အသုံးချခံ

22 November 2009



သိပ်မကြာခင်က  ခိုငှက်လေးတွေအပေါ် အသုံးချစေခိုင်းပုံကို တဏှာဇောလို့ နာမည်ပေးပြီး စာတပုဒ် တင်ခဲ့ဖူးပါတယ်။ ခိုတွေကို အသုံးချတဲ့ နောက်ထပ် နည်းလမ်းတွေကို blog မှာ ရေးဖူးတာကို သတိရပြီး ဖဘ ပေါ်က မိတ်ဆွေတွေအတွက် ပြန်ရှဲချင်ပါတယ်။ 

လူတွေနဲ့ နီးနီးနားနားမှာနေပြီး လေ့ကျင့်စေခိုင်းလို့ရတဲ့ ငှက်တွေထဲမှာ ခို ငှက်လည်းပါဝင်ပါတယ်။ ခို တွေရဲ့ အဓိက စွမ်းဆောင်ရည်က အိမ်ကို တန်းတန်းမတ်မတ် ပြန်လာတတ်တဲ့ မှတ်ဥာဏ်စွမ်းရည်ပါ။ ဒါကြောင့်လည်း ဟိုးယခင်ကတည်းက ခိုတွေရဲ့ မှတ်ဥာဏ်ကို  လူတွေက သူတို့အကျိုးစီးပွါး အတွက် အမျိုးမျိုး အသုံးချခဲ့ကြတယ်။ လေ့ကျင့်ထားတဲ့ ငှက်တွေကို အသုံးချတဲ့နေရာမှာတော့ ခို တွေက ပိုပြီး အသုံးချခံရမယ်လို့ ကျနော်ထင်မိတယ်။ ခို ဆိုတာနဲ့ မြင်မိတာက စာပို့ခို ဆိုပြီး အဓိက မြင်မိကြမှာပါ။

တကယ်ဆိုရင် စာပို့ ဆက်သွယ်ရေးမှာ အသုံးချခဲ့တဲ့ ခိုတွေအနေနဲ့ အခုလို အင်တာနက်ခေတ်မှာ အသုံးမဝင်လောက် တော့ဘူးလို့ ထင်စရာပါပဲ။ သုံးရင်လည်း တချို့နေရာတွေအတွက်လောက်ပဲပေါ့လေ။ ဒီလိုပဲ ထင်မိကြမှာပါ။ တကယ်တော့ မဟုတ်ပါဘူး။ ခိုတွေကို အခုချိန်ထိ ကောင်ရေ ထောင်ချီပြီး သုံးနေတဲ့ နေရာရှိနေပါတယ်။ ဒါပေမယ့် အခုသုံးနေတာက စာပို့ဖို့ ဆက်သွယ်ဖို့ မဟုတ်ပါဘူး။ လောင်းကြေး သန်းချီတဲ့ ပြိုင်ပွဲတွေမှာ သုံးတာပါ။ နောက်ပြီး ကိုယ့်ရဲ့ ဘုန်းကံ ဘယ်လောက်အထိ ရှိသလဲဆိုပြီး စမ်းသပ်ကြတဲ့ နေရာမှာ သုံးပါတယ်။ ကမ္ဘာပေါ်မှာ ဒီလို အသုံးချတာ တခြားနိင်ငံတွေမှာ ရှိတာကို (ကျနော်)မကြားဖူးပေမယ့် Taiwan မှာတော့ ခိုလွှတ် ပြိုင်ပွဲတွေ တိတ်တဆိတ် ကျင်းပကြတာကို သိရပါတယ်။

ထိုင်ဝမ်မှာရှိတဲ့ တချို့သူဌေးတွေရဲ့စွဲစွဲလမ်းလမ်း ၀ါသနာကတော့ လောင်းကြေးငွေ သန်းပေါင်းများစွာ ထပ်ပြီး ခိုလွှတ်ပြိုင်ကြတာပါပဲ။ အဲ့ဒါအပြင် လွှတ်တော်အတွက် အမတ်နေရာတွေ ရွေးခါနီးတွေမှာလည်း ကိုယ့်ရဲ့ ဘုန်းတန်ခိုးကို စမ်းသပ်ကြတယ်။  တနည်းအားဖြင့် ကံတရား ဘယ်လောက်အထိ ရှိနိင်သလဲ ဆိုတာကို ခိုလွှတ်ပြီး စမ်းသပ်ကြတယ်။ သူတို့ရဲ့ ငွေကြေးသန်းပေါင်းများစွာ ထပ်ထားတဲ့  လောင်ကစားတဲ့ပုံစံကဒီလိုပါ။ လောင်းကစားလုပ်မယ့် သူဌေး လေး ငါး ယောက်စုပြီး တစ်ဦးကို ခိုပေါင်း သုံးထောင်ဆိုသုံးထောင် လေးထောင်ဆိုလေးထောင် အကောင်ရေ သတ်မှတ်ပြီး ကိုယ့်အတွက် သတ်မှတ်ထားတဲ့ ကွန်တိန်နာထဲကို အဲဒီခိုတွေကို ထည့်ပါတယ်။ အဲဒီလိုနဲ့ သူဌေးငါးဦးစာ ကွန်တိန်နာ ငါးလုံးကို သဘောင်္နဲ့တင်ပြီး ပင်လယ်ထဲကို ထွက်ခွါပါတယ်။ အဲဒီသဘောင်္ပေါ်မှာ သူဌေးတွေကိုယ်တိုင်ဖြစ်ဖြစ် ကိုယ်စားလှယ်ဖြစ်ဖြစ် လိုက်ပါသွားလေ့ရှိတယ်။ အဲဒီသဘောင်္က ဖိလစ်ပိုင်နားက လူဇုံး ဆိုတဲ့ ဆိပ်ကမ်းအနီး ပင်လယ်ထဲရောက်ရင် ကွန်တိန်နာတွေကို တပြိုင်ထဲ ဖွင့်ပေးလိုက်ပါတယ်။

