သင်သည် ပုရွက်ဆိတ်တစ်ကောင် ဖြစ်ခဲ့လျှင်...

12 August 2009



(၁)
အစာရှာတဲ့အဖွဲ့ထဲက ရှေ့ပြေးတပ်သား မောင်နီ အူယားဖားယားနဲ့ ကျုပ်တို့ကို လာအကြောင်းကြားချိန်က လူတွေရဲ့သတ်မှတ်ချက်နဲ့ဆိုရင် ညအချိန်ပေါ့ဗျာ...။ ကျုပ်တို့ ရဲ့အကြိုက်ဆုံး စားစရာတွေထဲမှာပါတဲ့ ပေါင်မုန့် အကြီးကြီးကို တွေ့ခဲ့တယ်တဲ့လေ။ ဒါနဲ့ပဲ ကျုပ်တို့လည်း လူတွေလို နေ့ရယ်ညရယ် ရွေးမနေတော့ပါဘူး အဖွဲ့ဝင်တွေ ချက်ချင်းစုစည်းပြီး မောင်နီအနောက်က တန်းစီ ထလိုက်လာကြတာပဲ...။

ကျုပ်တို့အတွက်တော့ နေ့ရယ်ညရယ်လို့ မရှိပါဘူး...။ အစာရှာဖို့အတွက်ဆို အချိန်မရွေးထကြွလုံ့လ ရှိရမယ် မဟုတ်လား။ ဘာကြောင့်ဆိုတော့ နေအိမ်တည်ဆောက်ဖို့နဲ့ အစာရှာဖို့ တာဝန်က ကျုပ်တို့တာဝန်ပဲလေ...။ ကျုပ်တို့က ခင်များတို့လို လူတွေ အမြင်နဲ့ကြည့်ရင် မလောက်လေး မလောက်စားဆိုတဲ့ အဆင့်ထက်တောင် နိမ့်နိင်ပေမယ့် ကျုပ်တို့ရဲ့ ဖွဲ့စည်းပုံက လူတွေထက်တော့ စနစ်တကျရှိတယ်ဆိုတာ သေချာပေါက် ပြောရဲတယ်ဗျာ။

အရေးဟယ် အကြောင်းဟယ်ဆို ခင်များတို့လူတွေမှာ လူစုရတာနဲ့ တာဝန်ခွဲဝေရေး ကော်မတီ အရင်ဖွဲ့ရတာနဲ့ ဒီကြားထဲသက်သောင့်သက်သာနဲ့ နာမည်ကောင်းရမယ့် နေရာတွေများဆို ပေးရကမ်းရပြီး နေရာရဖို့ ၀ိုင်းအုံနေကြတာပဲ...။ ဒါတောင်ပြောချင်ကြသေးတယ် ပျားရည်စက်မှာ ပုရွတ်ဆိတ်အုံနေတဲ့ အတိုင်းပဲတဲ့...။ ဥပမာကတော့ မြင်သာထင်သာရှိပါရဲ့ဗျာ..။ ဒါပေမယ့် ကျုပ်တို့ ပုရွတ်ဆိတ်တွေနဲ့ နှိုင်းတာကိုတော့ မကျေမနပ် ဖြစ်မိပါသေးတယ်။


ကျုပ်တို့ပုရွတ်ဆိတ်တွေမှာ အကောင်သေးပေမယ့် ကိုယ့်တာဝန်ကိုယ်ကျေကြတာပဲဗျ..။ လူတွေရဲ့ စိတ်အတိုင်း သာဆို သားဖောက်ဖို့တာဝန်ယူရတဲ့ နေရာမှာ ၀ိုင်းအုံနေကြမှာပဲ...။ ကျုပ်တို့ကတော့ စိတ်ထဲမှာဘာမှမထားဘူး ကိုယ့်တာဝန် ကိုယ်ကျေဖို့ပဲသိတယ်...။ သားဖောက်တဲ့တာဝန်ယူရတဲ့ မောင်နက်တို့ အဖွဲ့ကိုလည်း ဘယ်လိုမှ မမြင်မိဘူး...။ ရန်သူတွေကို တိုက်ခိုက်ရေး တာဝန်ယူရတဲ့ အဖွဲ့ကိုလည်း ကျေးဇူးတင်ရတာပဲ....။


ယုတ်စွအဆုံးဗျာ မျိုးဆက်ပြန့်ပွားဖို့ တချိန်လုံး ကလေးတွေ မွေးပေးနေရတဲ့ ပုရွတ်ဆိတ် အမတွေကိုလည်း ကျုပ်ကကြံဖန်ကျေးဇူးတင်မိတယ်။ သူတို့ကမွေး ကျုပ်တို့ကကျွေးပေါ့ဗျာ...။ အားလုံးကိုယ့်တာဝန် ကိုယ်ကျေကြ သလိုကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူရတာပါပဲ...။


အခုတော့ မောင်နီက သူတွေ့ခဲ့တယ်ဆိုတဲ့ အစာကို လာပြောတာနဲ့ ကျူပ်တို့ လည်းချက်ချင်းထလိုက်လာကြတာ ခရီးတောင်အတန်ငယ်ပေါက်ရောပေါ့...။ ကျုပ်တို့ရှေ့နဲ့နောက်မှာလည်း တိုက်ခိုက်ရေးအဖွဲ့ဝင်တချို့ ၀ိုင်းရံပြီး လိုက်ပါလာကြတယ်..။ ကျုပ်တို့အဖွဲ့အတွက်တော့ အသေခံတပ်သားတွေပေါ့ဗျာ။ ရန်သူတွေ့ရင် တိုက်ခိုက်သလို လမ်းခရီးမှာ ကျဆုံးသွားတဲ့ မျိုးနွယ်တွေ ကိုလည်း နေတဲ့နေရာအထိ ရောက်အောင်ပြန်သယ်တဲ့ တာဝန် ယူကြတယ်လေ.။


