အတိတ်စိမ်း

29 October 2010



သူ့အရှေ့တွင်ချထားသည့် ကော်ဖီခွက်နှင့် မနက်စာကို စိုက်ကြည့်နေသော်လည်း သူတကယ်မြင်နေသည်က ငွေပုံကြီးဖြစ်သည်။  အထုပ်လိုက် အထပ်လိုက်ရှိသည့် ငွေထုပ်များကို မြင်နေရ၏။ ထို့နောက် ထိုငွေထုပ်များကို ပစ်မြှောက်ကာ ခုန်ပေါက် ပျော်မြူးနေကြသော လူအစုအဝေးကို ပြန်မြင်နေမိသည်။ ညက အိပ်မက်သည် တော်တော်ထင်ရှားသည့် အိပ်မက်ဖြစ်၏။

အိပ်မက်ထဲတွင် လူအများကြီးကို တွေ့ရသည်။ ထိုလူများ ကိုင်ထားသည့် ငွေထုပ်များစွာကိုလည်း မြင်ရ၏။ ထိုသူများသည် အစိမ်းရောင် သံပန်းခြံစည်းရိုး တစ်ခုအရှေ့တွင် ပျော်ရွှင်စွာ ခုန်ပေါက်နေကြခြင်းဖြစ်သည်။ ထိုခြံစည်းရိုးကို သူမှတ်မိသည်။ အောက်ပိုင်းတဝက်ကို အုတ်ဖြင့်စီထားပြီး အပေါ်ပိုင်း သံပန်းပုံစံတပ်ထားကာ အစိမ်းရောင် သဘောင်္ဆေး သုတ်ထားသော ထိုခြံစည်းရိုးသည် သူ့အိမ်၏ခြံစည်းရိုးဖြစ်ကြောင်း  သေချာချာ မှတ်မိနေသည်။ သူတို့ခြံအပြင်ဘက်တွင် သူမမှတ်မိသော လူများစွာက ငွေထုပ်များကို ပစ်မြှောက်ကာ
 ပျော်ရွှင်ခုန်ပေါက် နေကြသည်ကို အိပ်မက် မက်ခဲ့ခြင်းဖြစ်သည်။

ထိုသူများအားလုံးသည် ညနေခင်းတိုင်း ကြားရလေ့ရှိသော နှစ်လုံးတွဲကိန်းဂဏန်းနံပါတ်တစ်ခုနှင့် သူတို့စိတ်ကူး တိုက်ဆိုင်သွားခြင်းကြောင့် ပျော်ရွှင်နေကြခြင်းဖြစ်သည်ကိုလည်း အိပ်မက်ထဲတွင် သိခဲ့ရသည်။ သို့သော် ထိုနှစ်လုံးတွဲကိန်းဂဏန်းသည် မည်သည့်နံပါတ် ဆိုသည်ကိုတော့ သူသေသေချာချာ မမှတ်မိပါ။ မနက်အိပ်ယာနိုးချိန်မှစ၍ အိမ်သာတက်ရင်း၊ မျက်နာသစ်ရင်း၊ အဝတ်လဲရင်း၊ သူအပြင်းအထန် တွေးနေမိသည်မှာ အိပ်မက်ထဲမှ ဂဏန်းနံပါတ် ဖြစ်သည်။ ဂဏန်း နှစ်လုံးထဲ ဖြစ်လျှက်နှင့် သူ မမှတ်မိခြင်းကို အားမလိုအားမရ ဖြစ်နေရ၏။ ရှေ့ဂဏန်းက ၃ နှင့် စသည်ဟု ထင်မိသော်လည်း သေသေချာချာ တွေးကြည့်ပြန်တော့ မဟုတ်သေးဘူးဟု ထင်မိသည်။ ဒါဆို ၈ များလား ဆိုတော့လည်း မသေချာ မရေရာ။

