ဘေလာဂ္ဂါ နှင့် အဏ္ဏဝါ (ဇာတ်သိမ်း)

14 March 2010


အခန်း(၃)
ကျွန်းပေါ်မှ နေ့ရက်များ


" လောလောဆယ်ကြိုးတုပ်ထားလိုက် ဘာဆက်လုပ်မလဲ တိုင်ပင်မယ်"

ပင်လယ်ဓားပြ ခေါင်းဆောင်ရဲ့ အမိန့်ပေးသံဆုံးလျင် ငါးယောက်တစ်စု နှုန်းဖြင့် ကြိုးတုတ် ကြတော့သည်။ ခရီးသွားများ ဖြစ်သော ဘလောဂ်ဂါ အမျိုးသားများမှ တစ်ယောက်ကို တစ်ယောက် မျက်စပစ်ကာ ပြန်ချ ကြမလား အသံတိတ်တိုင်ပင်ကြသည်။ အမျိုးသမီးများကတော့ ကြိတ်ကာ ငိုရှိုက်နေကြတော့သည်။ ကိုဒူကဘာနှင့် ဆောင်းယွန်းလတို့ အသံတိတ် အချက်ပြကာ တိုင်ပင်နေကြသည်။ ထို့နောက် ကျန်တဲ့သူများကို ခေါင်းခါ ပြလိုက်သည်။ လောလောဆယ် အခြေအနေစောင့်ကြည့်ကြမည် နောက်မှ မီးစင်ကြည့်ကမည် ဆိုသည့်သဘောပင်။

"အိုးးး ဖြေးဖြေးချည်ပါဟဲ့ ထွက်မပြေးပါဘူး "

မချိုသင်းတို့ဘက်အခြမ်းမှ အသံထွက်လာသဖြင့် ကျန်တဲ့သူများကပါ ဝိုင်းတောင်းဆိုကြသည်။

" ပြေးပါဆိုလည်း ဒီတောထဲမှာ မပြေးတတ်ပါဘူးဟာ " ကောင်းကင်ပြာက ၀င်ပြောသည်။
" ဟုတ်တယ် ဟုတ်တယ် တအားကြီး မချည်ပါနဲ့ " ကျောပိုးအိတ်ရဲ့ အသံပါထွက်လာသည်။
" ငါတို့ အသားလေးတွေက နုနုလေးတွေ "

မရွှေစင်ကလည်းဝင်ပြောလိုက်သည်။ တစ်ယောက်တစ်ပေါက် ဆူညံသံများကြောင့် လှိုဏ်ဂူ အပြင်ဘက် ရောက်နေသော ခေါင်းဆောင်များ ဝင်လာကြသည်။

" တိတ်ကြစမ်း အသားနုတယ် ရင့်တယ်တွေ မလုပ်နဲ့ ဒါပြဇာတ်ကနေတာ မဟုတ်ဘူး အသက်တောင် ဘယ်အချိန်ထွက်မှန်း မသိဘူးဆိုတာ သဘောပေါက်ကြရဲ့လား ဆူဆူညံညံ မလုပ်ကြနဲ့ အာရုံတွေ ဆူဝေလာရင်တော့ အကုန် ပင်လယ်ထဲ ပစ်ချလိုက်မယ် ဘာမှတ်လဲ "


ခြေနှစ်ချောင်းကို ခပ်ကျဲကျဲရပ်ကာ လက်တစ်ဖက်ကို ခါးထောက်ပြီး နောက်လက်တစ်ဖက်တွင် ဓါးမြှောင်ကို မြှောက်ကစားရင်း ပြောလိုက်သော ဓားပြခေါင်းဆောင် မခင်ဦးမေ စကားကြောင့် အသံတွေ တိတ်ဆိတ်လို့ သွားကြသည်။ မည်သူမျှ တုပ်တုပ်မလှုပ်ရဲတော့ပေ။ စိတ်မထင်လို့ လက်ထဲက ဓါးဖြင့် ပစ်လိုက်ရင် စောစောစီးစီး ကြွသွားနိင်သည် မဟုတ်လား။ ယောက်ျားလေးဓားပြတွေကိုပင် ဗိုလ်လုပ်က အုပ်ချုပ်နိုင်သူ ဖြစ်သဖြင့် အရည်အချင်းတော့ သေးမည်မထင်။ ဓားပြအားလုံးကလဲ ကြောက်ရပုံ ရလေသည်။

" ကြိုးတုတ်စရာရှိတာ ဆက်တုပ်ထားလိုက် အသံထွက်လာတဲ့သူကို လှိုဏ်ဂူ အပြင် ခေါ်ထုတ်ခဲ့ ကြားလား "

ခပ်ပြတ်ပြတ် အမိန့်ပေးပြီးနောက် ဂူ အပြင်ဘက်ကို ထွက်သွားတော့သည်။ ထို့နောက်တွင်တော့ ဘလောဂ်ဂါတို့မှာ ပင်လယ်ဓားပြများ ပြုသမျှ နုကြရတော့သည်။ ဘလောဂါတို့မှာ ကြိုးများဖြင့် တင်းတင်းကြပ်ကြပ် ချည်နှောင်ခြင်းခံရသလို အချို့ဓားပြများမှာလည်း သူတို့ကို သေနတ်နှင့်ချိန်၍ မျက်လုံး ဒေါက်ထောက်ကာ စောင့်ကြည့်နေကြသည်။ မိန်းခလေးများဆီမှ အားငယ်စွာ ငိုရှိုက်သံတစ်ချို့ ထွက်ပေါ်လာသည်။ စကာင်္ပူကျွန်းက ဆော်ကြည်ဘုရင် ဆိုပြီး သူ့ဘာသာကြွေးကြော်ထားသော မိုးမောင်ကတော့ လွတ်လမ်းကို တစ်မျိုးကြံနေသည်။ သူတို့ကို ကြိုးတုတ်ရန်လာသော မာမီညို ဆိုသူကို ကြာမူပါပါဖြင့်ကြည့်ကာ

" ဒီဂူထဲမှာလေ ပူလို့သိလား အဲဒါ ကြိုးမတုပ်ခင် အပေါ်အင်္ကျီလေး ချွတ်ချင်လို့ ရမလားဟင် "
လေသံတိုးတိုးဖြင့် ပြောလိုက်သဖြင့် မာမီညိုက မိုးမောင်ကို တစ်ချက် စိုက်ကြည့်ကာ

" ဟွင်း တော်တော်ရှုပ်တယ် နေနေ အညိုပဲ ချွတ်ပေးမယ် "

ပြောပြောဆိုဆိုဖြင့် မိုးမောင်ရဲ့ အပေါ်အင်္ကျီကို ချွတ်ပေးလိုက် သည်။ စွပ်ကျယ်လက်ပြတ်ဝတ်ထားသဖြင့် ပြည့်မောက်နေသော ရင်အုပ်ကျယ်ကျယ်နှင့် လက်မောင်းကြွက်သား များ ပေါ်လာသည်ကို ကြည့်ကာ အညို့ရဲ့ မျက်လုံးများ ဝိုင်းသွားတော့သည်။


" အိုးးး အကိတ်ကြီးပါလား ရင်အုပ်ကြီးက ထုချင်စရာကြီး ဟင်း ဟင်း "

နှစ်ကိုယ်ကြား ကြားအောင် ရေရွတ်လိုက်သဖြင့် မိုးမောင် တစ်ချက် ပြုံးလိုက်သည်။ သူဆင်ထားသော ဂွင်အတိုင်း ဝင်လာပြီ မဟုတ်လား။

" အညို ကြိုးချည်ရင်လေ အရမ်းကြီး မချည်နဲ့နော် အစ်ကိုမခံနိင်ဘူး "

မိုးမောင်မှ သွေးတိုးစမ်းစကားတစ်လုံး ပစ်သွင်းလိုက်သည်။ အညို တစ်ချက် တွေဝေသွားသည်။ ထို့နောက် မျက်လုံးလေး တစ်ချက်ဝင့်ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

" ဟုတ် "

အားလုံးကိုယ့်အာရုံနှင့် ကိုယ်ရှုပ်ကာ မသိလိုက်ကြပေမယ့် မိုးမောင်နှင့်အတူ ကြိုးတုပ်ခံထားရသော ရမ်းဂန်းမှ အသံမထွက်အောင် ကြိတ်ရယ်နေတော့သည်။ ဘာပဲဖြစ်ဖြစ်လောလောဆယ်တော့ ကြိုးလျော့လျော့ အချည်ခံ ထားရသဖြင့် သက်သောင့်သက်သာ နေနေရသည်။ အခြေအနေကြည့်ပြီး ဒီကြိုးကနေ ရုန်းထွက်လို့ပင် ရနိင်မည်မဟုတ်လား။

လှိုဏ်ဂူထဲတွင် ကြိတ်၍ငိုရှိုက်သူ ဂွင်ဆင် သူများဖြင့် ရှုပ်နေသလို လှိုဏ်ဂူ အပြင်ဘက်တွင်လည်း ဒီလူအုပ်ကြီးကို မည်သို့စီရင် မလဲ တိုင်ပင်နေကြသည်။

" ဒီလူအုပ်ကြီးကို ဘယ်လိုလုပ်မလဲ " စိတ်စမ်းရေက မေးလိုက်သဖြင့် little brook မှ
" သတ်ပစ်လို့တော့ မဖြစ်ဘူးဗျ" ဟု ပြန်ဖြေသည်။

" ဘာလို့ သတ်ရမလဲ ငါတို့ရဲ့ စည်းကမ်းမှာ မလိုအပ်ဘဲ လူမသတ်ရဘူးလေ " ရွှက်လွှင့်ခြင်းမှ ဝင်ပြောသည်။

" ဒီလူအုပ်ကြီးက အများကြီးပဲ ကျွန်တော်တို့ရဲ့ လုံခြုံရေးအတွက် စိတ်ပူရတယ် " ကိုကိုမောင်မှ တွေးတွေးဆဆ ပြောသည်။
" ဟုတ်တယ် ဒါဂရုစိုက်ရမယ့် အချက်ပဲ အစ်မ ခင်ဦးမေ ဘယ်လို ဖြစ်စေချင်လဲ "

ကိုရင်နော်ရဲ့ အမေးအဆုံးတွင်
" ဂါးးးးးးးးး " ဟု ခြင်မှ ထအော်သည်။ ခြင်သည်ကား စကားတစ်ခွန်းပြောခါနီးတိုင်း ထိုသို့ အော်ပြီးမှ ပြောတတ် လေသည်။

" အားလုံးကို အိပ်ဆေး တိုက်ပြီးထားခဲ့လေ လွယ်လွယ်လေးကို " ခြင်ရဲ့စကားဆုံးလျင် ဒဿမှ
" အိပ်ဆေးက ဘယ်မှာလဲဟ" ဝင်မေးလိုက်သည်။
" ဂါးးးးးးးးး မသိဘူးလေ " ပြောပြီး ရတနာ သေတ္တာကို ငုံ့ကြည့်နေလေသည်။

" သူတို့လူအုပ်ကများတယ်ကွ ပြန်ခုခံရင် မလွယ်ဘူး "
" အေးကွာ ငါလည်း အဲဒါကိုပဲ တွေးပူနေတာ "

ခြေလှမ်းသစ်ရဲ့ စကားကို ဒီကိုလာ မှ ထောက်ခံလိုက်သည်။ သူတို့နှစ်ယောက် တိုးတိုးလေး ပြောနေသည်ကို ခေါင်းဆောင်မခင်ဦးမေ ကြားသွားသဖြင့် အနားခေါ်လိုက်သည်။ သူမက ဗိုလ်အောင်ဒင် ဇာတ်ကားထဲမှ လူဆိုးဗိုလ်ရဲ့ ဟန်အမူအရာအတိုင်း လက်ပိုက်ကာ ပြောလိုက်သည်။

" ဟေ့ ဒီမှာ ဗိုလ်လုပ်ချင်တဲ့သူဆိုတာ ဘာလုပ်ရလဲ သိလား ပြောစမ်း "

ပြတ်သားကျယ်လောင်လှသော လေသံကြောင့် ဒီကိုလာနှင့် ခြေလှမ်းသစ်တို့ တုန်တက်ကာ ခေါင်းငုံ့ သွားကြသည်။ ထို့နောက် ဒီကိုလာ မှာ တုန်ယင်သော အသံဖြင့်

" သိ..သိပါတယ် "

" သိရင်ပြောစမ်း "

" ဟို..လေ... ဗိုလ်လုပ်ချင်တဲ့သူဆိုတာ ဗိုလ်သင်တန်းကျောင်း တက်ရပါတယ်"

" ဟား ဟား ဟား"

ဒီကိုလာ အဖြေကြောင့် ပင်လယ်ဓားမြများ အားလုံးဝိုင်းရယ်ကြသည်။ သူတို့ကို ထောက်ခံသည်ထင်ပြီး ဒီကိုလာနှင့် ခြေလှမ်းသစ်တို့ပါ ရောယောင်ကာ ရယ်နေကြတော့သည်။

" တိတ် စမ်း ပေါက်ကရ မပြောနဲ့ ဗိုလ်လုပ်ချင်တဲ့သူက ဆုံးဖြတ်ချက် ပြတ်သားရတယ် မှတ်ထား ကြားလား "

" ဟုတ် ဟုတ် " ခေါင်းငုံ့ကာ ပြန်ဖြေလိုက်ကြသည်။ မခင်ဦးမေမှ ဆက်ပြောသည်။

" အခုအရေးကြီးဆုံးက ဖမ်းထားတဲ့ အုပ်စုကြီးကို စီရင်ဖို့ပဲ " မခင်ဦးမေ စကားဆုံးလျင် ကိုရင်နော်မှ

" အစ်မတော် ဘယ်လို စီစဉ်ထားလဲ ပြောပါ "

" သတ်လို့မဖြစ်မှတော့ ပြန်လွှတ်ပေးရမှာပေါ့ ဘယ်လို ပုံစံနဲ့လွှတ်ရင် ငါတို့အတွက်ပါ အန္တရာယ်ကင်းမလဲ ဆိုတာ အရေးကြီးတယ် "

ထိုအခါ ကိုကိုမောင်က ဝင်ပြောလိုက်သည်။

" အမျိုးသမီးတွေကို အရင်လွှတ်ပေးလိုက်ရင်ရော " ထိုစကားကိုတော့ စိတ်စမ်းရေက ထောက်ခံသည်။

" ဟုတ်တယ် အမျိုးသမီးတွေ စက်လှေပေါ်ရောက်သွားမှ ကျန်တဲ့ယောကျာ်းတွေကို ကြိုးချည်ပြီး စက်လှေဆီ ပြန်လွှတ်လိုက်မယ် သူတို့စက်လှေပေါ်တက်သွားတဲ့အထိ လက်နက်နဲ့ ချိန်ထားရင် အန္တရာယ်ကင်းပါတယ် "

" အဲဒီ အကြံကောင်းတယ် " little brook နှင့်ရွှက်လွှင့်ခြင်းမှ သဘောတူကြသဖြင့် ထိုအစီအစဉ်အတိုင်း လုပ်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

" အိုကေ အဲဒီလိုပဲ လုပ်ကြတာပေါ့ "

