ဘေလာဂ္ဂါ နှင့် အဏ္ဏဝါ (၂)

10 March 2010


အခန်း(၂)
စွန့်စွန့်စားစား ခရီးသွားများ

" အားလုံးပဲ အသက်ကယ် အင်္ကျီတွေဝတ်ထားကြပါ မကြာခင် မုန်တိုင်းကျတော့မယ် "
ကပ္ပတိန်ညောင်ရမ်းရဲ့ စကားအဆုံးတွင် အားလုံးရဲ့ အာမေဋိတ် ရေရွတ်သံများ တစ်ပြိုင်ထဲ ထွက်ပေါ်လာသည်။
" ဘုရား ..ဘုရားး "
" မုန်တိုင်းတဲ့ ဘယ်လိုလုပ်ကြမလဲ "
" ဘုရားသခင် ကယ်ပါ "

" ခဏလောက် ငြိမ်သက်ပေးကြပါခင်မျာ ပြောစရာ ရှိပါတယ် " ညောင်ရမ်းရဲ့ စကားအဆုံးတွင် ဘလောဂ်ဂါများ အားလုံး တစ်ဖြည်းဖြည်း တိတ်ဆိတ်သွားကြသည်။

" ဒီစက်လှေပေါ်မှာ တာဝန်အရှိဆုံး သူတစ်ယောက်အနေနဲ့ အစီအစဉ်ကို ပြောပြချင်ပါတယ် အဲဒါကတော့ ကျနော်တို့ သွားတဲ့လမ်းကြောင်းမှာ မုန်တိုင်းနဲ့ တိုးပါလိမ့်မယ်။ အသက်အန္တရာယ်အထိ စိုးရိမ်ရနိင်လို့ ကျနော်တို့ တောင်ဘက်စူးစူးကို လမ်းကြောင်းပြောင်းပြီး မုန်တိုင်းနဲ့ ဝေးရာဆီကို အပြင်းမောင်းရပါလိမ့်မယ် ကျနော်တို့ရဲ့ရေဒါမှာပြနေတာကတော့ အဲဒီဘက်မှာ ကျွန်းလို့ယူဆရတဲ့ အမဲစက်တခု ပေါ်နေပါတယ်။ မုန်တိုင်းကို ရှောင်ရင်း အဲဒီ ကျွန်းမှာ သွားရောက် ခိုလှုံတာဟာ အကောင်းဆုံး အစီအစဉ် တစ်ခု ဖြစ်ပါတယ်။ အားလုံးရဲ့ သဘောထားများကိုလည်း သိချင်ပါတယ် "

စကားအရှည်ကြီးပြောလိုက်ရသဖြင့် ညောင်ရမ်း အမောဖြေနေချိန်တွင် ခရီးသွားများရဲ့ တစ်ယောက်တစ်ပေါက် စကားပြောသံများ ထွက်ပေါ်လာသည်။
ရီနိုမာန်မှ " မုန်တိုင်းနဲ့ လွတ်ရင်ပြီးရော ရှောင်ရမှာပေါ့ "
မိုးမောင်နှင့် ကိုဒူကဘာမှလည်း " အေးလေ "
Jr.လွင်ဦးမှ " ဒါစဉ်းစားစရာကို မလိုဘူး လွတ်အောင် မြန်မြန်ပြေးရမယ် "
မသိင်္ဂါကျော်မှလည်း " ပြောနေကြာတယ် အခုပဲ လမ်းကြောင်းပြောင်းပေးပါ "
အားလုံးက ဝိုင်းဝန်းထောက်ခံကြသည်။မမိုးချိုသင်းမှ အားလုံးအရှေ့ထွက်ရပ်ပြီး
" ဟုတ်ပါတယ်ကပ္ပတိန် မုန်တိုင်းနဲ့ လွတ်မယ့် ကျွန်းကို လမ်းကြောင်း ပြောင်းမောင်းဖို့ အားလုံးက သဘောတူပါတယ်"

အားလုံးရဲ့ သဘောတူညီမှုကို ကြားပြီးတဲ့အခါ ညောင်ရမ်းမှ
" ကျနော်နဲ့ ဆလင်ကြီး ကိုသုနြေ္ဒရဲ့ တွက်ချက်မှုအရ မုန်တိုင်းကျလာမယ့်အချိန် ခိုလှုံမယ့်ကျွန်းကို အပြင်းမောင်းရမယ့် အချိန်တွေကို တွက်ကြည့်လိုက်တာ နာရီဝက် လောက်တော့ မုန်တိုင်း အဖျားခတ်တာ ခံရနိင်ပါတယ်။ ဒါကြောင့် အသက်ကယ် အင်္ကျီတွေ ဝတ်ထားကြပါ။ အရေးအကြောင်း ကြုံလာရင် ဟိုဘက်ပြေး ဒီဘက်ပြေးတွေ မလုပ်ကြပါနဲ့ အားလုံးပဲ ငြိမ်ငြိမ်သက်သက် ရှိကြပါ အခုကစပြီး လမ်းကြောင်းပြောင်းပါပြီ"

ပြောပြီးလျင်ချက်ချင်းပဲ စက်လှေရဲ့စက်ခန်းသို့ ထွက်ခွာသွားတော့သည်။ ထို့နောက်တွင်တော့ မြိတ်ကျွန်းစု ဆီသို့ ဦးတည်နေသော စက်လှေဦးသည် တောင်ဘက်ဆီသို့ ပြောင်းလဲဦးတည်သွားတော့သည်။ ထို့နောက် မုန်တိုင်းနှင့် လွတ်အောင် အပြင်းမောင်းနှင်နေတော့သည်။ စက်လှေပေါ်မှ ခရီးသည်များကတော့ တူညီစွာ ဆုမွန်ကောင်း တောင်းကြသလို တူညီစွာပဲ ကင်မရာများ ထုတ်၍ အနီရောင်သန်းနေသော ကောင်းကင်ကို ဓါတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ကြကုန်သည်။ ပြည်တော်ပြန်ရောက်ခဲ့လျင် ခရီးသွား အတွေ့အကြုံအတွက် မှတ်တမ်းဓါတ်ပုံ အနေဖြင့် မျှဝေပေးဖို့ပဲ ဖြစ်သည်။

ထိုအချိန်တွင် ယောကျာ်လေးအုပ်စုမှ ကိုမျိုး(အညာမြေ)၊ သော်ဇင် ၊ မိုးမောင်တို့က အသက်ကယ် အင်္ကျီ များကို လိုက်လံဝေငှသလို အဖြူရောင်နတ်သမီး၊ ကြည်ဖြူပိုင်၊ မသဒ္ဓါလှိုင်း၊ မသိင်္ဂါကျော် တို့မှလည်း အားလုံး စားသောက်ဖို့အတွက် ပြင်ဆင်နေတော့သည်။ သူတို့မှာ ထွေထွေထူးထူး ဟင်းလျှာများ ချက်ပြုတ်ဖို့လဲ အချိန်မရှိတော့သဖြင့် ပါလာသည့် အသားဗူး၊ ငါးဗူးများသာ ဖောက်၍ ဟင်းအဖြစ် စီစဉ်ရတော့သည်။ ကြည်ဖြူပိုင်က နံမည်ကျော် သူ့ဝက်သားနှပ်ဟင်းကို လက်စွမ်း မပြလိုက်ရ၍ စိတ်မကောင်းဖြစ်နေသေးသည်။ မကြာခင် ကျရောက်လာနိင်တဲ့ အန္တရာယ် ကိုတွေးမိနေသဖြင့် မည်သူမှလည်း စားသောက်၍ မကောင်းပေ။ တိတ်တိတ်ဆိတ်ဆိတ်နှင့် ခပ်သွက်သွက်ပဲ စားသောက်ပြီး ကုန်ပတ်ပေါ်တွင် သွားရောက်ကာ ကောင်းကင်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြသည်။

ထိုအချိန်တွင် ပင်လယ်ပြင်မှာ လေငြိမ်ပြီး လေဖိအားနည်းလာသည် ပုံမှန်ရှိသင့်သော ဘာရိုမီတာ ၁၀၁၁ ၊ ၁၀၁၂ မှသည် တဖြည်းဖြည်းကျဆင်းလာသည်မှာ ယခုအချိန်တွင် ဘာရိုမီတာ ၁၀၀၁ ခန့်သာ ရှိတော့သည်။ ဘာရိုမီတာ ၁၀၀၀ ခန့်သည် warning အခြေအနေလည်းဖြစ်သည်။ လေဖိအား နည်းလာသဖြင့် ပူအိုက်မှုကိုလည်း စတင်ခံစားလာရသည်။ ထို့နောက် ငြိမ်သက်နေသော ပင်လယ်ရေပြင်တွင် လှိုင်းကြက်ခွပ်လေးများ တွေ့လာရသည်။ အခြေအနေသည် လျင်မြန်စွာဖြင့် အဆိုးဘက်သို့ ပြောင်းလဲ လာနေသည်။ လှိုင်းကြက်ခွပ်လေးများမှသည် swell ဟုခေါ်သော လှိုင်းထူလာသည်။ လေဖိအားသည်လည်း တစ်စစနှင့် ကျဆင်းလာနေတော့သည်။ တစ်ဖြည်းဖြည်းနှင့် လေကြမ်းတွေ စတိုက်စပြုလာသည်။ ကောင်းကင်သည် ပို၍နီရဲ လာသည်။ လှိုင်းခေါင်းဖြူများထန်စပြုလာပြီ။ အားလုံးရဲ့ ရင်ထဲတွင်တော့ စိုးရိမ်ပူပန်စိတ်များ တစ်ဖြည်းဖြည်း တိုးပွားလာသည်။ သူတို့လွတ်မြောက်ပါ့မလား ။ မကြာခင်မှာ ဘယ်လိုအခြေအနေဆိုးနှင့် ကြုံရမလဲ ဆိုသည့် အတွေးများကြောင့် ငြိမ်သက်နေကြသည်။ လူကသာ ငြိမ်သက်နေကြသော်လည်း စိတ်တွင်းမှာတော့ ယောက်ယက်ခတ်လို့ နေကြသည်။

ရမ်းဂန်း ကတော့ အသက်ကယ်အင်္ကျီဘေးချထားကာ သူ့ရဲ့ ဗေဒင်ပညာဖြင့် တွက်ချက်နေသည်။ လက်ချောင်း လေးများကို ချိုးတွက်လိုက် ကောင်းကင်ကို မော့ကြည့်လိုက် နှုတ်က တိုးတိုးရွတ်လိုက်ဖြင့် သူတစ်ယောက်ထဲ အလုပ်များနေသည်။ တစ်ချို့တွေကလည်း မျှော်လင့်တစ်ကြီးဖြင့် သူ့ကိုစောင့်ကြည့်နေကြသည်။

ကိုဒူကဘာနှင့် လင်းကြယ်ဖြူ တို့ကတော့ စက်လှေရဲ့ မောင်းနှင်ခန်းကို သွားပြီး အခြေအနေ သွားမေးကြသည်။
မိန်းခလေးဘလောဂ်ဂါအချို့မှာ ကြောက်လွန်းသဖြင့် ဒူးတစ်ဆတ်ဆတ်တုန်ကာ လမ်းပင် မလျှောက်နိုင်အောင် ရှိနေကြသည်။ အချို့ကတော့ ရသမျှ ဘုရားစာများကို တွင်တွင်ရွတ်ဆိုနေကြသည်။ မခင်လေးငယ်က သံဗုဒ္ဓေ ဂါထာကို ရွတ်နေရင်းက အဆုံးထိ မရောက်နိုင်ဘဲ အလည်မှာတင် တစ်ဝဲလည်လည်ဖြစ်နေသည်။ မရွှေစင်နဲ့ မချစ်ကြည်အေးတို့ ၂ယောက်မှာ တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြရင်းက သူတို့ရဲ့ ချစ်ချစ်ကြီးများ ရောက်လာပြီး လာကယ်နိုးဖြင့် ပင်လယ်ပြင်ကြီးကို မျှော်လင့်တစ်ကြီး စိုက်ကြည့်နေကြသည်။ သူတို့ ချစ်ချစ်ကြီးတွေက အချစ်အတွက်ဆိုရင် လေယာဉ်စင်းလုံးငှားပြီး လာလိမ့်မည်ဟု တွေးထင်နေသလားတော့ မသိပေ။ မမြသွေးနီကတော့ စိတ်ပုတီးကြီး တစ်ကိုင်ကိုင်ဖြင့် မုန်တိုင်းရန်ကို စိတ်ပုတီးကြီးနှင့် အကာအကွယ်ယူမည့် ဟန် ပြင်နေသလိုရှိသည်။ အခါတိုင်း ဘုရားတရားမေ့ နေသူများမှာလည်း ယခုအချိန်တွင် ဘုရားကို တွင်တွင်တရင်း ရသမျှ ဘုရားစာများကို အမြီးအမောက်မတည့် ရွတ်ဆိုနေကြလေပြီ။
ရီနိုမာန်ကတော့ လှိုင်းမူးမှာ စိုးသဖြင့် စက်လှေထောင့်ကို သွားကာ ချက်ကို ပလာစတာ ကပ်နေလေသည်။



တွက်ချက်မှုများ ပြီးဆုံးသွားသဖြင့် ရမ်းဂန်းက အားလုံးကို လက်တစ်ဖက်ထောင်ပြကာ သူစကားပြောမည် ဖြစ်ကြောင်း အချက်ပြလိုက်သဖြင့် သူ့ပြောမည့်စကားကို စိတ်ဝင်တစား နားထောင်နေကြသည်။

" အဟမ်း အဟမ်း ကျနော့်ရဲ့ တွက်ချက်မှု အရဆိုရင်တော့ အဟမ်း " လူတွေရဲ့ စိတ်ဝင်မှုပိုလာအောင် ချောင်းခြောက်များ ဆိုးပြနေသဖြင့် တစ်ချို့တွေက မျက်စောင်းဝိုင်းထိုးကြသည်။

" ဒီလို ရှိပါတယ် ခုနက ကျနော့် တွက်ချက်မှုတွေ အရ ဆိုရင် ကျနော်တို့ ရွှင်ပျော်ပျော် စက်လှေကြီးက ဘေးအန္တရာယ်နဲ့ ကြုံတွေ့ဖို့ မရှိပါဘူး ဒီစကားကို ရဲရဲကြီး အာမခံပါတယ် တကယ်လို့ တစ်ဖွဲ့လုံး အသက်အန္တရာယ်သာ ထိခိုက်မယ်ဆိုရင် အခုလို ဟောပြောထားတဲ့ ကျနော့်လျှာ ကို အဖြတ်ခံပါတယ် "

ဗေဒင်ဆရာ ရမ်းဂန်းရဲ့ ရဲရဲတောက် ဟောပြောမှုကြောင့် အားတက်သွားကြသည်။
" အမလေး ဝမ်းသာလိုက်တာ" အနော်မှ ဝမ်းသာအားရ ထအော်သည်။
မြတ်မွန်မှလည်း " ဒါဆို ငါတို့ မသေနိင်တော့ဘူးပေါ့ " ပြောပြီး ပျော်ရွှင်နေကြသည်။

မချောကတော့ ဗေဒင်ဆရာရမ်းဂန်းရဲ့ စကားကို ဆင်ခြင်သုံးသပ်နေသည်။ " ငါတို့အားလုံးသေမှတော့ သူလည်း အတူတူသေမှာပဲဟာကို ဘယ်လို လျှာသွားဖြတ်ရပါ့မလဲ " တွေးမိပြီး တစ်ယောက်ထဲ ပြုံးနေတော့သည်။ သက်တန့်ချို ၊ ညရဲ့ကောင်းကင်နှင့် မိုးစက်အိမ် တို့ကတော့ အားငယ်နေသူ၊ ထိတ်လန့်နေသူများ တစ်ယောက်ချင်းစီကို လိုက်လံ အားပေးနေသည်။ ရေကြောက်တတ်သော နှင်းဟေမာက "ညီမလေးက ရေမကူးတတ်ဘူး" ပြောလိုက်သဖြင့် ဝိုင်းမှ " အေးဟာ ငါလည်း မကူးတတ်ဘူး " ဟု အားငယ်သံလေးနှင့် ဝင်ပြောလိုက်သည်။
"အိုး ဘယ်သူက ရေးကူးရမယ်ပြောလို့လဲ ကျွန်းပေါ်ကို ရောက်ကိုရောက်မှာပါ အားမငယ်စမ်းပါနဲ့"
" စိတ်မပူနဲ့နော် အိုကေသွားလိမ့်မယ် "
" ဘာမှမကြောက်နဲ့ ကျွန်တော်တို့ ဒီမုန်တိုင်းက လွတ်မြောက်မှာပါ "
" စိတ်အားတင်းထား သူငယ်ချင်းတို့ရေ ငါ့တို့ အောင်မြင်မှာပါ "

