ငယ်စဉ်က ကျောင်းပိတ်ရက်တွေဆို အဘွားနေတဲ့ရွာ သွားလည်တာလေးတွေ ပြန်တွေးရင်း ဆွေမျိုးတွေ အကြောင်းပါတွေးမိသွားတယ်။ ကျေးလက်လူနေမှု ပုံစံအတိုင်းပါပဲ တချို့တွေများ ပေပုံရွတ်ပုံတွေ
အောချယူရတယ်။ တရွာစီမှာနေတဲ့ ညီအကိုဝမ်းကွဲတွေ စုံပြီဆိုရင် တယောက်နဲ့ တယောက် စကားနိင်လုကြ ပေါက်ပေါက်ရှာရှာ ပြိုင်ကြနဲ့ တော်တော်ပျော်ဘို့ ကောင်းခဲ့တယ်။
ညီအကိုတွေ ကလည်း ခပ်ရွတ်ရွတ်တွေ ဆိုတော့ လောင်းစရာမရှိရင် အရက်တိုက်ကြေး ဆိုပြီးတယောက်နဲ့ တယောက် လက်ကောက်ဝတ်ချင်းပွတ်ကြတာ အရေခွံတွေစုတ်တဲ့အထိ အလျော့မပေးကြဘူး။ ဘေးက မနေနိင်တဲ့အဒေါ်တွေက တော်ပါတော့ ငါတို့ပဲကြားကနေ အရက်ဖိုး ပေးပါ့မယ်ဆိုပြီး ထုတ်ပေးမှ ညီအကိုတွေ ပခုံးဖက်ပြီး အရက်သွားသောက်ကြတာ။ တယောက်နဲ့တယောက် စိတ်လည်းမဆိုး တတ်ကြသလို ဂျောက်ချ ဘို့လည်း အမြဲ တွေး နေတတ်ကြတာပါပဲ။
ရွာရောက်တိုင်း အချင်းချင်း ပြောတတ်ကြတဲ့ ခိုင်းနှိုင်းတဲ့ စကားဆန်းဆန်းလေးတွေ ၊ထူးထူးခြားခြား အကျင့် စရိုက်တွေ ကိုအခုချိန်ထိ အမှတ်ရနေမိတယ် ။ထူးထူးခြားခြား အကျင့်ရှိသူတွေထဲမှာ ကျွန်တော့်အကိုဝမ်းကွဲ တယောက် လည်းပါ တယ်။ သူ့ကို ကျွန်တော်တို့က အကိုလေးလို့ခေါ်ပြီး သူ့ရဲ့အကျင့်က နည်းနည်း ထူးဆန်းတယ်ပြောရမယ်။
သူကညအိပ်ရင် ယောင်တတ်တာပဲ။ သူယောင်ပုံက သူများတွေ ထက်ထူးတယ် ။သူအကျင့်က အိပ်နေရင်းနဲ့ အိပ်မက်ထဲမှာနေ့လည်က ကစားခဲ့တဲ့ငှက်ဖမ်းတာတွေ လိပ်ပြာဖမ်းတာတွေ ကိုပြန်ယောင်ရင်း လမ်းထ လျှောက်တတ်တာ။သူအိပ်မောကျနေပြီဆိုအသံထွက်လာပြီ “ဟိုမှာ တစ်ကောင်.....ဒီဖက်မှာလည်း တစ်ကောင်ဟေ့...မိအောင်ဖမ်းဟ ငါတော့ တစ်ကောင်မိပြီ”ဆိုပြီး ခြင်ထောင်ထဲက ထွက်ပြီး အိမ်ထဲမှာ လိုက်ဖမ်းတော့တာပဲ။
ရွာတွေမှာက ခြေတံရှည်အိမ်တွေဆိုတော့ သူညအိပ်ရင်းနဲ့ ယောင်ပြီး အောက်ပြုတ်ကျမှာစိုးလို့ ညတွေဆိုတံခါး တွေအလွယ်တကူ ဖွင့်မရအောင် သေသေချာချာ ပိတ်ထားရတယ်။ တခါတလေ သူက ခြင်ထောင်ထဲမှာ ငှက်လိုက် ဖမ်းနေပြီဆိုသူ့အမေကျွန်တော်တို့အဒေါ်က ခြင်ထောင်အပြင်ကနေ လက်ချောင်းလေးတွေကို စုပြီး ခြင်ထောင်ကို ထိုးထားပေးတယ် ခြင်ထောင်ထဲကကြည့်ရင် ငှက်လိုလိုပေါ့ ။
