ဘေလာဂ္ဂါ နှင့် အဏ္ဏဝါ

04 March 2010




အခန်း (၁)
ခရီးထွက်ပြီ

အစောပိုင်းက နှုတ်ဆက်သံများဖြင့် ကျွက်ကျွက်ညံနေသော ဆိပ်ကမ်းသည် ယခုတော့ တစ်ဖြေးဖြေးဝေး၍ ကျန်ရစ်ခဲ့သည်။ လက်ပြနှုတ်ဆက် နေသူများလည်း အလျှိုလျှို လှည့်ပြန်သွားကြသည်ကို ရွှင်ပျော်ပျော် စက်လှေပေါ်မှ လှမ်းကြည့်နေ၍ မြင်လိုက်ရသည်။ ရန်ကုန်ဆိပ်ကမ်းကို ခွဲခွါခဲ့ရပေမယ့် မည်သူမျှ စိတ်မကောင်း ဖြစ်ခြင်းမရှိကြပေ။ ဤခရီးစဉ်သည် သူတို့အတွက် အပျော်ခရီး စဉ်တခုသာ ဖြစ်သည်...။


သူတို့ခရီးစဉ်ရဲ့ အဓိက ရည်ရွယ်ချက်သည် မြိတ်ကျွန်းစု ထဲက ကျွန်းတစ်ကျွန်း ဆီကို အပျော်ခရီး ထွက်ကြခြင်း ဖြစ်သည်။ ပင်လယ်လေလည်း ရှူရှိုက်ရင်း တချို့တွေအတွက်လည်း ငါးမျှားရင်း ဒေသန္တရဗဟုသုတလည်း ရခြင်းငှာ ပျော်ပျော်ပါးပါး တစုတဝေးထဲ ခရီးထွက်လာ ကြခြင်းဖြစ်သည်။ ယခုမှ ဆိပ်ကမ်းက စထွက်လာခြင်း ဖြစ်ပေမယ့် စက်လှေတစ်စီးလုံး ပေါ်တွင် ပျော်ရွှင်သံတို့ စတင်နေလေပြီ။


ဒီခရီးစဉ် အစအဆုံးရဲ့ ခရီးစရိတ် စားစရိတ်တွေကို မမိုးချိုသင်း က အကုန်အကျ ခံပေးထားခြင်းဖြစ်သည်။ ဘလော့ဂါ မောင်နှမတွေ အားလုံးနဲ့ ဆုံတွေ့ချင်စိတ် အရင်ထဲက ရှိခဲ့သော မမိုးချိုသင်း အဓိဌာန်ဖြင့် ထီထိုးခဲ့သည်မှာ တော်တော်ကြာခဲ့ပြီ ဖြစ်သည်။ ယခုတော့ အဓိဌာန် အောင်သွားတော့သည်။ သူ ထီပေါက်ခဲ့ လေပြီ။


ပေါက်ထားသော ထီလက်မှတ် ကိုတောင် ဆုငွေမထုတ်ရသေးပေ။ ထီသည်လေး လာအကြောင်းကြားတဲ့ ညမှာပဲ ဘလောဂ်ဂါမောင်နှမတွေကို ခရီးထွက်ဘို့ ဘယ်သူ ဘယ်ရက်အားသလဲ ရက်တွေ ညှိတော့သည်။ တော်တော်များများ အားလပ်ရက် ရသော အချိန်မှာ ဒီရက်ပိုင်းသာ ဖြစ်နေသဖြင့် ဤခရီးစဉ်ကို ချက်ချင်း စီစဉ်ရတော့သည်..။


တကယ်ပြဿနာဟု ဆိုရမှာက ထီလက်မှတ်က ချက်ချင်း ငွေထုတ်ယူ၍ မရသေးခြင်း ဖြစ်သည်။ ခရီးစဉ်အတွက် တက်ကြွနေသဖြင့် နောက်တနေ့မှာပဲ ဘဏ်မှ ငွေသွားချေး လိုက်သဖြင့် ထိုပြဿနာ ပြေလည်သွားတော့သည်။ ပြန်ရောက်မှပဲ ဆုငွေထုတ်ပြီး ဘဏ်ကြွေးကို ပြန်ဆပ်လိုက်လျင် ဖြစ်တာပဲ ဟု တွေးမိသောကြောင့် ခရီးကို စီစဉ်ဖြစ်တော့သည်။ ဤ အပျော်ခရီးစဉ်ကို လိုက်မည့် နိင်ငံရပ်ခြားတိုင်းပြည်များမှ ဘလော့ဂါများကို အနီးကပ်ဆုံး လေယာဉ်အချိန် ဖြစ်အောင် အသွားအပြန် လေယာဉ်လက်မှတ်များကို တစ်ယောက်ပြီး တစ်ယောက်ကို တစ်နေ့လုံး ပို့ပေးနေခဲ့ရသည်။ ဤခရီးစဉ်ကို အစအဆုံး သူတာဝန်ယူပေးမည် မဟုတ်လား။


အများစုမှာ စကာင်္ပူအခြေစိုက် ဘလော့ဂ်ဂါများ ဖြစ်သဖြင့် စုစည်းရသည်မှာ အဆင်ပြေလွယ်ကူသည်။ လင်းကြယ်ဖြူ မငုံနှင့် နှင်းနဲ့မာယာ စသည့် ဒူဘိုင်း အခြေစိုက် ဘလော့ဂ်ဂါများသည်လည် လေယာဉ်ကွင်းသို့ သွားရာ ကားပေါ်တွင်ထဲက တစုတစည်းထဲ စုစည်းမိသည်မှာ ယခု ရွှင်ပျော်ပျော်စက်လှေပေါ် ရောက်သည် အထိဖြစ်သည်။ မဆုမွန်ပန်းကဗျာမချော နှင့် အနော် တို့ကတော့ ရန်ကုန်ဆိပ်ကမ်းကို အရင် ရောက်နှင့် နေကြသူများဖြစ်သည်။ Young Gun သက်တန့်ချိုမရွှေစင်ဦး မမြသွေးနီ နှင့် မသိင်္ဂါကျော် တို့ကတော့ ရန်ကုန်ကနေ အဆင်သင့် စောင့်နေသည်။ ကိုဆောင်းယွန်းလ ကိုဒူကဘာနှင့် မမိုးချိုသင်း တို့ လည်း မရှေးမနှောင်း ရန်ကုန်ကို ဆိုက်ရောက်လာသည်။ မကောင်းကင်ပြာမချစ်ကြည်အေးမအင်ကြင်းသန့်မသဒ္ဓါလှိုင်း မဒဏ္ဍာရီ Jr.လွင်ဦးကိုမျိုး(အညာမြေ) ကိုဂျစ်တူး(မုံရွာ)ဖြိုးမော် မိုးမောင် ရီနိုမာန်ကြည်ဖြူပိုင် ဝိုင်း နှင့် နှင်းဟေမာ အစရှိသော စကာင်္ပူ အခြေစိုက် ဘလော့ဂ်ဂါများကတော့ လေယာဉ်ပေါ်မှာထဲက စကြနောက်ကြရင်း အပျော်ခရီးကို စတင်ခဲ့ပြီးပြီ ဖြစ်သည်။ မခင်လေးငယ် အဖြူရောင်နတ်သမီးမငယ်နိင်သော်ဇင် နှင့် ကိုဇော်တို့ကတော့ မိမိတို့ နေရပ်အသီးသီးမှ ကိုယ့်အစီအစဉ်ဖြင့် ဆိုက်ရောက်လာကြသလို အခြား ဘလောဂ်ဂါ များသည်လည်း အချိန်သိပ်မကွာဘဲ စုရပ် ကို ဆိုက်ရောက်လာကြသည်။

 
မမိုးချိုသင်းအနေဖြင့် အနည်းငယ် တက်သုတ်ရိုက် စီစဉ်လိုက်ရသည်မှ လွဲ၍ ယခုတော့လည်း သူရည်ရွယ်ထားသလို ဘလောဂ်ဂါ မောင်နှမများဖြင့် ပင်လယ်တွင်း အပျော်ခရီး ထွက်လာနိင်ခဲ့ပေသည်။ ဘလောဂ်ရေးသူ အားလုံးကလည်း အချင်းချင်း တွေ့ဆုံချင်စိတ်ကြောင့် မိမိတို့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ရက်ရွေ့တန်ရွေ့ကြသည်။ ဖျက်တန်သည်ကို ဖျက်ကြသည်။ အခက်အခဲ တစ်ချို့ကိုလည်း နောက်ဖြစ်နောက်ရှင်းဆိုပြီး ပစ်ထားခဲ့ကြသည်။ မိမိတို့ရဲ့ သက်ဆိုင်သူများကိုလည်း ထားခဲ့ကြသည်။ အားလုံး လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင် ခရီးတစ်ခုကို သွားချင်ကြသောကြောင့် ဖြစ်သည်။ ဒီခရီးစဉ်မျိုး ဖြစ်လာဖို့ဆိုသည်မှာ မလွယ်ကူနိင်မှန်း သူတို့ သိထားကြသည်။

