လူတွေရဲ့ သဘောသဘာဝလေးကို ပြောပြချင်တယ်။ သိပ်ဆန်းဆန်းပြားပြားရယ်တော့ မဟုတ်ပါဘူး။ လူတွေ ဖြစ်တတ်တဲ့စိတ်ထားလေးပါ။ ကိုယ်လည်း ပါနိုင်ပါတယ်။ လူတွေက သူတို့လက်မခံတဲ့အခါမှာ ခါးခါးသီးသီး ဖြစ်သလောက် ကြည်ဖြူသွားပြီဆိုရင်လည်း အရာရာက အေးဆေးပါပဲ။ ဥပမာ လူတစ်ယောက်နဲ့ တစ်ယောက် မသိကျွမ်းခင်နဲ့ ချစ်သူရည်းစား ဖြစ်ပြီးချိန် ပြောင်းလဲပုံမျိုးကို ဥပမာပေးရင် သိသာထင်ရှားပါတယ်။
မသိကျွမ်းခင် အနားလာကပ်ရင် အော်ထုတ်မယ် ငြူစူမယ် ဒါပေမယ့် ချစ်သူရည်းစား ဖြစ်ပြီးရင်တော့ အဲဒီလူရဲ့ ပွေ့ဖက်တာက အစ လက်ခံပါတယ်။ အဲဒီသူနဲ့ ပါတ်သတ်မှုကို အတွင်းစိတ်က လက်ခံလိုက်ပြီ ၊ ခွင့်ပြုလိုက်ပြီ ၊ ကြည်ဖြူသွားပြီ။ ဒါသဘာဝ လို့ပဲပြောရင်ရမယ်။ တကယ်တော့ ဒီဥပမာက အကြမ်းထည် ဥပမာ မျိုးပါ။ မြင်သာထင်သာ ရှိတဲ့ စုတ်ချက် ကြမ်းကြမ်း မျိုးပါ။ ကိုယ်ကိုတိုင်တောင် မသိလိုက်ဘဲ နုညံ့သိမ်မွေ့တဲ့ ပြောင်းလဲမှုမျိုးလေးတွေ ကျွန်တော်တို့ စိတ်ထဲမှာ အချိန်တိုင်း ရှိနေကြပါတယ်။ နုညံ့စွာ ပြောင်းလဲသွားတဲ့ စိတ်ခံစားချက်လေးကို ရေးပြချင်တာပါ။ ထူးထူးဆန်းဆန်းတော့ မဟုတ်ပါဘူး။
လွန်ခဲ့တဲ့ ဆောင်းရာသီက အလုပ်နေရာ အသစ်တစ်ခုကို သွားရတယ်။ လုပ်ဖော်ကိုင်ဖက်တွေအားလုံး ကားတစ်စီးထဲနဲ့ သွားဖြစ်တယ်။ ကျွန်တော်တို့ အဲဒီ အလုပ်နေရာကို ရောက်ဖို့ express way တွေပေါ်က နေ့စဉ်ဖြတ်ပြီး သွားရတယ်။ ရာသီဥတု အေးနေချိန်တုန်းကတော့ ကားမှန်ကိုအလုံပိတ်ပြီး နွေးနွေးထွေးထွေး သွားကြပေမယ့် နဲနဲလည်း ပူလာရော ပြင်ပလေ ဝင်လာအောင် ကားမှန်ပြတင်းတွေ ဖွင့်ရတော့တယ်။ ပြတင်းပေါက်စဖွင့်တဲ့နေ့မှာပဲ ပြသာနာတစ်ခု စဖြစ်တယ်။ သိပ်ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အနံ့တစ်ခုပါ။ လမ်းရဲ့ တစ်နေရာရောက်တော့ ကားထဲမှာ အနံ့ဆိုး တစ်ခုက ထောင်းခနဲထွက်လာတယ်၊ လေလည်တဲ့ အနံ့မျိုးပေါ့။