အဲဒါမျိုးဆို သူကငှက်ထင်ပြီး အဲဒီလက်ကို ဖမ်းတော့တာပဲ။အဲဒါကိုကြည့်ပြီး ကျန်တဲ့သူတွေက ရယ်နေကြရတယ်။ သူယောင်တတ်တာလည်း မျိုးရိုးလိုက်တာလားတော့ မသိဘူး ။ သူ့အမေကိုယ်တိုင်လည်း ယောင်တတ်တာပဲ။ တခါများဆို ညသန်းခေါင် အိမ်အောက်ဆင်းသွားပြီး။ အိမ်အောက် ရောက်တော့ ထမင်းအိုး တအိုးတောင် တည်လိုက် သေးတယ်ဆိုပဲ။ ထမင်းအိုး ကျက်သွားတဲ့အထိ အိပ်ယာမနိုးဘူး တဲ့လေ။အခုထိကို ပြောစမှတ်တွင်တယ်။
အကိုလေးအကြောင်း ပြန်ဆက်ရရင် တခါတော့ အယောင်ကောင်းလို့ သေမလို ဖြစ်သေးတယ်။ ကျွန်တော်တို့ ရွာဘက်တွေက သရက်ပင် ငှက်ပျောပင် စိုက်ကြတယ်။ သီးလာတဲ့ ငှက်ပျောခိုင်တွေ သရက်သီး တွေကိုလည်း ရန်ကုန်မှာရှိတဲ့ ကုန်စည်ဒိုင် တွေကို မော်တော်တွေနဲ့ သွားရောင်းကြရတယ်။
တခါတော့ ကုန်းစိမ်းရောင်းသွားရင်း နဲ့ အကိုလေးက ရန်ကုန်လိုက်သွားတယ်။ ညရောက်တော့ ရန်ကုန် ကီလီဘောတံတားဆိပ်မှာ မော်တော်ရပ်ထားပြီး မော်တော်ပေါ်မှာပဲ ညအိပ်ရတာပေါ့။ ညသန်းခေါင်လည်းရောက်ရောအိပ်မက်ထဲကနေယောင်ပြီး ရေထဲခုန်ချပါလေရော။ ကီလီဆိပ်ကမ်းမှာမော်တော်တွေက တန်းစီရပ်ထားတော့ မော်တော် တွေအောက်ထဲရောက်သွားရင် ပြန်ထွက်ဘို့မလွယ်သလို ဆိပ်ကမ်းဘောတံတားအောက် ရောက်သွားရင်လည်း ထွက်ဘို့ မလွယ်ဘူး။
အဲဒီအချိန်မှာ ကံကောင်းတာက ဆိပ်ကမ်းမှာသူခိုးတွေရှိတတ်တော့ ဆိပ်ကမ်းစောင့်ရဲတွေ ကင်းလှည့် နေကြ တာပဲ။ ရေထဲကို လူခုန်ချတဲ့ ၀ုန်းခနဲအသံကြားတော့ ရဲတွေကသူခိုးထင်ပြီ လက်နှိပ်ဓါတ်မီးတွေ ထိုးထားပြီး မော်တော်တွေကိုလည်းအော်ပြီး သတိပေးတော့ မော်တော်ပေါ်ကလူတွေလည်း နိုးလာကြတယ်။ ရေထဲကို လက်နှိပ် ဓါတ်မီးတွေ ၀ိုင်းထိုးကြတော့ ရေကူးနေတဲ့ အကိုလေးကို တွေ့ကြတာပါပဲ ။ ဦးလေးလည်း သူ့သားမှန်း သိတော့ ရေထဲကိုခုန်ချပြီး ဆယ်လိုက်ရတယ်။ ဦးလေးလည်း ကြောက်သွားပြီး နောက်အခေါက်တွေ မခေါ်ရဲတော့ဘူး ဖြစ်သွားရတယ်။ နောက်ပိုင်းအသက်တွေကြီးပြီး မိန်းမရတော့ အဲဒီယောင်တတ်တဲ့ အကျင့်လည်း ပျောက်သွား တော့တယ်။(ဆေးတည့်သွားလို့နဲ့တူတယ်)