ထိုနံပါတ်ကို သိရမှ ဖြစ်မည်။ ဒီလိုအိပ်မက်မျိုးကို သူယုံကြည်သည်။ အိပ်မက်မက်သည့် နံပါတ်များကို ပိုင်ပိုင်နိင်နိင် အသုံးချကာ တချီထဲဖြင့် ပွပေါက်တိုးသွားသော လူများကို အခါခါတွေ့ခဲ့ဖူးသည်။ စဉ်းစားစမ်းး.. ဒီ ဂဏန်းလေး နှစ်လုံးထဲကို ဘာအတွက် တွေးလို့မရမှာလဲဟု သူ့ကိုယ်သူ အားပေးနေမိသည်။ ထိုနံပါတ်ကို သူ သိရမှ ဖြစ်မည်။ ပိုင်ပိုင်နိင်နိင် အသုံးချတတ်လျှင် ဘဝ အပြောင်းအလဲ ဖြစ်သွားနိင်သည့်နံပါတ် ဖြစ်သည်။ စာရွက်တစ်ရွက်ကို ရှေ့ချကာ သူ့အိပ်မက်ကို အစနေရာမှ ပြန်တွေးကြည့်သည်။



အိပ်မက်ထဲမှလူများ လက်ထဲတွင် လက်တဝါးအရွယ် မရှိတရှိ ဘောက်ချာ အပိုင်းလေးတွေ ကိုယ်စီကိုင်ရင်း လမ်းမပေါ် ထွက်လာကြ၏။ လူတစ်ချို့က အော်ဟစ်နေကြ၏။ တစ်ချို့က ခုန်ပေါက်ရင်း အချင်းချင်း ဘောက်ချာလေးတွေ ပြကာ ပွေ့ဖက်ကြ၏။ တစ်ယောက်နှင့် တစ်ယောက် လက်များဆွဲယမ်းကာ ဝမ်းသာ ရွှင်မြူးနေကြ၏။ လမ်းမတစ်လျှောက်လုံးတွင်လည်း ထိုသူတို့၏ အော်သံများဖြင့် ဆူညံနေသည်။

ထို့နောက် မြင်ကွင်းက နောက်တစ်ခုပြောင်းသွားပြန်သည်။ ထိုသူတွေအားလုံး သူ့ခြံရှေ့တွင် စုဝေးနေကြသည်။ ထိုလူအုပ်ကြီး၏ လက်ထဲတွင် အစိမ်းရောင် ၊ အနီရောင် ငွေထုပ်များ ပစ်မြှောက်နေသည်ကို တွေ့ရသည်။ ပျော်ရွှင်နေကြသည်။ လမ်းမမှ ဖြတ်သွားသူတစ်ဦးက ဘာနံပါတ် ထွက်လဲဟု လှမ်းမေးသံကို ပီပီသသ ကြားရသည်။ လူအုပ်ထဲမှ ပြန်ဖြေသံ တော်တော်များများ ထွက်လာသော်လည်း ထိုနံပါတ်ကို သူ မသဲမကွဲသာ ကြားလိုက်ရ၏။ သူအခု စဉ်းစားနေသည်မှာ ထိုနံပါတ်ကို ဖြစ်သည်။ သို့သော် အခုထိ ထိုနံပါတ်ကို စဉ်းစား၍မရ။ ဖြစ်နိင်မည်ထင်သော နံပါတ်များကို စာရွက်ပေါ်တွင် ချရေးထားသည်မှာလည်း တော်တော်များနေခဲ့ပြီ။ ထိုနံပါတ်များ တစ်ခုမှ မဖြစ်နိင်ဘူးဟုလည်း စိတ်ထဲတွင် ထင်နေမိပြန်သည်။ အိပ်မက်ထဲတွင် နံပါတ်ကို သေချာ သေကွဲစွာ မကြားလိုက်ရသည်မှအပ ကျန်သည့်ဖြစ်စဉ်များအားလုံးက ရှင်းရှင်းလင်းလင်း ရှိလွန်းလှသည်။

အဲဒါ ဘာနံပါတ်လဲ။ ခေါင်းပူလာအောင် တွေးသော်လည်း ဂဏန်းနှစ်လုံးတွဲ နံပါတ်လေး တစ်ခုကို အစဖော်၍မရ ဖြစ်နေသည်။ မနက်စာကို မတို့မထိ ရသေးသောကြောင့် သူ့ဇနီးဖြစ်သူက လှမ်းကြည့် သည်ကိုလည်း သူမမြင်။