တံခါးဖွင့်ပေးလိုက်တာနဲ့ ကွန်တိန်နာထဲက ခိုတွေထွက်လာပြီး Taiwan ကို ပျံလာကြပါတယ်။ စုရပ်အဖြစ် လေ့ကျင့်ပေးထားတဲ့ နေရာကိုပြန်ရောက်လာတဲ့ခိုတွေကို ဒီဘက်မှာ စောင့်နေတဲ့သူတွေက စာရင်း လုပ်ပါတယ်။ ခိုတွေရဲ့ ခြေထောက်မှာ သူ့ပိုင်ရှင်သူဌေးနဲ့ ပါတ်သတ်တဲ့ အမှတ်အသား တခုခု ရှိပါတယ်။ ဥပမာ ကုဒ်(code) နံပါတ်တွေပါတဲ့ စာရွက်လေးတွေ ကပ်ပေးထားတာမျိုးပေါ့။ ရောက်လာတဲ့ ခိုရဲ့ ခြေထောက်က ကုတ် နံပါတ် ကို ကွန်ပြူတာနဲ့စစ်ပြီး အတုအစစ်ခွဲပြီး အရေအတွက် သတ်မှတ်ပါတယ်။ အတုအစစ် ဆိုတာက သဘောင်္ပေါ်က မဟုတ်ဘဲ တနေရာရာကနေ ခိုအနည်းငယ် ရောလွှတ်မှာ စိုးတာကြောင့်လို့ ထင်ပါတယ်။ ဘာကြာင့်ဆိုတော့ ခိုပေါင်း သုံးထောင်လွှတ်ပေမယ့် သုံးထောင်လုံး ပြန်မရောက်နိင်ပါဘူး...။ ရာသီဥတု ဆိုးရွားတာပဲဖြစ်ဖြစ် နာမကျန်းလို့ပဲဖြစ်ဖြစ် ခိုတွေကို ထိုးသုတ်မယ့် စွန်တွေ သိန်းငှက်တွေကြောင့်ပဲဖြစ်ဖြစ် လမ်းခရီးမှာ လျော့နည်းသွားတတ်ပါတယ်။ ဒါကြောင့် တနေရာရာကနေ ခိုအနည်းငယ် ရောလွှတ်လိုက်ရင်လည်း သိဖို့မလွယ်တာကြောင့် code နံပါတ်တွေနဲ့ စစ်ကြတာပေါ့။

အဲဒီလိုနဲ့ သတ်မှတ်ချိန် ပြည့်တဲ့အခါ ပြန်ရောက်လာတဲ့ ခိုတွေကို အကောင်ရေ ရေတွက် ပါတယ်။ ဘယ်သူဌေး ပိုင်တဲ့ခိုက ဘယ်နှစ်ကောင် ပြန်ရောက်လာတယ်ဆိုပြီး အကောင်အများဆုံး ပြန်ရောက်လာတဲ့ ခိုပိုင်ရှင်သူဌေးက အဲဒီလောင်းကစားပွဲကို အနိင်ရပါတယ်။ အဲဒီခိုတွေကိုလည်း တရာသီလုံး လေ့ကျင့်ပေးထားကြတယ်။ တချို့လေးထပ်တိုက်တွေရဲ့ အပေါ်ဆုံးမှာ ခိုအိမ်ကို အကြီးကြီးဆောက်ပြီး ညနေတိုင်း လေ့ကျင့်ကြတာတွေကို မကြာမကြာတွေ့ရပါတယ်။  ငွေကြေးလောင်းကစားအတွက်  ခိုလွှတ်ပြိုင်ကြသလို နောက်ထပ် ခိုကောင်ရေ ထောင်ချီလွှတ်တာလည်း ရှိပါသေးတယ်။

ဒီတခါက  အမတ်လောင်းတွေ လွှတ်ကြတာပါ။ အမတ်ရွေးခါနီးကာလမှာ ကိုယ့်ရဲ့ကံကို ခိုလွှတ်ပြီး စမ်းသပ်ကြတယ်။  စမ်းပုံက လောင်းကစားနည်းအတိုင်းပါပဲ။ ဥပမာ ခို ကောင်ရေ သုံးထောင်လွှတ်လို့ ချောချောမောမော ပြန်ရောက်လာတဲ့ ရာခိုင်နှုန်းကို ကြည့်ပြီး  ကံကောင်းတယ် မကောင်းဘူး သတ်မှတ်တတ်ကြတယ်။