ထိုကဲ့သို့ တစ်ယောက်ကို တစ်ယောက် အားပေးမှုများဖြင့် စိတ်ဓါတ်ခွန်အား တိုးပွားလာကာ ပို၍ပို၍ ယုံကြည်မှု ရှိလာကြသည်။ နီးစပ်ရာ လက်များကို ဆုပ်ကိုင်ကာ စိတ်ဓါတ်ခွန်အား ဖြည့်ပေးကြသည်။ ထိုသို့ဖြင့် ယုံကြည်ချက် အဝန်းအဝိုင်းကြီး ပိုမိုကျယ်ပြန့်လာကာ တက်ကြွလာကြသည်။

လူအများ အလုပ်ရှုပ်နေချိန်တွင် မိုးမောင်တစ်ယောက် အရက်ပုလင်းလေးထဲမှ လက်ကျန်များကို လူတွေ မမြင်ခင် ကမန်းကတန်း မော့သောက်နေသည်။ မုန်တိုင်းကို အရက်သောက်ပြီး ရင်ဆိုင်မည်ဟု ဆုံးဖြတ်ထားပုံ ရလေသည်။ သူခိုးသောက်နေစဉ် ကိုဇော်ရောက်လာသဖြင့် မိုးမောင်မှာ ခိုးထုပ်ခိုးထည်နှင့် လူမိသလို ဖြစ်သွားရလေသည်။ ကိုဇော်ကလည်း " ငါလည်းသောက်မယ်ကွာ" ဟုဆိုမှ အဖော်ရပြီဆိုပြီး သက်ပြင်းလေး အသာချလိုက်တော့သည်။ သူတို့၂ယောက်မှာ စက်လှေထောင့်ခန်းတစ်နေရာတွင် အရက်ပုလင်းလေး တစ်လုံးကို ၂ယောက်သား တစ်ယောက်တစ်လှည့်မော့နေကြသည်။
ဂျစ်တူးကလည်း သူ့အနှစ်သက်ဆုံးကင်မရာလေးကို သတိရလိုက်မိသဖြင့် မုန်တိုင်းမလာခင် လုံလုံခြုံခြုံ ရှိအောင် ဘယ်နားသွားသိမ်းလို့ သိမ်းရကောင်းမှန်းမသိ ဖြစ်နေပြီး ဟိုဘက်ပြေးလိုက် ဒီဘက် ပြေးလိုက် လုပ်နေပြန်သည်။ ကိုဆောင်းယွန်းလမှာ တကူးတက ထည့်ယူလာသော မိသားစု ဓာတ်ပုံလေးကို ထုတ်ကြည့်ကာ မုန်တိုင်းမလာခင် အလွမ်းမိုးသည်းနေလေသည်။ ညီမလေး၊ ကျောပိုးအိတ်၊ပါးလုံး၊ အိန်ဂျယ်၊ ဇူးတို့မှာ မဟာဇနက္ကမင်းသား ပင်လယ်တွင်းသို့ သဘောင်္မြုပ်၍ မခုန်ဆင်းခင် ထောပတ်အဝစားတာကို သတိရပြီးထောပတ်ဘူးကြီးများ သယ်ချလာကာ အားပါးတရ ထိုင်စားနေကြသည်။ မောင်းနှင်ခန်းကို အခြေအနေ သွားမေး သူတို့ ပြန်ရောက်လာကြသည်။

" နောက် တစ်နာရီ လောက်ဆို ကျွန်းကို ရောက်တော့မယ်တဲ့ "

လင်းကြယ်ဖြူမှ ပြောသဖြင့် အားလုံး ပို၍ တက်ကြွ သွားကြသည်။ သူတို့အတွက် သတ်မှတ်စရာ အချိန်တစ်ခု ရပြီဖြစ်သည်။ ထို အချိန်ကို ကျော်လွန်သွားဖို့ သာ တွေးကြရတော့မည်ဖြစ်သည်။ မုန်တိုင်းကာလထဲတွင် တစ်နာရီ ဆိုသည်မှာ ကြာမြင့်သော အချိန်တစ်ခု ဖြစ်ကြောင်းကိုတော့ သူတို့ မသိနိင်ကြပေ။

ကိုဒူကဘာမှ
" အားလုံးပဲ မိမိတို့ရဲ့ အခန်းတွေကို ပြန်ပြီး အရေးကြီး ပစ္စည်းတွေကို စုစည်းထားကြပါ။ တစ်ဖြည်းဖြည်းနဲ့ လှိုင်းလေတွေ ကြီးလာနေပြီ ကျွန်းကို ကပ်ခါနီး အချိန်မှာ လှိုင်းလေ ပိုပြီးပြင်းထန်လာတော့မယ် အခုထဲက ကျွန်းပေါ်ကို မပါမဖြစ် ပစ္စည်းတွေကို ထည့်ထားကြပါ "

" ဒဏ္ဍာရီ၊ အင်ကြင်း၊ သဒ္ဓါလှိုင်း နဲ့ နှင်းနဲ့မာယာတို့တို့က အစားအသောက်အတွက် အသားဘူးတွေ သောက်ရေ ပုံးတွေ သယ်ရလွယ်အောင် အဆင်သင့် ပြင်ဆင်ထားပေးပါ… မငုံ၊ ကျောပိုးအိတ်၊ ကောင်းကင်ပြာ တို့လဲ ဝိုင်းကူပေးလိုက်ကြပါ "မမိုးချိုသင်းမှ " အရေးကြီး ပစ္စည်းတွေနဲ့ မပါမဖြစ် အသုံးအဆောင်တွေကိုပဲ ယူဆောင်စေချင်ပါတယ် သယ်ရပြုရ လွယ်ကူမှ အဆင်ပြေနိင်မှာပါ" အကြံပေးသလို ကိုဆောင်းယွန်းလ မှလည်း
"မဆုမွန် ၊ ပန်းကဗျာ၊ အနော် နဲ့ ဂျူနီယာလွင်ဦး တို့က အရေးကြီးတဲ့ ဓါတ်မီးတွေ မီးခြစ် ဖယောင်းတိုင်တွေကို အိတ် ၃ ခုလောက်ထဲ ခွဲထည့်ထားပါ အိတ်တစ်လုံး ပျောက်သွားရင်တောင် တစ်လုံးမဟုတ် တစ်လုံး ကျန်နေအောင်လို့ "
" မငယ်နိင်နှင့် သက်တန့်ချိုက အားလုံးရဲ့ ကျန်းမာရေး အပိုင်းကို တာဝန်ယူပေးပါ။ အခုထဲက ဆေးသေတ္တာ တွေကို အနီးအနားမှာ ယူထားရင် ပိုကောင်းမယ်ထင်ပါတယ် "
ထို့နောက် ကိုယ့်အစုနှင့်ကိုယ် လိုအပ်တဲ့ ပစ္စည်းများ သိမ်းဆည်းရန် ထွက်ခွာသွားကြသည်။ ရေချိုပုံးတွေကို ရီနိုမာန်နှင့် ဖြိုးမော်မှ သယ်ရလွယ်ကူရန် အဆင်သင့် ပြင်ဆင်ထားကြသလို အသားသွပ်ဗူးတွေ ထည့်ထားသော အိတ်များ ရောက်လာ ကြသည်။စက်လှေထဲတွင် လှုပ်လှုပ်ရှားရှား ဖြစ်နေသလို ပင်လယ်ပြင်တွင်လည်း လေပြင်းတို့ တိုက်ခတ်လာပြီ။ မိုးစက်တို့ ကျဆင်းလာပြီ။ ကြီးမားသော လှိုင်းလုံးကြီးများသည်လည်း သဘောင်္ဦးကို ဝင်ရောက် ဆောင့်နေတော့သည်။ ပုံမှန် တစ်နာရီ ရေမိုင် ၁၀ မိုင် သွားနိင်သော အင်ဂျင်တို့သည် အဆက်မပြတ်ရိုက်ခတ်နေသော လှိုင်းလုံးများကြောင့် တနာရီ ၅ မိုင် ခန့်သာ ခရီးတွင်တော့သည်။ လှိုင်းမူးသဖြင့် တချို့တွေ အန်ကုန်ကြသည်။ မငယ်နိင်နှင့် သက်တန့်ချိုတို့မှ လိုက်လံ ပြုစုပေးနေသော်လည်း သူတို့ကိုယ်တိုင်ပင် ပင်ပန်းနွမ်းနယ်နေသည်။

ထိုအချိန်တွင် မိုးလေတွေပို၍ပြင်းထန်လာသည်။ ညနေ ၃ နာရီခန့်သာ ရှိနေသေးပေမယ့် မိုးကောင်းကင် တခုလုံး မှောင်စပြုလာသည်။ လှိုင်းနှင့်လေတို့ကြောင့် စက်လှေသည် ထိန်းချုပ်ရခက်ခဲလာသည်။ ကပ္ပတိန် ညောင်ရမ်းရဲ့ ကျွမ်းကျင်မှု ပဲ့ထိန်းကြီး ဖြစ်တဲ့ ကိုသုနြေ္ဒရဲ့ အတွေ့အကြုံ တို့ကြောင့်သာ စက်လှေမမှောက်သွား သေးခြင်းဖြစ်သည်။ဘယ်ဘက်ကို ၂၀ ဒီဂရီမောင်း ပြီး ညာဘက်ကို ၃၀ ဒီဂရီ အလိုက်သင့်မောင်းနေရသဖြင့် ခရီးလည်း မတွင်ပေ။ မုန်တိုင်းကြားတွင် မြင့်မားသော လှိုင်းလုံးတို့ကို ထိုးခွဲရန် မဖြစ်နိင်ပေ။ ထို့ကြောင့် ရည်ရွယ်ထားသော အရပ်ကို ရောက်ရှိဖို့ ဘယ်ဘက်ကို ပန်းတက်လိုက် လှိုင်းလုံးများဖြင့် ညာဘက်ကို အလိုက်သင့် ဆင်းရင်းဖြင့် တရွေ့ရွေ့ ခုတ်မောင်းနေရသည်။

လှိုင်းလုံးများကြောင့် တစ်ချက်တစ်ချက် စောင်းသွားသော စက်လှေပေါ်တွင်လည်း တုန်လှုပ်ခြောက်ခြားမှုများ ဖြင့် ထိန်းချုပ်ရန်ခက်ခဲနေသည်။ ကြီးမားသောလှိုင်းလုံးကြီး ပြေးအဆောင့်တွင် ရွှင်ပျော်ပျော် စက်လှေသည် ညာဘက်သို့ စောင်းကျသွားသည်။ အားလုံးရဲ့ စိတ်ထဲတွင် ဒီတစ်ခါတော့ သွားပြီဟု တွေးထင်လိုက်ကြသည်။ ထိတ်လန့်တကြားအော်ဟစ်သံတို့ သည် မိုးသံလေသံကြားတွင် နစ်မြုပ် ပျောက်ကွယ် သွားသည်။ ဘေးဘက်သို့ ၂၀ ဒီဂရီခန့် စောင်းကျသွားသော စက်လှေသည် ပဲ့ထိန်းကြီး ကိုသုနြေ္ဒရဲ့ ကျွမ်းကျင်မှုကြောင့် ပြန်လည် တည့်မတ်သွားသည်။

ထိုအချိန်တွင် စက်လှေရဲ့ မောင်းနှင်အား သိသိသာသာ ကျဆင်းသွားသည်။ မုန်တိုင်းကြားထဲတွင် အင်ဂျင်ပျက် သွားပြီထင်လိုက်ကြသဖြင့် အားလုံး ကြောက်လန့်တကြား ဖြစ်သွားရသည်။ ထို့နောက် စက်လှေရဲ့ ဦးတည်ရာသည် ညာဘက်သို့ ၁၅၀ ဒီဂရီ ခန့်ကွေ့ဝိုက်သွားသည်။ စက်လှေတော့ လှိုင်းလုံးများနှင့် မျောပါသွားပြီ ထင်လိုက်ကြသဖြင့် ထိတ်လန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ညာဘက်သို့ ကွေ့ဝိုက်သွားသော စက်လှေသည် တဖြည်းဖြည်း အင်ဂျင်ပြန်မောင်းလာပြီး အပေါ်ဘက်သို့ ၉၀ ဒီဂရီ ပြန်ကွေ့ကာ မောင်းနှင်လိုက်သည်။ ထိုအချိန်တွင်တော့ မိုးလေတို့ ပြင်းထန်နေသေးပေမယ့် လှိုင်းလုံးရဲ့ ရိုက်ပုတ်မှုကတော့ အတော်နည်းသွားတော့သည်။ ထိုကဲ့သို့ ဖြစ်ရသည်မှာ ကပ္ပတိန်နှင့် ပဲ့ထိန်းကြီးတို့ရဲ့ ကျွမ်းကျင်မှုကြောင့်ဖြစ်သည်။

လှိုင်းလေပြင်းထန်နေချိန်တွင် ကမ်းကို ကပ်ဖို့ဆိုသည်မှာ ခက်ခဲလွန်းလှသလို အန္တရာယ်များလှသည်။ အဘယ့်ကြောင့်ဆိုသော် ကမ်းခြေရဲ့ ရေတိမ်ပိုင်းတွင် လှိုင်းလုံးများ ပိုပြင်းထန်လေ့ရှိသောကြောင့် ကျောက်ဆောင်များနှင့် တိုက်မိကာ စက်လှေ မှောက်သွားခြင်းသော်လည်းကောင်း ၊ ကျောက်ဆောင်များရဲ့ ထိုးခွဲမှုကြောင့် စက်လှေဝမ်းဗိုက် ကွဲထွက်သွားခြင်းသော် လည်းကောင်း ဖြစ်နိင်သည်။ ထို့ကြောင့် ဦးတည်ရာ ကျွန်းသည် ရှေ့တည့်တည့်တွင် ရှိနေပေမယ့် ကျွန်းရဲ့ အောက်ဘက်ကို စက်လှေ ဝိုက်ပြီးမောင်းနှင်ရသည်။ စက်လှေ ကွေ့ရာတွင်လည်း စက်အရှိန်ကို လျော့ချကာ ကွေ့မှ ဘေးတစ်ဖက်သို့ မှောက်သွားမည့် အန္တရာယ်မှလည်း လွတ်ကင်းနိင်မည် ဖြစ်သည်။ ကွေ့ဝိုက်ကာ အလိုက်သင့် မောင်းနှင်ပြီး ကျွန်းရဲ့ အောက်တည့်တည့် ရောက်မှ အပေါ်သို့ ၉၀ ဒီဂရီ ပြန်မောင်းတက်ရသည်။ ထိုအခါ မိမိတို့စက်လှေကို ကျွန်းက ကွယ်ပေးထားသဖြင့် လှိုင်းလုံးတို့ရဲ့ ဒဏ်မှ သက်သာရာရနိင်သလို ကမ်းသို့လည်း ပို၍ အန္တရာယ် ကင်းစွာ ကပ်နိင်မည် ဖြစ်သည်။ ထို့ကြောင့် စက်လှေအရှိန်ကို လျော့ချကာ ဦးတည်ရာရဲ့ ညာဘက်သို့ ကွေ့ဝိုက် မောင်းနှင်ခြင်း ဖြစ်သည်။

ယခုအခါတွင်တော့ ကြီးမားသော ကျွန်းကြီးကို မိုးလေများ ကြားတွင် မြင်တွေ့ရပြီ ဖြစ်သဖြင့် စက်လှေပေါ်မှ ဘလောဂ်ဂါတို့ရဲ့ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။ ယခုတော့ မုန်တိုင်းအန္တရာယ်မှ သူတို့ လွတ်ကင်းသွားပြီဖြစ်သည်။ စက်လှေအရှိန်ကို လျော့ချကာ ကျွန်းအနီးသို့ တစ်ရွေ့ရွေ့ တိုးကပ်ဖို့ ကြိုးစားနေသည်။ ကျွန်းနှင့် တစ်ဖြည်းဖြည်းနီးကပ်လာလေ အားလုံးအတွက် စိတ်လှုပ်ရှား ပျော်ရွှင်လာလေ ဖြစ်သည်။ ကြောက်မက်ဖွယ်ရာ အန္တရာယ်မှ လက်မတင်လေး လွတ်ကင်းခဲ့ရသဖြင့် ယခုမှ စိတ်ဒုန်းဒုန်းချကာ အသက်ဝဝရှူနိင်ပြီဖြစ်သည်။ အရှိန်လျော့ချထားသော စက်လှေသည် ကျွန်းနှင့် မီတာ ၄၀ ခန့် အကွာတွင် ကျောက်ဆူးကြိုးချကာ ရပ်တန့်လိုက်သည်။ ထို့နောက် စက်လှေ ရဲ့ ထိန်းချုပ်ခန်းမှ ညောင်းရမ်းနှင့် ကိုသုနြေ္ဒတို့ ထွက်လာကြသည်။ကိုသုနြေ္ဒမှ