ရွာအကြောင်းတွေ ပြန်စဉ်းစားရင် မမေ့နိင်တဲ့ သူခိုးဖမ်းပွဲတခုကို သတိရမိတယ်။ ကျွန်တော်တို့က နွေရာသီ ကျောင်းပိတ်ရင် အဖွားနေတဲ့ရွာကို သွားလည်လေ့ရှိတယ်။ ရွာရောက်တဲ့အခါ ညီအကိုတွေ အဖော် အပေါင်းတွေနဲ့တနေကုန်ကစားကြတာပဲ။ အဲဒီအချိန် ရွာမှာကတချို့သူငယ်ချင်းတွေက ဘုန်းကြီး ကျောင်းမှာနေပြီး စာသင်ကြတယ်။ သူတို့ကကျောင်းမှာပဲ ညအိပ်ကြရတယ်။ ကျွန်တော်တို့က မနက်၉နာရီ လောက်ဆို ဘုန်းကြီးကျောင်းသွားပြီး ကစားလေ့ရှိကြတယ်။
ရွာဦးကျောင်းကလည်း ခြေတံရှည်ပါပဲ။ ကျောင်းအောက်မှာ လောင်းလှေလို့ခေါ်တဲ့ ပြိုင်တဲ့လှေတွေကို
မှောက်ပြီးထားတယ်။ရွာအချင်းချင်းလှေပြိုင်ပွဲတွေလုပ်ရင် အဲဒီလှေတွေနဲ့ ပြိုင်ကြတာပေါ့။ ဘုန်းကြီးကျောင်းက ကျောင်းတိုင်လုံးတွေကလည်း တော်တော်ကြီးပါတယ်။ တစ်မနက်ခင်း ကျွန်တော်ရောက် သွားတော့ဘုန်းကြီးကျောင်းမှာ ပြဿနာသေးသေး တခုဖြစ်နေပြီ။ ပြဿနာကကျောင်းရဲ့ တိုင်ခြေရင်းမှာ ဘယ်သူမှန်း မသိဘဲ မစင်စွန့်သွားခဲ့တာပဲ။
ဘုန်းကြီးကျောင်းသားတွေတက်ဖို့ အိမ်သာကို ခပ်လှမ်းလှမ်းမှာ ဆောက်ထားပေးပေမယ့် ညဘက် တယောက်ယောက်ကကြောက်ပြီး အိမ်သာအထိ မသွားနိင်ဘဲတိုင်ခြေရင်းမှာပဲ ကိစ္စပြီးလိုက်ပုံရတယ်။ ပြဿနာက ဘယ်သူ့လက်ချက်မှန်း ဖော်မရဘူး ဖြစ်နေတာပါ။
ကျောင်းသားကြီးတွေက အီးကျုံးရတော့မှာဆိုတော့ တရားခံကိုဖော် ထုတ်ချင်နေတယ်..။ခက်တာက ဘယ်သူကမှ ကိုယ့်လက်ချက်ပါလို့ ၀န်မခံကြတာပဲ ။ အဲဒီတော့ တယောက်နဲ့တယောက် မင်း မဟုတ်လား ဘယ်သူမဟုတ်လားနဲ့ စွပ်စွဲနေကြပေမယ့် တကယ့်တရားခံ အစစ်ကို မဖော်ထုတ်နိင်ဘူး ဖြစ် နေတယ်။ နောက်တော့ တယောက်က သူကြားဖူးတာလေး ၀င်အကြံပေးတယ်။ (ဂျေက်ချတာလည်း ဖြစ်နိင်ပါတယ်)
အဲဒီအီးပုံကို ငရုတ်သီးနဲ့ထိုးရင် ကာယကံရှင်ရဲ့ဖင်မှာ ငရုတ်သီးနဲ့ အပွတ်ခံရသလို ပူမယ်တဲ့။ ဒီတော့အခု ၀န်မခံရင် အီးပုံကိုငရုတ်သီး နဲ့ ထိုးမယ်ဆိုပြီး ခြောက်ပေမယ့် ဘယ်သူကမှ ၀န်မခံကြဘူး။ အဲဒါနဲ့ပဲ အီးပုံကိုငရုတ်သီးနဲ့ ထိုးမယ်ဆိုပြီး ဆုံးဖြတ်လိုက်ကြတယ် ။ ထိုးမယ့်သူ ရွေးတော့ နေရာတကာ ပါတတ်တဲ့ ၀ဏ္ဏက သူထိုးမယ် ဆိုပြီး သူရဲကောင်း ၀င်လုပ်တော့တာပဲ။ ဒါနဲ့ တယောက်က ကျောင်းပေါ်တက်ပြီး ငရုတ်သီး သွားယူတယ်။ ဖင်မပူမှာစိုးလို့တဲ့ ကုလားအော် သီး ယူချလာတယ်။