ထို့နောက် ပင်လယ်ဓားပြများ လှိုဏ်ဂူထဲကို ပြန်ဝင်သွားသည်။ ကျန်ပင်လယ်ဓားပြများဖြစ်သော ခြေလှမ်းသစ် ၊ ဒဿ နှင့် ခြင် တို့မှလုံခြုံရေး အတွက် လှိုဏ်ဂူ ပတ်လည်တွင် စောင့်နေကြသည်။ လှိုဏ်ဂူထဲ ပြန်ဝင်လာသော ပင်လယ်ဓားပြ အုပ်စုကို ကြည့်ပြီး ခရီးသွား ဘလောဂ်ဂါများ တုန်လှုပ်သွားကြသည်။ သူတို့အတွက် မည်သို့စီရင်မလဲဆိုတာ ထိတ်လန့် နေကြသည်။ လူသူအရောက်အပေါက်နည်းသော ဒီလိုကျွန်းပေါ်တွင် အသတ်ခံလိုက်ရရင်လည်း အချိန်တော်တော် ကြာသည်အထိ မည်သူမျှ သိနိင်မည် မဟုတ်ဟု တွေးမိသဖြင့် ကြောက်ရွံ့ နေကြသည်။

" မထင်မှတ်ဘဲ ရတနာတွေ ရလိုက်လို့ အားလုံးရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ် ဒီတော့ ကိုယ့်စက်လှေ ဆီကို အေးအေးဆေးဆေး ပြန်ကြပါ ကလန်ကဆန် လုပ်ရင်တော့ သတ်ပစ်ဖို့ ဝန်မလေးဘူးနော် ကြားလား "

ကိုရင်နော်ရဲ့ စကားကြောင့် ခရီးသွားများ ပျော်ရွှင်စွာ ဟေးးးး ခနဲအော်လိုက်ကြသည်။ အသက်နဲ့ကိုယ် အိုးစား မကွဲဘဲ ပြန်ကြရတော့မည် ဖြစ်သည်။ မိမိအသက်ထက် ဘယ်အရာမှ အရေးမကြီးသဖြင့် ရတနာတွေကို စွန့်လွှတ် လိုက်ရပေမယ့် ကျေနပ်ကြသည်။ မိမိတို့ရဲ့ ချစ်သူ ခင်သူများဖြင့် ပြန်ဆုံတွေ့ခွင့်ရပြီ တွေးမိသောကြောင့် အားလုံး ပြုံးပျော်နေကြသည်။

" စက်လှေပေါ်ရောက်မှ ချည်ထားတဲ့ ကြိုးတွေကို ဖြည်ခွင့်ရမယ် အခုတော့ ချည်ထားတဲ့ အစုအဖွဲ့ အတိုင်း သွားကြ " မခင်ဦးမေ စကားကို ခရီးသွားများမှ ခေါင်းငြိတ်ကာ သဘောတူလိုက်ကြသည်။

" အသက်ကို ချမ်းသာပေးတာ ကျေးဇူးကြီးလှပါပြီ "
" ဟုတ်ပါတယ် ကျေးဇူးတင်ပါတယ်ရှင် "

ဤသို့ လှိုဏ်ဂူထဲတွင် အပေးအယူ မျှနေချိန် လှိုဏ်ဂူ အပြင်ဘက်တွင်လည်း အဖြစ်အပျက် တစ်ချို့ တိတ်တဆိတ် ဖြစ်ပွားသွားခဲ့လေသည်။ လှိုဏ်ဂူရဲ့ ဘေးနှစ်ဖက်နှင့် အရှေ့ဘက်တွင် လုံခြုံရေး အတွက် ကင်းစောင့်နေကြသော ခြေလှမ်းသစ် ၊ ဒဿ နှင့် ခြင် တို့မှာ လက်နက်ကိုင်ထားသော သူတို့ရဲ့ လက်များတွင် အကောင်တစ်ကောင်ကောင် ကိုက်ခံလိုက်ရသကဲ့သို့ စူး ခနဲ ဖြစ်ကာ လက်များထုံကျင် သွားသဖြင့် ကိုင်ထားသော လက်နက်များ ကိုယ်စီ ကိုယ်စီ လွတ်ကြသွားတော့သည်။ မိမိတို့ရဲ့ လက်ကို ငုံ့ကြည့်လိုက်သည့် အခါမှာတော့ ၃ လက်မခန့်ရှိသော ဆူး တစ်ချောင်း စိုက်ဝင်နေသည်။ ဆူး စူးခံထားရသော လက်သည် ထုံကျင်လာကာ မည်သို့မှ အသုံးပြု ၍ မရကြတော့ပေ။


ခြင်လည်း လွတ်ကျသွားသော လက်နက်ကို ကျန်လက် တစ်ဖက်ဖြင့် ကောက်ယူရန် ငုံ့လိုက်ချိန်တွင် သူ့ရဲ့ မြင်ကွင်းရှေ့တွင် ညစ်ပေနေသော ဖိနပ်မပါသည့် ခြေထောက် တစ်စုံကို တွေ့လိုက်ရပြီး လည်ပင်းကို ချွန်ထက်သော အရာဖြင့် ချိန်ထားခြင်း ခံလိုက်ရတော့သည်။ ကြောက်လန့်တကြား မော့ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသော မြင်ကွင်းကြောင့်

" ဂါးးးးးး "

ဟု အော်ကာ အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သူမြင်လိုက်ရသည်မှာ .....................။

ထိုအချိန် လှိုဏ်ဂူထဲတွင် ခရီးသွားဘလောဂ်ဂါများကို ကြိုးချည်ထားလျက်ဖြင့် တစ်ဖွဲ့ချင်းစီကို စက်လှေစီသို့ ပြန်လွှတ်ပေးရန် ပြင်ဆင်နေချိန်ဖြစ်သည်။ လှိုဏ်ဂူ အပြင်ဘက်မှ အော်သံ သဲ့သဲ့ ထွက်လာသဖြင့် ပင်လယ်ဓားပြ များ လှိုဏ်ဂူ အပြင်ဘက် ပြေးထွက်သွားကြသည်။


ခရီးသွား ဘလောဂ်ဂါများမှာ တစ်ယောက်မျက်နာ တစ်ယောက်ကြည့်ကာ ဘာဖြစ်ပြန်ပြီလဲ တွေးနေကြတော့သည်။ မည်သည့်အသံမျှတော့ မထွက်ရဲကြပေ။ ဆူဆူညံညံ လုပ်မိလျင် ပင်လယ်ဓားပြများ စိတ်ကူးပြောင်းသွားမှာ စိုးကြောက်နေကြသည်။ ထိုအချိန်တွင် လှိုဏ်ဂူ အပြင်ဘက်မှ အော်သံများ ထွက်လာသည်။

" အာ့ "
" အီးးး "

ထို့နောက် အရာရာသည် တဒင်္ဂတိတ်ဆိတ်သွားတော့သည်။ လှိုဏ်ဂူထဲတွင်တော့ လူတိုင်းရဲ့ ရင်ခုန်သံများ ကျယ်လောင်ပြင်းထန်နေတော့သည်။ ဘာတွေ ဖြစ်ကုန်ပြီလဲ တွေးမရကြပေ။ လွတ်မြောက်တော့မည့် အချိန် ရောက်မှ အခြေအနေတွေ ပြောင်းလဲသွားမလား တွေးပူနေကြသည်။ ထိုအချိန်တွင် လှိုဏ်ဂူထဲသို့ ဝင်လာသော သူများကို ကြည့်ကာ အော်သံတွေ ဆူညံသွားတော့သည်။

" အားးးးးးး "
" အောင်မလေး ဘာကြီးတွေလဲ "
" ဘုရားဘုရား "
" အမေရေ ကယ်ပါ "

အော်သံများ ဆူညံသွားသလို ငယ်ရွယ်သူ မိန်းခလေးများမှာလည်း မေ့လဲသွားကြတော့သည်။ သူတို့ တွေ့လိုက်ရသည့်သူများမှာ.........


(source)


ခန္ဓာကိုယ် အပေါ်ပိုင်းတွင် အဝါရောင် အနီရောင်များ ခြယ်ထားသလို လည်ပင်းတွင်လည်း အစွယ်များကို ကြိုးနှင့်သီကာ ဆွဲထားကြသည်။ အောက်ပိုင်းတွင်တော့ သစ်ရွက်များကို နံငယ်ပိုင်း လုပ်ကာ ဝတ်ဆင်ထားသည်။ ခါးကြားထဲတွင် ပုလွေအရွယ်ခန့် ဝါးဆစ်ပိုင်းများကို တွေ့ရသဖြင့် မှုတ်ပြောင်းကို အသုံးပြုကြောင်းပါ ခန့်မှန်းလို့ ရသည်။ ထိုသူများသည်ကား ဤကျွန်းပေါ်တွင် ရှေးယခင်ထဲက နေထိုင်ကျက်စားကြသော တောတွင်းလူရိုင်း မျိုးနွယ်စုသာ ဖြစ်တော့သည်။ လူသားစား လူရိုင်းများ ဟုတ်မဟုတ်တော့ မသိရသေးပေ။ တွေ့လိုက်ရသော မြင်ကွင်းကြောင့် အားလုံး ထိတ်လန့်သွားကြသလို ဤလှိုဏ်ဂူထဲတွင် လူအစု လိုက်ကြီး မြင်လိုက်ရသဖြင့် လူရိုင်းများထံမှလည်း အံ့သြရေရွတ်သံများ ထွက်လာသည်။

" အူးးးး အူးးး ရဟူးးးးး "
" အူးးး အူးးးး ဂျော့တီ "

ထို့နောက် ကြိုးချည်ခံထားရသော လူအုပ်ကြီးကို လေးမြှားများ ၊ လှံများဖြင့် ချိန်ထားလိုက်ကြသည်။ အချင်းချင်း သူတို့ဘာသာစကားဖြင့် ခေါင်းချင်းဆိုင်ကာ ဆွေးနွေးနေကြသည်။ မေ့လဲသူများလည်း သတိရလာကြကာ လူရိုင်းများကို မကြည့်ရဲသဖြင့် ခေါင်းငုံ့ထားကြသည်။ ထို့နောက်တွင်တော့ လှိုဏ်ဂူထဲမှ ဘလောဂ်ဂါ များကို လက်နက်များဖြင့်ချိန်ကာ လှိုဏ်ဂူ အပြင်ဘက်ကို ခေါ်ထုတ်သွားကြတော့သည်။ လှိုဏ်ဂူ အပြင်ဘက် ကွက်လပ် တွင်တော့ ပင်လယ်ဓားပြ များအားလုံးကို ဝါးလုံးတန်း တခုတွင် လက်များကို နွယ်ကြိုးများ ဖြင့်ချည်ထားသဖြင့် အတန်းလိုက်ကြီး ဖြစ်နေတော့သည်။ ပင်လယ်ဓားပြများရဲ့ သေနတ်နှင့် ဓါးများကိုတော့ လူရိုင်းတွေမှ သိမ်းထားကြသည်။ ပင်လယ်ဓားပြ များနှင့် အတူ နောက်ထပ် လူတစ်စုကိုပါ နွယ်ကြိုးများနှင့် ချည်လျက်သား တွေ့လိုက်ရသည်။ ထိုသူများသည်ကား အပြင်ဘက်တွင် လွတ်ကျန်နေသော မဆုမွန် ၊ မချစ်ကြည်အေး ၊ အဖြူရောင်နတ်သမီး နှင့် လင်းကြယ်ဖြူ ၊ ရီနိုမာန်နှင့် ကိုဂျစ်တူး တို့ လူအုပ်စုဖြစ်သည်။


သူတို့ကို တွေ့လိုက်ရသဖြင့် ခရီးသွားများ စိတ်ဓါတ်ကျသွားတော့သည်။ လူရိုင်းများ လက်မှ လာကယ်ရန် မည်သူမှ မရှိနိင်တော့ပေ။ အားငယ်မှုများကြောင့် ငိုရှိုက်သံများ နေရာအနှံ့မှ ခပ်တိုးတိုးစီ ထွက်လာတော့သည်။ ကျန်တဲ့သူများမှာလည်း ငိုရှိုက်နေသူများကို အားပေးဖို့ရန်ပင် မစွမ်းသာတော့ပေ။ သူတို့ကိုယ်တိုင်ပင် ထိတ်လန့် နေကြပြီဖြစ်သည်။ ကြည့်ဖူးသော ဇာတ်လမ်းတွေထဲကလို တံစို့ထိုးပြီး မီးကင်လေမလား ရေပွက်ပွက်ဆူနေသော အိုးထဲထည့်ပြီး အပြုတ်ခံရမလား တွေးမိကြသဖြင့် ခြေလှမ်းတို့ပင် ယိမ်းယိုင်နေတော့သည်။ အဆိုးဆုံး အခြေအနေဖြင့်သာ တွေ့ကြုံကြရတော့မည်ဟု ယုံကြည်ထားကြသည်။ ထို့ပြင် ချည်ထားသော ကြိုးတွေအပြင် နွယ်ကြိုးတွေဖြင့် ထပ်မံ ချည်နှောင်ထားသဖြင့် ဂွင်ဆင်ပြီး ကြိုးလျော့ချည်ခံထားရသော မိုးမောင်တို့လည်း ယခုတော့ စိတ်လျော့ထားလိုက်ရတော့သည်။ ဘေးတွင်လည်း လူရိုင်းများမှ ဝိုင်းရံကာ လိုက်ပါနေသဖြင့် ထွက်ပြေးဖို့ရန် အခွင့်မသာသေးပေ။


တောတွင်းလမ်းခရီးမှာ ကြမ်းတမ်းလှသည်။ မြေပြင်တွင် လဲကျနေသော သစ်ပင်များကို ကျော်လွှားရသလို ဆူးခြုံနွယ်များ အောက်မှလည်း ခက်ခက်ခဲခဲ ငုံ့ကာသွားနေရသည်။ လူအုပ်စုအလိုက် ကြိုးချည်ခံထားရသဖြင့် လမ်းလျှောက်ရသည်မှာ အဆင်မပြေလှပေ။ ထို့ပြင် ခရီးသွားများမှာလည် မကြာခင် ကြုံတွေ့ရတော့မည့် အဖြစ်ဆိုးကြောင့် ဆက်မလျှောက်ချင်လောက်အောင် အားအင် ကုန်ခမ်းနေကြသည်။ ခြေလှမ်းတုံ့သွားသူများ ခွေယိုင်နေသည့် သူများ အနားသို့ လူရိုင်းများ ရောက်လာပြီး ထက်မြသောကျောက်လက်နက်ကို သစ်သားရိုးတပ် လှံများဖြင့် ရွယ်သဖြင့် အားတင်းပြီး ဆက်လျှောက်နေရသည်။ သစ်ပင်ခြုံနွယ်များ ပိတ်ဖုံးနေသော တောလမ်းခရီးကြောင့် ခရီးသွားများ အင်မတန် ပင်ပန်းကြတော့သည်။ တစ်လမ်းလုံး တိတ်တဆိတ်ပဲ လျှောက်လှမ်းနေကြသည်။ တစ်ယောက်ကို တစ်ယောက် စကားပြောရန်ပင် အားမရှိသကဲ့သို့ ဖြစ်နေတော့သည်။


ပင်လယ်ဓားမြ အုပ်စုကလည်း တိုးတိုး တိုးတိုးဖြင့် ကြိတ်ပြီး တိုင်ပင်နေကြသည်။ သူတို့ကိုတော့ လူရိုင်းများစွာမှ အထူးဂရုစိုက်နေကြသည်။ တောလမ်းခရီးကို တစ်နာရီခန့် ဖြတ်သန်းပြီးသည့်နောက် လူရိုင်းတို့ နေထိုင်ရာ နေရာသို့ ရောက်ရှိသွားကြတော့သည်။ လူရိုင်းတို့နေထိုင်ရာသည် အပြင်ဘက်တွင် ဆူးခြုံများကို လူတစ်ရပ်ခန့် အထိ ခြံစည်းရိုး ပုံစံကာရံထားသည်။ ပိတ်ဖုံးနေသော ဆူးခြုံများကြောင့် လူရိုင်းရွာထဲကို မမြင်ရပေမယ့် ထွက်ပေါ်နေသော မီးခိုးတစ်လူလူကိုတော့ တွေ့မြင်နေကြရပြီးဖြစ်သည်။ အချိန်သည်ကား ညနေစောင်း အချိန် ဖြစ်နေသည်။ ထို့နောက် လူရိုင်းတို့ဌာနေအဝင်ဟု ခေါ်ဆိုရမည်ဖြစ်သော အပေါက်မှ အဖမ်းခံထားရသော လူအုပ်စုကြီး ဝင်သွားကြတော့သည်။ ရွာအဝင်တွင်တော့ ကြိုတင်သတင်းပို့ထားသောကြောင့် လူရိုင်းရွာသူ ရွာသားများ စောင့်ကြိုနေကြသည်။