“ ကော်ဖီတွေ အေးကုန်တော့မယ်လေ။ ဘာလုပ်နေတာလဲ”
“ “ဟာ..ကွာ....”
အတွေးထဲ နစ်နေသဖြင့် သူ လန့် သွားမိသည်။

“ ငြိမ်ငြိမ်လေး နေပေးကွာ ဒီမှာအရေးကြီးတာ တွေးနေလို့ ”
“ ရှင် ရုံး နောက်ကျအုံးမယ်နော်”
“ ကျ..ကျ ကွာ”

နားမလည်နိင်စွာ ကြည့်ပြီး သူ့ဇနီးဖြစ်သူ မနက်စာကို ဆက်စားနေသည်။ သူကတော့ တွေးကောင်းတုန်း။ သည်နံပါတ် မြန်မြန်သိရမှ ဖြစ်မည်။ တစ်မြို့လုံးမှ နံပါတ်ကိုယ်စားလှယ်များထံ ထိုဂဏန်းကို ပုံအောရမည်။ နိင်ငံခြားရောက်နေသည့် သူ့အတွက် မိသားစုကိုဖုန်းဆက်ကာ တစ်မြို့လုံးရှိ ကိုယ်စားလှယ်များထံ သွားခိုင်း၍ ထိုနံပါတ်ကို ချည်တုပ်ရမည်။ အနီးပါတ်ဝန်းကျင် မြို့များအထိလက်လှမ်းမှီသမျှ အုပ်ရမည်။ ညနေခင်းရောက်လျှင်တော့ ထိုနှစ်လုံးတွဲ နံပါတ်လေး၏ အကျိုးကျေးဇူးဖြင့် သူ့ဘဏ်စာရင်းထဲသို့ ဓနဥစ္စာများ ထပ်မံပေါင်းစည်းလာမည်။

နံပါတ်ကိုယ်စားလှယ်များထံမှ ငွေကြေးများ သူ့ဆီရောက်ဖို့ လက်တစ်ကမ်း အကွာတွင်သာ ရှိတော့သည်။ အိပ်မက်ထဲမှ ငွေထုပ်ကြီးများက သူ့အာရုံထဲတွင် ရစ်ဝဲနေသည်။ သူအပြင်းအထန် တွေးသည်။ သို့သော် နံပါတ်ကို ဖော်မရ။ သူ မချင့်မရဲ ဖြစ်လာမိတော့သည်။ ဒေါသထွက်စပြုလာသည်။

နာရီကို ကြည့်မိတော့ သူအလုပ်သွားဖို့ အချိန်ကျော်လွန်နေပြီ။ သို့သော် ကိစ္စမရှိ။ သည်နံပါတ်ကိုသာ ဖော်နိင်ခဲ့ရင် သူတို့ မြန်မာပြည်ပြန်ပြီး အခြေချနိင်ပြီ။ ချမ်းသာခြင်းက လက်တစ်ကမ်း အကွာသို့ ရောက်နေပြီဟု ခံစားမိသည်။ နံပါတ်ကိုဖော်ရင်း စိတ်ထဲမှ မြင်ယောင်နေမိသည်မှာ သူတို့ခြံရှေ့မှ ပျော်ရွှင်နေကြသော လူတစ်စုဖြစ်သည်။ ထို့ပြင် အစိမ်းရောင် အနီရောင် ငွေထုပ်များဖြစ်၏။

ကော်ဖီတစ်ငုံသောက်လိုက်သော်လည်း အာရုံတွေက ထူးခြားမလာ။ အချိန်တွေ တရွေ့ရွေ့ကုန်လာသဖြင့် သူ ဂဏာမငြိမ်ဖြစ်လာသည်။ ချမ်းသာခြင်း၏ လက်တကမ်းထိ ရောက်ပြီးမှ သူလက်လွှတ်ရတော့မည် ထင်သည်။ ဧည့်ခန်းတွင် ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း သူအကြောင်းအရာ တစ်ခုစဉ်းစားလိုက်မိသည်။ ထိုအခါ သူ့ရင်တစ်ခုလုံး ဟိုက်ခနဲဖြစ်ပြီး အေးသွား၏။ လက်ဖျားများပင် ချက်ချင်း အေးစက်လာကာ စိတ်လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာ၏။