Taiwan က ခိုတွေလေ့ကျင့်ပုံကို သေသေချာချာ မသိပေမယ့် မြန်မာပြည်မှာ စာပို့ဆက်သွယ်ရေးအတွက် ခိုတွေကို လေ့ကျင့်ပုံကိုတော့ ကြားဖူးထားတာလေး ရှိပါတယ်။ အဲဒီအကြောင်းကို တဏှာဇော ဆိုပြီး ရေးခဲ့ဖူးပါတယ်။ အတိုချုပ်ပြောရရင်တော့ စာပို့ခိုကို အဖိုအမ နှစ်ကောင် အတူတွဲထားလေ့ရှိပါတယ်။ ခိုတစ်ကောင် ခရီးထွက်ခါနီး ရောက်တဲ့အခါ အဲဒီခိုအဖိုကိုထုတ်ပြီး လှောင်အိမ်ထဲကို နောက်အဖိုတကောင်ကို ထည့်ပါတယ်။ ဒီတော့ လှောင်အိမ်ထဲ ရောက်လာတဲ့ ခိုအဖိုက အထဲက ခို မ ကို ရစ်ပါတယ်။  ကပ်ပါတယ်။ အဲဒီမှာ အပြင်ရောက်သွားတဲ့အဖိုက နေမထိထိုင်မသာဖြစ်ပြီး ယောက်ယက်ခတ် နေတော့တာပါပဲ။ စဉ်းစားကြည့်ရင် စိတ်မကောင်းစရာပါ။ ကိုယ့်ဇနီး ချစ်သူကို နောက်တကောင်က ကိုယ့်ရှေ့မှာ အရစ်ခံနေရ အကပ်ခံနေရတဲ့ မြင်ကွင်းကို လှောင်အိမ်အပြင်ကနေ ကြည့်နေရတဲ့ ဘဝမျိုးပေါ့။

ဒီတော့ ယောက်ယက်ခတ်တဲ့ စိတ်နဲ့ လှောင်အိမ်ကို ပတ်ပြေးနေရရှာတယ်။ အရူးတပိုင်းဖြစ်တာ သေချာသွားပြီဆိုရင် သူ့ကိုလှောင်အိမ်ထဲ ပြန်ထည့်ပေးပါတယ်။ ဒီလိုမျိုးဆို ခိုအထီးက သဘောပေါက်သွားပြီ။ သူခရီးက ပြန်မလာရင် သူ့နဲ့အတူနေတဲ့ ခိုအမကို နောက်အထီး တကောင်နဲ့ အတူတူနေခိုင်းမယ်ဆိုတဲ့ သဘောကိုမြင်အောင် လေ့ကျင့်တာပါ။ ဒါကြောင့် အဲဒီလို လေ့ကျင့်ခံထားရတဲ့ ခိုတွေလည်း ရောက်တဲ့နေရာကနေ အိမ်ကို ပြန်လာကြရတာပါပဲ။ ဒါကစွဲလမ်းခြင်း တဏှာနဲ့ ချုပ်ကိုင်စေခိုင်း တဲ့ပုံစံပါ။

နောက်တနည်းကတော့ အစားအစာနဲ့ ထိန်းချုပ်ထားပုံပါပဲ။ သိပ်ထွေထွေထူးထူး ကျွေးရတာမျိုးတော့ မဟုတ် ပါဘူး။ ခိုတွေ နေ့စဉ်သောက်တဲ့ ရေထဲကို ဇီးဖြူသီးထောင်းပြီး နေ့စဉ်ထည့်တိုက်တာမျိုးပါ။ ဇီးဖြူသီး ထောင်း ထားတဲ့အရည်အရသာ ဖန်သလိုလို ချိုသလိုလို အရသာကို ခိုတွေက သိပ်ကြိုက်ပါတယ်။ အဲဒီအရည်ကို ခိုတွေ စွဲစွဲ လန်းလန်းသောက်နေပြီး ရိုးရိုးရေ တိုက်လို့ မသောက်ကြတော့တဲ့ အချိန်ရောက်ရင် စာပို့ခိုတွေ အဖြစ် ခိုင်းစေလို့ ရပါပြီ။ ဘယ်နေရာရောက်ရောက် ခိုတွေက ရေငတ်နေချိန်  ရိုးရိုးရေသောက်ရင် သူတို့ အာသာ မပြေပါဘူး။ သူတို့သောက်နေကြ ဇီးဖြူသီးထောင်းပြီး ထည့်တိုက်ထားတဲ့ရေကိုပဲ သောက်ချင်ကြတော့ ရောက်ရာနေရာကနေ အိမ်ကိုပြန်လာကြရတယ်။

