွင်ကန့်လန့်ဖြတ်
ဓါးခုတ်ရာရှိနေသည်။လက်ထဲတွင် ကြီးမားသော တင်းပုတ်လက်နက်ကို ကိုင်ဆောင်ထားသည်။ ထိုသူသည် ခေါင်းဆောင်ဖြစ်ဟန်တူသည်။

နောက်တယောက်က အသွားနှစ်ဖက်ရှိတဲ့ ပုဆိန်ကိုကိုင်ဆောင်ထားသည်။ မျက်လုံးတဖက်ကို သားရေဖတ်တခုဖြင့် ဖုံးအုပ်ထားသည်။တဖက်ထဲ ရှိသော မျက်လုံးရဲ့ အကြည့်သည် တောက်ပ စူးရှနေသည်။ထိုသူသည် ဤသုံးယောက်ထဲတွင် အလတ်လူ ဖြစ်ဟန်တူသည်။

နောက်တယောက်ကတော့ အရပ်ပုပု အကောင်သေးသေး ဖြစ်သော်လည်း သူ့အရပ်ထက် ပိုမြင့်သော လှံအရှည်တခုကို ကိုင်ဆောင်ထားသည်။ထိုသူသည် အသက်အရွယ်အားဖြင့် ထိုသုံးယောက်ထဲတွင် အငယ်ဆုံး ဖြစ်သည်။ ထိုသူတို့မှာ သိုင်းလောကတွင်နာမည်ဆိုးဖြင့် ကျော်ကြားနေသော ယက္ခသုံးဖော်ဖြစ်သည်။

တောအုပ်ရဲ့အလယ်သို့ ရောက်သောအခါ အားလုံးခြေလှမ်းတွေ ရပ်လိုက်ကြသည်။
ယက္ခကြီးက "ဟေ့ ဘယ်မှာလဲကွ မင်းတို့ကောင် ခုထိမလာသေးပါလား" ဟုမေးလိုက်သည်။

လှံကိုင်ထားသောယက္ခလေးက
"အကိုကြီးတို့မို့လို့ ဒီလိုကောင် ချိန်းတာကိုယုံတယ် ကျွန်တော်သဘောသာဆိုမလာဘူး"ဟုပြောသည်။

ထိုအခါမျက်လုံးတဖက်လပ်နေသောယက္ခလတ်မှ
"ငါတို့မလာဘူးဆိုရင် ယက္ခညီနောင်ကကြောက်တတ်တယ်လို့ သိုင်းလောကမှာနာမည်တွင်သွားမှာပေါ့ကွ"

ယက္ခလေးမှ "လူမိုက်နဲ့အရူးပဲလာမှာပါကွာ ဟား ဟား ဟား"ဟုပြောလိုက်သဖြင့် အားလုံးသဘောကြကာ ရယ်မော နေကြသည်။ ထိုအချိန်တွင် "ငါကဘာကြောင့်မလာနိင်ရမှာလဲ ဒီမှာမင်းတို့ သေမင်းက ရောက်နေပြီကွ"ဟု အသံကြားလိုက်ရကာ အဖြူရောင်ဝတ်စုံဖြင့် အသက် ၂၀ ခန့် လူရွယ်တယောက် အပင်ပေါ်မှခုန်ဆင်းလာသည်။ ယက္ခသုံးဖော်မှလည်း ကိုင်ဆောင် လာသောလက်နက်တွေကို အဆင်သင့်ပြင်လိုက်ကြသည်။

ယက္ခကြီးမှ"မင်းကဘယ်သူလဲ မလောက်လေးမလောက်စားနဲ့ ဘာအတွက်ငါတို့ကို ချိန်းရတာလဲ လူ့ပြည်မှာ
မနေချင် တော့ဘူးပေါ့ဟုတ်လား"ဟုမေးလိုက်သည်။

လူရွယ်မှ "မင်းတို့က မကြာခင် ငါ့လက်ချက်နဲ့ သေတော့မှာဆိုတော့ ပြောပြရမှာပေါ့ငါ့နာမည်က စွေ့ကြောင်
သိုင်းလောကမှာ မိုးဖြူဓါးသမားဆိုတာငါပဲ " ဟုပြောသည်။

ယက္ခလတ်မှ "မိုးဖြူတွေ မိုးမဲတွေမသိဘူး သေချာတာတော့ မကြာခင်မင်းမိုးမှောင်ကြတော့မှာပဲ" ဟုပြန်ပြောလိုက်သည်။

“လေလုံးမကြီးစမ်းပါနဲ့ကွာ မင်းတို့ညီအကိုသုံးယောက်က မကြာခင် သေလူဖြစ်တော့မှာဆိုတော့ နောက်ဆုံး အနေနဲ့ ဘာတောင်းဆိုချင်သလဲ ပြောကြကွာ ငါဖြည့်ဆည်းပေးမယ်”ဟု မိုးဖြူဓါးသမာ က ပြောလိုက်သည်။

ထိုအခါယက္ခကြီးမှ “အေးလေ ဘယ်သူသေမလဲ စောင့်ကြည့်ရသေးတာပေါ့၊ မင်းဘာကြောင့် ငါတို့နဲ့ တိုက်ခိုက်ဘို့ ချိန်းတာလည်းကိုတော့ မသေခင် ပြောခဲ့ပါအုံးကွ တော်ကြာ မင်းသေသာသေသွားတယ် ငါတို့က ဘာကြောင့် သတ်လိုက်ရမှန်း မသိဘူးဖြစ်မှာ စိုးလို့ပါ ဟား ဟား” ဟုပြောကာ လှောင်ရယ် ရယ်နေတော့သည်။

“စိတ်ချစမ်းပါ ဒီအကြောင်းကို မင်းတို့ကို ပြောကိုပြောပြရမှာပါ ၊ မင်းတို့ လွန်ခဲ့တဲ့ ၁၀ နှစ်ကမိုးညတညမှာ
အိမ်မက်တောင်ကြား ကိုလာပြီး မိသားတစုကို ရက်ရက်စက်စက် သတ်သွားကြတာ မှတ်မိကြသေးရဲ့လား
ငါက အိမ်မက်တောင်ကြား အရှင်သခင်ရဲ့ သား ပဲ ။ငါ့ကို အထိန်းတော်က လျှို့ဝှက်လမ်းကြားကနေ ကယ်ထုတ်သွားခဲ့လို့ အခုလို မင်းတို့ရဲ့ သေမင်း ဖြစ်လာတာပေါ့” ဟု မိုးဖြူဓါးသမားမှ ရှင်းပြလိုက်သည်။