ထို့နောက် အိမ်ဖုန်းရှိရာကို အပြေးအလွှား သွားမိသည်။ မြန်မာပြည်မှ သူ့အိမ်ဖုန်းနံပါတ်ကို နှိပ်နေရင်း အချိန်မှီပါ့မလားဟု သူ့ခေါင်းထဲတွင် တရံမလပ် တွေးနေမိသည်။ အရေးကြီးသည်ဆိုမှ ဖုန်းလိုင်းများက ချက်ချင်းမဝင်။ အထပ်ထပ်ခေါ်ဆိုနေရင်း သူစိတ်လှုပ်ရှားနေမိ၏။ လေးကြိမ်မြောက်လား၊ ငါးကြိမ် မြောက်လားဟု သူ သတိမထားနိင်သည့် အကြိမ်မှာ ဖုန်းလိုင်းဝင်သွားသည်။

“ဟယ်လို..”

တစ်ဘက်မှ ဖုန်းလာကိုင်သူသည် သူ့အစ်မ ဖြစ်နေသည်။

“ မမ.. ကျွန်တော်ပါ ကိုကိုရှိနေလား မြန်မြန်ခေါ်ပေး”
“ မောင်လေးလား... နင်နေကောင်းလား”
“ အဲဒါတွေ နောက်မှ ပြော။ ကိုကို့ ကိုမြန်မြန်ခေါ်လိုက်”
“အေး.. အေးး”

ထို့နောက် လှမ်းခေါ်သံများ ကြားလိုက်ရသည်။ ခဏကြာပြီးနောက်

“ဟဲ..လို ညီညီ.. ပြော... ဘာဖြစ်လို့လဲ”
“ညီပြောတာ သေချာနားထောင်... ကြားရလား”
“ အေး ကြားရတယ်ကွ.. ပြောလေ ”
“ နံပါတ်တွေ ရောင်းပြီးပြီလား ”
“မင်းကလည်း အစောကြီး ရှိသေးတာ ဘယ်လို ရောင်းရအုံးမလဲ”
“ တော်သေးတယ်.. ဒါဆိုရင် ဒီနေ့ မကိုင်နဲ့တော့ အကုန် ပိတ်ထားလိုက်”
“ ဘာဖြစ်လို့တုန်း စီမံချက် ရှိလို့လား”
“ အာာ... မဟုတ်ဘူး.. ဒါပေမယ့် ဒီနေ့ ပိတ်ထားလိုက်ကွာ အရေးကြီးတယ် ”
“ အေး..အေး ပြီးတာပဲ ”

ဖုန်းခွက်ကို ချပြီးနောက် သူသက်ပြင်းမောကြီး ချလိုက်မိသည်။ တော်သေးတယ် အချိန်မှီသေးလို့ ဟု တွေးရင်း လေပူတွေ မှုတ်ထုတ်မိသည်။ သူသာအချိန်မှီ မတားနိင်ခဲ့လျှင် သူရင်းနှီးထားသည့် ပိုက်ဆံလေးများ ပါသွားနိင်သည်။ တခြားနံပါတ်ကိုယ်စားလှယ်များထံမှ ငွေကိုရယူဖို့သာ တွေးနေမိသဖြင့် ကိုယ်တိုင် နံပါတ်ကိုယ်စားလှယ် ဖြစ်နေသည်ကို မေ့လျော့နေမိသည်။ အချိန်မှီသတိရသည်မှာ ကံကောင်းလွန်း၏။ အနည်းငယ် နောက်ကျနေသည့် အလုပ်ကိုသွားရန် ပြင်ဆင်နေရင်း သူစိတ်လက်ပေါ့ပါးစွာဖြင့် လေတစ်ချက် ချွန်လိုက်မိသည်။ အိပ်မက်ထဲမှ ဂဏန်းကို မဖော်နိင်သော်လည်း သူနှင့်သူ့အစ်ကို နှစ်ယောက်စပ်တူ လုပ်ကြသော နှစ်လုံးတွဲနံပါတ်လုပ်ငန်းအတွက် အခုတော့ သူစိတ်ချသွားရလေပြီ။


။................................................................။

42 comments:

မြတ်မွန် said...