ယခုတော့ သူတို့အားလုံး ဆုံတွေ့နေကြရလေပြီ။ စက်လှေပေါ်တွင် တစ်ယောက်နှင့်တစ်ယောက် နောက်ပြောင်နေကြသလို ယခုမှ မိတ်ဆက်ကြရသဖြင့် သိသွားကြသော သူအချင်းချင်းသည်လည်း တကယ့် ငယ်ပေါင်းကြီးဖော်လို စကားတွေ ဖောင်ဖွဲ့နေကြသည်။ အားလုံးရဲ့ မျက်နာတွင် တူညီနေသည်မှာ နှစ်လိုဖွယ် အပြုံးများသာ ဖြစ်သည်။ တစ်ချို့ကတော့ စက်လှေအရှေ့ပိုင်းတွင် ပင်လယ်လေညင်း ခံနေကြသည်။ တစ်ချို့ကတော့ မှတ်စုစာအုပ်လေးထဲတွင် ခံစားချက် တစ်ချို့ ကိုရေးမှတ်နေကြသည်။ မိမိတို့နေရပ်ကို ပြန်ရောက်သည်နှင့် ခရီးသွား အတွေ့အကြုံကို ပို့စ်အဖြစ်တင်ဖို့ မှတ်စုလေးတွေ ရေးမှတ်ထားကြခြင်းဖြစ်သည်။

အပြာရောင်ရေပြင်ကို ရောက်ထဲက ဓါတ်ပုံတွေ ရိုက်နေသော ကိုဂျစ်တူးနှင့် ဖြိုးမော် တို့ကတော့ ရိုက်ကွင်းတွေ ထပ်နေသဖြင့် စက်လှေအတွင်းပိုင်းထဲကို ပြန်ဝင်လာကြချိန် အဖြူရောင်နတ်သမီး မှ ကိုဂျစ်တူးကို ဓါတ်ပုံရိုက်ပေးပါရန် အကူအညီတောင်းလိုက်သည်။ ထို့အတွက် ပင်လယ်ပြင်ကို နောက်ခံထားပြီး လှပသော ပုံလေးများကို ကိုဂျစ်တူး(မုံရွာ) က ဆက်လက် ရိုက်နေရသဖြင့် ဓါတ်ပုံရိုက်ပေးဖို့ ဝါသနာ ကြီးလှသော ကိုဂျစ်တူး အတွက်လည်း အဆင်ပြေသွားတော့သည်။ ဒီခရီးစဉ်တွင် အသုံးပြုသော စက်လှေသည် နှစ်ထပ် စက်လှေ အမျိုးအစားဖြစ်ပြီး အတော်အတန်ကြီးမားသည်။ စက်လှေတစ်စီးလုံးကို အဖြူရောင် ဆေးသုတ်ထားသည်။ ရွှင်ပျော်ပျော်ဟု အမည် ပေးထားသော ဒီစက်လှေသည် ပျော်ရွှင်ခြင်းတွေဆီကို ခေါ်ဆောင်သွားပေးမည်ဟု အားလုံး ယုံကြည်ထားကြသည်။

ရွှင်ပျော်ပျော် နှစ်ထပ်စက်လှေသည် ယခုခရီးစဉ်တွင် လိုက်ပါလာသော ဘလော့ဂါ အယောက် ၃၀ ကျော်အတွက် နေထိုင်ရေး ကောင်းကောင်း လုံလောက်သည်။ စက်လှေပေါ်တွင် အသုံးပြုသော ထမင်းချက်ခန်းသည်လည်း သန့်သန့်ရှင်းရှင်း ရှိနေသည်။ ဒီနေ့အတွက် စားဖိုဆောင်ကို တာဝန်ယူပေးထားသော မချစ်ကြည်အေး ကလည်း သူရဲ့ လက်ရာကောင်းကြောင်း ဘလောဂ်ဂါများ သိစေလိုလှသဖြင့် လက်စွမ်းပြနေသည်။ မမြသွေးနီကတော့ ဟင်းချက်ရာမှာ ဝိုင်းကူပေးနေသည်။ အရည်သောက်ဟင်းအဖြစ် မဆလာနံ့သင်းနေသော ကြက်ရိုးပဲဟင်း တစ်အိုးလည်း စီစဉ်ထားသည်။ မရွှေစင်ဦး ကလည်း သူ့ရဲ့ လက်ရာကောင်းတစ်ခု ဖြစ်တဲ့ ငပိပေါင်း တစ်ခွက်စီစဉ်ပေးနေသည်။

ဒီခရီးစဉ်ကို စီစဉ်ထဲက မမိုးချိုးသင်းအနေဖြင့် စာဖိုမှူး တယောက်ခေါ်ခဲ့ဖို့ အဖွဲ့သားများကို အကြံပေး သော်လည်း ဘလော့ဂ်ပေါ်တွင် ဟင်းချက်ပြီး ဓါတ်ပုံလေးတွေ တင်လေ့ရှိကြသော ဘလော့ဂါများက သူတို့အတွက် ဒီခရီးစဉ်ဟာ အမှန်တကယ် လက်စွမ်းပြခွင့်ရမယ့် ပွဲဖြစ်ကြောင်း၊ သူတို့ရဲ့ လက်ရာများကိုသာ မောင်နှမများကို ကျွေးမွေးချင်ကြောင်း အကြံပြုသဖြင့် တစ်နေ့တစ်ယောက် ချက်ခွင့် ပြုထားခြင်းဖြစ်သည်။ မီးဖိုခန်းထဲမှ မချစ်ကြည်အေးရဲ့ ဝက်သားနှပ်ဟင်းနံ့ မွှေးမွှေးလေး ထွက်လာသဖြင့် ကိုဂျစ်တူး(မုံရွာ)ခမျာ လိုရမယ်ရ ထုတ်ထားသော ခေါက်ဆွဲခြောက်ထုပ်ကို သိုသိုသိပ်သိပ် ပြန်ထည့်လိုက်တော့သည်။

စားဖိုမှူးကို ကပ်ပြီး ပေါင်းထားသည့် အတွက် ကြက်ရိုးနှင့် ပဲဟင်းတခွက် မိုးမောင်တို့ ဦးဆောင်ထားသော ခွက်ပုန်းဝိုင်းကို ရောက်လာသဖြင့် သူတို့ရဲ့ ကြိတ်ဝိုင်းကလေး ပိုပြီး ပြည့်စုံသွားတော့သည်။ မကြာခင် အမျိုးသား ဘလောဂ့်ဂါများ တစ်ဖြည်းဖြည်း ထပ်ရောက်လာပြီး တစ်ခွက်တစ်ဖလား ဝင်အားပေးကြသဖြင့် ကြိတ်ဝိုင်းလေးမှ တရားဝင် ဝိုင်း တစ်ဝိုင်း ဖြစ်သွားတော့သည်...။

တကယ်တော့ ဒီခရီးစဉ်ကို စီစဉ်ထဲက အမျိုးသားများအတွက် အကောင်းစား အရက်ပုလင်းများကို အလျှံပယ် သယ်လာပေမယ့် အမျိုးသမီးများကို အားနာနေသောကြောင့် မသိမသာခွက်ပုန်း ဝိုင်းလေး ကြိတ်လုပ်ကြခြင်းဖြစ်သည်။ အနည်းငယ် ရီဝေလာပြီးတဲ့ နောက်တွင်တော့ ကိုဆောင်းယွန်းလ နှင့် မိုးမောင်မှ ဂစ်တာသံ ဖြင့် ဒီခရီးစဉ်ရဲ့ ပျော်ရွှင်မှုကို အရှိန်မြှင့်ပေးလိုက်တော့သည်။ ကိုဒူကဘာ မှ စည်းချက်ညီစွာဖြင့် ပလပ်စတစ် ပုံးတစ်လုံးကိုယူကာ Drum အဖြစ် တီးပေးသည်။ မိုးစက်အိမ်မှ သူအမြဲ တီးမှုတ်လေ့ရှိသော သံစုံဘာဂျာ လေးဖြင့် ဝင်အားဖြည့်ပေးသဖြင့် သူတို့ရဲ့ တီးဝိုင်းလေးမှာ ဆိုချင်စဖွယ် သံစုံတီးဝိုင်းလေး ဖြစ်နေတော့သည်။

ညီမလေး နှင့် ကျောပိုးအိတ် တို့ရဲ့ သီချင်း သံပြိုင်သီဆိုသံ စတင်ထွက်ပေါ်လာသဖြင့် စကားပြော နေကြသော ဘလော့ဂ်ဂါ ညီအမများပါ တီးဝိုင်းအနားရောက်လာကြပြီး အတူတကွ သံပြိုင်သီဆိုနေ ကြတော့သည်။ တစ်ယောက်နှင့်တစ်ယောက် ဟန်ဆောင်မှုမရှိ ရှက်ရွံ့ခြင်းလည်း မရှိကြပေ။ တကယ့်ကို ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများ အတိုင်းသာ ဖြစ်နေကြတော့သည်။ အင်တာနက်ပေါ်တွင် သီချင်းဆိုပြီး တစ်ယောက်ကို တစ်ယောက် နားထောင်ခိုင်းလေ့ရှိသော ပါးလုံး နှင့် အိန်ဂျယ် တို့က ဒီပွဲတွင်တော့ နောက်ခံ ဟာမိုနီ ဆိုပေးနေသည်။