နောက်တနည်းကတော့ ကမ္ဘာစစ်အတွင်းကသုံးခဲ့တဲ့ နည်းပါ။ ခိုတွေကို   ဘိန်း ကျွေးပြီး စွဲလမ်းစေပါတယ်။  ဒီနည်းကလည်း ဇီးဖြူသီးထောင်းရေ နည်းအတိုင်းပါပဲ။ ဒီလိုနည်းလမ်းပေါင်းစုံနဲ့ လူတွေရဲ့ အသုံးချခြင်းကို ခိုတွေက ခေတ်အဆက်ဆက် ခံခဲ့ကြရပါတယ်။ လူတွေရဲ့ ကြံဖန်တတ်တဲ့ ဥာဏ်ရည်ကိုပဲ ချီးကျူးရမလား၊ အသုံးချခံ သတ္တဝါလေးတွေကိုပဲ သနားရမလားတွေးတော့ စိတ်တွေက နိမ့်လိုက်မြင့်လိုက်ပါပဲ။


ခိုတွေက လေ့ကျင့်ထားတဲ့ စွဲလမ်းခြင်း တစ်ခုကြောင့် အိမ်ကိုရောက်အောင် ပြန်ကြတယ်။
ကျနော်တို့က သံယောဇဉ် ကြိုး ချည်ခံထားရတာတောင် အိမ်ကို မပြန်နိင်ကြသေးဘူး။
ဒီစာအဆုံးမှာ အဲဒီလို ဆက်တွေး လိုက် မိပါတယ်။
(ကိုသုနြေ္ဒ နဲ့ ညောင်းရမ်း ပြောပြတဲ့ ဗဟုသုတလေးပါ)

။.............................................................................။

41 comments:

Anonymous said...

တစ်...တစ် ....တစ်
ဟားဟားဟား........ငါကွ ...
ဘယ်ရမလဲ .ဆိတ်ရူးလည်း ဘာတတ်နိုင်သေးလဲ
ဝက်ရူးကော ဘာလုပ်မလဲနော် ...
ချစ်သည်းကိုတော့ လွမ်းနေတယ် ..
ဆိုင်ဘူးလား သိဘူးနော်. ဟိ

Anonymous said...

ဟိ...နှစ်လည်း ရတာဘဲနော်
ဒီ တစ်ခါ က စာပြန်လာဖတ်တာ ..
ခုဏတုန်းက ရေးချင်တာ ရေးသွားတာ
စာမဖတ်ရသေးလို့ ပြန်လာတာ ...
ဖတ်ပြီး အကိုရေ ...

နှင်းနဲ့မာယာ said...

ကိုမြစ်ရေ
ခိုတွေအကြောင်း အခုမှ သေသေချာချာ
သိခွင့်ရတယ်...
အထူးသဖြင့် လူတွေရဲ့ အကျိုးစီးပွားအတွက်
ခိုတွေကို အသုံးချနေတာကိုပေါ့...
ငှက်ကလေးတွေကို သနားမိတယ်..

ဒီဇာတ်လမ်းလေးကို ဖတ်ရတော့ မြိတ်မြို့ကိုလဲ သတိရသွားတယ်...
မြိတ်မှာနေခဲ့တုန်းကတော့
ဇီဝဇိုးငှက်တွေနေတဲ့ တိုက်အိမ်ကြီးဘေးမှာ နေခဲ့ဘူးတယ်.
ဇီဝဇီုးငှက်တွေ ညနေစောင်းချိန်မှာ အိမ်ပြန်လာတာကိုလဲ စောင့်ကြည့်ဘူးတယ်...
အဲဒီအိမ်ကြီးက မြိတ်မှာတော့ ငှက်သိုက်အိမ်ကြီးလို့ နာမည်ကြီးတယ်လေ...
မြိတ်မှာတော့ အဲလို လူမနေပဲ ငှက်သိုက်လုပ်ထားတဲ့ အိမ်တွေရှိတယ်..
ငှက်သိုက်စီးပွားရေးပေါ့...


နှင်း

flowerpoem said...

ခိုတွေအကြောင်းကို သေချာဖတ်သွားပါတယ်
ခုမှ သေချာသိတယ် ခိုတွေရဲ့ အသုံးခံဘ၀ကို

ဒဏ္ဍာရီ said...

ကိုမြစ်ကျိုးအင်းရေ .... ခိုလေးတွေကို အသုံချခံ အဖြစ်နဲ့ အပြည့်အစုံ တင်ပြထားတာလေးကို လာဖတ်သွားပါတယ်။ လူတွေရဲ့ စုံလင်လှတဲ့ အတွေးအခေါ် အယူအဆတွေ ကြားထဲမှာ ခိုလေးတွေကလည်း နည်းပေါင်းစုံနဲ့ အလုပ်အကျွေးပြုနေရတာပေါ့နော်။ မှတ်သားစရာပေါ့။

ခင်မင်လေးစားလျှက်

PAUK said...

ဒီလောင်းကစားပွဲက南部မှာ တော်တော် ခေတ်စားတယ်နော်..။။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က သူငယ်ချင်းက
ဒီကနေ လှမ်းပြီး လောင်းတာ..၅၀၀၀ အလျော်ရတယ်ပြောဖူးတယ်..
ဘယ်လောက်ဖိုး ထိုးလဲ တော့ မသိဘူး။။
သူ့ ရီစားကတော့ ခိုမွေးတာနဲ့ ရှိရှိသမျှတက်တက်ကိုပြောင်လို့။။
ခိုအိမ်တွေဆောက်ရတာလဲ ပိုက်ဆံကုန်တယ်..။
ဂရုစိုက်ရတာက ပိုသေးတယ်။။
စကားမစပ်..
ဂျစ်တူးလေးဖုန်း ဆက်တာ မရဘူးရော..။။

သူကြီးမင်း (တုံးဖလား) said...