သြော် လူတွေများ...
သူများဆီကငွေကို လွယ်လွယ် ရဖို့ မြင်နေကြတယ်..။
ကိုယ့်ငွေလဲ ပေးရတော့မယ်လဲ ဆိုရော..
ကြောက်တက်လိုက်တဲ့ လူသဘာဝကို ပေါ်လွင်နေစေတယ်..။

ဆွေလေးမွန် said...

ဒီတစ်ခါ ဂဏန်းပါတဲ့ အိမ်မက်ရရင် ညီမ ကိုလဲ လက်တို့ပြီးပြောနော်..
ညီမကတော့ ဖုန်းလှမ်းဆက်ပြီး အောမလို့.

ဟီးဟီး...

ထူးထူးခြားခြား တွေးပြီး ရေးတတ်ပါပေ့..

မေပယ်လ် said...

လှူုသဘော လူ့မနော လူ့အထာလေးတွေကို
ဦးမြစ် တော်တော်ကျက်ထားပြီးပုံရတယ်နော်..
ရေးထားတာ အသက်ဝင်လိုက်တာ..။

အဖြူရောင်နတ်သမီး said...

သောကြာနေ့မှာ ရေးတဲ့ပို့စ်ဆိုတော့ “၆”...
တနင်္ဂနွေသမီးက ဖတ်တာဆိုတော့ “၁”...
“၆၁”...“၁၆”
ပိုက်ဆံတော့မရှိဘူး..
အကြွေးထိုးမယ်...
ပေါက်မှ ဖြတ်ယူလိုက်ပေါ့...ဟီးဟီး

နှင်းဟေမာ said...

ဝါသနာပါတယ် အတိတ်စိမ်းဆိုတာနဲ့ ၂လုံးလား ၃ လုံးလားဆိုပီး ပြေးလာကြည့်တာ ...ငါ့အစ်ကို ဒိုင်လုပ်မှန်း ခုမှပဲသိတော့တယ်းD

မေဓာဝီ said...

အတိတ်စိမ်းဆိုလို့ ဘိုးတော်မြစ် အတိတ်စိမ်းပေးနေသလားမှတ်တယ်။ လတ်စသတ်တော့ သူက ဒိုင်ကိုး ... ။
ဒိုင်လုပ်လဲ ကြည့်ကျက်လုပ်နော်။ ဒေါ်ယိုင် ဖြစ်နေမယ်။

မေဓာဝီ said...

ဒါနဲ့ အဲဒါနောက်ဆုံးပဲလား .. ဘာဆက်ဖြစ်သေးလဲ။
အဆုံးသတ်က မဆုံးသေးသလိုပဲ။ ခါတိုင်းလိုမဟုတ်ဘူး တခုခုလိုနေသလိုပဲမို့ ဆက်ရန်ရှိသေးတာလား ... ဘာလား ညာလား ... စဉ်းစားသွားတယ်။

အနော် said...

စိတ်ထဲ ပေါ့ပေါ့ပါးပါး ရီမိတယ်..
အတိတ်စိမ်း.. အတိတ်စိမ်း..
အရင်တုန်းက အနော်အိပ်မက် မက်ရင် နှစ်လုံးထီပေါက်တတ်လွန်းလို့ အမေက မနက်ဆို ဘာမက်လဲ သမီး ဘာဂဏန်းထိုးရင် ကောင်းမလဲနဲ့ ခေါက်ဆွဲကြော်ဖိုး မုန့်ဖိုးရှာကြတာ သွားသတိရမိတယ်.. :)
ရုတ်တရက် သွားသတိရမိလို့နော့.. နို့မဟုတ်ရင် ကိုယ့်ဆီ ငွေရောက်မလာဘဲ.. ကိုယ့်ဒိုင်ကနေ အောဂဏန်းထွက်သွားမှဖြင့်... :D

ကွာစေ့လေး said...

ဟလို....