ယက္ခကြီးမှ မျက်နာတချက်ပျက်သွားပြီး “ ဒါဆိုမင်းက နောက်ဆုံး ကျူပင်လေးပေါ့ အေးလေ ကျူပင်ခုတ် ကျူငုတ် မကျန်အောင် အဆုံးသတ်ပေးရမှာပေါ့” ပြောကာ ညီနောင်များကို မျက်စပစ်ကာ အချက်ပြလိုက်သည်။

မိုးဖြူဓါးသမားက “မင်းတို့ကို အရင်သွေးကြွေးဆပ်ပြီးရင် ငါ့ရဲ့ အဓိကရန်သူဖြစ်တဲ့ မင်းတို့ ဆရာကြီး ရဲ့အလှည့်ပေါ့ကွာ” ဟု ပြောရင်း ဓါးအိမ်ထဲမှ ဓါးကိုဆွဲထုတ်လိုက်တော့သည်။


ဖျက်လိုက်ပြင်လိုက်နဲ့ ကျွန်တော်ရဲ့ဝတ္ထုလေး ထိုနေရာလောက်အထိ ရေးပြီးတဲ့အခါ ကိုယ့်ဘာသာ အထပ်ထပ် ဖတ်ပြီး ပီတိတွေ ဖြစ်နေတော့တယ်။ကလေးဆိုတော့ ကြွားချင်စိတ်လေးနဲ့ ကျွန်တော်ရေးထားတာလေးကို မေမေ့ကို ပြလိုက်မိတယ်။ မေမေက ဖတ်ပြီးတော့ ရယ်တဲ့အပြင် တအိမ်လုံးကိုလိုက်ပြတော့ အားလုံးကလည်းရယ်ကြတာပဲ။ သူတို့ရယ်တော့ ကျွန်တော်လည်းရှက်သွားရတော့တယ်။ အိမ်ကိုအမြဲလာတဲ့ ကျွန်တော့်အမသူငယ်ချင်းကို ပြလိုက်မှပဲ ကျွန်တော့်မှာ ငါးပါးမှောက်တော့တာပါပဲ။ သူကပြောစရာရှိရင် တုတ်ထိုးအိုးပေါက် ပြောတတ်သူပေါ့။ ဟိုကစွေ့ကြောင်ဆိုရင် နင်ကစွေ့ကြောင်ပြူးဆိုပြီး ခဏခဏ နောက်တော့တာပါပဲ။

အဲဒီတုန်းက ကျွန်တော့်မှာ တော်တော်လေး စိတ်ဆိုးသွားရတယ်။ ကိုယ့်မှာတော့ မျှော်လင့်တကြီးနဲ့ ရေးထားခဲ့ရတာလေ။ ကျွန်တော်ရဲ့အနုပညာပန်းကလေးကို ရေနွေးပူပူနဲ့ လောင်းချခံလိုက်ရသလိုပါပဲ။
တအိမ် လုံးကလည်း စွေ့ကြောင်ပြူးဆိုပြီး နောက်တော့စိတ်ဆိုးလိုက်တာများ မျက်ရည်တောင်ကျတယ်...။


ကျွန်တော်စိတ်ဆိုးမှန်းသိတော့ မေမေကချော့တယ် ငါ့သားက အခုငယ်ပါသေးတယ် အသက် ကြီးလာမှ ရေးပေါ့ ဆိုပြီးနှစ်သိမ့်တယ်။အဲဒါနဲ့စိတ်ဓါတ်ကျပြီးဆက်မရေးဖြစ်တော့ပါဘူး။ နောက်ပိုင်းတော့ စာတွေရွေးဖတ် တတ်လာတယ်။ ၁၃ နှစ်သားလောက်ကစပြီး သိုင်းဝတ္ထုတွေ မဖတ်ဖြစ်တော့တာ အခုထိပါပဲ။ ပါတ်ဝန်းကျင်သာ ကောင်းခဲ့ရင်မြန်မာပြည်ရဲ့အသက်အငယ်ဆုံး စာရေးဆရာဆိုပြီးများ ဖြစ်လာမလားမသိဘူး...။ သိုင်းကွက်တွေ စဉ်းစားတော့ ကြားဖူးနားဝရှိတဲ့ တကွက်ထည့်ရေးမိသေးတယ်။ စကားကြီး(၁၀)ခွန်းထဲကမှန်း နောက်မှသိတယ်။
ဆင်ဝှေ့ရန်ရှောင်
တဲ့
..............................................................................................................................။

62 comments:

chit palone said...

ဟေး တစ်ကွ တကိုယ်ကောင်း မဆန်ပါဘူး တနင်္ဂနွေ သားသမီးများအတွက် ဦးလိုက်မယ်နော်။
ဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

chit palone said...

အယ် ၂ လည်း နာလားမသိဘူး။ ယူတော့ပါဘူး အင်္ဂါသားသမီးများအတွက် ဦးလိုက်မယ်နော်။ ဟိ ဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

chit palone said...

အယ် သုံးတော့ မကောင်းပါဘူး ဗုဒဟူးသားသမီးတွေအတွက် ဦးလိုက်မယ်နော်။
ခင်မင်လျှက်
ညီမလေး ပါးလုံး

chit palone said...

အဲ ပလုတ်တုတ် လောလော လောလောနဲ့ ခလုတ်တိုက်ပြီး တနင်္လာမေ့သွားတယ်တော့ တနင်္လာသားသမီးတွေ အတွက် ဦးလိုက်မယ်နော်။ ဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

chit palone said...

အယ် ကြာဿပတေး သားသမီးတွေလည်း ယူပေးဦးမှ ကိုယ်ကကြာဿပတေးမဟုတ်လား ဟင်း ဟင်း
ခင်မင်လျှက်
ညီမလေး ပါးလုံး

chit palone said...

သောကြာသားသမိးတွေကိုလည်း ယူပေးမယ်နော်။ ဟင့်
ညီမလေး ပါးလုံး

kiki said...

ဟေးးးးး ရပ်လိုက် သောင်းကျန်းသူလေးးးးး
ဟွန်းးးးးး

chit palone said...

စနေသားသမီးတွေကို ဦးပေးဦးမယ်နော်။ မေ့ဘူးသိလား ခုနှစ်ရက်သားသမီး အကုန်လုံးအတွက်ကို စိတ်ကောင်းရှိစွာ ဦးပေးတာ အဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

chit palone said...