အနားက ဖြတ်သွားသော သဘောင်္များရှိခဲ့လျင် ဒီစက်လှေမှ လွင့်ပျံလာသော တေးသံများ ကြားရနိင် လောက်သည်။ စိတ်ကူးထဲတွင်သာ တွေးတောခဲ့ဖူးသော ဘလော့ဂါ လူစုံတက်စုံ ဖြင့် ခရီးထွက်ခွင့်သည် ယခုအခါ အမှန်တကယ် အကောင်အထည်ဖော်နိင်ခဲ့ပြီ ဖြစ်သဖြင့် အားလုံး ပျော်ရွှင်နေကြခြင်း ဖြစ်သည်။

“ အကြောင်းကြောင်းကြောင့် စိတ်ရှုပ်နေရင် မင်းလည်း လိုက်ခဲ့အုံး.... ငါတို့ခရီး မင်းအသဲကို ဆေးကြောဘို့xxxx စိတ်ဓါတ်ကျ ဆွေးမြေ့နေရင် အားလုံးလိုက်ခဲ့အုံး ... ငါတို့ခရီး စွမ်းအားတွေ ရရှိဖို့ xxx ယူခဲ့...မင်းဂစ်တာလေး တီးလိုက်ပါ သီချင်းများလိုက်ဆိုမယ် ချန်ခဲ့... အလွမ်းတွေရယ် သွားစမ်း... ပင်လယ်ပြာပြာ လေညင်းလေးရယ် သောင်ပြင်ကျယ်တွေပေါ်မှာ ခုန်ပေါက်ဆော့မယ်
အေးမြတဲ့မြစ်လေကို ရှူရှိုက်ကြမယ် ဒါတွေ ဒါတွေ အားလုံး တို့အတွက်ပေါ့”


အငဲရဲ့ ငါတို့ခရီး သီချင်းကို သံပြိုင်စွာ သီဆိုကာ ပါတ်ဝန်းကျင်ကို မေ့လျော့နေကြသည်။ ယခုအချိန်တွင်တော့ သူတို့ရဲ့ စက်လှေသည် ခရီးတော်တော် ပေါက်လာပြီဖြစ်သည်။ စက်အင်ဂျင် အကောင်းစားဖြင့် တည်ဆောက်ထားသော ရွှင်ပျော်ပျော် စက်လှေသည် ပင်လယ်ပြင်ထဲတွင် အရှိန်ပြင်းစွာဖြင့် ခုတ်မောင်းနေလေသည်။

တေးဂီတဝိုင်း ခဏနားလိုက်သဖြင့် ဘလော့ဂါတွေ အားလုံး နီးစပ်ရာ အစုအဖွဲ့လေးတွေ ကိုယ်စီဖြင့် စကားတပြောပြော ရှိနေကြသည်။ မကြာခင် နေဝင်တော့မည်ဖြစ်သဖြင့် ပင်လယ်ရဲ့ နေဝင်ဆည်းဆာ အလှကို လူစုံတက်စုံ နီးနီး ခံစားနေကြသည်..။ တစ်စစ နှစ်မြုပ်သွားသော နေလုံးကြီးကို ကြည့်ပြီး မိမိတို့ရဲ့ သက်ဆိုင်သူများ ကို သတိရသွားကြသည်။ ပင်လယ်ကြမ်းပြင်ထဲသို့ တစ်ဝက် ဝင်သွားသော နေလုံးနီနီကြီးကို ဓါတ်ပုံတွေ တဖျတ်ဖျတ် ရိုက်နေကြသည်..။ ပင်လယ်ပြင်ကို ဖြတ်သန်းလာသော ဆားရနံ့သင်းနေသည့် လတ်ဆတ်သောလေညင်းကို အားပါးတရ ရှူရှိုက်နေကြသည်...။ ခရီးဖော်တွေအားလုံး စိတ်လွတ်လပ် ပေါ့ပါးနေသည်...။

“ထမင်းစားကြမယ်ဟေ့ ”

မငုံနှင့် ပန်းကဗျာ မှ လာခေါ်သဖြင့် ခရီးဖော်များအားလုံး ပြန်ဝင်လာကြပြီး ထမင်းစားခန်းထဲကို တညီတညွတ်ထဲ တန်းစီဝင်သွားကြသည်။ မခင်လေးငယ် မှလည်း ဒီနေ့အတွက် ဝင်ရောက် လက်စွမ်းပြထားသဖြင့် ဟင်းအမျိုး စုံလင်နေသည်။ အားလုံးချစ်ကြည် ရင်းနှီးမှု ရှိရန် ကိုယ့်ပန်းကန်ကိုယ်ယူပြီး ကြိုက်ရာဟင်း ထည့်စား ရသော စနစ်လုပ်ထားပေးသည်။ ဟင်းမျိုးစုံလင်လှသည့်အပြင် ပထမဆုံး ခရီးစဉ် အတွေ့အကြုံသစ်ကြောင့် တော်တော်များများ ထမင်းစားကောင်းကြသည်။ တချို့ကတော့ လှိုင်းမူးနေသဖြင့် များများမစားနိင်ကြပေမယ့် ကိုဒူကဘာ နှင့် မိုးမောင်တို့ တီးဝိုင်းအဖွဲ့ကတော့ နေရာယူထဲက ကိုယ့်အကြောင်းကိုယ်သိကြသဖြင့် ထမင်းဟင်း တင်ထားသော စားပွဲနားတွင်သာ နေရာ ယူထားသဖြင့် ခဏခဏ ထိုင်လိုက်ထလိုက် လုပ်နေကြသည်...။

" စားကောင်းတယ်ဟေ့ ငါတော့ အဝတီးလိုက်ပြီ "

မိုးမောင် ရဲ့ စကားသည် ဒီနေ့ထမင်းပွဲတွေအတွက် နှုတ်ဖြင့်ပေးသော ပထမဆုံး ကွန်မန့်လည်း ဖြစ်သည်။

ကိုဇော် မှ " စားကောင်းလိုက်တာဗျာ ဟင်းချက်လက်ရာကတော့ ရှယ်ပဲ "
မြတ်မွန် မှလည်း "တကယ်လက်ရာကောင်းလိုက်တာ အမရေ "
ဇူး ကလည်း " ဟုတ်တယ်အမရေ စားကောင်းလို့ မထနိင်တော့ဘူး "

ဟု ကွန်မန့်ပေးလိုက်သည်။ ထို့နောက်တွင်တော့ အားလုံးက ကွန်မန့်လေးတွေ ဝိုင်းပေးကြသည် ။ ဘလော့ဂါ ဆိုသည်မှာ ထိုကဲ့သို့ ချစ်စဖွယ် ကောင်းသော အပြုအမူ များရှိသည်။ ထိုကဲ့သို့ စကားလုံးလေးတွေဖြင့် ပေးလိုက်သော ကွန်မန့်လေးတွေကြောင့် ကြိုးစားပမ်းစား ဟင်းချက်ရသူများ ကျေနပ် ဝမ်းမြောက်သွားကြသည်။ အမောအပန်းလေးတွေလည်း ချက်ချင်းကို ပြေပျောက်သွားရတော့သည်။ ညရဲ့ကောင်းကင်ကတော့ သူများနှင့် မတူအောင် " ပါဆယ် ဆွဲသွားမယ်ဟေ့ " ဟုပြောချင်ပေမယ့် တကယ်ထိုင်စားနေရသဖြင့် ဘယ်လိုပေးရင် ကောင်းမလဲ တွေးနေသည်။ နောက်မှ အကြံရကာ

" ဖွက်ထားတဲ့ ဟင်းလေးတွေ ရှိရင် ထုတ်ခဲ့အုံးဟေ့ "

ဟုကွန်မန့်ပေးလိုက်သဖြင့် ဟင်းချက်ရသူများမှ မျက်စောင်း ဝိုင်းထိုးကာ ဒီမှာ ရှိတဲ့ဟင်းတွေပဲ အရင် ကုန်အောင် စားပါအုံး ဟု ဝိုင်းပြောလိုက်ကြသဖြင့် ညရဲ့ကောင်းကင်လည်း ရယ်ကျဲကျဲလုပ်ကာ ထမင်းဝိုင်းမှ ထသွားတော့သည်။