နေရာယူပြီး ကွန်မန့်ပေးတာနောက်ကျသွားတဲ့အတွက် ဆော်ရီးပါ..
ဒီဘလော့င်္ဂကို ရောက်ပြီးရင် ဖတ်ပြီးတာနဲ့ ကွန်မန့်မပေးဖြစ်တာများတယ်... ( အခြေအနေကြောင့်ပါ )
ပို့စ်တိုင်းကတော့ သူ့ရသနဲ့ သူအရမ်းကောင်းပါတယ် ...
ခုနောက်ဆုံးရေးသွားတဲ့ *အတိတ်စိမ်း* ဆိုတဲ့ ပို့စ်လေး ဆိုရင်လည်း ဖတ်နေရင်းကိုယ်ထင်ထားတာလေး နဲ့ လျှပ်တပြတ်
အဆုံးသတ်သွားပုံလေး ကလည်း မထင်မှတ် ထားစရာပါ..
အရမ်းကောင်းတယ်..... ပညာလည်းရ ... ဗဟုသုတ လည်းကြွယ်မယ့်... စိတ်ပေါ့ပါးမယ့် ပို့စ်လေးတွေကို အချိန်ကုန် လူပင်ပန်း ခံင်္ပြီး တင်ပေးတဲ့ အတွက် ကျေးဇူးတင်လျက်...
အတိုးရော အရင်းပါ ဆပ်သွားတယ်နော်...
များများရေးနိုင်ပါစေ....

ကွာစေ့လေး

သိင်္ဂါကျော် said...

အဲလို လူတွေကတော့ အိပ်မက်မက်တိုင်းလည်း အတိတ်စိမ်းမှတ်ကြ.. ပြီးရင် ဖော်ပြပါလိမ့်မယ် ထွက်ပြီးရင်..

~ဏီလင်းညို~ said...

အပေါ်က မသိင်္ဂါကျော်မန့်သွားတာလေးရော ..... မျှစ်ရေးထားတာလေးပါ ဖတ်ပြီးပြုံးမိပါ့ဗျား......း)
အင်းးးးးး လူနော်.........လူလူ........

ခင်မင်ခြင်းအားဖြင့်.........
ဏီလင်းညို

သဒ္ဓါလှိုင်း said...

အော်.....
ဝိုင်းပြီးစဉ်းစားပေးပါသေးတယ်..ဒါပေမဲ့..
ဂဏန်းက ဆယ်လုံးပေါ်နေတယ်...

ခင်တဲ့
သဒ္ဓါ

ငွေလမင်း said...

မြန်မာပြည်ကို ဖုံးဆက်ပြီးပြောမှာက ပေါက်ဂဏန်းထင်ထားတာ ပေါက်သွားလို့ရှိရင် နောက်ထပ်ဂဏန်းတောင်းမလို့ လက်စသတ်တော့ ဒီလိုလေး အဆုံးသတ်သွားတာကိုး ကောင်းတယ် ရေးထားတာလေး
တချို့တွေက အတိတ်စိမ်းကောက်မကောက်မသိဘူး
ဒါပေမဲ့ ပေါက်မှ ဖော်တဲ့ ပေါက်ဖော်တွေတော့ မြင်ဖူးပါတယ် :)

ညီမလေး said...

လူတွေဟာ အဲ့လိုပဲ....

Mg Mg Zaw Htet said...

ကျွန်တော်ကတော့ ဆရာမြစ် ပေးထားတာတွေ ထိုး
ကြည့်လိုက်အုံးမယ်။
ခင်မင်စွာဖြင့်

flowerpoem said...

ပေါက်ဂဏန်းရရင်ပေးပါနော် ကိုမြစ် :P

SHWE ZIN U said...

အခုမှ ဘော်ဘော်တွေ အားလုံး ဝါသနာပါမှန်းသိတော့ တယ်ဗျာ ကဲ အားလုံး အပိုင် ဆိုရင် ရွှေစင်ဦး လေးလည်း ချန်မထားနဲ့ အိမ်တိုင် ချွတ်ပေါင်လိုက်စမ်းမယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ကိုအောင်(ပျူနိုင်ငံ) said...

လွမ်းရတဲ့အထဲမှာ အဲဒီထီလည်း ပါတယ် ကိုမြစ်ကျိုးရေ ...း)

မောင်လေး said...

ဖတ်လို့ကောင်းတယ်ဗျာ...။အင်းးးဒိုင်ကလည်း ဒိုင်အတွေး၊
ထိုးသားကလည်း ထိုးသား အတွေးပေါ့လေ...။

sosegado said...

နှစ်လုံးထီက လှည့်ထုတ်တာမဟုတ်ဘူးလေ၊
ထွက်ခါနည်းတစ်နာရီ အလိုဆို ရှေ့ဂဏန်းမှန်းလို့ရတယ်၊
သူများပြောတာ၊းD

အုပ်ကြီး said...