အယ် ကြားထဲမှာ ဘီသူလည်းကွ ဝင်လာတာ စနေသားသမီးတွေအတွက် စိတ်မကောင်းပါဘူး။ သူပုန်ရောက်လာတယ်တော့ ဟင့် သူပုန်ကိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

chit palone said...

အခုတော့ ခုနှစ်ရက်သားသမီးများနဲ့ မကီကိုယ်စား စာဖတ်လိုက်ပါဦးမယ်။ မကီတယောက် ကွန်းမန့်လိုက်ဥိးနေတာနဲ့ စာဖတ်အားသေးမှာမဟုတ်ဘူး။ ကိုယ်ချင်းစာစွာ ဖတ်ပေးမယ်နော် မကီ ချစ်ချစ်ကီရေ စာဖတ်တော့မယ်နော် ဟိ
ခင်မင်လျှက်
ညီမလေး ပါးလုံး

kiki said...

လာ ဘီ ကွ ..
ခြင် လက် သည်း ဝှက် သိုင်း နဲ့ စွန်း ဝူ ခုန်း ...

အတွဲ ၁၀၀၀၀၁ ရှိတာ ... ဖတ်ပြီးရင် ဆွဲ စေရ မယ် .. ( အကြော .. အကြော )) ..

တော် တန် တိတ် ... အကြော် ပန်းကန်ဖိတ် ..

ဆင်ဖြူ ဝှေ့  တာ ခြင်္သေ့  ရှောင် ကြလေရော့..
အီယားးး ရေ .. မွေးမေလေ့ .....

ဟိဟိ .. လာပေါသွားတယ်နော် ...
.....ကလေးတွေ ကြားထဲ ... ပျော်လို့ ပါ ...

လင်းတ ဝဲကုတ် သိုင်းရှင် ( ဖွားကိ)

chit palone said...

အေးလေ နှော့ ပတ်ဝန်းကျင်ကောင်းလို့ကတော့ စာရေးဆရာ ဆွေ့ကြောင်ပြူးဆိုပြီး နာမည်ကြီးဦးမှာနှော့ ခုတော့ ဘလော့ဆရာကြီးပေါ့နော် ၁၁နှစ်နဲ့ ဒီလောက်ရေးတတ်တာ အားကျ ဂုဏ်ယူမိပါတယ် စာရေးဆရာ စွေ့ကြောင်ပြူး အဲ ယောင်လို့ ဒယ်ဒယ်မြစ်ရယ် အဟိ
ခင်မင်လေးစား အားကျလျှက်
ညီမလေး ပုန်းပုန်း

kaungkinpyar said...

သိုင်းဆရာကြီးပေါ့လေ..
အောင်မြင်နိုင်တယ်ဟ.. ရေးကြည့်ပါလား ဆရာကြီးးးး)

ကိုလူထွေး said...

ဇာတ်ညွှန်းတော့ ရေးပေးချင်သား...

းဝ)

ဝက်ဝံလေး said...

ဟေးးးးးး တရုတ်မင်းသမီး နံမည် ရှည်ရှည်ဝေးဝေး စဉ်းစားမနေနဲ့ လင်လျှောက်ရှာလို့ပေးလိုက် ဒါမဟုတ်ရင်လဲ လင်ကြည့်ယူပေါ့ဟယ်နော် ဟုတ်ဘူးလား ဟက်

ဝက်ဝံလေး said...

ဆက်ရေးလေ မည်သို့လုပ်လိုက်သည်မသိ ဤသို့ဖြစ်သွားသည် ဆိုပြီးတော့ ယောက္ခမ ၃ ယောက်ကိုသေခိုင်းလိုက်လေ အဲ ယက္ခ ၃ ယောက်ကိုသေခိုင်းလိုက်လေ ဒန်တန့်တန် ဤတွင်မြဝတီရုပ်မမြင် အသံမကြားမှ အစီအစဉ် ပြီးပါပြီရှင် ပေါ့ ဟုတ်ဖူးနား ဟဟဟ

ဝက်ဝံလေး said...

သောင်းကျန်းသူ ပါးလုံး ကို ချေးပိုးထိုးကြီးကို တုတ်ထိုးပြီး ရေခဲမုန့်ကျွေးမယ် ဒါဗြဲ

ပြန်မယ် တာ့တာ ဒုန်းးးးးးးဒုန်းးးးးးးးးးးးး ၁ မရလို့ မကျေနပ်ပါ ဟွင်းးးးးး

chit palone said...

ဒီဝက်တော့နော် ငါကရိုးရိုးရေခဲမုန့်မစားချင်ဘူး နင့်အရပ်လောက်ရှိတဲ့ ရေခဲမုန့်ပဲစားချင်တာ ဝက်ရ နင်နော် ရေခဲမုန့်အကြောင်း တော်တော်ရေးနေတယ်နော် မဟုတ်မှလွဲရေ တခုခုတော့ တခုခုပဲ ဟွင့်
ခင်မင်လျှက်
ညီမလေး ပါးလုံး

ဝက်ဝံလေး said...

နင်နော် ပါးလုံးမ ကုလားမနိုင်ရခိုင်မဲဆိုတာ ဒါပဲနေမှာ ငါ့ကို မနိုင်တာနဲ့ (ဘယ်နိုင်မလဲ ငါက လေးတာကိုးးး) ဒီအရပ်ပဲ လာခလုတ်တိုက်နေတယ် ဟွန်းးးး
အစုတ်ပလုတ် မ ပလုံး

chit palone said...

ဟေး ဝက် သတ္တိရှိရင် ထွက်ခဲ့ နင်နဲ့ငါနဲ့ ချရအောင် ကိုမြစ်ရေးထားတဲ့ သိုင်းကွက်တွေထဲက နောက်ဆုံးပေါ်သိုင်းကွက်နဲ့ ချရအောင် ထွက်ခဲ့ ငါဓါးထုတ်ထားပြီနော်။ ရှလွမ်းးးးးးးးးးးးးးးးးးးးးးးးး။
သိုင်းကွက်နာမည်ကတော့ တောင်သူရာခုတ် သိုင်း ဟင်း ဟင်း ရှလွမ်း
သယ်ရင်းပါးလုံးလေး စောင့်နေတယ်ဝက်ရေ လာဟ

ဝက်ဝံလေး said...