ကျုပ်တို့ ပုရွတ်ဆိတ်တွေရဲ့သက်တမ်းက လူတွေရဲ့ ပြက္ခဒိန်နဲ့ဆို ၁၀ နှစ်သက်တမ်း ကနေ နှစ် ၅၀ထိ ရှိတယ်။ တောနက်တွေထဲမှာနေတဲ့ ကျုပ်တို့အမျိုးတွေဆိုလည်း အဲဒီလောက် အသက်ရှည်ကြတယ် ...။ ကျုပ်တို့က အမျိုးများတယ်...လက်ဆင့်ကမ်းသယ်လာခဲ့တဲ့ မှတ်တမ်းတွေအရဆို ကျုပ်တို့ ပုရွတ်ဆိတ် အမျိုးပေါင်း ကိုးထောင်ကျော်ရှိတယ်ဆိုပဲ...။ တချို့ကလည်း မျိုးနွယ်ပေါင်း ၁၂၀၀၀အထိရှိတယ်ဆိုပြီးပြောကြပြန်တယ်...။
ကျုပ်တို့သက်တမ်းက ဆယ်နှစ်ဆိုပေမယ့် ကျုပ်တို့လို အစာရှာတဲ့ အဖွဲ့နဲ့ တိုက်ခိုက်ရေးတာဝန်ယူရတဲ့ အဖွဲ့တွေအတွက်တော့ နေ့မြင်ညပျောက်ပါပဲဗျာ...။ ကျုပ်တို့ခန္ဓာကိုယ်လောက်ရှိတဲ့ အစာလေးအတွက်နဲ့ ကျုပ်တို့ခန္ဓာရဲ့အဆပေါင်းများစွာရှိတဲ့ လူတွေရဲ့ လက်နဲ့ဖိသတ်ခြင်းခံရတာပါပဲ...။
သားဖောက်တာဝန်ယူရတဲ့ မောင်နက်တို့အဖွဲ့ကတော့ အဲဒီလောက် အသက်ရှည်ရှည်နေနိင်တယ်..။ ကျုပ်တို့ကတော့ စောစောသေသွားလို့လည်း ၀မ်းနည်းမနေပါဘူး..။ နေခွင့်ရတဲ့အချိန်လေးမှာ ကိုယ့်မျိုးနွယ်စု အပေါ် တာဝန်ကျေခဲ့တယ်ဆို ပြီးတာပါပဲ...။ ကိုယ့်အမျိုးအပေါ် စောင့်ရှောက်မယ် ရှာဖွေကျွေးမွေးမယ် ဒုက္ခမပေးဘူးဆို ကျုပ်တို့ပုရွတ်ဆိတ် ဖြစ်ရကျိုးနပ်ပါတယ်လေ။


ခက်တာက ကျုပ်တို့နေတာက လူနေထူထပ်တဲ့မြို့မှာဆိုတော့ စားစရာ ရှာရလွယ်သလို သေဖို့လည်း လွယ်တယ်ဆိုပါတော့..။ ဒါပေမယ့်ဗျာ သေမှသာသေရော မသေခင်တော့ အစာကိုရအောင်ရှာရမှာပဲ...။ ကျုပ်တို့ တ၀မ်းတခါး အတွက်များတော့ မပူပါဘူးလေ။ အခုဟာက ကျုပ်တို့ရဲ့တာဝန်အရ မျိုးဆက်လေးတွေအတွက် အစာရှာပေးရတော့ နေ့ရယ်ညရယ် မရွေးနိင်ပါဘူး..။


ကျုပ်တို့က အစာကိုတွေ့ရင် အရည်အဖြစ်သာသယ်ဆောင်သွားကြတယ်။ ကလေးတွေကိုတော့ ကျုပ်တို့ သယ်လာတဲ့အရည်တွေ ပြန်အန်ထုတ်ပြီး ကျွေးမွေးရတာပါပဲ။ အစာခဲလိုက်ကို သယ်သွားပြီး ကျုပ်တို့ အသိုက် အမြုံရောက်မှအရည်ထုတ်ပြီး စားကြတဲ့အခါလည်း ရှိတာပေါ့လေ...။


ရှေ့ပြေးတပ်သားမောင်နီတို့အဖွဲ့ လူးလားခေါက်တုန့်နဲ့ အလုပ်တွေများနေကြတယ်...။ သူတို့ခင်မျာ ချီတက် လာတဲ့လမ်းတလျှောက်က အဖွဲ့ဝင်တွေကို စိတ်မလျှော့ဖို့ မကြာခင်မှာ ကျုပ်တို့လိုချင်တဲ့အစာကို တွေ့တော့မယ် ဆိုပြီးတကောင်ချင်းစီကို လိုက်ပြီးအားပေးနေကြတာပါပဲ...။


စားပွဲခုံအမြင့်ကြီးပေါ်မှာ ရှိတဲ့ အစာအတွက် ကျုပ်တို့သွားရတဲ့ခရီးလမ်းက ပင်ပန်းလွန်းတယ်။ တောက်လျှောက် တက်လာရတာ ကျုပ်ကောင်တွေလည်း မောပန်းနေလောက်ရောပေါ့။ ကျုပ်တို့ခန္ဓာကိုယ် ဖွဲ့စည်းပုံအရ ခေါင်းပိုင်း ရင်ဘက်ပိုင်း နဲ့ ၀မ်းဗိုက်ပိုင်းဆိုပြီး သုံးပိုင်းရှိတဲ့အထဲမှာမှ ၀မ်းဗိုက်ပိုင်းက ပိုလေးလွန်းတယ်။ ပြင်ညီ ပေါ်မှာသွားနေရင် မသိသာပေမယ့် အခုလို့ မတ်စောက်တဲ့ နေရာတွေကို တက်ရတာ ပင်ပန်းလွန်းပါတယ်။


နာမကျန်းဖြစ်နေရဲ့နဲ့ အစာသယ်ဖို့ လိုက်လာတဲ့ အဖွဲ့ဝင်နှစ်ယောက်လည်း လမ်းတ၀က်မှာတင် ပြုတ်ကျ သွားပြီလို့ အဆင့်ဆင့်သတင်းပေးလို့ ကြားလိုက်ရသေးတယ်။ စိတ်မကောင်းဖြစ်မိပေမယ့် ဒါဟာ ဘ၀ပဲ မဟုတ်လား။ အခုလောက်ဆို တိုက်ခိုက်ရေးအဖွဲ့ဝင်တွေက အသိုက်အမြုံတွေဆီ ပြန်သယ်သွားလောက် ရောပေါ့။ ကျုပ်တို့အမျိုးတွေကို သေဆုံးသွားသည်ဖြစ်စေ ဒဏ်ရာရ သွားသည်ဖြစ်စေ အသိုက်အမြုံဆီတော့ ရအောင်ပြန်ခေါ်ကြတာကျုပ်တို့ရဲ့ ဓလေ့ပါပဲ။


