ကျွန်တော်အပါအဝင် နိင်ငံရပ်ခြားကို ရောက်နေသူတိုင်း ရောက်ရှိသည့် နိင်ငံအနေအထားကိုကြည့်၍ ကိုယ့်နိင်ငံအတွက် အားမလို အားမရဖြစ်ကြမြဲဖြစ်သည်။ ကိုယ့်မြန်မာနိင်ငံလောက် သယံဇာတ မထွက်ရှိ နေရာအကျယ်အဝန်း သေးသေးလေးပေါ်တွင် တည်ရှိလျှက်နှင့် ချမ်းသာကြွယ်ဝ ခေတ်မှီသည့် အနေအထားထိ ရောက်အောင် သူတို့နိင်ငံအစိုးရများက ကြိုးစားနိင်ကြသည်။ ကိုယ့်နိင်ငံက သယံဇာတပေါင်း မြောက်မြားစွာ ပိုင်ဆိုင်လျှက်နှင့် ဘာကြောင့် ကျွန်တော်တို့က မိဝေးဖဝေး၊ မိသားစုအဝေး ၊ ချစ်သူခင်သူများ အဝေးကို လာပြီး အချိန်တွေ ကုန်ရတာလည်းဟု အခါခါ တွေးမိသည်။ အဖြေက ရှင်းရှင်းလေး ဖြစ်လျှက်နှင့် ကျွန်တော်တို့ရဲ့ ကံပါပဲဟု ဖြေတွေး တွေးပေးခဲ့သည်။
မြန်မာလူမျိုးဆိုသည်မှာ ခွင့်လွှတ်လွယ် ကျေအေးလွယ် မေ့ပျောက်လွယ်သည့် လူမျိုးဖြစ်သည်။ ပင်ကိုယ် စိတ်သဘောထားနုညံ့သလို နားလည်ပေးတတ် ဖြည့်တွေးပေးတတ်ကြသည့် လူမျိုးလည်းဖြစ်သည်။ အဆိုးနှင့်ကြုံလျှင်တောင် ကိုယ့်ကံကြောင့် သည်လိုကြုံရလေခြင်းဟုသာ ဖြေတွေးတွေးလေ့လည်း ရှိကြသည်မှာ ကျွန်တော် ကိုယ်တိုင်အပါအဝင်ဖြစ်သည်။
ပိုင်ဆိုင်သမျှ မြေပေါ်မြေအောက် သံယဇာတွေကို လူမိုက်ဈေးရောင်းနည်းနှင့် ရောင်းနေခဲ့တာတောင် ကိုယ့်ဘဝ ကိုယ်အကြောင်းဟုသာ တွေး၍ မျက်ကွယ်ပြုခဲ့သည်။ မချိသော်လည်း မသိအောင်သာ နေနေခဲ့သည်။ သို့သော် ဘယ်လိုမှ မျက်ကွယ်ပြုလို့ မရသည့် အဖြစ် ၊ မေ့ထား၍ မရသည့် ရောင်းချမှုတစ်ခုကို ထပ်တိုးကာ လုပ်ဆောင်လာကြပြန်သည်။ မြန်မာနိင်ငံ၏ အသက်သွေးကြော၊ မြန်မာလူမျိုးတို့၏ ဂုဏ်ယူဖွယ်ရာ ပြယုဂ်၊ တနိင်ငံလုံး၏ အလေးအနက်ထားရာ ဧရာဝတီမြစ်ကြီး၏ လွတ်လပ်စွာ စီးဆင်းခွင့်ကို သတ်ပြစ်ဖို့အထိ လုပ်ဆောင်လာကြသည့်အခါမှာတော့ ကျွန်တော်ကိုယ်တိုင် ဖြေတွေးလည်း မတွေးပေးနိင် ၊ နားလည်ခွင့်မလွှတ်ပေးနိင်တော့ပါ။ ဒါက အမျိုးသားရေးလက္ခဏာဖြစ်သည်။ ပြန်လည်အစားထိုးမရသည့် အကြီးမားဆုံး ဆုံးရှုံးမှုလည်းဖြစ်သည်။ ကိုယ့်လက်ထက်ရောက်မှ သမိုင်းရိုင်းရလေခြင်းဟု ဘဝ၏ နောက်ဆုံးအချိန်ထိ ဝမ်းနည်းရမည့် အဖြစ်လည်းဖြစ်သည်။
တပါးသူနိင်ငံတောက်ပ လင်းလက် ဖို့အတွက် ကိုယ့်နိင်ငံ၏ အရှက်တရား ၊ သိက္ခာတရားနှင့် နိင်ငံသမိုင်းကို ချနင်းကာ စတေးဝံ့သူတို့ကို ကျွန်တော် အံ့သြမဆုံးတော့ပါ။ အမိဧရာဝတီမြစ်ကြီးအတွက် ကျွန်တော်၏ ရပ်တည်ချက်နှင့် ခံယူချက်ချက်က ရှင်းရှင်းလေးပါပဲ။ အိပ်မောကျနေချိန် လာနှိုးပြီးမေးလျှင်တောင် သွေးပွက်ပွက်ဆူကာ ပြန်ဖြေမည့် အဖြေကတော့
“ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”
~~~~~~~~~~~~~~~~~~~~~~~~~~~
မြန်မာလူမျိုးတိုင်း လက်တွဲညီညီဖြင့် အမိဧရာဝတီကို ကာကွယ်ကြပါစို့။
37 comments:
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”
မောင်ဘကြိုင်လည်း မြစ်ဆုံးစီမံကိန်းကို လုံးဝကန့်ကွက်တယ်ဗျာ လုံးဝလုံးဝကန့်ကွက်ပါတယ်
မောင်ဘကြိုင်
ဟုတ်တယ် အစ်ကို...
လက်တွဲညီညီနဲ့ ကန့် ကွက်ကြစို့ ...
အားလုံးညီညွတ်စွာကန့်ကွက်ကြပါစို့ဗျား
ညီညွတ်စွာ ကန့်ကွက်ကြပါစို့။
ကိုမြစ်ရေ...
“ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါတယ် ခင်ဗျာ.."
ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
ကိုယ့်လက်ထဲရောက်မှ သမိုင်းရိုင်းရရင်တော့ ကိုယ်တွေညံ့လို့ဖြစ်သွားလိမ့်မယ်။
အားလုံး ညီညွတ်စွာကန့်ကွက်ကြပါစို့
မဟာတံတိုင်း နောက်ကလူတွေကြားစေသော
ကန့်ကွက်ပါသည် ကန့်ကွက်ပါသည် ကန့်ကွက်ပါသည်
မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်....။
ဧရာဝတီကိုချစ်တဲ့
မိုးငွေ့
ဒါတို့မြစ်... ဒါတို့မြစ်... တို့အားလုံးရဲ့ ဧရာဝတီမြစ်....
ဒို့နှလုံးသား အသက်ထပ်တူညီ ချစ်လို့ ကာကွယ်ကြမည်။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။
ကိုမြစ်ကျိုး နဲ့ အတူ
ကန့်ကွက်ပါသည်
ကျေးဇူး
ရွှေစင်ဦး
ဧရာဝတီ ပျောက်မှာ စိုးကြောက်မိပါသည်.
အမိဧရာဝတီ ထာဝရ တည်ရှိစေချင်ပါသည်..
အမြဲတမ်း ဖြေတွေး တွေးတတ်ခဲ့တယ် ဖြည့်ပြီးလဲ တွေးပေးခဲ့တယ် ကိုမျှစ်ရေ....
အခုတခါတော့ ဘယ်လိုတွေးတွေး ဖြေမဆည်နိုင်လို့
လုံးဝ ...လုံးဝ...လုံးဝ...ကန့်ကွက်ပါတယ်
ခင်မင်စွာဖြင့်
seesein
ကိုမြစ်နဲ့ထပ်တူပါပဲ. ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို လုံးဝလုံးဝ ကန့်ကွက်ပါသည်။ အားလုံးသာ လက်တွဲညီခဲ့မယ်ဆိုရင် ဧရာဝတီမြစ်ကြီးကို ကာကွယ်နိုင်မယ်လို့ ယုံကြည်မိတယ်။
ခင်မင်လျက်
သဒ္ဓါ
အမိမြန်မာပြည်နဲ့ဧရာဝတီကိုချစ်မြတ်နိုးကြသူတိုင်း တသွေးတည်း တသံတည်း ကန့်ကွက်နေကြတာကိုတောင်
နားမလည်ကြတဲ့ ငမိုက်သားများရဲ့ ဇာတ်သိမ်း ကံကြမ္မာလည်း ကောင်းကြမှာမဟုတ်ပါဘူး ဆရာမြစ်ရေ..