" ကမ်းခြေအနီးမှာ ကျောက်ဆောင်တွေ ရှိလို့ ကျနော်တို့ စက်လှေကို ဒီနေရာမှာပဲ ကျောက်ချလိုက်ရပါတယ်။ ဒါကြောင့် အသက်ကယ်လှေနဲ့ တစ်ခါကူးရင် လူ၈ ယောက်နူန်းနဲ့ ကျွန်းဆီကို ကူးကြရမှာ ဖြစ်ပါတယ် ဒီတော့ အရေးအကြီးဆုံးက လှေ ဘယ်သူလှော်တတ်သလဲ ပြောပါ လှေလှော်တတ်တဲ့ သူတွေက အသက်ကယ်လှေကို လှော်ပြီး ဒီလူအုပ်ကို ကျွန်းဆီရောက်အောင် အခေါက်ခေါက် ပို့ပေးရမယ်.. "
ကိုသုနြေ္ဒရဲ့ စကားဆုံးလျင် မိုးမောင်မှ
"ဟာ.. လှေလှော်ဖို့တော့ ကျွန်တော့တာဝန်ထား ကျွန်တော်က မြစ်ကမ်းဘေးမှာ ကြီးတာဗျ လှေကောင်းကောင်းလှော်တတ်တယ် ဒီတာဝန်ကျွန်တော် ယူပါတယ် "
"အမလေး ဟုတ်လို့လား မိုးမောင်ရယ် တော်ကြာ ငါတို့တွေ မုန်တိုင်းမိတုန်းက စက်လှေမမှောက်ဘဲ နင်လှော်တဲ့လှေစီးမှ မှောက်နေပါဦးမယ်" ကောင်းကင်ပြာက အထိတ်တလန့် ၀င်ပြောလိုက်သည်။
" စိတ်မပူနဲ့အစ်မ ကျနော်က ဗလ ကြီးပါတယ် " ကာယဗလမောင်တွေကို အားကျပြီး လေ့ကျင့်ခန်းလုပ်ထားသော လက်မောင်းကို ဂွင်ကြုံတုန်းလေး ထုတ်ကြွားလိုက်သဖြင့် အားလုံး ပြုံးသွားကြသည်။
ဂျစ်တူးကလည်း "ကျွန်တော်လည်း လှေကောင်းကောင်းလှော်တတ်ပါတယ် ကိုမိုးမောင်နဲ့အတူ လှေလှော်တာဝန်ကို ကျွန်တော်လည်း ယူပေးပါ့မယ် "

"အသက်ကယ်လှေနဲ့ ကူးတဲ့အခါ ပထမဆုံးအခေါက်မှာ ယောကျာ်း ၄ ယောက် မိန်းခလေး ၄ယောက် လိုက်ပါ သွားကြပါ။ အဲဒီမှာ မိုးမောင်နဲ့ ဂျစ်တူးက တစ်လှည့်စီ လှေကို လှော်ရမယ် ကျွန်းကိုရောက်တဲ့ အခါ ယောကျာ်းလေး ၂ ယောက်နဲ့ မိန်းခလေး ၄ ယောက် နေခဲ့ပြီး မိုးမောင်တို့ ၂ယောက်က လှေကို ပြန်လှော်လာ ရပါမယ်။ ဒုတိယ အခေါက်မှာတော့ မိန်းခလေး ၄ ယောက်နဲ့ ယောက်ျားလေး၂ယောက် လှေလှော်သူ၂ယောက် စုစုပေါင်း ၈ယောက် ကူးပါမယ် အဲဒီနည်းအတိုင်း တစ်ခေါက်ကူးရင် ၈ ယောက်ကူးပြီး ၆ ယောက်နေခဲ့တဲ့ နည်းကို အသုံးပြုရပါမယ်။ လှေလှော်သူ ၂ယောက်ကတော့ အနည်းငယ် ပင်ပန်းနိင်ပါတယ်။ အားလုံး မရှင်းရင် ပြန်မေးပါ"

" ရှင်းပါတယ် ဒါဆို ပထမဆုံး မိန်းခလေး သပ်သပ် ယောကျာ်းလေးသပ်သပ် အစုခွဲလိုက်ကြရအောင် "

မရွှေစင် ရဲ့ အကြံပေးသံအဆုံးတွင် လူစု ၂ ဖက်ကွဲသွားသည်။ ထို့နောက် ပထမ အခေါက်အဖြစ် နှင်းနဲ့မာယာ ၊ မငုံ၊ အနော်နှင့် မဒဏ္ဍာရီ တို့မိန်းခလေး၎ ယောက်နှင့် ဖြိုးမော် ၊ ကိုဇော်တို့ ယောက်ျားလေး၂ ယောက်နှင့် လှေလှော်ရန် မိုးမောင်တို့၂ယောက် စုစုပေါင်း ၈ယောက် အသက်ကယ်လှေဖြင့် ကျွန်းဆီသို့ ကူးသွားကြသည်။ ထို့နောက် မိုးမောင်တို့ ၂ယောက် ပြန်လှော်လာကြသည်။ ဤနည်း အတိုင်း အခေါက်ခေါက်အခါခါ ကူးကြရသည်။ မိုးလေတို့ကြောင့် အားလုံးလည်း ရွဲရွဲစိုနေတော့သည်။ လူအားလုံး ကျွန်းပေါ်ရောက်သွား ချိန်တွင် မိုးမောင်နှင့် ကိုဂျစ်တူးတို့ စက်လှေဆီသို့ တစ်ခေါက် ပြန်ကူးလာကာ လိုအပ်သော ရိက္ခာ ပစ္စည်းများကို နောက်ဆုံး အခေါက်အဖြစ် တင်ဆောင်ကာ ကျွန်းဆီသို့ ပြန်ကူးသွားကြသည်။ မိုးလေထဲရောက်နေပေမယ့် မပါမဖြစ် ပုလင်းများကိုတော့ သတိတရ နှင့် သယ်ဆောင်သွားကြောင်းကိုတော့ တကူးတက ထည့်ပြောရန်ပင် လိုမည်မထင်ပေ။

ထို့နောက် အသက်ကယ်လှေကို ကျွန်းပေါ်ဆွဲတင်ကာ ကမ်းစပ်က သစ်ပင်တွင် ခိုင်ခံ့စွာ ချည်နှောင်ထားလိုက် ကြသည်။ ထို့နောက် အမျိုးအမည် ဖော်ပြခြင်းငှာ မစွမ်းသာသော အပင်ကြီးအောက်တွင် ယာယီခိုလှုံ နေကြသည်။ တစ်ကယ်တော့ ဒီကျွန်းသည် မုန်တိုင်းရဲ့ ရွေ့လျားရာ လမ်းကြောင်းတွင် အစွန်အဖျား အနေဖြင့်သာ ပါဝင်သဖြင့် မကြာခင်မှာပဲ မိုးလေတို့ ငြိမ်သက်သွားဖို့ မျှော်လင့်ထားကြသည်။ ယခုအချိန်တွင်တော့ မရပ်မနား ရွာနေသေးသော မိုးကြောင့် အားလုံးလည်း ရွဲရွဲစိုနေကြလေပြီ။ လေးကြမ်း တိုက်ခတ်မှုကြောင့်လည်း ခိုက်ခိုက်တုန်အောင် ချမ်းနေရှာကြတော့သည်။ ထို့ကြောင့် သူတို့ အတွက် အရေးတကြီးလိုအပ်နေသည်မှာ လေဒဏ် မိုးဒဏ်ကို ကာကွယ်ပေးနိင်တဲ့ နေရာ တခုခုဖြစ်သည်။

ကိုဆောင်းယွန်းလနှင့် မိုးစက်အိမ် တို့က စက်လှေပေါ်မှာ အခင်းအဖြစ် အသုံးပြုရန် ယူဆောင်လာသော ပလပ်စတစ်အစများနှင့် တာလပတ်အပိုင်း များကို လက်လှမ်းမှီရာ သစ်ကိုင်းတချို့တွင် ချည်နှောင် ပေးလိုက်ကြသဖြင့် ယာယီ အမိုးများ ဖြစ်သွားတော့သည်။ မိုးစိုခြင်းမှ သက်သာ သွားသဖြင့် ချမ်းအေးမှု ဒဏ်မှလည်း အများကြီး သက်သာသွားတော့သည်။ တဖြည်းဖြည်းနှင့် မိုးလေတို့ ငြိမ်သက်စ ပြုလာသည်။ အချိန်သည်ကား ညနေ ၄ နာရီ ကျော်ခန့်သို့ ရောက်နေလေပြီ။ နာရီကို တစ်ချက်ကြည့်ပြီးနောက် ကိုဒူကဘာမှ

" ကျနော်ရယ် ၊ ညရဲ့ကောင်းကင်၊ ရမ်းဂန်း ၊သော်ဇင်၊ ရီနိုမာန် ၊ ဖြိုးမော် နဲ့ ကိုမျိုး တို့က အနီးအနားကို ကြိုတင်ပြီး သွားကြည့်ထားကြမယ်။ ဒီ့ထက်ပိုပြီး နေရတာ အဆင်ပြေတဲ့ နေရာ ရှိလိုရှိငြား သွားကြည့်မယ်။ "

မငယ်နိင်မှ " အဝေးကြီးတော့မသွားကြနဲ့နော် တောကောင်တွေ ရှိရင် ရှိနေအုံးမယ် "
" မုန်တိုင်းကျပြီးကာစဆိုတော့ တောကောင်တွေလည်း ထွက်မလာနိင်သေးဘူး လောလောဆယ်တော့ အန္တရာယ် မရှိလောက်ဘူး "

ကိုမျိုးရဲ့ ပြန်ဖြေသံအဆုံးမှာတော့ နေရာရှာမည့် အဖွဲ့မှ တောထဲသို့ ထွက်ခွာသွားတော့သည်။ မျက်မြင် တွေ့ရသလောက်တွင် ဤကျွန်းသည် ကြီးမားသော ကျွန်းကြီး ဖြစ်သလို ခန့်မှန်းရသလောက် တောနက်ကြီး ရှိနေသည်။ ပို၍ရှင်းလင်းသော ပါတ်ဝန်းကျင် အခြေအနေနှင့် ကမ်းခြေအနေအထားကိုတော့ နောက်တစ်နေ့ မနက်ခင်း ရာသီဥတု ကြည်လင်သာယာ ချိန်တွင်မြင်တွေ့ရနိင်မည်။ တစ်ချို့တွေကတော့ ကျွန်းတစ်ကျွန်း ပေါ်တွင် နှစ်ပေါင်းများစွာ အသက်ရှင်ရပ်တည် နိင်အောင် ကြိုးစားခဲ့သော ရော်ဘင်ဆင်ကရူးဆိုး အကြောင်းကို ပြန်တွေးနေကြသည်။ အနီးအနားတွင် မည်သို့ အသုံးချလို့ရနိင်မည့် ပစ္စည်းများကိုလည်း ရှာကြည့်နေကြသည်။ အဆာပြေစားသောက်ရန် မုန့်တချို့ကို မကောင်းကင်ပြာ နှင့် မချစ်ကြည်အေးမှ လိုက်လံဝေငှနေချိန်တွင် ရီနိမာန် ၊ ကိုမျိုးနှင့် သော်ဇင် တို့ သုံးယောက် ပြန်ရောက်လာကြသည်။ ကိုဒူကဘာနှင့် ကျန်တဲ့ သုံးယောက်ကို မတွေ့သဖြင့် အားလုံး စိတ်ပူသွားကြသည်။

" ကျန်တဲ့သူတွေရော ဘယ်မှာလဲ " မမိုးချိုသင်းရဲ့ အမေးကြောင့်
ရီနိမာန် မှ " ဒီနေရာကနေ တောထဲကို မိနစ်၂၀လောက် ဝင်သွားတော့ ခြုံနွယ်တွေ ပိတ်ဖုံးနေတဲ့ လှိုဏ်ဂူ တစ်လုံးကို ကံကောင်းပြီး တွေ့လိုက်ရတယ်။ သူတို့ကတော့ လှိုဏ်ဂူမှာ စောင့်နေကြတယ်။ အခု ကျနော်တို့က ကျန်တဲ့သူတွေကို လာခေါ်တာ "

လှိုဏ်ဂူဆိုသည့် အသံကြောင့် မိုးစိုပြီး ချမ်းနေသူများ ပျော်ရွှင်သွားကြကာ " ဝေးးးးးးးး " ဟု ဝမ်းသာအားရ အော်ဟစ်သံများ ထွက်လာသည် ။ သူတို့ အားလုံး နွေးနွေးထွေးထွေး နေကြရတော့မည် မဟုတ်လား။
" အားလုံး ကိုယ့်အထုပ်လေးတွေ ဆွဲပြီး လိုက်ခဲ့ကြပါ မကြာခင် မှောင်လာတော့မယ် "

ကိုမျိုးရဲ့ စကားအဆုံး အမိုးအဖြစ်မိုးထားသော ပလပ်စတစ်အစ များကို ပြန်ဖြုတ်ကာ သူတို့တွေ့ထားသည် ဆိုသော လှိုဏ်ဂူရှိရာသို့ တန်းစီကာ လိုက်ပါသွားကြတော့သည်။ တဖြည်းဖြည်းတိုးဝင်ရင်း တောသည် နက်သထက်နက်လာသည်။ မှောင်စပြုလာသော တောထဲတွင် တစုတစည်းထဲ သွားနေခြင်းသည် စိတ်ကူးမထားခဲ့ဖူးသော အခြေအနေလည်း ဖြစ်သည်။ စိတ်လှုပ်ရှားဖွယ်ရာလည်း ကောင်းလှသည်။ လူအုပ်များ၍သာ ခြောက်ခြားဖွယ်ရာ အဖြစ်ကို မတွေးမိကြခြင်းဖြစ်သည်။ မြို့ပြတွင် နေထိုင်ကြီးပြင်းသူတို့ အတွက် တောနက်ထဲက ခရီးလမ်းသည် အမှန်တကယ်ကို စိတ်လှုပ်ရှားစေသည်။ မိနစ် ၂၀ ခန့် ခပ်သွက်သွက်လေး လျှောက်လမ်းပြီးသည့်အခါ မီးခိုးတွေ တအူအူ ထွက်နေသော လိုဏ်ဂူရှေ့တွင် စောင့်နေကြသော ကိုဒူကဘာ တို့ အဖွဲ့ကို တွေ့လိုက်ရသည်။ ကျောက်တောင်ကြီးကို နောက်ခံထားပြီး ချုံနွယ်များ ပိတ်ဖုံးနေသော လှိုဏ်ဂူ တစ်လုံးလည်း ဖြစ်သည်။ တော်ရုံတန်ရုံဖြင့် တွေ့ဖို့မလွယ်နိင်ပေ။

သက်တန့်ချိုမှ " မီးခိုးတွေ ဘာလို့ထွက်နေတာလဲ " မေးလိုက်သည်။

ကိုဒူကဘာမှ " ကျနော်ဖတ်ဖူးတဲ့ စာအုပ်တွေထဲမှာ တောတောင်တွေထဲ သွားတဲ့အခါ ဒီလိုမျိုး လိုဏ်ဂူတွေ တွေ့ရင် အရမ်းဝင်သွားလို့ မရဘူးဗျ သားကောင်တွေ ခိုအောင်းနေတတ်လို့ မီးတုတ်တွေ အရင်ဆုံး ပစ်ထည့်ပြီး အခြေအနေစောင့်ကြည့်ရတယ် အထဲမှာ သားကောင်တွေ ရှိနေရင် မီးအရှိန်ကြောင့် အပြင်ကို ပြေးထွက်လာကြတယ်လေ သားကောင်မောင်း ထုတ်နည်း တမျိုးပေါ့ဗျာ "