အနံ့က ဆိုးရွားတော့ အော်တဲ့သူကအော် ၊ နှာခေါင်းကိုလက်ကိုင်ပဝါနဲ့ ပိတ်တဲ့ သူကပိတ်ကြတယ်။ တစ်ယောက်က ရှူဆေးထုတ်ပြီး ရှူတယ်။ စိတ်ထဲမှာလည်း ဒါဘယ်သူ့လက်ချက်လည်း မသိဘူး တွေးနေမိတယ်၊ ကျန်တဲ့သူတွေလည်း ကိုယ့်လိုတွေးကြမှာပါပဲ။ အဲဒီအနံ့ဆိုးက တော်တော်နဲ့ မပျောက်ဘူး လေလည်တယ် ဆိုတဲ့အတိုင်း ကားထဲမှာ ဝေ့ကာ ဝိုက်ကာ လိုက်လည်နေတယ်လို့ ပြောရမှာပဲ။ ဒီလိုနဲ့ ကားကဆက်မောင်းနေတော့ ခဏအကြာမှာ အနံ့က ပျောက်သွားတယ်။
ညနေ အလုပ်က ပြန်လာတော့လည်း တစ်ခါထပ်ပြီး အနံ့ဆိုး ရပြန်တယ်။ နှာခေါင်းတွေ ပိတ်ကြ ၊ ရှူဆေးတွေ ထုတ်ရှူကြရပြန်တယ်။ဒီတခါတော့ အနံ့ရှူရတဲ့သူတွေရဲ့ အသံနဲနဲ ထွက်လာတယ်။ နံလိုက်တာကွာ ၊ ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီး မကျေနပ်သံ တစ်ယောက် နှစ်ယောက်စီက ထွက်လာတယ်။ ဒီလောက်နဲ့ မပြီးဘဲနဲ့နောက်တစ်နေ့ အလုပ်သွားတော့လည်း ထပ်နံပြန်ရော။ ဒီတစ်ခါတော့ လူတွေရဲ့ သီးခံနိင်စွမ်းလည်း ကုန်လုနီးနီး ဖြစ်သွားရပြီ။ ဒါနဲ့တစ်ယောက်ကစပြီး မနေနိင်ရင်လည်းပြောကွာ နှာခေါင်းကြိုပိတ်ရအောင်လို့ ပြောတော့ ကျန်တဲ့သူတွေကလဲတစ်ယောက်တစ်ပေါက် ဘယ်သူ့ကိုမှန်းမသိဘဲ ဝိုင်းပြောကြတယ်။ ဒီလိုနေရာမျိုးမှာ ငြိမ်နေရင် ကိုယ့်ထင်သွားမှာစိုးရတော့ ကျွန်တော်လည်း တစ်ခွန်းဝင်ပြောလိုက်ရတယ်။ ကားထဲမှာ ရှိတဲ့ လူအကုန်လုံးက သူတို့ မဟုတ်တဲ့ အကြောင်း ပြောနေတော့ စိတ်ထဲမှာ တစ်ခုခုတော့လွဲနေသလို ခံစားရတယ်။
အဲဒါနဲ့ညနေ အိမ်ပြန်လာတော့ ထပ်နံပြန်တယ်။ ဒီတစ်ခါတော့ ဘယ်သူမှမပြောခင် ဒါအီးပေါက်တဲ့ အနံ့မဟုတ်ဘူး ဒီနေရာရောက်တိုင်း နံနေတာကွ မနက်ထဲက နေရာ မှတ်ထားတာ ဆိုပြီး ပြောပြလိုက်တော့ အားလုံးလည်း ဒါဖြစ်နိင်တယ်ဆိုပြီး လက်ခံသွားကြတယ်။နောက်နေ့ အဲဒီနေရာရောက်လို့ ထပ်နံတော့ ဒီနေရာ ရောက်တိုင်း အနံ့ရတာ ဒီတံတားအောက်က စက်ရုံတစ်ခုခုက ထွက်တဲ့အနံ့ ဖြစ်နိင်တယ်လို့ဆိုပြီး ပြောဖြစ်ကြတယ်။ ပြဿနာ ပြေလည်သွားတယ် ဆိုရမယ်။