ထို့နောက် ဖမ်းခေါ်လာသောလူစုကို လူရိုင်းများနှင့် စောင့်ကြိုနေသော ရွာသားများပါ ဝန်းရံ၍ ရွာလမ်း တစ်လျှောက် ခေါ်ဆောင် သွားသည်။ လူရိုင်းတို့ရဲ့ တဲအိမ်များသည် ခပ်နိမ့်နိမ့်ဖြစ်ကာ ပင်လယ်ကမ်းစပ် တွင်ပေါက်သည့် အပင်မှရသော အရွက်တစ်မျိုးဖြင့် အမိုးရော အကာပါ လုပ်ထားသည်။ ရွာအတွင်း မြင်ကွင်း များကို ကြည့်ကာ ကြုံတောင့် ကြုံခဲ ထူးထူးဆန်းဆန်းမို့ ဘလောဂ်ဂါများမှာ အန္တရာယ်ကြားမှပင် ဓါတ်ပုံရိုက်၍ ပို့စ်တင်ချင်စိတ် ဖြစ်မိကြသေးသည်။ ထို့နောက် ရွာလယ်ခေါင်ရှိ ကွက်လပ် တစ်နေရာသို့ သူတို့ကို ခေါ်ဆောင်သွားသည်။


ထိုနေရာရှိ စင်မြင့်တစ်ခုပေါ်တွင် ကျားသစ်သားရေ ကျက်ထားသော ထိုင်ခုံတစ်လုံးပေါ် ထိုင်နေသော လူရိုင်းခေါင်းဆောင် ဖြစ်ဟန်တူသူကို တွေ့လိုက်ရတော့သည်။ ထိုသူ၏ သွင်ပြင်သဏ္ဍန်သည် ဦးခေါင်းတွင် အမွှေးအတောင် ရောင်စုံထိုးထားပြီး လည်ပင်းတွင် အခြားသူ များထက် အစွယ်များ လက်ဖျံရိုးများကို ကြိုးနှင့်သီ ဆွဲထားပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကို ဆေးရောင်စုံများဖြင့် ခြယ်သထားသည်။ အောက်ပိုင်းတွင်တော့ သားကောင် တစ်ကောင်ကောင်ရဲ့ အရေခွံကို နံငယ်ပိုင်း အဖြစ် ပတ်ထားသည်။


ထိုခေါင်းဆောင်ရဲ့ ညာဘက်တွင်တော့ မျောက်ခေါင်းအရိုးခွံကို ထိပ်တွင် စွပ်ထားသော တောင်ဝှေးကို ကိုင်ထားသည့် လူရိုင်း တစ်ယောက် ရှိနေလေသည်။ သူသည်လည်း ခေါင်းတွင် ရောင်စုံအမွှေးများ ထိုးစိုက်ထားသလို အစွယ်အများအပြားလည်း ကြိုးဖြင့်သီကာ ဆွဲထားလေသည်။ လက်သည်းရှည်ကြီးများရှိသလို ဘေးကိုချထားသော ဆံပင် နှစ်ဖက်တွင်လည်း မည်သည့်သတ္တဝါရဲ့ လက်ဖျံရိုးဟု မခန့်မှန်းနိင်သော အရိုး နှစ်ခုကို ချည်နှောင်ထားသည်။ သူဤပုံစံမှာ ပို၍ကြောက်မက်ဖွယ် ကောင်းနေတော့သည်။ သူသည်ကား လူရိုင်းမျိုးနွယ်စုရဲ့ ဘာသာရေး အကြီးအကဲ တစ်နည်းအားဖြင့် နတ်ဆရာ ကြီးဖြစ်မည်ဟု ခန့်မှန်းရသည်။


ထို့နောက် ပင်လယ်ဓားပြများ လက်မှ ပြန်သိမ်းယူထားသော ရတနာသေတ္တာထဲမှ ကျောက်နက်ရုပ်တုကို လူရိုင်းတစ်ယောက်မှ မြှောက်ပြလိုက်သောအခါ လူရိုင်းတစ်ရွာလုံး တစ်ခဲနက် အော်ဟစ်ကြကာ မြေပြင်တွင် ပြားပြားဝပ်ကုန်ကြသည်။

" အူးးး အူးးး ရဟူးးး "
" အူးးးး အူးး ဂျော့တီ "

ဝမ်းသာအားရ အူလှိုက်သည်းလှိုက် အော်သံများသည် အားလုံးရဲ့ စိတ်နှလုံးကို ခြောက်ခြားသွားစေသည်။ အမျိုးသမီးများ အချင်းချင်း ပူးကပ်ကုန်ကြသည်။ ကြက်သီးမွေးညင်းများပင် ထလာမိကြသည်။ နတ်ဆရာကြီးမှ ကျောက်နက်ရုပ်တု ကိုလွဲပြောင်းယူကာ သူတို့ဘာသာ စကားဖြင့် ရေရွတ်နေလေသည်။


ထို့နောက်လူရိုင်းများ အားလုံး နတ်ဆရာ ကိုဝိုင်းပတ်ကာ ခုန်ပေါက်နေကြတော့သည်။ ကြိုးတုပ်ခံထားရသူများ မှာတော့ မျက်နှာငယ်လေးများဖြင့် ဟိုကြည့်ဒီကြည့် ဖြစ်နေကြသည်။ လူရိုင်းများ အားရအောင် ခုန်ပေါက်ပြီးချိန်တွင် ကျောက်နက် ရုပ်တုကို တဲတစ်ခု အတွင်းသို့ နတ်ဆရာမှ သယ်ဆောင်သွားတော့သည်။ ထိုအချိန်တွင် လူရိုင်းဘုရင်နားသို့ လူတစ်ယောက် ကပ်သွားကာ တိုးတိုးလေး ပြောလိုက်သည်။ ထိုသူသည် ဆံပင်များ ရှည်နေပေမယ့် လူရိုင်းတို့ကဲ့သို့ ဝတ်ဆင်ထားခြင်းမရှိသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။ သူပြောသမျှကို လူရိုင်းဘုရင်မှ ခေါင်းတဆတ်ဆတ် ညိတ်ကာ နားထောင်ပေးနေသည်။ ထို့နောက် လူရိုင်းဘုရင်မှ အားလုံးကြားအောင် အော်ပြောလိုက်သည်။

" မီးမီးဆန် နာထကူးး "

ထိုအမိန့်ပေးသံကို ကြားလျင် ဖမ်းချုပ်ထားသော သူများကို လူရိုင်းရွာသားများမှ အစုအဖွဲ့လိုက် တဲအိမ်များ စီသို့ ခေါ်ဆောင်သွားတော့သည်။ ထိုစကားသည် ဖမ်းချုပ်ထားလိုက်ဆိုသော သဘောဖြစ်မည်ဟု ခန့်မှန်းရသည်။ ထို့နောက် တဲအိမ် အလွတ်များထဲသို့ ထည့်သွင်းကာ ချည်ထားသော ကြိုးများကို ဖြည်ပေးလိုက်ကြသည်။ အပြင်ဘက်တွင်တော့ လက်နက်များဖြင့် စောင့်နေကြတော့သည်။ မကြာခင်မှာ မှောင်စပြုလာသည်။ ချုပ်နှောင်ခံထားရသူများမှာလည်း ဆာလောင်နေပြီဖြစ်သည်။

ကိုဇော်မှ " ဆာလိုက်တာကွာ " ပြောလိုက်သဖြင့် ရီနိုမာန်မှ
" မင်းကလည်းကွာ တမင်မေ့ထားပါတယ် ဆိုမှ သတိရအောင်လုပ်ပြန်ပြီ " ပြောသဖြင့် ပြုံးမိကြတော့သည်။

" တို့ကို အစာငတ်ခံထားပြီး အမှည့်ခြွေ ခြွေတော့မလား မသိဘူးကွာ "
" အေးကွ ဖြစ်နိင်တယ် "

ထိုသို့ ပြောနေကြချိန်မှာပဲ တဲအတွင်းသို့ လူရိုင်း နှစ်ယောက်ဝင်လာသည်။ ထို့နောက် တံစို့ဖြင့် ထိုးထားသည့် ကင်ထားသော အသားများ နှင့် သစ်သီး သစ်ဥ တစ်ခြင်းလာပေးသည်။ အသားကင် အနံ့ရသဖြင့် သူတို့ ပို၍ဆာလောင်သွားကြသည်။ မည်သည့်အသားဟုပင် မခွဲခြားတော့ဘဲ အညီအမျှခွဲဝေကာ အားပါးတရ စားသောက်ကြတော့သည်။ သူတို့ အင်မတန်ဆာလောင် နေလေပြီ။ ထို့နောက် ဝါးဆစ်ပိုင်းကြီး ဖြင့် ထည့်ထားသော ရေလာပို့သဖြင့် အင်မတန် ဝမ်းသာသွားကြသည်။ အစား စားပြီး ရေသောက်လိုက်ရသဖြင့် သူတို့ သက်သောင့်သက်သာ ဖြစ်သွားတော့သည်။ ထို့နောက် တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ် ခဲ့ရသဖြင့် တစ်ယောက်ပြီး တစ်ယောက် အိပ်ပျော်သွားကြသည်။ ထွက်ပြေးဖို့ ကြံစည်ထားသူတို့သည်လည်း တဲအပြင်တွင် တစ်ညလုံး စောင့်နေကြသော လူရိုင်းတို့ကြောင့် စိတ်လျော့ကာ အိပ်ပျော်သွားကြတော့သည်။


ထို့နောက် နောက်တစ်နေ့ မနက် ၈ နာရီခန့်တွင် သူတို့အားလုံးကို ကြိုးချည်ပြီး ကွက်လပ်ဆီသို့ ပြန်ခေါ်ထုတ် သွားတော့သည်။ ကွက်လပ်တွင်တော့ ခရီးသွား အဖွဲ့အပြင် ပင်လယ်ဓားပြ အုပ်စုကိုပါ တွေ့လိုက်ကြရသည်။ နီးစပ်ရာ ဘလောဂ်ဂါ အချင်းချင်း သတင်းမေးကာ အားပေးကြသည်။ စင်မြင့်ပေါ်တွင် လူရိုင်းခေါင်းဆောင် ကိုတွေ့ရသလို နတ်ဆရာ ကိုပါ တွေ့လိုက်ရသည်။ သူတို့ရဲ့ဘေးတွင်တော့ လူရိုင်းမျိုးနွယ်စုဖြင့် မတူသော အမျိုးသမီးကိုပါ တွေ့ရသည်။ သူတို့ ၃ ယောက်သား အကြိတ်အနယ် ဆွေးနွေးနေကြသည်။ လူရိုင်းဖြင့်မတူသော ထိုအမျိုးသမီးသည် ဒီမျိုးနွယ်စု အပေါ်တွင် အတော်အတန် သြဇာ ရှိနေပုံရသည်။ သူပြောသော စကားများကို ခေါင်းဆောင် ဖြစ်သူရော နတ်ဆရာပါ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေကြသည်။ ထို့နောက် ဆွေးနွေးပွဲ ပြီးသွားဟန်ဖြင့် ထိုအမျိုးသမီးသည် လူအုပ်ကြီးဘက်သို့ လှည့်လာကာ

" အားလုံးနားထောင်ကြပါ "

ထိုအမျိုးသမီးထံမှ မြန်မာစကား ပီပီသသ ကြားလိုက်ရသဖြင့် အားလုံး အံ့အားသင့် သွားကြတော့သည်။

" ဟင် "
" အို .... မြန်မာ လိုပြောတတ်တယ် " အာမေဋိတ်သံများဖြင့် ဆူညံနေသဖြင့် ထိုအမျိုးသမီးမှ လက်ထောင်ပြလိုက်သည်။ အားလုံး တိတ်ဆိတ်သွားကြသည်။

" ခရီးသွား အဖွဲ့ထဲမှာ သေနတ် ပစ်တတ်တဲ့သူ ပါသလား " ဟုမေးလိုက်သည်။ ထို့ကြောင့် ကိုဆောင်းယွန်းလ နှင့် ကိုဒူကဘာ တို့မှ လက်ထောင်ပြကာ သူတို့ ပစ်တတ်ကြောင်း ပြောလိုက်သည်။

" ဟုတ်ပြီ ဒါဆိုရင် ဒီလူအုပ်ကြီးအတွက် စီစဉ်ထားတာကို ပြောပြပါမယ် ပင်လယ်ဓားပြ တွေကို သင်တို့ရဲ့ သဘောင်္ပေါ်ကို ပြန်ပို့ပေးပါ့မယ် ပြီးရင်တော့ ဒီကျွန်းကနေ အမြန်ဆုံးခွာပါ နောက်တစ်ခေါက် လာဖို့လည်း မကြိုးစားပါနဲ့ သင်တို့ရဲ့ သေနတ်များကို သိမ်းယူပြီး ဒီမျိုးနွယ်စုကို ပစ်ခတ်နည်း သင်ပေးထားမှာပါ ဒါကြောင့် နောက်တစ်ကြိမ် ပြန်လာခဲ့ရင် သင်တို့ရဲ့ လက်နက်များဖြင့် ပြန်လည် ပစ်ခတ်ခံရပါလိမ့်မယ် "

အသက်ချမ်းသာရာ ရပြီဖြစ်သဖြင့် ပင်လယ်ဓားပြများ ဝမ်းသာအားရဖြင့် ခေါင်းညိတ်ကာ သဘောတူ လိုက်ကြသည်။ ထိုအမျိုးသမီးမှ ဆက်ပြောသည်။

" ဒါဆိုရင် သင်တို့ကို အခုပဲ သဘောင်္ဆီ ပြန်လိုက်ပို့မယ် အခုပဲ ပြန်ကြပါ " ပြောပြီး လူရိုင်းဘုရင်ဖက်လှည့်ကာ လူရိုင်း မျိုးနွယ်စု စကားဖြင့် ပြောလိုက်သည်။ လူရိုင်းဘုရင်မှ လက်ဝှေ့ယမ်းပြကာ

" မူးရှူး ရှာထာမီ "

ဟုလူရိုင်းစကားဖြင့် အချက်ပေးလိုက်သဖြင့် လူရိုင်းတွေမှ လက်နက်ဖြင့် ချိန်ကာ ပင်လယ်ဓားပြ အုပ်စုကို ကမ်းခြေဆီသို့ ပြန်ဆွဲခေါ် သွားကြသည်။ ကွင်းပြင်ထဲတွင်တော့ ခရီးသွား ဘလောဂ်ဂါ အုပ်စုသာ ကျန်နေခဲ့တော့သည်။ သူတို့ကိုလည်း မည်သို့စီရင်မလဲဟု စိုးထိတ်နေချိန်တွင် လူရိုင်းဘုရင်မှ အချက်ပေးလိုက် သဖြင့် လူရိုင်းများသည် ဘလောဂ်ဂါများကို ကြိုးဖြည်ပေးလိုက်သည်။ သူတို့ကို လွှတ်ပေးလိုက်မှန်း သိသဖြင့် အားလုံး ပျော်ရွှင်သွားကြသည်။ ဝမ်းသာအားရ ထခုန်ကြသည်။