"အော် ဒီလိုလား "
" ဒီနေရာမှာတော့ အသုံးဝင်သွားပြီ "
" ဒါနဲ့ ဘာကောင်တွေ ထွက်လာလဲ "မရွှေစင်ဦးကမေးသဖြင့်
" ဘာကောင်မှ မရှိဘူး အခြေအနေက အေးဆေးတယ် " ညရဲ့ကောင်းကင်မှ ပြန်ဖြေပေးသည်။ ကိုဒူကဘာမှ

" အရေးကြီး ပစ္စည်းထုပ်ထဲက ဓါတ်မီးတွေ ဖယောင်းတိုင်တွေ ထုတ်ပေးပါ ကျနော်တို့ လိုဏ်ဂူထဲ အရင် ဝင်ကြည့်မယ်"

ထို့နောက် ဓါတ်မီး များဖွင့်ကာ ယောကျာ်းလေးများမှ လှိုဏ်ဂူထဲဝင်သွားတော့သည်။ လှိုဏ်ဂူအပြင်ဘက်တွင် တော့ ကျန်တဲ့သူများမှ အခြေအနေကို စောင့်နေကြသည်။ မကြာခင် လှိုဏ်ဂူထဲမှ ကိုမျိုး ပြန်ထွက်လာပြီး
" အားလုံး ဝင်လာလို့ရပြီ " ပြောလိုက်သဖြင့် အားလုံးတန်းစီပြီး ဝင်သွားကြတော့သည်။

လှိုဏ်ဂူထဲတွင် ပါလာသော ဖယောင်းတိုင်များ ထွန်းညှိထားသဖြင့် လင်းလင်းရှင်းရှင်း မြင်နေရသည်။ လှိုဏ်ဂူ ရဲ့ အမြင့်မှာ ၁၅ ပေခန့် မြင့်ပြီး အဝင်အဝနားတွင် ပေ ၂၀ ကျော် ကျယ်ဝန်းသော်လည်း အတွင်းပိုင်းတွင် အနည်းငယ် ကျဉ်းမြောင်းသွားသည်။ လင်းနို့ချေး များကြောင့် အတွင်းပိုင်းတွင် အသက်ရှူရသည်မှာ သက်သောင့် သက်သာ မရှိပေ။ သို့ပေမယ့်လည်း ဒီအချိန်တွင် အရေးကြီးသည်မှာ နွေးနွေးထွေးထွေး ခိုလှုံနိင်မယ့် နေရာ တစ်ခုသာ ဖြစ်သည်။ တစ်ညတာအတွက်သာ ခိုလှုံခြင်း ဖြစ်သဖြင့် ဖြစ်သလိုသာ နေလိုက်ကြမည်ဟု တွေးထားကြသည်။ နောက်တစ်နေ့ ရာသီဥတု သာယာ ချိန်တွင် ဒီကျွန်းမှ ပြန်ခွာကြမည် မဟုတ်လား။

ထို့နောက် ပါလာသော အထုပ်အပိုးများကို နေရာချကြသည်။ နားနားနေနေ ထိုင်ရန် အခင်းများထုတ်နေချိန်တွင်

" ဒီကို မြန်မြန်လာကြည့်ကြဟေ့ " ဖြိုးမော်နှင့် ကိုဂျစ်တူး ရဲ့ အော်သံ ထွက်လာပြီး လူကိုမူ မမြင်ရပေ။ ထို့နောက် ဓါတ်မီးရောင် ပေါ်လာကာ လှိုဏ်ဂူရဲ့ အကွေ့မှ ထွက်ခေါ်နေသော ကိုဂျစ်တူးကို တွေ့လိုက်ရသည်။ ဓါတ်မီးများကိုင်ကာ ခေါ်ရာဆီသို့ သွားကြည့်ကြသည်။


ထိုအခါမှ သိရသည်မှာ လှိုဏ်ဂူသည် ညာဘက်သို့ ချိုးကွေ့ဝင်သွားသဖြင့် အဝင်အဝနေရာမှ ကြည့်လျင် လှိုဏ်ဂူ အဆုံးဟု ထင်နေကြခြင်းဖြစ်သည်။ တကယ်တော့ လှိုဏ်ဂူ သည် ညာဘက်သို့ ကွေ့ဝင်သွားကာ မည်သည့် နေရာတွင် ဆုံးမည်ဟု မသိနိင်ကြပေ။ အတွင်းပိုင်းရောက်လေ ပို၍ ကျဉ်းမြောင်းသွားလေ ဖြစ်သည်။ လက်နှိပ်ဓါတ်မီး ဖြင့် ထိုးကြည့်သော်လည်း အကွေ့အကောက်များကြောင့် လှိုဏ်ဂူ နံရံများကိုသာ တွေ့ကြရသည်။

" ဒီမှာကြည့်ကြ "
ဖြိုးမော်မှ လက်နှိပ်ဓါတ်မီး ထိုးပြသော နေရာကို ဝိုင်းကြည့်တဲ့အခါမှာတော့ အသုံးပြုထားသော မီးပုံတခုကို ပြာတွေ ဖုံးလျက်သား တွေ့လိုက်ရသည်။

" မီးပုံ အဟောင်း ကြီးနဲ့ ထင်းတုံတွေပါလား " လင်းကြယ်ဖြူမှ ရေရွတ်လိုက်သည်။


" ဒါဆို ဒီဂူထဲမှာ အရင်က ခိုအောင်းဖူးတဲ့ သူတွေ ရှိခဲ့ဖူးမယ် " ကိုဇော်မှ သေချာသော လေသံဖြင့်ဝင်ပြောသည်။

" ကိုဇော်ရယ် နင်ပြောမှပဲ ရှင်းသွားတော့တယ် မီးပုံကြီးတွေ့ပါတယ်ဆိုမှ လူတွေရှိခဲ့ဖူးမယ်ဆိုပဲ "
မမြသွေးနီရဲ့ အရွှန်းဖောက်လိုက်မှုကြောင့် ဝိုင်းရယ်ကြတော့သည်။

" ကျနော်တို့လို မုန်တိုင်းခိုရင်း ခဏနားကြတာနေမှာပါ " ဖြိုးမော်ရဲ့ တွေးတွေးဆဆ ပြောသော စကားသည် အနီးစပ်ဆုံး အမှန်တရား ဖြစ်နေသဖြင့် အားလုံးလက်ခံသွားကြသည်။ ရမ်းဂန်းနှင့် မိုးမောင်ကတော့ ဂူအတွင်းပိုင်းထဲ အထိ သွားကြည့်ချင်နေပေမယ့် မိုးချုပ်နေသဖြင့် စိတ်လျော့လိုက် ရသည်။

" ဘာပဲဖြစ်ဖြစ် ဒီညအတွက် မီပုံပွဲ လုပ်လို့ရပြီဟေ့ "

မြတ်မွန်ရဲ့ အကြံပေးမှုကြောင့် အားလုံးပဲ ဟေး ခနဲ ထအော်ကြတော့သည်။ ထိုစိတ်ကူးကြောင့် သူတို့ပျော်ရွှင် သွားကြလေပြီ။ ယနေ့မနက်ခင်းထဲက အန္တရာယ် ကြားထဲမှာ ရုန်းကန်နေခဲ့ရသဖြင့် ယခုမှ ပျော်ရွှင်ခွင့်ရရှိခြင်း ဖြစ်သည်။ ထို့နောက်တွင်တော့ မီးပုံအဟောင်းကို ပြာများ ဖယ်ရှားပြီး အသစ်ပြန်ဖိုကြသည်။ မီးစွဲလာသောအခါ ဘေးတွင်ပုံထားသော ထင်းတုံးများ ထပ်ထည့်လိုက်သည့်အခါ အားကောင်းသော မီးပုံတစ်ခု ဖြစ်လာတော့သည်။ ယခုအခါ နွေးထွေးမှု စိတ်ချလုံခြုံမှုတို့ကြောင့် အားတက်လာကြသည်။ ထိုအခါမှ ဆာလောင်ခြင်းကို ခံစားလာကြ ရတော့သည်။ ပါလာသော ငါးသေတ္တာဗူး၊ အသားဗူး တွေကို လူစုံတက်စုံ ဝေငှစားသောက်ကာ မီးပုံပွဲကို ပျော်ရွှင်စွာ ကျင်းပကြသည်။ သီချင်းတွေဆိုကြ ၊ စကားတွေပြောကြ သောက်တတ်တဲ့ အပေါင်းအသင်းတွေက အနည်းငယ် သောက်ကြဖြင့် နေ့လည်က ကြုံတွေ့ခဲ့သော အန္တာရယ်ကို မေ့သွားကြတော့သည်။ မငယ်နိင်နှင့် သက်တန့်ချိုမှလည်း မအီမသာ ဖြစ်နေသူများကို သောက်ဆေးများ လိုက်ပေးကြသည်။

ထို့နောက် မီးပုံပွဲကို ပျော်ရွှင်စွာ ကျင်းပကြတော့သည်။ ထုံးစံအတိုင်း အဆိုဝါသနာရှင်လေးများဖြစ်သော ပါးလုံး၊ အိန်ဂျယ် ၊ ညီမလေးနှင့် ကျော်ပိုးအိတ်၊ တို့က သူတို့ရဲ့ အသံများဖြင့် ဘလောဂ်ဂါ အုပ်စုကို ဖျော်ဖြေနေသည်။ အငြိမ့်ကရန် ဇာတ်ကရန် ဝါသနာ ကြီးလှသော ကိုဂျစ်တူးကတော့ မင်းသားဟန်ပန် အပြည့်ဖြင့် ဇာတ်မင်းသား ဖိုးချစ်ကို အားကျကာ သူ့ကိုယ်သူ ဖိုးဂျစ် ဟုကြေငြာပြီး အပြောအဆို အငိုအလွမ်း ကပြသီဆို ဖျော်ဖြေပါတော့သည်။ ယောက်ျားလေးများအားလုံး ဝါးဆစ်ပိုင်းများ တီးသူတီး၊ တုတ်ချောင်းများ ခေါက်သူခေါက်နှင့် မင်းသားလေး ဖိုးဂျစ်ကို ပီပီပြင်ပြင် ထောက်ပံ့ပေးနေကြသည်။ လင်းကြယ်ဖြူ ကတော့ သူ့ကိုယ်သူ စိုင်းစိုင်းခမ်းဖြူ ဟုဆိုက စိုင်းစိုင်းသီချင်းဖြစ်သော တောဂေါ်လီကို အိုးလေးလှုပ်ပါဟေ့ ဟု အမူအရာ ဟန်ပန်အပြည့်ဖြင့် သီဆိုဖျော်ဖြေသည်။ ကိုမျိုး(အညာမြေ) ကတော့ သူအကြိုက်နှစ်သက်ဆုံး တွံတေးသိန်းတန်ရဲ့ အသီးတစ်ရာ အညှာတစ်ခု သီချင်းကို သီဆိုပြလေသည်။ ရီနိုမာန်မှ သူ့အကြိုက်သီချင်းဖြစ်တဲ့ သဘာဝရဲ့ ရင်သွေးငယ် ဆိုတဲ့ သီချင်းကို အပီဟဲတော့သည်။

"လူတွေနဲ့ဝေးဝေး ဝေးတဲ့နယ်မြေ တစ်နေရာ ရှိရှိ ရှိရမယ်လေ xxxxx"

သူ့ရဲ့ သီချင်းသံတွင်လည်း အားလုံး စီးမျောကုန်ကြသည်။ မချစ်ကြည်၊ မချိုသင်း၊ မရွှေစင်တို့ ၃ယောက်ကို ကျန်သူများက ပွဲတောင်းကြသဖြင့် သူတို့ ငယ်ငယ်က ဆိုခဲ့သော မှုန်ရွှေရည် သီချင်းလေးနှင့် ကပြကြသဖြင့် တစ်ဝါးဝါးနှင့် ပွဲကျရသေးသည်။ သူတို့ ၃ ယောက်ကတဲ့ အချိန်တွင် ကျန်တဲ့သူများမှ နေရာ ပိုကျယ်သွားအောင် ဖယ်ပေးကြရသေးသည်။ တစ်ယောက်က လေ့ကျင့်ရုံသွားပြီး လေ့ကျင့်ရသည်အထိ အခြေအနေရှိပြီး နောက်တစ်ယောက်ကတော့ ရေခဲသေတ္တာကိုတောင် သော့ခတ်ထားရတဲ့ သူဖြစ်ခြင်းကြောင့် နေရာကျယ်ကျယ်မှ အဆင်ပြေနိင်မည် မဟုတ်လား။ ခင်မင်ရင်းနှီးသော ဘလောဂ်ဂါ များဖြစ်သဖြင့် မည်သူမျှ ဟန်မဆော
င် စတမ်း ပျော်ရွှင်ကြခြင်းလည်း ဖြစ်သည်။

ဒီညလေးကိုတော့ မည်သူမှ မေ့နိင်ကြမည် မထင်တော့ပေ။ ထင်မှတ်မထားသော တောတွင်းက ညတစ်ည ပဲမဟုတ်လား။ ညဥ့်နက်လာသဖြင့် မိန်းခလေးများကို လှိုဏ်ဂူရဲ့ အတွင်းပိုင်းတွင် အိပ်စေသည်။ တချို့တွေက အိပ်သွားကြပေမယ့် တော်တော်များများကတော့ မီးပုံကို ထင်းထပ်ထည့်ရင်း စကားထိုင်ပြောနေကြသည်။ မုန်တိုင်း အချိန်တုန်းက မိမိတို့ရဲ့ ခံစားချက်များကို ထုတ်ပြောကာ ရယ်ပွဲဖွဲ့နေကြသည်။ ယခုတော့လည်း ဒါတွေဟာ ရယ်မောဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်သွားခဲ့ပြီ။ ည ၃ နာရီ ခန့်တွင် နောက်ထပ် ထင်းတုံး အကြီးများကို ထပ်တည့်ပြီးနောက် ကိုယ့်အစုအဖွဲ့များဖြင့် အိပ်ပျော်သွားကြသည်။ သူတို့ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်နေခဲ့ကြလေပြီ။

မနက်ခင်းတွင် ဆူဆူညံညံအသံများကြောင့် လန့်နိုးလာကြသည်။ မချစ်ကြည်အေးရဲ့ အသံကိုကြားလိုက်ရသည်

" ဒီနားမှာထားတဲ့ ရိက္ခာဗူးတွေ ထည့်ထားတဲ့ အိတ်မရှိတော့ဘူး "
" ဟင် "
" ဟုတ်ပါ့မလား ဒီမှာ ကျနော်တို့ပဲ ရှိတာလေ "
" အစ်မကိုယ်တိုင် ညက သေသေချာချာ သိမ်းပြီး ထားထားတာလေ အစ်မမှတ်မိတယ် အခုမရှိတော့ဘူး "
" သားကောင်များ ဝင်ဆွဲသွားတာများလား " ဇူးရဲ့အမေးကို
" အသားသွပ်ဗူးတွေကို သားကောင်တွေက စားတတ်မှာ မဟုတ်သလို အနံ့လည်း မရနိင်လို့ ဆွဲသွားမယ်ဆိုတာ မဖြစ်နိင်လောက်ဘူး ထင်တယ် " မဆုမွန်မှ ဝင်ဖြေပေးလိုက်သည် ထိုအဖြေသည် ဖြစ်နိင်ဖွယ်ရှိသဖြင့် စဉ်းစားရ ခက်ကုန်တော့သည်။

" ဒါဆို ဒီကျွန်းပေါ်မှာ ကျနော်တို့ အပြင် လူ တွေ ရှိနိင်တယ်ပေါ့ "
" သေချာမပြောတတ်ပေမယ့် ဖြစ်နိင်ခြေထဲမှာတော့ တွေးထားရမယ် "
" အားလုံး သတိနဲ့ နေကြပါ " ကိုဂျစ်တူးရဲ့ သတိပေးသံကြောင့် အားလုံး လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။
" အခုမနက်စာ အတွက်ရော ကျန်သေးလား အစ်မ "
" ကျန်ပါသေးတယ် အထုပ်တွေ ခွဲထည့်ထားတဲ့ အကျိုးပေါ့ "
" ဒါဆိုရင်တော့ တော်ပါသေးတယ် "

