ဒီနေ့သည် ကျွန်တော်တို့ နှစ်ယောက်အတွက် အမှတ်ရစရာ နေ့တစ်နေ့ဖြစ်သလို ကြေကွဲခြင်းရဲ့
နေ့ထူးနေ့မြတ် လည်း ဖြစ်သည်။ မနက်အိပ်ယာမှ နိုးကတည်းက ရင်ခွင်သည် သိသိသာသာ စူးရှနေခဲ့သည်။ မှုန်မှိုင်းနေတဲ့ စိတ်တွေကြောင့် ခေါင်းကိုပါ ရေလောင်းချိုး လိုက်တော့ တဒင်္ဂ လန်းဆန်းသွား၏။ ထို့နောက်တော့ ကြိုတင်စိတ်ကူး ထားသည့်အတိုင်း အင်္ကျီအဖြူရောင်ကို ထုတ်ဝတ်ကာ ဘုရားကို ထွက်လာခဲ့တော့သည်။ လမ်းတလျှောက် တွေးလာခဲ့သော အတွေးတစ်ခုမှာ ကျွန်တော်တို့ ငယ်ရွယ်နုပျိုချိန်တွေနှင့် လွဲချော်ခဲ့ကြသည် ဆိုတာပဲဖြစ်သည်။
နေ့ထူးနေ့မြတ် လည်
ဘုရားစောင်းတန်းတလျှောက် ဖြည်းလေးစွာ တက်နေခဲ့သော ကျွန်တော်သည် အလုအယက် ရောင်းနေသော ဘုရားပန်းသည်များရဲ့အသံကြောင့် အသိတစ်ချို့ ပြန်ဝင်လာကြသည်။ အနီးဆုံး ပန်းသည်ထံမှ ပန်းတစ်စည်း ဝယ်ယူကာ ဘုရားပေါ် ဆက်တက်လာ၏။ လှေကားထစ်တိုင်းမှာ ကျွန်တော်ရဲ့ မသိစိတ်က ဆုတောင်းတစ်ခုကိုသာ ရွတ်ဆိုကာ တက်လာခဲ့သည်။ ထိုဆုတောင်းမှာ ကျွန်တော်တို့ ဘဝတွင် ဤကဲ့သို့သောနေ့ရက်မျိုးမှာ အတူတူရှိခွင့် ရချင်ပါသည် ဆိုတာပဲဖြစ်သည်။
နွံသော ရှိခိုးပူဇော်မှုရဲ့ အဆုံးတွင်တော့ “တပည့်တော်တို့ ဘ၀တွင် ဒီလိုဝေးကွာရသော နေ့ရက်မျိုး ထပ်မရလိုပါ၏” ဟု လေးလေးနက်နက် ဆုတောင်းလိုက်မိ
ကျွန်တော် မှတ်မိနေပါသေးသည်။ အရင်တစ်နှစ်က ဒီလိုနေ့တွင်လည်း ထိုဆုကိုသာ တောင်းခဲ့ပါသည်။ မြတ်စွာဘုရားရှင် ရုပ်ပွါးတော်ရှေ့တွင် ဒီနေ့ကဲ့သို့ လေးလေးနက်နက် ဆုတောင်းခဲ့ခြင်း ဖြစ်၏။ ထိုနှစ်ရဲ့ အရှေ့ကတစ်နှစ်တွင်တော့ ကျွန်တော်သည် ဘုရားကိုလာပြီး ဒီလိုဆုမတောင်း ဖြစ်ခဲ့သေးပါ။ ဘယ်သူက ထင်မှာလဲ ကျွန်တော့်ကို သိပ်ချစ်ပါသည်ဟု ပြောခဲ့သော မိန်းခလေးသည် ကျွန်တော်နှင့် ဝေးသောအရပ်တွင် တစ်နှစ်ထက်ပိုပြီး နေမယ်လို့လေ။
ကျွန်တော်တို့ နှစ်ယောက်ရဲ့ ချစ်သူသက်တမ်း တစ်နှစ်ပြည့်သည့်နေ့တွင် သူမသည် မိုင်ထောင်ချီ ဝေးကွာသော အရပ်ကို ထွက်ခွာသွားသဖြင့် ပထမဆုံး ကြုံတွေ့ရသည့် နှစ်ပတ်လည် နေ့ကိုပင် အတူတကွ ရှိခွင့်မရခဲ့ပေ။ အခုချိန်တွင်တော့ ကျွန်တော်တို့ရဲ့ဝေးကွာချိန်သည်
(၃)နှစ်ပြည့်ခဲ့ပြီဖြစ်သည်။ ဘယ်လိုလူကရော ကျွန်တော်ကဲ့သို့ ရူးနမ်းသော စိတ်ကူးဖြင့် ဝေးကွာခြင်းရဲ့ တစ်နှစ်ပြည့်တိုင်း ဘုရားတွင် ဆုတောင်းနိင်မလဲ။ ကျွန်တော်ကတော့ မဆုံနိင်မချင်း ဆုတောင်းနေအုံးမည်။ ပြန်ဆုံနိင်ဖို့ ကျွန်တော် စွမ်းဆောင်နိင်သမျှ လုပ်ဆောင်မှုထဲတွင် ဆုတောင်းခြင်းလည်း တစ်ခုအပါ အဝင်ဖြစ်သည်။ကျွန်တော်သည် ကျောင်းသားဘဝက ဓါတုဗေဒ ဘာသာကို စိတ်မ၀င်စားခဲ့ပါ။ မတူညီသော ဓါတ်ပြုပစ္စည်းနှစ်ခု ပေါင်းစပ်လိုက်သောအခါ ဘယ်လိုအရာမျိုး ထွက်လာနိင်မှန်း စောင့်ကြည့်ရန် စိတ်မရှည်ခဲ့သလို အကျိုးရလဒ်များ ကိုလည်း မသိခဲ့ပါ။ ဒါပေမယ့် ကျွန်တော်သည် ချစ်သူကို “လိုအပ်ခြင်း” နှင့် “အလွမ်း”တို့ကို ပေါင်းလိုက်သောအခါ “ရူးသွပ်ခြင်း” သာရလာတော့မှန်း အခုချိန်တွင်တော့ သိခဲ့ရပြီ။