" သင်တို့ကြောင့် သူတို့ရဲ့ နတ်ဘုရား ရုပ်တု ပြန်ရလို့ သင်တို့ကို မိတ်ဆွေ အဖြစ်အသိအမှတ်
ပြုထားပါတယ် ဒါကြောင့် အခုချိန်က စပြီး စိတ်ချလက်ချ နေနိင်ပါပြီ "

ထိုအမျိုးသမီးရဲ့ စကားဆုံးလျင် လူအုပ်ကြီးမှာ ပို၍ပျော်ရွှင်သွားကြသည်။


ဒဏ္ဍာရီမှ " တစ်ခုလောက် မေးလို့ရမလား အစ်မ " ဟုပြောလိုက်သည်။

" မေးပါ...ရပါတယ် " ထိုအစ်မကြီးရဲ့ ခွင့်ပြုချက်ရလျင်
" အစ်မက လူရိုင်းမျိုးနွယ်လဲ ဟုတ်ပုံမရဘူး.. ဒီကျွန်းပေါ် ဘယ်လိုရောက်လာတာလဲ "

" ဒီလိုပါ အစ်မ နာမည်က ကီကီ ပါ မုန်တိုင်းကြောင့် အစ်မတို့ သဘောင်္ နစ်မြုပ်သွားပြီး အစ်မကတော့ ပျဉ်ပြားတစ်ချပ် ကြောင့် ဒီကျွန်းမှာ လာတင်နေခဲ့တယ် ဒီကျွန်းဘက်က သဘောင်္အသွားအလာ နည်းတော့ ဘယ်လိုမှ အိမ်မပြန်နိုင်ဘဲ ဒီကျွန်းမှာပဲ နေလာတာ ၅နှစ်လောက်ရှိနေပြီ. ဒါကြောင့် ဒီမျိုးနွယ်စုနဲ့လည်း ရင်းနှီးနေပြီလေ သူတို့ဘာသာစကားကိုလဲ ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်နေပြီ.. သူတို့က ရိုင်းစိုင်းတဲ့ မျိုးနွယ်စုတော့ မဟုတ်ပါဘူး ထပ်ပြီးဝန်ခံရရင် ညီမတို့ရိက္ခာထုပ်ကို လာဆွဲသွားတာ အစ်မပါ ဒါကလည်း အစ်မအပေါ်ကို စောင့်ရှောက်ထားပေးတဲ့ ဒီမျိုးနွယ်စုကို ကျွေးချင်စိတ်ကြောင့်ယူမိတာပါ ဒါကိုလည်း ခွင့်လွှတ်ပါနော် " မကီရဲ့ စကားဆုံးလျင်

" ရတယ်အစ်မ ခွင့်လွှတ်တယ် "
" အစ်မပြောပေးလို့ ကျွန်တော်တို့ အသက်ချမ်းသာရာ ရတာပါ "
" ဟုတ်ပါတယ် အစ်မကိုတောင် ကျေးဇူးတင်ရမှာပါ "

အားလုံးရဲ့ စကားများကြောင့် မကီ လည်း စိတ်ချမ်းသာသွားတော့သည်။မကီမှ ဆက်ပြောသည်။

" အစ်မဒီကျွန်းပေါ်ရောက်ကာစ ဘယ်လိုရှင်သန်နေထိုင်ရမလဲ တွေးမရခဲ့ဘူး မြင်လွယ်အောင် ပြောရရင် သောင်ပြင်လွှတ်တဲ့ စတော်ဘယ်ရီရောင် ဟသာင်္လေး လိုပဲပေါ့ ဒီမျိုးနွယ်စုနဲ့တွေ့ပြီး ကယ်တင်ပေးခဲ့လို့ အခုလို ဘယ်တစ်လုံး ညာတစ်လုံး အဲ မှားလို့ လူတစ်လုံး သူတစ်လုံး ဖြစ်လာတာပါ "

မကီရဲ့စကားကြောင့် ခရီးသွားများ ပြုံးရယ်ကြသည်။ မကီမှ ဆက်ပြီး

" ကဲ..ဒါဆိုရင် ဒီမျိုးနွယ်စုနဲ့ ရင်းနှီးမှု အရင်ယူကြမယ် အစ်မ မိတ်ဆက်ပေးမယ် မှတ်ထားကြနော်"

ထို့နောက် လူရိုင်းခေါင်းဆောင်ကို ညွှန်ပြကာ

" သူ့နံမည်က ' ကွေးလူထို ' လို့ခေါ်တယ် မြန်မာလိုခေါ်ချင်ရင်တော့ ကိုလူထွေး လို့ခေါ်လို့ရတယ် "

ထို့နောက် နတ်ဆရာကြီးနှင့် မိတ်ဆက်ပေးပြန်သည်။

"သူကတော့ ဒီမျိုးနွယ်စုရဲ့ နတ်ဆရာ ကြီးပါ သူ့နာမည်က ' အဘောက်ကျ ' တဲ့ ခေါ်ရခက်ရင် မြန်မာလို အဘကျောက် လို့ခေါ်ပေါ့ "

ထို့နောက် အနားတွင်ရပ်နေသော လူရိုင်း လှပျိုဖြူများနှင့် မိတ်ဆက်ပေးပြန်သည်။ လူရိုင်းရွာသူ များသည်လည်း ဆွဲကြိုးများ ဆွဲထားကာ အပေါ်ပိုင်းကို တိရိစ္ဆာန်အရေခွံများ ခြုံထားကြသည်။ ပါးတွင်တော့ ဆေးရောင် ခြယ်ထားသည်။


" သူကတော့ ဝူးဆလက် တဲ့ အစ်မကတော့ ဝက်ဆလူးလေး ဝက်ဝံလေး လို့ခေါ်တယ် "ဟုပြောရင်း ဝဝတုတ်တုတ် လူရိုင်းရွာသူ လေးတစ်ယောက်ကို ညွှန်ပြလိုက်သည်။

" သူက မီဓာဝေ အလွယ်ခေါ်ချင်ရင်တော့ မေဓာဝီ ပေါ့ " အနားက တစ်ယောက်ကို ညွှန်ပြရင်း

"သူက သမိုပြီး လို့ခေါ်တဲ့ သမီးပျို ၊ သူက ယွာဝန်း တဲ့ အမတော့ ခေါ်ရခက်လို့ ရွှေယွန်းဝါ လို့ ပေးထားတယ် " ဟုပြောကာ နောက်ထပ်ခပ်ဝဝ လူရိုင်းရွာသူလေးကို လက်ညိုးထိုးပြလိုက်သည်။

" လူရိုင်းနာမည်တွေက ခေါ်ရခက်တယ်.. အစ်မတောင် ကောင်းကောင်းမမှတ်မိဘူး. ဒါကြောင့် သူတို့ကို လွယ်လွယ်ခေါ်လို့ရအောင် အစ်မက မြန်မာနံမည်ပေးထားလိုက်တယ်.. "

ဒီတစ်ယောက်က မိုးခါး ၊ ဒါက မယ်ကိုး ၊ ဒါက မျက်မှန်လေး ၊ သူက ယွန်းလိုင် စသဖြင့် လူရိုင်းမလေးများနှင့် မိတ်ဆက်ပေးလေသည်။ လူရိုင်းမလေးများမှာ မျက်နှာတွင် ဆေးခြယ်ထားသော်လည်း တောတွင်းမှာ ကျန်းမာပျော်ရွှင်စွာ ကြီးပြင်းလာကြသဖြင့် စိုစိုပြေပြေ ထွားထွားကျိုင်းကျိုင်းလေးများသာ ဖြစ်ကြသည်.။


ထိုအချိန်တွင် ပင်လယ်ဓားပြများကို လိုက်ပို့သော လူရိုင်းများ ပြန်ရောက်လာသည်။ ထို့ကြောင့် လူရိုင်းများဖြင့် ထပ်မံမိတ်ဆက်ပေးသည်။ ထိုသူများကိုကား ရိုးရာနာမည်ဖြင့် ဖော်ပြရလျင် မှတ်ရခက်ခဲမည် ဆိုသောကြောင့် မှတ်ရလွယ်သော နာမည်များဖြင့်သာ ဖော်ပြရလျင် အဖြူလေး မောင်မိုးကိုအောင်တောင်ပေါ်သားတလနွန်ရေတမာအိမ်အိုက်ခီလောက်၊ ဏီအဲYပီယပိုးဟပ်လေး ကိုမင်းကျော် တို့ဖြစ်ကြသည်။ ထို့နောက် လူရိုင်းမျိုးနွယ်စုရဲ့ ထုံးစံအရ ရန်သူမိတ်ဆွေ ခွဲခြားသော ဓလေ့ကို ပြုလုပ်ကြတော့သည်။ မကီမှ ပြောလိုက်သည်။

" အခုသူတို့က မိတ်ဆွေ ဖွဲ့လိမ့်မယ် မိတ်ဆွေဖွဲ့ပြီးရင်တော့ စိတ်ချလက်ချ နေလို့ရပြီ ဒါကြောင့် မိတ်ဆွေဖွဲ့ဖို့ တန်းစီ ပေးထားကြပါ "

မကီစကားကြောင့် ခရီးသွားများ စီတန်းကာ ရပ်နေတော့သည်။ လူရိုင်းခေါင်းဆောင်နှင့် ရွာသူ ရွာသားများ မှ ခရီးသွားများနှင့် မျက်နာချင်းဆိုင် ရပ်လိုက်ကြသည်။ ထို့နောက် နတ်ဆရာကြီး ကိုင်ထားသော အိုးတခုထဲမှ အရည်များကို လူရိုင်းများမှ လက်ဖြင့်နှိုက်ယူကာ မိမိရှေ့မှ လူရဲ့ လက်ဝါးပေါ်ကို သုတ်လိုက်သည်။ စိမ်းရွှေရွှေ အနံ့အသက်များကြောင့် ခရီးသွားများလည်း အံ့သြကာ လက်တွေကို ရုန်းကြတော့သည်။ ထိုအခါ လူရိုင်းများထံမှ စကားသံ ထွက်လာသည်။ အခြေအနေသည် လှုပ်လှုပ်ရှားရှား ဖြစ်ကုန်တော့သည်။

" မူးရှူး ..... ဝူးရှူး" လူရိုင်းများရဲ့ အော်သံထွက်လာသဖြင့်

" မကီ ကယ်ပါအုံး သူတို့ ဘာတွေပြောပြီး ဘာတွေလုပ်တာလဲ " ကျောပိုးအိတ် မှ မေးသည်။ မကီမှ

" မူးရှူး ဆိုတာရန်သူလား ၊ ဝူးရှူး ဆိုတာ မိတ်ဆွေလား မေးတာ "

ထို့ကြောင့်ခရီးသွားများလည်း ကမန်းကတန်း ပြန်ဖြေကြရတော့သည် ။

" ဝူးရှူးးးး "


ဆိုသော အသံများ တစ်ပြိုင်ထဲ ထွက်လာသဖြင့် လူရိုင်းများလည်း ကျေနပ်သွားကြတော့သည်။ ထို့နောက် သူတို့၏လက်များကို ဆွဲယူကာ လူရိုင်းတို့က ပြန်သုတ်ကြပြန်သည် ။ တစ်ချို့က ရုန်းကန် ကြသဖြင့် မကီမှ

" မရုန်းကြနဲ့လေ ဒါသူတို့ရိုးရာအတိုင်းမိတ်ဆွေဖွဲ့တာ သဘောကတော့ စိုသောလက် မခြောက်စေနဲ့ တဲ့ "

" အမ် ဒါဆို မသုတ်ရဘူးလား "
" သုတ်ရင် သူတို့ မိတ်ဆွေ ဖွဲ့တာကို လက်မခံတဲ့ သဘောလေ "

ဟုရှင်းပြသဖြင့် အားလုံးမှာ ရွံရှာကြသော်လည်း အောင့်သက်သက်ဖြင့် ငြိမ်နေလိုက်ရသည်။ အိန်ဂျယ်ကတော့ သူနှင့် မိတ်ဆွေဖွဲ့သော လူရိုင်း ဝတုတ်မလေးဖြစ်သော ဝက်ဝံလေး ကိုကြည့်ကာ " တော်တော်ညစ်ပတ်တာပဲ " ဟုတွေးနေသည်။

မိတ်ဆွေဖွဲ့ခြင်းကို ခရီးသွားများမှ လက်ခံသဖြင့် လူရိုင်းများမှ ဝမ်းမြောက်ကာ ကိုယ်နှင့် မိတ်ဆက်သူ အချင်းချင်း ကို လက်ကိုင်ကာ ဤသို့ ပြောလိုက်တော့သည်။

" ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး "

မကီမှ

" ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး ဆိုတာ ခင်ခင်မင်မင် နှုတ်ဆက်တဲ့ သဘောပဲ တွေ့တွေ့ခြင်းပဲ ဖြစ်ဖြစ် ပြန်ခါနီးပဲ ဖြစ်ဖြစ် ကောင်းမွန်သော သဘောကို ဆောင်တဲ့ နှုတ်ဆက်ခြင်းပေါ့ မြန်မာလိုဆိုရင် မင်္ဂလာပါလို့ ဆိုရမလား တွေ့တွေ့ခြင်း ဆိုရင် ရောက်လာပါတယ်လို့ အဓိပ္ပါယ်ရပြီး ပြန်ခါနီးရင်တော့ နှုတ်ဆက်ပါတယ်လို့ သဘောရတယ် သူတို့ကိုလည်း ပြန်နှုတ်ဆက်လိုက်ပါ "

ဟု ပြောသဖြင့် ခရီးသွားများလည်း လူရိုင်းများကို နှုတ်ဆက်ကြတော့သည်။

" ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး "

ပါးလုံး ၊ အနော် နှင့် နှင်းဟေမာ မှ " ငါတို့လည်း ဘလောဂ်အလည်ထွက်ရင် ဒီကျွန်းသားတွေ စကားအတိုင်း ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး လို့ နှုတ်ဆက်ကြမယ် " ဟု ဘလောဂ်ဂါများပီပီ တိုင်ပင်နေကြသည်။ ထို့နောက်တွင်တော့ အားလုံးလွတ်လွတ်လပ်လပ် နေခွင့်ရကြလေပြီ။ တစ်ဖွဲ့လုံးရဲ့ တိုင်ပင် ဆုံးဖြတ်ချက် အရ ဒီကျွန်းပေါ်တွင်သာ သူတို့ အားလပ်ရက်များကို နေထိုင်ကြတော့မည်။ ရည်ရွယ်ထားသော ကျွန်းကို မသွားတော့ဘူးဟု ဆုံးဖြတ်လိုက်ကြတော့သည်။


မကီမှ တဆင့် သူတို့ကျန်ခဲ့သော အိတ်များကို ယူပေးရန် လူရိုင်းရွာသားများကို အကူအညီတောင်းသဖြင့် ရွာသားများဖြစ်သော မောင်မိုး၊ ကိုအောင် ၊ တောင်ပေါ်သား တို့က သွားသယ်လာပေးကြသလို လူရိုင်းရွာသားများဖြစ်သော ရေတမာ၊ အိမ်၊ အိုက်ခီလောက်၊ တို့မှလည်း ဘလောဂ်ဂါ ကိုဇော်၊ သော်ဇင်၊ ဖြိုးမော် အဖွဲ့နှင့် လိုက်ပါကာ စက်လှေအထိ ပြန်ပြီး စားနပ်ရိက္ခာများကို သွားသယ်ကြတော့သည်။