လက်ကျန်ရိက္ခာများဖြင့် မနက်စာကို ဖြေရှင်းပြီးချိန်တွင် ညောင်ရမ်းမှ
" ဒီကျွန်းကနေ နေ့လည် ၁၂ နာရီလောက် ခွာမယ် အနီးအနားကြည့်ချင်သူများလည်း အစုအဖွဲ့လေးတွေနဲ့ သွားကြပါ ၁၀ နာရီ ထိုးရင် ရောက်အောင် ပြန်လာခဲ့ကြပါ ။အကောင်းဆုံးကတော့ အဝေးကြီးကို မသွားကြပါနဲ့ "

ထို့နောက် အနီးအနားသို့ လေ့လာရန် အလို့ငှာ အစုအဖွဲ့များဖြင့် ထွက်ခွာ သွားကြသည်။ တစ်ချို့ကတော့ ကမ်းခြေဘက် သွားကာ ဓါတ်ပုံရိုက်ကြသည်။ ဓာတ်ပုံရိုက်သည့် အဖွဲ့တွင် အဖြူရောင် နတ်သမီးက ရှေ့ဆုံးက ဦးဆောင်နေသည်။ ဘလောဂ့်ပေါ်တွင် တောတောင်ရှုခင်းများဖြင့် ပုံကလေးများကို ထူးထူးခြားခြား တင်ရတော့မည်ဖြစ်၍ သူမဝမ်းသာနေသည် မဟုတ်ပါလား။ ကိုဂျစ်တူးကတော့ တောတောင် ရှုခင်းများ နှင့် ပင်လယ်ကမ်းခြေ ကို မည့်သည့်နေရာတွင် ဓါတ်ပုံရိုက်လျင် ကောင်းမလဲ ဆိုတာကို စဉ်းစားရခက်နေသည်။ သူ့အတွက် ပျော်ရွှင်ဖွယ်ရာ ကံကောင်းသည့် အချက်မှာ ကင်မရာလေး မပျက်မစီး ကျန်နေသေးတာပဲ ဖြစ်သည်။ ဒီကင်မရာသာမရှိတော့လျှင် သူ့အသည်း တစ်ခြမ်းပဲ့တာနှင့် တူပေတော့မည်။


ညထဲက အားခဲထားသော ကိုဒူကဘာ မိုးမောင်နှင့် ရမ်းဂန်း တို့ကတော့ ဓါတ်မီးကိုယ်စီဖြင့် ဂူအတွင်းပိုင်းထဲသို့ ဝင်သွားသည်ကို မည်သူမှ သတိမထားလိုက်မိကြပေ။ ဂူအတွင်းပိုင်းရောက်လေ အေးစိမ့်မှုက ပိုလာလေ ဖြစ်သည်။ အတော်အတန် လျှောက်လှမ်းပြီးသည့်နောက် နောက်ထပ် လမ်းသွယ်များကိုပါ တွေ့လာကြသည်။ အတွင်းပိုင်းရောက်လာလေ ဂူရဲ့ ဖွဲ့စည်းထားပုံသည် ပို၍ ရှုပ်လာလေဖြစ်သည်။ ဂူအသေးလေးများကို နေရာအနှံ့တွေ့ရသည်။ ထိုဂူကလေးများမှာ အတွင်းပိုင်း ဘယ်နေရာထိပေါက်မည်ဆိုတာ ခန့်မှန်းရန် မလွယ်ကူပေ။ မှောင်မှဲနေပြီး ကျဉ်းလဲကျဉ်းမြောင်းလှသဖြင့် ဂူတိုင်းကို ဝင်ကြည့်ရန်လဲ မဖြစ်နိုင်ပေ။ ခရီးအတော်အတန် ပေါက်လာပြီ ဖြစ်သဖြင့် လမ်းလျှောက်ရသည်ပင် မောပန်းစပြုလာသည်။ တော်တော် ဝေးဝေးလည်း ရောက်လာပြီ။

"ကဲ ပြန်လှည့်ကြရအောင်ကွာ ငါတို့ကို စိတ်ပူနေမယ်"

ကိုဒူကဘာ မှ ပြောလိုက်သဖြင့် သူတို့ နောက်ကြောင်း ပြန်လှည့်ဖို့ ခြေလှမ်းများကို ရပ်လိုက်ကြသည်။ ရမ်းဂန်းမှ
" ခဏလောက် အမောဖြေရအောင်ဗျာ " ဟုပြောပြီး ကျောက်ဂူနံရံ ဘေးနားတွင် ရှိသော ကျောက်တုံးကြီးပေါ် တက်ထိုင်က ဂူနံရံကို မှီလိုက်သည်။ မိုးမောင်ကပါ ရမ်းဂန်းရဲ့ နံဘေးတွင် ကပ်ထိုင်ကာ အမောဖြေရန် နံရံကို နောက်ကျောမှီလိုက်သည်။ ထိုအခါ သူတို့ နောက်ကျောဘက်မှ ဂူနံရံ လှုပ်သွားသလို ခံစားလိုက်ရသဖြင့် လန့်ပြီး ထခုန်ကြသည်။ သူတို့မှီထားသော အရာကို သေသေချာချာကြည့်မိကြသည်။ သူတို့မှီထားသော ဂူနံရံသည် အရှေ့သို့ အနည်းငယ်ပို၍တိုးထွက်နေသည်။ မိုးမောင်နှင့်ရမ်းဂန်း ထိုနံရံကို လက်ဖြင့် တွန်းကြည့်ကြသည်။ ကျောက်နံရံ လှုပ်ရှားသွားသည်။

" ကိုဒူကဘာ ဒီနံရံကြီးက လှုပ်နေတယ်ဗျ "

ရမ်းဂန်းရဲ့ ခေါ်သံကြောင့် ကိုဒူကဘာ ရောက်လာပြီး ၃ ယောက်အားဖြင့် တွန်းကြတော့သည်။ ပို၍လှုပ်ရှားသွားသဖြင့် ဘာကြောင့်ဖြစ်ရသည်ကို သေသေချာချာ လေ့လာကြည့်သည်။ ထိုအခါမှ တွေ့လိုက်ရသည်မှာ ထိုအရာသည် ကျောက်နံရံနှင့် တဆက်ထဲလို ဖြစ်နေသည့် ဂူပေါက်ဝတစ်ခု ကို ပိတ်ထားသော ကျောက်တုံးကြီးသာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

သို့နှင့် သုံးယောက်သား တစ်နှစ်သုံး ဆိုပြီး အားစိုက် တွန်းလိုက်ကြရာ ကျောက်တုံးကြီးမှာ ဝုန်းခနဲ မြည်ကာ လိမ့်၍သွားပြီး ဂူအတွင်းသို့ သူတို့၃ယောက်လုံး အရှိန်နှင့် ဝင်ရောက်သွားကြသည်။ ဂူကလေးမှာ မကျဉ်းမကျယ် အနေအထားလောက်သာ ရှိသည်။ လှိုဏ်ဂူရဲ့ထောင့်တွင် မြေကြီးထဲမှ တဝက်ပေါ်နေသော အရာဝတ္ထု တခုကို တွေ့လိုက်ကြရသည်။ မည်သည့်အရာများ ဖြစ်နိင်မလဲ သွားကြည့်ကြသည်။ ထိုအရာလေးမှာ ကနုတ်များဖော်ထားသော ရှေးဟောင်း သံသေတ္တာအလတ်စားတစ်လုံး ဖြစ်သည်။ အထဲတွင် ဘာတွေရှိသည်တော့ မသိနိင်သေးပေ။ သူတို့ ၃ယောက်လုံး ရင်ခုန်သွားကြသည်ကတော့ အမှန်ဖြစ်သည်။ သေတ္တာတွင်လည်း သော့ကြီးတစ်လုံး ခတ်ထားသည်။

" ဟာ.... သေတ္တာ တလုံးပါလား "
" ဘာသေတ္တာ ကြီးလဲ မသိဘူး "
" ဧကန္တတော့ ရတနာ သေတ္တာဖြစ်မလား မသိဘူး "

" ကဲ ဘာလဲ သိရအောင် ဖွင့်ကြမယ်ကွာ "

ဟုကိုဒူကဘာ မှ ပြောလိုက်သည်။ ထို့နောက် ခတ်ထားသော သော့ကိုဖျက် ပစ်ရန် လက်နက်လိုက်ရှာကြသည်။ ရတနာသေတ္တာ ဖြစ်နိင်ဖွယ်ရှိသည် ဆိုသော အတွေးများကြောင့် သူတို့ စိတ်လှုပ်ရှားမှုဖြင့် လက်များပင် တုန်ယင် နေကြသည်။ အနီးအနားတွင် အနေတော် ကျောက်တုံး ရှာမရသဖြင့် သေတ္တာကို ဖွင့်ဖို့ရန် ခက်ခဲနေသည်။ ထို့ကြောင့် မိုးမောင်မှ

" အခုမဖွင့်နဲ့တော့ကွာ အားလုံးနဲ့ တွေ့မှ ဖွင့်ရအောင် ဒီသေတ္တာကို သယ်သွားကြမယ် "

မိုးမောင်ရဲ့ အကြံကို သဘောတူကြပြီး သေတ္တာကြီးကို လှိုဏ်ဂူ အဝ သို့ သယ်သွားကြတော့သည်။ သေတ္တာ အတွင်းတွင် ဘာများရှိနေမလဲ ဆိုသည့် မျှော်လင့်ချက်ကြောင့် အပြန်ခရီးမှာ ပေါ့ပါးသွက်လက်နေကြသည်။ ဤသို့ဖြင့် မကြာခင် လိုဏ်ဂူဝကို ပြန်ရောက်လာကြသည်။ လှိုဏ်ဂူထဲတွင်လည်း အနီးအနား သွားရာမှ ပြန်လာသူတို့ဖြင့် လူစုံ သလောက်နီးနီးရှိနေသည်။ မဆုမွန် အဖြူရောင်နတ်သမီး မချစ်ကြည်အေး တို့ အဖွဲ့နှင့် လင်းကြယ်ဖြူ ၊ ရီနိုမာန် ၊ ကိုဂျစ်တူး တို့သာ ပြန်မရောက်ကြသေး ခြင်း ဖြစ်သည်။

" လာကြည့်ကြဟေ့ ဂူထဲကနေ သေတ္တာကြီး တစ်လုံး တွေ့ခဲ့လို့ ဒီကို သယ်လာတယ် "

ရမ်းဂန်းရဲ့ အသံကျယ်ကျယ်ဖြင့် အော်သံကြောင့် ဂူထဲတွင် ရှိနေသူများ အနားရောက်လာကြသည်။ ထို့နောက် သေတ္တာကြီးကို ဝိုင်းပတ်ကာ တစ်ယောက်တစ်ခွန်း မေးကြတော့သည်။
" ဘာသေတ္တာကြီးလဲ "
" ရတနာတွေ ဆိုရင် ကောင်းမယ်ဟေ့ "
" ရတနာတွေသာဆိုရင်တော့ ငါတို့တွေ ချမ်းသာပြီကွ "
" ဘာလဲသိရအောင် မြန်မြန်ဖွင့်ကြလေ "
" ဟုတ်တယ် မြန်မြန်ဖွင့်တော့ "

ထို့ကြောင့် ကျောက်ခဲ ခပ်လတ်လတ် တစ်လုံးကို ရှာကာ သေတ္တာရဲ့ သော့ခလောက်ကို ထုနှက်ကာ ဖွင့်ကြတော့သည်။ ကျောက်ခဲနှင့် သော့ခလောက် တချက်ထုမိတိုင်း အားလုံးရဲ့ ရင်ထဲတွင်လည်း တဒိန်းဒိန်း ဖြစ်နေတော့သည်။ အထဲတွင် တွေ့ရသော အရာသည် မည်သည့်အရာ ဖြစ်မှန်း စိတ်ကူးဖြင့် ပုံဖော်နေကြသည်။ ၁၀ ချက်ကျော်ခန့် ကျောက်ခဲဖြင့် ထုပြီးသည့်နောက်တွင်တော့ သောက်ခလောက်ကြီး ပြုတ် ထွက်သွားတော့သည်။

" ပွင့်သွားပြီဟေ့ "
" ဖွင့် ဖွင့် "

ထို့နောက် သေတ္တာ အဖုံးကို ဖွင့်ကြည့်လိုက်သည့်အခါ တောက်ပသော အလင်းရောင် ဖြာခနဲဖြစ်သွားသည်။ သေသေချာချာ ကြည့်လိုက်သည့်အခါမှာတော့ တစ်တောင်ခန့်ရှိသော ကျောက်နက်ရုပ်တု တစ်ခုကို တွေ့လိုက်ရသည်။ ရုပ်တုရဲ့ ပုံသဏ္ဍာန်မှာ လူတစ်ယောက်ရဲ့ မျက်နာသွင်ပြင်နှင့် တူညီနေပေမယ့် သဘာဝအတိုင်း ဖြစ်နေသောကျောက်နက်တုံး တစ်ခုသာ ဖြစ်သည်။ အနက်ရောင်ကျောက် ရုပ်တု တစ်ခု ဖြစ်ပေမယ့် နဖူးနေရာတွင် ကြီးမားတောက်ပသော စိန်းတုံးကြီး တစ်တုံးကို မြုပ်နှံထားသည်။ ကြည့်ရသည်မှာ လူမျိုးစု တစ်စုစု ကိုးကွယ်သော နတ်ရုပ်တု ဖြစ်နိင်သည်။ ထိုစိန်တုံးမှ တလက်လက် တောက်ပသော အရောင်များ ထွက်ပေါ်နေသည်။ အလွန် အဖိုးအနဂ္ဂထိုက်တန်သော စိန်တုံးကြီး ဖြစ်သည်။ ထိုနတ်ရုပ်တုကြီးကို ဖယ်လိုက်သည့် အခါတွင်တော့ အောက်ခြေတွင် ကျောက်သံပတ္တမြား များကို အများအပြား တွေ့လိုက်ရတော့ သည်။

" ရတနာတွေဟေ့ "
" ငါတို့အားလုံး ချမ်းသာပြီကွ "
" ဟေးးးး"
" ဝေးးးး ချမ်းသာပြီဟေ့ "

ရတနာတွေ မြင်မိသဖြင့် ဝမ်းသာလုံးဆို့ကာ ထခုန်ကြတော့သည်။ တစ်ယောက်လက် တစ်ယောက်ဆွဲကာ လှုပ်ရမ်းကြတော့သည်။ ငယ်ရွယ်သူတို့သည်ကား ခုန်ပေါက်နေကြတော့သည်။ ဤကဲ့သို့ အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရလျင် မည်သူမဆို ဤထက်မလျော့သော ဝမ်းသာပျော်ရွှင် မှုများဖြစ်ကြမည်မှာ မလွဲပေ။

မမိုးချိုသင်းမှ " တကယ်တော့ တို့တွေကို မုန်တိုင်းက ရတနာတွေ ရှိတဲ့ဆီကို ပို့လိုက်တာကိုးး" ဟု ပျော်ရွှင်နေသော အသံဖြင့်ပြောလိုက်သည်။
" ဒါဟာ အားလုံးရဲ့ စုပေါင်း ကံတရားကြောင့် ဆိုလည်း မမှားဘူလေ " မကောင်းကင်ပြာရဲ့ စကားအဆုံးတွင်

" မှန်တာပေါ့ အားလုံးရဲ့ စုပေါင်းကံတရားက အခုတော့ ငါတို့အတွက် လက်ဆောင်ပေါ့ကွ ဟားဟား "

အားလုံးရဲ့ နောက်ကျောဘက်မှ အသံထွက်လာ သဖြင့် အလန့်တကြားလှည့်ကြည့်လိုက်သောအခါ ဘလော့ဂ်ဂါ အားလုံးကို လက်နက်များဖြင့် ချိန်ထားသော လူ ၁၀ ယောက်ခန့်ကို တွေ့လိုက်ရသည်။

" ဟင် "
" အို "
"ဟာ "

" ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ ရပ်နေတဲ့နေရာမှာ ငြိမ်ငြိမ်နေကြ လှုပ်လှုပ်ရှားရှားလုပ်ရင် ပစ်လိုက်မယ် "

မျက်လုံးတဖက်တွင် သားရေအနက်ကြီးတပ်ထားသူမှ အမိန့်ပေးလိုက်သည်။ ထိုအခါ ကိုဆောင်းယွန်းလမှ

" ကျနော်တို့က မုန်တိုင်း ဝင်ခိုကြတဲ့ ခရီးသည်တွေပါ အသက်အန္တရာယ်တော့ မပေးပါနဲ့ ဒါနဲ့ ခင်ဗျားတို့က ဘယ်သူတွေလဲ "