ခုတော့ကျွန်တော် ရူးနေရပြီဖြစ်သည်။ သူမရဲ့နှုတ်ခမ်းလေးကို သတိရတိုင်း အရူးအမူး တမ်းတခဲ့ရသည်။ ကျွန်တော်တို့ လျှောက်ခဲ့ဖူးတဲ့ လမ်းတွေ သောက်ခဲ့ဖူးတဲ့ ကော်ဖီဆိုင်ကို မြင်တိုင်းကြေကွဲစိတ်နဲ့ ရူးနေခဲ့ရသည်။ နောက်တစ်ကြိမ် ဆိုတာကိုလည်း အရူးတစ်ယောက်လို မျှော်လင့်နေမိသည်။
ပြန်ရနိင်ပါ့မလား.....။
ပြန်ရနိင်ပါ့မလား.....။
“နင်သိသင့်ပါတယ် ချစ်သူရယ် ငါတို့က မုန်းလို့ဝေးခဲ့ကြတာမှ မဟုတ်တာ ၊ သိပ်ချစ်ကြလျက်နဲ့ ဒီလောက်အထိတော့ ဝေးနေဘို့မသင့်ပါဘူး. ဘဝမှာ အချစ်ထက် အရေးကြီးတာ မရှိတော့မှန်း ယုံကြည်လာတဲ့တစ်နေ့ ငါ့ဆီပြန်လာခဲ့ပါ။ အချစ်တစ်ခုထဲနဲ့ ဘဝရပ်တည်လို့ မရဘူး ဆိုတာသိပေမယ့်
ငါကတော့ နင်ရှိရင် ပြည့်စုံပါပြီ။”
ယောက်ျားတစ်ယောက်နဲ့ မိန်းမတယောက်ရဲ့ရောင့်ရဲတတ်မှုက ဒီနေရာမှာ ကွာတာလား ဒါမှမဟုတ် ကြွယ်ဝချမ်းသာမှုထက် ချစ်သူက ပိုအရေးကြီးတယ်လို့ ကျွန်တော်ကပဲ ခံယူထားလို့လား..။
ညဥ့်နက်လာသည့်တိုင်အောင် ကျွန်တော် တော်တော်နှင့်အိပ်မပျော်နိင်ဘဲ အတွေးတွေ လွှင့်ဝဲနေသည်။ မြစ်ကြီးတစ်စင်းက ဖြာထွက်သွားတဲ့ ရေစီးကြောင်းများစွာလို အတွေးတွေ အပြိုပြို အကွဲကွဲ ဖြစ်နေခဲ့သည်။ အရင်းအမြစ်ကတော့ သူမကို လွမ်းနေရသောကြောင့် အတွေးတွေ လှုပ်ခတ်နေခြင်းဖြစ်သည်။ သူမကို သိပ်ချစ်မိလို့ ဘာကိုမှ အပြစ်ဆိုမိမည် မဟုတ်ပေ။ ကံကြမ္မာကြောင့် ဖြစ်ဖြစ် သူမကြောင့်ဖြစ်ဖြစ် လွမ်းနေရအုံးမည် ဆိုလျင်လည်း ကျွန်တော်ကတော့ မပြောင်းလဲပဲ လွမ်းနေအုံးမည်ဖြစ်သည်။
ကျွန်တော်မျက်လုံးတွေ တဖြေးဖြေး မှေးစင်းကြလာပြီးနောက် လွမ်းမောစွာနဲ့ အိပ်ပျော်သွားခဲ့သည်။ မအိပ်ခင်နောက်ဆုံး တွေးလိုက်မိသည်မှာ သူမကိုတစ်သက်လုံး ချစ်မြတ်နိုးနေမည် ဆိုတာပဲဖြစ်သည်။
..........................
သူမထံမှ ဖုန်းခေါ်သံသည် ကျွန်တော်အတွက်တော့ ချိုမြိန်လွန်းလှသည်။ အထူးသဖြင့် ဒီလိုနေ့တွင် ပိုပြီးပျော်ရွှင်ရသည်။ ချစ်သူ၏အသံသည် ကြေကွဲခြင်းတွေကို ကာကွယ်ပေးထားနိင်သည့် ဒိုင်းတစ်လက်လည်း ဖြစ်မည်။ ကျွန်တော်တို့ရဲ့အသံသည် ပျော်ရွှင်မှုများဖြင့် လန်းဆန်းနေသည်။ သူမနှင့်စကားပြော
နေရင်း သိချင်လာတာ တစ်ခုရှိသည်။ ဒီနေ့ကို သူမ မှတ်မိရဲ့လား... သတိရော ရပါ့မလား သိချင်လာသည်။
“ဒီနေ့ဘာနေ့လည်းသိလား”
“ဒီနေ့ ၂၀ ရက်နေ့လေ”
“အဲဒါပြောတာမဟုတ်ဘူး”
“သြော်.. ဒီနေ့ ကြာသာပတေးနေ့”
“ကျွစ်.. ဟာကွာ.. ဒီနေ့ငါတို့ ချစ်သူသက်တမ်း ၄ နှစ်ရှိပြီလေ... ဝေးခဲ့ရတာလည်း ၃နှစ်ပြည့်ပြီ”
“သိသားပဲ သက်သက် စနေတာပါ”
“စ မနေနဲ့ကွာ လွမ်းနေရတာ သုံးနှစ်ရှိပြီ နည်းနည်းပါးပါးလည်း ကိုယ်ချင်းစာပါအုံး”
“ဒီမှာလည်းလွမ်းနေရတာပါပဲ”
သူမရဲ့စကားသည် တော်တော်ကျေနပ်ဖို့ ကောင်းပေမယ့် ကျွန်တော်လွမ်းနေရတာက ပိုများနေလို့..
“ဒါဆိုလည်းပြန်လာပါတော့ကွာ”
“ပြန်လာလို့ မရသေးဘူး ကျောင်းဆက်တက် ရအုံးမယ်လေ”
“အဲဒီကျောင်းကဘယ်တော့မှပြီးမှာ
လဲ”
“....”