ညစာစားပြီးသွားချိန်တွင် အားလုံး နားနားနေနေဖြင့် နီးစပ်ရာ အစုအဖွဲ့လေးတွေ နဲ့ ကော်ဖီခွက်လေးတွေ ကိုယ်စီကိုင်ကာ ဘဝအတွေ့အကြုံတွေကို ဖလှယ်နေကြသလို တချို့ကလည်း သဘောင်္ကုန်းပတ်ပေါ်တွင် အမှောင်ထုကြီးထဲကို ကြည့်ကာ သက်ဆိုင်သူတွေကို သတိတရ ရှိနေကြသည်..။ အပေါ်ထပ်တွင်တော့ ပျော်စရာအတွဲအဆိုင်းနဲ့ ဘလော့ဂ်ဂါ ဖဲဝိုင်းရှိနေသည်။ အတန်ငယ် ညဥ့်နက်လာပြီးနောက်တွင်တော့ အသီးသီး အိပ်ယာ ဝင်ကုန်ကြသည်။ ပင်လယ်ပြင်တွင် ထွက်ပေါ်လာသော နေလုံးကို မနက်စောစော ထကြည့်ကြဖို့ မအင်ကြင်းသန့်၊ မသဒ္ဓါလှိုင်း နှင့် မဒဏ္ဍာရီတို့ အချင်းချင်း ချိန်းဆို ထားကြသည်။

ရွှင်ပျော်ပျော် စက်လှေသည် ခရီးသွား ဖို့အတွက် အဓိက ရည်ရွယ် တည်ဆောက်ထားခြင်း ဖြစ်သည်။ အပေါ်ထပ် တစ်ထပ်လုံးတွင် အိပ်ခန်းပေါင်းများစွာ ထည့်သွင်း တည်ဆောက်ထားသဖြင့် တစ်ခန်းကို နှစ်ယောက်နှုန်းဖြင့် လောက်ငှစွာ တည်းခိုနိင်ကြသည်။ အမျိုးသမီးများအတွက် အပေါ်ထပ်တွင် စီစဉ်ထားပြီး ယောက်ျားလေး များကတော့ အောက်ထပ်တွင်သာ အိပ်ကြသည်...။

ဘလော့ဂ်ဂါ ဆိုသည်မှာ ဥာဥ့်နက်မှ အိပ်တတ်သော လူတန်းစား ဖြစ်သဖြင့် မည်သူမျှ အလွယ်တကူ အိပ်ပျော် သွားခြင်း မရှိကြသေးပေ။ တချို့တွေ ကတော့ ဒီခရီးစဉ်ကို ယခု အထိ အိမ်မက်မက် နေသေးသည်ဟု ထင်နေကြသေးသည်။ ဒီခရီးစဉ်သည် ဖြစ်လာဖို့ မလွယ်ကူသဖြင့် ဟုတ်မှ ဟုတ်ရဲ့လားဟု ကြည်နူးစိတ်ဖြင့် မယုံမရဲ ဖြစ်နေကြခြင်းဖြစ်သည်။ အားလုံးအတွက် စိတ်လှုပ်ရှား ပျော်ရွှင်စရာ ခရီးစဉ်ပဲ မဟုတ်လား။ မိုးလင်းခါနီး ရောက်မှ တီးတိုး တီးတိုး စကားသံများ တိတ်ဆိတ်ကာ အားလုံးနီးနီး အိပ်ပျော်သွားကြ တော့သည်။ ရွှင်ပျော်ပျော် စက်လှေကြီးကတော့ ကပ္ပတိန် ညောင်ရမ်းရဲ့ ကွပ်ကဲမှု ဆလင်ကြီးကိုသုနြေ္ဒရဲ့ ကျွမ်းကျင်စွာ မောင်းနှင်မှု အောက်တွင် တာဝန်ကျေစွာ ခုတ်မောင်းနေတော့သည်။

အင်ဂျင်အားကောင်းသော စက်လှေ ဖြစ်သဖြင့် ဤနူန်းအတိုင်း မောင်နှင်ပါက နောက်တနေ့ ညနေပိုင်း လောက်တွင် မြိတ်ကျွန်းစုထဲက ရည်ရွယ်ထားသော ကျွန်းကို ရောက်ရှိနိင်မည် ဖြစ်သည်။ ထိုကျွန်းတွင် နေထိုင်သော သူတို့သည် မမိုးချိုသင်းတို့နှင့် ဆွေမျိုးနီးစပ် တော်စပ်သဖြင့် နေရေးထိုင်ရေးအတွက် လည်း ပူပင်စရာ မရှိပေ။

မနက် ၇ နာရီကျော်ခန့် ရောက်ရှိချိန်တွင် စက်လှေတစ်စင်းလုံး ပေါ်တွင် လှုပ်လှုပ်ရှားရှား ဖြစ်နေတော့သည်။ အောက်ထပ်မှ ယောကျာ်းလေးတစ်စု အပေါ်ထပ်သို့ တက်သွားပြီး အပေါ်ထပ်ရှိ အခန်းတံခါးတို့ကို လိုက်ခေါက်ကြသည်။ အပေါ်ထပ်ရှိ အခန်းတိုင်းနီးနီး တံခါးခေါက်ကြသဖြင့် တံခါးခေါက်သံတို့ဖြင့် ဆူညံနေသည်။ အပေါ်ထပ်တွင် အိပ်နေသူတို့သည် ဘာများဖြစ်ပြီလဲ ဆိုသည့် အတွေးများဖြင့် ထိတ်လန့်ကာ တံခါး ဖွင့်ပေးလိုက်ကြသည်။ထိုအခါ တံခါးဝတွင် ရပ်နေသူတို့မှ

"အမရေ အိမ်လာလည်ပါတယ်နော်"

"ညီမလေးရေ ရောက်စ်စ်စ်စ်"

"ရောက်လာပါတယ်ဗျာ"

ဟုတစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ ပထမတော့ ဘာပြောနေမှန်း ချက်ချင်းတွေးလို့ မရပေမယ့် ခဏအကြာတွင်တော့ အားလုံး သဘောပေါက်သွားတော့သည်။ သူတို့သည်ကာ ဘလော့ဂ်ဂါ ပီသသူများပင်ဖြစ်သည်။ အချိန်မှန် လုပ်လေ့ရှိသော ဘလော့ဂ် အိမ်လည်ခြင်း ကိစ္စကို စက်လှေပေါ်တွင် အဆင်ပြေသလို ဖြေရှင်းကြခြင်း ဖြစ်သည်။ ဒီတခါမှာတော့ အပြင်လောကတွင်ပါ တကယ်ကို အိမ်လည်ထွက်ကြခြင်း ဖြစ်သည်။ နှုတ်ဆက်ခံရသူများမှလည်း ပျော်ရွှင်သွားကြသည်။ ပင်လယ်ထဲ ရောက်နေသည်အထိ သူတို့က ဘလော့ဂ်လောက အပြုအမူ များကို သတိတရ ရှိနေကြသူများလည်း ဖြစ်သည်။ ထို့နောက်တွင်ကာ တစ်ခန်းချင်းစီကို တံခါးလိုက်ခေါက်ကာ အပြန်အလှန် အိမ်လည်ထွက်ကုန် ကြတော့သည်။ ထို့ကြောင့် ရွှင်ပျော်ပျော် စက်လှေပေါ်တွင် လာလည်ပါတယ်၊ အလည်ရောက်ပါတယ် ဆိုသော စကားသံများဖြင့် ဆူဆူညံညံ ရှိနေတော့သည်။

အပြန်အလှန် အိမ်လည်ထွက်ပြီး ချိန်တွင် မနက်စာကို တပျော်တပါးစားသောက်ကြသည်။ မနက်စာ စားပြီး တစ်ချို့က စက်လှေကုန်းပတ်ပေါ်တွင် လေညှင်းခံကြသည်။ ပင်လယ်ထဲ ယခုမှ စထွက်ဖူးသော သူများဖြစ်သဖြင့် ဒီမနက်သည် အရင် နေ့များကထက် လေငြိမ်နေကြောင်း သူတို့ သတိ မပြုမိကြပေ။ သတိထား ကြည့်မိခဲ့လျင်ကား ကောင်းကင်တွင် တိမ်တစ်စတစ်လေမှ မရှိကြောင်းကိုပါ သတိပြုနိင်ကြမည်။ စက်လှေရဲ့ ပင်မ ထိန်းချုပ်ခန်းထဲတွင်တော့ ညောင်ရမ်းနှင့် ကိုသုနြေ္ဒ တို့ မြေပုံကို ဖြန့်ခင်း၍ ခေါင်းချင်းဆိုင်ကာ တိုင်ပင်ဆွေးနွေး နေကြသည်။ ကျန်တဲ့သူများကတော့ စက်လှေဝမ်းထဲတွင် ရောက်တတ်ရာရာ စကားများ ပြောနေကြသည် ။ ဤသို့ဖြင့် အချိန်သည် မနက် ၁၁ နာရီခန့်ကို ရောက်လာတော့သည်။ အရာရာသည် တည်ငြိမ်နေပြီဟု ထင်နေကြချိန်တွင် ကုန်းပတ်ပေါ်တွင် ကဗျာစပ်နေသော မိုးစက်အိမ်ရဲ့ စကားသံ ထွက်လာသည်။

" ဟိုးးး မှာကြည့်ကြစမ်း ကောင်းကင်က နီနေပါလား "

