အွန်လိုင်းရွှေဝတ္ထုတိုဆု ရရှိသူများ

18 April 2011

ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုဆုအတွက် ဆုရသူများစာရင်းကို ကြေငြာပါပြီ။ ဆုရရှိသည့်စာမူများ အတွက်ရော၊ ဆုဖြင့်လွဲချော်ခဲ့သည့် စာမူများအတွက်ပါ ဝါရင့် စာပေ ဆရာ၊ ဆရာမ တို့၏ စာမူတစ်ပုဒ်ချင်းစီ အတွက် စေတနာဖြင့် အကဲဖြတ် ဝေဖန် သုံးသပ် မှတ်ချက်များလည်း ပါဝင်ပါသည်။ စာရေးသူဝါသနာရှင်များရဲ့ စာမူတစ်ပုဒ်ချင်းစီအပေါ် ဆရာ၊ ဆရာမတို့၏ မှတ်ချက်များကို တစ်နေရာထဲတွင် တစ်စုတစ်စည်းထဲ ရရှိဖို့ဆိုသည်မှာ (စာပေလောကတွင်) ခက်ခဲသော ကိစ္စဟု ထင်မြင်မိပါသည်။ 

ပဏာမရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်ပေးလိုက်သော ဆန်ခါတင် စာမူ (၇) ပုဒ်အပေါ် အကဲဖြတ်ဒိုင် ဆရာ ၊ ဆရာမ တို့ပေးသော အမှတ်များ၊ မှတ်ချက်များဖြင့် ပထမအကြိမ် အွန်လိုင်းရွှေဝတ္ထုတိုဆုကို ကြေငြာနိင်ခဲ့ပါပြီ။

မည်သည့်စာမူများ ဆုရသည်၊ မည်သို့ မှတ်ချက်များပေးထားသည်ကို ဤနေရာတွင် ကလစ်နှိပ်၍ဖြစ်စေ (www.thebestnovel.com ) သွားရောက်ဖတ်ရှုနိင်ပါပြီ။ ဒုတိယအကြိမ် ဆုပေးပွဲအတွက် စည်းကမ်းချက်အသေးစိတ်များကိုလည်း မကြာခင် ထပ်မံကြေငြာပါမည်။

ခင်မင်သောအားဖြင့် 
မြစ်ကျိုးအင်း

11 comments:

Anonymous said...

ကျေးဇူးပါ..သွားဖတ်လိုက်ပါမယ်။

PhyoPhyo said...

ဆုရသူတွေအတွက် ဂုဏ်ယူပါတယ်၊
Congratulations

Anonymous said...

ဖွင့်လို့မရပါ...

Unknown said...

ပထမခြေလှမ်းကို အောင်မြင်စွာ လှမ်းလိုက်နိုင်ခဲ့တဲ့အတွက် ၀မ်းမြောက်စွာ ဂုဏ်ယူမိပါတယ်။ ဆထက်ထမ်းပိုး ရသတိုဝတ္ထုတိုလေးတွေ ဖော်ထုတ်ပေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆုမရသူကျောက် said...

ဤနေရာတွင် ကလစ်လိုက်ပါသည်။
ဘာမှဖတ်လို့မရပါ။

နှင်းဟေမာ said...

အစ်ကိုမြစ်ကျိုးအင်း..

လင့်ပေးထားတဲ့နေရာမှာ ဖတ်လို့မရဘူး
ဆုရရှိသူတွေအတွက် ၀မ်းသာဂုဏ်ယူ အားကျမိတယ်
ခင်မင်လေးစားလျှက်

An Asian Tour Operator said...

စီစဉ်တဲ့ အမည်မဖော် လိုသူ မြစ်ကျိုးအင်း ကို အထူးလေးစား ချီးကျူးပါတယ်ဗျား။ ဒီ့ထက် ပို ပြီး ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် နိုင်ပါစေ လို့။

sosegado said...

အားလုံးကောင်းပါတယ်၊ အားလုံးကို ဂုဏ်ယူမိပါသည်၊ သမိုင်းတစ်ခုပါ။

...အလင်းစက်များ said...

ဟယ်..... ဒို့ နံမယ် ပါတယ်ဟေ့..... ဟိဟိ.. ကိုမြစ်ကို ဂျမ်းဂဲ တစ်လုံး လာဘ်ထိုးထားတာ... ဘာမှမရေးဘဲ ဆုရဒယ်... ပျော်ထှာ... ကိုမြစ် နောက်တစ်ခါတွက် ဂျမ်းဂဲတစ်လုံး ရော့...... အဟီး

rose of sharon said...

သွားဖတ်ပြီးသွားပါပြီ... ခင်မင်ရင်းနှီးနေတဲ့ ချစ်ကြည်အေး ဆုရလို့ ဝမ်းသာမိပါတယ်...

ဖိုးတုတ် said...

ဆုချငွေက နည်းနေသလားလို.

ပထမဆု ဒေါ်လာ ၅၀၀၊ ဒုတိယဆု ဒေါ်လာ ၃၀၀၊ တတိယဆု ဒေါ်လာ ၂၀၀ ဆိုပြီးဖြစ်သင့်ပါတယ်၊ ငွေက အဓိကမဟုတ်ဖူးလို.ပြောရင်လည်း souvenir မှာ ဆုရသူရဲ့ အမည်ရေးထိုးပြီး ဆုပေးသင့်ပါတယ် ၊

စပွန်ဆာနည်းနေရင်လည်း အွန်လိုင်းက ပိုက်ဆံကောက်ခံလို.ရပါတယ် ၊

တောသားလို.ပြောလဲ ခံရမှာပဲ၊ ဒိုမိန်းဆိုတာ ဘာကို ပြောတာပါလဲ ၊ အင်္ဂလိပ်စကားကို မြန်မာလိုတိုက်ရိုက်ပြန်ထားတယ်ထင်ပါ့၊ အင်္ဂလိပ်လိုရေးထားလို. မသိရင်တောင် English Dictionary မှာရှာကြည့်နိုင်ပါတယ်၊

ဆုရသူများအားလုံးအတွက် ၀မ်းသာမိပါတယ် ၊ အထူးသဖြင့် မချစ်ကြည်အေး ရတဲ့ တတိယဆုအတွက် ပိုပြီးဝမ်းသာမိပါတယ် ၊

 

Posts Comments

©2006-2010 ·TNB