ကျွန်တော်ရဲ့ကြည်နူးစိတ်တွေ လျော့ပါးလာသလို ခံနိင်ရည်စွမ်းတွေလည်း ကုန်ဆုံးလာချင်ခဲ့သည်။ ထိုအချိန်တွင် ကျွန်တော်တို့ရဲ့ပါတ်ဝန်းကျင်
သည် ပုံသဏ္ဍန် ပြောင်းလဲလာသည်။ အရှေ့က မြင်ကွင်းတို့သည် တဖြေးဖြေး ပြောင်းလဲလာပြီး ကျွန်တော်သည် စိမ်းလန်းသော မြက်ခင်းပြင်ပေါ် ရောက်ရှိသွားသည်။ ကျွန်တော်အရှေ့တွင်တော့ မြူခိုးများ ရစ်ဆိုင်းလျက် ရှိသည်။“hello ကြားရဲ့လား” ကျွန်တော်စိုးရိမ်တကြီးမေးလိုက်သည်။
“ကြားတယ်.. အခု မြက်ခင်းပြင်ပေါ်ေ
ရာက်နေတယ်”
သူမရဲ့ပြန်ဖြေစကား အဆုံးမှာတော့ ကျွန်တော်ဝမ်းသာသွားသည်။ ဒါဆိုလျှင် ချစ်သူသည်လည်း ကျွန်တော့်အနားတွင် ရှိလိမ့်မည်။ သို့ဖြင့်လှည့်ပတ်ရှာဖွေ နေမိသည်။ ထိုအချိန်တွင် အရှေ့မှ မြူခိုးများ တဖြေးဖြေးပျောက်ကွယ်သွားသည်။ စူးစိုက်ကြည်
့မိတော့ ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ မြူခိုးများ လွှင့်ပြယ်သွားတော့ ထိုပုံရိပ်သည် ပီပြင်လာသည်။ ကျွန်တော့်အလွမ်းရဲ့ ဘုရင်မဖြစ်သည်။ ဘယ်တော့မှ မေ့ဖျောက်လို့ မရနိင်မယ့် ပုံရိပ်လည်းဖြစ်သည်။ နောက်ဆုံး မြင်ကွင်းတစ်ခုလုံး ရှင်းလင်းသွားချိန်တွင် ချစ်သူကို တွေ့လိုက်ရသည်။
ကျွန်တော်ရင်သည် တဆတ်ဆတ် တုန်ရင်ကာ ချစ်သူဆီကို ချက်ချင်းပြေးသွားလိုက်သည်။ သို့ရာတွင် အလွန်ကြေကွဲဝမ်းနည်းဖွယ် ကောင်းသည်မှာ ကျွန်တော်တို့ နှစ်ယောက်ကြားတွင် ထိတွေ့လို့ မရသော အလွှာတခုဖြင့် တားဆီးခြင်း ခံထားရသည်။ မှန်ချပ်တစ်ခုရဲ့ တဖက်စီတွင် ရပ်နေရသလို ဖြစ်နေခဲ့သည်။ ရင်ခွင်တစ်ခုလုံး ဆို့နစ်သွားရတော့သည်။ မြင်တွေ့ခွင့် ရလျက်နှင့် ထိတွေ့ခွင့် မရပေ။
ကျွန်တော်တို့ရဲ့ကံကြမ္မာသည် ထိုမျှလောက် အထိတော့ မဆိုးသင့်ဘူး ထင်ပါသည်။ ချစ်သူကို လွမ်းလွမ်းဆွတ်ဆွတ် ငေးကြည့်နေမိသည်။ “ကံဆိုးလိုက်တာ
“ပြန်လာခဲ့ပါတော့ကွာ ကိုယ်ဘယ်လောက် ခံစားရတာ ကိုယ်ပဲသိတယ်”
မျက်တောင် လှုပ်ခတ်သွားမှုကြောင့် နားထောင်နေမှန်း သိရသည်။
“မင်းအေးစက်စက်လုပ်မနေနဲ့”
စိတ်
တိုတောင်းစွာ အော်ပြောလိုက်တော့ သူမခန္ဓာကိုယ် လှုပ်ရှားသွား၏။ ပြီးမှ တစ်ခွန်းတည်းသော စကားကို ပြန်ပြောသည်။
“အချစ်ကိုဦးစားပေးလို့မရဘူးလေ”
ထိုစကားကြားတော့ ကျွန်တော်စိတ်တို့သည် လေပူဖောင်းတခုလို ပေါက်ကွဲသွားရတော့သည်။ ကျွန်တော့်ရင်ထဲမှ စကားလုံးတို့ အလုအယက် တိုးထွက်လာကြသည်။ “ဘာမှမပြောနဲ့ေ
တာ့၊ တခုခုပြောလိုက်ရင် သူစိတ်ဆိုးသွားလိမ့်မယ်။” ကိုယ့်ကိုကိုယ် သတိပေးကာ စိတ်ကိုထိန်းချုပ် လိုက်ရသည်။ ထိုသို့ စိတ်ထိန်းလိုက်သည့်အတွက် ကျွန်တော်မျက်ဝန်းတွင် မျက်ရည်တို့ အလိုလိုရစ်ဝဲလာသည်။ မျက်ရည်ဝဲ နေသည်ကို စိတ်ကသတိပြုမိသောအခါ ထိန်းချုပ်ထားရသော ဒေါသတို့စုပြုံကာ တိုးထွက်လာကြတော့သည်။ စကားလုံးပေါင်း မြောက်များစွာတို့သည် လည်ချောင်းဝတွင် အဆင်သင့် ဖြစ်နေခဲ့သည်။
“မင်းသိရဲ့လား ငါ မင်းကိုလွမ်းလွန်းလို့ အလူးအလိမ့်နဲ့ ခံနေရတာ သုံးနှစ်ရှိပြီ၊ သုံးနှစ်
လုံးလုံး ငါ့ကိုယ်ငါ
အလွမ်းကြိုးတွေနဲ့ ချုပ်နှောင်ထားခဲ့တယ်။ ပျော်ပွဲ
ရွှင်ပွဲဆိုတာ ငါနဲ့မဆိုင်သလို နေခဲ့တယ်။ ငါ့ရင်ခွင်မှာ ကြည်နူးချမ်းမြေ့မှုဆိုတာ မရှိသလောက်ဘဲ... ငါ့ကိုမမေ့ပါစေနဲ့
လို့ တစ်ချိန်လုံး ဆုတောင်းနေရတယ်။
ငါ့အတွက် သာယာပျော်ရွှင်မှုတွေက ဘယ်မှာလဲ..ဘယ်တော့လဲ မင်းပြောစမ်းပါ”
ထပ်မပြောဘို့ ကိုယ့်ကိုကိုယ် သတိပေး နေပေမယ့် ကျွန်တော့် နှုတ်ခမ်းတို့သည် အရှိန်ရနေသော ယန္တယား တစ်ခုလို ရပ်တန့်လို့ မရတော့ပေ။