ရွာသားအားလုံးမှာလည်း သူတို့၏ ရိုးရာနံမည်များ ပျောက်ကာ မကီပေးထားသော ခေါ်ရလွယ်ကူသည့် မြန်မာနံမည်များသာ တွင်နေတော့သဖြင့် ဘလောဂ်ဂါတို့အဖို့ မှတ်ရခေါ်ရ လွယ်ကူနေပေသည်။ လူရိုင်းမျိုးနွယ် အကြီးအကဲ ကိုလူထွေးမှ ထိုညတွင် တွေ့ဆုံသည့် အထိမ်းအမှတ် မီးပုံပွဲ လုပ်ပေးမည်ဟု ကြေငြာပြီး လူရိုင်းရွာသား တစ်ချို့ ဖြစ်သော တလနွန်၊ အဖြူလေး ၊ ပီယ ၊ ပိုးဟပ်လေး၊ ကိုမင်းကျော် တို့က တောတွင်း အမဲလိုက်ထွက်ရန် ပြင်ဆင်နေသဖြင့် အမဲလိုက် ဝါသနာပါသော ကိုဒူကဘာ၊ ကိုညောင်ရမ်း ၊ ကိုသုနြေ္ဒ၊ ကိုရီနိုမာန်၊ ကိုဂျစ်တူး တို့မှ လိုက်ခွင့်တောင်းဆိုသည်။ လူရိုင်းခေါင်းဆောင် ကိုလူထွေးမှ ဘလောဂ်ဂါများကို လိုက်ခွင့်ပြုလိုက်သဖြင့် အတွေ့အကြုံသစ် ရပြီဟုပျော်ရွှင်သွားကြသည်။


ထို့နောက် တောထဲသို့ ထွက်ခွာသွားကြသည်။ ရွာထဲတွင် ကျန်နေသောသူများသည်လည်း ရွာသူရွာသားများကို လက်ဟန်ခြေဟန် ဖြင့် ဆက်သွယ်ခြင်း၊ မကီမှ တဆင့် ဘာသာပြန်ပေးခြင်း တို့ကြောင့် ခင်ခင်မင်မင် ပျော်ပျော်ရွှင်ရွှင် ရှိနေကြသည်။ ပင်လယ်ကမ်းစပ်မှ ရသည့် အရွက်တစ်မျိုးကို အမိုးအကာအဖြစ် ယက်လုပ်နေ ကြသော မေဓါဝီ၊ ယွန်း၊ မိုးခါး၊ သမီးပျို တို့ကို မမြသွေးနီ၊ မရွှေစင်၊ မချော၊ သိင်္ဂါကျော်တို့က ကူညီကာ ဝိုင်းယက်ပေးကြသည်။ အချိန်တိုအတွင်း ခင်မင်မှုတို့ လျင်မြန်စွာ တိုးပွားနေသည်။


ဝက်ဝံလေးနှင့် ရွှေယွန်းဝါ တို့ကတော့ ပါးလုံး၊ အနော် ၊အိန်ဂျယ် တို့နှင့် တပူးတွဲတွဲ ဖြစ်နေသည်။ ဓါတ်ပုံရိုက်ပြီး ချက်ချင်းပြန်ပြသဖြင့် အံ့သြခြင်းကြီးစွာ ဖြစ်နေကြသည်။ ပထမဆုံး ဓါတ်ပုံရိုက်စဉ်တုန်းက ဖျတ်ခနဲ လင်းသွားသော မီးရောင်ကြောင့် ဝက်ဝံလေးတို့ ထွက်ပြေးကြသေးသည်။ ကောင်းကင်နတ်ဘုရားမှ ပြစ်ဒဏ်ခတ်ပြီ ထင်ကြသောကြောင့် ဖြစ်သည်။ သေသေချာချာ နားလည်အောင် ရှင်းပြ ပေးလိုက်မှပဲ အင်မတန် သဘောကျသွားကြတော့သည်။ ဝက်ဝံလေးမှ လက်ဟန် ခြေဟန်ဖြင့် သူလည်း ပါးလုံးတို့ကဲ့သို့ ခန္ဓာကိုယ်မျိုး ဖြစ်ချင်ကြောင်း ပြောသဖြင့် ပါးလုံးတို့ အချင်းချင်း တိုင်ပင်ကာ အပိန်ကျင့်ပေးရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက်တွင်တော့ လေ့ကျင့်ခန်း ပြုလုပ်ပုံများကို အလွတ်ရသည် အထိ သင်ပေးကြတော့သည်။


မမိုးချိုသင်းလည်း သူ့တက်ခဲ့သော သင်တန်းရဲ့ လေ့ကျင့်ခန်းများထဲမှ လွယ်ကူသော အကွက်များကို ပြန်လည် သင်ကြားပေးနေသည်။ မမိုးချိုသင်း အနေဖြင့် ဘယ်ညာ ခြေလက်တို့ မှားပြီး ပြသော်လည်း သိတဲ့သူ မရှိသဖြင့် အားလုံး အိုကေနေသည်ဟု ပြောရမည်။ ထို့နောက် ခရီးသွားများထဲက မချစ်ကြည်အေး အပါအဝင် လေ့ကျင့်ချင်သူများမှပါ ဝင်ရောက် လေ့ကျင့်ကြသဖြင့် လူအုပ်စုလိုက်ကြီး ဖြစ်နေတော့သည်။ သင်တန်းဆရာမ မချိုသင်း ပြတဲ့အတိုင်း လေ့ကျင့်ခန်း လိုက်လုပ်ကြသဖြင့် တညီတညာ ကနေသည်ဟု ထင်ကာ လူရိုင်း ရွာသားများ ဖြစ်တဲ့ ရေတမာ၊ အိမ်၊ ကိုအောင်၊ တောင်ပေါ်သား တို့ကပါ ဝင်ရောက် ကကြသဖြင့် အချင်းချင်းကြည့်ကာ ရယ်မော ကြကုန်သည်။ ခရီးသွားများ ရယ်ကြသဖြင့် လူရိုင်း များလည်း ဝမ်းသာအားရ အော်ဟစ်ကြတော့သည်။

" အူးးး အူးးး ရဟူးးးးး "
" အူးးး အူးးး ဂျော့တီ "


သော်ဇင်၊ လင်းကြယ်ဖြူ၊ မိုးစက်အိမ်၊ တို့မှ သူတို့ကို ဖမ်းခေါ်လာစဉ်က ဖြတ်ကျော်ခဲ့သော စမ်းချောင်းကို ပြန်သွားကာ ရွံ့နီများ တူးပြီး အလွယ်တကူ အိုးလုပ်နည်းကို မဆုမွန် ၊ အပြုံးပန်း၊ ကျောပိုးအိတ် တို့က လူရိုင်းရွာသူများ ဖြစ်သော မယ်ကိုး၊ လိုင်၊ မျက်မှန်လေး တို့ကို ပြပေးလေသည်။ လူရိုင်းတို့သည် ရလာသော အသားများကို တိုက်ရိုက်မီးကင်ခြင်း သစ်သီးသစ်ဥများကို အစိမ်းစားခြင်းသာ ပြုလုပ်တတ်သဖြင့် အိုးဖြင့် ပြုတ်သော အရသာကို နမူနာ ချက်ပြီး ကျွေးသဖြင့် လူရိုင်းတို့ နှစ်သက်သောကြောင့် သူတို့ အသုံးပြုရန် အိုးများ လုပ်ပေးခြင်းအပြင် လုပ်နည်းကိုပါ ပြပေးနေခြင်းဖြစ်သည်။ သူတို့ကို ကူညီမှန်း သိသောကြောင့် ခရီးသွားများကို ပို၍ခင်သွားကြသည်။


တောထဲသို့ အမဲလိုက် သွားသူများ ယုန် ၊ တောကြက်များနှင့် တောဝက် တစ်ကောင်ထမ်းပြီး ပြန်ရောက် လာသည်။ ယနေ့ညတွင် ပျော်ရွှင်ဖွယ်ရာ မီးပုံပွဲ လုပ်ကြမည်။ နတ်ဘုရား ရုပ်တုပြန်ရောက်တဲ့ အထိမ်းအမှတ် အပြင် လာခြင်းကောင်းသော ဧည့်သည်များအတွက် ဂုဏ်ပြုခြင်းလည်း ဖြစ်သည်။ သူတို့မျိုးနွယ်စု တစ်ခုလုံးလည်း ပျော်ရွှင်နေပုံရလေသည်။


ညနေ ၅ နာရီ ကျော်ထဲက ရွာကွက်လပ်တွင် ဖိုထားသော မီးပုံကြီးသည် အရှိန်ကောင်းစွာဖြင့် တောက်လောင်နေသည်။ တောတွင်းမှ ရလာသော သားကောင်များကို ကင်ထားသဖြင့် အကင်နံ့တို့ ပျံ့လွင့်နေသည်။ ကြည်ဖြူပိုင်၊ နှင့် မချစ်ကြည်အေး တို့မှ သစ်သီးသစ်ဥများကို စက်လှေပေါ်က ယူထားသော ဟင်းခတ် အမှုန့်များနှင့် တွဲဖက်ကာ အသစ်လုပ်ထားသော အိုးကြီးဖြင့် အရည်သောက် ဟင်းအိုးကြီး တစ်အိုး ချက်ထားပေးသည်။


လူစုံပြီဖြစ်သဖြင့် မီးပုံပွဲကို စတင်လိုက်တော့သည်။ နတ်ဆရာကြီး အဘောက်ကျ မှ အနီရောင် ဆေးမှုန့်များကို မီးပုံထဲ ပစ်ထည့်ကာ နှုတ်မှ တတွတ်တွတ် ရွတ်နေလေသည်။ ထို့နောက်တွင်တော့ သစ်တုံးခေါက်သံများ ထွက်ပေါ်လာကာ ဝိုင်းပတ်ကာ ကခုန်ကြတော့သည်။ ပွဲစခါနီးထဲက ဝါသနာကြီးသူများဖြစ်သော မိုးမောင်နှင့် ကိုဇော် တို့က စက်လှေဆီမှ ပြန်ယူထားသော အရက်ပုလင်းများ ပန်းသီး လိမ္မော်သီးတို့ဖြင့် အများသောက်လို့ ရရန် ခပ်ပျော့ပျော့ စပ်ထားပေးသော အရက်များကို ဝါးဆစ်ပိုင်းလေးများဖြင့် အနည်းငယ်စီ လိုက်တိုက်သည်။


တစ်ခါမှ မသောက်ဖူးသော အရသာ ဖြစ်သဖြင့် လူရိုင်းများ နှစ်သက်ကာ တစ်ခွက်ပြီး တစ်ခွက် ထည့်သောက်နေ တော့သည်။ ကိုလူထွေးမှ သောက်ကောင်းသဖြင့် အဘကျောက်ကို လက်တို့လိုက်သည်။ အဘကျောက်လည်း မြည်းစမ်းရင်း နှစ်သက်သွားတော့သည်။ အိုက်ခီလောက်သည်ကား ထိုအရက်စပ်ထားသော အိုးနားမှ မခွာတော့ပေ။ အဖြူလေးကတော့ မှောက်နေသည်မှာ ကြာလေပြီ။


ထို့နောက် လူရိုင်းတို့ရဲ့ ရိုးရာ တေးသံများ ထွက်ပေါ်လာသည်။ သူတို့သီချင်းထဲတွင် ခရီးသွား ဘလောဂ်ဂါများ နားလည်သည့် ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး ဆိုသောစာသား တစ်လုံးပါသည်။ ထိုနေရာ ရောက်လျင်တော့ အားလုံး ဝိုင်းအော်ပေးကြသည်။ ထိုတေးသီချင်း၏ အဓိပ္ပါယ်ကို မကီမှ ပြန်လည် ရှင်းပြသည်မှာ....


" ကောင်းကင်နတ်ဘုရားရဲ့ အလိုကျ ရောက်လာသော ဧည့်သည်များကို ကြိုဆိုပါသည်။ သင်တို့နှင့် မခွဲမခွာ နေချင်ပါသည်။ သင်တို့ရဲ့ နှုတ်ဆက်ခြင်းကို ကြားရလျင် ငါတို့ရဲ့ စိတ်နှလုံးများ ထိခိုက်ကြရအုံးမည်။ ငါတို့ရဲ့ဝိဥာဉ် ကောင်းကင်ကို ရောက်သွားခဲ့လျင်တောင် သင်တို့ကို ခင်မင်သော စိတ်များကိုပါ ယူဆောင်သွားပါမည်။ ငါတို့ရဲ့ ခင်မင်မှုများ မိုးမြေကဲ့သို့ တည်တံ့ပါစေ လာခြင်းကောင်းသော မိတ်ဆွေများ ပျော်ရွှင်ပါစေ "


ဟုအဓိပ္ပါယ်ကို ရှင်းပြပေးသဖြင့် ဘလောဂ်ဂါများ စိတ်နှလုံးသားထဲထိ ထိထိရှရှ ဖြစ်သွားကြတော့သည်။ နောက်တစ်ရက်နေပြီးလျင် သူတို့ ခွဲခွာကြရမည်မဟုတ်လား။ ကိုယ့်နေရပ်ဌာနေတွေကို ပြန်ကြရတော့မည်။ ခရီးသွားများသည်လည်း အချင်းချင်း နှုတ်ဆက်ခွဲခွာကြရတော့မည်။ အချိန်တန်လျင်တော့ အိမ်ပြန်ကြရပေမည်။ ထို့နောက်ညဥ့်နက်သည်အထိ ကခုန်ကြ သောက်ကြ စားကြကာ ပျော်ရွှင်စွာဖြင့် မီးပုံပွဲကို ဖြတ်သန်းကြသည်။ ညဥ့်နက်လာမှ အသီးသီး ကိုယ်တည်းခိုရာ တဲများဆီသို့ပြန်ကာ အိပ်စက်လိုက်ကြတော့သည်။


နောက်တစ်နေ့ မနက်ခင်း အိပ်ယာမှ နိုးချိန်တွင် ဒီနေ့တစ်နေ့သာ ဤရွာတွင် နေကြရတော့မည် ဖြစ်ကြောင်း ကိုယ်စီကိုယ်စီ တွေးမိကြလေသည်။ ထိုနေ့တစ်နေ့လုံးတွင် ခင်မင်သူများနှင့် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရင်း လူရိုင်းမျိုးနွယ်စု အတွက်ကူညီနိင်သည်များကို ကူညီပေးကြသည်။ ရွာသူရွာသားများနှင့် ခင်မင်မှုများ ပို၍တိုးလာတော့သည်။ ရွာသားများဖြစ်တဲ့ မောင်မိုး၊ ကိုအောင်၊ တလနွန်၊ ရေတမာ၊ ဏီအဲY၊ အိမ် တို့ကို ကိုဆောင်းယွန်းလ၊ နှင့် ကိုဒူကဘာမှ သေနတ်ပစ်နည်းတွေပါ သေသေချာချာ ပြပေးကြသည်။ ပစ်မှတ်ကို မထိမှန်နိင်ရင်တောင် နတ်ဘုရား ရုပ်တုနှင့် ရတနာများ လာလုသော အဖွဲ့ရှိခဲ့လျင် ခြောက်လှန့်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ထိုသို့ဖြင့် တစ်နေ့တာ ကုန်လွန်ရင်း ပြန်ရတော့မည့် မနက်သို့ ရောက်ရှိသွားတော့သည်။