ဝဏ္ဏလည်း ငရုတ်သီးကိုင်ပြီး နေရာယူတော့ အကြံပေးတဲ့သူက ထပ် ပြော တယ်။ ဒီအတိုင်းထိုးလို့ မရဘူးကွ မျက်လုံးမှိတ် အသက်အောင့်ပြီး ထိုးရမှာတဲ့ စိတ်ထဲမှာလည်း လာလေရော့ဆိုပြီး ရွတ်နေရမယ်တဲ့ ဆိုပြီး ထပ်ချွန်တယ်။ ၀ဏ္ဏလည်း အဲဒီအတိုင်း လုပ်မယ်ဆိုပြီး အီးပုံနားမှာ ထိုင်လိုက်တယ်။ ငရုတ်သီးကိုင်ပြီးထိုးဘို့ အဆင်သင့် ဖြစ်နေပြီ။ ကျန်တဲ့သူတွေကလည်း စိတ်ဝင်တစား ၀ိုင်းကြည့် နေတာပေါ့။ ၀ဏ္ဏကအီးပုံကို တချက်ကြည့်ပြီး မျက်လုံးမှိတ်လိုက်တယ်။ ပြီးတော့ အီးပုံကိုငရုတ်သီးနဲ့ထိုးချ လိုက်ပါလေရော။
စိတ်ထဲမှာ လာလေရော့ ရွတ်ထားလို့နဲ့တူတယ် အီးပုံထိုးတဲ့ လက်ဆပြင်းပြီး လက်ချောင်းအဖျားတွေပါ အီးပုံထဲ ရောက်သွားပါလေရော ။ ကြည့်နေတဲ့ သူတွေလည်း ဟာခနဲ တသံထဲထွက်ပြီး ရယ်ကြပါလေရော ။ ၀ဏ္ဏလည်းသူဘာဖြစ်သွားပြီဆိုတာသိတာနဲ့“ငါ့ခွီးထဲမှပဲ” လို့အော်ပြီး မြစ်ဆိပ်ကို ပြေးပြီး
ရေထဲခုန်ချတော့တာပဲ ။ ကျွန်တော်တို့လည်း မြစ်ဆိပ် အထိ လိုက်သွားကြပြီး ၀ဏ္ဏ ကို ဟေ့ရောင် အီးပုံထိုးလို့ ၀ိုင်းအော် ကြတာ နာမည်ပါ တွင်သွားရော။
နောက်နေ့ တွေ ဘယ်သူကမှ ဖင်ပူတယ်လို့ သတင်းမထွက်လာတော့ ၀ဏ္ဏခမျာ နာမည်တလုံး အဖတ်တင် ကျန်ခဲ့ တော့တယ်။ နောက်ပိုင်း နှစ်တွေ ရွာသွားလည်လို့ ဒီ့ကောင့် တွေ့ရင် ၀ဏ္ဏရေ လာလေရော့ လို့ ပြောလိုက်တာနဲ့ ဒီကောင် တဟားဟား အော်ရယ်နေတော့တာပဲ ။ ပေါက်တတ်ကရတွေ အလွဲတွေနဲ့ ငယ်ဘ၀က ပျော်ဘို့ ကောင်းခဲ့တယ်။
ကဲ...လာလေရော့ ....!
43 comments:
တစ် ပါ။
ဟိဟိ.... ဖတ်လိုက်ဦးမယ်။
နှစ် နော်။
ဟင် ပိုလီယိုဆိတ်မ နှစ်ပေါက်တပေါက်ရိုက်လိုက်တယ်တော့ ဘာတစ်ပါလည်း ပါချင်ပါ မပါချင်နေ ဘာလည်း ပြောတော့ သူတစ်မယူပါဘူးဆိုပီး ဒါမျိုးတွေ မရိုးသားတာလုံးဝမကြိုက်ဘူးကွ တို့ကတော့ ခပ်တင်းတင်းပဲ တင်းဆိုနာမည်ကိုက သံမဏိဘဲလေ
ဟင်းးးးးးဟင်းးးးးးးး
မီးလတ်ဘဲတို့က ဒါမျိုးလုံးဝမလုပ်ဘူး ဟွန့်
လက်ညှိုးထိုးသင့် မထိုးသင့် ဖတ်လိုက်ဦးမယ် ဒယ်ဒယ်မြစ်ရေ တကယ်ပဲ အကြီးဖြစ်ပီး အကြီးလိုမနေတဲ့ ပိုလီယိုဆိတ် စာလုံးပေါင်းဖတ်နေတဲ့ မူယာဝက်ဘယ်ရောက်သွားလည်း ဟွန့်
ပါပါးဒါရိုက်တာကွက်ရေ စာဖတ်လိုက်ဦးမယ် ကျေနပ်ဘူးလုံးဝ
ငါ့ကြက်သည်းမြစ်ကို တစ်ပေးမလို့ပါဆို
သာမီးလေး
သံမဏိဘဲ
ငါးပဲ ရတယ် စိတ်တော့ သိပ်မကျေနပ်ဘူး မဖတ်ရသေးဘူး ကြိုရေးထားတာ :D