ကျုပ်တို့ရဲ့ အစာဆီကိုတော့ မကြာခင်မှာရောက်တော့မယ်လို့ မောင်နီ ခုနက လာပြောထားလို့ ကျုပ်တို့ တက်ကြွ နေမိတယ်။ ကျုပ်စိတ်ထဲမှာ စိုးရိမ်နေတာက အလင်းရောင်တွေ မရောက်ခင် ကျုပ်တို့ ရည်ရွယ်ရာကို ရောက်နိင်ပါ့မလား ဆိုတာပါပဲ...။ ကျုပ်မကြိုက်ဆုံးအချိန်တွေက မနက်လင်းခါစနဲ့ ညဦးပိုင်း အချိန်တွေပဲ။ အဲဒီအချိန်တွေမှာ အစာရှာရခက်သလို ကျုပ်တို့သေဖို့လည်း ရာခိုင်နှုန်းများတယ်လေ။ ညနက်သန်းခေါင်နဲ့ နေ့ခင်းနေ့လည် အချိန်တွေကတော့ အစာရှာဘို့ အကောင်းဆုံး အချိန်တွေပါပဲ။ စိတ်အေးလက်အေးရှာ နိင်သလို အစာကိုလည်း များများစုမိတတ်တယ်။


အခုရောင်နီရဲ့ အအေးဒဏ်ကို ခံစားရစပြုလာပြီဆိုတော့ မကြာခင်မှာမိုးလင်းတော့မှာ သေချာနေပြီပေါ့ ကျုပ်တို့ အချိန်မှီနိင် ပါ့မလား။ ဘာပဲဖြစ်ဖြစ် ကျုပ်တို့ကိုမျှော်နေမယ့် ဆာလောင်နေတဲ့ ကလေးငယ်တွေ အတွက် ကျုပ်တို့ ရှေ့ဆက်နေရအုံးမှာပဲ...။




(၂)

နိုးစက်ရဲ့စူးစူးရှရှမြည်သံကြောင့် နိုးလာမိသည် ။ စိတ်ပျက်ပျက်နဲ့ ကျွတ်ခနဲ ရေရွတ်လိုက်မိသည်။ နောက်ထပ် နာရီဝက်လောက် အိပ်ခွင့်ရသေးရင် တော်တော်ကောင်းမှာပဲ တွေးမိပေမယ့် မဖြစ်နိင်မှန်းသိလို့ ရေချိုးခန်းထဲ ၀င်လိုက်ရတော့သည်။ ကြည်လင်လန်းဆန်းသွားအောင် ခေါင်းကိုပါရေလောင်းချိုးလိုက်သည်။


အလုပ်သွားဖို့ ဖိနပ်စီးနေရင်း ထမင်းစား စားပွဲပေါ်က ညကလက်ကျန်ပေါင်မုန့် အပိုင်းအစ တချို့တွင် ပုရွတ်ဆိတ်တို့ ၀ိုင်းအုံခဲနေကြတာကို တွေ့လိုက်ရသည်။ တော်တော်အနံ့ခံကောင်းတာပဲ တွေးမိရင်း လက်နှင့် တောက်ထုတ်ပစ်လိုက်မိသည်။