သူညွှန်ပြရာ အရှေ့ဘက် ကောင်းကင်ကို အားလုံး ထွက်ကြည့်ကြသည်။ ထိုနေရာသည် သူတို့စက်လှေရဲ့ ဦးတည်ရာလည်း ဖြစ်သည်။

" ဟယ် ... ဟုတ်တယ် အနီရောင်သန်းနေပါလား "

"ကောင်းကင်ပြာ ကြီးဘယ်ရောက်သွားတာလဲ " မချောရဲ့ စကားအဆုံး

" ငါဒီမှာလေ " ဟု ယခုမှ ထွက်လာသော မကောင်းကင်ပြာမှ သူ့ခေါ်သည် ထင်ပြီးထူးလိုက်သည်။

" အမကို ခေါ်တာ မဟုတ်ဘူး ခုနက ပြာနေတဲ့ ကောင်းကင် မရှိတော့လို့ ပြောနေကြတာ ဟိုမှာကြည့်လေ ကောင်းကင်က အနီရောင် သန်းနေပြီ"

" ဟုတ်တယ်ဟေ့ အဲဒါ တခုခုပဲ ဘာဖြစ်တာလဲမသိဘူး "

"ကျနော်ကြားဖူးတာတော့ အဲဒီလို နီတာဟာ မုန်တိုင်း လာမယ့် လက္ခဏာ လို့ ကြားဖူးတယ် "
ကိုဇော်ရဲ့ စကားအဆုံးတွင်

" ဟင်"
"အိုးးး "

လူအားလုံးဆီမှ အာမေဋိတ်သံများ တညီတညာထဲ ထွက်ပေါ်လာသည်။
မချစ်ကြည်အေးနှင့် မရွှေစင်ဦး ကတော့ တယောက်လက်ကို တယောက်ကိုင်ကာ

"ငါတို့တော့ ဒုက္ခပါပဲဟယ် ငါတို့ချစ်ချစ်ကြီးတွေနဲ့ ပြန်တွေ့ရပါတော့မလား "

တုန်ယင်သော အသံများ ထွက်လာကြသည်။ အိန်ဂျယ်နှင့် ပါးလုံး တို့ကတော့ ဘုရားသခင်ကို တိုင်တည်နေကြသည်။ အနော် ကတော့ သူ့မျက်လုံးထဲတွင် တိုက်တန်းနစ် သဘောင်္ကြီး မြင်ယောင်မိသဖြင့် နှုတ်မှ ဘုရား ဘုရား ဟု အသံထွက် ရေရွတ်နေမိတော့သည်။

" နေကြပါအုံး မုန်တိုင်းဆိုတာရော သေချာလို့လား "

မဆုမွန်၏ မေးခွန်းသံ ထွက်လာသည်။ ဂျူနီယာ လွင်ဦးကပါ

" အေးလေ ဒါမုန်တိုင်း ရဲ့ လက္ခဏာလို့ ဘယ်သူ ပြောနိင်သလဲ " ဟု ထပ်ဆင့်မေးခွန်း ထုတ်လိုက်သည်။

ထိုအချိန်တွင် သူတို့ အားလုံးရဲ့ အနောက်မှ ကပ္ပတိန် ညောင်ရမ်းရဲ့ စကားသံ ပီပြင်စွာ ထွက်ပေါ်လာသည်။

" အားလုံးပဲ အသက်ကယ် အင်္ကျီတွေ ဝတ်ထားကြပါ မကြာခင် မုန်တိုင်း ကျတော့မယ် "



...............................................။

အခန်း ( ၂ ) မျှော်

.......................................................................................................................................................။

( အကယ်ဒမီ ဧည့်ခံပွဲ မလုပ်သေးဘူးလားလို့ မေးမေးနေသူများ၊ ခင်မင်ရပါသော စာရေးဖော် ဘလော့ဂ်ဂါများ အားလုံးအတွက် အမှတ်တရ ဖြစ်စေရန် ရည်ရွယ်ပြီး ဘလောဂ်ဂါတို့ရဲ့ နာမည်များဖြင့် ပျော်ပျော်ပါးပါး ဇာတ်လမ်းတစ်ခု ဖန်တီးထားခြင်း ဖြစ်ပါတယ်။ အခု အခန်းမှာ မပါသေးတဲ့သူများ နောက်လာမယ့် အခန်းတွေအတွက် တမင်ချန်ထားခဲ့တာ ဖြစ်ပါတယ်.. နောက်ထပ် ဘလော့ဂ်ဂါ နာမည်တွေ ဒီထက် စုံစုံလင်လင်နဲ့ လာဦးမဲ့ ဇာတ်ဝင်ခန်းတွေ ရှိပါသေးတယ်။ မိမိ နာမည် မပါလိုပါက ပြောခဲ့နိင်ပါတယ် ပြန်ဖြုတ်ပေးပါ့မယ်။ အမှတ်တရ ပါဝင်ချင်သူများလည်း ပြောခဲ့နိင်ပါတယ်။ အကောင်းဆုံး ဖြစ်အောင် ရေးထားပေမယ့် ဒီဇာတ်လမ်းက ရသပိုင်း အားနည်းတဲ့ အပျော်ဖတ် အခန်းဆက်ဝတ္ထု ဖြစ်ကြောင်း ကြိုတင် ဝန်ခံထားပါရစေ။ )



59 comments:

kokomaung.uk said...

နာမည်မတွေ့ရပေမဲ့ အရင်ဦးအောင် ဖတ်သွားလိုက်ပါတယ်။ ပျော်စရာအဏ္ဏ၀ါခရီးဖြစ်မှာ သေချာပါတယ်။ ကိုမြစ်ကျိုးတို့ကတော့ တစ်မျိုးနှင့်တစ်မျိုး မရိုးရအောင် ဖျော်ဖျည်နိုင်စွမ်းရှိတယ်။ အတုယူရဦးမယ်။

အဆင်ပြေပျော်ရွှင်ပါစေ။

ဒဏ္ဍာရီ said...

ဖတ်ရင်းနဲ့ တကယ်အပျော်တွေ ကူးစက်လာသလိုပါပဲ ကိုမြစ်ကျိုးအင်းရေ..။ မောင်နှမတွေနဲ့ ပျော်ပျော်ပါးပါး အလယ်သွားရင်း အခုလို ပျော်ရွှင်ရတာ စိတ်မှန်းလေးနဲ့ပေါ့နော်။ ခုနစားထားတာလေးနဲ့ အပျော်တွေ ပျက်တော့မှာပဲ။ မုန့်တိုင်းလာတော့မယ်တဲ့။ မနွယ်က အသက်ကယ်အကျီင်္ဝတ်ထားလည်း ရေမကူးတတ်ဘူး။ အကယ်ဒမီ ဂုဏ်ပြုပွဲ အကြို ခရီးလေးပေါ့နော်။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

jr said...

ငါတကယ်ပျော်သွားတယ် သူငယ်ချင်းရေ။
း)

အနော် said...

ပျော်စရာကြီး အကိုရေ တကယ်သွားရရင် ဘယ်လောက် ကောင်းမလဲ တကယ်သွားချင်လိုက်တာ..
ထီတကယ်ပေါက်ပီး အဲ့လိုသွားလို့ရရင် ကောင်းမယ်
ဒီလက စပီး ထိုင်းထီထိုးတော့မယ် .. :)
ပေါက်ရင် တကယ်သွားကြမယ်ဟေ့ နော်
စားဖိုမှုးဘလော့ဂါတွေပါ ပါလာတော့ အရင် ဘလော့တွေမှာ ချောင်းပီး သွားရေယိုရတာ အခုတော့ တဝစားလို့ ရနေပီ
တကယ့်ကို ဖတ်ရင်း ဖတ်ရင်း ပျော်ဖို့ ကောင်းလာတယ်..
ဒါပေမဲ့ အကိုရေ မုန်တိုင်းကြီးတော့ မလာလိုက်ပါနဲ့နော် :(

ရွှေရတုမှတ်တမ်း said...

ပင်လယ်ထဲမှာလှိုင်းမူးပြီးဂျွမ်းထောင်နေတဲ့ အဖွဲ့ကို ဆေးကုရန် ကိ၊ငယ်၊အယ်၊သက်တန့်အဖွဲ့အမြန်လွှတ်ပါ

kaungkinpyar said...

အဲ့လို သွားချင်တယ်...ဒါမဲ့ မုန်တိုင်း နဲ့ မတွေ့ချင်ဘူး နော့.....

အပိုင်း ၂ ကို စောင့်မယ် မောင်ပိုင် ရေ...

ကြည်ဖြူပိုင် said...

ရီရအောင်ရေးနော်
အကယ်ဒမီ တစ်ကိုးကင်း
မရီရရင်ငါကငိုတတ်တယ်
:)

မိုးခါး said...

ဖတ်ရင်းတောင် တော်တော်ပျော်လာတယ်
တိုက်တာနဲ့ တန်းတော့ မနစ်လိုက်နဲ့နော် .. :P
ပျော်ရွှင်ပါစေ ..း)

kiki said...