အောင်မလေးတော်အူတောင်နာတယ် တော်ပီ သူခိုးမဖမ်းတော့ဘူး လာလေရော့တဲ့ ဟင့်တော်သေးတယ် မြစ်ရှိပေမယ့် လုပ်စရာလား အဲ့အီးပုံ ဘယ်သူကျုံးလိုက်လည်း အူတောင်နာတယ်ဟယ် တကယ်ပဲ ထရောင်တတ်တာတော့ မြင်ဖူးတယ် အဲ့ဒါမျိုးလေ ရွာမှာလေ နေ့ခင်းကြီး အဲ့ဦးလေးက အိပ်နေရင်းနဲ့ ဓါးကိုင်ပီး နင့်ကိုသတ်မယ် အခုထွက်ခဲ့ သေပီသာမှတ်ဆိုပီး ရွာပတ်ပြေးတာ သူ့နောက်က တရွာလုံးလိုက်တာတောင်မမှီဘူး ဘာများဖြစ်လည်းပေါ့ နောက်တော့ ရွာတပတ်ပြည့်တော့ ဓါးချပီး ဆက်အိပ်နေတယ် တရွာလုံးအရူးဖြစ်ကုန်တယ် တကယ်ပါပဲ အဲ့ဒါတကယ်ရှိတယ်နော် တကယ်တော့သူတို့ကသနားဖို့ကောင်းတယ်နော်။
အူတက်လျှက်
ဒယ်ဒယ်မြစ်ရဲ့သာမီးလေး
ပိုလီယိုဆိတ်ရဲ့ ညီမလေး
မာယာဝက်ရဲ့ အမ
သံမဏိဘဲ
ဟဲဟဲ ဘာပဲပြောပြော ငါ နောက်ဆုံးဆိုတော့ ၁ ရပါတယ် ဟီးးးဟီးးးး နင်တို့တွေရှုံးပြီနော် ပြောပြီးသားလေ နောက်ဆုံး လာတဲ့ လူ အနိုင်ရကြေး ဟွန့်
မူယာဝက်လို့မခေါ်နဲ့ နာဒယ်(Nadal) ဝက်ပဲခေါ်ခေါ် နံဒယ် ဝက်ပဲခေါ်ခေါ် ကြိုက်တယ် ဒါဗြဲ
ဟဟဟားးးးးးးးးးးးးးးးး
ကဲလာလေရော့.... အီအီးပုံကို လက်နဲ့ထိုးးးး
ပီးတော့ အီးပုံဟုတ်မဟုတ် နဲနဲမြည်းကြည့်။ အဲလေ...
ပေါက်ကရပဲရေးနေမိတယ် ကိုမြစ်ကြီးရေ.....ခွေးလွှတ်ပါ.. အဟဲ... ကိုသားကြီး ညီမကိုးဗျ။ ဟဲဟဲ
ရယ်လိုက်ရတာ အူတောင်နာတယ်။
တော်ပီ လစ်တော့မယ်။
အီးပုံကြီးဖတ်ပြီးမှ သူခိုးလဲ ဖမ်းချင်တော့ဘူး။
ထမင်းစားမလို့ဟာကို... ဟဟဟားးးးးးးးးးးး
အားရပါးရ ရယ်လိုက်ရလို့ ကျေးဇူးတင်တယ် အကိုရေ....
လာလေရော့..........း)))
ကိုယ့်လူကတော့ တပုဒ်ဆို ဆိုသလောက်ပါပဲ...
တော်ပါသေးရဲ့ စားရင်းသောက်ရင်း မဖတ်မိလို့...
စကားမစပ် ကိုယ့်လူက ကလအော်ငရုတ်သီး တယ်ကြိုက်ဆိုကွ...း)
းဝ)
ဟားဟား ငါဘိတ်ကွ ငါ နိုင်တာပေါ့ မူယာဝက်ရ မူယာမာယာကိုများတယ်။ ဟိုဆိတ်ကလည်း ပိုလီယိုဆိုတဲ့နာမည်အတိုင်း ကောက်မယ်ဆိုတာကြီးပဲ ကောက်ဟေ့ ကောက်ဟ ငါတော့ ဆက်ဖျားလိုက်ဦးမယ် အဖျားကလည်း ကျလိုက်တက်လိုက်နဲ့ စိတ်ကုန်လာပီ ပြန်ပီတော်ပီ ဓါတ်ကြမ်းကုပြီး ရေချိုးတော့မယ် ဒါဗြဲ
သံမဏိဘဲလည်း ဒီအဖျားကိုတော့ မခံနိုင်တော့ဘူး ဟင့်ဟင့်
ကိုမြစ်ကျိုးအင်း ကဘယ်အဖွဲ့မှာပါလဲဗျာ.... အစ်ကိုတို့ရွာကိုတော့ လိုက်လည်ချင်တယ်ဗျာ... နောက်အပြင်မှာဆုံရင် သွားကြတာပေါ့...တစ်နေ့နေ့ပေါ့လေ....