ပေါင်မုန်းအပိုင်းအစတချို့နှင့် ပုရွတ်ဆိတ်တို့ လေထဲမှာ ၀ဲပျံသွားတော့သည်...။


~~~~~~~~


တစ်နေ့သောမနက်ခင်းမှာ တန်းစီပြီးသွားနေတဲ့ ပုရွတ်ဆိတ် တချို့ကို မြင်မိရာကနေ ဒီဝတ္ထုတိုလေးကိုရေးဘို့ စိတ်ကူးရခဲ့ပါတယ်။ အဲဒီတနေ့လုံးကျွန်တော်တွေးနေမိတာက ပုရွတ်ဆိတ်တွေနဲ့ တူတဲ့ မြန်မာပြည်သူပြည်သား တချို့ကိုပါပဲ...။

မ၀ရေစာလေးအတွက် ရုန်းကန်နေရတဲ့ ဘ၀တွေကို တွေးမိပါတယ်...။
ရှင်သန်မှုအတွက် ဖိသတ်ရက်တဲ့ လက်မည်းတွေကိုလည်းတွေးမိပါတယ်...။
လွတ်မြောက်မှုအတွက် တောက်ထုတ်ခံရတဲ့ ဘ၀တွေကိုလည်း တွေးမိပါတယ်။

ဆက်ပြီးတွေးမိတာကတော့ ကျွန်တော်တို့တွေလည်း တနေ့နေ့တချိန်ချိန်မှာ ကြွယ်ဝချမ်းသာလာနိင်ပါတယ် အရာရာကို ဖန်ဆင်းနိင် တောက်ထုတ်နိင်တဲ့ လက်တစုံကိုလည်း ပိုင်ဆိုင်လာနိင်ပါတယ်...။ အဲဒီအချိန် ရောက်ခဲ့ရင် ကိုယ့်ရဲ့မတော်တဆမှုနဲ့တောင် ဘယ်ဘ၀တွေကိုမှ မတောက်ထုတ်ပစ်ဘို့ပါပဲ...။

ဘာကြောင့်ဆိုတော့ အခုချိန်မှာ ကျွန်တော်တို့ ကိုယ်တိုင်တောင် အစာရေစာ ပေါကြွယ်ဝတဲ့နေရာ လာပြီး ရှာဖွေနေရတဲ့ ဘ၀တူ ပုရွတ်ဆိတ်တကောင်ပဲ မဟုတ်လား....။

အရေးမကြီးဘူးထင်ရသောလုပ်ရပ်တခုသည် တခြားသူတို့၏ ပုတ်ထုတ်ခံလိုက်ရသော ဘဝ လည်းဖြစ်တတ်သည်...။

(ပုရွတ်ဆိတ်တွေနှင့်ပါတ်သတ်သော အချက်အလက်တချို့ကို ဘာသာပြန်ပြီး ရယူထားပါတယ်...
အဓိက ပေးချင်တဲ့ အကြောင်းအရာက ရုန်းကန်ရင်း နှစ်မြုပ်နေရတဲ့ ဘ၀တွေ အကြောင်းမို့လို့
ပုရွတ်ဆိတ်တွေနှင့် ပါတ်သတ်သော အချက်အလက်မှားယွင်းခဲ့ လိုအပ်ခဲ့ပါက သီးခံစေချင်ပါတယ်...။)

48 comments:

ဖိုးစိန် said...

အိုးးး မိုင် ဂေါ့


အိုင် အမ် သည် ဖတ်စ်



ဟားးဟားးဟားးး

ခွိခွိ

မျောက်မျောက်

ဖုန်းမြင့် said...

ပုရွက်ဆိတ်လေးပါလား..း)

အိမ် said...

ပုရွက်ဆိတ်အဖွဲ့ထဲမှာ သားဖောက်တဲ့ အဖွဲ့ထဲ ပါမယ်ဗျိ့.. အဟီးဟီး...........။ အဲဒီနေရာ ရဖို့ ဘာပဲ ပေးရ.. ပေးရ.....။
ခက်တယ်ဗျ.... လူတိုင်းမှာ လာဘဆိုတာ ရှိကြတာချည်းပဲ... ကျနော့်အမြင်ပေါ့လေ... ဘုရားကိုစော်ကားလိုစိတ်နဲ့ ပြောတာတော့ မဟုတ်ပါဘူး ဆိုတာ နားလည်ပေးပါ... ဒီလိုပါ ဘုရာတောင်းမှ ငါ.... ဘုရား ဖြစ်ရမယ်ဆိုတဲ့ စိတ်... တနည်းအားဖြင့် လောဘလို့ပဲ ပြောရမလား.... ဒီတော့ဗျာ ကျနော်တို့လို သာမာန်လူသားတယောက်အနေနဲ့ ကိုယ်နဲ့ ကိုယ့်မိသားစု ကြီးပွားဖို့ နည်းမျိုးစုံနဲ့ ကြိုးစား တဲ့နေရာမှာ တခါတလေ မထင်မှတ်ပဲ ပုတ်ထုတ်လိုက်သလို ဖြစ်ချင်ဖြစ်သွားမှာပဲ၊ တခါတလေ တမင်လုပ်တာလဲ ဖြစ်ချင်ဖြစ်မှာပဲ၊ တခါတလေ မသိလိုက်တာလဲ ရှိမှာပဲ၊ ကိုယ်ဆိုရင်ရော သူတို့နေရာမှာဆိုရင် ဒီလို မလုပ်ဘူးလို့ မပြောနိုင်ဘူးလေ။ ဘာကြောင့် ကျနော် ဒီလိုပြောသလဲဆိုတော့ တချို့ နိုင်ငံရေး သမားတွေဟာ တချို့ဆို နိုင်ငံရေးသမား အမည်ခံပြီး လုပ်စားနေကြတာတွေ ကိုပဲ ကြည့်လေ အသံကောင်းဟစ်ပြီး လုပ်စားနေကြတာ မမြင်ချင် အဆုံးပါ..။ အကုန်လုံးကိုပြောတာတော့ မဟုတ်ပါဘူးဆိုတာ ကိုမြစ်ကျိုး သဘောပေါက်မှာပါ။ ဆိုတော့ကာ... ......
ဒါပေမဲ့ပေါ့လေ...... ကိုမြစ်ကျိုးအင်း ပေးချင်တဲ့ မက်ဆေ့ လေးလို ဖြစ်လာရင်တော့ အကောင်းဆုံးပေါ့ဗျာ...။

thawzin said...

အင်း
မှတ်သားစရာကောင်းသလို သင်ခန်းယူစရာလဲ ဖြစ်ပါတယ်.... အပုတ်ထုတ်မခံရအောင်လဲ ကျွန်တော်တို့ ပုရွတ်ဆိတ်တွေလဲ အန္တရယ်ကြည့်ရှောင်တတ်အောင်လဲ နေတတ်ရမယ်လေ...