“ငါ့ကိုမယုံနဲ့လို့ ပြောခဲ့တဲ့ မင်း အသိုင်းဝိုင်းတွေ မင်းမိတ်ဆွေ သူငယ်ချင်းတွေကို မေးကြည့်စမ်းပါ၊
ငါ့လို အလွမ်းတွေပွေ့ပိုက်ပြီး ဘယ်နှစ် နှစ် နေနိင်ကြမလဲ၊ ကောင်းကင်ပေါ်က ကြယ်ကြွေချိန် မျှော်နေရတဲ့
အရူးတစ်ယောက်လောက်မှ ငါ့အတွက် မျှော်လင့်ချက်မရှိဘူးလား”
ကျွန်တော့်ဒေါသတို့ အရှိန်အဟုန် မြင့်မားစွာ ပေါက်ကွဲနေလေပြီ။ ရင်ခွင်ထဲမှ စကားလုံးများ ထွက်လာလေလေ ကျွန်တော်ရင်တွေ ပေါ့ပါးလာခဲ့သည်။
“ငါ့မှာ ချစ်သူစုံတွဲတွေမြင်တိုင်း နှုတ်ခမ်းကိုက်ပြီး ကြေကွဲခဲ့ရတာ မရေနိင်တော့ဘူး။
နေဝင်ချိန် ညနေခင်းတွေ ဆိုတာလည်း ငါ့အတွက်တော့ ကျိန်စာသင့်နေတဲ့ အချိန်တွေပဲ။
ငါလွမ်းနေရမယ်ဆိုတာ မင်းတွေးကြည့်ပေးခဲ့သလား။ စာနာပေး
ခဲ့သလား”
ရင်ခွင်ရဲ့ချောင်တစ်နေရာတွင် ဘယ်အချိန်ထဲက ခိုကပ်နေခဲ့သည် မသိသော စကားလုံးတို့သည် မရပ်မနား ထွက်ပေါ်လာနေသလောက် သူမကတော့ ရုပ်တုတစ်ခုလို ငြိမ်သက်နေခဲ့သည်။ ကျွန်တော်ရဲ့ရင်သည်လည်း ပေါ့ပါးသထက် ပေါ့ပါးလာသည်။ ဘေးနားမှ ဖြတ်သွားသော စုံတွဲများကတော့ ကျွန်တော့်ရဲ့ပေါက်ကွဲမှုကို သတိမထားမိပေ။ ကျွန်တော်ကတော့ အရှိန်ရနေပြီဖြစ်သည်။
“ငါ့တကိုယ်လုံးကို အလွမ်းတွေနဲ့ပဲ တည်ဆောက်ခံထားရတယ်။ ဘယ်နေရာထိထိ အလွမ်းတွေချည်းပဲ။
ဘဝမှာ ဘာကိုမှလည်း စိတ်မဝင်စားနိင်လောက်အောင် မင်းကိုပဲလွမ်းနေရတယ်။
မင်းရဲ့ချစ်သူဘယ်တော့ ပြန်လာမှာလဲ မေးတိုင်း တိကျမှန်ကန်တဲ့ အဖြေမရှိခဲ့ဘူး”
တစ်ခွန်းပြောပြီးသွားတိုင်း ကျွန်တော့်ရဲ့ခန္ဓာကိုယ် တခုလုံး ပေါ့ပါးလာကာ နောက်ဆုံးလေထဲကို ပျံတတ်တော့ မတတ် ဖြစ်လာခဲ့သည်။
“ဟိုမှာကြည့်လိုက်စမ်း..သူတို့ကောင်း
ကင်မှာ ဘာတွေရှိသလဲ”
ဘေးနားက ဖြတ်သွားသော စုံတွဲတစ်တွဲရဲ့ ကောင်းကင်ထက်ကို ညွှန်ပြလိုက်သည်။ ကျွန်တော်ပြသည့်အတိုင်း သူမသည် ခေါင်းကိုငဲ့စောင်းကာ လိုက်ကြည့်လိုက်သည်။
“ဘာတွေ့ရသလဲ.. ကြည်လင်နေတာပဲ မဟုတ်လား .. ဒါဆို ငါ့ကောင်းကင်ကို
လည်း ကြည့်လိုက်အုံး..”
သူမသည် ကျွန်တော်ခေါင်းပေါ်ကို မော့ကြည့်လိုက်သည်။ကျွန်တော်ကေ
တာ့ ကြည့်စရာမလိုပါ။
“မှောင်မဲလှောင်ပိတ် နေတာပဲ မဟုတ်လား အဲဒါအလွမ်းတွေပေါ့ ငါ့ရင်ခွင်က ယိုဖိတ်ခဲ့တဲ့ အလွမ်းတွေ
ကောင်းကင်ပေါ်အထိအောင်ပြည့်ကျပ်ေ
နတာလေ။ ငါ့မှာပျံသန်းထွက်ခွါစရာ နေရာမရှိခဲ့ဘူး နေရာတိုင်း
အလွမ်းတွေနဲ့ ပိတ်ဆို့နေတာပဲ။ အခုတော့ ငါသွားတော့မယ် အလွမ်းမရှိတဲ့ဘဝမှာ ငြိမ်းချမ်းစွာနဲ့ ရှင်သန်တော့မယ်”
စကားအဆုံးတွင်တော့ ကျွန်တော့် အထက်က ကောင်းကင်တွင် အက်ကွဲရာတခုပေါ်လာသည်။ ခုတော့ ကျွန်တော့်တစ်ကိုယ်လုံး ပျံတတ်ထွက်ခွါဘို့ အဆင်သင့် ဖြစ်နေခဲ့ပြီ။ သူမနှင့် ပတ်သတ်ခဲ့သမျှ ဘဝတွင် ဒီတစ်ကြိမ်သာ ရင်ခွင်တစ်ခုလုံး ပေါ့းပါးနေခဲ့ဖူးသည်။ သူမကို နောက်ဆုံးတစ်ကြိမ် ကြည့်လိုက်မိ၏။ မျက်ရည်များ စီးကျနေခဲ့သော်လည်း သူမရဲ့ရည်ရွယ်ချက်ကို အလျှော့ပေးမည့်ပုံတော့ မတွေ့ရပေ။ ဝေးကွာဖို့ အတွက် သေချာသွားလေပြီ။
“သွားတော့မယ် နှုတ်ဆက်ခဲ့ပါတယ်”
နှုတ်ဆက်စကား အဆုံးမှာတော့ တစ်ကိုယ်လုံး လေထဲပျံတက်ကာ ကျွန်တော့်ကောင်းကင်၏ အက်ကွဲရာမှတဆင့် ပျံသန်းထွက်ခွါခဲ့တော့သည်။ သာယာစိမ်းလန်းသော ကမ္ဘာမြေကြီးသည် လွန်ခဲ့သော (၃)နှစ်ကအတိုင်းပင် ဖြစ်သည်။ ကျွန်တော်တို့နှစ်ယောက် ပြန်မဆုံနိင်သောလမ်းဖြင့် ဝေးကြပြီ ဆိုတာကတော့ သံသယရှိစရာ မလိုတော့ပေ။ လေထဲတွင် ပျံဝဲရင်း သတိထားမိသည်မှာ အရာနှစ်ခုသာဖြစ်သည်။ တစ်ခုမှာ ရင်ခွင်တစ်ခုလုံး ပေါ့ပါးနေခဲ့သည်။ နောက်တစ်ခုမှာ ပါးနှစ်ဘက်ပေါ်တွင် မျက်ရည်များ စီးကျနေခြင်းဖြစ်သည်။
..............................