မနက် ၈ နာရီ ကျော်ခန့် တွင် မိမိတို့ရဲ့ အထုပ်အပိုးများကို ပြင်ဆင်ပြီးသွားကြသည်။ တည်းခိုရာ တဲများမှ ကိုယ်စီကိုယ်စီ ထွက်လာချိန်တွင် ရွာလယ်ကွက်လပ်ထဲတွင် လူရိုင်းရွာသားများ စုရုံးကာ စောင့်နေကြသည်။ သူတို့ တစ်ရွာလုံးနီနီး ဘလောဂ်ဂါများကို ကမ်းခြေအထိ လိုက်ပို့ကြမည်ဖြစ်သည်။ ခေါင်းဆောင်ဖြစ်သော ကွေးလူထို နှင့် နတ်ဆရာကြီး အဘောက်ကျ အပါအဝင် တစ်ရွာလုံး မျက်နာမကောင်းကြပေ။ ဘလောဂ်ဂါများ သည်လည်း ထို့အတူသာ ဖြစ်သည်။ သူတို့ မကြာခင် ခွဲခွာကြရတော့မည်လေ။


မအင်ကြင်းသန့်မှ မိုးခါးကို လက်တွဲထားသလို ပါးလုံးနှင့် ရွှေယွန်းဝါ ၊ အိန်ဂျယ်နှင့် သမီးပျို၊ ညီမလေး နှင့် လိုင် စသဖြင့်ကိုယ်စီ လက်လေးများ တွဲထားကာ တောလမ်းခရီးကို ဖြတ်၍ ကမ်းခြေစီသို့ လိုက်ပို့ကြလေသည်။ ဘလောဂ်ဂါများနှင့် အတူ ကျွန်းပေါ်တွင် သောင်တင်နေသော မကီပါ ပြန်လိုက်ပါမည် ဖြစ်သဖြင့် ခင်မင်နေသော ရွာသူရွာသားများ ပို၍ဝမ်းနည်းကြတော့သည်။


ကမ်းခြေရောက်သည့်အခါတွင်တော့ အားလုံး မျက်နာချင်းဆိုင် တန်းစီကာ နှုတ်ဆက်ကြတော့သည်။ ဝက်ဝံလေးမှ သူဆွဲထားသော ဆွဲကြိုးလေးများကို ဖြုတ်ပြီး အိန်ဂျယ်နှင့် ပါးလုံးကို ပေးသလို မယ်ကိုးမှလည်း မေဓါဝီကို သူရဲ့ ရောင်စုံဆွဲကြိုးလေး ချွတ်ပေးလိုက်သည်။


အိုက်ခီလောက်ကတော့ မိုးမောင်တို့ အဖွဲ့ကို ပျားအုံကြီးလက်ဆောင် ပေးသည်။ မိုးမောင်တို့မှလည်း အိုက်ခီလောက်နှင့် ကိုမင်းကျော် ကို အရက်ပုလင်းများ လက်ဆောင်အဖြစ်ပြန်ပေးလိုက်သည်။ ထို့နောက် တိရိစ္ဆာန် သားရေ များ ၊ အစွယ်များ ၊ ဦးချိုများကို အမှတ်တရ ပေးကြသည်။ ဘလောဂ်ဂါများမှ သဘောင်္ပေါ်တွင် ပါလာသော ချောကလက်များ သကြားလုံးများ အသားဗူး ငါးဗူး များကို ပြန်ပေးကြသည်။ သက်တန့်ချိုနှင့် မငယ်နိုင်တို့က သူတို့ယူလာသော သောက်ဆေးများကို ရွာသားများအား လိုအပ်သလို သုံးစွဲရန် ပေးထားခဲ့လေသည်။ ဖျားနာလျှင် ဘယ်ဆေးသောက်ရန်၊ ၀မ်းကိုက်ဝမ်းလျှောလျှင် ဘယ်ဆေးသောက်ရန် စသည်တို့ကို သေသေချာချာ မှာကြားရာတွင် မကီမှ ရွာသားများကို ဂရုတစ်စိုက် ရှင်းပြပေးလေသည်။ ထို့နောက် တစ်ယောက်နှင့် တစ်ယောက် ဖက်လှဲတကင်း နှုတ်ဆက်ကြသည်။


ထိုအချိန်တွင် စက်လှေပေါ် ကြိုသွားနှင့်သော ညောင်ရမ်း နှင့် ကိုသုနြေ္ဒတို့မှ စက်လှေ အင်ဂျင်ကိုစတင်နိုး လိုက်သည်။ စက်နိုးသံနှင့် အတူ ရွာသူများနှင့် ခရီးသွား ဘလောဂ်ဂါ အမျိုးသမီးတို့ရဲ့ ကြိတ်၍ ငိုရှိုက်သံ ထွက်လာသည်။ ခွဲခွါခြင်းရဲ့ ဒဏ်ကို မည်သူမှ မခံစားနိင်ကြတော့ပေ။ သူတို့ရဲ့ စိတ်နှလုံးသားတို့သည် ဖြတ်တောက်ရ ခက်သော သံယောဇဉ် ကြိုးရဲ့ တင်းကြပ်စွာ ချည်နှောင်ခြင်း ခံနေကြရပြီ ဖြစ်သည်။ ယောကျာ်း ရင့်မာကြီးများသည်ပင် မျက်ရည်ဝဲနေကြရလေပြီ။


ထို့နောက် ရွာသူရွာသားများကို နောက်ဆုံးနှုတ်ဆက်ကာ စက်လှေစီ ထွက်ခွာဖို့ ပြင်ဆင်ကြသည်။ ထိုအချိန်တွင် တန်းစီထားသော ခရီးသွားများရဲ့ ခြေသလုံး ကို နတ်ဆရာကြီး အဘကျောက်မှ သူကိုင်တွယ်ထားသော တောင်ဝှေ့ဖြင့် ခပ်ဆတ်ဆတ်လေး လိုက်ရိုက်သဖြင့် လန့်အော်ကုန်ကြသည်။ ထိုအခါ မကီမှ

" ဒါက သူတို့ ရိုးရာဓလေ့တစ်ခုပါ ခရီးထွက်ခါနီး ဆိုရင် ဒီလိုပဲ ရိုက်ပေးလေ့ရှိတယ် အဓိပ္ပါယ်ကတော့ သွားလမ်းလာလမ်း သာယာပါစေလို့ အဓိပ္ပါယ်ရတယ် ... အောင်မလေးး "

ရှင်းပြပေးနေချိန်တွင် သူကိုယ်တိုင်ပါ အရိုက်ခံလိုက်ရသဖြင့် ထအော်လိုက်တော့သည်။ ထို့နောက် မျက်နာချင်းဆိုင် ရပ်ကာ အပြန်အလှန် နှုတ်ဆက်ကြတော့သည်။

" ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး"


ထိုအချိန်တွင် လူရိုင်းခေါင်းဆောင်ကြီး ကိုလူထွေး အချက်ပြလိုက်သဖြင့် အဖြူလေးမှ သေတ္တာ တစ်လုံးကိုင်ကာ အနားရောက်လာသည်။ သေတ္တာထဲတွင် ရတနာများကို တွေ့လိုက်ရသည်။ ထို့နောက် လူရိုင်းရွာသူ ရွာသားများမှ ရတနာများ နှိုက်ယူကာ ခရီးသွားများကို တစ်ယောက် တစ်လုံး နှုန်းဖြင့် ပေးဝေကြသည်။ ဘလော့ဂ်ဂါများမှာ အံ့အားသင့်ကာ တိတ်ဆိတ်သွားကြသည်။ ထို့နောက် ဝမ်းသာအားရ ခုန်ပေါက်ကာ အော်ဟစ်ကြတော့သည်။ အပျော်တွေကူးစက်ကာ ရွာသူရွာသားများပါ ခုန်ပေါက် အော်ဟစ်ကြ တော့သည်။ ဘလောဂ်ဂါများ အတွက် တစ်သက်တာ မမေ့နိင်စရာ ခရီးနှင့် အဖိုးထိုက်တန်ဆုံး လက်ဆောင်များ ဖြစ်သည်။


ထို့နောက် ဖက်လှဲတကင်း နှုတ်ဆက်ပြီး တစ်ဖွဲ့ပြီး တစ်ဖွဲ့ စက်လှေဆီ ထွက်ခွာ သွားကြတော့သည်။ စက်လှေပေါ်တွင် လူစုံပြီဖြစ်သဖြင့် စက်လှေလည်း ကျောက်ဆူးနှုတ်ကာ စတင်ထွက်ခွာလေပြီ။ ကမ်းခြေတွင်တော့ ရွာသူရွာသားများ မပြန်သေးဘဲ စောင့်ကြည့်နေကြသေးသည်။ စက်လှေပေါ်မှ ဘလောဂ်ဂါများမှ လက်ပြနှုတ်ဆက်သဖြင့် ရွာသူ ရွာသားများလည်း ဘလောဂ်ဂါများ လုပ်သလို ပြန်လက်ပြကြလေသည်။ ကမ်းခြေကို မကွယ်ခင် နောက်ဆုံး မြင်ရသော မြင်ကွင်းမှာ လူရိုင်းရွာသူလေးများရဲ့ လက်နှင့် မျက်နာကို သုတ်လိုက် ပုံများသာ ဖြစ်သည်။ ထို့နောက်တွင်တော့ ဘလောဂ်ဂါများ အတွက် သဲထိတ်ရင်ဖို စွန့်စားခန်းနှင့် ကျေနပ်နှစ်သက်ဖွယ် ရသများ ပေးခဲ့သော ကျွန်းကြီးသည်ကား တစ်ဖြည်းဖြည်း ဝေး၍ ဝေး၍ ကျန်ရစ်ခဲ့တော့သည်။ ဒီမျိုးနွယ်စုဖြင့် နောက်တစ်ကြိမ် ပြန်ဆုံခွင့်သည် ဖြစ်နိင်ဖို့ရန် အင်မတန်မှ ခဲယဉ်းနေတော့သည်။ ရိုးသားအေးချမ်းပြီး အရောင်ဆိုးခြင်း မခံရသေးသည့် လူမှုအသိုင်းအဝိုင်းတစ်ခုသည် အဝေးဆီတွင် မှုန်ပြပြကျန်ရစ်ခဲ့တော့သည်။


ခင်မင်စိတ် သတိရစိတ်တို့ဖြင့် ခရီးတော်တော်ဝေးဝေး ရောက်သည်အထိ တစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြပေ။ အချိန်ကာလ အတိုင်းအတာကြာမြင့်မှုထက် တစ်ယောက်အပေါ်တစ်ယောက် ထားသော ဖြူစင်ခင်မင်စိတ်တို့ ကြောင့် အခုလို ခွဲခွာခြင်းဝေဒနာကို ခံစားရခြင်းဖြစ်သည်။ နောက်ကွယ်တွင် မကောင်းကြောင်း ပြောတတ်သော လူမှုအဖွဲ့အစည်း တွင်တော့ ယခုကဲ့သို့ ခံစားချက်မျိုး ရနိင်မည် မထင်ပေ။ ရွှင်ပျော်ပျော် စက်လှေကြီးသည် ရန်ကုန်ဆိပ်ကမ်းကို ဦးတည်ကာ ခုတ်မောင်းနေပေတော့သည်။ ထို့နောက်တွင်တော့ အခက်အခဲ တစ်စုံတစ်ရာ မရှိဘဲ နောက်တစ်နေ့တွင် ရန်ကုန် ဆိပ်ကမ်းသို့ ပြန်လည် ဆိုက်ရောက်လာတော့သည်။


သဘောင်္ဆိပ်ရောက်လျင် တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်ကြပြန်သည်။ နောက်တစ်နေ့တွင်တော့ အားလုံး ကိုယ်နေထိုင်ရာ နိင်ငံများဆီသို့ ပြန်ထွက်ခွာ ကြရမည် မဟုတ်လား။ ခက်ခဲနိင်ပေမယ့် သူတို့သည် နောက်တစ်ကြိမ် ပြန်တွေ့ကောင်း တွေ့နိင်သေးသည်။

ကိုဂျစ်တူးမှ ကိုမျိုးကို မေးလိုက်သည် ။

" မူးရှူး လား ၊ ဝူးရှူးလား " ကိုမျိုးမှ ရယ်မောရင်း ပြန်လည် ဖြေကြားလိုက်သည်။
" ဝူးရှူးးးးး "

ထိုအခါ ညရဲ့ကောင်းကင် မှ မိုးစက်အိမ် ကို

" မင်းလည်း ဝူးရှူး ဆိုရင် မိတ်ဆွေဖွဲ့မယ် လက်ဝါးဖြန့်ပေး " ဟုပြောလိုက်သဖြင့်
" ဟေအေး ရတယ် ရိုးရိုးပဲ ခင်ပါ " ဟု ပြန်နောက်လိုက်သည်။

ထို့နောက် ရယ်သံများနှင့် အတူ သူတို့တတ်မြောက်ခဲ့သော လူရိုင်းဘာသာ စကားဖြင့် တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်သံများ သဘောင်္ဆိပ်တွင် လွင့်ပျံနေပေတော့သည်။

" ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး "

..........................................................................................................။

(ပြီးပါပြီ)

...................................................................................................................................................။

စာရေးဖော် ရေးဖက် ဘလောဂ်ဂါများ စိတ်ရွှင်လန်းစေရန် အမှတ်တရ ရေးထားတဲ့ ဝတ္ထုရှည်လေးပါ။ ယုတ္တိဗေဒ အားနည်သလို ရသပိုင်းအားနည်တာတော့ ကျွန်တော့်ရဲ့ လိုအပ်ချက်သာ ဖြစ်ပါတယ်။ နာမည် အသုံးပြု သူများကိုလည်း သာစေနာစေ မရည်ရွယ်ဘဲ အဆင်ပြေသလို နေရာ ချထားခြင်း ဖြစ်ကြောင်း နားလည်ပေးပါရန်။

သင်္ကြန်ရောက်လျင်လည်း ဒီပို့စ်ကဲ့သို့ ဘလောဂ်ဂါ သင်္ကြန်ကို ရေးဖို့ စိတ်ကူးထားပါတယ်။ မဏ္ဍာပ်များနှင့် ရေပက်ခံ ကားများ ပေါ်တွင် ဘလောဂ်ဂါများကို နေရာ ချကာ ဘလောဂ်ဂါ သင်္ကြန်ကို ဆင်နွဲဖို့ စိတ်ကူးထားပါ သေးတယ်။

.............................................................................................................................................။



ခင်မင်မှုများဖြင့် ပျော်ရွှင်ကြပါစေ....။
(မြစ်ကျိုးအင်း)
..................................................................................................................

60 comments:

မြတ်မွန် said...

ဝူးရှူး ဝူးရှူး ဂမူးရှူးထိုးပါ...
ဟေးးးးး ဘယ်သူမှ မရေးသေးလို့ပါ။ :P
တစ်လားတော့ မသိ..။
စာဖတ်လိုက်အုံးမယ်..။

အိုက်ခီလောက် said...

နှစ်တဲ့ ခုမှတွေ့ လို့ ပြေးလာပါတယ်ဆိုမှ
ဘယ်အခန်းက ကပြအသုံးတော်ခံရမယ်မသိသေးဘူး
ဖုရား ဖုရား ဖတ်လိုက်အုန်းမယ်

ကိုဇော် said...

ဟေးဟေး....နာရေးနေတုန်း...
အပေါ်ကို တစ်ယောက် တတ်လာတယ်။
ချိတ်ဆိုးတယ်...မြတ်မွန်ဆိုတာကို..
ငါလည်း ဖတ်လိုက်ဦးမယ်...ဟိဟိ။

ဝက်ဝံလေး said...

အယ် ၄ ကွ

ဝက်ဝံလေး said...