ရွှင်ပျော်ပျော်စက်လှေကြီးဆိုတော့ တိုက်တန်းတော့ မနစ်ဘုး လို့ ထင်တယ် ..
ပျော်ရွှင် ရင်မော အသော အနှော လေးတွေ ဆက်စောင့်ဖတ်နေပါတယ်..အကယ်ဒမီရှင်ကြီးရေ..

( ခရီးစဉ် မှာ အသက်အာမခံကြေး တွေ ရော ဝယ်သွားကြရဲ့ လား.. မဝယ်ရသေးရင် ပြောနော် .. ကိုယ်စားလှယ် လုပ်မလို့  ..း)) )

khin oo may said...

တို့လဲပါချင်တယ်။

YoungGun said...

ဖတ်သွားတယ်ဗျ.. ကိုရဲစတိုင်းရဲ့ ကျွန်းကလေးမှာ တစ်ပြုံလုံးကို သွားသတိရတယ် ဒါပေမဲ့ မတူဘူးလေ.ဒါက ဘလောက်ဂါတွေပဲဟာ ငှဲငှဲ..။ ရှေ့အခန်းကျ ကျွန်းကလေးများ ရောက်ခဲ့ရင်..ကျွန်းပေါ်က ဆာဒူးပညာရှိကြီးနဲ့ ရန်းဂန်းနဲ့ ပညာပြိုင်ခန်းလေး ထည့်ပေး..ရဝူးးး ထည့်ပေးရမယ်။ ဟဲဟဲ ..နောက်တာဗျိုးး စိတ်ဝင်စားတယ်..မြန်မြန်တင်။။

khin oo may said...

စိတ်ပူနေတာကတောု့မုန်တိုင်းကျမှာထက်ကို မိုးချိုသင်းထီက ထီပေါက်စဉ်လွဲသွားမှာ စိုးရိမ်နေလို့ နလုံးရောဂါတောင်ရမှာ စိုးရီမ်မိတယ်။ ကိုကျော့်ကိုအရင်ထုတ်ခိုင်းလိုက်ပါ စိတ်အေးချင်လို့။

ကိုဇော် said...

ဟီးဟီး...သွားချင်သပ...အဲဒါမျိုး...။
ထီပေါက်လို့ကတော့ကွာ..သွားမယ်။
( သက်မွန်မြင့်လေးနဲ့ ပျားရည်စမ်းမယ်.. ဟိ)
အခုတော့ မူးနေပြီ..လှိုင်း. . လှိုင်း. . .။
အရမ်းတော့ မလုပ်နဲ့ဆရာ . .သားက ရေးမကူးတတ်ဘူး။

ဆက်ရေးဗျို့...အားပေးနေတယ်။

ချော (အစိမ်းရောင်လွင်ပြင်) said...

အော်...........
ရက်စက်ပါ့ ဇာတ်ဆရာ
မုန်တိုင်းနဲ့တိုးမဲ့ခရီးကို အပါခေါ်သွားတာပါလား
မုန်တိုင်းဆို နာဂစ်တုန်းက ရန်ကုန်မှာ ကြုံဖူးလိုက်လို့
လန့်သွားပြီ..
ရန်ကုန်ဆိပ်ကမ်းမှာ ဆင်းနေခဲ့လို့ မရဘူးလား
ဖျားနေလို့ ခရီးမထွက်နဲ့တဲ့ အမေက မှာထားတယ်
မလိုက်တော့ဘူးနော်.. ဟီး

သိင်္ဂါကျော် said...

မုန်တိုင်းနဲ့ တိုးတိုး၊ မတိုးတိုး.. အပေါင်းအသင်းတွေနဲ့ သွားရမယ့် ခရီးကတော့ ဘယ်ခရီးပဲ ဖြစ်ဖြစ်သွားချင်တယ်.. ပျော်စရာကောင်းမှာ သေချာတယ်..

သုဒြေ္န said...

တိုက်ဆိုင်မှုတခုပေါ့ နော် "သူတို့ တွေအသစ်တင်တင်တယ် " ခေါင်းစဉ်လေးအောက်မှာ ဆရာယုဒသန်က မျှဝေပါရစေတဲ့  ချစ်သူ့ လက်ဆောင် ကျွန်တော့ စိတ်ကြိုက်လေးတွေပါ နွေဦးမိုး ဒီလိုပါဘဲ ရင်မှမိုးစက်ပွင့် များ ငါ့ နွေဦးတဲ့  ဆက်စပ်နေသလိုခံစားရလို့ ပါ ဆိုင်မဆိုင်တော့ သိဘူး ဒီလိုကောမန့် မျိုး ရေးလို့ ရတယ်ဟုတ် မရလဲရေးလိုက်ပြီးပြီ မဖျက်တော့ ဘူး အကယ်ဒမီရတဲ့ အတွက် ထပ်တူ ၀မ်းသာပျော်ရွှင်မိတယ်နော် ဂုဏ်ယူတယ်

အဖြူရောင်နတ်သမီး said...

ဓာတ်ပုံအရိုက်လွန်သွားလို့
ကင်မရာဓာတ်ခဲကုန်သွားပြီ..။
အပိုပါရင်ပေးကြပါအုံး...။
------------------------------------
ဖွဟဲ့...မုန်တိုင်းမလာပါစေနဲ့...
ဒီမှာ တိုက်တန်းနစ်ဇာတ်လမ်းတောင်မလုပ်ရသေးဘူး...။(ကို)မြစ်ကျိုးအင်းနော်...
ပို့မဲ့ပို့...ရောက်အောင်ပို့...
ဒါဗြဲ....
-------------------------------
အဲ..တခုတော့ရှိတယ်...
အန္တရာယ်တွေဘယ်လောက်ပဲကြုံပါစေ...
ဟိုသီချင်းထဲကလိုလေ...
xxxxသူနဲ့သာဆိုရင်xxxx
---------------------------------
အစဉ်အားပေးလျှက်....

ဆလူး said...

အောင်မာ အောင်မာ ဒါ ဘာအချိုးလဲ အကြီး ၂ ကောင်ကျ ပါတယ် အငယ်ကျပါဘူး နော် ဟွင့်
ကျေနပ်ဖူးးးးးး ဒါဗြဲ

သံမဏိ ဘဲ said...

ဆလူး ဝက် မသောင်းကျန်းနဲ့နော်
ဒယ်ဒယ် မြစ် ဆက်ရေးပါ သာမီးလေးတို့ စောင့်နေတယ်

ပိုလီယို ဆိတ် said...

ဝေးးး မသောင်းကျန်းကြနဲ့ဟေ့ ဟဟဟ ပါးပါးရ သာမီးတို့ သီချင်းဆိုတာပါ ထည့်ရလား တော်နေကျ လာ အားပေးနေပါဦးမယ် ဟဲဟဲ

ကိုလူထွေး said...

ကိုလူထွေး ပါရမည့် အခန်း (အိမ်သာမဟုတ်) ကို ရင်တထိတ်ထိတ် ထိတ်ထိတ်ထိတ်ထိတ် နဲ့ စောင့်နေပါသည်...

း))

လင်းကြယ်ဖြူ said...

အခုလို စုံဖြစ်ကြတော့ ပျော်စရာကြီးပေါ့ခင်ဗျာ
အဲ..မုန်တိုင်းလာရင်တော့ ..ရေကောင်းကောင်းမကူး
တာကြာပြီမို့ Life Jacket တစ်ခုကိုစထွက်ကတည်း
က မချွတ်တမ်းဝတ်ထားပြီးသားပါခင်ဗျ...း )
နောက်ကျနေပေမယ့် ..ဂုဏ်ပြုပါတယ်
Congratulations!!!
ဆက်လက်အောင်မြင်လို့
ပျော်ပါစေ ခင်ဗျာ
*.*.*

ရေတမာ said...

ပျော်စရာခရီးစဉ်ပါ့လား သီချင်းလည်း အရမ်းကြိုက်တယ်ဗျို့။ ထီလက်မှတ်ထုတ်မရကတည်းက စိတ်က တထိပ်ထိပ်နဲ့ ဘာာာာာာ တွေများးးးဖြစ်ကုန်မလဲ??????

မြသွေးနီ said...

ကိုမြစ်ရေ....
မြသွေးနီက.. ရေတော့ ကောင်းကောင်းကူးတတ်တယ်။
ဒါပေမယ့် ကြောက်စရာပေါ်လာရင် မေ့တတ်တဲ့ အကျင့် ရှိနေတယ်။ နင်လားငါလားကြမှ ရေကူးနည်း မေ့နေရင် ဒွတ်ခ။ ဒုတိယပိုင်းမလာခင် အမြန်ပြန် လေ့ကျင့် ထား ဦးမှပဲနော်။ :)
ခင်မင်စွာ......

ရွက်လွင့်ခြင်း said...

ပင်လယ်ခရီး သွားပါတယ်ဆိုမှ ရွက်လွှင့်ခြင်းကို ထားခဲ့လို့  ဘယ်တရားမလဲ
း))
နောက်ထာပါဗျာ
ကိုကျိုးသဘောပါ

အပိုင်း၂ ကို စောင့်မျှော်လျှက်....