ငါက တော့ လေထုတ်ပြီဟေ့ ဘူ ဘူ ဘူ ဘူ ဘူ ဟားးဟားးးးးးး နင် မေ့လဲသွားပြီမလား ဟားဟားးးးး ဝက်ကို ဒီလိုလာစမ်းလို့ရမလား ဝက် တဲ့ တဝက်တည်း ရှိတယ် နှစ်ဝက်ဆို ပေါ်စားပစ်မယ် ဝက်စိတ်သိပ်ကြီးတာနော် ရေခဲမုန့်ကို အစိမ်းလိုက်ဝါးစားတာ ပါးလုံး မ နင်သိသလား ပြောာာာာာ ပါ

chit palone said...

ဝက်ရေ နင့်ရဲ့ ဘူဘူဘူ သိုင်းတော့ ငါမသိဘူး နင့်ရဲ့ ဟောက်စာဂျင်သိုင်းတော့ ငါသိတယ် စာကြည့်တိုက်မှာ နင်ကျင့်တဲ့ ခေါခလောသိုင်းလေ နင်က ဘဲဥစားပီး ဘူတာကိုးဟ ကျင့်ကိုမကောင်းဘူး
သယ်ရင်းလေး ပါးလုံး

ဝက်ဝံလေး said...

ချစ်သည်းရယ် ကိုယ်တောင်းပန်တယ်နော် သိလား (အလဲ့ ဒီတခါ အပျော့ဆွဲကွ အမာမဆွဲဘူးနော်) အရမ်းချစ်တယ် ချစ်သည်းရယ်

ပုံ
ချစ်သည်းရဲ့ ယုတ်ယုတ်ကြီး ပုတ်ပုတ်ကြီး

chit palone said...

အပျော့စွဲသိုင်းလောကသားဝက် ခေါခလော ဘူကြီးကတော့ ငါ့ကိုမနိုင်လို့ အကြံကုန်လို့ ဘူကြီးဆားချက်ဆိုတာ ဒါမျိုးဖြစ်မယ်။ ကျေအေးဆိုတော့လည်း ကျေအေးရတော့မပေါ့ ခေါခလော ဝက်ဘူကြီးရယ်
သယ်ရင်းလေး ပါးလုံး

ဝက်ဝံလေး said...

ပြိုင်လာရင် အရှုံးပေး နှလုံး အေးတဲ့ ဆေးတဲ့ ဘလော့ဂ်ပေါ်မှာ သေးထွက်သံယိုမဖြစ်စေချင်လို့ အလျှော့ပေးလိုက်တာ အကန်းမတက်ပါနဲ့ (မျက်စိမြင်သူသာတက်ပါ) ဟွင်းးးးးး ပြောရင်လဲ ကြွားရာရောက်ဦးမယ် ငါ့မှာ ဘော်လီကပ် ၂ ယောင်တောင် ရှိတယ် ကိုဇော်နဲ့ ဦးလူထွေးလေ ပါးလုံးမ နင့်လောက်ကတော့သနားတယ်နော် ဟွင့် ဟွင့်

မကျေနပ်ရင် မိုးဟေကိုခေါ်ပြီး ဘလော့ဂ်ပေါ်မှာ လိုးရှင်းလူးခိုင်းလိုက်မယ် ဘာမှတ်တုံး (ဆိုင်ဆိုင်မဆိုင်ဆိုင် ပြောချင်တာ ပြောတယ် ဘာဖြစ်လဲ)

အိမ် said...

လာမယ် လာမယ် မပူနဲ့ အဲဒါဆက်ရေးဖို့ အကြောင်းဖန်လာစေရမယ်ဗျား..။

chit palone said...

အဲ ငါတို့ကတော့ ဘယ်သူ့မှအားမကိုးဘူး တကိုယ်တော် သိုင်းသမားကွ တော်ပြီ ပြန်တော့မယ် မနက်သိုင်းကျင့် အဲယောင်လို့ ကျောင်းတက်ရဦးမှာ ကားမမှီရင် ဘူကြီးကို ဖုန်းဆက်ခေါ်ပြီး ကုန်းပိုးပြီးလိုက်ပို့ခိုင်းမယ်။ အခုတော့ အိပ်ချင်မူးတူးသိုင်းနဲ့ ကိုယ်ဖော့သိုင်းပညာသုံးပြီး ပြန်ပြိ အိမ်ရောက်ရင် အတွင်းအားလည်း ကျင့်ရဥိးမယ်မဟုတ်လား ဒါမှ ဝက်ဘယ်လောက် ခေါခလေသိုင်းကျင့်ကျင့် ပါးလုံးတို့ နိုင်မှာ အဟိ။

ဝက်ဝံလေး said...

အေး ကျင့် ကျင့် ငါလဲ အတွင်းအားစုလိုက်ဦးမယ် ဒါမှ နင် နဲ့တွေ့တဲ့အခါ ပေါက်ဖို့ ဟုတ်ပြီလား ဟားဟားးးးးးးးးးး ဒညင်းသီး စားထားတယ်ကွ ငွားးးးးးးငွားးးးးး

မြူးသျှရီ said...

အယ်ဒီဘလော့တခုလုံးနံကုန်ပြီ
ယောင်းလေး ဘာလို့ ခုတလောရေခဲမုန့် 
အရမ်းစားတာလဲဟင်??????????????
ပြီးတော့ အစိမ်းစားတာဆိုဟုတ်လား
ဘယ်သူကအကျက်စားလို့ လဲဟင်?????????
နေရာတကာရေခဲမုန့် ဆွဲံနေတာလားဟင်??????
သူတို့ သိုင်းနဲ့ ကိုကြီးသိုင်းရေားကုန်ပြီသိလားကိုကြီး

ကိုလူထွေး said...

ကော်မင့်ဘောက်စ်တခုလုံး တရုတ်သိုင်းကားဖြစ်နေပါပေါ့လား... စွေ့ကြောင်ပိုင်ရယ်...

းဝ)

kokomaung.uk said...

ဟုတ်တယ်။
အခွင့်သာပေးခဲ့ရင် ကိုမြစ်ကျိုးတစ်ယောက် အငယ်ဆုံး စာရေးဆရာဖြစ်မှာ သေချာတယ်။ အခုတောင် ဆက်ရေးလေလို့ တိုက်တွန်းရမတတ် ဖတ်လို့ ကောင်းပါတယ်။

Nai ရဲ့  ရွှေရတုမှတ်တမ်း said...

သိုင်းသင်ပြီးမှ...comment လာရေးတော့မယ်...

Angel Shaper said...