အဲဒီလိုနဲ့နောက်နေ့တွေ အဲဒီနေရာ ရောက်တိုင်း အရင်လိုပဲ လေလည်တဲ့ အနံ့ဆိုးမျိုး ထပ်နံတာပါပဲ။ ဒါပေမယ့် နှာခေါင်းလက်နဲ့ မအုပ်ကြတော့ဘူး ရှူဆေး ထုတ်မရှူကြတော့ဘူး။ ဘယ်သူဆီကမှ ဘာသံမှ မကြားရတော့ဘူး။ ရှုဆေးသမားလည်း နံတာကိုမေ့နေတယ် လက်ကိုင်ပုဝါဆောင်တဲ့သူလည်း သတိမရဘူး။ အဲဒီလုပ်ငန်းခွင် မပြီးမချင်း ကျွန်တော်တို့ကားလည်း အဲဒီနေရာကို ဖြတ်မြဲ ဖြတ်သန်းလျှက်ပဲ အနံ့ကလည်း နံမြဲနံလျက်ပါပဲ။ အနံ့ကိုလည်း သတိမရကြသလို စကားပြောတောင် မပျက်ကြတော့ဘူး။ သူများတွေလို ရပ်သင့်တဲ့အချိန်မှာ မရပ်ဘဲ ဆက်တွေးမိလို့ ဒီပို့စ်လေး ဖြစ်လာရတယ်။ စိတ်ရဲ့ ဆန်းကျယ်ပုံကို တွေးလိုက်မိတာပါ။
လူ့စိတ်ဆိုတာများ ပြောပါတယ် မကြည်ဖြူတဲ့အခါ ရနံ့ချင်း တူတာတောင် အဆင့်အတန်း ခွဲချင်ကြတယ် ...။
37 comments:
ဟုတ်တယ်... လူ့စိတ်ဆိုတာ လိုတမျိုး မလိုတမျိုးနဲ့ ခန့်မှန်းရခက်တယ်.....။
မျှစ်ရယ်........
နာလေ.....နာခေါင်းပိတ်ပြီးဖတ်တွား......ဒယ်ကွယ်....း))
(အဲ့ဒါမျိုးက တစ်ကယ်ပဲလေ..သင်ခန်းစာပေါ့......း))
ခင်မင်တဲ့
ဏီလင်းညို
အထူးအဆန်းမဟုတ်တဲ့ လူ့စိတ်ရဲ့သဘာဝတရားပါဘဲ
ကြည်ဖြူခြင်းနဲ့ မကြည်ဖြူခြင်းဟာ ကြားထဲမှာ အလွှာပါးပါးလေးတစ်ချပ်သာ ခြားလို့နေပါတယ်..
ကြည်ဖြူတယ်ဆိုတာလဲ ကိုယ့်ရဲ့လက်ခံစိတ်ဘဲဖြစ်သလို
မကြည်ဖြူဘူးဆိုတာလဲ ကိုယ့်ရဲ့စိတ်ကြောင့်သာဖြစ်ပါတယ်..
ကိုယ်လက်ခံရင် ကြည်ဖြူပြီး
ကိုယ်လက်မခံရင် မကြည်ဖြူတတ်တာ လူတွေရဲ့သဘာဝတရားပါ..
ဥပမာ. ငါးခြောက်ရုံမှာ အလုပ်လုပ်တဲ့လူတစ်ယောက်ဟာ
ရောက်စမှာ ဘယ်လိုမှ မခံသာတဲ့အနံ့လို့ သူထင်ခဲ့ပေမဲ့
ဒီအလုပ်မှာ ကြာသွားတဲ့အခါ ငါးခြောက်နံ့ကိုယဉ်ပါးသွားပြီး နံတယ်လို့မထင်တော့တာဟာ
လက်မခံလို့ မဖြစ်ဘဲ အသိစိတ်က လက်ခံသွားတာကြောင့်
နံတယ်လို့ မထင်တော့ခြင်းပါဘဲ..