ကိုမြစ်ကျိုးစာဖတ်ရင်း တစ်ခုကို ပြေးမြင်ယောင်မိတယ်။
ကျနော်တို့ရွာထဲက ကောင်လေးတစ်ယောက် တောထဲမှာ ငှက်တစ်ကောင်ကို(ခိုမဟုတ်ပါ) လေးခွနှင့်ပစ်ချပြီး ယူလာတယ်။ အိမ်ပြန်ရောက်တော့ ငှက်ခြေထောက်တစ်ဘက်မှာ ငွေသတ္တုနှင့်အသေစွဲထားတဲ့ တံဆိပ်ဆုံးလိုလိုပုံစံလေးတွေ့ရတယ်။ သူတို့က ထူးဆန်းလို့ဆိုပြီး သိမ်းထားတယ်။ ငှက်ကလေးကိုတော့ အသေပစ်ချလိုက်တာဆိုတော့ သူတို့ စားလိုက်ကြပါပြီ။ ကျနော်လဲ ရွာကိုခဏပြန်တဲ့အခါ အဲဒီတံဆိပ်တုံးက စာလေးတွေကို ဖတ်ပေးပါလို့ အကူအညီလာတောင်းလို့ သေချာကြည့်လိုက်တယ်။ စာတွေက တရုတ်စာဖြစ်နေတယ်။ ဂဏန်းလေးတွေကတော့ အင်္ဂလိပ်ဂဏန်းလေးပါဘဲ။ သေးသေးလေးရေးထားတော့ မှန်ဘီလူးနှင့်ဖတ်ယူရတယ်။
ကလေးတွေကတော့ ရတနာတစ်ခုခုလို့ယူဆပြီး သိမ်းထားကြတယ်။ ဒါနဲ့ ကျနော်ကလဲပြောခဲ့ပါတယ် ပိုင်ရှင်တစ်ယောက်ယောက်ဆီက လွတ်မြောက်လာတဲ့ငှက်ဖြစ်ရင်ဖြစ်မယ်။ ဒါမှမဟုတ် ပိုင်ရှင်က မွေးနေ့လိုပွဲတွေမှာ ဘေးမဲ့လွတ်ပေးခဲ့တာလဲ ဖြစ်နိုင်တယ်လို့ ရှင်းပြခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီကောင်လေးနှင့်သူ့မိဘတွေကတော့ ရွာကို လာတဲ့သူတိုင်းကို အဲဒီငွေတုံးသေးသေးလေးကို ပြပြနေကြလေရဲ့ ။

Ree Noe Mann said...

သယ်ရင်းရေ

သယ်ရင်းလည်း ကိုယ့်ရဲ့ စာအရေးအသားကောင်းတဲ့

လူစရင်းထဲကိုပါသွား တာ စိတ်မကောင်းပါဘူး။

မသိရသေးတာလေတွေ သိလိုက်ရလို့ ကျေးဇူးပါသယ်ရင်းရေ။

ခင်တဲ့ ရီနို

ဂျပန်ကောင်လေး said...

အဲ..လူတွေကနော်. ခိုင်းနိုင်လောက်တဲ့ နည်းလမ်းတွေ ရှာဖွေပြီးတော့ကိုခိုင်းတော့တာပါပဲလား......

မင်္ဂလာပါ .... said...

ဗဟုသုတနောက်တစ်မျိုးရသွားပြန်ပြီ အစ်ကို ... အသုံးချခံ ပို့စ်လေးနဲ့အတူ ခိုလေးတွေအပေါ်မှာ စာနာသနားမိတယ် ....။
ခင်မင်လေးစားလျှက်
နှင်းဟေမာ

မိုးမောင် said...

(သင်္ကြန်ဒိုးဖြင့် ဖတ်ရန်)
ပတ်ပေပို့~ပတ်ပေ~~ ((ဂျိ))~~((ဂျိ))~~
အရေးအသားက~~~ ကောင်းပြီးသားကို~~~
အရေးအသားက~~~ ကောင်းပြီးသားကို~~~
အပြင်အဆင်လေးပါ ထပ်လှနေတော့~~~~
အပြင်အဆင်လေးပါ ထပ်လှနေတော့~~~~

ဟေလာကွယ် မောင်ရို့~~
ဟေလာကွယ် မောင်ရို့~~
ဝမ်းစမိုးရယ်~~သောသော ညံ...
Yo... Yo...

မြစ်ကျိုးအင်း said...

:)

မိုးခါး said...

ခိုလေးတွေ သနားပါတယ် ..
လူတွေရဲ့ ကစားစရာ အသုံးချစရာကို ဖြစ်လို့ ..
အသုံးဝင်တယ်ဆိုပြီးပဲ ဂုဏ်ယူရမလား .. သိတော့ပါဘူး ..
မသိတာတွေ သိရလို့ ရှဲ့ရှဲ့ နီပါ :D

မိုးစက်အိမ် said...