အကိုအင်း...က ကျွန်တော့် အီးမေးလ် လိပ်စာ တောင်းတာဟုတ်ပါတယ်နော် .... thawzin.blog@gmail.com ကျေးဇူးတင်ပါတယ်... ကျွန်တော့်မှာ ဘလော်ကာ နယ်ခြားမိတ်ဆွေ နည်းနေပါသေးတယ်...... ကျေးဇူးပါ

မေဇင် said...

သိပ်ကောင်းတဲ့ ပုရွတ်ဆိတ်ပုံပြင်လေးပါပဲ.... ဟုတ်တယ်.. ကိုအင်း ဘာပြောချင်လဲ ဆိုတာ နားလည် ခံစားမိပါတယ်..။

ငှက်ကလေး said...

လာပြီး ပြောတာ မဖတ်နိုင်သေးကြောင်း ပြီးမှ အဟုတ်လာဖတ်မယ် အိုကေ နော် များဂတိတည်တယ် မတည်ရင် ကိုရီးယားမင်းသားနဲ့ညားပါစေ တော် ဟော်ဟော်

မယ်ကိုး said...

ပုရွတ်ဆိတ်ပုံပြင်လေးက ကောင်းလိုက်တာ။

Angel Shaper said...

အိုးးးးးးးးးးးး
ဘာပြောရမှန်းမသိအောင် ကောင်းတယ်။
ပုရွက်ဆိတ်တစ်ကောင်လို ဖြစ်နေတဲ့ ကိုယ့်ကိုယ်ကို ကြိုးစားအားထုတ်မှု၊ သိတတ်မှု၊ လူဆန်မှု အဲ ပုရွက်ဆိတ်လို တာဝန်သိတတ်၊ ယူတတ်ဖို့ ၊ စည်းလုံးဖို့ ၊ နိုးကြားတက်ကြွဖို့  လိုအပ်သလို မတော်တဆလေးတောင် ဘယ်ဘ၀ကိုမှ မတောက်ထုတ်မိအောင် ဆင်ခြင်သတိပြုရမယ်။ အဟုတ်ပါဗျာ။။။
ပိုပြီးလေးစား အားကျပါတယ်။
တွေးစရာ၊ မှတ်စရာ၊ လိုက်နာစရာအားလုံးနဲ့ ပြန်သွားပြီ ကျေးဇူး ကျေးဇူးးးးး

kiki said...

ဖွားကိတို့  ရွှေပြည်ကြီးသား ၊ သမီးတွေ ဒီပုရွက်ဆိတ်လေးတွေလို စည်းကမ်းရှိကြမယ်။ စည်းလုံးညီညွတ်ကြမယ် ၊ ရေသာမခိုဘဲ တက်ညီ လက်ညီ အလုပ်လုပ်ကြမယ် ဆိုရင် လိုချင်တာတွေ ရနေတာ ကြာပြီနော် ...
ခုတော့ သူတလူ ငါတမင်း ။
ကိုယ့် မြင်း ကိုယ်စိုင်း၊ စိတ်ဝမ်းတွေ ကွဲ ။ ရေသာခို တဲ့အကောင်တွေ များနေတော့ ...
ဟင်းးးး ( သက်ပြင်းချသံ ပါ.. ။ ထမင်း နဲ့ ဟင်း မဟုတ်ပါ )

ပုရွက်ဆိတ်ပဲ လုပ်ရရင်ကောင်းမလား။။
ခါချဉ် ကြီး လုပ်မယ် ... ဒါမှ သူများကို ကိုက်နိုင်မှာ ..မာန်မကြီးတဲ့ ခါချဉ်နော် .. တော်ကြာ နေ တောင်လာဖြိုခိုင်းနေမစိုးလို့ ။။
ပေါင်မုန့်တော့ မဝါးချင်တော့ဘူး ...
တခြား ဘာဝါးစရာ ရှိသေးလည်း ... လက်တို့ လိုက် ..

ချမ်းလင်းနေ said...

ဒီအယူအစနဲ့ အတွေးလေးက အရမ်းကောင်းတာပဲ သူငယ်ချင်းရေ။အစဖတ်နေတုန်းက ပုရွက်ဆိတ်ကလေးတွေ အကြောင်းတွေးရင်း နောက်အဆုံးသတ်ကြတော့မှ ကိုယ်ကိုယ်တိုင်ဟာ ဘဝတူတွေဖြစ်ပါလားဆိုတာ သတိထားမိတော့တယ်။ မျက်စိထဲမှာတော့ The Antsကာတွန်းထဲက ပုရွက်ဆိတ်ကလေးတွေကိုပဲ မြင်သွားမိတယ်။ကောင်းတဲ့ အရေးအသား၊တွေးခေါ်မှုလေးဗျာ။
အားပေးလျှက်.......

Khinmarlaraung said...

အစ်ကိုမြစ်ကျိုးအင်းရေ..ကောင်းလိုက်တဲ့
ရေးကွက်၊ ရေးဟန်တွေ။အားကျလို့ ချီးကျူး
မိပါတယ်။ ပုရွက်ဆိတ်လေးတွေနဲ့ 
ညီမတို့ တွေကိုနှိုင်းပြထားပြီး လူ့ ဘဝရဲ့
အစိတ်အပိုင်းတွေကိုပြောပြသွားပုံ
လေးကိုလည်းသဘောကျတယ်..တကယ်။
(ညီမငယ်ငယ်ကတော့ ကလေးအတွေးပေါ့လေ။
ပုရွက်စိတ်လေးတွေကို တက်နင်းမိတိုင်း
ဂေါ်ဇီလာဆိုတာသာ လူ့ ပြည်မှာတကယ်ရှိနေသေးရင်ငါတို့ တွေကို
လည်းပုရွက်ဆိတ်တွေကိုနင်းမိသလို
နင်းမှာလို့ လေ။။။။)
ခင်မင်လျှက်..ခင်မာလာအောင်..:)

ဝလုံးဝိုင်းဝိုင်း said...

ပုရွက်ဆိတ်လည်း ပုရွက်ဆိတ် အလျောက်.. အသက်ရှင် ကြီးပြင်းနေစဉ် မှာတော့ သူတို့ ဘ၀ဟာလည်း ကြီးကျယ် ခမ်းနားလှတာ.. အဆိုးအကောင်းတွေ စိန်ခေါ်မှုတွေ ပြည့်နေတာ မြင်ယောင်မိရင်း.. အသက် ခပ်ပြင်းပြင်း ရှူသွားတယ်။ ကျနော်လဲ ပုရွက်ဆိတ်လေးတွေ လှုပ်ရှားသွားလာတာကို အချိန်အတော်ကြာ ငေးမော ကြည့်ရှုပြီး အတွေးနယ်ချဲ့ဖူးတယ်။ `သူတို့မှာလဲ ဒုက္ခ မသေးလှပါလား´ ဒီလောက်ပဲ တွေးမြင်ခဲ့တယ်။ ပို့လေး ကောင်းတယ်ဗျား။ လေးစားလျက်..

နွေဆူးလင်္ကာ said...