ဘာမှ မပြောတော့ဘူး။
ကောက်တယ် ကွေးတယ်။ ဒါပဲ။
ဖြောင့်မှ လာမန့်မယ်။ ( စိတ်ကိုပြောတာပါ)

Angel Shaper said...

ပါးလုံးးးးးးးးးးးးးးးးးးး
ဝက်ပုတ်တ်တ်တ်တ်တ်တ်တ်တ်တ်
ခေါ်တော့ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ကွေးတယ်။ ကောက်တယ်။ ဒါပဲ ဟွန်းးးးးးးးးး

မယ်ကိုး said...

ငယ်ငယ်လေးထဲက စာရေးကောင်းပဲ။ သိုင်းစာ ဆိုတော့သာ လူကြီးတွေက ရယ်ကြတာ နေမှာ။အဲဒီတည်းက စနစ်တကျမြှောက်ပေးရင် အငယ်ဆုံးသိုင်းစာရေးသူဖြစ်နိုင်ပါတယ်။ တကယ်။

ahphyulay said...

ညီလေး မင်းနဲ့ ကိုယ် ဘာမှ မတူပေမဲ့  တူတာ
လေးနှစ်ခုကတော့  ယောင်္ကျားစင်စစ်ဖြစ်နေ
တာရယ်၊ စာရေးချင်တာ စာရေးဆရာဖြစ်ချင်
တာရယ်ပါ။ ကိုယ်က ညီ့ ထက် ဘားတစ်ဘား
ရော့ နေတာကတော့  စာရေးဆရာတစ်ယောက်
ဖြစ်လာဘို့ ထက် စာရေးနေချင်တဲ့ ဝါသနာလေး
တစ်ခုပဲရှိနေတာပါ။ဆရာ ဆိုတာ ဆရာဖြစ်
လောက်တဲ့  အရည်အချင်းရှိမှဖြစ်မှာ။ကိုယ်က
ဖြစ်ခဲ တဲ့ ဆရာဝန်နဲ့ ပဲနိုင်းချင်တယ်။စာကို
လူတိုင်းဖတ်တတ်ပေမဲ့ ရေးတတ်ဖို့ မလွယ်ပါ။
လွယ်ရင်ဆရာဝန်တွေနှစ်စဉ်မွေးထုပ်ခဲ့ သလောက်စာရေးဆရာတွေထွက်လာမှာ။ပြောချင်တာပုံစံခွက်နဲ့ ရိုက်ထုပ်လို့ မရတာပါ။

ahphyulay said...

အရေးညက်တဲ့ သူတစ်ယောက်ဖြစ်လို့ ဒီပို့ (စ)
လေးကပြောစရာမရှိပါ။
ညီက ဖြစ်လာနိုင်ပါတယ်။ ဖြစ်ခွင့် တို့ ကြုံလာခဲ့ 
ရင်။စုထားရတဲ့ အရင်းတွေကများလာပြီမဟုတ်
လား။ ရင်ဘတ်ကြီးတောင် ပွင့် တော့ မယ်လေ။
ကိုယ်ကတော့  စာရေးဆရာတစ်ယောက်တော့ 
ဘယ်တော့ မှ မဖြစ်နိုင်ပေမဲ့ စာကိုရေးနေတဲ့ သူ
အဖြစ်တော့ ရပ်တည်နေနိုင်အောင်ကြိုးစားရ
တော့ မှာ။ ဒီလောကထဲ ရောက်လာအောင်ဆွဲ
ခေါ်တွန်းတင်ပေးတဲ့ ညီလေးနဲ့  ကိုယ့် ညီမလေး
တို့ ကိုစာတစ်ပုဒ်ပြီးတိုင်းသတိရနေမှာပါလို့ ။

Phyo Maw said...

ကျနော်လည်း တချို့မလုပ်လိုက်ရတာတွေကို
ငယ်ငယ်တုန်းက ပါတ်ဝန်းကျင်ကြောင့်လို့ တွေးဖူးတယ်။
ခုတော့ ဆက်မတွေးချင်တော့ဘူး
စလုပ်ဖို့ ကြိုးစားနေတယ်။

တလနွန် said...

ငယ်ငယ်ကတည်းက ကိုမြစ်ကျိုးအင်းက လက်စွမ်းထက်တယ်နော်။ ကျနော်လည်း ငယ်ငယ်တုန်းက သိုင်းဝတ္ထုကို အရမ်းစွဲခဲ့ဖူးတယ်။ နောက်ဆယ်တန်းရောက်လို့  ဖြတ်လိုက်တည်းက မဖတ်ဖြစ်တော့ဘူး။
အစ်ကိုရေ ဖြစ်ချင်တဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်ပါစေဗျာ။

ခင်မင်ခြင်းများနှင့်
တလနွန်

စည်သူ said...

ဟ... အောင်မလေး.. ဟယ့်.. အော်..
ဒီဝက်ကလေးနဲ့ ချစ်ပါလုံးက ဘာဖြစ်နေကြတာလဲ

ဟူးးး မောလိုက်တာ..
နနဲကို ရှောင်လိုက်ရတယ်..

သွားသွား သွားလေ့ကျင့်နော်..
ဟိုဆတစ်ယောက်လည်း အတွင်းအားသွားစု ကြားလား အဲဒါမှ ပြန်တဲ့အခါ လေယျာဉ်လက်မှတ် ဝယ်စရာ မလိုပဲ အတွင်းအားကို လွတ်လိုက်တာနဲ့ တစ်ပြိုင်နက် ပူပေါင်းကို လေလျော့လိုက်သလို ရှူးးးးးးးးးးး ကနဲ့ဆို အမိမြေရောက်သွားမယ်..
..............

ကိုမြစ်ကျိုးအင်းရေ..
သိုင်းဝထ္ထုဆိုလို့ အခု ကိုမြစ်ကျိုးအင်းရေးတဲ့ဟာပဲ ဖတ်ဖူးတာဗျ..

တာတောင်.. ဟိုသိုင်းလောကသားနှစ်ယောက်နဲ့ တွေ့တာ အတော်ကိုရှောင်လိုက်ရတယ်..

စိမ်း... said...