စိတ်မထိန်းနိုင်ရင်
အတိတ်စိမ်းကိုအရင်းတည်ပြီး
အိပ်မက်အကြီးကြီးမက်ပစ်လိုက်တယ်ဗျာ...

ဆလူး said...

ဟင် (ဖတ်လို့သာ ဆုံးသွားတယ် နားမလည်လိုက်) ဒါနဲ့ ကွန်မန့်တွေ ဖတ်ပြန်တော့လဲ ယောင်ဝါးဝါး အဲလိုကြီး မလုပ်နဲ့ဗျာာာ များ ကို ရှင်း ဦး
များက တဲ့မှ ကြိုက်တာ တွတ်တွေ တွက် တွေမသိဘူးနော်
ဒါဗြဲ ကောက်သည် ကွေးသည်

busymozzee said...

ထင်တဲ့ အတိုင်း အဆုံးသတ်သွားတယ်... :P
ပေါက်ဖော်ကြီး မြှစ်မြှစ်..
မြှစ်မြှစ်ကြီးပေါက်ဖော်...

သော်ဇင်စိုး said...

ကိုမြစ်ရေ.. တကယ်အိပ်မက်မက်ရင်တော့ သံချောင်းလေးတော့ခေါက်နော်.. ရှိုမထားကြေး.. ဒီမှာလည်း လေးလုံးတွေ ခေတ်စားတယ်.. ဟိဟိ..

မြစ်ကျိုးအင်း said...

ဆလူးး>>>
လူတွေမှာရှိတဲ့ အမှောင်ဖုံးစေတဲ့လောဘဇောနဲ့ ကိုယ့်ပိုက်ဆံတော့ ထိမှာ ကြောက်တတ်တဲ့ သဘောကို ရေးထားတာကွဲ့။
မပေါ်လွင်တာတော့ ရေးတာညံ့လို့ပဲနေမယ်။

ရွှေရတုမှတ်တမ်း said...

မျှစ်ရဲ့ လှည့်ကွက်လေးကကောင်းပါ့..

khin oo may said...

စိတ်ဝင်စားစရာဘဲ။

ဂျစ်တူး ( မုံရွာ ) said...
This comment has been removed by the author.
ဂျစ်တူး ( မုံရွာ ) said...

ဇတ်ဆရာရေ---
မင်္ဂလာပါခင်ဗျာ-ကျန်းမာပါစေ
ဇတ်ဆရာရေအတိတ်စိမ်းကတော့တွေးဖို့ မမှီဘူးဗျို့ 
တကယ့်ကိုဘက်စုံတော်ပါပေတယ်-
လေးစားလျက်ပါဗျာ

ဂျစ်တူး ( မုံရွာ ) said...

ဒါနဲ့ ဇတ်ဆရာရေ
ကျနော်တို့ အငြိမ့်ကလေးဘာကလေးမကရတော့ဘူးလားဗျာ
သီတင်းကျွတ်မီးထွန်းသွားလည်းမကရပေမဲ့ 
တန်ဆော်ငတိုင်မီးထွန်းပွဲတော်ကိုတော့ဖြင့်ကရမလားမသိ-

An Asian Tour Operator said...

၁ လုံး၊ ၂ လုံး၊ ၃ လုံး တော်တော် နှိပ်စက်တယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖြစ်ရပ်မှန်လားဗျို့...
လူတွေရဲ့ လောဘစရိုက်ကို ရေးဖွဲ့ထားတာမို့ ဖတ်ရတာ ကွက်ကွက်ကွင်းကွင်း ရှိပါတယ်။
စာဖတ်သူတွေကို အတိတ်စိမ်းများ ပေးနေတာလား မသိ
ပုံထဲက ဂဏန်း၁၀ကွက်ကို ဒီတပတ် အောလိုက်ရမယ်ထင်တယ်း)
မပေါက်ရင် ပြန်လျော်နော။
ပေါက်ရင်မုန့်ကျွေးမယ်

ဖိုးကြယ် said...