မှတ်သားစရာကော သင်ခန်းစာယူစရာပါ ပါတဲ့ ၀တ္တုကောင်းလေးတစ်ပုဒ်ပါ။ ကျနော်လည်း ပုရွက်ဆိတ်တွေမြင်ရင် နောက်ဆို မသတ်မိအောင် သတိထားနေတော့မယ်ဗျာ။

ဖိုးစိန် said...

လိုချင်တာကို ထိထိမိမိ ချပြထားတယ်...

တင်ဆင်ပုံကောင်းတယ်...

အတွေးကောင်းတယ်...

ပုရွက်ဆိတ်ပမာ ဖတ်ချင်စရာ ကို ဖတ်ပြီး

တွေးတောသွားရတယ်....

စာရေးကောင်းတယ်..

ချစ်တဲ့

မျောက်မျောက်

Yu Ya said...

ကိုမြစ်ကျိုးအင်းရေ... idea, creation and presentation ကောင်းမွန်တဲ့ စာကောင်းတစ်ပုဒ် လာဖတ်သွားပါတယ်ခင်ဗျာ။

yu ya

သုဒြေ္န said...

ပုတ်ထုပ်ခံဘ၀မရောက်၇လေအောင်...ညောင်သီးစားရင်း...လေးသံလဲနားထောင်ရမယ်လေ......မတ်စောက်လွန်းတဲ့ ကံကြမ္မာကမ်းပါးတွေနဲ့ ...အခါတရံ...ရင်ဆိုင်ရဘို့ တော့ ...သက်လုံကောင်းရမယ်လေ...........ဘ၀တွေထဲကျင်လည်တဲ့ အခါတွေမှာ..နေမြင်ညပျောက်.အဖြစ်ပျက်တွေနဲ့ ဝေးအောင်..သတိနဲ့ ဆင်ချင်တုံတရား..လက်ကိုင်ထားရမယ်ပေါ့ ...ဟန်ချက်ညီညီ..ရေးသားတင်ဆက်ဖွဲ့ နွဲ့ ပုံတွေက....ရင်ထဲအသိထဲကို......စွဲစွဲမြဲမြဲဖြစ်အောင်ထင်ရှားတဲ့ အတွေးခေါ်တွေ.............ပေးနိုင်ခဲ့ လို့ ...ဒီမန့် လေးနဲ့ ကျေးဖူးတင်ကြောင်းပြောပါရစေ....ချစ်တဲ့ ကိုကြီး

march.pisces88 said...

ဘာပြောရမှန်းတောင်မသိတော့ဘူး...

ငှက်ကလေး said...

ကိုမြစ်ကျိုးးး အင်းရေ လာပြန်ဖတ်တယ် သိလား စိတ်ဝင်စားစရာ ကောင်းတယ် ပုရွတ်ဆိတ်လေး တွေ

ဂျူ said...

သူငယ်ချင်းရေ.. နင်ပေးတဲ့ မက်စိ ရပါတယ်ကွယ်။
ဟုတ်ပ .. ငါ့ကိုယ်ငါ ပုရွက်ဆိတ်လေးလို မြင်မိတယ်။
ပေါင်မုန့်ရရင် အဖေနဲ့ အမေအတွက် ပြန်အန်ပေးရမယ်။ ကြိုးစားပြီးတက်နေပါတယ်။ ဒါပေမယ့် ငါ့ဗိုက်က အခြားပုရွက်ဆိတ်တွေထက် နည်းနည်းပိုပူတယ်ဟ။ ဟီးဟီး ဟီး LOL

မချစ်ရ said...

စားပွဲမှာရော၊ကုတင်ပေါ်မှာရော အစားသောင်းကျန်းထားလို့ပုရွက်ဆိတ်ပေါနေတာ စိတ်ညစ်ရတဲ့အထဲ အကိုမြစ်ကျိုးကတော့လုပ်ချလိုက်ပြန်ပြီ :P

သားကြီး said...

တော်တော်နှိုက်နှိုက်ချွတ်ချွတ်ကိုလေ့လာပြီးရေးထား
တာပဲဗျ အယူအဆနဲ့ပေးချင်တဲ့messageလေးလည်း
သဘောကျတယ် ဖိနှိပ်တတ်တဲ့လက်မည်းတွေ
ကိုလည်းရွံရှာမိပါရဲ့
သူတထူးရဲ့ဘဝကိုပုတ်မထုတ်မိဖို့ကြိုးစားရမယ်

မငုံ said...

အတွေးတွေ ရစေတဲ့ပိုစ့်လေးတပုဒ်ပါ။ ကိုယ့်တာဝန်ကိုယ်ကျေပွန်ဖို့ လုပ်ဆောင်သင့်သလို ၊ စည်းစည်းရုံးရုံးလုပ်ကိုင် ဆောင်ရွက်တတ်ဖို့လဲ လိုတယ်နော်။

အနော် said...

ပုရွက်ဆိတ်လေးတွေနဲ့ တူတဲ့ မြန်မာပြည်သားတွေအတွက် ရေးဖွဲ့တဲ့ ဝတ္ထုတို အမှန်တရားလေးကို
လာခံစားပါတယ် အကို
ပုရွက်ဆိတ်လေးတွေလိုပါပဲ တစ်ချိန်ချိန်တော့ အစာဝတဲ့ နေရာဌာနတွေကနေ ကိုယ့်ရဲ့အသိုက်အမြုံလေးဆီကို ပြန်ချင်တဲ့စိတ်ကတော့ တူတူပဲ ရှိပါတယ်အကိုရေ
မဝရေစာ အစာလေးအတွက် ဘဝတွေကို ဖြူခါပြာခါကျအောင် ပေးဆပ်နေရတဲ့ဘဝတွေအတွက်
ဖိသတ်ရက်တဲ့ အာဏာရှင်တွေ လက်အောက်ကနေ
အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းမိပါတယ်

kokomaung.uk said...

ဝတ္ထုတိုဆိုတာ ဒီလိုမျိုးမှပေါ့။ စာဖတ်သူကို ဘာတွေ ပေးချင်သလဲ ဆိုတာ ကွက်ကွက်ကွင်းကွင်းပါဘဲ။

ကောင်းတယ်။
ကြိုက်တယ်။

ကိုညီမင်း said...

အရေးကောင်းအတွေးကောင်းပါလားဗျ။
တကယ်ကောင်းတယ်ဗျာ စောင့်ဖတ်ရကျိုးနပ်ပါတယ်
သူများတွေပေးတဲ့ကွန်မန့်တွေကပါဖတ်ကောင်းတယ်
နော်။ကျနော်တို့လဲပုရွတ်ဆိတ်တဲ့လား အခုထိတော့ရုန်းကန်နေရသေးတယ် ပုတ်မထုတ်မိအောင်သတိထားရမှာပေါ့

ကိုလူထွေး said...