အင်း လူကြီးတွေလည်း အပြစ်တော့ မဆိုသာဘူး... သူတို့နေရာက စဉ်းစားကြည့်တယ်... အခုနေများ စိမ်းရဲ့ မောင်တစ်ဝမ်းကွဲလေး သူလည်း ၁၁ နှစ်သားပေါ့.. သူသာ အဲ့ဒီဝတ္ထုကိုလာပြမယ်ဆိုရင် စိမ်းလည်းရယ်မိမှာပဲ... ဒါဟာ ဘာလို့လည်းဆိုတော့ အနုပညာအရည်အသွေးဆိုတာထက်ကို ပုဂ္ဂိုလ်စွဲက ကြီးစိုးနေလို့ လို့ ထင်တယ်...
ဝတ္ထုတစ်ပုဒ်ဆိုပေမယ့် ကိုယ့်စိတ်ထဲကိုယ့်မျက်စိထဲ ဟိုပြေးဒီလွှားဆော့နေတဲ့ ကလေးလို့ပဲ မြင်တယ်လေ ... ဒါကြောင့်ဖြစ်မှာပါ...
ဒါပေမယ့် အမှန်အတိုင်းပြောရရင် ကိုမြစ်ကျိုးအင်း ၀တ္ထုလေးကို ဆယ့်တစ်နှစ်သားဆိုတဲ့ အရွယ်ကရေးတယ်ဆိုတာ တော်တော်အံ့အားသင့်စရာပဲ... အရေးအသားက တော်တော်လေး ပြေပြစ်တယ်... စာကို အလှဆင်တတ်နေပြီ... စာဘယ်လောက်တောင်ဖတ်သလဲဆိုတာပြနေတယ်... စိမ်း စာစရေးတာ အသက် ၂၀ မှပါ... ဒါတောင် အခုလောက် စာသွားစာလာ မချောသေးဘူး .. အဲ့ဒီအချိန်ကရေးထားတာတွေလည်း ခုနေပြန်ဖတ်ရင် ကလေးကလားနဲ့ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်... သူများပြဖို့မပြောနဲ့ ကိုယ့်ဘာသာပြန်ဖတ်ရင်တောင် ရှက်တယ်... ကိုယ့်ဘာသာရေးချင်တာရေး ကိုယ်တစ်ယောက်တည်းနားလည်.. နောက် သူများနားမလည်မှာစိုးလို့ဆို ပြန်ရှင်း... တစ်ယောက်တည်းကိုလည်နေတာပဲ ... အခုတော့ မရှိတော့ဘူး ... အဲ့ဒါတွေ.. လွှတ်ပစ်လိုက်ပြီ... :P

sweetpeony said...

အိမ်က အစ်ကို လုပ်လို့ သိုင်းဝတ္ထုစဖတ်ဖူးတယ် ၁အုပ်ပဲ ဖြစ်ဖူးလိုက်တယ်...
း)

busymozzee said...

ဟိုက် အမယ်လေးတော့ လကူလကူ... အဲလေ... ကလူကလူ..

ဟိုလေ... ရန်ဖြစ်နေကြတာလားဟင်... အနော် အိမ်မမှားပါဘူးညော်......
ကိုမြစ်အင်းကျိုး.... အဲလေ မွှားပြန်ပြီ.... ကိုမြစ်ကျိုးအင်းနဲ့ တွေ့ချင်လို့ပါ......

ပလုံးလေးနဲ့ ဝက်ကလေးနဲ့ ဒါးသိုင်းချနေကြတာ... သများ ယောင်ကြီးဗွေကြီး ငုတ်တုတ်ပါသွားပြီ....

ပြန်လျော်ဘေးးးးးးးးးးးးးးးးးးးးး

maylay said...

ကိုမြစ်ကျိုးအင်းဆီကို စာလာဖတ်မိတာ ကောင်းနေတာပါပဲ။ မေလေးက စာသာဖတ်ပြီး ပြန်သွားတာ မမန့်တတ်တော့ မရေးခဲ့ဘူး။ ကိုယ်ဖြစ်ချင်ခဲ့တာတွေနဲ့ သွားတူနေတယ်။ မေလေးလည်းပဲ ၈ နှစ် ၉နှစ်အရွယ်မှာ ၀တ္ထုကောင်းကောင်းဖတ်တတ်နေတာရော စာရေးချင်ခဲ့တာရော တူနေတာပါ။ ရုပ်ရှင်ဒါရိုက်တာတော့ မဖြစ်ချင်ပါ။ ဆက်ရေးပါလို့ အားပေးပါတယ်။ ဖြစ်နိုင်ရင် ဒီဘလော့လောကတင် မဟုတ်ဘဲ လူတိုင်းထိတွေ့ခွင့်ရှိတဲ့ စာပေမျက်နှာပြင်ပေါ်မှာပါ ရေးစေချင်ပါတယ်။ အစ်ကို့လို စာရေးကောင်းသူလိုမျိုး အများကြီးရှိစေချင်၊ သိစေချင်ပါတယ်။ (မေလေး က မန့်ရမှာ နည်းနည်းကြောက်ပါတယ်။) နည်းနည်းကိုယ့်တာကြောင့်ပါ။ ကိုမြစ်ကျိုးအင်း ကျန်းမာပျော်ရွှင်ပါစေ

reenoemann said...

အင်း ငါ့သူငယ်ချင်းက ဒါရိုက်တာလုပ်ချင်ပြန်ပြီဆိုတော့
ငါကကော ဘယ်နေရာမှာများ ပါဝင်လှုပ်ရှားရမလဲ ဆိုတာတော့ သိပါရစေကွာ။

အရင်တစ်ခါကတော့ ဆိုင်းတီးပြီးပြီ။
ခုကော

သယ်ရင်း ရီနို

TZA said...

မင်းသားရော.. မင်းသားရော.. လိုရင်ပြော.. ချက်ချင်းလာခဲ့မယ်။

thawzin said...