အင်း - - -
ဖြစ်တာကလေးတွေချချရေးပြတော့လည်းပိုပိုမြင်လာတယ်
ချစ်သူဘဝမှာသူ့စီကကိုယ်သင်းရနံ့ မကောင်းလည်းအောင့်
ပြီးသည်းခံနိုင်ခဲ့ပါတယ်-ချစ်တာကိုး - - -
လူ့ စိတ်ပြောပါတယ်-
သဘာဝလေးပေါ့နော်
စိတ်ဆိုတဲ့ အရာက ဆန်းကျယ်တယ်။
ဆန်းကျယ်သော စိတ်တစ်ခုကြောင့် ကမ္ဘာပေါ်မှာ ဆန်းကျယ်သော အရာတွေ ပေါ်ထွက်လာတယ်။ စိတ်ဆိုတာ မာယာများတယ်။ အမျိုးမျိုး ပြောင်းလဲနိုင်တယ်။ ဖယောင်းသားနဲတူတယ်။ ပြုပြင်ချင်လည်း ဒီစိတ်ပဲ..မပြုပြင်ချင်တာလည်း ဒီစိတ်တစ်ခုတည်းပါပဲ။
စိတ်ဆိုတာကို ပန်ချီဆရာတစ်ယောက်အဖြစ်လည်း တင်စားနိုင်၏။။
လူ့စိတ်ဆိုတာ အမျိုးမျိုး ပြောင်းလဲနေတာကိုး အကိုရ.. လူ့အလိုကို နတ်မလိုက်နိုင်ဘူး စကားလဲ ရှိသား.. ခန့်မှန်းရလဲ ခက်တယ်..
အဲ့ဒီ စိတ်သဘောကို အခုတလော ပြောဖြစ်မိနေတယ်.. မေးခွန်းထုတ်မိနေတယ် ဆိုရင် ပိုမှန်မယ်ထင်ရဲ့.. စိတ် စိတ် စိတ်.. ဟူးးးးးးးးးးး အဖြေကို မထွက်နိုင်သေးဘူး.. :)
ကိုယ် အရင် မင်း ရေးခဲ့ ဘူးတဲ့  အထဲမှာ
ဖတ်ခဲ့ ဘူးတာ မှတ်မိ လိုက်ပါတယ်နော်။
ချစ်လာ ခင်လာ မိပြီ ဆိုရင်တော့  ရင်းနှီး တွယ်တာ
လာခဲ့ မိလို့  သူနဲ့ ပတ်သက် တာတွေ အားလုံး ကို
ကျေကျေ နပ်နပ် လက်ခံ လိုက်တဲ့ သဘော လေးပါ လို့ ။
အပစ် လို့ တော့  မြင်လို့  မရဘူးနော်..။
လူ့ သဘော လူ့ မနော တွေလေ .
ချစ်တုံး ခင်တုံး တပြုံးပြုံးပေါ့ ။
အချစ်ဝင်တော့ အပြစ်မမြင်ဘူး တဲ့ ..
အင်း .. ဒီအနံ့ ဆိုးကြီး ကိုလည်း
အချစ်ဝင်သွားပေလို့လား ...
( သူတို့ မသဒီတဲ့ ဟိုအနံ့  ဆိုးကြီး မဟုတ်မှန်းသိတော့လည်း ၊
ဒီ အနံ့ ဆိုးကြီးကို လက်ခံကြတယ် နော် ။။ အံ့ ရော ..အံ့ ရော .. ဒီလူတွေ .. .း)) )
ဒီလိုပါဘဲလေ။ အမေနှင့်သားသမီးများလိုပေါ့။
သားသမီးတွေရဲ့ အညစ်အကြေးတွေကို အမေလုပ်တဲ့သူက ရွံစရာလို့ သိပ်မမြင်တော့ဘူး။ မေတ္တာဓါတ်ကိုး။
ဘယ်အရာမဆို ကြည်ဖြူတာ မကြည်ဖြူတာနဲ့ဘဲ ကြိုက်တယ် မကြိုက်ဘူးဆိုတာ ဖြစ်ပေါ်လာတာပါဘဲ။
....
သြော် ..
လူ့စိတ် ဆိုတာ
ဒီလိုပါပဲ ....
ကောင်းတာပဲ ဖြစ်ဖြစ်
ဆိုးတာပဲ ဖြစ်ဖြစ်
အရာအားလုံး ဟာ
စိတ် အပေါ်မှာပဲ
မူတည်တယ် ဆိုတာ အမှန်ပဲ ...
သြော် ..
လူ့စိတ် ဆိုတာ
ဒီလိုပါပဲ ....