အတိတ်ဖော် အသက်ရသနော် ကိုယ့်ဒိုင်ကိုပိတ် တစ်ပေါက်ထဲ ကြိတ်တွယ်လိုက် ပေါက်မှာသေခြာ အဲဒါကိုမြစ်အသက်ပါ :)
ဟုတ်မဟုတ်တော့မသိဘူး အတိတ်ဖော်ပေးခဲ့တယ် :)

ခင်တဲ့(ဖိုးကြယ်)

ဝက်ဝံလေး said...

ဟင့်အင်း ပါးပါး
ပါးပါးကလဲ မီး အကြောင်းသိရဲ့သားနဲ့ လူကောင်ထင်ပြတောင် အရိပ်မြင်ချင်မှ မြင်တဲ့ဟာကို
ရှင်းပြလို့ ကျေးဇူးပဲ
ချိတ်အချိုးနဲ့နော် လောလောဆယ် မီး ကောက်နေတယ် လူရွှင်တော်မလုပ်ရလို့ ဒါဗြဲ
နောက်တခေါက် ပြန်ဖတ်သွားတယ် တာ့တာ

လင်းမြကြည်ဖြူ said...

လူ့သဘောလူ့မနောကို မြင်သာစေတဲ့ ပိုစ့်လေးတစ်ပုဒ်ပါဘဲ။
ရေးတဲ့သူ အိုင်ဒီယာကောင်းလိုက်တာ
မထင်တဲ့ဘက်ကနေ လှည့်ထွက်သွားတယ်..
ပေးချင်တဲ့မက်ဆေ့လေး ရလိုက်ပါတယ်..

လသာည said...

ဇာတ်ဆရာရဲ့ အထာကို မသိတော့..ဘာများဖြစ်မလဲလို ကိုယ်ပါလိုက်ပြီး ဗျာများနေတာ..။
လှည့်တော့ လှည့်မှာပဲ တွေးပေမယ့်၊ ဒီလို အဆုံးသတ်မယ်လို့ တွေးမထားမိဘူး.. :D

သရုပ်ပေါ်လိုက်တဲ့ လူ့သဘာဝ...။ ဖတ်ရတာ ကောင်းမှကောင်း

mori said...

အတိတ်စိမ်းဆရာကို ဆက်သွယ်ချင်လို့ မေးလိပ်စာ သိပါရစေ...နောက်နေတာမဟုတ်ပါ...တကယ်ပြောနေတာပါ...

YoungGun said...

အဲဒါတွေကြောင့် လာဖတ်တာ။ ဘယ့်နှယ် .. သူများတွေ ထင်ထားတာက တမျိုး၊ ဇာတ်သိမ်းတော့ တမျိုးနဲ့.. လှည့်ကို လှည့်လွန်းတယ်။ .. အံ့ရော . ကိုယ့်လူရယ် စာရေးစားသင့်နေပါပြီ။

Anonymous said...

ဒီဝတ္ထုကို လမကုန်ခင် လာဖတ်မိရင် ပုံထဲက ဂဏန်းတွေ အတိုင်း လိုက်ပြီးထိုးပါတယ်. အတိတ်စိမ်းရတယ်ဆိုပြီးလေ...
ကိုမြစ်က ဒီလို ၀တ္ထုတွေလည်းရတယ်နော်.. ဘက်စုံတော်တယ်..
အားပေးလျှက်ပါ.. စာတွေ အများကြီး ရေးနိုင်ပါစေ..

ပန်းနုနှင်းဆီ

Anonymous said...

လှည့်ကွက်လေး သဘောကျတယ်
မကြာခန စာလာဖတ်ဖြစ်ပေမဲ့ ခုမှ မှတ်ချက်ရေးဖြစ်တာ
ဒီဝတ္ထုလေး သဘောကျလို့

အောင်ကျော်သူ

အင်ကြင်းသန့် said...

လူ့စိတ်သဘောကို ကွက်ကနဲကွင်းကနဲတွေ့လိုက်ရတယ်။ :)

Anonymous said...

သူ့ပိုက်ဆံပေးရမှာကျတော့ ကြောက်သား
လူ့သရုပ်ကို ဖော်ကျူးထားတာလေး ကြိုက်တယ်ရှင်
နောက်များလဲ လာခဲ့ပါဦးမယ်

 

Posts Comments

©2006-2010 ·TNB