တကယ်တူလိုက်တာဗျာ... ကျွန်တော်ကတော့ အကိုလို ချရေးလိုက်တဲ့အထိတော့ သိုင်းဝတ္ထုကိုမရေးခဲ့ဖူးဘူး။ ကျွန်တော်က စိတ်ကူးထဲမှာ ချရေးတာ သိုင်းဝတ္ထုပေါင်း ၁၅အုပ်လောက်တောင်ရှိမယ်ထင်ပါ။ အတိုလေးတွေမဟုတ်ဘူး။ ၁၄ပိုင်းလောက်ရှည်တယ်။ ကျွန်တော်ဖတ်မယ်ဆိုရင်တော့ သိုင်းဝတ္ထုအရှည်ဆိုရင် အပိုင်းစုံမစုံ အရင်ကြည့်တာဗျ အပိုင်းစုံတယ်ဆို ပိုက်ဆံရှိရင်တော့ အကုန်လုံးငှားသွားတယ် သူများက ကြားဖြတ်ငှားသွားမှာစိုးလို့လေ။ သိုင်းဝတ္ထုဖတ်ချင်တာ ၉တန်းလောက်ကတည်းကပေါ့။ ၁၀တန်းဆိုတာကြီးမှာ ကျွန်တော်မဖတ်မိအောင် မနည်းကြိုးစားခဲ့ရတာ။ ၁၀တန်းဖြေပြီးပြီးဆိုတာနဲ့ ၁နှစ်တာ ဆုထားတဲ့ မုန့်ဖို့တွေနဲ့ တနေကုန်သိုင်းဝတ္ထုဖတ်တော့တာပဲဗျို့ ။ ရွာမပြန်ဘူး။ ရွာပြန်ရင် အိမ်က တောသွားပြီး အလုပ်ခိုင်းတာလေ။ ရွာမပြန်ပဲ မိဘမဲ့ကျောင်းမှာ နေပြီး ညပိုင်းအစောဆိုရင် ၀တ္ထုစာအုပ်ငှားရင်း လက်ဖက်ရည်ဆိုင်ထိုင်။ အို ဘာပြောကောင်းမလဲ အရမ်းကို အေးချမ်းတယ်ဗျာ။ ညကျရင် ၁ နာရီ ၂ နာရီနဲ့ မအိပ်ပဲ သိုင်းဝတ္ထုပြီးအောင်ဖတ်တယ်။ အကိုတော့မသိဘူး ကျွန်တော်ဆို သိုင်းဝတ္ထုကို ဖတ်နေမယ့် ကုန်သွားမှာ တအားစိုးရိမ်တာ။ ဖတ်နေရင်းကုန်သွားမှာစိုးလို့ ချန်ချန်ပြီး ပြန်ပြန်ဖတ်တဲ့ အကျင့်ရှိတယ်ဗျ။ အခုဆိုရင်တော့ သိုင်းကားဆို အပို ဟက်ဒစ်နဲ့ ကူးထားတာ ကျောင်းပိတ်တဲ့နွေရာသီဆို မအိပ်တော့ဘူး ။မိုးလင်းပေါက် ကွန်ပျူတာဖွင့်ပြီး ကုတင်ပေါ်ကွေးနှပ်နေတော့တာပဲ။ ၀ါသနာတူချင်းမို့ ပွားလွန်သွားတယ်ဗျာ ။ မန့်တာနဲ့ မတူတော့ဘူး။ ပျော်ရွှင်စရာ နေ့ထူးနေ့မြတ်များပါဗျာ

ကြည်ဖြူပိုင် said...

စာရေးချင်စိတ်ကငယ်တည်းကဖြစ်ခဲ့တာပဲနော်
ဒါကြောင့်စာရေးကောင်းတာ
ရင်ရှုပ်ဒါရိုက်တာလုပ်လည်းအောင်မြင်မှာပါ
သူငယ်ချင်းရ

ကိုညီမင်း said...

ငယ်ငယ်ထဲက ၀ါသနာပါခဲ့တာကြောင့်အခုတော့ ဘာရေးရေးဖတ်ကောင်းနေတာနဲ့ တုတယ်။
လေးစားပါတယ်စာရေးဆ၇ား))
နောက်ထပ်အသစ်တွေလည်းထပ်မျှော်နေပါတ်ယ။တနေ့နေ့မှာ ဒါရိုက်တာကြီးဖြစ်လာ၇င်ဒီအကြောင်းတွေ
၇ိုက်ပါလား။

မငုံ said...

ငယ်ငယ်က သိုင်းစာအုပ်ဖတ်တာ ၀ါသနာပါတာချင်းတူတယ်။ မရဏသွေးရထားဆိုတဲ့ သိုင်းဝတ္ထုကို ခဏခဏဖတ်တာ အလွတ်ရလွန်ပြီး အိမ်မှာ ပြောပြနေလို့ အမတွေက နင်ပေါက်သွားဦးမယ်တဲ့။ :) ဒါပေမဲ့ ကိုမြစ်လိုတော့ သိုင်းကျမ်းကြီးရေးဘူးဗျ။

ဧရာ said...

သိုင်းဝတ္ထုလေးအဖွင့်လေးကို ဖတ်သွားပါတယ်။ ကျွန်တော်က ၁၃နှစ်သားလောက်မှ ၀တ္ထုစဖတ်တတ်တာ။ မင်းသိင်္ခ၀တ္ထုတွေပေါ့။ ကိုမြစ်က ၁၃နှစ်သားလောက်က စပြီး သိုင်းလောကကို စွန့်ခွာခဲ့ပေမယ့် ကျွန်တော်က တက္ကသိုလ်ရောက်မှ သိုင်းဝတ္ထုတွေ စဖတ်ဖြစ်ခဲ့တယ်။ မှတ်မှတ်ရရ “နဂါးနိုင်ဓား” နဲ့ “သိုင်းလောက၏ စိန်ခေါ်သံ”က စဖတ်ဖြစ်တဲ့ ၀တ္ထုတွေ။ အဆောင် အခန်းကပ်လျှက် သူငယ်ချင်းကနေ သိုင်းဝတ္ထုဇာတ်လမ်းတွေကို မငြီးမငွေ့ပြောတတ်လွန်းရာကစပြီး… သိုင်းဝတ္ထုအုပ်တွဲတွေကို မငြီးမငွေ့ဖတ်ဖြစ် သွားတာ။ “သိပ်တော်တဲ့ ရန်သူ, သွေးကလဲ့စား, မထင်မှတ်ပဲရသွားတဲ့ သိုင်းကျမ်း, ဆေးမြစ်, သိုင်းမင်းသမီးလေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ မင်းသား” … စိတ်ဝင်စားစရာ ကောင်းခဲ့ပါတယ်။ ကိုမြစ်လို သိုင်းဝတ္ထု ရေးမကြည့်ခဲ့ဖူးပေမယ့် … အခုနောက်ပိုင်း မကြာခဏ စိတ်ကူးထဲမှာ ဒါရိုက်တာ လုပ်ကြည့်ခဲ့ဖူးတယ်။

Yu Ya said...

သိုင်းလာသင်သွားတယ် ကိုမြစ်ကျိုးအင်းရေ...

yu ya

yangonthar said...