ကောင်းတာပဲ ဖြစ်ဖြစ်
ဆိုးတာပဲ ဖြစ်ဖြစ်
အရာအားလုံး ဟာ
စိတ် အပေါ်မှာပဲ
မူတည်တယ် ဆိုတာ အမှန်ပဲ ...
အင်း....
ဒီလို သဘောမျိုးလေး တစ်ခုတော့ ရေးဖူးတယ်ဗျ...
http://www.zaw357.net/2010/03/blog-post_3948.html
ဒါလဲ နယူးဗားရှင်း လုပ်ထားတာပဲလား...း)
ပြန်ဖတ်မိတော့လဲ နောက်တခါ ထပ်သိပြီး ဆင်ခြင်နိုင်တာပေါ့...မောင်ပိုင်ရေ...
စိတ်လေ..စိတ်..
လူ့စိတ်ဆိုတာ ဆန်းတော့ ဆန်းသား။
အံမလေး...ဒါကြီးရှူခဲ့ရတာကို..
ကျေနပ်နေတယ်ပေါ့ ...ကိုကိုမျှစ်တို့ကတော့..အခန်းလာတဲ့ ပေါက်ဖေါ်မ အရက်နံ့ကို သဘောကျနေပြီထင်တယ်..
ဟုတ်ပ
ကိုမြစ်ကျိုး ပြောတာမှန်တယ်.. ကြာသွားတဲ့ အခါ ရိုးသွားတဲ့ သဘောပေါ့.. နေရာတိုင်းမှာပါ
ခင်တဲ့
ရွှေစင်
Well written post :0)
Really love it.
Cheers..
သဘာဝတရား ဆိုပေမယ့် စိတ်ဆိုတာ လူက ဖန်တီးတာပဲလေ။ လိုရင် တမျိုး၊ မလိုရင် တမျိုး တခါတလေတော့လည်း အဲဒီစိတ်ရဲ့ အလိုကို လိုက်နေရသလို စိတ်ရဲ့ အလိုကို လိုက်တိုင်းလည်း မကောင်းပြန်ဘူး။ အသိတရားနဲ့ စိတ်ကို ထိန်းသိမ်းရမှာပဲပေါ့နော်။ အပေါ်ရံ အကြည့်နဲ့ အဆင့်အတန်း ခွဲခြားတာတော့ မနှစ်သက်တာ အမှန်ပဲ ကိုမြစ်ရေ..။ နောက်ဆုံး စာကြောင်းလေးက တကယ်ထိရောက်ပါတယ်။
ခင်မင်လေးစားလျှက်
မင်္ဂလာပါ...
ဟုတ်ပ... ဒီလို အဖြစ်မျိုး ကိုမျိုး တို့လဲ ကြုံဖူးပါ့ဗျာ။ မုံရွာသွား ကားလမ်းပေါ်က မုံရွာဝင်ကာနီး ကြာဇံစက်တွေက ထွက်တဲ့ ဆိုးဝါးတဲ့ အနံ့ကို အစကတော့ အတော်ကို မနှစ်သက်တာ။ နောက်ပိုင်းတော့လဲ.. မထူးတော့ သလိုပါဘဲ။
လူ့စိတ်ပဲလေ... အဆင်ပြေနေရင်တော့ ဘာလုပ်လုပ် အကောင်းမြင်နေတော့တာ။ အဆင်မပြေဖြစ်ပြန်ရင်လဲ ဘာလုပ်လုပ် အဆိုးဘဲ မြင်နေတော့တာ...
အရမ်းကို စိတ်ဝင်စားစရာ အတွေးအခေါ်တွေ ပေးစွမ်းနိုင်တဲ့ ပို့စ်ကောင်းတစ်ခုပါဗျာ...
ခင်မင်စွာဖြင့်
ကိုမျိုး
စာဖတ်ပြီးပြုံးမိတယ်...ဟုတ်ပ...လူ့စိတ်များ တယ်ဆန်းကျယ်သကိုး...
အင်း ဟုတ်မှာပါဗျာ နှိုက်နှိုက်ချွတ်ချွတ်တွေးတတ်ပါ့ ကိုပိုင်ရာ ....