အင်း အရင်ပို့ စ် အဆက်လေး လုပ်ပေးထားသလိုဘဲ
ဗျာ ကောင်းတယ် ပိုပြီးပြည့်ပြည့်စုံစုံ သိသွားရတယ်ဗျာ
ဒါပေမဲ့ လည်း ခို ဌက်လေးတွေ ရဲ့  သနားစရာအဖြစ်ကို
သိရတဲ့ အခါကျတော့လည်း သနားလည်း သနား သံဝေဂ
လည်းရစရာပေါ့ဗျာ . . . ဟိုပေါက်ပေါက်ရှာရှာ လောင်းက
စားလုပ်တဲ့ လူတွေကတော့ ခိုတောင်ဆော့စရာလို သဘော
ထားပြီးလောင်းနေသေးတယ် အကုသိုလ်များလိုက်တာဗျာ

ကျောပိုးအိတ် said...

ခိုမာရသွန်ပေါ့နော်။ မျက်စိထဲမြင်ကြည့်တယ်။ခိုတွေအများကြီးဆိုတော့ တော်တော်လှမယ်နော်။

ဒါပေမယ့် ခိုတွေသနားပါတယ်။ လူတွေကလဲနော် ပေါက်ပေါက်ရှာရှာ တော်တော်လုပ်တယ်။

ahphyulay said...

ဗမာ ပြည်မှာတော့  ခို ကို ခိုလိုငြီးတယ် လို့  ပြောလေ့ 
ပြောထ ရှိကြတာပဲလေ။ ညီး တယ်ဆိုတဲ့ ခို တွေကို စစ်သုံး
နဲ့  စီးပွားရေးသုံး အဖြစ် သုံးခဲ့ ကြပါတယ်။ မထင်ရှားတဲ့ 
ခို လေးကို ထင်ရှားတဲ့ နေရာ၊ အဖိုးမဖြတ်နိုင်တဲ့ နေရာတွေမှာ
သုံးလို့ ရအောင် ခိုင်းလို့ ရအောင် တိရစ္ဆန်ပင်ဖြစ်လင့် ကစား
သူတို့ ရဲ့ သဘာဝကို လှည့် ဖျားပြီး ရွေးချယ် သုံးတတ်ခဲ့ 
တဲ့  လူ့ ရဲ့ ဦးဏှောက်ဥာဏ် ကိုပဲ အံ့ ဖွယ်အဖြစ် ချီးကြူး
ရမှာဖြစ်သလို၊ ရက်စက် ပက်စက်လွန်းတဲ့  တွေးခေါ်
မျှော်မြင် မှု အဖြစ်လဲ ဝေဖန်လို့ ရပါတယ်လို့ ။
ဘာပဲ ပြောပြော ခိုလေးရဲ့  သံယောဇဉ် အဟုန်လေးကို သူ့ 
ရင်ထဲ မီးဟုန်းဟုန်းတောက်လောင်သွားအောင်၊ အသွား
အပြန်တစ်လမ်းလုံး သူ့ ရင်ဝလေးမှာ မီးခဲလေး ကပ်ပြီး ပြန်နေ
ရသလို ဖြစ်ခဲ့ ရတဲ့  အဖြစ်တွေနဲ့ ၊ အခုလဲ ပြိုင်ပွဲတဲ့ ၊
ဖန်ခါးသီးရည်လေး တိုက်ကြွေးပြီး..တဲ့ ..၊
ခိုလေးနေရာမှာဝင်ခံစားပြီး သူ့ လိုပဲ ပြန်သန်းနေမိတာပါလို့ ။

ဖိုးမောင်(happycloud) said...

ညီရေ ဗဟုသုတမျှတာလေး ဖတ်၇တာ ကောင်းတယ်ဟေ့... အရင်ဟာလေးရော ခုဟာရော ပိုစုံသွားထောင့်စေသွားတယ်....။
ဖိုးမောင်

သိင်္ဂါကျော် said...

စာပို့ခိုတွေနဲ့ ပတ်သက်တဲ့ Pigeon Project ဆိုတဲ့ စုံထောက် ဝတ္တု တစ်ပုဒ်ကတော့ တော်တော် ကောင်းတယ်...

Mogok Thar said...

ခိုလေးတွေရဲ့ အသုံးချခံဘ၀ ကို ဖတ်ရင်းး...
ပျံသန်းခြင်းတွေမှာလဲ မလွတ်လပ်တတ်တဲ့ အဖြစ်တွေကို တွေးမိတယ်။

လူတွေရဲ့ စိတ်အာသာဖြေမှု နည်းစနစ်ပေါင်းစုံတွေထဲက ထူးဆန်းဖွယ် နောက်တစ်မျိုးကိုလဲ သိရတယ်။

ဗဟုသုတလေးတွေလဲ ရတယ် ညီလေးရေ့။

ကောင်းကင်ပြာ said...

အခုမှ ကြားဖူးတာပဲ မောင်ပိုင်ရေ၊ မှတ်သားစရာပါပဲ..

Anonymous said...

ခုမှပဲ သိတော့တယ်
ခိုလေးတွေသနားပါတယ်နော် ကိုကြီး

စည်သူ said...

အင်း..

နှစ်ခုပေါင်းလိုက်တော့ အတော်ကို ပြည့်စုံသွားတယ် ကိုမြစ်ကျိုးအင်းရ..