ပုရွက်ဆိတ်တွေကို လူတွေက အတုယူသင့်တဲ့ နေရာတွေ အများကြီး...

ဥပမာ စည်းလုံးပြီး စည်းကမ်းရှိတာမျိုး...

ကိုယ့်အမျိုးကို ထိလာရင် ကိုယ့်ကိစ္စမဟုတ်ဘူးဆိုပြီး ငြိမ်မနေကြဘဲ အသက်အသေခံပြီး ကာကွယ်စောင့်ရှောက်တာမျိုး...

ပုရွက်ဆိတ်တွေဟာ လူတွေထက် ဦးနှောက်သေးငယ်ပေမယ့် တို့လူသားတွေထက် နှလုံးသား ပိုကြီးကြပါကလား...

ကြည်ဖြူပိုင် said...

တော်တော်ကြီးကို တော်တာပါလားကိုပိုင်ရေ..ပုရွက်ဆိတ်လေးတွေအကြောင်းကိုလဲတော်တော်
လေ့လာပြီးမှရေးထားတာပဲ။ ပုရွက်ဆိတ်တစ်ကောင်လဲနေတော့ ကျန်တဲ့ ၃ကောင်လောက်က တွဲခေါ်ပြီးပြန်သယ်တာငါလဲငယ်ငယ်ကမြင်ဖူးတယ်။ လဲတဲ့အကောင်ကကြီးတော့မနိုင်မနင်းပေါ့။အဲဒါနဲ့ငါလဲသနားပြီး သူတို့သယ်နေတဲ့အကောင်ကြီးကို ယူပြီးတွင်းပေါက်ဝမှာသွားချပေးဖူးတယ်။ သူတို့ကဆန်စေ့တွေသယ်နေတာလေ။ အဲဒါနဲ့ဆန်စေ့ ၄ စေ့လောက်သွားချပေးဖူးတယ်။ ဟုတ်တယ်နော် နင်ရေးပြမှပဲ ပုရွက်ဆိတ်တွေဘ၀နဲ့လူတွေဘ၀နှိုင်းယှဉ်ကြည့်မိသွားတယ်။ကောင်းတယ်သူငယ်ချင်းရာ

may16 said...

ပုရွက်ဆိတ်လေးတွေရဲ့ဘ၀နဲ့ စိတ်ကို စာအုပ်တွေမှာဖတ်ဖူးတိုင်း သဘောကျမိတယ် သူတို့ရဲ့ လုံ့လ၊ ၀ီရိယ က လူတွေအတုယူလောက်တယ်
ကိုမြစ်ကျိုးရဲ့စာစုလေး က တကယ် ဗဟုသုတရပါစေတယ်..

may16 said...

ပုရွက်ဆိတ်လေးတွေရဲ့ဘ၀နဲ့ စိတ်ကို စာအုပ်တွေမှာဖတ်ဖူးတိုင်း သဘောကျမိတယ် သူတို့ရဲ့ လုံ့လ၊ ၀ီရိယ က လူတွေအတုယူလောက်တယ်
ကိုမြစ်ကျိုးရဲ့စာစုလေး က တကယ် ဗဟုသုတရပါစေတယ်..

မေတ္တာရောင်ပြန် said...

ကိုယ်တိုင် ပုရွက်ဆိပ် ဖြစ်သွားသလိုပဲ။ အင်းးးး ဒါဆို အမြဲတိုင်းအော်နေရမှာက ပုရွက်ဆိပ်လို ကျင့်ရမယ်။
:P

မျက်မှန်လေး said...

ကိုမြစ်ကြီးရေ...
ပုရွက်ဆိတ်ပုံပြင်ကိုအစအဆုံးဖတ်သွားလေရဲ့

ဟုတ်တယ်နော်။ ကျွန်တော်တို့တွေလည်းဘယ်နေ့ပုတ်ထုတ်ခံရမလဲမသိဘူးနော်

တလနွန် said...

အစားအစာရှိရာ ပုရွတ်ဆိတ်တွေအရှာထွက်နေသလိုပဲ ကျုပ်တို့ လည်း ရေကြည်ရာမြက်နုရာ သွားလာလုပ်ကိုင် နေတာကို နှိုင်းယှဉ်မိတယ်။

kaungkinpyar said...

ပုရွက်ဆိတ်လေးတွေလို နေနိုင်အောင် ကြိုးစားကြမယ် မောင်လေးရေး)

**Winnie Pooh Gallery** said...

ဟုတ်တယ်နော် ၊ အားလုံးဟာ ပုရွက်ဆိတ် တစ်ကောင်ပါဘဲ။

january said...

ကျောင်းက အသိညဏ်လိုနေတဲ့ ကြီးမိုက်တွေကို ဘာသာပြန်ပြီးပေးလိုက်မယ် အိုကေလား ?

စည်သူ said...

ကောင်းတယ်ဗျာ ကိုမြစ်ကျိုးအင်းရေ..

ဖတ်ရင်းနဲ့ခနရပ်ပြီး စဉ်းစားမိပါတယ်..

လေးစားဖို့ကောင်းတဲ့ ပုရွက်ဆိတ်တွေရဲ့ စိတ်ဓါတ်ပါ..

ခင်မင်စွာဖြင့်
စည်သူ။

ဏီ(န်)ကင်း said...

အစ်ကိုပေးချင်တဲ့စကားလုံးနဲ့အဓိပ္ပာယ်ကျွန်တော့်ရင်ထဲရောက်သွားပြီ၊ကျေးဇူးပါခင်ဗျ။ကျွန်တော်တို့ကဘ၀တူတွေပါပဲ။

ဇော် said...

ထုံးစံအတိုင်း ကျနော်က နောက်ဆုံးကနေ နေရာဦးပါတယ် ကိုဂျီးစိန်ခင်ဗျာ။ ဟက်ဟက်။ =)

ကျနော်ကတော့ စာကို အေးဆေးပဲ ဖတ်မှာပဲနော့ ကိုကျိုး။ သိတယ်ဟုတ်။ အီဖေကိုယ် ငဇော်ဆိုတာ ကမ္ဘာ့အလုပ်အရှုပ်ဆုံး ပုဂ္ဂိုလ်ဆိုတော့ကာလေ။ ဘေလ်ဂိတ်တောင် အီဖေကိုယ် ငဇော်ကို ဘယ် ... ယှဉ်နိုင်လိမ့်မလဲနော်။ ဟုတ်တယ်မို့လား ကိုကျိုး ( ဟုတ်ဟုတ် .. မဟုတ်ဟုတ် .. ခေါင်းငြိမ့်လိုက်ဗျာ။ ကျနော် လက်ဖက်ရည်တိုက်မယ်သိလား။ ဟိ။ )

ဖတ်ပြီး ပါးစပ်ဟောင်းလောင်းဖြစ်သွားတယ်။ အဲ့တော့ ဘာမှ မပြောတာဘဲ ကောင်းပါတယ်။ ပြောလိုက်ရင် ကျနော်ဘာပြောတာမှန်း ကိုကျိုးနားလည်မှာ ဟုတ်ဘူးရယ်.. ငှယ်ငှယ်။