သိုင်းဝတ္တုအကြောင်းမပြောကြေး အစ်ကို ဟဟဟ ..... ကျနော်လည်း တူတူပဲ မပြောတော့ ပါဘူးအစ်ကိုရာ ... ဟဟ ခုလည်း အစ်ကို စာရေးဆရာဖြစ်နေပါပြီ တောက်မယ့် မီးခဲတရဲရဲ ပေါ့ ..... ဘာပဲဖြစ်ဖြစ် ဘာပဲ ရေးရေး စာရေးချင်တယ်ဆိုတဲ့စိတ်က သိုင်းဝတ္တု ဖတ်တဲ့လူတိုင်းမှာ ရှိတာမှ မဟုတ်တာပဲလေ ..... အစ်ကို နေကောင်းတယ်နော် ကျနော်တော့ ခုတလော အရှုပ်တွေလုပ်နေတာနဲ့  ရွာထဲ မရောက်ဖြစ်ဘူး
လေးစားလျှက်
ရန်ကုန်သား :)

Law Shay said...

http://opera.lawshay.com/2008/02/blog-post.html

ဆောင်းယွန်းလ said...

ညီလေးရေးထားခဲ့တဲ့ ဝတ္ထုက မိုးကျော်သူတို့ရေးတဲ့ ဝတ္ထုတွေနဲ့ နင်လားငါလားပဲ...အဲဒီကတည်းကသာ ဆက်ရေးခဲ့ရင် အောင်မြင်ခဲ့မှာ ညီလေးရေ..
အစပျိုးနိဒါန်းလေးကို ဖတ်လိုက်ရတာနဲ့တင် စိတ်ဝင်စားစရာကောင်းသွားပြီ.

ခင်မင်တဲ့
ဆောင်းယွန်းလ

ဖိုးသူ said...

မအားလို့အခုမှဝင်ဖတ်ဖြစ်တယ်.....အရမ်းဖတ်လို့ကောင်းပါတယ်။ဆက်ကြိုးစားပါဦးချာတိတ် ဟီးဟီး

march.pisces88 said...

မင်းသမီးငှားရင်မမေ့နဲ့ နော်...ဟီးဟီး

မိုးခါး said...

အကို သိုင်းဝတ္တုတွေ ဒီလောက်ဖတ်တာ သိုင်းတော့ ကောင်းကောင်းတတ်မယ်နော် .. :D
တပည့်ခံရင် ကောင်းမလား :P

သားကြီး said...

ဆင်ဝှေ့ရန်ရှောင်သိုင်းကိုအကျယ်ရေးပါဦးသယ်ရင်းရ
ငယ်ငယ်ကတည်းကစာရေးတော်တာခုမှသိတယ်
ကိုယ်ဆိုအဲဒီအရွယ် ကျောင်းစာကလွဲလို့ကျန်တာဘာမှဟုတ်တိပတ်တိဖတ်တာမဟုတ်ဘူး (ကျောင်းစာတောင်မှမကောင်းတတ်လို့နော်ဟဲဟဲ)
သိုင်းဝတ္ထုဖတ်ရင်လူတွေတော်တော်စွဲကြတယ်
သိုင်းဝတ္ထုဖတ်သမားတွေကြည့်လိုက်ရင် ဂျိုင်းကြားမှာစာအုပ်အထူကြီးတွေညှပ်လို့
သိုင်းစာအုပ်နေရာမှာ ကျမ်းစာအုပ်သာဆိုရင် ပါမောက္ခဘိုးအေကြီးတွေဖြစ်နေကြလောက်ပြီ စာဖတ်အားတော့တော်တော်ကောင်းကြတယ် သိုင်းလည်းတတ်မယ်ထင်တယ်:P

အပြုံးပန်း said...

ငယ်ငယ်တုန်းက သိုင်းတ္ထုစွဲဖူးတယ်၊ ကိုယ်ကိုယ်တိုင်ရေးဖို့ တခါမှ မစဉ်းစားဖူးဘူး။ သိုင်းဝတ္ထုရေးနည်းကို ဖတ်ရင်းနဲ့
တခြားဝတ္ထုလည်း ဒီလိုပဲ ရေးရင်ရသားပဲ လို့တွေးမိတယ်။

မိုးမောင် said...

သြော်... တကယ့်ပညာရှင်နဲ့မှ ကြုံတတ်ပလေကွယ်...။ ဒါရိုက်တာလည်းလုပ်အုံးမယ်ဆိုတော့ ကျုပ်လည်းအခင်အမင်မပျက်အောင် ကပ်ပေါင်းထားမှပါလေ။ တကယ့်ပညာရှင်တွေဆိုတာ ရုပ်သာကြည့်ရဆိုးတာ စာရေးဆိုလည်းကောင်းတာပဲ၊ ဇာတ်ဆရာလုပ်လည်းကောင်းတာပဲ၊ ဘော်ဒါဘော်ဂျွတ်တွေဆိုလည်း ပေါပါဘိ။ မြစ်ကျိုးအင်းတို့ တော်ပုံပြောပါတယ်။ ဘယ်လောက်တော်သလဲဆို ဆိုဒ်စုံရတယ် တချက်ကလေးတောင် မဲ့မသွားတတ်ဖူး.. အဲ..အဲ လူကြီးလူငယ်မရွေးခင်မင်ပြီး သည်းခံတတ်တာကို ပြောတာပါ။ တကယ်ဒါရိုက်တာလုပ်မယ်ဆိုကြိုပြော ကျုပ်လည်းရုပ်ရှင်မင်းသားလောက ကနေ အပြီးနှုတ်ထွက်လိုက်တော့မယ်။

အားကြီးခင်တဲ့
မိုးမောင်
မှတ်ချက်။ ။ ကျုပ်ကို ဘယ်လိုပြန်ခင်မလဲ စဉ်းစားထား။ :D ကျုပ်ကို ပြန်ခင်ရင် အီးယောင်ဝါးသိုင်းကျမ်းကြီး ခင်ဗျားကိုပေးမယ်။

ချမ်းလင်းနေ said...

ကျွန်တော်လဲ ငယ်ငယ်က သိုင်းစာအုပ်တွေကို အတော်စွဲစွဲလန်းလန်းဖတ်ဘူးတယ်။ခင်ဗျားရေးသလိုပဲ အတွဲများမှပဲ ဖတ်ချင်ခဲ့တယ်။ခင်ဗျား ရေးထားတာဖတ်ရတော့ အဲဒီတုန်းက သိုင်းနာမည်လေးတွေ သွားသတိရမိတယ်။

 

Posts Comments

©2006-2010 ·TNB