စိတ်စမ်းရေ said...

နောက်အပိုင်းကို စောင့်နေတယ်...။

ဒဿ said...

ဟင့်.... လုပ်ရက်တယ် ...
အခန်း ( ၂ ) မျှော်... တဲ့. ဖတ်လို့ ကောင်းနေမှ
လုပ်ရက်တယ် ကိုမြစ်ကျိုးအင်းရယ်။။။

flowerpoem said...

ဟား၂ ရယ်ရတယ်. . . အပိုင်း(၂) ကိုမျှော်နေတယ် ကိုမြစ်ကျိုးအင်းရေ အမှန်တော့ ဘလော့ အကယ်ဒမီ ဧည့်ခံပွဲမှာ ဒကာ က ကိုမြစ်ကျိုးအင်းဖြစ်ရမယ်..ဟဲဟဲ. ..
အမှတ်တရထည့်ရေးပေးတာ ကျေးဇူးပါ

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ကိုမြစ်ကျိုးအင်း ရေ... မုန်တိုင်းတော့ တကယ် မလုပ်လိုက်နဲ့ဗျ...

အညာသား ရေမကူးတတ်ဘူးဗျ။

လှိုင်းမူး ရတာတစ်မျိုး.. မောင်မိုးတို့နဲ့ သွားပေါင်းလို့ မူးရတာ တစ်မျိုး နဲ့... Life jacket ၀တ်ဘို့ နေနေသာသာ.. ကိုယ့် ပုဆိုးကိုယ်တောင် မနိုင်တော့ဘူးဗျ.. :) :) :)...

ထီလက်မှတ်ကလေးကိုတော့ ရေမစို စေနဲ့ဗျ...

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

ဂျစ်တူး ( မုံရွာ ) said...

အကယ်ဒမီရှင်ကြီးရေ---
ကျားနှစ်မို့ဓါတ်ပုံမရိုက်ရလို့(ကျားနှစ်ဆိုတရုပ်တွေမင်္ဂလာ
မဆောင်ဋ္ဌကပါ)အားလားရက်ဖြစ်နေလို့ခရီးထွက်နေချင်တာ
နဲ့အတော်ဖြစ်နေတယ်-ဆက်ရန်ကိုမဋ္ဌကာပါစေနဲ့ဗျာ-
ရွှင်ပျော်ပျော်စက်လှေကြီးနဲ့ခရီးဆက်ဆက်ဗျာ-
ပျော်ပျော်ပါးပါးပေါ့-

ဂျစ်တူး ( မုံရွာ ) said...

ကိုမြစ်ရေးသလို--
ဒို့ တတွေအပြင်မှာအဲလိုတွေ့ ချင်လိုက်တာ-
အားလုံးရန်ကုန်မှာပြန်ဆုံချင်လိုက်တာ-
တချိန်ချိန်တော့ဖြစ်လာအုံးမှာပါ-
အသက်တွေကြီးနေပေမဲ့
ပျော်ရွှင်စွာတွေ့ ဆုံခွင့်ကလေးသာရလိုက်လိုပါ၏-

နှင်းဟေမာ said...

အစ်ကိုရေ...
ပျော်ရွှင်စရာ ဘလော့ဂါတို့ရဲ့ အဏ္ဍ၀ါခရီးစဉ် လေးတွေကို ဖတ်ရင်း ကြည်နူးမိတယ် ...
အင်း .. ဒီဇာတ်လမ်း ကြိုသိနေသလိုပဲနော်ဟဲ ဟဲ
အားပေးလျှက်ပါ
ညီမလေး

Nge Naing said...

ပထမဦးစွာ ဘလော့ဂ် အကယ်ဒမီ ရထားတယ်ဆိုလို့ ၀မ်းသာကြောင်း ပြောပါရစေ။ ကြားပဲကြားရတာ ဘယ်ဘလော့ဂ်က ဘာရတယ်ဆိုတာ ဘယ်မှာ တင်ထားမှန်း အခုထိမသိသေးဘူး။ ထားလိုက်တော့ ဒါကို နောက်မှ စုံစမ်းမယ်။

ဒီပို့စ်ကို အစဖတ်လိုက်တော့ တကယ်ပဲ ဘလော့ဂါတွေ ခရီးသွားနေတယ် ထင်နေတယ်။ နောက်မှ တချို့ဘလော့ဂါတွေနာမည်ကို တွေ့မှ မဖြစ်နိုင်ဘူးလို့ သဘောပေါက်သွားပြီး ဆက်ဖတ်မှ ပိုသေချာသွားတယ်။ မြိတ်ကျွန်းစုကို ဒီလို ပျော်ပျာ်ပါးပါးနဲ့ ဘလောဂါမရွေး တကယ်သွားနိုင်တဲ့ တနေ့ကျရင် လိုက်ပါချင်ပါတယ်။ အဲဒီအချိန်ကျရင်တော့ ချန်မထားနဲ့နော့်။

Moe Cho Thinn said...

ဟာ..နောက်ကျသွားတယ်။
ပို့စ်ထဲမှာတင် ထီပေါက်လို့ ဘယ်ဖြစ်ပါ့မလဲ ကိုမြစ်ရယ်.. အပြင်မှာပါ တကယ် ဖြစ်ရရင် ကောင်းမှာ..

ပျော်ပါမယ် ဆိုမှ မုန်တိုင်းတဲ့၊
ထီပေါက်ပါမယ် ဆိုမှ ငွေ မထုတ်ရသေးဘူး တဲ့။
ရက်စက်သယ်။ :D
အဲဒီလို သူငယ်ချင်းတွေ အပြင်မှာ တကယ်ဆုံရရင် ကောင်းမှာနော်။ စီစဉ်ပါလား ကိုမြစ်ရေ..

thawzin said...

ပျော်ရွှင်စရာကောင်းအောင်ရေးထားတဲ့ ခရီးစဉ်လေးပဲနော်။ နယ်မြေတွေခြား၊ရေမြေတွေခြားနေသော်လည်း စိတ်ကူးနဲ့စုစည်းပြီး အကောင်အထည်ဖေါ်လိုက်တာ အကုန်အကျတော်တော်များသွားပဲဗျာ။ :)

မြစ်ကျိုးအင်း said...

နာမည်ကျန်ခဲ့သူများအတွက် နောက်အခန်းတွေမှာလည်း ဘလော့ဂါ နာမည် တွေ ထပ်ပါလာမယ့် ဇာတ်ဝင်ခန်းတွေ ရှိနေပါတယ်။

မချိုသင်းရေ ...ကျနော်ကိုယ်တိုင်လည်း အဲဒီလို သွားချင်ပါတယ်။ အမြန်ဆုံးနဲ့ အဖြစ်နိင်ဆုံးကတော့ ထီဆုကြီး ကြီး ပေါက်ရင် ဒီလို ခရီးစဉ်မျိုး ဖြစ်လာနိင်ပါတယ်။

ကိုလူထွေး said...

ထီလက်မှတ်တွေရမယ်...

ထီလက်မှတ်တွေရမယ်...

ထီထိုးတာထက်စာရင် ဒီလိုပွဲမျိုးမှာ ထီလိုက်ရောင်းရင် ပိုကိုက်မယ် ထင်လို့...

းဝ)

SHWE ZIN U said...

မုန်တိုင်းထဲမှာ ရေထဲပြုတ်မကြအောင် ထိမ်းထားအုန်းနော် အဟင်းတော်ကြာ ချစ်ချစ်ကြီး နဲ့ တကယ်မတွေ့ရဘဲနေအုန်းမယ်..

မမိုးချိုသင်းကြီး တကယ်ထီပေါက်ပါစေဗျာ
အဲဒီလိုမျိုးတကယ်သွားချင်တယ် ကိုမြစ်ကျိုးရေ ဝက်သားပေါင်းလေးလုပ်ကျွေးပါမယ်

ချစ်ကြည်အေး said...

ကိုမျှစ်ချိုးရေ...ပိုင်တယ်ဗျာ...အဲလိုမျိုး တကယ်သွား ချင်တာဗျ၊ Genting Highland သွားရအောင်ဗျာ၊ ကိုမျှစ်ချိုးတို့ အယုံလွယ်လိုက်ပုံများ ဟင်းလေးတခွက် တင်ပြလိုက်ရုံနဲ့ ချက်ကြီး တန်းခန့် ပစ်လိုက်ပါရောလား ဘာဖြစ်ဖြစ်ဗျာ လိုက်ရပြီးရော၊ ကျွန်းပေါ်ရောက်ရင် ကာရာအိုကေလေး ဘာလေး သွားဆိုကြရအောင်ဗျိုး....:)

ပုံ / မယ်ဆိုချင်

သဒ္ဓါလှိုင်း said...