.................။
အိပ်ယာမှ လန့်နိုးလာသောအချိန်တွင် ကျွန်တော်ရင်သည် တုန်ရီမောဟိုက်နေသည်။ ဘေးနားကေ
စာင်ကို ဆွဲယူပြီး ရင်ဘတ်ပေါ် တင်လိုက်သော်လည်း နှလုံးခုန်သံသည် တော်တော်နဲ့ ပုံမှန်ပြန်မဖြစ်သေးပေ။ အံ့သြဖို့ကောင်းသည်မှာ ကျွန်တော့်ရင်သည် အိပ်မက်ထဲကနှင့် ဆန့်ကျင်စွာ တစုံတရာဖြင့် ပြည့်ကျပ်လေးလံကာဆို့နှစ်နေခဲ့သည်။ ခန္ဓာကိုယ်ကို တဖက်သို့စောင်းလှည့်လိုက်ချိန်တွင်တော့ ပါးတဘက်တွင် အေးခနဲ ဖြစ်သွားသည်။
ခေါင်းအုံးကို လက်ဖြင့်စမ်းကြည့်လိုက်တော့ စိုစွတ်နေသည်။ ထိုအရာကိုတော့ တွေးကြည့်စရာပင် မလိုပါ။ အိပ်မက်ရင်း မျက်ရည်များ စီးကျနေခဲ့မှန်း သေချာလှသည်။ ဒါဟာ အံ့သြစရာတော့ မဟုတ်ခဲ့ပါ။ ကျွန်တော်သည် သူမနှင့် ပါတ်သတ်လျင် အရာရာကို စိတ်ရော ကိုယ်ပါ လိုက်ပါခံစားတတ်သူ ဖြစ်သည်။
ဒါဟာ အိပ်မက်ဆိုးပဲ ဖြစ်ပါစေ... ကျွန်တော်သည် သူမနှင့်ဘယ်လိုမှ မဝေးရဲသူဖြစ်သည်။ အိပ်မက်ထဲတွင် ပြောခဲ့သောစကားများမှာ ဘယ်တော့မှ ဘယ်လိုနည်းနှင့်မှ ပြောဖြစ်မည့် စကားများမဟုတ်ပေ။ နောက်ဆုံး အိပ်မက်ထဲကလို ဒဏ်ရာတွေကို ပွေ့ပိုက် ထားရပါစေအုံး ကျွန်တော်ကတော့ သည်းခံစောင့်စား နေမဲ့သူသာဖြစ်သည်။ ကျွန်တော့်တွင် နောက်ဆုတ်ဘို့ ခြေတလှမ်းစာမျှပင်မရှိခဲ့ပေ။ ကျွန်တော်ရွေးချယ်ခဲ့သော လမ်းဆိုသည်မှာ သူမကို စူးစူးနစ်နစ် ချစ်တတ်ဖို့ တစ်ခုသာဖြစ်သည်။
အခုချိန်တွင်တော့ ဆက်ချစ်ဖို့ ဆက်ပြီးစောင့်ဆိုင်းနေဖို့ ကလွဲလျင် တစ်ခြားနည်းလမ်း မရှိတော့ပေ။ ကျွန်တော်က ဆက်စောင့်နေအုံးမည်။ သူမသည်လည်း တချိန်ချိန်တွင် ကျွန်တော်အလွမ်းတွေကို အဆုံးသတ်ပေးလိမ့်မည်ဟု ယုံကြည်ထားပါသည်။ ညဦးပိုင်းကလို အတွေးတွေ လွှင့်ဝဲနေသည်မှာ ဘယ်လောက်ကြာသွားမှန်း မသိပေ။ လမ်းမမှ ဖြတ်သွားသော လိုင်းကားသံ ကြားလိုက်ရသဖြင့် မိုးလင်းခါနီးမှန်း သတိပြုမိတော့သည်။
တကယ်ဆို တစ်ညထဲတွင် နှစ်ကြိမ်လောက် တော်တော်နှင့် အိပ်မပျော်ရခြင်းသည် မဖြစ်သင့်သော်လည်း ဒါဟာ ကျွန်တော့်အတွက်တော့ ပထမဆုံးည မဟုတ်တော့ပါ။ တဖြေးဖြေးနှင့် မိုးလင်းခါနီး ရောက်လာခဲ့ပြီ ဖြစ်သည်။ ပြန်အိပ်ပျော်သင့်မှန်း လက်တွေ့ဆန်ဆန် တွေးမိသော်လည်း အိပ်စက်ခြင်းတွေ ကို အလွမ်းများဖြင့် တားဆီးခြင်း ခံထားရသည်။ နောက်ထပ် ဘယ်နှစ်ညအထိ အိပ်စက်ခြင်းတွေ နှောက်ယှက်ခံရအုံးမလဲ မသိပေ။ ဒါဟာအလွမ်းရဲ့ကျေးကျွန်အတွက် အဖြစ်သင့်ဆုံး ဆုလာဘ်တွေပဲ မဟုတ်လား။ ကျွန်တော်အတွက် အိပ်မက်တွေကလည်း ဆိုးဝါးလှသည်။
မျှော်လင့်ချက်တွေကို ကိုက်ဖဲ့စားသုံး နေသူများထဲတွင် အိပ်မက်တို့သည်လည်း တခုပါဝင်နေသည်။ ထူးပြီးမနာကျင်ရေ တာ့ပါ၊ ရင်ခွင်တစ်ခုလုံး ထုံပေနေသောကြောင့် ဖြစ်သည်။ တကယ်ဆိုရင် ချစ်သူသက်တမ်း(၄)နှစ်မှာဝေးကွာေ နရတာက (၃)နှစ်ဆိုတာတော့ မဖြစ်သင့်ပေ။
မျှော်လင့်ချက်တွေကို ကိုက်ဖဲ့စားသုံး နေသူများထဲတွင် အိပ်မက်တို့သည်လည်း တခုပါဝင်နေသည်။ ထူးၿပီးမနာက်င္ရေ
အစိုးမရသော အတွေးတွေသည် တသွင်သွင် စီးဆင်းနေခဲ့သည်။ “ဒီအချိန်မှာ ပြန်အိပ်ပျော်ခွင့်ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ” မွတ်မွ တ်သိပ်သိပ် တွေးလိုက်မိသည်။ သူမရော နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်ပါ့မလား။ “ငြိမ်း ချမ်း ပါ စေ ” လေးလေးနက်နက် ဆုတောင်းလိုက်သည်။ သူမအတွက် အိပ်ပျက်ညတွေ မရှိစေချင်ပေ။ သူမရဲ့မျှော်လင့် ချက်အတွက် လန်းဆန်းတက်ကြွ နေစေချင်သည်။ ခွန်အားတွေ ပြည့်ဝစေချင်သည်။ ကျွန်တော်အတွက် က အရေးမကြီးပါ၊ လဲလို့ရမည်ဆိုလျင် သူမ ရရှိမည့် အဆိုးတွေကို လက်ခံချင်ပါသည်။ အချစ်ဆိုသည်မှာ တော်တော်ဆန်းပြားပါသည်။ သွေးသား မတော်စပ်သော မိန်းခလေးတယောက်ကို ကိုယ့်ဘဝထက် ပိုပြီးတန်ဘိုးထားမိသည်မှာ ထိုအချစ်ကြောင့်ပင် ဖြစ်မည်။ တဖြေးဖြေးနှင့် ပတ်ဝန်းကျင်တခုလုံး အလင်းရောင်များဖြင့် ပြန်လည်ပြည့်ဝလာခြဲ့ပီ။ မိုးလင်း
သွားပြန်ပြီပေါ့။ ဘာပဲဖြစ်ဖြစ်လေ..နောက်တစ်နှစ်တွင်တော့ ဘုရားတွင် ဆုသွားမတောင်းရတန် ကောင်ပါဘူးဟု သက်ပြင်းတချက်ရှိုက်ကာ တွေးလိုက်မိရင်း နံနက်ခင်းထဲကို အားယူကာ တိုးဝင်လိုက်ပါတော့သည်။
(၁၀.၆.၂၀၀၂)
...........................................................................................။
ဝန်ခံချက် ။......။ စူးစူးနစ်နစ်ချစ်ပြီး နင့်နင့်သည်းသည်း လွမ်းတတ်ခဲ့တဲ့ ၂၁ နှစ် အရွယ်က ရေးခဲ့ဖူးတဲ့ ဝတ္ထုတိုလေးပါ။ နုနယ်သော အတွေးအရေး ဖြစ်နေပေမယ့် ဒဏ်ရာအမာရွတ်ကို ခပ်ဖွဖွလေး ပွတ်ကြည့်တဲ့ အနေနဲ့ ပြန်တင်လိုက်တာပါ။
............................................