ခင်မင်စွာဖြင့်
ကိုကိုသုန်
ဟိုအပေါ်က ဝမ်းမနာ သာမီးတွေ သောင်းကျန်းသွားလိုက်ကြတာ ... ဖွားကိတောင် မြစ်ထဲ ဒိုင်ဗင်ထိုးချရမလို ဖြစ်နေပြီ ။ လာလေရော့ ဟယ် ...
ဧကန္တ မဟုတ်မှ လွဲရော .. အဲ့ဒီ ကျွန်တော်ဆိုတဲ့ သူပဲ ရေခဲတုံး x င်ကြား ညှပ်ထားပြီး ဇာတ်လမ်းဆင်လိုက်တာလား မသိပါဘူးလေ ...
ရယ်စရာတွေ ဖတ်ရတာ အသက်ရှည်ဆေး တပါးပေါ့ ဆရာ မြှစ် ရယ် ..း) ။
ငယ်ဘဝလေးတွေကတော့  ကြီးဘဝတွေနဲ့ ယှဉ်ရင် အမြဲပဲ
လတ်ဆတ်၊လန်းဆန်းနေတတ်ပါတယ်လေ။ ပြန်တွေးကြည့် 
တိုင်း မနေ့ တစ်နေ့ ကလိုဖြစ်ဖြစ်နေတတ်ပေမဲ့  ကြည်နူးမှုလေး
တွေ၊ ဆွတ်ပျန့် မှုလေးတွေကို ဒီပို့ (စ)လေးဖတ်ပြီးပြန်ရရှိ
မိပါတယ်။ အခုအချိန်မှာ ပြန်လည် မရရှိတော့ တဲ့  လတ်
ဆတ်မှုလေးတွေပါပဲလို့ ။
ရီရတယ်ဗျာ...။ ၀ဏ္ဏတော့ဘယ်လိုနေမယ် မသိဘူး။ ဖတ်တဲ့လူတောင် အန်ချင်သွားတယ်။ ငယ်ဘ၀ဖြစ်ရပ်လေးတွေထဲက ရီစရာလေးတွေ ပြန်ဖော်ထုတ်ထားလို့ ဖတ်လို့ကောင်းတယ်ဗျာ။ ဂွတ်ထ။
ခင်မင်လျက်...
ဟုတ်တယ်ဗျ၊ အဲဒီအကျင့်ကြီးက ဆိုးတယ်နော့်။ ဇတ်ကားတကားကြည့်ဖူးတယ်လေ။ မင်းသမီးက ညညထထသွားတာ အဲဒါ ညတိုင်းမင်းသားနဲ့ သွားရင်းနဲ့ ချစ်သူတွေဖြစ်သွားရော၊ ညရောက်ရင်တော့ သူက ချစ်သူမှန်းသိတယ်၊ မနက်လင်းတာနဲ့ ချစ်သူဆိုတာမသိဘူးလေ။ အဲဒီလိုရှိတယ်ထင်တယ်နော်။ မကောင်းပါဘူးအဲဒီအကျင့်တွေက အန္တရယ်များပါတယ်။ အကျင့်ကိုပျောက်အောင် လုပ်ပေးကြသင့်တယ်။
အစ်ကိုရေ..
ငယ်ဘ၀ရဲ့ ပျော်စရာဟာသလေးတွေကို အားပါးတရဖတ်သွားတယ်နော်
ရွာမှာနေခဲ့ရတဲ့ ဟိုအရင်က ဘ၀တွေက ပြန်ပြီးမရနိုင်တော့သလို တစ်ကယ့်လွမ်းစရာလေးတွေပါပဲ...
နှင်း
ကိုမြစ်ရေ
ငယ်ဘဝအတွေ့အကြုံတွေကို ကွက်ကွက်ကွင်းကွင်း မြင်အောင်ရေးသွားတာများ ဖတ်နေရင်း ရုပ်ရှင်ကြည့်နေရသလိုပဲ...
ရုပ်ရှင်ဆိုတော့ သိတယ်ဟုတ် ရုပ်မြင် သံကြား
အနံ့တော့ မရဘူးနော်.....
နှာခေါင်းပိတ်နေတယ် ခုတလော
ဟားဟား ..
တော်သေးတယ် .. ကျနော် ထမင်းစားမို့ပြင်နေတာ ..မစားရသေးလို့ .. ခိခိ ..