ကိုမြစ်...
ဖတ်နေရင်းနဲ့ ခရီးသွားချင်တဲ့စိတ်ကတားလို့မရတော့ဘူးနော်..။ ခရီးဆုံးထိလည်း ရောက်အောင်သွားပေးအုံး...။ အခုလိုခရီးမျိုးသွားခဲ့ရရင်အရမ်းကောင်းမှာပဲလို့
စိတ်ကူးထဲမှာတင်ပျော်ခဲ့ရပါတယ်။။ ခရီးအတွက်စီစဉ်ပေးတာကျေးဇူးတင်မိတယ်နော်..။
နောက်အခန်းဆက်ကိုမျှော်နေတယ်......
ခင်တဲ့
သဒ္ဓါ

reenoemann said...

ငါ့ နာမည် က တစ်ခါပဲ ပါသေးကြောင်း လာပြောတာ။

ဂျစ်တူး ( မုံရွာ ) said...

ဟုတ်တယ် Genting Highland သွားရအောင်-
ကိုမြစ်ရေ- - - -ကမ်းပေါ်ရောက်တာနဲ့အငြိမ့်နော်အငြိမ့်
ဒါမှမဟုတ်သင်္ကြန်ပေါ့ဗျာ-ခင်ဗျားသင်္ကြန်ရောက်အောင်ဆွဲ
ထားတာလားဗျာ-မြန်မြန်ဗျို့ မြန်မြန်

Anonymous said...

ကိုမြစ်ရေ...
အစ်ကို လူထွေးထီလက်မှတ်တွေရမယ်...အော်နေမှ ကျွန်တော်လည်း...အကြံရတယ်...။
လျှောက်သီးဆေးပြားရောင်းဖို့.....း))
ခင်မင်တဲ့
ဏီလင်းညို

မိုးမောင် said...

ပုလင်းအုပ်စုထဲ ထည့်ပေးထားလို့ တကယ်မသောက်ရသော်လည်း မစားရ၀ခမန်း ၀မ်းမြောက်သွားပါကြောင်း။ မုန်းတိုင်းဟဲဗီးတော့ မမိပါစေနဲ့ ရောင်းရင်းရယ် တော်ကြာမူးမူးနဲ့ အကုန်ဂန့်ကုန်ပါ့မယ်။ :)

ahphyulay said...

လုပ်ပါအုံး..၊ ပင်လယ်ခရီး ဆိုတော့ လဲ လှိုင်းလေ တွေလိုပဲ
အနိမ့်  အမြင့် ရှိုက်ဖို လှိုက်မော စရာတွေ ပါလာ မှာပဲ
မဟုတ်လား..။

ahphyulay said...

လုပ်ပါအုံး..၊ ပင်လယ်ခရီး ဆိုတော့ လဲ လှိုင်းလေ တွေလိုပဲ
အနိမ့်  အမြင့် ရှိုက်ဖို လှိုက်မော စရာတွေ ပါလာ မှာပဲ
မဟုတ်လား..။

ညီမလေး said...

နောက်ဘာတွေပဲဖြစ်ဖြစ် ခရီးသွားရတာတော့ ကြိုက်တယ် ။ တကယ်သွားရရင်ကောင်းမယ်နော် ။ ပျော်စရာကြီးနေမှာ ။ ထီတကယ်ပေါက်ရင်လဲ ကောင်းမယ်နော် ။

P.S အမြန်ဆုံးနည်းနဲ့ ပုဂံလုံးလေးစီးပြီး (ငယ်ငယ်တုန်းကတော့ အဲ့လိုပြောတာပဲး) ) ဆက်ရေးပါ ။ ဘာတွေဆက်ဖြစ်မလဲ အရမ်း အရမ်း သိချင်နေပါသည်။

ပုံ .. ညီမလေး

မြတ်မွန် said...

ပင်လယ်ဆိုရင် ကြိုက်၏။
လှိုင်းမူးတက်တယ် ဆိုတော့ ကိုဏီးဆီက ရှောက်သီးဆေးပြား ဝယ်စားလို့ ရပြီဗျို့။

သင်္ဘေားပေါ်မှာ ညဘက် ကလပ် လုပ်ပါလား ။
အားလုံး ကလို့ ရတာပေါ့ ဟီး။

မုန်းတိုင်း မိတယ်ဆိုတော့ တိုက်တန်းနစ် တော့ မလုပ်နဲ့ ဆရာသမားရေ..

အင်ကြင်းသန့် said...

အယ်..တကယ်ကို ပျော်စရာကြီးပဲ...အပြင်မှာ အဲဒီလို တကယ်သွားရရင် ဘယ်လောက်ပျော်စရာ ကောင်းလိုက်မလဲနော်...ဘာတွေဆက်ဖြစ်ဦးမှာလဲ...သည်းထိတ်ရင်ဖိုပဲ...ဒုတိယပိုင်း မြန်မြန်ရေးပေးပါဦး...

ခင်မင်လေးစားစွာဖြင့်
အင်ကြင်း

တလနွန် said...

ပျော်စရာကြီးးးး
ငယ်ငယ်တုန်းက စီးခဲ့တဲ့ မော်လမြိုင်-သာမည သုံးထပ်သင်္ဘောကို လွမ်းသွားတယ်...

ခင်မင်လျက်
တလနွန်

Anonymous said...

မုန်တိုင်းထဲမှာဘယ်နှရက်ထားမလို့လဲး)))

ကိုခိုင် said...

လာလည်သွားတာကျေးဇူးပါ။
ဘလော့အကယ်ဒမီဆုရတယ်ဆိုလို့
ဝမ်းသာဂုဏ်ယူမိပါတယ်။
ရေးထားတာပျော်စရာကြီးပါ။
လင့်ချိတ်ခွင့်ပြုပါ။

ကိုခိုင်
http://kokhine.blogspot.com

ဂျစ်တူး ( မုံရွာ ) said...

ကိုမြစ်ရေ
ကျန်းမာပါစေမင်္ဂလာပါခင်ဗျား-
မညစ်နဲ့နော်-
လူတွေဒီလောက်လာနေတာကိုဆက်မရေးတာကတော့
အကယ်ဒမီမင်းသားမို့အိုက်တင်ခံနေတာလားဗျာ-
ညစ်တယ်-
ဟွန်း-

littlebrook said...

ဝမ်းသာလိုက်တာ .. ခုဆို ငါ little brook မကြည်တဲ့သူတွေကို ကြိုးတုပ်ပြီး နှိပ်စက်ဖို့အခွင့်အရေးရပြီ ... မိဂျူတို့ အနော်တို့ရေ သေပေတော့ ငွီးငွီး ....

thawzin said...

မုန်တိုင်းကြီးလွတ်လာပြီးတော့ ဓါးပြရန်ကရှိသေးနော်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေပြီးဗျို့။ ဒီထဲမှာ ဟီးရိုးကြီးတယောက်တော့ ထွက်လာမှာသေချာတယ်။ ဘယ်ကိုကို ဘယ်မမလဲ ဆက်လက်ရှုစားပါ့မယ်ဗျာ

မြသွေးနီ said...

ကိုမြစ်ရေ...
ဇာတ်ရှိန်တက်လာပြီနော်။ ကိုရင်နော် နဲ့ ကိုဏီတို့ကို အတွက်ချပေးထားတဲ့နေရာကိုတော့ အတော့်ကို သဘောကြမိတယ်။ တကယ့်ကို လူမှန်နေရာမှန်ပါဘဲ။ ဟဟား...။ ဇာတ်ကောင်တွေ အများကြီးနဲ့ ရေးတာ တော်တော်ပင်ပန်းမှာဘဲ။ ဖတ်ရင်းနဲ့ တကယ် ခရီး သွားနေရသလို အပျော်တွေ ကူးစက်လာစေတယ်။

ကျောပိုးအိတ် said...

ပင်လယ်ခရီးကိုလိုက်ချင်လွန်းလို့  မရမက ပြေးလာတာ။

လူစုံတတ်စုံနဲ့  ပျော်စရာဘဲဟေ့။

ကဲ
သီချင်းလေးတွေ စဆိုရအောင်။
း)

ညရဲ့ကောင်းကင် said...

ကိုမြစ်ရေ ပျော်စရာကြီးဗျာ...
နောက်ကျမှလာဖတ်ဖြစ်တာ နောင်တရမိတယ်...
စိတ်ညစ်နေတာတွေတောင်ပျောက်သွားပြီ ...
အဟဲ .. အပိုင်း (၂) ကို ဆက်ဖတ်လိုက်အုန်းမယ်..
လှိုင်းမူးလို့ ခနနားတာ...

အော်ဒါနဲ့ အကယ်ဒမီအတွက် ဂုဏ်ပြုပါတယ်...
မုန့်ကျွေးရမယ်နော်...

ခင်တဲ့
ညရဲ့ကောင်းကင်

ဒဿ said...

ဒဿတို့များ နောက်ဆုံးတော့ လူဆိုးပဲ ဖြစ်ရတာပဲ ဟီးးးးးးးးး....ဇာတ်ရှိန်ကတော့ မြင့်လာပီ. ရေးလဲရေးတတ်ပါပေ့
ကိုကြီးကျိုးရယ်။

 

Posts Comments

©2006-2010 ·TNB