( လူရှိန်အောင် ဟိတ်ဟန်ထုတ်လိုက်သည်။ အမှန်က လူနားလည်အောင် မပြောတတ်တော့ ကိုကျိုးနားမလည်မှာ အဆန်းမဟုတ်ပါ။ လူရှိန်အောင် ခပ်တည်တည်နဲ့ ဖိန့်လိုက်သည်။ ခွိခွိ )

ကျွန်တော်ကတော့ ပုရွက်ဆိတ်အမည်းပဲ လုပ်မှာရယ်ဗျနော်။ သားပေါက်တဲ့အမအုပ်စုထဲ ကျနော်ပါဝူး။ ကျနော်က ကိုကျိုးတို့နဲ့ အတူတူ အမည်းအုပ်စုပဲ နေမယ်။ သဘူတောလား။ ( လက်ဖက်ရည်မျက်နှာကို ကြည့်နော်။ ) ဟဲဟဲ။ ဟိဟိ။ =P

PS >>> ချစ်၍ ချတွားဒီ။
ပုံ/
ငဇော်။

YoungGun said...

ဖတ်ရင်းနဲ့ ကိုယ်လည်း ပုရွက်ဆိတ်ပါလားဆိုတာ သိလိုက်ရတယ် ဇောချွေးတောင် ပြန်သွားတယ်။ နောက်ဆုံးအပိုဒ်တွေကတော့ ထိတယ်ဗျာ။ ကိုယ်က အရေးမကြီးဘူးထင်ပြီး တောက်ထုတ်လိုက်တာဟာ တခြားသူအတွက် ဘ၀နဲ့ချီသွားနိုင်တယ်ဆိုတာ..ဆင်ခြင်စရာပါပဲ။ ဒီပို့စ် ကြိုက်တယ်ဗျာ။

WAING said...

ရုန်းကန်ရင်း နစ်မြုပ်နေရတဲ့ဘ၀၊ ပုတ်ထုတ်ခံလိုက်ရတဲ့ ဘ၀၊ ပုရွက်ဆိတ်လေးတွေနဲ့ ဥပမာပေးထားတဲ့အတွက် ဖတ်လို့အရမ်းကောင်းပါတယ်။
အားပေးနေပါ့မယ်နော်...

Phyo Maw said...

သူ့အကြောင်းနဲ့သူ
လက်မလွန်မိစေနဲ့

မသိဘူးလေ...။
ညီညီpm ဘာမှမသိပါ။

ဆောင်းယွန်းလ said...

အတွေးကောင်းကောင်းလေးနဲ့ရေးထားတဲ့ပို့စ်ပါလား
ဖတ်လို့ကောင်းတယ်ညီလေး

တွေးစရာတွေအများကြီးပေါ့ညီလေးရေ

yangonthar said...

အစ်ကို မြစ်ကျိုးအင်း ရောက်တာတော့ အခေါက် ခေါက်ပဲ မဖတ်ရသေးတာလေးတွေ လာဖတ်တာပါ ဒီပုရွက်ဆိတ်ပုံပြင်လေးထဲက ဘဝ ဒဿနကို ဖတ်ရင်း အတွေးတွေသယ်သွား တယ်အစ်ကို
အတုယူလေးစားလျှက်
(ရန်ကုန်သား)
စီဘုံးဘာဖြစ်လဲ မသိအစ်ကို အော်လို့ မရလို့  :D

ဂျစ် said...

စာရေးကောင်းတာထက် အတွေးလေးကို ပိုလေးစားမိပါတယ် ။

အသေးအမွှားလေး တစ်ခုကို သတိထားမိအောင်၊
တန်ဘိုးတစ်ခုမြင်အောင် ပြနိုင်တဲ့ အရေးအသားကို
ဖတ်ရတော့လည်း ရင်ထဲမချီးကျူးပဲ မနေနိုင်ပါဘူး ။

ကိုအင်းရဲ့ စာတွေကို ထာဝရ အားပေးလျှက်ပါ ။

လေးစားစွာဖြင့်
ဂျစ်တူး

M**e said...

ပုရွတ်ဆိတ်တွေဘ၀က သနားစရာ ကောင်းလိုက်တာနောစိတ်မောသွားရတယ်

Mogok Thar said...

အကိုကတော့ စားပွဲပေါ် ကော်ဖီ ခွက်လေး တင်လို့ မိနစ်ပိုင်းပဲ ရှိသေး၊ အပြေးရောက်လာတဲ့ ပုရွက်ဆိတ်လေးတွေကို ကြည့်ပြီး တော်လိုက်တာ ချီးကျူးမိတယ်။
မုန့်လေးတွေ ရှိရင်လဲ သူတို့ အတွက် အခန်းလေး တစ်နေရာမှာ ချ ကျွေးထားလေး ရှိပါတယ်။
စားပွဲပေါ်ထိတက်လာတာတော့ ဒီကောင်ကလေးတွေ လွန်တယ်ကွာ.... :-)

ညီလေး ခိုင်းနိုင်းတဲ့ ပုရွက်ဆိတ် ပုံပြင်လေးက အကို သိပ်သဘောကျတဲ့ စာလေးတွေပါ။

ကိုယ်ချစ်တဲ့ အမိမြေကို အချိန်တန် ပြန်ရောက်နိုင်ဖို့လဲ မျှော်လင့်နေဆဲ။ ခုလို အစာရှိရာလမ်းကို လာရပေမဲ့ အချိန်တန် ကိုယ့် အသိုက်အမြုံက ကိုယ့်မျေိုးနွယ်တွေအတွက် အစာတွေ အပွေ့နဲ့ ပြန်မဲ့ ပရွက်လေးတစ်ကောင်ဘ၀ အိပ်မက်နေတယ်

မိုးမောင်(HappyCloud) said...

တကယ်ကောင်းတဲ့ ပိုစ့်ပဲဗျ။ ဒီဘလောဂ့်ကို ကိုမင်းသုခပြောဖူးတယ် အခုမှ သေချာဖတ်မိတယ်။ ရသဘလောဂ့်တစ်ခုအဖြစ်နဲ့ ဒီလို အတွေးအခေါ်ပိုင်းရော အရေးအသားအပိုင်းပါ ဖတ်လို့ကောင်းတာရှားတယ်။ တချို့ ဘလောဂ့်သာရေးနေကြတာ ဘာလိုင်းမှန်းမသိ လိုင်းပျောက်တွေ တပုံကြီး။ စာဖတ်သူအကျိုးမရှိ အဆီအနှစ်မဲ့ အချိန်ကုန်ခံပြီး ရေးနေကြတဲ့ ဘလောဂ့်ဂါတွေ နည်းမှ မနည်းတာ။ ဒီလိုအခြေအနေတွေ ကြားထဲမှာ အမှန်အကန်ရေးပေးနေတဲ့ မြစ်ကျိုးအင်းကို သဘောကျမိတယ်။

ဇေယျာမိုး said...

အရမ်းကောင်းပါတယ်ဗျာ

 

Posts Comments

©2006-2010 ·TNB