" ကျုပ်တို့ အကြောင်း မကြားဖူးသေးဘူးနဲ့တူတယ် ကျုပ်တို့က ဒီပင်လယ်ပြင်မှာ ကျက်စားတဲ့ ပင်လယ်ဓားပြ တွေလေ ဟားဟား အခုတော့ ကုန်းမြေပေါ်မှာပဲ တိုက်လိုက်ရပြီပေါ့ ဒီကျွန်းပေါ်မှာလာပြီး မုန်တိုင်းခိုကြတာချင်းတော့ တူတာပေါ့လေ "

သားရေ အနက်ကြီးတပ်ထားသူရဲ့ ဖြေရှင်းသံ အဆုံးတွင် ဘေးနားတွင် ရပ်နေသော ဆံပင်ခပ်မြင့်မြင့် စီးထားသည့် အမျိုးသမီးမှ

" ဟေ့ဒီမှာ ကိုရင်နော် အများကြီးရှင်းပြမနေနဲ့ လုပ်စရာ ရှိတာ ဆက်လုပ်ပါ "
" ဟုတ်ကဲ့ အစ်မတော် ခင်ဦးမေ "

ကိုရင်နော်မှ ဦးညွှတ်ကာ လေးလေးစားစား ပြန်ဖြေလိုက်သဖြင့် ထိုအဖွဲ့တွင် မခင်ဦးမေ ဆိုသူမှာ ခေါင်းဆောင်တစ်ယောက် ဖြစ်မည်ဟု ယူဆရသည်။

" မာမီညို အဲ.... ဏီလင်းညို နဲ့ ကိုကိုမောင် က ရတနာ သေတ္တာ သွားယူပါ "

ကိုရင်နော် ဆိုသူရဲ့ စကားအဆုံးတွင် ထောင်ထောင်မောင်းမောင်း ကိုကိုမောင် နှင့် နွဲ့နွဲ့နှောင်းနှောင်းဏီလင်းညို တို့ ရတနာ သေတ္တာကို သွားယူလိုက် ကြသည်။ ပင်လယ်ဓါးပြ များလက်ထဲ ပါသွားသော ရတနာသေတ္တာကို ကြည့်ပြီး အဖမ်းခံထားရသူတို့ ဝမ်းနည်း သွားကြသည်။ ရတနာတွေ လက်ထဲအထိရောက်ပြီးမှ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ။ အခုတော့ သူတို့ ဘာမှ မတတ်နိင်တော့လေပြီ၊ သူတို့ရဲ့ အသက်အန္တရာယ် အတွက်ပင် အာမမခံနိင်ကြတော့ပေ။

" ခြင် က ရတနာ သေတ္တာကို ယူထားလိုက်ပါ " ကိုရင်နော်ရဲ့ စကားအဆုံး ညာဘက် အစွန်ဆုံးတွင် လက်နက်ဖြင့် ချိန်ထားသော ခြင် ဆိုသူက ရတနာ သေတ္တာကို လှမ်းယူလိုက်သည်။

" ကဲ တစ်ယောက်စီ ရှေ့တိုးလာပါ ပြောတဲ့အတိုင်း နားမထောင်ရင်တော့ လက်ညိုးလေးကို ကွေးလိုက်ဖို့ ဝန်မလေးဘူးနော် "

" ဒီကိုလာစိတ်စမ်းရေ ရွက်လွှင့်ခြင်း နဲ့ little brookတို့က သူတို့ကို ၅ ယောက်တစ်တွဲဆီ ကြိုးနဲ့တုပ်ပါ "
" ခြေလှမ်းသစ် နဲ့ ဒဿက ဂူဝမှာ စောင့်နေပါ သူတို့လူတွေ ကျန်ရင် ကျန်နေအုံးမှာ တွေ့တာနဲ့ ဖမ်းခေါ်လာခဲ့"

ပင်လယ်ဓားပြအဖွဲ့သားများသည် ဇာတ်တိုက်ထားသကဲ့သို့ ပေးထားသော တာဝန် အတိုင်း သွက်သွက် လက်လက် လှုပ်ရှားကြတော့သည်။

" ကျမတို့ အသက်ကိုတော့ ချမ်းသာပေးပါ တကယ်ဆိုရင် တစ်လုတ်စားဖူး သူ့ကျေးဇူးဆိုတာလည်း ရှိပါတယ် "
မခင်လေးငယ်ရဲ့ စကားကြောင့် ပင်လယ်ဓားပြများ ဝိုင်းကြည့်ကြသည်။

" ဘာကျေးဇူးလည်း ခင်ဗျားတို့နဲ့ အခုမှ တွေ့ဖူးတာနော် ဘာလဲ သေရမှာ စိုးလို့ ကယောင်ကတမ်းတွေ ပြောနေတာလား ဟားဟား " ကိုရင်နော်မှ အော်ပြောလိုက်သည်။

" ရှင်တို့တွေ ကျမတို့ရဲ့ ရိက္ခာဗူးတွေကို ဝင်ယူထားတယ်မဟုတ်လား မနက်က ရိက္ခာထုပ်တစ်ထုပ်ပျောက်တာ သိပြီးပြီ "

" ကျုပ်တို့ပြောပြီးပါပကော အခုမှ တွေ့ဖူးတာပါဆို ကျုပ်တို့လည်း မုန်တိုင်းခိုရင်း ညထဲက ရောက်နေတာ တကယ်ဆိုရင် ဒီဂူက ကျုပ်တို့ ခိုနေကြဂူဗျ မီးပုံ အဟောင်းတွေ မတွေ့ဘူးလား ခင်ဗျားတို့ အရင်ဦးသွားလို့ အခြေအနေ အကဲခတ်ရင်း တစ်ည စောင့်ကြည့်နေတာ ဒါပေမယ့် ခင်ဗျားတို့ အသားဗူးတွေတော့ ကျုပ်တို့ မယူဘူး " ဒီကိုလာရဲ့ ရှင်းပြသံ အဆုံးတွင်

" တို့တွေက ဒီလို အလုပ်သေးသေးလေးတွေ လုပ်တဲ့ သူမျိုးမဟုတ်ဘူး အကိတ်တွေပဲ စိတ်ဝင်စားတာ ဟင်း ဟင်း "

မာမီညို ဆိုသူမှ ဟန်ပန်အမူအရာဖြင့် ဝင်ပြောလိုက်သဖြင့် ဘလော့ဂ်ဂါများ အားလုံး ပြုံးစိစိ ဖြစ်ကုန်တော့သည်။
ဒါဆိုလျင်တော့ ဒီကျွန်းပေါ်တွင် အသားဗူး ခိုးယူသွားသော တစ်ယောက်ယောက်တော့ ရှိနေနိင်သည်။ ထို့ပြင် အခုထိ ပြန်မလာသေးသော မဆုမွန် ၊ အဖြူရောင်နတ်သမီး မချစ်ကြည်အေး ၊ လင်းကြယ်ဖြူ ၊ ရီနိုမာန် ၊ ကိုဂျစ်တူး တို့များ လာကယ်နိင်မလား ဆိုတဲ့ မျှော်လင့်ချက်များလည်း ရှိနေကြသေးသည်။ သို့ရာတွင် ပင်လယ်ဓားပြတွေရဲ့ လက်နက်များကို မည်သို့ အန်တု နိင်ကြပါ့မလဲ တွေးမိသဖြင့် စိတ်ပျက်အားလျော့ သွားရတော့သည်။

" သူတို့တွေကို ဘာဆက်လုပ်ရမလဲ " ကိုကိုမောင်ရဲ့ အမေးအဆုံးမှာ
" လောလောဆယ် ကြိုးတုပ်ထားလိုက် ဘာဆက်လုပ်မလဲ တိုင်ပင်မယ် "
ပင်လယ်ဓားပြဗိုလ် ကိုရင်နော်မှ ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။

ရှေ့ဆက်ပြီး ဘာတွေဖြစ်ကြအုံးမလဲ ။ သူတို့ရဲ့ အနာဂါတ်သည် မည်သူ့လက်ထဲတွင် ရှိမည်ဆိုသည်ကို တွေးမရ နိင်တော့ပေ။

................................................။

အခန်း (၃) ဇာတ်သိမ်းမျှော်

................................................................................................................................................။

ဘလောဂ်ဂါနာမည် ၆၀ ကျော်ဖြင့် အမှတ်တရ အတွက်ရည်ရွယ်ပြီး ရေးခြင်းဖြစ်သောကြောင့် ယုတ္တိဗေဒ အားနည်းသလို ရသပိုင်း အားနည်းကြောင်း ထပ်မံ ဝန်ခံပါရစေ။ နောက်ဆုံးအခန်းတွင်တော့ နာမည်တွေ ချန်ထားသေးသော သူများရဲ့ ဇာတ်ကွက် ပါဝင်လာပါတော့မည်။ အပျော်သဘောဖြင့် ရေးသားခြင်း ဖြစ်သဖြင့် မည်သူမျှ စိတ်မဆိုးရန် မျှော်လင့်ပါသည်။ နာမည်မပါလိုသူ များပြောခဲ့နိင်သလို ပါလိုသူများလည်း ပြောခဲ့နိင်ပါတယ်။ အားလုံး ပျော်ရွှင်ကြပါစေ။

(မြစ်ကျိုးအင်း)

70 comments:

သုဒြေ္န said...

ဟေ့ဟေ့ ငါပထမရပြီကွ ..ဘယ်သူမှလာမလုနဲ့ ဖယ်ထားဖယ်ထား ...

မြစ်ကျိုးအင်း said...

ဒီပွဲစဉ်ကို ဆလင်ကြီးကိုသုနြေ္ဒမှ စတင်ဖွင့်လှစ်ပါပြီ :)

နှင်းဟေမာ said...

၃ရအောင် အရင်ယူထားလိုပ်ပီးD

စိတ်စမ်းရေ said...

စိတ်ဝင်စားဖို့တော့ ကောင်းနေပြီ..
ဒမြတွေနဲ့ ဘလောဂ်ဂါတွေရဲ့ပွဲကတော့ ကြည့်ကောင်းပြီဟေ့...။

ကိုဇော် said...

ချိုချဉ်ကြော် တဲ့...ဒို့ ကိုရင်နော်...ဟေ့..
လာမကပ်နဲ့ အူပွင့်သွားမယ်..ဟီး။

မထင်ဘူးအေ...မခင်ဦးမေ ကို ဂလို ဖြစ်နေမယ် ဆိုတာ...ဓါးပြခေါင်းဆောင် ကိုပြောပါတယ်..ဟိ။

မာမီညိုကတော့ ဟန်တွေပိုနေမှာပေါ့လေ..ခွိခွိ။

ဆက်ကြိတ်လိုက်တော့ ဇာတ်ဆရာရေ...

အနော် said...

ရတနာသေတ္တာတွေ့တာနဲ့ ဒမြတွေ ရောက်လာပီ ဗြဲ ဗြဲ ဗြဲ
တို့တတွေ ပြန်ချကြမယ်ဟေ့
မကြောက်နဲ့ တို့ဘလော့ဂါတွေကွ
အသာတကြည်သာ ပေးလိုက်ရင် ကောင်းမယ်နော် ဟိဟိ
မုန်တိုင်းကနေ လွတ်သွားတာ ပျော်ဖို့ကောင်းတယ်
ဇာတ်သိမ်းပိုင်းကို မျှော်နေမယ် အကိုမြစ်ကျိုးရေ

မဆုမွန် said...

မပူနဲ့ မပူနဲ့ မဆုမွန်တို့ အပြင်မှာ လွတ်နေသေးတယ် ခွစ်ခွစ်

Anonymous said...

မင်းစာဖတ်ပြီးblogေ၇းချင်စိတ်တောင် ကုန်တွားပီ မုန်တိုင်မိလိုက် ဒပြဖမ်းလိုက်နဲ့ ဟားဟား

mw

အိုက်ခီလောက် said...

အင်း နေရာလာဦးတာ အရင် အဟတ် ကိုး ဆိုလည်း မဆိုးပါဘူးလေ ဖတ်ပြီး ပြန်လာမယ် ကိုကျိုး

ညီမလေး said...

မဟန်ပါလား ဇာတ်ဆရာရယ် ... ပျော်မယ်ကြံခါ ရှိသေး ။ အသက်ကို ဖတ်နဲ့ထုတ်ထားရမဲ့ အခြေအနေကြီးဆိုတော့း((((

မိုးမောင် said...

ပက်စက်ကုန်ပြီ...
ရက်စက်ကုန်ပြီ...
ဘာပဲဖြစ်ဖြစ် ငါတစ်ယောက်တည်း အရက်သမားမဖြစ်ပဲ ကိုဇော်ပါ ပါလာတော့ တော်သေးတာပေါ့လေ။ နည်းသေးတယ်။ နောက်ထပ် သောက်တတ်တဲ့လူ သုံးလေးယောက်လောက် ထည့်ပေးပါ ဇာတ်ဆရာ။

အိုက်ခီလောက် said...

ဟိုက် ကိုမိုးမောင် ခင်ဗျားဗျာ နောက်ထပ်သောက်တတ်တဲ့လူသုံးလေးယောက်ခေါ်လာပါလား ဆိုပဲ
မလုပ်နဲ့ ကိုကျိုးအဟတ်
တစ်ဝက်တိတိ ဖတ်ပြီးပြီ နောက်ကျန်တာကို ပြန်ဖတ်မယ်
နေရာ ပြန်လာကြည့်တာ ရှိနေသေးတယ်
ဖျာခင်းထားတာ လူဦးမှာဆိုးရသေးတယ်

IDIOT said...

အမလေး..တွေးလည်းတွေးတတ်ပါပေ့ ကိုပိုင်ရေ .. ရေးတဲ့သူက မော မမောတော့ မသိဘူး ။ ဖတ်တဲ့သူမှာတော့ မောလည်းမော ။ဇောချွေးလည်းပြန် ။သည်းထိတ်ရင်ဖို ဘာများဖြစ် အုံးမလည်းလို့  လေ....
နောက်တဖွဲ့ လာအုံးမယ်ပေါ့ ..
ပြီးရင် သပွတ်အူ စွန့်စားခန်းတွေ ဆက်ဖတ်ဖို့  စောင့်မျှော်လျှက်...

ခင်တဲ့
မကိ

ဂျစ်တူး ( မုံရွာ ) said...

ဘယ်အချိန်တင်လိုက်မှန်းကိုမသိလိုက်ဘူး-
တနေ့ကိုသုံးခေါက်လေးခေါက်လောက်ရောက်တာကိုမသိ
လိုက်ဘူး-

ဂျစ်တူး ( မုံရွာ ) said...

ဂျစ်တူးကင်မရာကလေးရေမစိုတာကတော့အမြဲတမ်း
ဆောင်ထားတဲ့ကျွတ်ကျွတ်အိပ်ကိုသုံးလုံးလေးလုံးထပ်ထပ်
ပြီသိမ်းထားတာကိုးဗျ-ကိုမြစ်သိတယ်နော်-ကျေးဇူးပါဗျာ-
ဂျစ်တူးကချင်းတွင်းကမ်းပေါ်ကြီးလာတော့လှေလှော်တာလဲ
တတ်တယ်ဗျ-သူကဒါတွေစုံစမ်းနေလို့ပို့စ်တင်တာကြာသွား
တာဖြစ်နိုင်ခြေရှိတယ်-ဘာဘဲဖြစ်ဖြစ်ကျေးဇူးပါဗျာ-
တော်တော်ရေးနိုင်တာဘဲနော်-
ကိန်းဂဏန်းတွေကအစရေးနိုင်တာ-
မျှော်ရအုံးမှာပေါ့အသဲတထိပ်ထိပ်နဲ့လေ-ဖိုးဂျစ်(မုံရွာ)

အိုက်ခီလောက် said...

တစ်ယောက်လိုနေသေးတယ် အဟတ်
ဇတ်ဆရာကြီး ကိုကျိုးက ဘယ်နေရာက ကပြအသုံးတော်ခံမှာလည်း ဆိုတာ သိချင်တယ်
ကိုမြစ်ကျိုးအင်း ကြီး ဘယ်နေရာက ပါလာမလည်းဆိုတာ
ရင်တစ်ထိတ်ထိတ်နဲ့ စောင့်စားရတော့မှာပေါ့နော်

သံမဏိ ဘဲ said...