44 comments:
အား............ လို့သာအော်လိုက်ချင်တော့တယ်.. ကိုမြစ်ရဲ့..
ငါးနှစ်ကျော်ပြီ.. ဒီနေ့ထိ လွမ်းနေရတဲ့ အလွမ်းတွေ...
တစ်ခါတလေတော့လည်း အဲဒီလို မသိစိတ်က လွမ်းနေရတာကိုက တနင့်တမော ဖြစ်တာပဲလေ။
ဒါကိုပဲ မသိမသာ ကျေနပ်နေမိတာပါပဲ။
မိန်းကလေးတွေမှ သိုသိုသိပ်သိပ် ကြိတ်မှိတ် လွမ်းတတ်တယ် ထင်နေလား။ ဒါဆိုရင် မှားသွားမယ်။ သူတို့ထက် ရှေ့က စာရင်းသွင်းဖို့ လူနှစ်ယောက်တော့ ရှိတယ်။ ဟုတ်တယ် မလား။
အလွမ်းမင်းသားကြီး :D
ကောင်းတယ် ၀တ္ထုလေးက
အချစ်ဟာဆန်းပြားလွန်းပါတယ်လေ..
အမှန်အတိုင်းပြော၇၇င် .. အဲဒါဆွေလေး လွန်ခဲ့တဲ့ လေးနှစ်လောက်ကခံစားချက်တွေနဲ့တူတယ်..မောတယ်
တစ်ကယ်..ဒီနေ့ထိ အမောမပြေနိုင်သေးဘူး..
ပြီးတော့ ဘု၇ားသွားတာလဲ တူတယ်..
ဆွေလေးအကြောင်းများေ၇းထားသလားလို့..
:) :) :) :)
ဒဏ်ရာအမာရွတ်လေးကို ခပ်ဖွဖွလေး ပွတ်ကြည့်ဖို့ သတိရသွားစေတယ်။
၂၁နှစ်အရွယ်က စူးစူးနစ်နစ်ချစ်ပြီး နင့်နင့်သည်းသည်း
လွမ်းတတ်တဲ့ အတွေးလေးနဲ့ ဖွဲ့ထားတဲ့ ၀တ္ထုပေါ့။
အင်း..ခုတော့ အလွမ်းတွေရင့်ကျက်နေပြီ ထင်ပါ့။
အလွမ်းဆိုတာ အရောတ၀င်နေလို့ မကောင်းတဲ့အရာမှန်း
သိပေမယ့် ကိုယ်တိုင်ကကို အလွမ်းမြစ်ထဲလက်ပြစ်ကူးသလိုဖြစ်နေမိတာ။
ခင်မင်စွာဖြင့်
ခိုင်နုငယ်
ကိုမြစ်ရေ..ဖတ်ပြီးမောသွားရပြန်ပါ့...
ဒဏ်ရာအမာရွတ်ဆိုတာလုံးဝကြီးပျောက်သွားတာမှ
မဟုတ်တာ..အရာတော့ကျန်ခဲ့တာပဲလေ..
ဘယ်လောက်ပဲရင့်ကျက်လာပါပြီပြောပြော..တချိန်တုန်း
ကနင့်နင့်သည်းသည်းဖြစ်ခဲ့ရတဲ့အရာတွေက
ဘယ်တော့များမှရင့်ကျက်လာနိုင်မှာလဲ...
ခင်တဲ့
သဒ္ဓါ
ချစ်သူနှစ်ဦးအမြန်ပေါင်းဆုံနိုင်ပါစေ...
အချစ်ပေါ်မှာထားတဲ့ ခံစားချက်တွေကိုလေးစားစရာတွေ့ လိုက်ရ၏။
အငြိမ့်လေးလည်းလုပ်ပါအုန်းဗျ အငြိမ့်ကို ပိုကြိုက်တယ်
ဘာတဲ့ ကြေကွဲခြင်းရဲ့ နေ့ထူးနေ့မြတ် စကားလုံးတွေသုံးတာ မိုက်တယ်ဗျ စာတွေဖတ်ရတာ တော်တော်လေးကို လွမ်းသွားတယ်
ထိုအချစ်ကြောင့်ပင် ကိုမျှစ်တို့ ဖြစ်ကြရလေသတည်းပါ
တကယ်လွမ်းသလား စာထဲလွမ်းတာလား
မြန်မြန်နီးကြပါစေ
ခင်မင်စွာဖြင့်
seesein
ဦးမြစ်...အဲဒါတကယ်ကြီးလားးဗျို့ ..
အလွမ်းတွေကိုဖွဲ့ ထားတာ ပိုင်ပါပေ့..
မြစ်တို့များ
မြက်ခင်းပေါ်မှာတောင် ထိုင်ငိုနေရတယ်လို့...
နှစ်ပေါင်း၁၀နှစ်ကျော်ကြာပြီ အသစ်ပြန်ဖြစ်နေတုန်းပါလား... အစွဲအလန်းကြီးချက်အေ..
နင့်ဝတ္ထုဖတ်ပြီး လူလဲ အလွမ်းမြစ်ထဲမျှောပါသွားတာ မနည်းပြန်တက်လာရတယ်..
အမာရွတ်ဟောင်းကို ပြန်ပွတ်ကြည့်တယ်ဆိုပါလား
ငါလဲ အမာရွတ်တစ်ခုရှိတယ် အားကျမခံ ပြန်ပွတ်ကြည့်ဦးမှ..
ငယ်ငယ်က ချော်လဲထားတဲ့ အာမရွတ်ကိုပြောတာပါလေး)
ကိုမျှစ်ချိုး ရေ
ဒီလို ဒီလိုနဲ့ ဝေးးးးးးးးး မသွားပါစေ နဲ့ လို့ ဆုတောင်း ပါတယ်ဗျာ
ခင်တဲ့
ရွှေစင်ဦး
အစ်ကိုမြစ်ကျိုးအင်းရေ....
၂၁နှစ်က ပြထားတဲ့ လက်စွမ်းမို့သာပဲနော် ...
လက်သံပြောင်ပါဘိ ...း)
လွမ်းမောစရာတွေနဲ့အတိပြီးပြီး ဆွဲဆောင်မှုရှိတဲ့ဝတ္ထုတိုလေးပါပဲ ...အမြဲအားပေးလျှက်ပါ
နှင်း
ဟီးးးးးးးးး ရွှတ် ဖတ် ဗြဲ ဗြီးးးးး
ပါးပါးရေ ပါးပါးရဲ့ အမငီးးးးး ဘူးသီးလုံးလောက်ရှိတဲ့ မက်ရည်တွေ တောက်တောက်ဆိုပြီး ကျလာတယ် ဗြဲ
one go two come three wait four ready five times တဲ့ ဟဟဟဟ
မတော်လိုက်ရတဲ့ မားမားအကြောင်းရေးထားတာမလား
တာ့တာ ပွေလီမနေနဲ့ ဒါဗြဲ ဘိုင်
ကိုမြစ်...