ဟွင့် ထင်သားပဲ ငါ့ကို လူရိုင်းနေရာမှာထားတယ် ဒက်ဒီ တော့လား နာတော့မယ် ဟွန်းးးးးးးးး

ဝက်ဝံလေး said...

အိမ်ကျယ် အစုတ်ပလုပ်မ ငါ့များ ညစ်ပတ်သလေး ဘာလေးနဲ့ ဟွင်းးးး သူကျတော့ရော သန့်တာကျနေတာပဲ ဆိတ်စုတ်မ နာမယ် ဟွင်းးး

ဘာာာာာာာာရယ် ပါးလုံးလို ခန္ဓာကိုယ်ဟုတ်လား ပါးပါးရယ် သာမီးလေး မပြောမိပါလားနော် ဟိဟိ

ပိုလီယို ဆိတ် said...

အောင်မာ မဟုတ်လို့လား နင်ညစ်ပတ်တာလေ နင် ရေကို တလ တခါမှ ချိုးတာ ငါမသိဘူးများ မှတ်နေလား ဝက်ဆလူးရဲ့ ဟွင်းး ဟွင်းးး ပြော ငါဖွလိုက်ရမလား

အိုက်ခီလောက် said...

အင်းထင်တော့ထင်နေတယ်
ထင်တဲ့ အတိုင်းပဲ အရက်ဘေးကကို မခွာဘူး ဟဟ
ကျေနပ်ပါတယ် ကိုကြီးကျိုးရေ
ဝတုတ်ကြီး ဝက် ကလေး ကတော့မကျေနပ်ဘူးတဲ့လေ အဟီး မ လိုက်အုန်းမယ် အချွန်နဲ့ 

သံမဏိ ဘဲ said...

ဝက် ညီမလေး ဝန်ခံလိုက်ပါကွယ် မမရဲ့ သိပ်လှတဲ့ body structure ကို ညီမလေး အားကျနေတယ် မလား ဟက် မမ သင်ပေးမယ်လေ ညီမလေး ဆလူးလေးရဲ့ ဟိ

ဝက်ဝံလေး said...

အယ် ကိုမိုးမှောင် အဲ ကိုမိုးမောင်နဲ့ ကိုဏီလင်းက အဲဂလိုဂျီးလား ဟုတ်လား ပါးပါး ဟိ အကိတ်ကြီး ဆိုပဲ စိတ်ဝင်စားထှာာာအေ ဟက်

Angel Shaper said...

သေတော့မယ် ဒီဝက်....
ကိုယ်နဲ့တန်ရာတန်ရာပေါ့ ဟဲဟဲ....

ပါပါးရေ....ရန်ကုန်ဆိပ်ကမ်းရောက်တဲ့ည နှုတ်ဆက်ပွဲလုပ်ပြီး သီချင်းထပ်ဆိုရမလား မှတ်ပါတယ်... ပေးမဆိုတော့ဘူးပေါ့လေ... ဟင့်
ပါပါးးးးးလူဇိုးးးးးးးးးပဲ။ အဟီးးးးး

Angel Shaper said...

မာမီညိုကို ရန်သွားစမှ.. မာမီညိုကြီးရေ...
ကိတ်ကြီးလားဟင် လို့... အဲလေ.. ဟုတ်ပါဘူးးးးးးး
အကိတ်ကြီးလားဟင်လို့... ခစ်ခစ်...
အရမ်းကောင်းတယ် ပါပါးရေ...
တော်လိုက်တာ....
သင်္ကြန်မှာတော့ အပီဟဲမှ....
ခုကတည်းက မှန်ချိုတွေ ဆောင်ထားရမယ်။ ဟဲဟဲ
အဆင်ပြေပျော်ရွှင်ပါစေ ပါပါးရေ....

busymozzee said...

ဟေးဟေး...လူရိုင်းခေါင်းဆောင်ကြီးကိုလူထွေးက ဖြူဖြူကြီးနဲ့ တယောက်လား စိမ်းစိမ်းကြီးနဲ့ တယောက်လား.... ဂါးးးးးးးးးးဂလားးးးး လားးး လားးးးး အဟွတ်...
ကိုမြစ် လူလည်.... တို့အုတ်စုကို လက်နက်ဖြုတ်ပြီး ညာတာပါတေး လွှတ်လိုက်တယ်... ဒမြပါရှို လက်နက်မရှိတော့ လက်ဖြူတွေပဲကိုင်ရတော့မှာဖဲ..... အဟင့်....

busymozzee said...

သင်္ကြန်ကြရင်လဲ အဲလိုပဲ စင်အောက်မှာ လုံခြုံရေးတော့ မစောင့်ခိုင်းနဲ့ညော်... ဒါဖဲ.....ဂါးးးးးးးးးးးးးးး

ဏီအဲY said...

အားကျမိပါတယ် .... ငါ့နာမည်လေးထည့်ပေးတဲ့အတွက်လဲ အတိုင်းမသိဝမ်းသာပါတယ် သယ်ရင်း .. ဒီထက်မက ဆက်ရေးဆက်တင်နိုင်ပါစေ ... ဆက်လက်ပြီး ရေးသားမယ့် ပို့စ်များကို စောင့်မျှော်ရင်း ....

ဘလော့ခ်ဂါအချင်းချင်း ဖက်လှဲတကင်း ပါးရိုက်နားကိုက် ဖြစ်ပါစေ ...
ဘလော့ခ်ဂါအချင်းချင်း ကူညီခြင်း
လက်တွဲမဖြုတ်ကာ ရှိပါစေ ...
ဘလော့ခ်ဂါအချင်းချင်း တိုင်ပင်ခြင်း
အမြဲတည်လတ္တံ ဖြစ်ပါစေ ...
ဘလော့ခ်ဂါအချင်းချင်း ဖေးမခြင်း
အစဉ်ထာဝရ မြဲပါစေ ...

ဟီး ဟီး ပေါက်ကရကျော် ဏီအဲY နော်

ညီမလေး said...

" ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး "
အပြင်မှာတွေ့ရင် ကိုမြစ်ကျိုးအင်းကို အဲ့ထဲက လူရိုင်းတွေ နှတ်ဆက်တဲ့ နည်းနဲ့ နှတ်ဆက်မယ် ဟိဟိ ....

ကိုဇော် said...

မိုးမှောင်ရေ....မိုးမှောင်ရဲ့...အဖြစ်ဆိုးလှချည်လား။ မင်းနဲ့ ငါနဲ့ကတော့ အရက်သမား လုံးလုံး ဖြစ်ပါပြီကွာ။ ဒီ ဇာတ်ဆရာ “ မြစ်မြစ် ” ကကျတော့ သူကျတော့ မသောက်ဘူးတဲ့ . . ကြာလို့။ သူက အကြောထဲကိုပဲ တိုက်ရိုက်သွင်းတော့တယ် ဆိုပဲ။

မထူးပါဘူးဟေ့ . . .လာကွ...
ပြင်သစ် လို ဘိုရီး..........
စပိန် လို ဘီဘား...........
ဂျာမန် လို ထရင်ကန်.....
တရုတ် လို ကမ်းပေ့......
အင်္ဂလိပ် လို ချီးယား.....
မြန်မာ လို ချကွာ........သောက်ဟေ့။

ဝက်တွေ ၊ ဆိတ်တွေ ၊ ဘဲတွေ ၊ လောက်တွေ တောင်မှ အက ကျင့်နေကြပြီပဲကွာ။ ငါတို့လည်း ကမယ်။ အမူးသမား အက။ လာကွ. . လာကွ ဟဲ့ ဘာတုန်း ကောင်လေး လုပ်ထား အို. . အို. .။

ဟေးဟေး...ဇာတ်သိမ်းသွားပြီ။
ငါမသေဘူးကွ..တော်သေးတယ်။
ဟော . . .ကြည့်စမ်း . . ကမ်းပေါ်မှာ စိတ်ပူပြီး လာကြိုနေတာ ငါ့ချစ်သူလေး သက်မွန်မြင့် ပါလား။
အားလုံးပဲ တာ့တာဗျာ ချစ်သူလေးဆီ သွားတော့မယ်...ဟဲ။
( ကိုဇော်. . . မင်း ပိုင်သကွာ။ )

ပျော်ရွှင်ကြပါစေ။
ကိုဇော်

ဝက်ဝံလေး said...

ဟားးးးးးးးးးးးး ကိုဇော်ဂျီးက တော်တော်ပေါရက် အဲလေ တော်တော် ပျော်တတ်တာပဲ ဟိ သက်မွန်မြင့်ဆိုပဲ အမှန်တော့ သူက ညက်စိ မွဲနေတာ ကြူကြူသင်းကို သက်မွန်မြင့် ထင်နေတာ အဟေးးးအဟေးးးးးးးးးးးး (စိတ်မဆိုးပါရန်)

kokomaung.uk said...

ဖတ်ရင်းနဲ့ apocalypto ပြေးမြင်ယောင်မိလိုက်တယ်။
အဲဒီအထဲကအတိုင်းသာ လုပ်လိုက်ရင်တော့ ဘလော့ဂါတွေတော့ ဒုက်ခ ဆိုပြီး စိုးရိမ်မိလိုက်သေးတယ်။

ဖတ်ရတာ သဲထိတ်ရင်ဖိုလဲ ဖြစ်တယ်။ ဟာသလဲ မြောက်တယ်။ ကိုမြစ်ကျိုး တီထွင်လိုက်တဲ့ ၀ူးရှူး ၀ူးရှူး ဂမူးရှူးတိုး ကတော့ ဘလော့ဂါနယ်ပယ်နယ်မှာ ရေပန်းစာလာဦးမှာ မြင်ယောင်နေမိလေရဲ့။

ဘယ်သူမှ အထိအခိုက်မရှိဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဇာတ်သိမ်းသွားလို့လဲ အမှတ်ရစရာ လွမ်းဆွတ်စရာ ဖြစ်နေမိမှာကတော့ မြေကြီးလက်ခတ်မလွဲတော့ပါဘူး။

ဒူကဘာ said...

ငါ့နှယ် မြစ်ကျိုး လုပ်မှပဲ အမဲလိုက်ရတော့တယ် မိုးမောင်တော့ အားကျသကွာ အကိတ်ကြီးဆိုပြီး ရှော်တီလေးတွေနဲ့ သင်္ကြန်အတွက် ကောင်းခန်းတွေမှာ ပါအောင် လဒ်ထိုးမှ ထင်တယ်။

ပီယ said...

ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး ဇာတ်ဆရာ
း))

ကိုမြစ်ကျိုးအင်းရေ တကယ်လက်ဖျားခါတယ်ဗျာ တကယ် တကယ် လူစုံတက်စေ့ ပါအောင်ကိုဇာတ်ကွက်ဆင်တယ်

ဖတ်ကောင်းတယ်ဗျာ ပျော်စရာကြီး လူရိုင်းလေး ဖြစ်တာလည်းကောင်းတာပဲ အဟီး ဒါပေမယ့် ခုထိတော့ခြေထောက်နာနေသေးတယ် ဟိုအဘကျောက် သွားလမ်းလာလမ်းသာယာအောင်ဆိုပြီး စေတနာအပို လွန်သွားလို့ ဟင့်

လင်းကြယ်ဖြူ said...

တကယ် ကျေနပ်စရာကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ..
ရသ တွေ စီးမျောနေတယ်....
အချင်းချင်းပိုမိုလို့ ခင်မင်မှုတွေကို တိုးပွါးစေနိုင်လောက်ပါတယ်....
ဆက်လက်အားပေးနေပါတယ်ခင်ဗျာ
ပျော်ပါစေ
*.*.*

မေဓာဝီ said...

ကွေးလူထိုနဲ့ အဘောက်ကျဆိုလို့ ရယ်နေတုန်းပဲ ရှိသေးတယ် မီဓာဝေ ပါလာရော။ ဟားဟား ဇာတ်ကောင်ကို စုံနေတာပဲ။ ပျော်စရာကောင်းလိုက်တာ။
(((၀ူရှူးဝူရှူး ကမူးရှူးထိုး)))

khin oo may said...

ဓါးပြတွေကိုဘယ်ကိုလိုက်ပို့လိုက်တာလဲ။

~ဏီလင်းညို~ said...

မျှစ်မျှစ်......
လာသေးဒယ်.......
ဘယ်မလဲနာ့ အကိတ်ကြီး......အဟီး.....
ကောင်းတယ်.....
သွန်များကို သာမီးခေါ်တဲ့ မမ်မီကျောက်ကြီးခင်ညာ နတ်ဆြာကြီး ဖြစ်လို့.........၀မ်းသာတယ်...ဟီးဟီး...
ကွိကွိစ်ကများ.....လူရိုင်းတွေကို သြဇာမာလကာ ညောင်းလို့.......အဟွတ်......။ မာမွီမိုး(မောင်မိုး)ခင်မျာ ဖက်ကလေးပဲဝတ်ရတယ်တဲ့ဟေ့....သနားဒယ်....ငှယ်ငှယ်....း))
(ကြေညာချက်- အစ်ကိုလူထွေးပေးတဲ့ ရဒနာတစ်လုံး ဘယ်နားကျကျန်နေခဲ့သလဲမသိပါ....။
တွေ့တဲ့ဘလော်ဒဂါမောင်နမများ.....ဏီလင်းညိုကို ဆက်သွယ်ပေးကြပါရန်..........း))
ခင်မင်တဲ့
ဏီလင်းညို

ကျောပိုးအိတ် said...

ဝူးရူးဝူးရူး ဂမူးရူးထိုး။
း))

တော်သေးတာပေါ့နော်။ ရန်ကုန်ကို အဆင်ပြေပြေ ပြန်ရောက်သွားလို့  ။ တော်လိုက်တာနော်။ ရန်သူကနေ မိတ်ဆွေဖြစ်အောင် မိတ်ဆွေဖြစ်သွားတာတောင် နောက်ဆုံးမှာ ခွဲခွာကာနီး လူ့ သဘောအရ ၀မ်းနည်းတတ်တာတွေကို ရေးထားလို့ ။

အကယ်ဒမီဆုနဲ့  အရမ်းကို ထိုက်တန်တယ်။
နောက်တွေ့ မှ ကျောပိုးအိတ်လဲ ကိုမြစ်ကို လူရိုင်းတွေ နှုတ်ဆက်သလို နှုတ်ဆက်မယ်နော်။

ဘလော်ဂါ သင်္ကြန်ကိုလဲ ရင်ခုန်စွာ စောင့်မျှော်နေပါကြောင်း။

သြော်
မေးဘို့ မေ့ နေတယ်။
လူရိုင်းခေါင်းဆောင်နဲ့  ဓါးပြ ခေါင်းဆောင် ဘယ်သူက ပါဝါ ပိုများလဲဟင်။ ခေါင်းဆောင်အချင်းချင်းရော မနှုတ်ဆက်ကြဘူးလား။
ဝူးရူးဝူးရူးကမူးရူးထိုး ဆိုပြီးတော့လေ။

မှတ်ထားစရာ ထပ်တိုးသွားတယ်။ ဗိုလ်လုပ်ချင်ရင် ဗိုလ်သင်တန်းကျောင်းတတ်တဲ့။

ပျော်ရွှင်စွာနဲ့  ရယ်မောသွားတယ် အကို။
ပျော်ရွှင်ပါစေ။ နောက်ထပ်လဲ အများကြီး ရေးနိုင်ပါစေ။

ခင်တဲ့
ကျောပိုးအိတ်
း)

ဒဏ္ဍာရီ said...