ထောင်တဲ့လက်ညှိုး အီးပုံထိုးဆိုတဲ့ စကားပုံနဲ့တော့ ကွက်တိကိုးဗျ .. ဟားဟား ..
ဟား ဟား ဝိုင်းကြည့်တဲ့ အထဲမှာတော့ မင်းပါနေမှာပေါ့။
သယ်ရင်းရီနို
ဟဲ့ လာလေရော့.. သူခိုးဖမ်းရင် ကိုယ့် အမ ဆိုပြီး မခေါ်ကြေးနော်...
သူခိုးဖမ်းနည်းတော့  မကြိုက်ဘူးဗျာ ယောင်တတ်တဲ့  အကျင့် ပျောက်နည်းလေးတော့  ကြိုက်မိတယ် နောက်ထပ်ရဦးမလားလို့ ပါ ခင်တဲ့  ကိုကြီး သုဒြေ္န
မရယ်ဘူးဟဲ့လို့ အောင့်ထားကာမှ ခွိလို့ ထွက်သွားသေးတယ် လက်စသတ်တော့ အီးပုံထိုး..ဆိုတဲ့စကားလုံးက ဒီမှာ အင်အားကောင်းမှန်းသိတော့တယ်။ ရယ်စရာလေးတွေနဲ့အတူ မောစရာလေးတွေလည်း တင်ဆက်ပေးပါဦးအစ်ကို။ ရသကို ဖတ်လေ့မရှိပေမယ့် ဒီမှာရသတွေ စူးလဲ့တောက်ပနေလို့ လာမိနေတယ်ဗျာ။
လာလရော့ လို့တော့ မခေါ်လိုက်ပါနဲ့။ ကျွန်တော် ငမိုက်သား တစ်ခါလေး ထိုးမိတာပါ။ တစ်သက်စာ နာမည်တွင်ရော (၀ဏရေ အဖြစ်ဆိုးပါ့) :-)
အိပ်မက် မယောင်တတ်ပေမဲ့ အကိုလေးလို ယတြာလေးကောင်းမလား အိပ်မက် ယောင်ပြီး လူပျိုလှည့်ကြည့်ဦးမှ။ ဖြူသွယ်ချောနုကောင်မလေးတွေမှန်သမျှ သတိထား အိပ်ကြပါ။ :-)
ခင်မင်လျက်
ကောင်းပါလေ့
ဖြစ်ရမယ် ... တခါမှ မကြားဘူးတာတွေ ကြားသွားတယ်နော်။း)
ခင်မင်လေးစားလျှက်
မိန်းမလဲရရော..ယောင်လဲပျောက်ရော..
ဆိုတော့..စဉ်းစားစရာပဲ..း))
ကိုမြစ်ကျိုး
ဇာတ်လိုက်နာမည်ကို ပြောင်းထားတယ်ထင်တယ်နော့။
ကိုကျိုးကိုယ်တိုင် သရုပ်ဆောင်ခဲ့မှန်းမသိ။
ဟဲ ဟဲ။ စတာပါဗျာ။
ပျော်ရွှင်ပါစေ။
အဖြစ်ဆိုးပါပေ့ ၀ဏရယ် ချွန်တဲ့သူကလဲပိရိတယ်
ဖတ်ရင်းနဲ့ ၇ယ်နေမိတယ်။။
ကိုဝဏ္ဏအဖြစ်ကတော့ ဖတ်ပြီး ရီလဲရီရ။ ပြီးတော့ ပျော်စရာကောင်းတယ်။
သူခိုးဖမ်းချင်လို့လက်ညှိုးထောင်လိုက်ပြီဗျိုးးးး
ထောင်တဲ့လက်ညှိုး ဟိုအပုံမထိုးခိုင်းနဲ့လေ :P
ရေကူးနေတာတောင်အိပ်မက်ထဲမှာပဲရှိနေ
သေးတယ်ဆိုတော့ အံ့ရောပဲ
ငယ်ငယ်ကလည်းတစ်ခါကြုံဖူးတယ်
အဒေါ်တစ်ဝမ်းကွဲရဲ့သမီးလေး အိပ်နေရင်းနဲ့
အံကြိတ်တာ လူကြီးတွေပြောကြတာ အဲလိုအိပ်နေရင်းအံကြိတ်ရင် ပါးရိုက်ပေးရတယ်တဲ့ နောက်ဆိုအံမကြိတ်တော့ဘူးတဲ့ အဲဒါနဲ့သူ့အမေလည်း ခပ်ဖွဖွကလေးရိုက်ဖို့လုပ်တယ် အဲလိုရိုက်ဖို့လက်လည်းရွယ်လိုက်ရော သမီးဖြစ်သူကအိပ်နေရင်းကနေပဲ “အမေ ဘာလုပ်တာလဲ”ဆိုပြီးအသံထွက်လာတော့