ဘိန်းကျွေးတာတော့ ကျာဖူးတယ်
ဇီးဖြူသီးထောင်းရည် တိုက်တာတော့ မသျဘူးဗျ..

ဗဟုသူတမျှဝေပေးမှုနဲ့ လူတွေရဲ့ သဘောထားကို တွေ့မြင်လိုက်ရတယ်..

ပျော်၇ွှင်ပါစေ
စည်သူ။

YoungGun said...

ဗေဒင်မှာတော့ ယတြာအရ ဇီဝိတဒါန ဘေးမဲ့အဖြစ် ငှက်လွှတ်တာရှိတယ်။ အချုပ်အနှောင်ကျကိန်းကြုံနေလို့ လွှတ်ပေးတာလဲ ရှိတယ်။ မကျန်းမာလို့ လွှတ်ပေးတာလဲ ရှိတယ်။ ဘယ်နည်းနဲ့မဆို လူသားတွေက ငှက်ကို အသုံးချနေတာပါပဲ။ ဒါပေမယ့် အစ်ကို အခုရေးသွားတဲ့ ဗဟုသုတကတော့ ကျနော်တခါမှ မသိသေးတဲ့ အကြောင်းအရာတွေပါ။ သုတနဲ့ ရသကို တွဲစပ်သွားတာကို လေ့လာဖြစ်ပါတယ်။

Anonymous said...

အဲ့လိုလား..

ကိုလူထွေး said...

ဒါတွေကို အခုလို ဖတ်လိုက်ရမှပဲ သိရတာပါ...

ကျေးဇူးပါ ကိုညောင်ရမ်း၊ ကိုသုနြေ္ဒနဲ့ ကိုမြစ်ကျိုးအင်းတို့ရေ...

ခိုငှက်တွေလည်း အသုံးချခံ ရတဲ့ဘဝက လွတ်မြောက်နိုင်ကြပါစေ...

ရေတမာ said...

အမတ်တွေ သနားပါတယ်။ ခိုလေးတွေ ရှိမှ သူတို့ ကံကြမ္မာကို သိရတယ်းP

Khyl said...

ကိုမြစ်အင်းကျိုး.... အဲလေ... ကိုမြို့အိုးကျင်း.... ဟုတ်ပေါင်... အဟီး...

လာစသွားတယ်... အဲလေ... လာလည်သွားတယ်

ပို့စ်တွေကတော့ တကယ့်လက်ရွေးစင်တွေပဲနော်.... သုတ ရသ စုံပါတယ်...

သုဒြေ္န said...

အသုံးချခံတဲ့  အဲဒီအသုံးချခံရတာကိုဘဲ နှစ်သက် စွဲမက်နေမိတာလေ ကိုတို့  ဘ၀တွေေ၇ာဘာထူးလဲ ချစ်ခြင်းရဲ့  အသုံးချတာခံနေတာဘဲ မဟုတ်လား ချစ်သူခိုင်းစေသမျှ စိတ်ရောကိုယ်ပါ ကြည်ကြည်ဖြူဖြူ ပေးဆပ် အသုံးချခံခဲ့ တာပါ ဒီလိုအသုံးချခံရလို့ တော့  ဘယ်တော့ မှ့  မငြူစူ အပြစ်လို့ မမြင်ခဲ့တာလဲကိုယ်ပါဘဲ တခါတလေများ ချစ်သူရယ် ဒီဘ၀အတွက်တော့  ကိုယ်ဟာမင်းရဲ့ လူပါ ကိုယ်ဟာမင်းအတွက်မွေးဖွားလာပြီး ကိုယ်ဟာ မင်းအတွက်ရှင်သန်ရသူပါလို့  တဖွဖွ ပြောရင်းကိုယ်ကိုတိုင် ကျေနပ် ကြည်နူးခဲ့ တာလေ အသုံးချခံပါတယ် မင်းလိုသလို သုံးချင်တိုင်းသုံးပါတော့  ခိုငှက်ကလေးတွေအကြောင်းစဉ်းစားရင်း ကိုယ့် အကြောင်းကိုတွေးမိလို့ ဝမ်းနည်း ခြင်းများစွာခံစားသွား၇တယ် စာေ၇းဆရာရေ ခင်တဲ့ ကိုကြီး သုဒြေ္န

ဝက်ဝံလေး said...

ဟဲ့ အပေါ်ဆုံးက တယောက် ဘဲရူးပါ ပါတာ ထည့်ပြောပါ့လား ကြက်ရူးရဲ့ နာတော့မယ် နင်တော့လေ မပြောချင်ဘူး ငါမရှိလို့ နင် သောင်းကျန်းသွားတာမလား နာမယ် ငါ တယ်လေ ခေါက်လိုက်ရ ဒေါက်

ဝက်ဝံလေး said...
This comment has been removed by the author.
ဝက်ဝံလေး said...