အမ် သာမီးတို့က သီချင်းပဲ ဆိုနေရတာပဲ ဟွင့် ဒယ်ဒယ်မြစ်ရေ ဟားဟားးးး ပျော်စရာကြီးတော့် သာမီးနဲ့ ဆိတ်နဲ့က ၂ ခန်းတောင်ပါရတယ် သနားပါတယ် ဝက်ဆလူးလေး မပါရရှာသေးဘူး အဟေးးအဟေးးးး

ပိုလီယို ဆိတ် said...

ပါးပါး ကိုလူထွေးရော ဘယ်အခန်းက ပါမှာတုံး ဟီးးးးးး မခင်ဦးမေအခန်းက မိုက်တယ် နော် ဟက်

ဆလူး ဝက် said...

အောင်မာ ကောက်တယ် ကွေးတယ် ပြန်ကိုမဆန့်ဘူး (ဆိတ်စတိုင်လ်) ဟိုအကြီး ၂ ကောင်ကျတော့ ၂ ခန်းတောင်ပါရတယ် သာမီးကျတော့ မပါရသေးဘူးးး အဟင့်အဟင့် မရဘူး နောက်ဆုံးမှ ပါရရင်လဲ ကောင်းတဲ့အခန်းထည့်ပေး ဒါဗြဲ မဟုတ်လို့ကတော့ ဟင်းးးဟင်းးး (အဖျားတက်တာမဟုတ်ပါ) ဝက်အကြောင်းသိမယ် ဟွင့်

ပိုလီယို ဆိတ် said...

ဝက်ရယ် တန်ရာတန်ရာပေါ့ အဟက်

ဝက်ဝံလေး said...

အောင်မာ ငါ့ကိုများ ဘာာာာာာာာာာာ တန်ရာတန်ရာလဲ ဆိတ်နော် ကော်စား အဲ ပေါ်စားမိမယ် ဘာမှတ်လဲ ဟွင့်

ကိုလူထွေး said...

ရိက္ခာထုတ်တွေ ဝင်ခိုးတာ ကိုလူထွေးတော့
မဟုတ်လောက်ပါဘူး...
မဟုတ်လောက်ဘူး ထင်ပါတယ်...
ဟုတ်တယ်မဟုတ်လား...
မဟုတ်ဘူးဆိုတာ ဟုတ်တယ်မဟုတ်လား...

းဝ)

သံမဏိ ဘဲ said...

အဟီးးး ဆိတ်ရယ် လက်တဆစ်ကို သွားမစ စမ်းပါနဲ့အေ သူပါရမယ့်အခန်းက ဟိ တောတွင်းသာ တာဇံ ရဲ့ ဟို ဘုံဘုံဝက်ဝံကြီး အခန်းနေမှာပေါ့ ဟားဟားးးးးးးးးးးးးးးးး

Moe Cho Thinn said...

ဓမြ ခေါင်းဆောင်က မမKOM ပါလား။ ကိုရင်နော်ကလဲ ကြောက်လိုက်တာအေ.. သိပ်မခြောက်ပါနဲ့။
တီဇက်အေကလဲ ဓမြဂိုဏ်းသားပဲ၊ အမကို ကြိုးတုပ်ရင် လျှော့တုပ်နော်..ဟီးး

ကိုမြစ်ရေ ဇာတ်လမ်းက စိတ်ဝင်စားမှုအပြည့်ပဲ။ tempo အနိမ့်အမြင့်နဲ့..။ မိုက်တယ်။

Anonymous said...

ရိက္ခာမလောက်ရင် ဆိတ်ရယ်.. ဝက်ရယ်.. ဘဲရယ်ကို ကြော်စားပစ်မယ်ကွ...

ဘာမှတ်သလဲ

းဝ)

ဝက်ဝံလေး said...

အမ် နင်နော် ငါ့များဆို သိပ်သိပ်ပြောတယ် တော်ပြီ ကောက်တယ် ဘူ ဘူ ဘူ ဟာ အဲဒါပဲ

ကိုလူထွေး said...

မချိုသင်းကြီး ရတနာတွေ ရခါနီးမှ မမKOM ဖြတ်အုပ်သွားလို့ အီလည်လည်ဖစ်တွားဒယ်...

ပိုလီယို ဆိတ် said...

ညီမငေးးး ဝက်ရယ် ဘုံဘုံကြီး အခန်းပါရလဲ နည်းသလားလို့အေ နော် ဟက်ဟက်ဟက်
ဘာာာာာာာ အပေါ်က ကိုလူထွေး ဟင်းးဟင်းးးးး အသံနဲ့နှိပ်စက်လိုက်လို့ တခါတည်း ၇ ရက်မအိပ်ရပဲ နေမယ် ဘာမှတ်တုံးးးး

Anonymous said...

ဆိတ်ကိုမကြောက်ဘူး...

ဆိတ်သားခြောက်လုပ်စားပစ်မယ်

ပဲ.. ဟဲ.. ဟဲ.. ဟဲ...

းဝ)

ဝက်ဝံလေး said...

ကောင်းတာပေါ့ ကိုလူထွေး သမီးကလဲ ဆိတ်သားခြောက်အရမ်းကြိုက်တာ ရှလွတ်

ပိုလီယို ဆိတ် said...

ဘာာာာာာာာာာာာာာ ငါ့ကိုများ ဝက် နင်တော့နော် သေဒေါ့မယ် ဟွင့် အေး အရင်ဆုံးနင့်ကို ပေါ်စားပစ်မယ် အဲဒါ မှတ်ထား ဘဲမ ရေနွေးအိုးတည်စမ်းးးအေ ဒီဝက် အရမ်းစကားများတယ်
အပေါ်က ကိုလူထွေး ဟင်းးဟင်းးး သတိကြပ်ကြပ်ထား ဒါပါပဲ

သံမဏိ ဘဲ said...

အမလေး ရေနွေးအိုး အဆင်သင့်ပဲဟေ့ ပြောင်းဖူးရိုးလဲ အသင့်ပဲ ဝက်ဘူလွန်းလို့ ငါ ဆောင်ထားတာဟေ့ လာပြီ လာပြီ ဒီဝက်ရဲ့ လျှာကို ပဒပ်နဲ့ ခြစ်ပစ်ရမယ် ဒီဝက် တော်တ်ာပါးစပ်သရမ်းလို့ ဟေ့ ဝက် မပြေးနဲ့ နင်တော့လား တွေ့မယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

မုန်တိုင်းထဲရောက်လိုက်
ပင်လယ်ဓားပြလက်ထဲရောက်လိုက်နဲ့
အတော့်ကိုနှိပ်စက်ထားတာပါလား..
တတိယပိုင်းမှာ ဘာတွေနဲ့ ထပ်နှိပ်စက်ဖို့ ကြံစည်ထားသေးသလဲ..
ဇာတ်လမ်းဖတ်ပြီး ရယ်ရသလို
comment တွေဖတ်ပြီးလဲ ရယ်မိပါတယ်..
ဘလောဂ်ဂါတွေရဲ့ အပြန်ခရီးမှာ ပျော်ရွှင်စရာလေးတွေ
သယ်ဆောင်ပြီး ပြန်ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်... :)

Nge Naing said...

တိုင်းပြည် အေးချမ်းသာယာတဲ့အချိန် သွားမှ ခေါ်ပါလို့ ပြောထားတာကို အခုချက်ချင်း ခေါ်လို့ လိုက်လာရတော့ ဒုက္ခရောက်ပြီပေါ့။ ဆေးမှူးနေရာမှာ ထားတယ်ဆိုတော့ ဆိုးတော့မဆိုးပါဘူး ကုသိုလ်ရပါတယ်။ ပြီးတော့ ကိုယ့်နယ်ဘက်ကို မြစ်ကျိုးအင်းကျေးဇူးနဲ့ ကိုယ့်နယ်ဘက် ပြန်ရောက်ရတာ ကျေးဇူးတင်ပါတယ်။ တော်သေးတာပေါ့ မြိတ်ကျွန်းစုကို သွားလို့ တခြားနေရာမှာသာ ဒီလိုဖြစ်ရင် တောထဲမှာ ငတ်ပြီး သေနိုင်တယ်။ တနင်္သာရီတိုင်းမှာ တောထဲထဲမှာလည်း စားစရာသိပ်ပေါတယ်။ အဲဒီဘက်မှာ အုန်းသီး၊ ငှက်ပျောသီး၊ ကနဇိုးသီး၊ ဒညှင်းသီး၊ စင်မြွန်းသီး၊ သဖန်းသီး၊ ကြိမ်သီး၊ တညင်ရွှက်၊ ဖလံတောင်ဝှေး စတဲ့ အတ်ာအသင့် စားလို့ရတဲ့အသီးအရွက်တွေ ပင်လယ်ဘက်တောတွေမှာ အလေ့ကျပေါက်တာ အများကြီးရှိပါတယ်။ မျောက်တွေနဲ့ တခြားတောကောင်တွေလည်း သိပ်ပေါတယ်။ ထမင်းမစားရလည်း တောကောင်တွေ ငါးတွေနဲ့ အဲဒီအသီးအရွက်တွေ စားပြီး အသက်ရှင်လို့ ရသေးလို့ တတိယပိုင်းကျရင် အစားအသောက် ပြတ်ပြီး သေလုမတတ် ငတ်ပြတ်နေတယ်လို့တော့ မရေးနဲ့နော့်။ ဒါပေမဲ့ ဒညင်းမကျက်တကျက် စားမိလို့ တောက်ပြီး တယောက်မှ အပေါ့သွားလို့ မရဖြစ်နေတာမျိုးလည်း မရေးပါနဲ့ အဲဒီအတွက် ပေးဖို့ ဆေး သက်တန့်ချိုမှာ ပါမယ်မထင်ဘူး။ ဆလုံလှေတစီး ဆိုက်လာပြီး အဲဒီထဲမှာ သေလုမျောပါးဖြစ်နေတဲ့ ဆလုံကလေးတယောက်ကို ဆေးကုပြီး အသက်ကယ်ပေးလိုက်လို့ ဆလုံမိသားစုရဲ့ အကူအညီနဲ့ ပြန်ရောက်လာတဲ့ ဇာတ်လမ်းမျိုးဆိုရင်တော့ သိပ်ကောင်းမှာပဲ။

သဒ္ဓါလှိုင်း said...

ကိုမြစ်ရေ...
သည်းထိပ်ရင်ဖိုနဲ့ဖတ်လိုက်တာ...ဓမြနဲ့
ပါတိုးနေလို့ထပ်ပြီးရင်တုန်ရပြန်ပြီ။ဇာတ်သိမ်းပိုင်းကို
မျှော်ရအုံးမှာပေါ့နော်။ဘယ်လိုပဲဖြစ်ဖြစ်ခရီးသွားရတာ
ဝါသနာအရမ်းပါတော့တကယ်ခရီးသွားနေရသလိုခံစားရပြီး
ဝမ်းလည်းသာမိတယ်။ကျေးဇူးနော်...

ခင်တဲ့
သဒ္ဓါ

busymozzee said...

အေးပါအေးပါ..... ဒမြလုပ်ခိုင်းထားပါ...... နောက်ဆုံးဇာတ်သိမ်းပိုင်းကြရင်.... ဒမြတွေကို ကောင်းကောင်းလေးမရေးကြည့်.... ကိုမြှစ်ကို သေဂန်းဖြတ်.. ရှင်ဂန်းဖြတ်......ဂါးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး.....(ပင်လယ်ဒမြဆိုတာ အဲလိုအော်ရတယ်)... မခင်ဦးမေလို့ ပျော့ပျော့လေး ပြောဘူး... တော့......ဂါးးးးးးးးးးးးးးးးးးး အဟွတ်ဟွတ်ဟွတ်.....

ကိုရင်နော် said...

အလိုလေ..
ပင်လယ်ဓားမြဆိုပါလား..း))

Johnny Depp လိုလို ဘာလိုလိုနဲ့..း))

ကောင်းပါ့

ကျောပိုးအိတ် said...

ထောပတ်တွေ အစားများပြီး အီလည်လည်ဖြစ်နေတယ်။
မိုးမိထားလို့ ဖျားနေတယ်ဆိုမှ ဓါးပြက လာတိုက်နေတယ်။
ဟွန့် 

လူကိုချမ်းသာပေးပါ။ ပစ္စည်းကိုလဲ မယူပါနဲ့ လို့ 
ပြန်ပြောချင်ပေမယ့် ဦးနော်လက်ထဲက နှစ်လုံးပြူးကြီးကြောင့် ဘာမှမပြောဘဲနေလိုက်ရတယ်။
း)

ဇာတ်သိမ်းမျှောနေတယ်နော်။
ကိုမြစ်
ကိုကျိုး
ကိုအင်း

ကိုတစ်
ကိုကိုး
ကိုကင်း

ဘာခေါ်ရမှန်း သိတော့ဘူးရယ်။
း)

SHWE ZIN U said...

ရွှေစင်ဦး တို့လွတ်နေသေးတယ်နော် သိုင်းတတ်တယ် မပူနဲ့ လာကယ်မယ် ရတနာတွေ ခွဲဝေယူပြီး ချစ်ချစ်ကြီး နဲ့ ကမ္ဘာပတ်လိုက်အုန်းမယ်

ကိုမြစ်ကျိုးရေ သေချာလေး ခွဲပေးနော် ကိုကြီးကျောက် တို့ ကိုမိုးတို့က လောဘကြီးတယ်

ခင်တဲ့

ရွှေစင်

သက်တန့်ချို said...

အလိုလေး.....နောက်ပိုင်းဘာတွေ ဆက်ဖစ်မှာပါလိမ့် အသည်းအေးလိုက်တာ ။ အကုန်လုံးကိုတော့ မသတ်ပစ်လောက်ပါဘူးနော်းD

ဒဏ္ဍာရီ said...

ပထမတော့ ဖတ်ရင်းနဲ့ ပင်လယ်ထဲ မုန့်တိုင်းမိလို့ ရင်တွေတောင် တုန်တယ်။ နောက်တော့ ပထမဆုံးလှေနဲ့ ပါသွားလို့ စိတ်အေးသွားရတယ်။ အမငယ်နိုင်ပြောသလို မြိန်ကျွန်းစုက တောထဲရောက်တော့ မငတ်နိုင်တော့ဘူးလို့တော့ တွေးမိသား။ ဟုတ်တိ ပတ်တိ ချမ်းသာပြီလို့ ထင်နေတာ။ ရတနာ သေတ္တာကြီးရလိုက်တာကိုး။ အထဲက ပစ္စည်းတွေ သေချာတောင်မကြည့်ရသေးဘူး။ ပင်လယ်ဓါးမြနဲ့ လာတိုးနေတယ်။
ဘာတွေ ဆက်ဖြစ်အုံးမလဲ မသိ.. မျှော်နေသည်။း)

ခင်မင်လေးစားလျှက်

ကိုအောင်(ပျူနိုင်ငံ) said...

ရတနာသေတ္တာတော့ လိုချင်တယ်၊ ဒမြ ကြိုးတုတ်မှာတော့ ကြောက်တယ်။

ချစ်ကြည်အေး said...

ငှက် ငှက် ငှက်...မချစ်ကြည်တို့ လွတ်နေသေး တယ်လေ...ဖြစ်တဲ့နည်းနဲ့ လာကယ်မှာပေါ့ ဓါးပြဗိုလ် ကိုရင်နော်တို့ မံမီညိုတို့လောက်များ အေးဆေးပါ...ခွေးသေးပန်းသလောက်ပဲ ရှိတာ...ဟွန်း ဟွန်း ဟိုဒမြဗိုလ်မကြီး မမကွန်တော့ ကြောက်ရတယ် မသကာ ကောက်ပြီး ဝါးစားသွားအုံးမယ်၊ ကျမတို့ အဖွဲ့ က စည်သွပ်ဗူးသူခိုးဂျီး ကလူထွေးတို့ အဖွဲ့နဲ့ တွေ့မှာမှုတ်လား...ဟင်...တွေ့လိုက်ချင်စမ်းဒယ် ...ဟောင်း ဟောင်း ဟောင်း....:))

လင်းကြယ်ဖြူ said...

တကယ်ကို ဇာတ်ကြောမှာမျောသွားတယ် ကိုယ့်ဆရာရေ
တော်သေးတယ် ဓါးမြတွေ ကြိုးတုတ်ခံရတဲ့ အထဲ မပါသေးလို့....
ကျားတွေ ခြင်္သေ့တွေနဲ့တော့ နပန်းမလုံးခိုင်းနဲ့ဦးနော်..