သူ့အမေတောင်လန့်သွားတယ်
တကယ်လည်းသမီးဖြစ်သူကမနိုးဘဲနဲ့ကိုအဲလိုအသံထွက်သွားတာ
တော်တော်အံ့သြစရာပဲ
ခုတော့အံမကြိတ်တော့ဘူးတဲ့
အပျိုဖြစ်သွားလို့ ဟဲဟဲ
အပေါ်ကတစ်ယောက်ကွန်မန့်ပေးသွားသလိုပဲ
မိန်းမရမှယောင်တဲ့အကျင့်ပျောက်သွားတာ
အံ့ရော အံ့ရောပဲ ဟီးးး
မဟုတ်မှလွဲရော မဟုတ်မှလွဲပြီပေါ့
အဟွီးးးးးးးဟွီးးးးးး
သယ်ရင်းရေးတဲ့ရွာအကြောင်းတွေဖတ်ရတာ
ပျော်ဖို့ကောင်းတယ် ငယ်ဘဝကိုလည်းသတိရစေတယ်
ဒါနဲ့စကားမစပ် အပေါ်က ပါးလုံးတို့အဖွဲ့သောင်းကျန်းလှချည်လား :P
ကဲ...သယ်ရင်းရေ..... အကြောင်းတိုက်ဆိုင်မယ်ဆိုရင်တော့ ဘလော့ဂါအငြိမ့်လေးဆက်ပါဦးးး...။
ယောင်တတ်တာမကောင်းဘူးနော် အဲလိုယောင်တတ်တဲ့လူတွေကို ကြည့်ပြီး ကျွန်တော်ကတော့ သနားတယ်..သူတို့ ပင်ပန်းလွန်းလို့ ကိုမြစ်ကျိုးအင်း ငယ်ဘ၀အတွေ့အကြုံတွေ တော်၂မှတ်မိတာပဲနော့်
မြစ်ကျိုးအင်းထဲက ပျော်ပျော်ကြီး ဆင်းကူးသွားပါတယ်ဗျာ ... ရေတွေတက်လာရင် မိခင်မြစ်မနဲ့ တချိန်ချိန်ပြန်ဆက်သွားမှာပါဗျား)
ကဲ.လာလေရော့တဲ့လား..
ဖတ်ပြီအူတက်မတတ်ကိုရယ်ရတယ်ညီလေးရေ...
ငယ်ဘဝရဲ့အလွဲတွေပေါ့...
ဟီးဟီးးး
တွေးတွေးပြီးရယ်လိုက်ရတာ ;)
တချို့ယောင်တတ်တဲ့သူတွေကျတော့ အိမ်ထောင်ကျပြီးလည်း ယောင်တုန်းပဲလေ ယောင်နည်းကတော့ မျိုးစုံပေါ့
ကိုမြစ်ပြောတာတွေတော့ အားလုံး အဆန်းပဲ တော်တော်ရယ်ရတယ် :D
သူခိုးဖမ်းချင် လက်ညိုးထောင် ထောင်တဲ့လက်ညိုး..........
*^_^*
ရယ်ရတယ်..ယောင်တာလေးတွေက..
အကို စာရေးကောင်းတယ်...
ကိုယ်ကိုယ်တိုင်တော့ အအေးပတ်လို့ ယောင်ရင် သရဲသဘက်နဲ့တွေ့သလိုလို အသံထွက်လို့မရဖြစ်တာမျိုးထိပဲ ဖြစ်ဖူးတယ်။
ကိုယ်ကတော့ တခုခုညအိပ်ရင် နေ့ဘက်စိတ်လှုပ်ရှားစရာ ဖြစ်သမျှ ယောင်တော့ တာပဲ ။ တခုခု အလန့်တကြားဖြစ်ရင်တော့ အမလေးေxာက်-တ် ကြီးကို -ိုးကုန်ပြီလို့ အော်မိတော့တာပဲ ။ ကိုယ့်သိက္ခာနဲ့ လူကြားထဲအရှက်ကွဲပေါင်းများပေါ့ ။
ကိုစိုး
ညအိပ်ရင်ယောင်ပုံထူးဆန်းတာတွေအမျိုးမျိုးမြင်ဖူး တယ်။သူခိုးဖမ်းနည်းတော့ တသက်မမေ့နိင်စရာပဲနော်..
ကြံကြံဖန်ဖန်နော်
ထမင်းမစားရသေးလို့ တော်သေးတယ်
ကြံကြံဖန်ဖန်ရေးတတ်တယ် အစ်ကိုရယ်
အားပေးသွားပါတယ်ဂျာ
Post a Comment