ဟိုက် အကျိုးများ နဲလို့ ကလစ်လုပ်တာ ၂ ခါဖြစ်လို့ တခု ဖျက်လိုက်တယ်နော် သောကြာပိုင်ရေ

ဘယ်လိုဖြစ်လို့ ဒီခိုတွေကိုချည်းရေးနေတာ ၂ ပုဒ်ရှိပြီ ဘာာာာာာာာာာ အကြောင်းကြောင့်လဲ ရှင်းစမ်းးးးးးးးးဘာာာာာာာာာာာာာာာာာာ

ဆိတ်ဆီ ပို့ဖို့မမေ့နဲ့နော် ဒါဗြဲပြောမယ် ဘိုင် တာ့တာ

ကျော်ကျော် said...

တစ်ခါက သတင်းထဲမှာဖတ်လိုက်ရတယ်ဗျာ..
ခိုနဲ့ data တွေပို့တာ Internet ကနေပို့တာထက်မြန်တယ်ဆိုပဲ...တောင်အာဖရိကမှာ
ကျွန်တော်တို့ ရွေနိုင်ငံမှာလည်း ဒီလိုပဲနေမှာပါ... ဘယ်သူမှတော့ မစမ်းကြည့်သေးဘူးထင်တယ်...
http://news.bbc.co.uk/2/hi/8248056.stm

^^Winnie Pooh Lovers said...

အမှန်ပြောရမယ်ဆိုရင်ဖြင့် - မနေ့ ကဖတ်သေးတယ် ( ကျော်ပြီးဖတ်တာ ဘာရေးမှန်းမသိဘူး ၊ ကိုယ့်အပြစ်နဲ့ ကိုရ်ပါဘဲ )
ဒီနေ့ တော့သေသေချာချာကိုအစအဆုံးဖတ်လိုက်တယ်။ အရမ်းဖတ်လို့ ကောင်းတာဘဲ ၊ မသိဖူးတာတွေသိလိုက်ရလို့ ။
ဒီ ကိုသုနြေ္ဒ ၊ ကိုညောင်ရမ်း တို့ ဆိုတာ တကယ်ဗဟုသုတပေါကြွယ်ဝပါပေတယ်။ ရေးသားတဲ့သူကလဲ ပုံရိပ်ထဲမှာမြင်အောင်ရေးသားနိုင်ပါတယ်။

Waing said...

ခိုတွေနဲ့ပတ်သက်ပြီး ပြည့်ပြည့်စုံစုံသိသွားပြီ ကိုမြစ်ရေ...
ကျေးဇူးတင်ပါတယ်

ဆွေလေးမွန် said...

ခိုပို့ပဲဆိုတော့ အဟောင်းပဲထင်လို့ သေချာဖတ်ကြည့်
မှ ပို့ အသစ်မှန်းသိတယ်။ ကောင်းဘူး သူများအားနည်း
ချက်ကိုနင်းပြီး ခိုင်းရတာ..သနားစရာ..

ပို့လေးကိုဖတ်ရတော့ မသိဘူးတာတွေသိရပြီ.
သနားလည်းသနားတယ်။

ကိုချစ်ဖေ said...

ခိုင်းခါနီးခိုအထီးလေး ရှေ့မှာ ပြန်မလာမှာစိုးလို့ အခြားခိုထီးလေးတကောင်ကို သူ့ခိုမလေးလှောင်အိမ်ထဲကို ထည့်ထားတာ ခဏဆိုပေမဲ့ ပြာယာခတ်နေတဲ့ ခိုထီးလေးခမျာ သနားစရာဗျာ ခိုင်းလဲခိုင်းကြသေးတယ်.လှောင်လဲလှောင်ထားကြသေးတယ်..

~ဏီလင်းညို~ said...

ကိုမြစ်ကျိုးအင်းရေ...
မသိတာလေးတွေသိရတဲ့အတွက်..ကျေးဇူးပါခင်ဗျာ...။
အခုမှလာပြီးဖတ်ဖူးတာပါ...။ အသစ်တင်တိုင်းဖတ်နိုင်အောင် လင့်ခ်လေးယူသွားပါတယ်ခင်ဗျာ...။

Anonymous said...

အစ်ကိုမြစ်ကျိုးအင်းရေ.....
ဗဟုသုတတွေအများကြီးကိုရလိုက်ပြန်ပြီ။
ဒီငှက်လေးတွေအကြောင်းကို ခုမှသေချာသိတာ။
အစ်ကိုက တော်တော်ရေးနိုင်၊ တွေးနိုင်တယ်နော်..
:)....ခင်မင်လေးစားလျှက်......ခင်မာလာအောင် :)

မငုံ said...

ကိုမြစ်ရေ ဒီပိုစ့်ကို ဖတ်ပြီးမှပဲ ခိုတွေ သောက်တဲ့ ကြိုက်တဲ့ရေထဲမှာ ဆီးဖြူသီးလေး ထောင်းထဲ့ပေးတာကို သိရတော့တယ်။

Anonymous said...

တခါမှတော့ မကြားဖူးဘူးဗျ စာပို့စနစ်ကတော့ ကြားဖူးပါတယ်၊ ထိုင်ဝမ်ကလူတွေ လုပ်ပုံကိုတော့ ခုမှသိတာပါ။ ဗဟုသုတ ရပါတယ်ဗျာ။

Health Yatra said...

That was a VERY interesting one! Seriously interesting.

 

Posts Comments

©2006-2010 ·TNB