ဆုံမှတ်တွေလွဲနေရတဲ့ ဘ၀တွေအတွက်....။
လေးလေးနက်နက် ဖတ်သွားတယ်..။
ပြင်ပမှာသာ ဆုံမှတ်တွေ လွဲနေရပေမယ့်
အတွေးတွေထဲမှာတော့ ဆုံနေနိုင်ခွင့်ရှိပါသေးတယ်နော်..။
ဒါပေမယ့်.. အချိန်အတိုင်းတာ တစ်ခုထိသာပေါ့..။
...........
မြစ်ရေးထားတာကောင်းလိုက်တာ
၃ခါလောက်ဖတ်လိုက်တယ်
ကိုမြစ်ကျိုးရေ..
ချစ်တက်တဲ့ အကြောင်းလေး သေသေချာချာ နားလည် ခံစားပေးသွားပါတယ်..။
ပထမထင်နေတာ အင်မတန်လွမ်းနာကြနေလို့ စာမရေးနိုင်ဘူးထင်နေတာ.. တော်သေး လူပျိုသေးလေးဘဝက ဖြစ်နေတာကိုး..။
အော် ၂၁ နှစ်ဆိုတော့ အတော်ကြာခဲ့ပြီထင်ပါ့..။ အခုရော လူပျိုကြီးဘဝနဲ့ ဘာညာကွိကွ ဖြစ်နေရတုန်းပဲလား.. ဘာပဲဖြစ်ဖြစ် အလွမ်းအဆွေးတွေကနေ လွတ်မြောက်နိုင်တဲ့ အချိန်လေး ဖြစ်နေပါစေလို့ ဆန္ဒပြုပါတယ်..။
မဗေဒါ (၈၈)
ဇာတ်လမ်းကိုတန်းလန်းဖြစ်နေတယ်ဗျ အဆုံး
မသတ်သေးသလို ခံစားချက်တွေ မြိုသိပ်ရရင်း
အိမ်မက်ကလန့် နိုးတဲ့အချိန်မှာ ဇာတ်လမ်းက
အဆုံးသတ်သွားတယ် ပြီးတော့ ဒဏ်ရာတွေပြန်
ပွတ်သလိုတင်ပေးလိုက်တာဆိုတော့ ဇာတ်သိမ်း
လေးတော့ရှိမယ်ထင်ရဲ့ ဗျာ :D အဆင်ပြေမှပါ
အားပေးလျက်ပါ . . .
ကိုမြစ်ကျိုးရေ
အချစ်ရဲ့သဘောတွေ ဖတ်ရူသွားပါတယ်၊
အရင်တလောက အလုပ်နည်းနည်းများနေလို့
ခုမှပဲ ရောက်တော့တယ်၊ အရာရာ အဆင်ပြေ
ပါစေ။
ခင်မင်လျက် ...
ဦးမြစ်ရေ
တခါတခါကျရင်လွမ်းပြီးပေမဲ့လည်း..
လွမ်းနေရတုန်းပါဘဲလေ..
အစစအရာရာအဆင်ပြေပါစေရှင်..
ထိုင်ဝမ်ကြီးကလဲပူလိုက်တာနော်..
ဦးမြစ် အလွမ်းတွေ ငြိမ်းသတ်နိုင်မယ့် တစ်နေ့ အမြန်ဆုံးရောက်လာပါစေ ဂျာ
မိုးယံ
ငြိမ်းချမ်းပါစေ
ဒဏ်ရာကို လျှာနဲ့ ပြန်သပ်ရတာ.. အခံရခက်ပေမယ့် ခပ်ဖွဖွလေး ပွတ်လိုက်ရတာက နည်းနည်းသက်သာမယ် ထင်ပါရဲ့ဗျာ။ လူ့သက်တမ်း ဆယ်ဂဏန်းမှာ အဲဒီဘွဲ့တွေနဲ့ ချစ်ခြင်းတရားနဲ့ ညီမျှခြင်း အထိုးခံရတာပါပဲ။ ကိုယ်ချင်းစာပါတယ်.. အဆင်ပြေပါစေ။
ကိုမြစ်ရေ ...
ခံစားချက်တွေ လာဖတ်သွားတယ်ဗျို့ ....
ဟုတ်ပါ့နော် ..
လောကကြီးက မတရားဘူး လား ... :D
အနာဟောင်း ကို ခပ်ဖွဖွ ပြန်ပွတ် ထားတဲ့ ၂၁ နှစ် အရွယ် ခံစားချက် မို့လို့သာ ပဲ ဆရာရေ...
ဆက်လက်၍...ခံစားချက် တနင့် တပိုး နှင့် အသစ် အသစ် တွေ ရေး ဖွဲ့ခံစား နိုင်ပါစေ။
Cheers!!!! :P
with reps;
လွမ်းတာကြားရင် ငိုချင်တယ်....မခံစာနိုင်ဘူး...
လွမ်းနေရလို့ 
ဦးသက်ပိုင်ရေ...
နောက်ကျစွာနဲ့ရောက်ခဲ့ပါတယ်.....
ဒီအကြောင်းလေးကို ဦးသက်ပိုင် blogမှာ တင်ခဲ့ဘူးသလိုပဲ....
ဒီအပူတွေက မရှိမကောင်း..ရှိမကောင်း တွေလေ...
ကိုယ်နဲ့ ဝေးနေတဲ့အရာ ကိုမှ ပိုပြီး လိုချင်ကြတယ် .. မက်မောကြတယ် ..
ဦးသက်ပိုင်ရေ.. အရမ်းမဆွေးနဲ့ .. ပင်ပန်းတယ် ..
အဟောင်းတွေကို သော့ခတ်သိမ်းထားပြီး...
လက်ရှိဘ၀လေးမှာ ပျော်ရွင်နိုင်အောင် ကြိုးစားပါ..
ပျော်ရွင်မှုတွေနဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ပြီး...
ဒဏ်ရာဟောင်းတွေကို မေ့ပျောက်နိုင်ပါစေ...........
အားပေးလျက်.... 88
မြက်ခင်းတွေစိမ်းလန်းနေတာ
ကိုမြစ်ရဲ့ မျက်ရည်ကြောင့်ကိုး...။
ကဲ..အဆွေးသမားကြီး...
ဘာဆက်လုပ်မှာလည်း...
အပေါ်က comment တွေမှာ
အရိပ်အမျက်တွေ တွေ့နေရတယ်နော်...
အဆင်ပြေပါစေ...
ချစ်တဲ့သူတိုင်း ဆုံတွေ့နိုင်ကြပါစေ...
လွမ်းစရာကြီးပါလား။
ဒါနဲ့...
လေးနှစ်မြောက်မှာ ဘုရားသွားပြီး ဆုတောင်းဖြစ်သေးလား။း)))
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အချစ်တွေက မြစ်လိုစီးဆင်းနေတုန်း
ဗြုန်းဆို အလွမ်းတွေ ဆင့်ပိတ်လိုက်တော့
အဲ့ဒီမြစ်က မြစ်ကျိုးအင်းဖြစ်သွားတာများလား...