အမီးကတော့ နားလည်သလိုပဲဖတ်လိုက်တယ် ...ပို့စ်..ဟိ
နင်နော်
ငါ့နာမည်ကို အခွန်မဆောင်ရတိုင်း
အရမ်းဖောဖောသီသီသုံးတယ်
;P
အလျင်စလို ဆုံးဖြတ် လုပ်ကိုင်မှု တစ်ခုခု သာ ဖြစ်ခဲ့ရင်.....!!!တွေးကြည့်ရုံနဲ့ မြင်ကွင်းက မလှတော့ဘူး.....။ တိုးတက် တဲ့ ခေတ်ထဲမှာ သက်တောင့်သက်သာ ကိစ္စတွေနဲ့ ယဉ်ပါး ပြီး ထောက်လှမ်း စူးစမ်း တတ်တဲ့ အကျင့် လျော့ပါး ကုန်ဆုံးသွားကြပြီထင်ပါ့...။
ကူးလွေ့
အောက်ဆုံးကအနီ နဲ့ရေးထားတဲ့ စာကြောင်းလေးကို အကြိုက်ဆုံးပဲ။ တွေးတတ်တယ်နော်။
စိတ်အကြောင်းကတော့ ပြောရရင် မကုန်နိုင်ဘူးနော့ ကိုမြစ်ကျိုးအင်း ရဲ့ စိတ် ဥပမာလေးကို သေချာ ဖတ်သွားပါတယ်ရှင်
ဟုတ်ပ..မြှစ်ရေ.. သေကောင်ပေါင်းလဲကို ထောက်ခံသွားတယ်... ဟွန်း.....
ချစ်လျှင် အကျိုး၊ မုန်းလျှင် အပြစ် တဲ့။
အဲတာလေးကို နင်ရေးထားတာ ကောင်းပရှင်။း)
အော် စိတ် ... စိတ် ... စိတ် ပါကွယ်...
တကယ်ကို ပြုံးသွားမိတယ်ဗျာ ....
လိုရင်တစ်မျိုး မလိုရင်တစ်မျိုး လူ့ သဘာဝစိတ်ကို သေသေချာချာလေး ဖတ်သွားတယ်အကို
း)
း).... စိတ်ဆိုတာ စိတ်ကလား.. အစ်ကိုရ....
ခရီးလွန်ပြီးမအားတာနဲ့အခုမှစာလာဖတ်ရတယ်ကိုမြစ်ရေ.။
စိတ်ရဲ့ဆန်းကျယ်လှတဲ့သဘောပေါ့နော်။တခါတရံလိုတမျိုး၊
မလိုတမျိုးနဲ့စိတ်ရဲ့ခေါ်ဆောင်ရာနောက်ကိုလိုက်တတ်ကြ
ပြန်တယ်။
ပျော်ရွှင်ပါစေ..။
ခင်တဲ့
သဒ္ဓါ
နှာခေါင်းယဉ်သွားတာကိုမြစ်ရေ..။
အသားကျသွားတာ...။
ကျွန်မတို့လည်း ဒီလို သိသိကြီးနဲ့ အသားကျနေရတဲ့ ဘ၀ကြီးထဲမှာ ဘယ်လောက်တောင်နေထိုင်ရဦးမလည်းမသိဘူးနော်။
သိပ်သေခြာတာပေါ့
စိတ်ဆိုတာ ပြောင်းလဲတက်တယ်..။
စိတ်ဆိုတဲ့ အရာလောက် ကြောက်စရာကောင်းတဲ့ အရာ ရှိမယ် မထင်ဘူး..။
စိတ်ဂယောက်ဂယက် ဖြစ်တဲ့ သူတွေဆို ပိုဆိုးပေါ့..။
လူ့စိတ်ဆိုတာများ ပြောပါတယ် မကြည်ဖြူတဲ့အခါ ရနံ့ချင်း တူတာတောင် အဆင့်အတန်း ခွဲချင်ကြတယ် ..
ဟုတ်ပရှင် .. ရေးထားတဲ့ စာသားလေးအရမ်းကောင်းတာပဲ ။
အော် လူ့စိတ်.....လူစိတ်
တော်တော်ဆန်းကြယ်တာပဲနော်
Post a Comment