သွေးပွက်ပွက်ဆူရင်းနဲ့ ကန့်ကွက်လိုက်တယ်
“ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းအား လုံးဝ ကန့်ကွက်ပါသည် ။ ”...
မကိ
ဒီတခါတော့ တကယ်ကိုဖြည့်မတွေးနိုင်တော့တာပါ။ အရင်ကဖြည့်တွေးခဲ့ရတာတွေအားလုံးအတွက် ဒီတခါတော့ အကြွင်းမဲ့ ကန့်ကွက်ပါတယ်။
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဒကာတော် ကိုမြစ်ကျိုးအင်းရေ ဘုန်းဘုန်းတောက်လည်း လုံးဝလုံးဝ ကန့်ကွက်ကြောင်းခင်ဗျာ။
ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်းကို ချယ်ရီမြေလဲ လုံးဝကန့်ကွက်လိုက်ပါတယ် ကိုမြစ်ကျိုးအင်းရေ..
ဧရာဝတီ ထာဝစဉ်စီးဆင်းနိုင်ပါစေ..
ချမ်းမြေ့ပါစေ
ချယ်ရီမြေ
ဦးမြစ်ရေ ထပ်တူထပ်မျှပါဘဲနော်..
“ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”
ဆရာမြစ်။ သူကြီးမင်းလဲ အတူတူဘဲနော်။ ကန့်ကွက်တယ်။
ခင်မင်လျှက်
တသဘောတည်း ထပ်တူပါပဲ ကိုမြစ်ကျိုးရေ..၊ ကျနော်လည်း မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက် ပါတယ်...။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။
မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့် ကွက်ပါသည်။ ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ။
ကာင်းကျိုးထက် ဆိုးကျိုးကိုဖြစ်စေမည့် အရာမှန် သမျှကန့်ကွက်ပါတယ်ကိုမြစ်ရေ။ နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်း စွာဖြင့် စီး ဆင်းနိုင်ပါစေသား။
မေတ္တာဖြင့်
အန်တီတင့်
ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်
ကိုမြစ်နဲ့ထပ်တူ ကန့်ကွက်ပါသည်။
ဒါကြီးကို ရောင်းစားရက်တာတော့ အံ့တယ်ဗျာ...
ကျနော်လည်း မြစ်ဆုံ စီမံကိန်းကို လာရောက် ကန့်ကွက်သွားပါသည်။
တိုင်းချစ်ပြည်ချစ်တွေကိုလေးစားပြီး၊
တိုင်းပြေကိုလက်ညိုးထိုးရောင်းစားသူများအားရွံရှာစွာရှူံ့ချပါတယ်
ငါတို့မြစ်ကိုလာမခိုးနဲ့
ဧရာဝတီ ထာဝရတည်တံ့ပါစေလို့ပဲ ဆုတောင်း ရတော့မှာပေါ့ ဦးမြစ်ရေ။
မအားလို့ မရေးလိုက်နိုင်ပေမဲ့ အခုလို ရေးထားတာတွေကို မြင်မိတော့ အားရ အားကျပါတယ်ကွာ။
မြစ်ဆုံ စီမံကိန်းကို ကန့်ကွက် ရှုတ်ချပါ၏။
ဧရာဝတီ သဘာဝအတိုင်း စီးမြဲစီးပါစေ။ မြစ်ဆုံစီမံကိန်းကို လုံးဝ (လုံးဝ) ကန့်ကွက်ပါသည်။
ဧရာဝတီကို လွတ်လပ်ခွင့်ပေးပါ...။
ဒီမြေမှာနေ ဒီရေကိုသောက်ပြီး
ဧရာဝတီကို ကျေးစွပ်နေကြတာ ရင်နာတယ်..။
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ခြင်းကို ထပ်ဆင့် ထောက်ခံပါတယ်..။
ထပ်တူထပ်မျှပါပဲ ကိုမြစ်ရေ.....
ရင်ဘတ်ချင်း ဂျတ်ပင် ထိုးကြပါစို့ လားဗျာ။
ရင်ထဲ အသည်းထဲက လှိုက်လှိုက်လှဲလှဲဆန္ဒပြုပါတယ်...
မတရားမှုတွေကျဆုံးပါစေဗျာ.....
ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။” Chit Kyi Aye
Sorry Mg pai, I posted using my phone :)
Post a Comment