ဆက်စပ်စဉ်းစားမိသွားတာ... ဟိဟိ
အကိုရေးတဲ့ ပို့စ်တွေက တစ်ပုဒ်ဆိုတစ်ပုဒ် ဖတ်ရတာ နင့်နင့်နဲနဲ ရှိလွန်းတယ်....
ကိုမြစ်ကျိုးအင်း .... ဒီပို့စ်လေးကို ဖတ်ပြီ အရင်တုန်း အကြောင်းလေး ပြန်သတိရမိပါသေးတယ်။ ချစ်သူနဲ့ ခဏတာ အဝေးဆုံး ထွက်သွားတဲ့ အချိန်လေးပါ။ ခုတော့ တသက်လုံး မခွဲတော့ဘူး စိတ်ဆုံးဖြတ်လိုက်ပါပြီ.... ဖတ်လို့ အရမ်းကောင်းပါတယ်... :)
ငယ်လက်ရာလေးလည်း ကောင်းတာပါပဲ မောင်မြစ်ရေ....
ခုရော အရမ်းလွမ်းနေတုန်းလား...နဲနဲတော့ လျှော့ပါလေ....နော်...:P
ဆရာမြစ်ဆီ ဟိုနေ့ကရောက်တုန်းက ကျော်ခွနေတုန်းပဲ။
ခုတော့ ဒဏ်ရာရက်စွဲဖြစ်သွားပြီ။ မရေးရင်လဲ တလကိုးသီတင်း၊ ရေးတော့လဲ ... အင်း ... ဖတ်လို့ကောင်းတယ်လို့တောင် မပြောရက်တော့ပါဘူး။ ဖတ်ပြီး စိတ်မကောင်းဖြစ်မိလို့ပါ။ အရင်က ဖတ်ခဲ့ဖူးတာလေးတွေနဲ့ ဆက်စပ်တွေးမိပြီး ဒဏ်ရာ အမာရွတ်တွေကို နားလည်မိပါတယ်။ ကြာပြီဆိုတော့ ဒဏ်ရာလဲ အသားသေလောက်ပြီ ထင်ပါရဲ့နော် ... ။
ဆရာမြစ်ကတော့ ... ပျော်စရာ ရယ်စရာရော အချစ် အလွမ်း ရော ... ရသစုံစုံနဲ့ ရင်ကို ထိထိငြိငြိဖြစ်အောင် ရေးနိုင်ပါပေတယ်။
အလွမ်းများငြိမ်းစေသတည်းးး)))
အ၇င်လို ကောမန့်မရေးဖြစ်ပေမယ့် အမြဲဖတ်ဖြစ်ပါတယ်။ တိုက်ဆိုင်မှု တချို့အတွက် စာဖတ်ရင်း စိတ်ထိခိုက်မိပါတယ်။
အမြဲအားပေးလျက်ပါ
ညီမင်း
ချစ်သူနှစ်ဦးရဲ့ရင်ထဲက အချစ်တွေကို..
ဘယ်သူမှ လူနှုတ်ယူလို့မရဘူး...
အချစ်ဦးဆိုတာ မြေးဦးရတာတောင် မေ့မရဘူးတဲ့..။
စိတ်ထဲက အကြောင်းတစ်ခုတိုက်ဆိုင်တိုင်း
အမှတ်ရ နေတက်တယ်...။
ချစ်သူနှစ်ဦးရဲ့ ရင်ထဲက အချစ်တွေ ကမ္ဘာတည်သ၍...တည်ပါစေ...။
ဦးမြစ်ရေ...ခုမှ ရောက်ဖြစ်တာ..ဆော်တီးနော်..။
အစဉ်လေးစားလျှက်..။
ဘာရယ်တော့ဟုတ်ဘူး တင်ထားတဲ့ပို့စ်ထက် အောက်ဆုံးက ဝန်ခံချက်ကိုသဘောကျသွားလို့
စူးစူးနစ်နစ်ချစ်ပြီး နင့်နင့်သည်းသည်း လွမ်းတတ်ခဲ့တဲ့ ၂၁ နှစ်အရွယ်တဲ့လား အဲလိုအရွယ်တွေမှာ အဲလိုချစ်တတ်ကြတာလား အသက်၂၃ နှစ်အရွယ်မှာရော စူးစူးနစ်နစ်မချစ်တတ်တော့ဘူး မလွမ်းတတ်တော့ဘူးနဲ့တူပါတယ်ဗျာ....
ငယ်နုစဉ်လက်ရာလေးကို လာရောက်ခံစား အားပေးသွားပါတယ်..
အတိတ်လွင်ပြင်ကို ဖြတ်သန်းခဲ့သူတိုင်း ခြေရာလေးတွေကျန်ရစ်ခဲ့စမြဲပါ.. အတိမ်အနက်တော့ ရှိတာပေါ့နော်..
ဒါပေမဲ့ လက်ရှိ အခြေအနေမှာ ကိုယ့်ဘေးမှာ ကိုယ့် စိတ်နှလုံးကို ပြီးပြည့်စုံစေတဲ့သူ ရှိလာပြီဆိုရင် အတိတ်က ခြေရာတွေဟာ လိုအပ်ရင် မေ့ပစ်ရတာပါဘဲ...
မဟုတ်ရင်တော့ ကိုယ့်ရင်ကို ဆူးတစ်ချောင်းလို စူးနစ်စေတတ်သေးတယ်လေ...
ကိုမြစ်ရေ စာလာဖတ်ပါတယ် အလွမ်းတွေ အပြည့်နဲ့ ရေးထားတာ ကိုယ်တောင် လွမ်းသွားပြီ
အချစ်ကို ဦးစားမပေးခဲ့တာလား၊ အချစ်ကို သေချာမသိခဲ့တာလား၊ လွမ်းလောက်ပါရဲ့လား ခံစားသွားပါတယ်၊
စာတွေရှည်ရင် ဖတ်ရမှာပျင်းပေမယ့် အဆုံးထိအောင် ဖတ်ချင်သွားလို့ သေချာဖတ်သွားပါတယ်...။
နောက်ပြီး တော်တော်ကြီးလည်း လွမ်းသွားပါတယ်....း)
၂၁ နှစ်တုန်းကတည်းက လက်ရာက တော်တော်လေးကို စွမ်းတာပါလား....ကိုယ်ကိုယ်တိုင်တောင် အလွမ်းတွေထဲမှာစီးမျောသွားမိတယ်။ ချစ်ကြတဲ့သူတိုင်း အလွမ်းတွေနဲ့ ဝေးကြရင် သိပ်ကောင်းမှာပဲ....
ငိုနေတုန်းလား။
ငိုတော့ပါဘူးး)
ကိုမြစ်ရေ ငိုနဲ့ဗျ ..း)
အင်း တော်တော်ချစ်တတ်တဲ့သူပဲ ...
အလွမ်းဆိုတာတော့ လွမ်းနေသရွေ့ ရှိနေအုန်းမှာပဲဗျာ ...
ခင်မင်စွာဖြင့်
ညလင်းအိမ်
Post a Comment