ဇာတ်သိမ်းကို မျှော်နေပါတယ်....
တကယ်ကို မောင်နှမတစ်တွေ စုံစည်းလိုက်ရတဲ့အတိုင်းမို့
ကျေနပ်စရာကောင်းပါတယ်ဆရာရေ....
ပျော်ပါစေ
*.*.*

~ဏီလင်းညို~ said...

မျှစ်မျှစ်ရေ......
သွန်များတို့က..နေမကောင်းဘာဘူးဆိုမှဘဲဟယ်........း)
သူဂလာပြီးတော့ ဓားမြလာလုပ်ခိုင်းနေသေးတယ်........။ သွန်များသံငယ်ဂျင်း.....ခြင်ပါပါသေးဒယ်.......။ လူဇိုးဒွေကို ဖြစ်လို့........။ အခုတစ်လော ကံမကောင်းဘူး....။ သွန်များတော့ ကိုဇော့်ကလော့ဂ်မှာ အရက်သမားဖြစ်လို့ဖြစ်...၊ ကိုဘကြိုင်ဘလော့ဂ်မှာ ထန်းရည် အကြွေးသောက်တဲ့သူဖြစ်လို့ဖြစ်နဲ့ဟယ်.....း((
မပြောချင်ဘူး.......မပြောချင်ဘူး.....ပြောကိုမပြောချင်တော့ဘူးးးးး..........ဟွင်းးးးးးး
(နောက်ဆုံးစာကြောင်းကို ဒေါ်မြလေးရဲ့ လေသံနှင့်ဖတ်ပါရန်.....း))
ခင်မင်တဲ့
ဏီလင်းညို

khin oo may said...

ဒါးပြဗိုလ်ပျော့တယ်။ ခပ်ပြတ်ပြတ်ပြောပါ။
ဟေ့ဒီမှာ ကိုရင်နော်. အစရှိသဖြင့်…......

ရွှေရတုမှတ်တမ်း said...

ဒမြဗိုလ်ဆိုလို့ဘယ်သူတွေများမှတ်တယ်..
ကိုရင်နော်နဲ့ဂျီးတော်ကြီးကို...ကြောက်သေးဘူး..

kaungkinpyar said...

အမလေး စိတ်တွေ မောလှပီ..မောင်ပိုင်ရေ..ဘာတွေ ဆက်ဖြစ်မှာပါလိမ့်.....

ညရဲ့ကောင်းကင် said...

အဟားဟား .. ကိုဏီးက ဓားပြဖြစ်နေလို့ပါလား...
ဇာတ်ကတော့ကောင်းလာပြီနော်...
ပယ်လယ်ဓားပြက ၁၀ ယောက်တည်း ကျွန်တော်တို့က အယောက် ၃၀ ကျော်တောင် ... ဒီထဲမှာ ရှောင်ရင်ထိပ်ဖူးနဲ့ ပုဆိုးကွင်းသိုင်းတတ်တဲ့ သူတွေပါမှာပဲ...
ဇာတ်သိမ်းလေးကို မျှော်နေမယ်ဗျို့...

ကိုမြစ်က ရေးတတ်တယ်ဗျာ... ဗဟုသုတအနေနဲ့ ပတ်ဝန်းကျင်နဲ့ တိုင်းတာမှုအတိအကျတွေကို ထည့်ရေးထားတယ်... လူအများကြီးကိုလည်း သူ့နေရာသူ ဇာတ်ကောင်လုပ်ထားတယ်...
မိုက်တယ်ဗျို့.. ကျွန်တော်တော့ အရမ်းပျော်တယ်...

မြစ်ကျိုးအင်း said...

ဓားပြဗိုလ်ကြီးပြောသလို ခပ်ပြတ်ပြတ် လေသံ ပြင်လိုက်ပါပြီး)

ကြည်ဖြူပိုင် said...

အားပါးပါး
ဒီခရီးထွက်ရတာ အတော်သည်းထိတ်ရင်ဖိုရှိတာပဲ
ဝက်သားနှပ်ကိုလဲကွာ တစ်နပ်ပဲစားလိုက်ရတယ်
ငါးသေတ္တာတော့သုပ်သားပဲ မကြိုက်ကြတာတော့
တတ်နိုင်ဘူးကွယ်။:P
ရတနာသေတ္တာကလဲလက်ထဲရောက်ခါနီးမှ
ဟင်းးးးးးး
မချင့်မရဲဖြစ်လိုက်တာနော်....
ဆက်ရေးပါသယ်ချင်းမျှော်နေမယ်
:)

ကြည်ဖြူပိုင် said...
This comment has been removed by the author.
ပီယ said...

ဇာတ်ရှိန်ကတော့ မြင့်လာပြီ ဘာတွေဆက်ဖြစ်မှာလဲ
ဇာတ်ဆရာက ဘယ်အခန်းမှာပါလာမှာလဲ
ဒီလောက် ဘလောဂ်ဂါတွေအများကြီး ဓါးပြလေး က ဆယ်ယောက်တည်းပြန်ချကြလေ မရရင် နပမ်းဝင်လုံး

ဒါမှမဟုတ်ရင်လည်း ဦးနော် ကို ကလိ ၀ိုင်းထိုးကြး))

MDW said...

ဖတ်လို့ကောင်း၏။
တချိန်တုန်းက ပန်ဒိုရာအပါအ၀င် ဘလော့ဂါတွေ စုပြီး ရေးခဲ့ကြတဲ့ ၀တ္ထုတပုဒ်ကိုတောင် သတိရမိသွားတယ်။
ဆက်ရန်မျှော်နေပါတယ်။ :)

ဆောင်းယွန်းလ said...

ခုမှပဲ ၁နဲ့၂ကိုပေါင်းပြီးလာဖတ်ရတော့တယ်..

ပျော်စရာကြီးပါလားညီလေးရေ...
အပြင်မှာ လက်တွေ့ဖြစ်နေသလို ခံစားရမိပါတယ်..
အပိုင်း၃ကိုလည်း မျှော်လင့်နေပါတယ်။
အကယ်ဒမီရတဲ့ သတင်းအတွက်လည်း ဝမ်းသာပါတယ်ညီလေးရေ...
စာတွေအများကြီးဆက်ရေးပြီး ဘလော့ဂင်းနိုင်ပါစေ

အင်ကြင်းသန့် said...

သည်းထိပ်ရင်ဖို ဖြစ်ရသလို ပျော်စရာလည်း ကောင်းပါတယ်...တော်တော်ကို ရေးတတ်တာပဲ...အခန်းဆက်ကို မျှော်နေမယ် ကိုမြစ်ကျိုးအင်းရေ...

ahphyulay said...

ဟေ့  ဟေ့ ...
အဲ့ ဒီ အတိုင်း အပြင် မှာ တကယ်ဖြစ် နေရင် ဘယ်လို
လုပါကြမလဲ ဟင်....။

ကိုမျိုး (အညာမြေ) said...
This comment has been removed by the author.
ကိုမျိုး (အညာမြေ) said...

မင်္ဂလာ အပေါင်းနဲ့ ခ၀ပ်ညောင်းပါစ ခင်ဗျာ..အဲ..

တွံတေးသိန်းတန် လေသံနဲ့ ပြောကြည့်တာ။ ဒီပို့စ်ထဲမှာ အသီးတစ်ရာ အညှာတစ်ခု သီချင်းနဲ့မို့ အားရပါးရ ပြန်ဆိုကြည့်မိတယ်...

ကြည်းရေလေ တပ်မတော် အတွင်းက သူငယ်ချင်းရေ... ရဲရဲတောက်.. တိုက်ကွက်ဆင် ကာနေ.... (သီချင်းစာသားတွေ မေ့နေလို့...)

တောကြား ဂူကြား.. မရှောင်ရှား... ခင်လေးအတွက် ဒမြ တိုက်လို့နေ.. (ကိုရင်နော် ကြီး).. :) ::)...

ဇတ်သိမ်းပိုင်းလေး ဆက်ပါဦး ကိုမြစ် ရေ...

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

မေဇင် said...

အပြင်မှာ ၀တ္တုတွေ ဖတ်ရင်လဲ ဒီလို သဲထိတ်ရင်ဖို တွေဆို အရမ်းကြိုက်တာ...ခုတော့ ကိုယ်သိတဲ့ ဘလော့ဂါတွေက ဇတ်လိုက်ဖြစ်နေတော့...အသက်မရှုစတမ်း ဖတ်လိုက်တာ..ပြီးတဲ့ အထိပဲ....အပိုင်း 3 ကို အမြန်ဆုံးလေး ရေးပေးပါ...။

သိင်္ဂါကျော် said...

LOST series ကိုတောင် သတိရသွားတယ်..
မြေပုံထဲမှာ မရှိတဲ့ ကျွန်းပေါ်များ ရောက်သွားတာလား ဟင်..။ လာကယ်မယ့် လူတွေထဲမှာရော.. ဘယ် ဘလော့ဂါတွေများ ပါလာဦးမလဲ မသိဘူးနော်..။

နှင်းဟေမာ said...

ဖတ်လို့အရမ်းကောင်းနေတယ် ဇာတ်ရှိန်တတ်လာမှ ဆက်ရေးနော် အစ်ကို..
ညီမလေး

TZA said...

ဟာ.. ငါးသေတ္တာထင်လို့ ဓမြတိုက်တာ ရတနာသေတ္တာဖြစ်နေတယ်ကွာ.. စိတ်ညစ်တယ်။

TZA said...

အစ်မချိုသင်း.. ကြိုးလျှော့မတုပ်ဘူး.. ကြိုးအရှည်မလောက်လို့ အစ်မကို မတုပ်ပဲဒီတိုင်းထားလိုက်မယ်.. (နောက်တာ နောက်တာ.. ဗြဲ)

Younggun said...

ကဲ..ဘယ်မလဲ မုန်တိုင်းတိုက်တုန်းက ဗေဒင်တွက်ပေးထားတယ်လေ.. လာထား ဥာဏ်ပူဇော်ခ...။ လူဇိုးးး။

kokomaung.uk said...

ထင်တာမမှားရင်..
ဘလော့ဂါအများစုဟာ ချမ်းသာတဲ့သူတွေဖြစ်ရမယ်။

ဒါကြောင့်... ရတနာတွေယူထားရုံနှင့်ကျေနပ်နေလို့ မဖြစ်သေးဘူး။ အားလုံးကို (အစာမကျွေး ရေမတိုက်ဘဲ)ပြန်ပေးဆွဲထားပြီး သက်ဆိုင်သူတွေဆီက ငွေထပ်တောင်းပို့ မခင်ဦးမေကို တင်ပြရဦးမယ်။းဝ(
......

မြင်ယောင်မိသေးတယ်။
ဇာတ်လမ်းအဆုံးမှာ ဓါးမြတွေရော သူခိုးတွေရော ဘလော့ဂါတွေရော ရွှင်ပျော်ပျော်သင်္ဘောစီးပြီး ပျော်ပျော်ရွှင်ဖြစ်ကြဦးမှာ ကို။း)
...

ပျော်ရွှင်ကြည်နူးနိုင်ပါစေ ဆရာရေ....

မိုးစက်အိမ် said...

ဖတ်ရတာပျော်စရာကြီးဘဲဗျာ စိတ်ကူးလေးကတော့ကောင်းတယ်
ဗျာ အဲဒါပေမဲ့ရေးချင်တိုင်းရေးလို့ မရဘူးဗျို့  ကိုကျိုးတော်
တော်လေးသိထား စာဖတ်ထားမှ ပေါင်းရေးလို့ ရတာမျိုးတွေ
အပိုင်း ( ၁ ) ကတည်းလာဖတ်ဖြစ်ပါတယ်ဗျာ ကျွန်တော်မှာ
လည်းအထုပ်တွေရှုပ်နေတာနဲ့ ဘဲ ဘယ်အိမ်မှမရောက်ဖြစ်ဘူး
ကိုကျိုးဆီရောက်ဖြစ်တာတောင်အိမ်ထဲကတစ်ယောက်က
ကိုကျိုးရေးထားတာကောင်းတယ် ပြုံးနေတယ်သွားဖတ်ကြည့်
ဆိုလို့ အပြေးလာဖတ်သွားတာ ကောင်းတယ်ဗျာ ဖတ်လို့  တော်
သေးတာပေါ့ ကိုယ်ကရေတွေဘာတွေကူးပြီးကောင်မလေးတွေ
ဆင်းမကယ်ရပေလို့  ကိုယ်ဟာကိုယ်တောင်မကူးတတ်ဘူးလေ :D
ဘာဖြစ်ဖြစ် အလိုပျော်စရာကြီးတော့သွားချင်သားဗျာ စိတ်ကူးက တော့မလွယ်လောက်ပါဘူး အများဆုံးစုနိုင်တောင် လေး ငါး ခြောက်ယောက်ပေါ့ဗျာ
ခုလိုစာလေးထဲဖတ်လိုက်ရတော့ အားလုံးပါသွားတယ် စိတ်ကုးလေးကောင်းတယ်ဗျာ အပိုင်း ( ၃ ) ကျလည်းလာအားပေးပါအုံးမယ်ဗျာ...ဒါနဲ့ အကယ်ဒမီ
ရသွားတာဝမ်းသာတယ်ဗျာ ခုချိန်ကစပြီး အကယ်ဒမီ မြစ်ကျိုအင်းဖြစ်ပါပြီ :) အဲဧည့်ခံပွဲကို ဆီအိုးနားမှာလုပ်ဗျာ
ဟီးးးးးးးးးးး တစ်ယောက်ကို $ 50 ဖိုးလောက်ဆိုဖြစ်တယ် အနော်တို့ ကိုတော့အ၀တိုက် (ရေမဟုတ်ဘီယာ) :P တကယ် ထိုက်တန်တဲ့လူရသွားတဲ့အတွက်ဂုဏ်ယူပါတယ်ဗျာ အဆင်ပြေပျော်ရွှင် အောင်မြင်ပါစေဗျာ....

မြတ်မွန် said...

အဟက် အဟက် ရယ်ရပါတယ် ..:P
ကျွန်တော်နဲ့ မမဒဏ္ဍာရီ ရယ် အင်ကြင်းရယ်..
အပေါ့ အပါးသွားရင် ပတ်ဝန်ကျင် လိုက်ကြည့်လို့ ဟီး ကဗျာရေးမလို့ပါ။ ဓါးမြတွေ ရန်က လွတ်သွားပါတယ်။ ကြိုးတုတ် မခံလိုက်ရပါဘူး။ ဖမ်းခံရတဲ့ လူတွေကို မွန်တို့ သုံးယောက်က လာကယ်မယ်နော်...။ အားမငယ်ကြပါနဲ့ ဖမ်းသွားရင် လိုက်တာ လိုက်သွားနော်..။ ကိုဏီးကို ဖားထား ကိုဏီးက အပျော့ကြိုက်တယ်။ :P မှားလို့ အကိတ်ကြီး ကြိုက်တာ တဲ့ ။

ကျွန်တော်နဲ့ မမဒဏ္ဍာရီ ရယ် အင်ကြင်းရယ်..က ခါးပါတ်နက် ရထားတာ ဆရာမြစ် မသိလိုက်ဘူး နော်..။
ဟီး အဖမ်းမခံချင်လို့ ကုန်ကြမ်းပေးသွားပါတယ်။

ခွန်သဒ္ဒါ said...

ကိုကိုမောင်က ကိုမြစ်ကျိုးဆီမှာ
သူဓမြဖြစ်သွားပြီလို့ပြောလို့ ပထမတော့ဘာပြောနေမှန်း
မသိတာနဲ့ လိုက်လာကြည့်တာ။
ဇာတ်လမ်းကပျော်စရာကြီး။ မောင်နှမတွေအများကြီးနဲ့။
အဲ့လိုတကယ်သွားလို့ရရင် အရမ်းကောင်းမှာဘဲ။
(၁)နဲ့(၂)ပေါင်းဖတ်သွားပါတယ်။
(၃)လည်းမျော်နေမယ် အစ်ကိုရေ။

ပျော်ရွင်ပါစေ
ခွန်သဒ္ဒါ

flowerpoem said...

ရတနာတွေ ဘာဆက်ဖြစ်မလည်း ဘလော့ဂါတွေရော အသက်ဘေးမှ လွတ်ရဲ့လား :)
Part (3) ကို မျှောနေပါတယ်..

 

Posts Comments

©2006-2010 ·TNB