အော် ဓါးမြတွေလည်း လူရိုင်းတွေနဲ့ တွေ့တော့ ဘာမှ မတတ်နိုင်တော့ဘူးနော်။ မကီရဲ့ အပြောလေးကို သဘောကျတယ် မြစ်ကျိုးအင်းရေ... တွေးလည်း တွေးတတ်တယ်။း)
"သောင်ပြင်လွှတ်တဲ့ စတော်ဘယ်ရီရောင် ဟသာင်္လေး လိုပဲပေါ့ " ဒီစကားလေး ပေါ့။

ဘာပဲ ပြောပြော ဘလော့ကာနဲ့ အဏ္ဏဝါ ခရီးစဉ်ကတော့ ပျော်စရာ၊ ရင်ထိပ်စရာတွေနဲ့ ခရီးတခုတော့ ပြီးဆုံးသွားပြီပေါ့။

ခင်မင်လေးစားလျှက်

ရွှေရတုမှတ်တမ်း said...

နတ်ဆရာကြီး..ဒီသင်္ကြန်မှာ..မော်ဒယ်girlတွေနဲ့..
အပြတ်ကဲမည်....မျှော်.......

ချစ်ကြည်အေး said...

ကိုမျှစ်နော် သင်္ကြန်ဆို ဒီက စလင်းဘော်ဒီ ဖြစ်နေလောက်ပြီ ဒါပဲ ဒါပဲ ဘယ်အခန်းက သရုပ်ဆောင်ရ ဆောင်ရ ဟွန့်....:)

ahphyulay said...

ပင်လယ်ဇာတ်လမ်း ဆိုတော့ လဲ ပင်လယ်လှိုင်း ကို
စီးနေရတဲ့ အတိုင်း နိမ့် ချဉ် မြင့် ချီ နဲ့  အသဲတယားယား
ရင်တဖိုဖိုနဲ့ ပေါ့ နော်..၊ ဒါတောင် မာ တဲ့ အသဲ ရှိလို့ 
အသဲနုပြီး အသဲ ပျော့ တဲ့  မိန်းခလေးတွေဆို ဘယ်လို
နေမလဲမသိဘူးနော်...၊
မမှောက်ဖဲ ဇာတ်သိမ်း တဲ့ အထိ ပါလာလို့  တော်သေး..။

ချစ်ကြည်အေး said...

အဲ အပေါ်က အဘောက်ကျ ကလဲ ကဲမယ် ဆိုတာချည်းပဲ ကိုမျှစ် သူ့ကို ဘုန်းကြီးကျောင်းပို့ ဥပုပ် စောင့်ခိုင်းလိုက် အေးရော ညက်ချိနောက်လွန်းလို့ ကတည်းမှ....

jr.လွင်ဦး said...

ဇာတ်သိမ်းလာဖတ်သွားတယ် သူငယ်ချင်း။

အင်ကြင်းသန့် said...

တော်ပါသေးရဲ့... ဘာမှမဖြစ်ပဲ ဘေးကင်းစွာနဲ့ ပြန်လာနိုင်လို့...သင်္ကြန်ဇာတ်လမ်းလည်းမျှော်နေပါ့မယ် ကိုမြစ်ကျိုးအင်းရေ...

SHWE ZIN U said...

အဟီး..ပျော်စရာကြီး ကိုမြစ်ကျိုး ရတနာလည်းရ ဘာမှလည်း မဖြစ် တော်တယ်.. ဇာတ်ဆရာကြီး တော်တယ်..

ခင်တဲ့
ရွှေစင်

SHWE ZIN U said...

အဟီး..ပျော်စရာကြီး ကိုမြစ်ကျိုး ရတနာလည်းရ ဘာမှလည်း မဖြစ် တော်တယ်.. ဇာတ်ဆရာကြီး တော်တယ်..

ခင်တဲ့
ရွှေစင်

SHWE ZIN U said...

အဟီး..ပျော်စရာကြီး ကိုမြစ်ကျိုး ရတနာလည်းရ ဘာမှလည်း မဖြစ် တော်တယ်.. ဇာတ်ဆရာကြီး တော်တယ်..

ခင်တဲ့
ရွှေစင်

သဒ္ဓါလှိုင်း said...

ကိုမြစ်ရေ..
အခုမှပဲသက်ပြင်းချနိုင်တော့တယ်။ ပျော်ရွှင်စွာနဲ့ပြန်ရောက်လာလို့။ဘာပဲဖြစ်ဖြစ်မောင်နှမတွေနဲ့
ခရီးရှည်ကြီးထွက်လိုက်ရတာအရမ်းပျော်စရာကောင်းပါတယ်။
သင်္ကြန်အတွက်ဇာတ်လမ်းကိုမျှော်နေပါတယ်။
ပျော်ပျော်ပါးပါးပေါ့...။
ခင်တဲ့
သဒ္ဓါ

kiki said...

" ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး "

တော်သေးတာပေါ့ ..သောင်ပြင်လွှတ်တဲ့ ရွှေဟသာင်္လေးကို ကျွန်းလေးပေါ်မှာ မထားခဲ့တာ ..
.. ရှီ ရှီ နဲ့  .. ရှီ ရှီ နဲ့  ..အကီ ဒမယ်၊ ကစ်မြို ကစ်မြို ...

ဖတ်လို့ လည်းကောင်း ။ အသော အလွမ်း အကြမ်း စုံနေတာပဲ ..

အနော် said...

ဝူရှုးလား မူရှုးလား... ကမူးရှုးထိုး ဝူရှုးသွားတယ် ဟိဟိ
မောင်နှမ ဘလော့ဂါတွေလဲ အများကြီးပါလာတော့ ပိုပျော်ဖို့ကောင်းတယ်..
ဇာတ်သိမ်းလေးက ပိုပီးချစ်ဖို့ကောင်းသွားတယ်နော်

busymozzee said...

ခြင်လဲ ဖမ်းဘေးဆော့ပြီး အိပ်မရဖြစ်တုန်းက ဒေါက်တိုကိကိ ဆီက အိပ်ဆေးဝယ်သောက်မိတာ..... မအိပ်ပဲ ခေါင်းတွေငြိမ့်နေလို့...... ကိုယ့်ဟာကို လယ်ဘယ်တတ်မှပဲ အိပ်ပျော်တော့တယ်...... ဗြဲ..... (အဂယ် မထင်နဲ့နော်... နားဖူးကြားဝ လျှောက်ပြောကြည့်ဒလာ)..... အွတ်

ကိုဇော် said...

ဟင်. . . ငါ ကြည့်လိုက်တာ ငါ့ချစ်သူလေး သက်မွန်မြင့်ကိုပါ။ ဘယ်လို ဖြစ်ပြီး ကြူကြူသင်းကို မြင်လိုက်ရတာပါလိမ့်။ သိပြီ သီပြီ ချစ်သူလေး သက်မွန်မြင့် ရှေ့မှာ ဝက်ကလေးက လာရပ်နေတာကိုး ဒါကြောင့် အားလုံးက ကြူကြူသင်းကိုပဲ အရင် သွားမြင်ကြရတာ ၊ ငါကတော့ ညီမကို အသာဖယ်ထား ကိုယ့်ချစ်သူကိုပဲ ကိုယ် မြင်သဟ။

သြော်. . ချစ်မကြီးကလည်း ဝိတ်လျှော့နေတယ် ဆိုတော့ ချစ်မကြီးနဲ့ ဝက်ကလေးကို သင်္ကြန်ယိမ်းအဖွဲ့ထဲသာ ထည့်လိုက်ပါ ဇာတ်ဆရာရေ. . ။
ယိမ်းနာမည်ကလား. . . အို ဘာတဲ့
“ ပွင့် ” တို့ ကတဲ့ ယိမ်း. . ဆိုလားပဲ . . . .ဟီး။

ပျော်ရွင်ပါစေ။
ကိုဇော်

ပိုးပိုး said...

ပိုးပိုး ဒီပို့စ်ကိုကြိုက်တယ်...

ပိုးပိုးပြည့်စုံ said...

ပိုးပိုး နာမည်ကျန်သွားလို့ ပြန်ရေးတာနော်....

ကိုလူထွေး said...

ပြောင်းဘို့ကော်.. ပျော်ဖို့ကောင်းတယ်...

တော်သေးရဲ့ ဘကျောက် ခြေသလုံးကိုရိုက်တာ ကွေးလူထို မပါလို့...

းဝ)

မျက်မှန်လေး said...

ဒူလီ တွေကို အရှားမထင်နဲ့ ။။။သစ်ပြတ် သစ်ပြတ်။။။

ခါးခါးခွီး ခွီးးးး( လိုင်းယူ ရန်သီ)

အိဟ။။။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ...

ဝူးရှုးးးး...........

ဝူးရှုးး တော့ ဟုတ်ပါရဲ့။ စိုသောလက် မခြောက်အောင် တံတွေးထွေးခံရတာတော့ မိုက်ပါ့ဗျာ။ :) :): :)...

ကိုမြစ်ရေ... သင်္ကြန်ပို့လေး မျှော်နေမယ်။ ခွက်စုပ်လေးနဲ့တော့ မလုပ်နဲ့ဗျာ....

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး

ညရဲ့ကောင်းကင် said...

ကောင်းတယ်ဗျို့ ... တကယ့် ရသစုံပါပေတယ်...
ရယ်လည်းရယ်ရတယ်... အဟားဟား...
သင်္ကြန်ပို့ကို မျှော်နေမယ် အစ်ကိုမြစ်...

flowerpoem said...

ဘလော့ဂါပေါင်းစုံ ၊ရသအစုံနဲ့ ဇာတ်သိမ်းကို လာဖတ်ပါတယ် ကိုမြစ်ကျိုးအင်း

နှင်းဟေမာ said...

ှဇာတ်သိမ်းလေးလာဖတ်သွားပါတယ်....
အမြဲအားပေးလျှက်

ကြည်ဖြူပိုင် said...

ဟဟ ကလူထွင်းကြီးက လူရိုင်းဂိုဏ်းချုပ်ကြီးပေါ့
ပျော်စရာကြီးနော်
အဖမ်းခံရပေမယ့် ပြန်လွတ်လာလို့
အကုန်လုံးနဲ့ဆုံရလို့ပျော်၏
သယ်ချင်းကလဲ တော်၏
:)

မိုးစက်အိမ် said...

တကယ်စိတ်ကူးကောင်းတယ်ဗျ ဘလော့ဂါတွေကိုနေရာခွဲထား
ပြီးဇာတ်လမ်းလေးတစ်ပုဒ်ခင်းသွားတာ ဖတ်လို့ ကောင်းတယ်ဗျာ
ဓားပြလည်း ဘလော့ဂါ လူရိုင်းမျိုးနွယ်စုသည်း ဘလော့ဂါဆို
သူ့ လုပ်ကွက်လေးနဲ့ သူဖတ်ကောင်းသွားတယ် အမှတ်တရ
ပါဘဲဗျာ ကျေးဇူးလည်းတင်ပါတယ် နောက်သင်္ကြန်အမှတ်
တရပို့ စ်လေးလည်းမျှော်နေပါမယ် အမြဲတမ်းအားပေးလျက်ပါ
ဘဲဗျာ အောင်မြင်ပျော်ရွှင်အဆင်ပြေပါစေဗျာ ...

ချော (အစိမ်းရောင်လွင်ပြင်) said...

ပျော်ပျော်ရွှင်ရွှင်ဇာတ်သိမ်းသွားတဲ့အတွက် ကျေနပ်စရာပါ..
အပြင်လက်တွေ့ဘ၀တွေမှာလည်း လူတိုင်းဟာပျော်စရာတွေကိုသာ သယ်ဆောင်ခွင့်ရမယ်ဆိုရင် သိပ်ကောင်းမှာဘဲ..
လာမဲ့ သင်္ကြန်ဆိုတာကို လက်တွေ့ပျော်ခွင့်မရတောင် ဘလော့ပေါ်မှာ ဖတ်ရုံနဲ့ ပျော်ခွင့်ရမဲ့ ဘလော့ဂါတို့ရဲ့ သင်္ကြန်ကို မျှော်လင့်နေပါဦးမယ်..
**ရေးသူကိုယ်တိုင်လည်း ပျော်ရွှင်ပါစေ**

ဝက်ဝံလေး said...

ဘာတဲ့ စိုသောလက်မခြောက်စေနဲ့တဲ့ ကြားဖူးသလိုပဲ ဟဟဟ

အောင်မာ အပေါ်က ကိုဇော်နော် နာဒေါ့မယ်နော် ဟွင့် ဘာာာာာာာာ ပွင့်တို့က တဲ့ ယိမ်းလဲ ဟွင်းးးဟွင်းးး

Younggun said...

ကောင်းဗျာ..။ ဖတ်လိုက်ရတာ မထင်မှတ်တဲ့ အလှည့်အပြောင်းလေး ထည့်ထားတာ သေမလို..ကံကောင်းလို့။ တော်သေးတယ်။ ဟိဟိ

ဂျစ်တူး ( မုံရွာ ) said...

" ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး "
ဓါတ်ပုံလိုက်ရိုက်နေလို့နောက်ကျသွားတယ်
ဟီး - - - - - -
ရွှေဥာဏ်တော်ကတော့ဗျာကောင်းလိုက်ပုံများအလွမ်း
အဋ္ဌကမ်း-အရယ်(ရီ)အမောတွေနဲ့စုံပါဗျာ-
ဓါတ်ပုံအရိုက်ခံတဲ့ကောင်မကလေးတွေကနှုတ်ဆက်မသွား
တာကတော့ဇတ်ဆရာရယ်-ကျေနပ်ဖူးးးးးးး

မြသွေးနီ said...

ဒီခရီးလေးထွက်ခွင့်ရလိုက်တာ ဘလော့ဂ်ဂါ မောင်နှမများ အားလုံးပိုမိုနီးစပ်သွားသလိုခံစားရပါတယ်။
အားလုံးပဲ .." ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး" ..ပါနော်။

ခင်မင်စွာ...

မြသွေးနီ
www.myathwayyni.com

ဆောင်းယွန်းလ said...

သင်္ကြန်ကျရင် အလန်းလေးတွေနဲ့တွဲရမှာလား ညီလေးရေ..

မိုးမောင် said...

အခုမှပဲ လာဖတ်ဖြစ်တော့တယ်။ ဖတ်ရတာ အစအဆုံး အားရပါဘိ။ တော်သေးတယ်... အကိတ်ကြီးဖြစ်သွားလို့။ အပုန်းကြီးဆိုရင်တော့ ငါလည်း ယပလက်သွားပြီး ဘလောဂ့်ရေးရမယ့် ပုံပေါက်တယ်။ သြော်.. အရက်.. အရက်.. အရက်ကယ်ပေလို့ပေါ့လေ။

မောင်မိုး said...

ဟိုက်...ငမိုးက ဖြစ်မယ့်ဖြစ်တော့ လူရိုင်းတဲ့.။ အင်း..
ဆိုးတော့လည်းမဆိုးပါဘူး။ ဘလော့ဂ်မှာလည်းအရေးအသားက ရိုင်းတယ်လို့ သြဘာပေးခံထားရတာဆိုတော့။


ခင်မင်စွာဖြင့်
မောင်မိုး

Moe Cho Thinn said...

ဟားဟားဟား ရီလိုက်ရတာ အူတောင်နာတယ်။
ကောင်းလိုက်တာ.. ဒီနောက်ဆုံးပိုင်း အကြိုက်ဆုံးပဲ။ Cheers ကိုမြစ်ရေ့..။

ဗိုလ်လုပ်ချင်တဲ့သူက ဗိုလ်သင်တန်းတက်ရတယ် တဲ့။ ဟုတ်ပါ့အေ..။
ဝူးရှူး ဝူးရှူး ဂမူးရှူးထိုး .. နှုတ်ဆက်သွားတယ်။

 

Posts Comments

©2006-2010 ·TNB